Cherry Cole

Cherry Cole Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cherry Cole, Digital creator, Boston, MA.
(2)

Exploring the campus where legends are made 📸🍂🍁Harvard University 🇺🇸Cherry Cole
10/01/2024

Exploring the campus where legends are made
📸🍂🍁
Harvard University 🇺🇸

Cherry Cole

09/09/2024

"ကိုယ်တိုင်က Brand ဖြစ်ပါစေ"

▪️"Brand" ဆိုတဲ့အရာကို လူတိုင်းဟာ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးသာ များသောအားဖြင့် တွေးမိကြတာပါ။ အမှန်တရားကတော့ Brand ဆိုတာဟာ ကုန်ပစ္စည်းတွေမှာသာ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ အမြင်သဘောထား၊ အပြုအမူတွေနဲ့ သူတို့ရဲ့ Personal Brand (ကိုယ်ပိုင်အမှတ်တံဆိပ်) ကို တည်ဆောက်နေကြတာ ဖြစ်ပါတယ်။

Personal Brand ဟာ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်က သတိမထားမိရင်တောင် တည်ရှိနေတာ ဖြစ်ပါတယ်။ ကိုယ့်ကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ မကြိုက်တဲ့သူပဲဖြစ်ဖြစ်.. ကိုယ့်အကြောင်းကို ပြောကြတဲ့အခါမှာ ဖော်ပြတဲ့ပုံရိပ်ကို Personal Brand လို့ ခေါ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အခြားလူတွေ စိတ်ထဲမှာ စိမ့်ဝင်ရောက်နေတဲ့ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆိုတွေကို အခြေခံပြီး တည်ဆောက်တဲ့ ကိုယ့်အကြောင်း ပုံရိပ်တစ်ခုပါပဲ။ ကိုယ်ရဲ့စရိုက်လက္ခဏာ၊ တာဝန်ယူမှု၊ ယဉ်ကျေးမှု၊ အပြောအဆိုတွေ အဓိကပါဝင်ပါတယ်။

▪️နောက်တစ်ခုက ပိုက်ဆံအိတ်၊ ဖိနပ်၊ ရေမွှေးစသဖြင့် နာမည်ကြီး Branded တွေကို သုံးတဲ့အခါမှာ တချို့လူတွေက "ငါက Branded တွေ သုံးတယ်" ဆိုပြီး ဂုဏ်ယူဝင့်ကြွားစိတ်တွေ ဖြစ်တတ်ကြတယ်။ တန်ဖိုးကြီး Branded တွေသုံးပြီး ကိုယ့်ကိုယ်ကိုယ် မြင့်တယ်လို့ ထင်တတ်ကြတယ်။

ကျွန်မကတော့ တန်ဖိုးကြီး Brand တွေဝယ်သုံးမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြင့်တယ်လို့ မခံစားစေချင်ဘဲ ကိုယ်ကိုယ်တိုင်က Brand တစ်ခု ဖြစ်နေစေချင်တယ်။ အစစ်အမှန်တန်ဖိုးကို ရရှိဖို့ ကိုယ့်ကိုယ်ကိုယ် Brand တစ်ခုအဖြစ် ဖော်ဆောင်နိုင်ဖို့ လိုအပ်လို့ မြင်မိပါတယ်။

▪️Brand တွေ သုံးတာက မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့သူတွေ သုံးကြပါ။ ဒါပေမယ့် ဒီ Brand တွေသုံးနိုင်မှ လူလယ်မှ တင့်တယ်မယ်လို့ မထင်စေချင်ဘူး။ ကိုယ်တိုင်က Brand ဖြစ်နေတဲ့လူတွေဆိုရင်.. သူတို့ကြောင့် သူတို့သုံးတဲ့ပစ္စည်းတွေက Brand ဖြစ်သွားတတ်တယ်။ ရုပ်ဝတ္ထု Brand တွေက ပိုက်ဆံတွေရှိလာတဲ့အခါ လူတိုင်းလိုလို သုံးဆောင်နိုင်ကြပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က ပိုက်ဆံပေးရင်တောင်မရတဲ့ နာမည်ကောင်းတစ်ခု၊ ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ထားနိုင်ရပါမယ်။

▪️Personal Brand ကို ဘယ်လိုတည်ဆောက်မလဲ?

Personal Branding ဆိုတာ.. ကိုယ်ဘာလဲ ဆိုတာကို အစစ်အမှန်ချပြတတ်တဲ့အနုပညာတရပ်ပါ။ အဲဒီလိုချပြဖို့ဆိုတာက ကိုယ့်မှာ ကောင်းမွန်တဲ့အရည်အချင်းတွေ ရှိနေဖို့က ပထမပါ။

💟၁။ ယုံကြည်စိတ်ချရမှု (Trustworthiness)

ယုံကြည်စိတ်ချရမှုဟာ Personal Brand တစ်ခုရဲ့ အရေးကြီးဆုံး အခြေခံကျသော အရည်အသွေးတစ်ခုပါ။ လူတွေဟာ ယုံကြည်စိတ်ချရမှသာ ကိုယ့်အနားမှာရှိနေချင်ပါတယ်။ ယုံကြည်စိတ်ချရမှုကို တည်ဆောက်ဖို့ဆိုရင် ကိုယ်ရဲ့ တာဝန်တွေကို တိတိကျကျ လုပ်ဆောင်နိုင်တာ၊ ရိုးသားတဲ့စကားတွေ ပြောတာ၊ မိမိရဲ့လုပ်ရပ်နဲ့ အပြော တထပ်တည်းကျနေတာ ဆိုတဲ့ အရည်အသွေးတွေရှိဖို့ လိုအပ်ပါတယ်။

ကျွန်မတို့က ကိုယ့်စကားကိုယ်မှ မတည်နိုင်ရင် လူဝင်ဆံ့မှာမဟုတ်ပါဘူး။ ကတိတည်နိုင်ခြင်း ပြောသလိုလုပ်တတ်ခြင်းက Brand တစ်ခုတည်ဆောက်ရာမှာ အတော်လေးကို အရေးပါတဲ့ အရာတစ်ခုပါ။ အများတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဒီလူက ကတိတည်တယ်၊ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာက ငွေနဲ့ဝယ်လို့မရတဲ့ ဂုဏ်သတင်းတစ်ခုပါ။

💟၂။ ရိုးသားမှု (Honesty)

ရိုးသားမှုဆိုတာက ကိုယ့်ရဲ့ စကားပြော၊ အပြုအမူတွေအကုန်လုံးမှာ ထင်ထင်ရှားရှားရှိနေရမယ့်အချက်ပါ။ ရိုးသားတဲ့လူဟာ အချိန်တိုင်းမှာ အမှန်ကို ပြောဆိုတတ်ရုံသာမက၊ သူ့အကြောင်းအရာ၊ သူ့အတွေ့အကြုံတွေကို ရှင်းရှင်းလင်းလင်း ပြောပြတတ်ပါတယ်။ ရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှုက ဆက်စပ်နေပြီး ကိုယ့် Personal Brand ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဥပမာ - မိတ်ဆွေတစ်ယောက်နဲ့ စကားပြောစဉ်မှာ ကိုယ်မသိတဲ့အကြောင်းအရာတစ်ခုကို မသိ‌တဲ့အကြောင်း အရိုးခံအတိုင်း ပြောပြခြင်းဟာ ရိုးသားမှုကို ပြသတဲ့အရာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ " ကျွန်မကတော့ မသိပါဘူးရှင်.. ။ ကျွန်တော်ကတော့ မသိပါဘူးခင်ဗျာ.. " ဆိုတဲ့ စကားလုံးလေးတွေက စစ်မှန်တဲ့ရိုးသားမှုကို ပြသနေပါပြီ။ ကိုယ်မသိတဲ့၊ မတတ်တဲ့အရာတစ်ခုကို.. သိတယ်တတ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းသမ်းရှင်းပြနေမယ်ဆိုရင်တော့ ရိုးသားမှုမရှိတဲ့လုပ်ရပ်လို့ ဆိုရမှာပါပဲ။

💟၃။ ဆရာကျတဲ့ ကျွမ်းကျင်မှုတစ်ခု

ဒီလိုကျွမ်းကျင်မှုတစ်ခုရှိနေခြင်းက ကျွန်မတို့ကို လမ်းမပျောက်စေတဲ့အပြင် ကျွန်မတို့ရဲ့Brand Image ကိုလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။ စျေးရောင်းတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ စက်ချုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ လူတွေကို စီမံခန့်ခွဲတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာ သာမန်ထက်ပိုပြီး ကောင်းမွန်နေ၊ ကျွမ်းကျင်နေတဲ့အခါ ကျွန်မတို့ရဲ့ Brand ကို မြင့်တက်စေတာပါပဲ။

ဒါကြောင့်မို့ တစ်နေရာရာမှာ ထူးထူးချွန်ချွန်ဖြစ်တဲ့အထိ လေ့လာစေချင်ပါတယ်။ ကိုယ့်ရဲ့နယ်ပယ်နဲ့ ပတ်သက်လာရင် ကိုယ်က စိတ်ချရတယ်၊ တော်တယ် ဆိုတာမျိုးဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ Brand ဟာ ခိုင်မာတဲ့ပုံရိပ်ကောင်းတစ်ခု ဖြစ်လာရမှာပါ။

📌 ဒီလို ကိုယ်တိုင်က Brand ဖြစ်လာတဲ့အခါ ကျွန်မတို့က လူအလယ်မှာ ထင်ပေါ်စေဖို့ Branded ပစ္စည်းတွေရဲ့အကူအညီ မလိုတော့ပါဘူး။ သုံးချင်ရင်တော့ သုံးလို့ရပါတယ်။ ဒါကိုသုံးမှ လူစိတ်ဝင်စားတာ ခံရမယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ပြောင်းပြန်အနေအထား၊ ကိုယ်သုံးစွဲတဲ့ပစ္စည်းတွေက ကိုယ့်ကြောင့် Brand ဖြစ်လာပြီး လူစိတ်ဝင်စားလာရပါလိမ့်မယ်။

ဒါကြောင့် ရုပ်ဝတ္ထု Brand တွေကို အရမ်းအာရုံမစိုက်ဘဲ ကိုယ်တိုင်က Brand တစ်ခုဖြစ်နေအောင် ကြိုးစားစေချင်ပါတယ်။ Personal Brand တည်ဆောက်မှုဟာ အချိန်ယူတဲ့ လုပ်ငန်းစဉ်ဖြစ်ပေမယ့်.. ကောင်းမွန်ခိုင်မာတဲ့ Brand တစ်ခု ဖြစ်လာရင် ကိုယ့်ဘဝမှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေမှာ ဖြစ်ပါတယ်။

#ဉာဏ

September 9, 2024

Beginning 😥 Vs Now 😎ဟုတ်တယ် လူတိုင်း ကိုယ့်အတွက် အသစ်တစ်ခု ကို စ လုပ်တိုင်း အဲ့အစမှာခက်ခဲတယ် စိန်ခေါ်မှုတွေလဲများတယ် ၊ ဘ...
07/08/2024

Beginning 😥 Vs Now 😎

ဟုတ်တယ် လူတိုင်း ကိုယ့်အတွက် အသစ်တစ်ခု ကို စ လုပ်တိုင်း အဲ့အစမှာခက်ခဲတယ် စိန်ခေါ်မှုတွေလဲများတယ် ၊ ဘာလို့လဲဆိုတော့ ကိုယ်က ရင်းနှီးပီးသား အဝန်းဝိုင်းထဲက ခွဲထွက်ပီး မတူညီတဲ့လမ်းသစ်ကိုဖောက်တာကိုး 🏃‍♀️
မကျွမ်းကျင်ခင် အရာအားလုံးနဲ့အံဝင်ဂွင်ကျမဖြစ်ခင်တော့ ကြောက်စရာကောင်းနိုင်တာပေါ့😳
ဘာလို့လဲဆိုတော့ ပြောင်းလဲမှုတွေပါနေလို့ပါ ⌛️
ဒါပေမဲ့ အဲ့တဖြေးဖြေးပြောင်းလဲမှုက အတွေ့ကြုံများပီးကိုယ်ရည်သွေးတိုးတက်လာတာပါပဲ 🎖️😍😎

Cherry Cole





🤭🤣🤣🤣
07/08/2024

🤭🤣🤣🤣

I hope July surprise me with something good 🤞🍀💰
07/01/2024

I hope July surprise me with something good 🤞🍀💰

06/28/2024

Sunshine and my baby's giggles👶👩‍🍼🫠

အခုချိန်ပျော်ရွှင်မှုဆိုတာ နေ့စဉ်🤑ငွေဘယ်လောက်ဝင်တာနဲ့ တိုက်ရိုက်အချိုးကြသည်“Nowadays, happiness is directly proportional...
06/12/2024

အခုချိန်ပျော်ရွှင်မှုဆိုတာ နေ့စဉ်🤑ငွေဘယ်လောက်ဝင်တာနဲ့ တိုက်ရိုက်အချိုးကြသည်

“Nowadays, happiness is directly proportional to the amount of money earned daily.”

💰

အမေးများဆုံးမေးခွန်း🥴
06/07/2024

အမေးများဆုံးမေးခွန်း🥴

🙂

စိတ် အကောင်းလွန်တာက ဘာနဲ့တူသလဲဆိုရင် ကိုယ့်ကိုယ်ကိုမီးရှို့ပြီး သူများကို လင်းစေ နွေးစေတာနဲ့ တူပါတယ်။သူများ အတွက်ပဲ တွေး...
05/23/2024

စိတ် အကောင်းလွန်တာက
ဘာနဲ့တူသလဲဆိုရင် ကိုယ့်ကိုယ်ကိုမီးရှို့ပြီး
သူများကို လင်းစေ နွေးစေတာနဲ့ တူပါတယ်။

သူများ အတွက်ပဲ တွေးပြီး
ကိုယ့်ကိုယ်ကို မတွေးပေးတာ ဖြစ်ပါတယ်။
သူများ အဆင်ပြေဖို့အတွက်
ကိုယ့်ကိုယ်ကို ဒုက္ခပေးတာ ဖြစ်ပါတယ်။
စိတ်အကောင်းလွန်တယ်ဆိုတာ တကယ်တော့
Self-Love ကင်းမဲ့တာ ဖြစ်ပါတယ်။
လူဆိုတာ သူများကို ကောင်းပေးရမှာ ဖြစ်သလို
ကိုယ့်ကိုယ်ကိုလည်း ကောင်းပေးရမယ် မဟုတ်ပါလား။

Being nice စိတ်ကောင်းတာဟာ
Being kind ကြင်နာတတ်တာဟာ
is good ကောင်းပါတယ်။

But ဒါပေမယ့်
Being too nice စိတ်အကောင်းလွန်တာ
Being too kind အကြင်နာလွန်တာကတော့
is totally not good လုံးဝ မကောင်းပါဘူးတဲ့
ပညာရှိတွေတိုင်း ဒီလို ပြောခဲ့ကြပါတယ်။

လူ့လောကဆိုတာဟာ
အကောင်းအဆိုးမျှတရာနေရာ
အကျိုးအပြစ်မျှတရာ နေရာ ဖြစ်ပါတယ်။

စိတ်ကောင်းထားတာ၊ ကြင်နာတတ်တာက
ဖြစ်သင့်ဖြစ်ထိုက်တယ် ဆိုပေမယ့် အလွန်ဖြစ်လာတဲ့အခါ ကိုယ်ဟာ တုံးအတဲ့သူတစ်ဦးလို့ သတ်မှတ်ခံရပါမယ်။
လူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံစားရပါမယ်။
ကိုယ်ရသင့်တဲ့ Respect တွေ မရရှိနိုင်ပါဘူး။
အကြိမ်ကြိမ် သစ္စာဖောက်ခံရနိုင်ပါတယ်။
မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရပါမယ်။

ကိုယ်ဟာ စိတ်အကောင်းလွန်နေတဲ့သူလား
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ ပြီးရင် Balance ပြန်လုပ်ပါ။

Selfish တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့
Self-Neglect ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်း…
ဒီအစွန်းနှစ်ဖက်ရဲ့ အလယ်တည့်တည့်က
Self-Love ကိုယ့်ကိုယ်ကို ချစ်ခြင်းကို
ပြန်လည်ရှာဖွေကြည့်ပါ ။

စိတ်ပုပ်စိတ်ယုတ်လည်း မထားနဲ့
စိတ်ကောင်းလည်း မလွန်နဲ့
Balance ဖြစ်စွာ ရှင်သန်ပါ။✌️🕊️


နင်စိတ်ထား ဘယ်လောက်ထားတတ်လဲ 😁:Photo Credit
05/17/2024

နင်စိတ်ထား ဘယ်လောက်ထားတတ်လဲ 😁

:Photo Credit

Happy Mother’s day 💐Being a mom is a journey of love, sacrifice, and boundless joy.It’s the heart’s constant melody, the...
05/12/2024

Happy Mother’s day 💐

Being a mom is a journey of love, sacrifice, and boundless joy.It’s the heart’s constant melody, the soul’s greatest adventure and the purest form of magic 👑♥️💕🫠





အဲ့ makeup look လေးပြင်ချင်လိုက်တာ 🫠😍Look stunning🤩
04/16/2024

အဲ့ makeup look လေးပြင်ချင်လိုက်တာ 🫠😍
Look stunning🤩




“Level up today!” 🎂🥳🎉
04/14/2024

“Level up today!” 🎂🥳🎉

04/06/2024

A day in my life in Boston🫠
Boston မှာ တစ်နေ့တာလျှောက်လည် ဖြစ်တာလေးပါ🥰





တချို့အမူအရာလေးတွေက မထင်မှတ်ပဲ ကိုယ့်ကို ပိုပီးတော့ attractive ဖြစ်စေတယ် ပိုပီးပျော်စေတယ်ကိုယ်ကအရင်စပီး ပြုံးပြနှုတ်ဆက်ရ...
04/05/2024

တချို့အမူအရာလေးတွေက မထင်မှတ်ပဲ ကိုယ့်ကို ပိုပီးတော့ attractive ဖြစ်စေတယ် ပိုပီးပျော်စေတယ်

ကိုယ်ကအရင်စပီး ပြုံးပြနှုတ်ဆက်ရတာ တချို့လူတွေအတွက်တော့ ခက်ခဲနိုင်ပါတယ်🙋‍♀️

ကိုယ်တိုင်ပြုံးတတ်တဲ့အမူအကျင့်ရှိတာက အရမ်းချစ်စရာကောင်းတဲ့အမူအကျင့်လေးပါ

ကိုယ်က လူတစ်ယောက်ကိုတွေ့ပီဆိုရင် အရင်ပြုံးပီးနှုတ်ဆက်တတ်တဲ့ လူတစ်ယောက်ဖြစ်သင့်တယ်

တစ်ချိန်က Cherry လည်းတန်း ဦးဝင်နိုင်ရဲ့ Spoken English Class မှာတတ်တုန်းက ဆရာက သူ့ကျောင်းသားတိုင်းရဲ့ Social skill ကောင်းအောင် ပြောရဲဆိုရဲရှိအောင် အတန်းထဲရောက်ပီဆိုတာနဲ့ ကိုယ်ရဲ့ဘယ်ကလူရော ညာကလူရော အကြောင်းကို သိအောင် English လို မိတ်ဆက် နှုတ်ဆက်ပီး သိအောင်လုပ်ထားရတယ် လာမေးလို့မသိရင် မြန်မာငွေ25 ကျပ် Fine ကောက်တယ်ပေါ့ (အကြွေပြန်မအမ်းပါ)
လူပေါင်းအများကြီးပဲ
တစ်ခြားprogramsတွေ ပြောင်းတိုင်း နေရာပါပြောင်းတော့ အမြဲတမ်းမတူတဲ့လူတွေနဲ့ထိုင်ရတယ် နေ့တဒူဝဆိုတော့ ကိုယ်ကအရင်စပီးမိတ်ဆက် ပြုံးပြ နှုတ်ဆက် လူတိုင်းနဲ့conversation လုပ်ရတာကိုအရမ်းကြိုက်လာတယ် ပိုလည်းပျော်လာတယ်

အလေ့အကျင့်ကောင်းက မွေးမြူကျင့်ကြံလိုက်လို့ ကိုယ်နဲ့အသားကျသွားရင် confident ပိုရှိလာတယ် ပျော်စရာကောင်းလာတယ် လူချစ်လူခင်လည်းပေါစေတယ်
တခါတခါအဲ့အကျင့်လေးမပျောက်အောင်ပြန်ထိန်းလေ့ကျင့်ယူရတယ် 🙂

အားလုံးပဲ ပြုံးရယ်နိုင်ပီးအကြည်ဓာတ်လေးလွှမ်းမိုးနိုင်ပါစေ♥️

Cherry Cole



Address

Boston, MA

Website

Alerts

Be the first to know and let us send you an email when Cherry Cole posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cherry Cole:

Videos

Share


Other Digital creator in Boston

Show All