
01/04/2025
ရန်ကုန် ဆေးခန်းတွင် ဗိုက်အဆီစုပ်ခွဲစိတ်မှု ပြုလုပ်စဉ် အမျိုးသမီးငယ် သေဆုံးပြီး အလောင်းပျောက်ဆုံးမှုဖြစ်စဉ် ဖြစ်ပွား
ရန်ကုန် တွင် တည်ရှိသည့် ဆေးခန်း ၌ ဗိုက်အဆီစုပ်ခွဲစိတ်မှု ခံယူခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ငယ် သည် ခွဲစိတ်မှုအပြီး သေဆုံးသွားပြီး အလောင်းပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ၏ မိတ်ဆွေများ၏ ပြောကြားချက်အရ ၎င်းသည် ခွဲစိတ်မှုပြုလုပ်တဲ့ နေ့ ညနေ မှ စ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး လူပျောက်ကြောင်း လူမှုကွန်ယက်ပေါ်တွင် ကြေညာခဲ့ကြသည်။
ထို့နောက် ၃ ရက်အကြာတွင် ဒဂုံဆိပ်ကမ်းအနီးတွင် သေဆုံးသူ၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုများက ဆေးခန်းပိုင်ရှင်နှင့် လိုင်စင်မရှိ ဆရာဝန် မဟုတ် တဲ့ ခွဲစိတ်သူတို့အား အရေးယူပေးရန် တောင်းဆိုထားကြသည်။