KREI ZI

KREI ZI Supporting for Gamers. We stand for games. Respect each other. Innovative solutions for Gaming Comm

10/01/2021

Google ၂ ကောင်ရေ လွမ်းတယ်ကွ

မိဘပြည်သူများခဗျားစိတ်ပါပါ၊မပါပါ(မအလ)များကို အခမဲ့ သေးပန်းနိုင်ပါသည်။သာကေတ မြို့နယ်တစ်နေတာ
05/09/2021

မိဘပြည်သူများခဗျား
စိတ်ပါပါ၊မပါပါ(မအလ)များကို
အခမဲ့ သေးပန်းနိုင်ပါသည်။

သာကေတ မြို့နယ်တစ်နေတာ

The world is watching a movie. # Credic
04/15/2021

The world is watching a movie.

# Credic

သင်္ကြန်အကြတ်နေ့ မုန့်လုံးရေပေါ် စတုဒီသာ အားပေးကြပါဦး ပရိတ်သက် ကြီးရေ🥰🥰🥰
04/15/2021

သင်္ကြန်အကြတ်နေ့ မုန့်လုံးရေပေါ် စတုဒီသာ
အားပေးကြပါဦး ပရိတ်သက် ကြီးရေ🥰🥰🥰

အဲဒါအကုန်ပဲ 😅😅
04/14/2021

အဲဒါအကုန်ပဲ 😅😅

04/13/2021

"အရေးတော်ပုံ အောင်ပါစေ"
လို့ kreizi ဝိုင်းတော်သားများမှ
သင်္ကြန်ဆုမွန်ကောင်းတောင်းပေး ပါရစေချင်ဗျာ့။

ပို့စ်မုန့်လုံးPhoto credit
04/13/2021

ပို့စ်မုန့်လုံး
Photo credit

မင်းတို့က စိတ်ဓာတ်ပဲ ငါတို့လဲ ပြန်ပတ်မယ်လေ😀😀
04/13/2021

မင်းတို့က စိတ်ဓာတ်ပဲ ငါတို့လဲ ပြန်ပတ်မယ်လေ
😀😀

1/2/2021 မှ 13/4/2021 ထိ ထွက်ရှိထားသည့်စာအုပ်များ edit : gz /gy/gx များ ဖတ်ရန်မဟုတ်ပါ 😅😅
04/13/2021

1/2/2021 မှ 13/4/2021 ထိ ထွက်ရှိထားသည့်စာအုပ်များ
edit : gz /gy/gx များ ဖတ်ရန်မဟုတ်ပါ 😅😅

04/12/2021
မူရင်းရေးဆွဲသူအား လေးစားလျှက်
04/12/2021

မူရင်းရေးဆွဲသူအား လေးစားလျှက်

😎😎😎
04/11/2021

😎😎😎

04/10/2021

END GAME & NEED ITEMS

၁)မွေးကင်းစ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို သက်သောင့်သက်သာ သယ်ယူနိုင်ရန် ပြင်ဆင်ထားပါ။

၂)လုံခြုံစွာ အကာကွယ်ယူနိုင်မဲ့နေ ရာမျိုးနှင့် ပြေးလမ်းမပိတ်မိအောင် ပြင်ဆင်ထားပါ။

၃)ရေဒီယို တစ်လုံးမဖြစ်မနေဆောင်ထောင်းခြင်းအပြင် အပိုဓာတ်ခဲ့ဆောင်ထားပါ။ ပါဝါ ဘဏ် နှင့် လက်ကိုင်ဖုန်းအမြဲ အားအပြည့်ဖြည့်ထားပါ။ ဓာတ်မီးပါ ပြင်ဆင်ထားပါ။

၄)ကျောပိုအိပ်တစ်လုံးပြင်ဆင်ပြီး အစာခံမုန့်ခြောက် နှင့် လိုအပ်သည့်ဆေးဝါးများကို အပြည့်ဆောင်ထားပါ ။ တစ်ဦးတည်းမဟုတ်ခဲ့သော် ရေသယ်ယူနိုင်ရန်ပြင်ဆင်ထားပါ။

၅)ဆုံမှတ်များကို မိမိ မိသားစုများ နင့်ဆွေးနွေးတိုင်ပင်ပြီး သတ်မှတ်ထားပါ။ နေပူပူ မိုးရွာရွာ အနွေးထည် ထူထူ ဝတ်ထား ဆောင်ထားပါ။

၆)အလှံ ဖြူသို့မဟုတ် အချင်းချင်း အသံတိတ်ဆက်သွယ်မူမျိုး ဆောင်ထားပါ။

၇) ကလေး သူငယ်များ ကို အချင်းချင်း က ပင်ဖေးမကူညီနိုင်ရန် ပြင်ဆင်ထားပါ။

၈)ကာကွယ်ရေး တွက် တစ်ခုခုလိုအပ်သလို ပြင်ဆင်ထားပါ။

၉) မော်တော်ကား ဆိုင်ကယ် များ လှောင်စာဆီမပျက် ဖြည့်ဖို့ ပြင်ဆင်ထားပါ။

၁၀)အမြဲ သတိရှိရှိ နေပြီး CRPH သတင်းကို အဆက်မပျက် နားစွင့်ပါ။ သတင်းမပျက်စေရန် အမြဲ ပြင်ဆင်ထားပါ။

END GAME
#အရေးတော်ပုံအောင်ရမည်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ယနေ့ ၂၉ရက် မတ်လ ၂၀၂၁ တွင် အကြမ်းဖက်စစ်ကောင်စီမှ RPG (သို့) လက်နက်ကြီးဖြင့် ဆန္ဒပြသူများက...
03/29/2021

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ယနေ့ ၂၉ရက် မတ်လ ၂၀၂၁ တွင် အကြမ်းဖက်စစ်ကောင်စီမှ RPG (သို့) လက်နက်ကြီးဖြင့် ဆန္ဒပြသူများကို ဖြိုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။

03/28/2021

အရွယ်မရောက်သေးတဲ့ လူငယ်လေးတွေအသက်ပေးနေရတယ်။

လူမမယ်ကလေးငယ်တွေပစ်သတ်ခံနေရတယ်။

အိမ်ပြန်ရောက်ရင် အမေရေလို့ ခေါ်မယ့်အသံတွေတစ်ဘဝစာကြားခွင့်မရှိတော့ဘူး

ကိုးလလွယ်၊ဆယ်လဖွားခဲ့ရတဲ့ မိခင်တွေ ရင်တွေကွဲနေတယ်၊ပြုစုပျိုးထောင်ခဲ့ရတဲဲ့ ဖခင်တွေ ကမ္ဘာပျက်နေတယ်။

အရုပ်ဝယ်ပေးလို့ပူဆာဖို့၊စားချင်တဲ့မုန့်ကို လက်ညှိုးထိုးပူဆာဖို့ ဖေကြီးရေ၊မေကြီးရေလို့ခေါ်ခွင့်မရှိတော့တဲ့ အပြစ်မရှိတဲ့ကလေးငယ်လေးတွေရဲ့ဘဝတွေ

တကယ် ရင်တွေဗလောင်ဆူနေတယ်
သူတို့ အသက်ပေးရလောက်တဲ့ထိ ဘာအပြစ်တွေများကျူးလွန်ခဲ့လို့လဲ။

မျက်ရည်ဟာမဆည်နိုင်ခဲ့ဘူး၊ဒီစာကိုရေးရင်းနဲ့တောင်
ခင်ဗျားတို့ခြေဆေးခဲ့တဲ့သွေးတွေအတွက် ခင်ဗျားတို့ပြန်ကိုပေးဆပ်စေရမယ်။

ပြန်ကိုပေးဆပ်စေရမယ်

ပြန်ကိုပေးဆပ်စေရမယ်

ဒီပွဲမှာ ငါတို့နိုင်ကိုနိုင်ရမယ်။

ပေးဆပ်လိုက်ရတဲ့ ဘဝတွေအတွက် ငါတို့ရှင်ကျန်ရစ်နေသေးတဲ့သူတွေမှာ တာဝန်အပြည့်ရှိတယ်။

ဘဝအတွက် ဘဝ
အသက်အတွက် အသက်
သွေးအတွက် သွေး

ဒီစာရင်းမရှင်းရသရွေ့ ကမ္ဘာမကျေကြနဲ့

တပ်မတော် တပ်စခန်းတခုအား သိမ်းလိုက်ပြီဖြစ်ကြောင်း KNLA ထုတ်ပြန်ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၁ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား...
03/27/2021

တပ်မတော် တပ်စခန်းတခုအား သိမ်းလိုက်ပြီဖြစ်ကြောင်း KNLA ထုတ်ပြန်

ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တပ်မဟာ (၅)အနေဖြင့် တပ်မတော်၏ သီးမူထာ တပ်စခန်းအား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU သတင်းနှင့် ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ထားသည်။



လှည်းတန်း အသံတိတ် သပိတ် မြင်ကွင်းမျာ
03/24/2021

လှည်းတန်း အသံတိတ် သပိတ်
မြင်ကွင်းမျာ

03/24/2021

" ခုနစ်ထွေ မင်းသမီး " [ မင်းတင်ထွဏ်း ]
💁 💁 💁 💁 💁

(၁)

သူမကို မျက်စိနဲ့လည်း အသိပေးဖူးတယ်။ ကိုယ်အမူအရာနဲ့လည်း အချက်ပြဖူးတယ်။ စာနဲ့လည်း သက်သေထူဖူးတယ်။ နှုတ်နဲ့လည်း အတိအလင်း ချစ်ခွင့်ပန်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူမနဲ့ ကျွန်တော် ချစ်သူဘဝ မရောက်ခဲ့ကြပါဘူး။

တကယ်ချောပြီး ယဉ်ကျေးတဲ့ ကောင်မလေးဗျာ။ ခင်ဗျားသာ မြင်ဖူးရင် တစ်ခါတည်းခိုက်သွားမှာ သေချာတယ်။ တကယ်ပြောတာ။ ကျွန်တော်ဆိုတဲ့ကောင်က တော်ရုံတန်ရုံ မိန်းကလေးဆိုရင် အမွှမ်းတင်တတ်တာ မဟုတ်ဘူး။ မျက်စိစားပွဲလည်း အညောင်းခံ မထိုင်ဘူး။ နှလုံးသား တံခါးကလည်း ဖွင့်ကြည့်တာ မဟုတ်ဘူး။

အခု ကျွန်တော်ပြောနေတဲ့ ဝါဝါလွင်ကတော့ နာမည်နဲ့လိုက်အောင် အသားက ဝါဝင်းပြီး အသံက ချိုလွင်နေတာ။ အပြစ်ကင်းစင်ပြီး ချောမောတဲ့ မျက်နှာမှာ စံပယ်တင်မှဲ့က ညာဘက်ပါးပေါ်မှာ နေရာယူထားတယ်။ ညီညာဖြူဖွေးတဲ့ ပုလဲသွယ်သွားတန်းထဲမှာ သွားတက်နှစ်ခုက ဘယ်ညာမို့ ပြုံးလိုက်တိုင်း ကျွန်တော့်ရင်မှာ အေးမြသွားတာပဲ။

မနိမ့်မမြင့် အရပ် (၅) ပေကျော်မှာ မဆူမဖြိုး ခန္ဓာကိုယ်ကို တိုင်းထွာကြည့်ရင် တင် (၃၆)၊ ရင် (၃၅)၊ ခါး (၂၄) ရှိမှာ သေချာတယ်။ လက်ရာမြောက်တဲ့ ပန်းပုရုပ်လေး ဆိုပါတော့ဗျာ။

မရယ်နဲ့ ကိုယ့်လူ။ ကျွန်တော် တကယ်ပြောနေတာ။ ဝါဝါလွင်နဲ့ ကျွန်တော်က တစ်ရပ်ကွက်ထဲ နေရုံမကဘူး။ အရှေ့ဘက်ခြံနဲ့ အနောက်ဘက်ခြံ အိမ်နီးချင်းတွေဆိုတော့ သိတာပေါ့။ သူ့ထက်လှတဲ့သူတွေ မရှိဘူး မပြောပါဘူး။ သူ့အလှနဲ့သူတော့ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော့် မျက်စိထဲမှာတော့ ဝါဝါလွင်လောက် လှတဲ့သူ မတွေ့မိသေးတာတော့ အမှန်ဗျ။

ဝါဝါလွင်ရဲ့ ထူးခြားချက်က ရှက်ရွံ့ရွံ့ပုံစံလေးပဲ။ စကားပြောရင်လည်း တိုးတိုးလေး ပြောတတ်တယ်။ ကျွန်တော်နဲ့များ စကားပြောရင် ခေါင်းကြီးကို အရမ်းငုံ့ထားတာပဲ။ ပါးစပ်က ဘာသံမှ မထွက်ဘူး။

ဝါဝါလွင်တို့မှာ ညီအစ်မနှစ်ယောက်ပဲ ရှိတာဗျ။ သူ့အစ်မက အိမ်လည်သလောက် ဝါဝါလွင်ကတော့ ကျောင်းနဲ့အိမ်ကလွဲပြီး ဘယ်မှမသွားဘူး။ အိမ်မှုကိစ္စကို သူပဲလုပ်တာ။ သူ့အဖေကတော့ ပွဲရုံမှာ လုပ်တယ်။ ညနေတိုင်း မူးပြီး ဆူနေတဲ့လူကြီးပါ။

ကျောင်းမှာလည်း သိပ်အေးတာ။ ဘယ်သူနဲ့မှ စကားပြောတာ မဟုတ်ဘူး။ စာပဲဖတ်နေတာ။ အတန်းထဲကလည်း မထွက်ဘူး။ ဒီလောက် မိန်းမပီသတဲ့ မိန်းမဗျ။

ဖူးစာမှန်မှ ကံဆုံတယ်ဆိုတဲ့စကား သိပ်မှန်ပါလား။ ကျွန်တော်က ဝါဝါလွင်ကို မင်းကုသထုံး နှလုံးမူပြီး ပိုးပန်းခဲ့ပေမယ့် လက်တောင် မကိုင်ခဲ့ဖူးပါဘူး။ ကျွန်တော့်ရုပ်ကပဲ ဆိုးလို့လား။ မျက်စိအားနည်းလို့ မျက်မှန်တပ်တာကိုပဲ မှန်ကြောင်ထင်နေသလား။ ဒါမှမဟုတ် ဝါဝါလွင်ကပဲ အသည်းမပါလို့လားတော့ မသိဘူး။

အရေးထဲ ဝါဝါလွင်နဲ့ ကျွန်တော် ပိုဝေးချင်တော့ (၁၀) တန်းမှာ ကျွန်တော် (၃) ဘာသာနဲ့အောင်ပြီး ဝါဝါလွင်ကတော့ ကျတယ်လေ။ ဒီတော့ ကျွန်တော်မျိုးမှာ ဝါဝါလွင်နဲ့ ဝေးရာ ရန်ကုန် စက်မှုတက္ကသိုလ်ကို ပြေးခဲ့ရတယ်။ ဝါဝါလွင်ကတော့ သူ့အဖေ ပွဲရုံပိုင်ရှင်ဖွင့်ထားတဲ့ ရွှေဆိုင်မှာ အရောင်းစာရေးမ ဝင်လုပ်တယ်လေ။

ကျွန်တော့်မှာလေ စာသင်နေရပေမယ့် ဝါဝါလွင်ကိုပဲ မျက်စိထဲက မထွက်ဘူး။ အုံ့ပုန်းချစ်ရဲ့ဒုက္ခဟာ တော်တော်ဆိုးပါလားဗျနော်။ ဝါဝါလွင်ဆီကိုတော့ တံဆိပ်ခေါင်းအားကိုးနဲ့ စာတွေပို့ခဲ့တယ်။ မျှော်လင့်ထားသလိုပါပဲ။ စာတစ်စောင်မှ မပြန်ဘူး။

ဒါပေမဲ့ဗျာ။ စာသင်နှစ်မကုန်ခင်မှာ အသည်းတုန်လှုပ်စရာ သတင်းတစ်ခုကို သူငယ်ချင်းတစ်ယောက်စာထဲက သိလိုက်တယ်။ ဝါဝါလွင်ရဲ့အချစ်မြားဟာ ကျွန်တော့်ရင်ဝကလွဲပြီး အခြားလူတစ်ယောက်ရဲ့ ရင်ဝကို သွားမှန်တယ်တဲ့။

ကျွန်တော့်ခေါင်း ငယ်ထိပ်တည့်တည့်ပေါ်ကို နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ခံလိုက်ရခြင်းပါပဲ။ ကျွန်တော် ဘယ်လိုပုံဖြစ်သွားမယ်ဆိုတာ ခင်ဗျား စဉ်းစားကြည့်ပေတော့။

အိပ်ရာထဲ ခေါင်းအုံးဖက်ပြီး ဘယ်ညာလူးလှိမ်းလိုက်၊ မြို့ထဲယောင်ချာချာနဲ့ ကားပတ်စီးလိုက်။ ကန်တော်ကြီးစောင်း ရေစပ်မှာ ထိုင်ပြီး ရေပြင်ထဲ စိတ်အမျိုးမျိုးတွေ ပစ်လွှတ်လိုက်။ ကျွန်တော့်နားဟာလည်း ကိုသန်းလှိုင်၊ ကိုတင်လှိုင်သီချင်းတွေနဲ့ ဆွေးနေလိုက်ပေါ့။ ကျွန်တော် ခေတ္တရူးသွားတယ်ဗျာ။

ဒါနဲ့ မနေနိုင်တာကြောင့် ရှေ့မျက်နှာ နောက်ထားပြီး အစ်မဆီကို “ဝါဝါလွင် ရည်းစားရှိတာ တကယ်လားဗျာ … စုံစမ်းပေးပါဦး” လို့ စာရေးလိုက်တယ်။

မကြာခင် အစ်မဆီက စာပြန်လာတယ်။ ဝါဝါလွင်ဟာ ရည်းစားထားတာ မဟုတ်ဘူး။ ယူနန်ဘုံကျောင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေက လက်ထပ်လိုက်ပြီတဲ့။ အင်္ဂလိပ်စာညံ့တဲ့ ဝါဝါလွင်ဟာ အင်္ဂလိပ်စာ မကျွမ်းပေမယ့် ဘာသာစကားတစ်ခုကိုတော့ ထမင်းစားရေသောက် တတ်နေပြီတဲ့။

* * *

(၂)

ကျွန်တော် ဇာတိမြို့လေးကို မရောက်တာ (၄) နှစ်ရှိပြီ။ ကျောင်းပိတ်ရက်များမှာ အိမ်ကိုမပြန်ဘဲ သူငယ်ချင်းတွေရဲ့ မြို့ကို လိုက်ပြီး အချိန်ဖြုန်းနေခဲ့တယ်။

ရယ်စရာတော့ အတော်ကောင်းသားဗျနော် … ။ ကျွန်တော်ဘာကြောင့် ကျောင်းပိတ်ရက်များမှာ အိမ်ကိုမပြန်တာကို ခင်ဗျား ရိပ်မိမှာပါ။

ဟုတ်တယ် … ။ ခင်ဗျားထင်တဲ့အတိုင်း ဝါဝါလွင်ကြောင့်ကလွဲပြီး ဘာအတွက် ရှိရဦးမှာလည်းဗျာ။ ကျွန်တော်က လူငယ်။ မရှက်ပါဘူး။ နောက်ပြီး ကျွန်တော်ဟာ အစွဲအလမ်းကြီးသူတစ်ယောက်ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော့်မျက်စိထဲမှာ ဝါဝါလွင်ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေး၊ ချစ်စရာ ကိုယ်လုံးလေးဟာ ယနေ့အထိ စွဲနေတုန်းပဲ။ ဒါပေမဲ့ စိတ်နဲ့ တပ်မက်နေတာတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ (၃) နှစ်လောက်က ဝါဝါလွင်ရဲ့သတင်းကို ကြားတော့ ဝါဝါလွင် လက်ထပ်စဉ်က ပူဆွေးရတာထက် ပိုမိုပြင်းထန်တဲ့ ဝေဒနာကို ခံစားရပါတယ်။

ဝါဝါလွင်နဲ့ရတဲ့သူက ဝါဝါလွင်ထက် အသက် (၂၀) ကြီးတဲ့ ကိုယ့်အဖေအရွယ်တဲ့။ သားကြီး မယားကြီးနဲ့ တဲ့။ သူ့အဖေပွဲရုံက ပွဲရုံပိုင်ရှင်တဲ့။ ဝါဝါလွင့်အမေက အတင်းနားချ ပေးစားတာတဲ့။ ဝါဝါလွင်က နံပါတ် (၄) တဲ့ … စတဲ့ သတင်းတွေကြားတော့ ကျွန်တော်လေ ဝါဝါလွင်ကို သနားတာလား၊ နှမြောတာလား၊ အမျိုးအမည်မသိတဲ့ ဝေဒနာ ခံစားခဲ့ရတယ်။ အဲဒီလူကိုလည်း သတ်ပစ်ချင်လောက်အောင် ဒေါသဖြစ်မိတယ်။ တကယ်။ အဲဒီတုန်းကများ ကျွန်တော့်နားမှာရှိရင် ကျွန်တော် စိတ်မထိန်းနိုင်ဘဲ တကယ်လုပ်မိမှာ သေချာတယ်။ အဲဒီတုန်းက ကျွန်တော့်ပုံကို ခင်ဗျားမြင်ရင် ကျွန်တော့်အပေါ်ကို ခင်ဗျား မှတ်ချက်တစ်ခုချမှာ သေချာတယ်။ ဒီမှတ်ချက်ကို ကျွန်တော် သိနေပေမယ့် မကြားချင်ဘူး။ အဲဒီနှစ်ကလည်း ကျွန်တော် မြို့ကို မပြန်ဖြစ်ဘူး။ ဘာကြောင့်မှန်းတော့ မသိဘူး။

လွန်ခဲ့တဲ့ (၂) နှစ်ကလည်း ဝါဝါလွင်ရဲ့ခင်ပွန်းဆုံးကြောင်း သတင်းကြားရပြန်တယ်။ ကျွန်တော် လုံးဝ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့် ရင်ထဲမှာတော့ ပျော်နေသလိုပဲ။ ဒါပေမဲ့ သိပ်တော့မသေချာဘူး။ ဝါဝါလွင်ကို ပြေးပြီး နှစ်သိမ့်ချင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ လူက တွေဝေနေတယ်။ အဲဒီနှစ်ကလည်း ကျွန်တော် မြို့ကို မပြန်ဖြစ်ပြန်ဘူး။ ဘာကြောင့်မှန်းတော့ မသိဘူး။

လွန်ခဲ့တဲ့ (၁) နှစ်လောက်က ဝါဝါလွင်ရဲ့သတင်း ကြားတော့ ကျွန်တော် လုံးဝ မယုံကြည်ခဲ့ဘူး။ ဘယ့်နှယ်ဗျာ ဖြစ်နိုင်ပါ့မလား။ ခင်ဗျား စဉ်းစားကြည့်။ မလိုသူတွေပြောတဲ့စကားပဲ ဖြစ်မှာပါ။ ဒီလောက် အေးဆေးပြီး စကား လေးလုံးကွဲအောင် မပြောတတ်သူက ချစ်တီးမ ဖြစ်နေပြီတဲ့။ ရှင်းရှင်းပြောရရင် ရပ်ကွက်ထဲမှာ အပေါင်ခံတယ်။ နေ့ပြန်တိုးပေးတယ်။ တစ်ရာကို အတိုး (၂၀) နှုန်းနဲ့ ငွေတိုးချေးစားတယ်။ ဒါကိုပြောတာ။ သူချေးထားတဲ့ငွေ ပြန်မဆပ်ရင် အော်တောင်းရမှာလည်း မရှက်ဘူး။ ဆဲတောင်းရမှာလည်း မရှက်ဘူး။ ရန်ဖြစ်ရမှာလည်း မရှက်ဘူး။ ကုန်ကုန်ပြောရရင် ထဘီ ခါးတောင်းကျိုက်ပြီး နပန်းလုံးတောင် တောင်းတယ်ဆိုပါလား။

ဒါထက် ပိုဆိုးတဲ့သတင်းက ဝါဝါလွင်ဟာ မှန်ကြည့်လို့ မရတော့ဘူးတဲ့။ ဝါဝါလွင် မှန်ကြည့်ရင် ဘာကြောင့်မှန်းမသိဘူး။ မှန်တွေ ကွဲတယ်ဆိုပဲ။

ဟား … ဟား … ဟား။ ကြည့်လည်းပြောကြပါ အရပ်ကတို့ရေ … ၊ ဒီသတင်းတွေကို ကျွန်တော်ကတော့ မယုံရေးချ မယုံပဲ။

သြော် … လူတွေ လူတွေ မြေနိမ့်ရာ လှံစိုက်ကြပါလားလို့ ကျွန်တော် ထင်မိတယ်ဗျာ။

* * *

(၃)

ဒီနှစ် ကျောင်းပိတ်ရက်မှာ အိမ်ကို မပြန်မဖြစ် ပြန်ခဲ့ရတယ်။ အမေ နေမကောင်းဘူးလို့ မှာလို့ပါ။

အိမ်ရောက်တော့ ဝါဝါလွင့်အိမ်ဘက် မျက်စိစွေကြည့်နေမိတယ်။
ဝါဝါလွင့်အိမ်ဟာ အရင်ကလို မြေစိုက်၊ ထရံကာ၊ ကပ်မိုးသုံးပင် နှစ်ခန်းအိမ် မဟုတ်တော့ဘူး။ (၂) ထပ် ကွန်ကရစ်ခံ အာစီတိုက် ဖြစ်နေတယ်။ ဝင်းပြည့်အိမ်ပြည့်ကို ဆောက်ထားတာ။ သူ့အိမ်ထဲမှာ လူရိပ်တွေ မြင်နေရတယ်။ ဘာပါလိမ့်လို့ အစ်မကို မေးကြည့်ချင်ပေမယ့်လည်း နေမကောင်းတဲ့ အမေက ကျွန်တော့်ကို စကားနာ ထိုးနေလို့ အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့နေရတယ်။ ဒါကြောင့် မမေးမိတော့ဘူး။

ဒါပေမဲ့ မနက်ကျတော့ အစ်မက ဝါဝါလွင့်သမီး မွေးနေ့ပွဲသွားရန် ခေါ်နေတယ်။ ကျွန်တော်က ကျွန်တော့်မဖိတ်လို့ မလိုက်ချင်ဘူး ငြင်းတယ်။ ဒီတော့ အစ်မက မဲ့ပြီး …

“နင်ရောက်တာ မိဝါ ဘယ်လိုသိတယ် မသိဘူး … ဒီနေ့မနက် အစောကြီး အိမ်လာပြီး နင်ပါ လိုက်ခဲ့ဖို့ ဖိတ်သွားတယ် … နင် အိပ်နေလို့ မနှိုးတာ” လို့ ပြောတယ်။

ကျွန်တော့်ရင်ထဲမှာ ဒိုင်းခနဲ အရာတစ်ခု ခုန်သွားတယ်။ ပါးစပ်ထဲ တံတွေးတွေလည်း ဘယ်ရောက်ကုန်တယ် မသိတော့ဘူး။

အစ်မက မနက် (၈) နာရီ သွားရအောင်ပြောတယ်။ ရေချိုး၊ ခေါင်းကို ကျကျနန ဖြီး၊ အရောင်နုတဲ့ အင်္ကျီနဲ့ လုံချည်ကို ရွေးဝတ်လိုက်တယ်။ မှန်ကို ကြည့်လို့အားမရသေးဘူး …

“မောင်လေးရေ … သွားရအောင်” ဆိုတဲ့ အစ်မအသံကြောင့် အခန်းထဲက ပြေးထွက်ခဲ့ရတယ်။ ဒါတောင် မျက်မှန်မပါလို့ ပြန်ယူရသေးတယ်။ မျက်မှန်မပါလို့ မဖြစ်ဘူး။ ကျွန်တော်က အဝေးမှုန်လေ။

ကျွန်တော်မျက်မှန်ကို (၁၀) တန်း ရောက်တဲ့နှစ်က စတပ်ရတာ။ မှတ်မှတ်ရရ ပြောရရင် ဝါဝါလွင့်ကို နှုတ်နဲ့ ချစ်ရေးစဆိုတဲ့နေ့ပဲ။ ဝါဝါလွင်လေ သိပ်ရိုးတာ။ ကျွန်တော်က ချစ်ရေးဆိုတော့ ခေါင်းကြီးငုံ့ပြီး ကျောက်ရုပ်လို ရပ်နေတယ်။ ဘာမှလည်း မပြောဘူး။ လူတွေ ဝိုင်းကြည့်နေကြလို့ ကျွန်တော်လည်း နေရာက ခွာပေးရတယ်။ တကယ့်ရယ်စရာပါဗျာ။

ဝါဝါလွင့်အိမ်ရောက်တော့ တိုက်ခန်းထဲမှာ လူတွေပြည့်နေပြီ။ အဲ … စားစရာ တည်ခင်းတဲ့ စားပွဲခုံပတ်လည်မှာ လူတွေပြည့်တယ်ဆိုတာ ပိုမှန်မယ်။ အလဲ့ … ၊ ဝါဝါလွင့်အိမ်က ဘယ်ဆိုးလို့လဲ၊ အခန်းထဲက ပစ္စည်းတွေက နိုင်ငံခြားဖြစ်တွေချည်းပါလား။ ပစ္စည်းတွေကလည်း အများသားဗျ။ မဆီမဆိုင် ဆိုရမလားပဲ၊ အခန်းထဲ မှန်ရှိ၊ မရှိ ကျွန်တော် ရှာနေမိတယ်။

စားပွဲခုံဘေး ဝင်ထိုင်ရပေမယ့် ကျွန်တော် အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တယ်။ ကျွန်တော်မြင်ချင်တဲ့ အရာတစ်ခု မမြင်ရသေးဘူးလေ။ ဒါပေမဲ့ ကိုယ်က ဧည့်သည်ပဲ၊ ဧည့်ခံတာကိုစားဖို့ မြန်မာ့ဓလေ့ထုံးစံလေ။ ဒါကြောင့် မုန့်ဟင်းခါးကို ဇွန်းနဲ့ခပ်လိုက်တယ်။ ပါးစပ်ထဲ မုန့်ရည်မရောက်ခင် …

“သေချင်းဆိုးမ … အစိမ်းသေမ … ၊ ဒီလောက် နမော်နမဲ့နိုင်ရသလား”

ကျားဟိန်းသံထက် (အို … မဟုတ်သေးဘူး) ခြင်္သေ့ဟိန်းသံထက် ပိုကျယ်တဲ့ အသံကြောင့် ဇွန်းထဲက ဟင်းရည် အောက်ကို ဖိတ်ကုန်တယ်။ ကျွန်တော့်လိုပဲ အခန်းထဲက လူအားလုံး လန့်သွားကြတယ်။ ဒါပေမဲ့ မိန်းမတွေက တစ်ဦးနဲ့တစ်ဦး လက်တို့၊ မျက်စပစ်ပြီး ရယ်ကြလေရဲ့။

ကျွန်တော်က အသံလာရာဆီကို ကြည့်လိုက်တော့။ အိမ်တွင်းတံခါးဝမှာ ခါးကြီးထောက် ရပ်နေတဲ့ ပေါင် (၂၀၀) ကျော် မိန်းမဝဝကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဝတယ်ဆိုတာ သူများလို ကိုယ်ခန္ဓာနဲ့ အရပ် လိုက်ဖက်ညီထွေ တစ်ဖြိုးတည်းဝတာ မဟုတ်ဘူး။ အောက်ပိုင်းသေး၊ ဖင်ပိုင်းရှူးပြီး ရာဝင်အိုးပုံလို ဝတာ။ ခေါင်းသေးသေးလေးမှာ ပါးစုန့်နှစ်ဖက်က လေအိတ်တွေလို ဘေးကို ကားထွက်ပြီးနေတာ။ မျက်နှာပေါ်မှာလည်း အနီရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်တွေနဲ့ ခြယ်သထားတာဆိုတော့ ခင်ဗျားသာ ပုံဖော်ကြည့်ပေတော့။

သူမရှေ့မှာ ပိန်ပိန်သေးသေး ကောင်မလေးက ပန်းကန်ကွဲနဲ့ မုန့်ဖတ်တွေကို ကျုံးနေတယ်။

“ … … … မ၊ နင် … … … တာ အရေးမကြီးဘူး … ငါ့ပစ္စည်းတွေ ကုန်ပြီ”

မိုးခြိမ်းသံထက်ကျယ်တဲ့ အသံနဲ့အတူ ကြီးမားတဲ့ သူမရဲ့လက်နဲ့ ကောင်မလေး နားရင်းကို တီးလိုက်တာ ‘ဖြောင်း’ ဆိုတဲ့ အသံဟာ တစ်ခန်းလုံး ကြားရတယ်။ ကောင်မလေးလည်း (၅) ပေလောက် လွင့်သွားတယ်။

ကျွန်တော်လည်း မိန်းမဝဝကြီးကို မျက်လုံးပြူးပြီး ကြည့်မိတယ်။ မိန်းမဝဝကြီးကလည်း ကောင်မလေးကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။ မိန်းမဝဝကြီးရဲ့ မျက်လုံးထဲက ဒေါသတွေဟာ ကောက်ကွေ့ပြီး ထွက်လာတယ်။ ဆေးဆိုးပန်းရိုက် မျက်နှာကြီးဟာ ကျီးအာသီးလို ရဲတက်လာတယ်။ ပါးစုန့်ကြီးနှစ်ခုဟာလည်း ဘေးကို အဆမတန် ထွက်လာတယ်။

“… … … မ”

“… … … မ”

“… … … မ”

မြန်မာသတ်ပုံကျမ်း၊ အဘိဓာန်တွေထဲမှာ ရှာမတွေ့တဲ့ စကားလုံးတွေနဲ့ ကောင်မလေးကို ဆဲဆိုနေတယ်။

လက်ကားရား၊ ခြေကားရားနဲ့ ဒေါသထွက်နေတဲ့ သူမမျက်နှာကို ကြည့်ပြီး ကျွန်တော် ဘီလူးဆိုင်းကို စိတ်ထဲက တီးပေးနေမိတယ်။

သူမမျက်နှာကို ကြည့်နေရင်း ကျွန်တော့်ရင်ထဲမှာ ‘ဒိတ်’ ခနဲ ဖြစ်သွားတယ်။ ညာပါးမှာ စံပယ်တင်မှဲ့လေး တွေ့လိုက်သလိုပဲ။ ဒါပေမဲ့ မျက်နှာမှာ ရောင်စုံကာလာတွေကြောင့် သိပ်မသေချာဘူး။ ဒါကြောင့် မိန်းမဝဝကြီးကို စူးစိုက်ကြည့်နေမိတယ်။

ဒီအချိန်မှာ မိန်းမဝဝကြီးကလည်း ကျွန်တော့်ကို မြင်သွားတယ်။ ပထမ အံ့သြသွားပုံရတယ်။ ပါးစပ်လေးဟ၊ မျက်လုံးလေး ဝိုင်းသွားတယ်။ နောက် မှတ်မိပုံရသွားတယ်။ သူမမျက်နှာ ပြုံးလာတယ်။ ဒီတော့ ကျွန်တော် နေရာက ‘ဝုန်း’ ခနဲ ထရပ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပါးနှစ်ဖက်မှာ အစွယ်နှစ်ချောင်းကို တွေ့လိုက်ရလို့ပဲ။

အံ့သြစရာပဲဗျာ။ မိန်းမဝဝကြီးကို စူးစိုက်ကြည့်နေတဲ့ ကျွန်တော့်မျက်မှန်လည်း ဖျတ်ခနဲ ကွဲသွားတယ်။ ကျွန်တော်လည်း ကွဲသွားတဲ့ မျက်မှန်ကို ဖြုတ်ပြီး အိတ်ကပ်ထဲ အပြီးသိမ်းလိုက်တယ်။

နောက်တော့ ကျွန်တော်ဟာ အစ်မကိုပင် မခေါ်တော့ဘဲ ဝါဝါလွင့်အိမ်က ပြေးထွက်ခဲ့တယ်။

* * *

(၄)

ကျွန်တော် မျက်မှန်မတပ်တာ (၅) နှစ်လောက် ရှိသွားပြီ။ အလုပ်လည်းရ၊ မိန်းမလည်းရလို့ ကလေး (၂) ယောက်ပင် ရပြီ။

ကျွန်တော့်မျက်စိထဲမှာ အပြစ်ကင်းစင်ပြီး ချောမောတဲ့ မျက်နှာနဲ့ စံပယ်တင်မှဲ့လေးကို လည်းကောင်း၊ ညီညာပြန့်ပြူးတဲ့ ပုလဲသွယ်တန်းနဲ့ သွားတက်လေး နှစ်ခုကို လည်းကောင်း၊ မနိမ့်မမြင့်အရပ်နဲ့ ငါးရံ့ကိုယ်လေးကို လည်းကောင်း ပုံရိပ်မထင်တာလည်း ကြာပြီ။

ဘယ်လောက်ကြာသလဲဆိုတော့ ကျွန်တော် မျက်မှန်မတပ်တဲ့ နေ့ကစလို့ပဲ။ ခုတော့ ရူးနေတဲ့ ကျွန်တော့်မျက်လုံး ကောင်းနေပြီကိုး။

Credit

မင်းတင်ထွဏ်း
ရွှေအမြုတေမဂ္ဂဇင်း
(ရွှေ ၆၁ - စာအုပ်မှ)

ဒေါပုံ ဝါဆို အသံတိတ် သပိတ်
03/24/2021

ဒေါပုံ ဝါဆို အသံတိတ် သပိတ်

Yangon Silent Strike (အသံတိတ် သပိတ်)
03/24/2021

Yangon Silent Strike
(အသံတိတ် သပိတ်)

03/22/2021

လူ ၃၀၀လောက်သတ်ပြလိုက်တယ်
သန်း၃၀လောက် သေကြောက်ဖြစ်၊
၃သန်းလောက်က ကန့်လန့်တိုက်၊
၃သိန်းလောက်ရန်တွေဖြစ်၊
၃သောင်းလောက်က ဒလံ၊
၃ထောင်လောက်ကချမယ်တကဲကဲ
၃စားရကြဖို့
ဦးနှောက်၃ကြပါ၊
ပျက်၃မှုကိုမလိုချင်ရင်ပေါ့၊
ညီကြပါ။
အားလုံးအ၃တည့်ပါစေ။ ။

Crd

03/15/2021

ဒလန် နဲ့ အတားအဆီး

တစ်ဖြည်းဖြည်းနဲ့ ရပ်ကွက်တွေမှာ ဒုက္ခရောက်လာတာ ဒလန် ကိစ္စပါ။
ဖမ်းမိရင် သေချာစစ်ပါ။မမေးမမြန်းဘဲ ကိုယ်ထိလက်ရောက်မကျူးလွန်ပါနဲ့။ဒလန်လို့ သံသယ ရှိရှင် ချက်ချင်း မေးမြန်းစုံစမ်းပါ။ဘယ်ကလာလဲ။ဘယ်မှာနေလဲ။ph ကိုစစ်ပါ။ရိုက်ကူးထားတဲ့ ဓာတ်ပုံ။ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်။fb viberသုံးရင် တစ်ပါတ်လောက်ထိ လိုက်စစ်ပါ။မသေချာရင် မလုပ်ပါနဲ့။ fbကနေ ဒလုံပါပြောတိုင်းလဲ မယုံပါနဲ့ ရပ်ကွက်ကိုမေးပါ။ရပ်ကွက်လူတွေ သိပါတယ်။ဒလန်မဟုတ်ရင် တောင်းပန်လိုက်ပါ။ဟုတ်ခဲ့ရင် သဘောအတိုင်းပါဘဲ။တော်လှန်ရေးမှာ အချိန်ကြာလေ ယုံကြည်မူ့ ပျက်ပြားလေ၊ အဖိခံရလေ အချင်းချင်း သံသယ ၀င်လေဖြစ်တတ်ပါတယ်။

အတားအဆီးအနေနဲ့ ရှေ့ဆုံးတန်းမှာ သဲအိတ်တန်းတွေ ချထားတာက ရန်သူ့အတွက် အခွင့်အလမ်းနဲ့ လုံခြုံမူ့ကို ပိုရစေပါတယ်။
ရှေ့ဆုံးခံစစ်ဟာ ရန်သူ ၀င်ဖို့ မတတ်နိုင်လောက်တဲ့ အတားအဆီးတွေ ချထားသင့်ပါတယ်။ပြီးတော့ မြင်ကွင်း ရှင်းသင့်ပါတယ်။ရန်သူ ရုတ်တရက်မ၀င်လာနိုင်အောင် ဖန်ကွဲစ ဆူးကြိုး အုတ်ခဲ ၀ါးချိန် စတဲ့ အတားအဆီးများစွာ ချထားပြီးမှ သဲအိတ်တန်းကို ထားပါ။ဒါမှသာ ရန်သူ၀င်လာခဲ့ရင် မိမိအတွက် လုံခြုံပြီး ပြန်လည် ခုခံလို့ရမှာပါ။သဲအိတ်တန်းနောက်ကနေ မိမိအကြံဥာဏ်အတိုင်း တိုက်စစ်ဖွင့်လို့ရပါတယ်။
စစ်ဖြစ်ရင် ရှေ့တန်းမှာ သဲအိတ်ခံစစ်မထားပါ။
ကျည် လက်ပစ်ဗုံး ဒဏ်ခံနိုင်အောင် ခံစ်ရဲ့ နောက်ဆုံးမှာဘဲ ခံတပ်ဆောက်ရင်း ပြန်လည်တိုက်ထုတ်တာပါ။

03/14/2021

ယနေ့ည မတ်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကနေပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်ကို စစ်အုပ်ချုပ်​ရေးကြေငြာလိုက်တယ်လို့ အတည်ပြုသတင်းရရှိခဲ့ပါတယ်။

03/14/2021

ယနေ့ (14.3.2021) စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူစာရင်း
လှိုင်သာယာ - ၃၀ ဦး
သင်္ကန်းကျွန်း - ၆ ဦး
ရွှေပြည်သာ - ၃ ဦး
တောင်ဒဂုံ - ၃ ဦး
မြောက်ဥက္ကလာ - ၂ ဦး
တောင်ဥက္ကလာ - ၁ ဦး
လှိုင် - ၁ ဦး
အင်းစိန် - ၁ ဦး
မြောက်ဒဂုံ - ၁ ဦး
ကြည့်မြင်တိုင် - ၁ ဦး
တာမွေ - ၁ ဦး

စုစုပေါင်း ၅၀ ဦး

ပစ်ခတ်နေဆဲမို့ ထပ်တိုးများရှိနိုင်ပါသေးတယ်။

03/14/2021

ယနေ့ မတ်လ 14 ရက်နေ့မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဆယ့်ရှစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး လေးဦးမှာ Dead body မရသေးကြောင်း သတင်းရရှိခဲ့ပါသည်။

တစ်ဆက်ထဲမှာပဲ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏ပစ်ခတ်မှုကြောင့် အနည်းဆုံး ပြည်သူဆယ့်နှစ်ယောက်သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကျဆုံးနှင့်ဒဏ်ရာရရှိခြင်း၊ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရသော အခြားမြို့နယ်များမှာ

​မြောက်ဥက္ကလာပမြို့နယ်
အင်းစိန်မြို့နယ်
တောင်ဒဂုံမြို့နယ်
တာမွေမြို့နယ်
ပုဇွန်တောင်မြို့နယ်တို့ဖြစ်ပြီး အရေအတွက်အတည်ပြုပေးနိုင်ခြင်းမရှိသေးပါဘူး။

ဒီနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော် အိမ်ကြီးလမ်းနှင့် ဇီဇဝါလမ်းကို စစ်ကောင်စီအကြမ်းဖက်...
03/14/2021

ဒီနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော် အိမ်ကြီးလမ်းနှင့် ဇီဇဝါလမ်းကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ပြီး ဇီဇဝါလမ်းအတွင်းရှိ နေအိမ်တစ်အိမ်တွင်ပုန်းခိုနေသည့် ဆန္ဒပြလူငယ် (၆) ဦးခန့်ကို အိမ်ထဲထိဝင်ရောက်အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ယနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မီးစွဲလောင်နေ...
03/14/2021

ယနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မီးစွဲလောင်နေသဖြင့် ရပ်ကွက်နေပြည်သူလူထုက မီးငြိမ်းသတ်ရန်သွားရောက်စဥ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က အငြိမ်းသတ်မခံပဲ ပြည်သူများကိုပစ်ခတ်လူစုခွဲလျှက်ရှိကြောင်းသိရှိရပါသည်။

ယနေ့မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ၊မီးရှို့ဖျက်ဆီးမှုတွေကြောင်...
03/14/2021

ယနေ့မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ၊မီးရှို့ဖျက်ဆီးမှုတွေကြောင့် မြို့နယ်တော်တော်များများမှာ အခြေအနေတွေ တင်းမာခဲ့ရပြီး သေဆုံး၊ထိခိုက်ဒဏ်ရာရမှုတွေ အချိန်နဲ့အမျှ မြင့်တက်လာနေပါတယ်။

ယခု မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီလမ်း၊ဝေပုလ္လလမ်းတွေမှာ ဆန္ဒပြပြည်သူလူထုအပေါ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်အသုံးပြုပြီးပစ်ခတ်ဖြိုခွင်းမှုတွေရှိလာပြန်တာကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းထပ်မံသတင်းရရှိခဲ့ပါတယ်။

03/14/2021
ယနေ့မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ဖြ...
03/14/2021

ယနေ့မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများရှိခဲ့ပါသည်။

ထိုကြောင့် လှိုင်သာယာမြို့နယ်ကိုဝန်းရံသည့်အနေဖြင့် ရွှေပြည်သာမြို့နယ်ရှိပြည်သူလူထုက လမ်းပေါ်တက်ဆန္ဒထုတ်ဖော်ရာမှာ အထက (၁) ကျောင်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်များအသုံးပြု၍ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူတစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြန်ပါသည်။

လက်ရှိအချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်၊တာမွေမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် အခြေအနေများတင်းမာလျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ယနေ့ မတ်လ ၁၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှ...
03/14/2021

ယနေ့ မတ်လ ၁၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သောပြည်သူအချို့၏ ပုံရိပ်များ

ယနေ့ မတ်လ 14ရက်နေ့ တာမွေရဲစခန်းရှေ့မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြလူငယ်တစ်ဥ...
03/14/2021

ယနေ့ မတ်လ 14ရက်နေ့ တာမွေရဲစခန်းရှေ့မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြလူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လဲကျနေစဥ် ရဲအဖွဲ့မှဆွဲယူခေါ်ဆောင်သွားကြောင်း သတင်းရရှိခဲ့ပါသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် 3 ထိပ်မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်အသုံးပြု၍ ပစ်ခတ...
03/14/2021

ယနေ့ မတ်လ ၁၄ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် 3 ထိပ်မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ကျည်အစစ်အသုံးပြု၍ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းထိမှန်ပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

ယနေ့ မတ်လ 14 ရက်နေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ပေါက်တောဝမှာ လမ်းမကြီးတစ်လျှောက် ဆန္ဒပြပြည်သ...
03/14/2021

ယနေ့ မတ်လ 14 ရက်နေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ပေါက်တောဝမှာ လမ်းမကြီးတစ်လျှောက် ဆန္ဒပြပြည်သူတွေ အတားအဆီးအဖြစ်ကာရံထားတဲ့ ကားတာယာနဲ့အခြားပစ္စည်းတွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ မီးရှို့ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

03/14/2021

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကနေပြီး ကျည်အစစ်တွေနဲ့ ဆက်လက်ဖြိုခွင်းနေတယ်လို့သိရှိရပြီး အချိန်နဲ့အမျှ ဒဏ်ရာရရှိသူဦးရေမြင့်တက်လာနေတုန်းလို့ သိရပါတယ်။

https://www.facebook.com/116488567145327/videos/438302817438949/

ယနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ပြည်သူအင်အားအများအပြားဖြင့် စစ်ကောင်စီအကြမ်းဖက်အစိုးရအဖွဲ...
03/14/2021

ယနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ပြည်သူအင်အားအများအပြားဖြင့် စစ်ကောင်စီအကြမ်းဖက်အစိုးရအဖွဲ့၏ အာဏာသိမ်းမှုကို ဆန့်ကျင်ရှုံ့ချကြောင်း ဆန္ဒထုတ်ဖော်နေစဥ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ရဲနှင့်စစ်သား အင်အားအများအပြားဖြင့် လူစုခွဲဖြိုခွင်းခဲ့ကြောင်းသိရှိရပါသည်။

လှိုင်သာယာမြို့နယ် ၁ထိပ်၊၃ထိပ်နှင့် ၅ထိပ်တို့တွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ ပြည်သူများအပေါ် ကျည်အစစ်များပါအသုံးပြု၍ပစ်ခတ်ဖြိုခွင်းခဲ့​ကြောင်းထပ်မံသိရှိရပြီး လက်ရှိအချိန်တွင် ၃ထိပ်၌ပြည်သူတစ်ဦး ကျည်အစစ်ထိမှန်၍သေဆုံးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

ယနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တွင် ပြည်သူအင်အားအများအပြားဖြင့် စစ်ကောင်စ...
03/14/2021

ယနေ့ မတ်လ 14 ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တွင် ပြည်သူအင်အားအများအပြားဖြင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့အား ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်နေစဥ်။

[14.3.2021] ပဲခူးမြို့တွင် စစ်အာဏာရှင်မှ ဆန္ဒပြပြည်သူကို ​ပစ်ခတ်ဖြိုခွင်းရာ တစ်ယောက်ဒါဏ်ရာရယနေ့နံနက်ပိုင်း ပဲခူးမြို့တွင...
03/14/2021

[14.3.2021] ပဲခူးမြို့တွင် စစ်အာဏာရှင်မှ ဆန္ဒပြပြည်သူကို ​ပစ်ခတ်ဖြိုခွင်းရာ တစ်ယောက်ဒါဏ်ရာရ

ယနေ့နံနက်ပိုင်း ပဲခူးမြို့တွင် စစ်အာဏာရှင် မှ ကျည်အစစ်အသုံးပြု၍ ပစ်ခတ်ခဲ့ရာ ဆန္ဒပြသူတစ်ယောက် ပြင်းထန်စွာဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးမှ ပြော ကြားခဲ့ပါသည်။

Ref:khitthit media

Address

Las Vegas, NV
11231

Website

Alerts

Be the first to know and let us send you an email when KREI ZI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KREI ZI:

Videos

Share


Other Gaming Video Creators in Las Vegas

Show All