Robinkung

Robinkung အောက်မှာလည်း မြန်မာလိုပါတယ်နော်။
I am the Lead pastor of Bawathit Yangon which has different Churches under it.

Lead Pastor at Bawathit Yangon, Owner at Bawathit Studio and BG Entertainment
ဘ၀သစ်ရန်ကုန်မှာ ဦးဆောင်သင်းအုပ်ပါတယ်။
သီချင်းထုတ်ပေးတာတွေလည်း ဝါသနာအရလုပ်ပါတယ်။ သီချင်းတွေရှိရင်ပြောကြည့်ပါ။ Welcome ပါ။
www.robinkung.com I am also the Founder/Owner of Bawa Innovations, this is where I help people outside of the Church in the areas of Personal Leadership, Life Management, Money Management, and Engli

sh Speaking Ability. I also lead Bawathit Elim Myanmar which is the Umbrella ministry of everything we do as a ministry. This is Church planting Ministry which plants churches in Towns or Villages where there is no existing Church. I Train Church planters for Effective Ministry through Emerge School of Leadership in Yangon, Myanmar. Aside from those ministries I do, my hobby is Music so I also started and own BG Entertainment and Bawathit Recording Studio in Yangon.

ကျွနော်က ဘ၀သစ်ရန်ကုန်ရဲ့ သင်းအုပ်ဆရာပါ။ School of Leadership မှာလည်း အချိန်ပြည့်ဦးဆောင်သင်ပြသူလည်းဖြစ်ပါတယ်။ သာသနာအနေနဲ့တော့ Bawathit Elim Myanmar ကို ဦးဆောင်နေပါတယ်။
Bawa Innovations ကတော့ အပြင်ကုပဏ္ဏီဖြစ်ပြီး ကိုယ်ပိုင်ခေါင်းဆောင်မှု၊ ဘ၀စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှုနှင့်အင်္ဂလပ်စကားပြောကို သင်ကြားပေးပြီး၊ နောက်တစ်ခုအနေနဲ့ Logistics များကိုလည်း အထူးဆောင်ရွက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။

အထက်က သာသနာ၊ အသင်းတော် ပြီးတာနဲ့ ဝါသနာပါရာဖြစ်တဲ့ တေးဂီတကိုလည်းဖန်တီးချင်သူ။ ကိုယ်တိုင်မဖန်တီးတတ်ပေးမယ့် ဖန်တီးသူတွေကို ပံ့ပိုးချင်လို့ BG Entertainment, Bawathit Recording Studio နှင့် BG Music Band ကိုလည်း လုပ်ဆောင်နေပါတယ်။

02/05/2025

သိလွန်းပြီလို့ ထင်နေပြီဆို
သတိထားရမယ့်လူ ဖြစ်လာပြီ

'ပွဲ​ခံ​ရာ​ခု​နစ်​ရက်​စေ့​အောင် လင်​ရှေ့​မှာ ငို​ကြွေး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ အ​လွန်​ပူ​ဆာ​သော​ကြောင့် အ​နက်​ကို​ဖေ...
02/05/2025

'ပွဲ​ခံ​ရာ​ခု​နစ်​ရက်​စေ့​အောင် လင်​ရှေ့​မှာ ငို​ကြွေး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌
အ​လွန်​ပူ​ဆာ​သော​ကြောင့် အ​နက်​ကို​ဖော်​ပြ၏။ မိန်း​မ​သည်​လည်း
အ​မျိုး​သား​ချင်း​တို့​အား ပြန်​ပြော​လေ၏။ တရားသူကြီး 14:17

အိမ်ထောင်ဖက်ရွေးတာ မျက်စိ နှင့်တဏှာနဲ့ ရွေးလို့မရဘူး။
နှလုံးသား နှင့် ဘုရားစကားနဲ့ရွေးရမယ်။
အိမ်ထောင်ဖက်က တစ်ပါးအမျိုးသားဆိုရင် လက်ထပ်လို့မရဘူးဘုရားကပြောတယ်။
ပေါင်းလို့မရတာကိုပေါင်းချင်ရင် ရှောင်လွဲလို့မရတဲ့ အကျိုးဆက်ဆိုးကိုတော့ခံရမယ်။
ရှံဆုန်အားဖြင့်သင်ယူရတာက
မညီတဲ့ ထမ်းပိုးထမ်းရတာ လွယ်ကူခြင်းမရှိဘူး
မညီတဲ့ ထမ်းပိုးက မြေကြီးပေါ်ငရဲကျရသလိုဘဲ
မညီတဲ့ ထမ်းပိုးက ဘုရားအလိုမရှိတော့
ဘုရားပေးတဲ့ သာယာခြင်းဆိုတဲ့ ကောင်းကြီးတော့မရှိဘူး။
မညီတဲ့ထမ်းပိုးထမ်းခြင်းရဲ့အဆုံးက ဘုရားအကြံအစည်ကိုတောင် ရင်ကွဲစွာနဲ့ ပြည့်စုံစေရတယ်။

သို့သော်
ဘုရားသခင်၏ ဝိညာဉ်တော်က ရှံဆုန်အပေါ်ရှိနေတယ်။
ဘုရားဝိညာဉ်တော် ကိုယ့်အပေါ်ရှိတိုင်း ရွေးချယ်မှုအမြဲမှန်မယ်လို့မယူဆသင့်ပါ။
ဘုရားဝိညာဉ်တော်ရှိသူက ဘုရားနှုတ်ကပတ်တော်အားဖြင့် လမ်းပြခြင်းခံမှရမယ်။
ဘုရားအလိုရှိတာ နှုတ်ကပတ်တော်မှာ ရှင်းလင်းစွာရေးပြီးသာ ..
ဆန့်ကျင်ဖို့ နာခံဖို့က ကို်ယ့်ရွေးချယ်မှုပါ
ရွေးချယ်မှုရဲ့ အကျိုးဆက်က ရွေးချယ်မရပါ။

ရှံဆုန်ရဲ့မိဘတွေက မိဘကောင်းတွေဖြစ်ကြတယ်
ရှံဆုန်ကို ဘုရားအလိုတော်ကိုပြောပြသလို ဘုရာမလိုတာကိုလည်းပြောပြတယ်
မိဘလုပ်ပိုင်ခွင့်နဲ့ တားတယ် .. ဒါပေမယ့် ရှံဆုန်က တားမရဘူး။

ဘုရားဝိညာဉ်ရှံဆုန်အပေါ်ရှိနေတာဘာကြောင့် ဒါတွေဖြစ်တာလဲ လို့မေးစရာရှိတယ်
တိကျတဲ့အဖြေမှန်ကိုမသိပေမယ့် သင်ခန်းစာတာ့ ယူပါတယ်။
ဘုရားက ရှံဆုန်ကို နာဇရိလူအဖြစ်သာ ခွဲခန့်တာ
တစ်ပါးသူကို လက်ထပ်ဖို့ မပါပါဘူး။
ဘုရားအတူရှိတိုင်း ကိုယ်လုပ်ချင်ရာလုပ်လို့မရဘူး
ဇာတိအလိုနောက်ကိုလိုက်ပြီး ဝိညာဉ်အရာကို ရိတ်သိမ်းလို့မရဘူး
ဇာတိက ဇာတိမှာ အဆုံးသတ်မယ်။

ဘုရားဝိညာဉ်ကိုယ့်အပေါ်ရှိလည်း
ဘုရားစကားက ကိုယ့်ကို လမ်းပြပြီး ဆုံးဖြတ်ချက်တိုင်းကို ဘုရားစကားနဲ့ မညှိရင်
အမှားပါတတ်တယ်။
ဘုရားဝိညာဉ်ကိုယ့်အပေါ်ရှိတိုင်း အမှားကင်းမယ်ထင်ဖို့အရေးကြီးတယ်။

မိန်းမမာယာ ခုနှစ်ရက်တောင် မတိတ်ဘဲ ပူဆာနိုင်တယ်။
ရှံဆုန်ပေးတဲ့ စကားဝှက်ကို ရဖို့အတွက် ပူဆာတာ ခုနှစ်ရက်တောင်။
နောက်ဆုံးတော့ ကိုကို်ရှံဆုန်ခဗျာ သူ့မိန်းမ မာယာမှ ကျရှုံးခဲ့ပြီး
သူ့ရဲ့လျို့ဝှက်ချက်ကိုပြောလိုက်ရတယ်။

ဘုရားအကြံပြည့်စုံဖို့ လူတိုင်းကို နည်းလမ်းစုံနဲ့ဘုရားက ပြည့်စုံစေတယ်။
ဘုရားရဲ့ အကြံကို လူက နားမလည်ပေမယ့် ဘုရားအကြံက အမြဲတည်တယ်။
ရှံဆုန်လိုမရွေးနဲ့ မျက်စိနဲ့တဏှာနဲ့မသွားနဲ့
ဘုရားစကားနဲ့ဘုရားလမ်းပြမှုနဲ့သွားပြီး
မိဘစကားကိုလည်း ထည့်စဉ်းစားသူဖြစ်ပါ။

02/04/2025

ကောင်းတဲ့အလုပ်ကို မမှီနဲ့ ယေရှုကိုသာ ဆက်မှီပါ။

'ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ...
02/04/2025

'ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။ ဆာ​လံ 16:8

ယေရှုရဲ့ နောက်နာမတစ်ခုက ဧမာနွေလဖြစ်လို့
ကျွနု်ပ်တို့နဲ့တစ်ခါတစ်လေမှ မဟုတ် ..
ကျွနု်ပ်တို့အဆင်ပြေချိန်မှသာမဟုတ်
ကျွနု်ပ်တို့ သူ့ကိုခံစားနိုင်ချိန်သာမဟုတ် ..
အမြဲ အတူ ပါရှိတဲ့ဘုရားဖြစ်တယ်။

ဘုရားအတူပါရှိကြောင်း မခံစားနိုင်ရင်လည်း
အတူပါရှိကြောင်း သိပြီး ယုံကြည်နေဖို့
အရမ်းအရေးကြီးပါတယ်။ အာမင်။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။

God bless you !!
Know and Believe

02/03/2025

ခရစ်တော်မှာ ဆက်မှီဖို့ အရေးကြီးတယ်။

ကြီးမြတ်တဲ့ဘုရား ကြီးမြတ်တဲ့အမှုပြုရာနေရာ ဖြစ်စေဖို့ ဖွင့်လှစ်ဆက်ကပ်ခွင့်ရလို့ ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။ ပါဝင်က...
02/03/2025

ကြီးမြတ်တဲ့ဘုရား ကြီးမြတ်တဲ့အမှုပြုရာနေရာ ဖြစ်စေဖို့ ဖွင့်လှစ်ဆက်ကပ်ခွင့်ရလို့ ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။
ပါဝင်ကြသူအယောက်တိုင်းကို ဘုရားသခင်က ကြီးစွာ ကောင်းကြီးပေးပါစေ။
ဆန်ဒေးတွေမှာလာပါဝင်ချင်ရင်
မနက် ၉:၀၀ နာရီ နှင့် ၁၁:၀၀ နာရီတွေမှာ ပုံမှန်ရှိပါတယ်။
နေရာကတော့ အမှတ် ၁၂၊ ဒေါန လမ်း၊ အင်းစိန်ပါ။ (အင်းစိန်ဆေးရုံနှင့်ကွယ်ဂဘောဆေးရုံကြား)

'ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​...
02/03/2025

'ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော
သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည်
တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊
တရားသူကြီး 13:8

ဘုရားသခင်ရဲ့ကောင်းကင်တမန်က ရှံဆုန်မွေးဖွားမယ်ဆိုတာပြောမယ့်
သူ့ကို ဘယ်လိုပြုစုရမယ်ဆိုတာမပြောသွလို့
မာနော်က ပြန်မေးတယ်။
ဘုရားပေး ကောင်းကြီးကို ဘယ်လိုပြုစုရမယ်ဆိုတာမသိရင်
ဘုရားပေး ရူပါရုံကို ဘယ်လို ပြုစုရမယ်မသိရင်
ကောင်းကျိုးထက် ဆိုးကျိုးက များလာတတ်တယ်။
ဒါကြောင့် ကောင်းကြီးရဖို့ကြီး မတောင်းဘဲ
ရူပါရုံအတွက်သာမတောင်းဘဲ
ထိုကောင်းကြီး၊ ထိုရူပါရုံကို ဘယ်လိုကိုင်တွယ်
ပြုစုရမယ်ဆိုတာကိုလည်း ဘုရားထံမှ နည်းခံယူသင့်တယ်။

ကောင်းကြီးတိုင်း၊ ဘိတ်သိတ်တိုင်းမှာ တာဝန်ရှိတယ်။
တာဝန်မယူစိတ်မရှိရင် ထိုအရာတွေလည်း အပ်ခြင်းခံရမှာမဟုတ်ဘူး။
တာဝန်ယူစိတ်ရှိခြင်းက တာဝန်ပိုပေးခြင်းခံရမယ်။
ကောင်းကြီးက တာဝန်နဲ့လာတယ်
ဘိတ်သိတ်က တာဝန်နဲံလာတယ်
တာဝန်မယူချင်ရင်
ထိုအရာတွေ အပ်ခြင်းခံရမှာမဟုတ်။
အောင်မြင်မှုတိုင်းက တာဝန်ယူခြင်းကနေလာတယ်။

မနက်ဖြန် နေရာသစ်မှာ အတူတူ ချီးမွမ်းကိုးကွယ် ကျေးဇူးတော်ချီးမွမ်းကြမယ်နော်
02/01/2025

မနက်ဖြန် နေရာသစ်မှာ အတူတူ ချီးမွမ်းကိုးကွယ် ကျေးဇူးတော်ချီးမွမ်းကြမယ်နော်

ဖေဖော်ဝါရီ ၂ ရက်နေ့ ၂၀၂၅
မနက် ၉:၀၀ နာရီ နှင့်
၁၁:၀၀ နာရီတွေမှာ
နေရာသစ်မှာ ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်စပါမယ်။
အမှတ် ၁၂၊ ဒေါနလမ်း၊ အင်းစိန်။ (အင်းစိန်ဆေးရုံ နှင့် ကွယ်ဂဘော ဆေးရုံကြား)
အားလုံးအားလုံးကို အထူးဖိတ်ခေါ်ပါတယ်။

https://maps.app.goo.gl/73Z9KRBjr32AP55e9?g_st=ic

'ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တေ...
02/01/2025

'ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။ '
ကမ္ဘာဦး 2:19

လူခေါ်သည့်အတိုင်းဖြစ်တယ်။
သင့်နားကလူတွေကို ကောင်းကြီးလို့ခေါ်လား
ခေါင်းကြီးလို့ခေါ်လား
သင့်ဘ၀ကို
မင်္ဂလာရှိတဲ့ဘ၀လို့ခေါ်လား
အမင်္ဂလာနဲ့ပြည့်တဲ့ဘ၀လို့ခေါ်လား

သင်ခေါ်တဲ့အတိုင်းဖြစ်တတ်လို့
သင်ဘယ်လိုခေါ်လဲဆိုတာ
အထူးသဖြင့် သတိပြုပါ။

ကျွနု်ပ်သည် အောင်မြင်သောသူ
ကျွနု်ပ်သည် ဦးခေါင်းဖြစ်သည်။
ကျွနု်ပ်သည် ဘုရားအကြံအစည်၌အသက်ရှင်သူ
ကျွနု်ပ်သည် ကျန်းမာသောသူ
ကျွနု်ပ်သည် ချမ်းသာသောသူ
ကျွနု်ပ်သည် ပေးကမ်းသောသူ
ကျွနု်ပ်သည် အားဖြစ်သောသူ
ကျွနု်ပ်သည် ကောင်းကြီးမျှသောသူ
ကျွနု်ပ်သည် လောက၏အလင်း
ကျွနု်ပ်သည် လောက်၏ဆား
ကျွနု်ပ်သည် ဘုရားသား
ကျွနု်ပ်သည် ဘုရားကသိပ်ချစ်သောသူ
ကျွနု်ပ်သည် ဘုရားက သိပ် တန်ဖိုးထားတဲ့သူ
ကျွနု်ပ်သည် ရဲရင့်သောသူ
ကျွနု်ပ် ပတ်ဝန်းကျင်ကလူများသည်ကောင်းကြီးပါ
ကျွနု်ပ်အလုပ်သည် ကောင်းကြီး
ကျွနု်ပ် အသက်တာသည် ကောင်းကြီး

သင်ခေါ်သည့်အတိုင်းဖြစ်နိုင်စွမ်း
ဘုရားက နှုတ်အစွမ်းပေးထားတယ်
အာဒံထဲကတည်းက ပေးထားတယ်
ခရစ်တော်ထဲ၌ပေးထားတယ်။
ဒါကြောင့် အခေါ်သတိထားပါ။
အာမင်

the Bawathit Conference 2025 ကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်နေ့များမှာ ပြုလုပ်မှာဖြစ်ပါတယ်။ နာမည်စာရင်းတွေပေးထားမှ နေရာရပါမယ်န...
01/31/2025

the Bawathit Conference 2025 ကို
ဖေဖော်ဝါရီလ ၁၂-၁၃ ရက်နေ့များမှာ ပြုလုပ်မှာဖြစ်ပါတယ်။

နာမည်စာရင်းတွေပေးထားမှ နေရာရပါမယ်နော်။
သင်တန်းကြေး နှစ်ရက်စာကို မြန်မာငွေ ကျပ် ၇၅၀၀ ပါ။
နေ့လယ်စာအတွက်အပါပါ။

နေရာ
အမှတ် ၁၂၊ ဒေါနလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။ (ဆေးရုံမှတ်တိုင်) - အင်းစိန်ဆေးရုံ နှင့် ကွယ်ကဘော ဆေးရုံကြားလမ်းပါ။

နေ့ရက်က
ဖေဖော်ဝါရီလ ၁၂ - ၁၃ နှစ်ရက်ပါ။

အချိန်က
9:00 မှာ 3:30 နာရီ ဖြစ်ပါတယ်။

မြန်မြန်လေး စာရင်းပေးကြရအောင်နော်။ အောက်က link လေးကိုနှိပ်ပြီးနာမည်စာရင်းပေးထားပါနော်။
https://bit.ly/BC2025Feb
အဆင်မပြေတာတစ်ခုခုရှိခဲ့ရင် Messenger ကနေလည်း နာမည်တွေပေးလို့ရပါတယ်။

သင်တန်းကြေးပေးသွင်းရန်
0943135826 | Paing Za Thawng |
မှတ်ချက်မှာ BC2025 လို့ရေးပေးပါ။

စကားများများပြောရင် အမှားများများပါတတ်တယ်။ ယေဖသက ဘုရားထံကို ကတိဆိုခဲ့တာက 'အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ...
01/31/2025

စကားများများပြောရင် အမှားများများပါတတ်တယ်။
ယေဖသက ဘုရားထံကို ကတိဆိုခဲ့တာက

'အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ​သောအခါ အကျွန်ုပ်​အား အိမ်​တံခါးဝ​မှ​ထွက်​ကြို​သော​သူ​ကို
ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ပါ​မည်​”​ဟု ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​လေ​၏​။ တရားသူကြီးမှတ်စာ 11:31

ဒီလိုနဲ သူ့သမီးကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုက်ရတယ်။
လွယ်လွယ်နဲ့ ကတိမဆိုပါနဲ့ဆိုပြီးတဲ့ ကတိကို မတည်ဘဲမနေနဲ့လူဆိုတာ ကတိတည်သလောက်သာ ယုံကြည်လို့ရတယ်။
ကတိမတည်သူကို ဘယ်သူကမှ မယုံကြည်ဘယ်သူကမှ မယုံကြည်ရင်
အသက်ရှင်ရတာ အဓိပ္ပါယ်မဲ့လာတတ်တယ်။
ဒါကြောင့် လွယ်လွယ်နဲ့ ကတိလည်းမပေးနဲ့လွယ်လွယ်နဲ့ ကတိလည်းမဖျက်နဲ့။

ဘုရားကို ယုံကြည်တာကောင်းတယ်
ဘုရားက ယုံကြည်တာပိုကောင်းတယ်
ဘုရားက ယုံကြည်ရသူ
လူတွေက ယုံကြည်ရသူဖြစ်အောင်
ပေးပြီးကတိကို လုံး၀တည်သူဖြစ်ပါ။
ယုံတဲ့သူကို အပ်တယ်
မယုံကြည်တဲ့သူကို ဘာမှ မအပ်ပါ။

ကောင်းကြီးကိုဘဲ မတောင်းနဲ့
ကောင်းကြီးကိုအပ်လို့ရတဲ့သူဖြစ်အောင်
အသက်တာကို ဆင်ခြင်ပါ။
ယုံကြည်ရသောသူဖြစ်ပါ။

01/30/2025

ခရစ်ယာန်ယုံကြည်သူက
ဖော်မြူလာနဲ့ အသက်မရှင်ဘူး
ဗျာဒိတ်နဲ့ အသက်ရတယ်။

ဘုရားရဲ့အမြင်ကသာ အမှန်ဆုံးအမြင်ဖြစ်ပြီးဘုရားရဲ့အကြံအစည်ကသာအမြဲတမ်းမြဲမယ့်အကြံဖြစ်လို့ဘုရားအကြိုက်အသက်ရှင်ရင်ဘုရားစိတ်ကြိ...
01/30/2025

ဘုရားရဲ့အမြင်ကသာ
အမှန်ဆုံးအမြင်ဖြစ်ပြီး
ဘုရားရဲ့အကြံအစည်ကသာ
အမြဲတမ်းမြဲမယ့်အကြံဖြစ်လို့
ဘုရားအကြိုက်အသက်ရှင်ရင်
ဘုရားစိတ်ကြိုက်သူအသုံးပြု
ချီးမြှောက်မှာပါ။

'ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် မကောင်းမှု​ကို​မုန်းတီး​ခြင်း​ဖြစ်​၏​။ မောက်မာထောင်လွှား​ခြင်း​နှင့် မာနကြီး​ခြင်း​၊...
01/29/2025

'ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် မကောင်းမှု​ကို​မုန်းတီး​ခြင်း​ဖြစ်​၏​။
မောက်မာထောင်လွှား​ခြင်း​နှင့် မာနကြီး​ခြင်း​၊ မကောင်း​သော​လမ်း​နှင့်
ဖောက်ပြန်လွဲမှား​သော​စကား​ကို ငါ​မုန်း​၏​။ 'သုတ္တံကျမ်း 8:13

ဘုရားကိုကြောက်ရွံ့ခြင်းဆိုတာ
ဘုရားမကောင်းဘူးပြောတာကို မကောင်းဘူးလို့ ခံယူပြီး
ဘုရားကောင်းတယ်လို့ပြောတာကို ကောင်းတယ်လို့ခံယူခြင်းဖြစ်ပါတယ်။

ဘုရားချစ်တာကို မချစ်
ဘုရားမုန်းတာကို မမုန်း
ဘုရားအလိုတော်ကို အလိုမရှိ
ဘုရားနှစ်သက်တာကို မနှစ်သက်ရင်
ဘုရားကို ချစ်လို့မရပါ။

ဘုရားအပြစ်လို့ခေါ်တာကို ကိုယ်ကလည်းအပြစ်လို့ခေါ်ရပါမယ်။
ဘုရားကို ကိုယ့်အကြိုက် လိုက်ကြိုက်ခိုင်းဖို့ မကြိုးစားပါနဲ့
ဘုရားကြိုက်တာကို ကြိုက်သူဖြစ်အောင်
ဘုရားအလိုတော်ကို လက်ခံနိုင်သူဖြစ်အောင်သာ
ဆုတောင်းပါ။
အာမင်။

“They accused him fiercely” - ပျင်းထန်စွာ စွပ်စွဲကြတယ်။ 'ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တိ...
01/28/2025

“They accused him fiercely” - ပျင်းထန်စွာ စွပ်စွဲကြတယ်။
'ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့်
စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။
ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက်
ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။ 'တရားသူကြီးမှတ်စာ 8:1

ခေါင်းဆောင်တိုင်းလိုလိုရဲ့ အတွေ့အကြုံက ပျင်းထန်စွာ၊ မှားယွင်းစွာ
စွပ်စွဲခံခြင်းဘဲလို့ ပြောလို့ရမယ်။
မှားယွင်စွာအစွပ်စွဲခံခြင်းဟာ ခေါင်းဆောင်ဖြစ်ရခြင်းရဲ့
အဖိုးအခတစ်ခုလည်းဖြစ်မယ်။

မှားယွင်းစွာ စွပ်စွဲတတ်သလို့ မှန်ကန်စွာလည်း စွပ်စွဲတတ်ပါ။
မြန်မာလိုမှာက ပြစ်တင်ကြတယ်လို့ရေးထားပါတယ်။
ဂိဒေါင်က ကောင်းကြီးခံစားရတယ်
ဘာလို့စစ်တိုက်ဖို့ မခေါ်တာလဲလို့သာ အစွပ်စွဲခံ ပြစ်တင်ခံရလို့
ချိုတဲ့ စွပ်စွဲခြင်းပေါ့၊ အားရစရာ စွပ်စွဲခံခြင်းပေါ့ဗျာ။

တချို့ခေါင်းဆောင်တွေဆို မှားယွင်းစွာစိပ်စွဲခံရတယ်။
ခေါင်းဆောင်တွေမှာလည်း ခံစားချက်ရှိတယ်
စိုးရိမ်စိတ်ရှိတယ်၊ တခြားဂရုစိုက်ရတဲ့အရာတွေရှိတယ် ဆိုတာ
နောက်လိုက်တွေက မေ့တတ်တယ်။

ဒီကစွပ်စွဲသူတွေလိုဘဲ
ဘာလိုအလုပ်လုပ်ဖို့မခေါ်တာလဲ
ဘာလို့ လုပ်အားပေးဖို့မခေါ်တာလဲ
ဘာလို့ ပေးကမ်းဖို့ မခေါ်ဖိတ်တာလဲ
ဘာလို့ သာသနာသွားဖို့ မခေါ်တာလဲ
ဆိုပြီးကောင်းတဲ့ပြစ်တင်ခြင်းတွေ
အချင်းချင်းကြားမှာများလာရင်
ဘယ်လောက်များ သာယာလိမ့်မလဲ
လို့ စိတ်ထဲတွေးမိရင်း ခွန်အားယူမိတာက
အဆိုးဘက်စွပ်စွဲသူထက် အကောင်းဘက် စွပ်စွဲသူ
ကိုယ်က ဖြစ်ရမယ်ဆိုတဲ့ စိတ်ရရှိလာတယ်။

01/27/2025

ယုံကြည်ခြင်းက ခရစ်တော်၌ အသက်ရှင်စေပြီး သစ္စာရှိခြင်းက အသီးသီးသောသူဖြစ်စေတယ်။

ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တိ...
01/27/2025

ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့်
သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည်
သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။ တရားသူကြီးမှတ်စာ 6:34
ဘုရားသခင်၏ဝိညာဉ်တော်က ဂိဒေါင်ကို
သာမန်အလုပ်လုပ်သူမှ သာမန်ထက်လွန်သောအလုပ်လုပ်သူဖြစ်စေတယ်
သဘာ၀ကျတာကိုသာလုပ်နေသူမှ သသာ၀လွန်တဲ့အလုပ်ကိုလုပ်သူဖြစ်စေတယ်။
သင်နှင့်ကျွန်ုပ်ကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်က
သာမာန်ကနေ သာမာန်ထက်လွန်အလုပ်ကိုလုပ်တဲ့သူဖြစ်စေနိုင်တယ်
သာဘ၀ကျအလုပ်ကနေ သဘာ၀ထက်လွန်တဲ့အလုပ်လုပ်သူဖြစ်စေနိုင်တယ်။

ဝိညာဉ်တော်က ထိန်းချုပ်သူဖြစ်ပါ။
ဝိညာဉ်တော်ကို ထိန်းချုပ်သူမဖြစ်ပါနဲ့
ဝိညာဉ်တော်က ပဲ့ကိုင်သူဖြစ်ပါ
ဝိညာဉ်တော်ကို ပဲ့ကိုင်သူမဖြစ်ပါနဲ့
သင်က ဝိညာဉ်ကို မဦးဆောင်ပါနဲ့
ဝိညာဉ်တော်က သင့်ကိုဦးဆောင်ပါစေ။

သင်က သဘာ၀အဆင့်သာလုပ်နိုင်သူဖြစ်ပြီး
ဝိညာဉ်တော်က သဘာ၀လွန်လုပ်ုနိင်သူဖြစ်တယ်
သူကသင့်ကိုဦးဆောင်၊လမ်းပြ အသုံးပြုရင်
သင်ဟာလည်း သဘာ၀လွန်အသောအရာတွေကို
လုပ်နိုင်၊မြင်နိုင်သူဖြစ်လာမယ်။
အာမင်။

01/26/2025

ခရစ်တော်ရဲ့ တတ်နိုင်ခြင်းကို မှီပါ။

Address

Martin Field Drive
Lawrenceville, GA
30045

Telephone

+95943135826

Website

http://bit.ly/Give2KungFamily

Alerts

Be the first to know and let us send you an email when Robinkung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Robinkung:

Videos

Share