Bungtla Media

Bungtla Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bungtla Media, Media/News Company, Indian Trail, Indian Trail, NC.

Welcome to Bungtla News/Media
Group thung kah vai ham koi rhoek,
Canaw kah rhih koi na post mueh ham,Sex video/Photos naw post mueh ham tuphoei ah imah personal kawng naw na post mueh ham lah group kahmang rhoek boeih taeng ah kal zak sak uh!

05/11/2022
04/23/2022
04/22/2022

ရန်ကုန်သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားဖြင့်တိုက်၍ဖမ်းဆီးခဲ့ရာတွင် CTUM အဖွဲ့ဝင်များ ပါဝင်နေ

ဧရာဝတီ၊ ဧပြီ ၂၁၊ ၂၀၂၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၃၁ ကားမှတ်တိုင်နားတွင် ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး ဖြိုခွင်းဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် ၂ ဦး ပါဝင်နေကြောင်း သိရသည်။

အဆိုပါ CTUM အဖွဲ့ဝင် ၂ ဦးမှာ ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုး (CTUM - ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နှင့် ဒေါ်အိဖြူဖြူမြင့် (အဖွဲ့ဝင် - ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM) တို့ ဖြစ်ကြောင်း CTUM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CTUM သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် အလုပ်သမားအခွင့်အရေးများကို လေးစားလိုက်နာပြီး ကျင့်သုံးဆောင်ရွက်သည့် အလုပ်သမားအဖွဲ့ချုပ်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အလုပ်သမားပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာအကြမ်းမဖက်သောနည်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဆောင်ရွက်လျက်ရှိသော အဖွဲ့ချုပ်ဖြစ်သည်ဟု ဆိုထားသည်။

ထို့ကြောင့် ဖမ်းဆီးခံရသော CTUM အဖွဲ့ဝင် ဒေါ်ခိုင်သဉ္ဇာအေးနှင့် ဒေါ်အိဖြူဖြူမြင့်တို့အား မတရားကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးခြင်းအတွက် စစ်အာဏာရှင်အုပ်စုများအား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်သလို ယခုလို ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူများအား အကြမ်းဖက်ပြီး ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးခြင်းအား CTUM အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း CTUM က ဆိုသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် တောင်ဥက္ကလာမြို့နယ်အတွင်း ရန်ကုန်လူငယ်များက “အဓမ္မဘက်က ယုတ်မာနေပြီ၊ ဓမ္မသားတွေပြတ်သားကြလော့” ဟူသည့် ဆိုင်းဘုတ်ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေစဉ် အာဏာသိမ်း စစ်ကောင်စီက ကားဖြင့်တိုက်ပြီး ဖြိုခွင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပုံစာ - ယမန်နေ့က တောင်ဥက္ကလာမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်လူထုသပိတ် ကားဖြင့်တိုက်ပြီး ဖြိုခွင်းမခံရမီ (ဓာတ်ပုံ/Just)


01/18/2022
01/18/2022
01/18/2022
01/18/2022
01/18/2022
09/21/2021
09/18/2021
09/17/2021

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်သားမှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ဦးအား ပစ်သတ်
____________________________

9.17.21

ချင်းပြည်နယ် မတူပီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၃၀၄ မှ စစ်သားတစ်ဦးမှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ၁ ဦးအား ယမန်နေ့ည ၁၂ နာရီခန့်တွင် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးထွက်ပြီး မတိုက်ခိုက်လိုကြောင်းပြောရာမှတဆင့် စကားအခြေအတင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်နှင့်နီးစပ်သူတဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဒုတပ်ရင်းမှူးမှာ နေရာတွင် သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားပြီး မတူပီမြို့နယ်ဆေးရုံတွင် အလောင်းအား ထားရှိကြောင်း ကနဦးသတင်းရရှိသည်။

သြဂုတ်လ ၂၉ ရက်တွင်လည်း မတူပီမြို့ရှိ ခလရ ၁၄၀ တပ်ရင်းတွင် ဗိုလ်ကြီးတစ်ဦးမှ တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေစဉ် စစ်သားတယောက်မှ သေနတ်နှင့်ပစ်သတ်ခဲ့ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားခဲ့သည်။

09/16/2021

Address

Indian Trail
Indian Trail, NC

Website

Alerts

Be the first to know and let us send you an email when Bungtla Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bungtla Media:

Videos

Share