Solid Food

Solid Food Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Solid Food, Digital creator, Chicago, IL.

But solid food is for the mature, whose perceptions are trained by practice to discern both good and evil._Hebrews 5:14 NET
အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။_ဟေဗြဲ ဩဝါဒစာ ၅း၁၄

01/30/2025
01/21/2025

သူဌေးကြီး အီလွန်မတ်စ် ပြောတဲ့ "မဖြစ်နိုင်ဘူး" ဆိုတာ တကယ်ရှိပါတယ် ဆိုတဲ့ အရာ

အမျိုးသမီးတွေကို ဘယ်တော့မှ သူတို့စိတ်တိုင်းကျအောင် သင် လုပ်မပေးနိုင်ဘူး။ သူတို့ကို ငွေပေးဆက်ဆံရင် အချိန်ပိုတောင်းလာလိမ့်မယ်။ သူတို့ကို အချိန်ပေးဆက်ဆံရင် ငွေပိုတောင်းလာလိမ့်မယ်။
အဲ ဒီလောကကြီးထဲက ခါးသီးတဲ့ အမှန်တရားတခုက အချိန်ပေါနေသူတွေမှာ ငွေကြေးမချမ်းသာဘူး၊ ငွေကြေးကြွယ်ဝသူမှာ အချိန်ဆင်းရဲတယ်။ ဒါကြောင့် အချိန်နဲ့ ငွေ ၂ မျိုးစလုံး တပြိုင်နက် ပေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မဖြစ်နိုင်တာကို တောင်းနေတဲ့ အမျိုးသမီးတွေကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့က မဖြစ်နိုင်ဘူးဆိုတာ နားလည်ထားပါတဲ့။

သြော် ကမ္ဘာ့အချမ်းသာဆုံး သူဌေးတွေမှာတောင် ဒီလိုပြဿနာ ရှိသေးပါ့လားလို့။

01/21/2025
01/15/2025

အသက်(၄၅)ကနေ
(၆၀) သမားများ
အထူးသတိ ထားဖို့ပါ ။
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ် တဲ့၊
အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား ...
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်
ကျန်းမာပါတယ်လို့ ဆိုကြတယ်။

၁။ ကိုယ်အလေးချိန်ကို
အမြဲထိမ်းပါ။
(weightချိန် ပါ )...

၂။ အိပ်ရေးဝအောင် အိပ်ပါ....

၃။ အစာအိမ်ကို ဂရုစိုက်ပါ။
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ။
၇၀% ပြည့်အောင်ပဲစားပါ။
အလွန်အကျွံ မစားပါနဲ့။
ပျော့တဲ့အစားစာရွေးစားပါ။
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ။
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ။
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ။
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး။
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ။

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ။
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ၊
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်။
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့။
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ၊
ဝင်လေထွက်လေမှတ်ပေးပါ။
၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။
၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ။
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်။
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်။
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

တရုတ်ဆေးပညာ ကနေ
ဘာသာပြန် ရေးပေးတာပါ။
မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...

#ကျန်းမာရးဗဟုသုတ

With RHS Ministry – I just got recognized as one of their top fans! 🎉
01/13/2025

With RHS Ministry – I just got recognized as one of their top fans! 🎉

ဂြိုလ်ကြီး ၉ လုံး၏ တနှစ်စာ ရက်ပေါင်း ကွာခြားပုံ
01/13/2025

ဂြိုလ်ကြီး ၉ လုံး၏ တနှစ်စာ ရက်ပေါင်း ကွာခြားပုံ

01/13/2025

Let this return to your home.

01/13/2025

ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ…(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)
ဒူးနာပျောက်တဲ့ဆေးနည်း

ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတ ဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် …

ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်….

ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ …..

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် …..

ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..

ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ ….လုပ်ကြည့်ကြပါနော်…..

ဒူးနာခြင်းမှကင်ဝေးကြပါစေ…..။
#ပြန်လည်မျှဝေသည်
#ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ

01/13/2025
01/13/2025

💠 နံနက်စာမစားတာ ဘယ်လောက် ကြောက်စရာကောင်းလဲ ?

💠 အခုခေတ် လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်တတ်ကြပါတယ်။
တကယ်တော့ နံနက်စာက နေ့တနေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

💠 1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။

နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။

💠 2. လူမှုဆက်ဆံရေး အားနည်းလာမယ်။
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။

💠 3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။

💠 4. ဆံပင်ကျွတ်နိုင်တယ်။
နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။

💠 5. Gym ဆော့ပေမဲ့ အကျိုးမရှိတော့ဘူး။

နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။

💠 6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။

💠 7. နှလုံးရောဂါ ဖြစ်လာမယ်။
နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

💠 8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

💠 9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတမျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

💠 10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။

💠 နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။

💠 နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမဲ့ အရာတွေ စားပေးဖို့လိုပါတယ်။ ထမင်းပူပူနွေးနွေး၊ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက မနက်စာအဖြစ်စားပေးသင့်တာတွေ ဖြစ်ပါတယ်။
Credit to original uploader
#အင်အားသစ်တိုင်းရင်းဆေး

Address

Chicago, IL
60555

Telephone

+12242210239

Website

Alerts

Be the first to know and let us send you an email when Solid Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Solid Food:

Videos

Share