12/22/2024
ဒီနေ့ဖတ်လိုက်ရတဲ့ article လေးတစ်ခုမှာ cctv ကလူတွေရဲ့ mental health ကိုဘယ်လိုထိခိုက်စေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီးလေ့လာလိုက်ရတယ်
ပြောရရင်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ အဲ့ဒါကြောင့်မို့အဲ့ articleထဲမှာရေးထားတဲ့ဟာလေးကိုအနှစ်ချုပ်လေးပြန်တင်ပေးလိုက်ပါတယ်
Part 1 :
လူတွေက CCTV နဲ့စောင့်ကြည့်တာခံနေရမှန်းသိပြီဆိုရင်သူတို့ရဲ့အမူအရာတွေကအစအကုန်ပြောင်းကုန်တယ်၊ အမူအရာတွေသာမကပဲသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာပါပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်
ဘယ်လိုမျိုးတွေပြောင်းလဲတတ်လဲဆိုတော့
-သူတို့ကိုလူတစ်ယောက်စိုက်ကြည့်ရင်ပိုပြီးသတိထားမိလာတယ်
-အရာဝတ္ထုတွေမှာမျက်နှာတွေကိုမြင်နိုင်စွမ်းတွေပိုများလာတယ်
လူတွေမှာသူတို့ရဲ့ survival instincts အရပတ်ဝန်းကျင်မှာအန္တာရည်ရှိနေရင်အချက်ပေးတတ်တဲ့ အလိုလိုသိစိတ်တွေကပိုပြီးတော့ active ဖြစ်လာတယ်
CCTVအောက်မှာစောင့်ကြည့်မခံနေရသူထက် ခံနေရတဲ့သူက တစ်စက္ကန့်တောင်စောပြီးပိုသတိထားမိတတ်ကျတယ်(which is a lot)
**ခြုံပြောရမယ်ဆိုရင်လူတွေရဲ့ဦးနှောက်ကတစ်ခြားသူတွေရဲ့မျက်လုံးနဲ့စိုက်ကြည့်မှုကိုပိုပြီးအာရုံခံကောင်းလာတယ် sensitive ပိုဖြစ်လာတယ် အန္တာရည်ကိုပိုပြီးကြိုတင်တွက်ဆလာတယ် နိုးနိုးကြားကြားဖြစ်နေတယ်**
Part 2 ကျွန်တော်တို့အနေနဲ့အဲ့ CCTVကနေလူတွေရဲ့ mental health ကိုဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုဘာလို့သတိထားသင့်တာလဲ? သိသင့်တာလဲ?
ဘာလို့လဲဆိုတော့…
CCTVဟာနေရာတိုင်းတွေမှာရှိနေလာပြီးတော့ ပိုပိုပြီးများလာနေလို့ပါတဲ့
CCTVကြောင့်ပဲလူအများအတွက်အန္တာရည်ကင်းစေပေမဲ့ သူ့ကြောင့်ပဲ လူတွေရဲ့mental health ကိုဆိုးကျိုးတစ်ချို့ရှိစေတာသိထားဖို့လိုအပ်ပါတယ်
Part 3: ဘယ်လိုဆိုးကျိုးဖြစ်စေတာလဲ?
လူတွေ(အထူးသဖြင့်လူငယ်gen z)အများစုမှာတွေ့ရတတ်တဲ့ social anxiety, paranoia အစရှိသောရောဂါလက္ခဏာတွေရဲ့အဓိကရင်းမြစ်ကိုကြည့်လိုက်ပြီဆိုရင်
-စောင့်ကြည့်ခံရမှု ဆိုတဲ့ဟာကိုမနှစ်မြို့မှုနဲ့တိုက်ရိုက်ဆက်စပ်နေလို့ပါတဲ့
Social anxiety ကော paranoia မှာကောအဓိကsymptoms က
သူတို့ကိုတစ်ခြားလူတွေကစောင့်ကြည့်နေပြီး judge လုပ်နေပါတယ်ဆိုတဲ့ဟာကိုအလွန်အမင်းဂရုပြုတတ်တဲ့ ရောဂါဖြစ်တတ်တဲ့အတွက်ကြောင့်
CCTVတွေက ကိုယ်တွေရဲ့ survival instinct ကိုပိုပြီး sensitive ဖြစ်အောင်လုပ်တယ်
ပတ်ဝန်းကျင်ရဲ့စောင့်ကြည့်မှုတွေကိုပိုပြီးသတိထားမိစေတယ်
ကိုယ်တွေရဲ့ social anxiety, paranoia အစရှိတာတွေပိုပြီးဆိုးလာတယ်…
ဒါပါပဲ
အကယ်၍ original ဖတ်ချင်တယ်ဆိုရင်တော့ comment ထဲမှာ link ရှိပါတယ်
Thank you for reading