Natalie Kobman

Natalie Kobman Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natalie Kobman, Digital creator, Landmark, Alexandria, VA.
(2)

Nature’s embrace is the best kind of hug 🌻
09/06/2024

Nature’s embrace is the best kind of hug 🌻

🌈 Believe in your dream 🌟✨
08/14/2024

🌈 Believe in your dream 🌟✨


လောက မှာ ကိုယ့်အပေါ် မေတ္တာ မစစ်မှန်ခဲ့လျှင်သွေးသားတော်စပ်ပေမဲ့ ဆွေမျိုးလို့ မခေါ်ဘူး …ကိုယ့်အပေါ် မေတ္တာစစ်မှန်မှ သာလျှ...
07/29/2024

လောက မှာ ကိုယ့်အပေါ်
မေတ္တာ မစစ်မှန်ခဲ့လျှင်
သွေးသားတော်စပ်ပေမဲ့
ဆွေမျိုးလို့ မခေါ်ဘူး …
ကိုယ့်အပေါ် မေတ္တာစစ်မှန်မှ သာလျှင်
ဆွေမျိုးလို့ ခေါ်တယ် …

In this world, even if we are related by blood, we are not considered true family.
Only genuine love and care for each other make us true family.

- Natalie K-

Feeling vibrant and full of life. 🌼💚
07/12/2024

Feeling vibrant and full of life. 🌼💚

အရှေ့တိုင်းသားတွေရဲ့ အိမ်ထောင်တစ်ခု ပြိုကွဲ ကြရတဲ့အခါ အများဆုံးသော အိမ်ထောင်ပြိုကွဲမှု ရာခိုင်နှုန်းဟာ လင်မယားကြား ပြသနာ...
07/04/2024

အရှေ့တိုင်းသားတွေရဲ့ အိမ်ထောင်တစ်ခု
ပြိုကွဲ ကြရတဲ့အခါ အများဆုံးသော
အိမ်ထောင်ပြိုကွဲမှု ရာခိုင်နှုန်းဟာ
လင်မယားကြား ပြသနာထက်
မိဘတွေ ရဲ့ အတ္တကြီးမှုကြောင့် ကွဲကြရတဲ့ အိမ်ထောင်ရေးတွေဟာ ပိုများတယ်။

ငါ့ သားသမီး ဘာလုပ်လုပ် ဘာတခုမှ
အမှားအမှန်နဲ့ မှန်ရာမှန်ကြောင်း
ပြောဆိုဆုံးမမှုမရှိ၊ ဘာတစ်ခုမှမပြောမဆို၊ သွန်သင်မှု မရှိပဲ နင်ဘာလုပ်လုပ် နင်ဟာ
ငါတို့ချစ်ရတဲ့ ငါ့သားသမီးမို့ နင့်ဘက်က
ငါအမြဲရပ်တည် ပေးမယ်ဆိုတဲ့ အတ္တကြီးတဲ့
မိဘများ နဲ့ သားသမီးရဲ့အိမ်ထောင်တခု
ပြိုကွဲ သွားတဲ့အခါ သားသမီးရဲ့
ခံစားချက်ထက် ပတ်ဝန်းကျင်မှာ
သားသမီးကြောင့်ကိုယ့်အရှက်ရမှာ
စိုးလို့ ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်ပြီး
သားသမီးပြသနာကို မထီမဲ့မြင်လုပ်
သည်းခံလိုက်၊ ပြန်ပေါင်းလိုက်၊ ပါးစပ်ပိတ်ပြီး သည်းခံပါ ဒါတွေဟာ အသေးအမွှားပါဆိုတဲ့
အတ္တကြီးတဲ့ မိဘတွေလည်းပတ်ဝန်းကျင်မှာ
ရှိနေကြပြန်ရော….

နောက်တစ်ခု က မိဘဖြစ်ပြီး သားသမီး
ဆီက အမြဲလက်ဖြန့်တောင်းနေကြတဲ့
အတ္တကြီးတဲ့ ချူဆီ မိဘတွေပဲ။
တသက်လုံးက အမြဲထောက်ပံ့ပေးနေတဲ့
သားသမီးရဲ့ပိုက်ဆံတွေကို ထီပေါက်လို့ရထားသလို အလွယ်တကူသုံးစွဲနေကြပြီး သားသမီး အိမ်ထောင်ကျတဲ့ အခါ ပိုက်ဆံ မရတော့မှာမို့ လင်မယားကြားရန်တိုက်ပေးကြတဲ့
အတ္တကြီးတဲ့ မိဘတွေ။

နောက်တမျိုး အတ္တကြီးတဲ့မိဘတွေကတော့
ကိုယ့်သမီး၊ ကိုယ့်သားယူထားတဲ့ အိမ်ထောင်ဖက် ကို အလကားနေရင်း ကြည့်မရပဲ အလိုလို
အမြဲ လိုက်ရန်ထောင်ပြီး မျက်စိဒေါက်ထောက် အပြစ်ပြောနေတဲ့ အတ္တစွဲ မိဘမျိုးပေါ့။

ဒီကြားထဲမှာမှ ငါ့သားမှ ငါ့သား၊
ငါ့သမီးမှ ငါ့သမီး ဆိုပြီး ကိုယ်ကိုယ်တိုင်
ကသာ လင်ကောင်း၊ မယားကာင်း လိုချင်ကြပြီး
ကိုယ့်ရဲ့ သားသမီးကို လင်ကောင်း၊
မယားကောင်း ဖြစ်အောင် သေခြာ
မမွေးထုတ်၊ မသွန်သင်ပေးနိုင်ကြတဲ့
အတ္တဖက်တဲ့ မိဘတွေပေါ့ …

အဲ့ဒိကြားထဲမှာမှ သားလိမ္မာ၊ သမီးလိမ္မာ
လေးတွေကိုယူမိကြတဲ့ အိမ်ထောင်ဖက်တွေဟာ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ
တကယ့် ကို စိတ်ဆင်းရဲမှုများနဲ့
ရူးခါနေကြရတဲ့ အိမ်ထောင်သည်ဘဝ
တွေကို ရင်ဆိုင်ကြရတာပေါ့…

အိမ်ထောင်တခုကို တည်ဆောက်ကြတဲ့ အခါ
တစ်ယောက်နဲ့ တစ်ယောက်ချစ်နေရုံနဲ့ မပြီးကြပါဘူး။ အလုပ်လုပ်ပြီး ဝင်ငွေ ရှိယုံနဲ့ လည်း အိမ်ထောင်တစ်ခုဟာ အဆင်ပြေမနေကြဘူး။
အိမ်ထောင်ဖက်အပေါ် တာဝန်ယူမှု၊
တာဝန်ခံမှု၊ သိတတ်ကြင်နာမှု၊ ယုံကြည်မှုနဲ့
နားလည်မှု ပေးနိုင်စွမ်းတွေက လဲ အရမ်း
အရေးပါပါတယ်။

အိမ်ထောင်တခုဟာ မိဘတွေ၊ ဆွေမျိုးအသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင် ရဲ့ ခြယ်လှယ်မှု အောက်မှာ စတင်ခံစားရပြီ ဆိုတာနဲ့ ဒီအခြေအနေကို ကာယကံရှင်တွေကိုယ်တိုင် အပြင်းအထန် မတွန်းလှန်၊ မဖယ်ရှားနိုင်ခဲ့ရင်တော့ အဲ့ဒိအိမ်ထောင်ရေးတွေဟာ တနေ့နေ့ လမ်းဆုံးရောက်တော့မယ် ဆိုတာ ကြိုတင်စပြီးတွေးထား၊ တွက်ထားရတော့မှာပါ။

အားလုံးသော အိမ်ထောင်သည်များ
အဆင်ပြေကြပြီး ပျော်ရွှင်တည်မြဲသော အိမ်ထောင်ရေး ဘေးပရောဂများမပါပဲ
လွတ်လပ်စွာ ထူထောင်နိုင်ကြပါစေ။

ခင်မင်စွာဖြင့်
- Natalie K -

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။စည်းစိမ်နဲ့လည်း မဆိုင်ဘူး။ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူ...
04/19/2024

အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။
ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။
စည်းစိမ်နဲ့လည်း မဆိုင်ဘူး။
ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။
လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။
မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။
မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။
လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။
ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။
ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။
အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။
ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။
အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။
သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။
လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။
မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။

to original writer

The truth can be quite bitter. When the mind and the heart fail to communicate effectively, It cause even greater pain f...
03/06/2024

The truth can be quite bitter.
When the mind and the heart fail to communicate effectively, It cause even greater pain for the mind and body.
-Natalie K-

ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစား၊ အားထုတ်ခဲ့ပြီးပြီ မဟုတ်လား။ အကောင်းဆုံးပေးဆပ်ခဲ့ပြီးပြီလို့ ယူဆယုံကြည်ခဲ့ပြီ ဆိုရင်တော့...
02/22/2024

ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစား၊ အားထုတ်ခဲ့ပြီးပြီ မဟုတ်လား။
အကောင်းဆုံးပေးဆပ်ခဲ့ပြီးပြီလို့ ယူဆ
ယုံကြည်ခဲ့ပြီ ဆိုရင်တော့ ….

ကျန်တဲ့အရာတွေ အတွက် ကိုယ့်ထက်ပိုစွမ်းဆောင်နိုင်တဲ့ အသက်ရှင်သောဘုရား၊ ကိုယ်ယုံကြည်သောဘုရား နဲ့ ကိုယ့်ရဲ့ The Higher Self အပေါ်မှာပဲ ယုံကြည်ပုံအပ်ဆုတောင်းဖို့ပဲ ကျန်တော့တယ်။ တချို့ကိစ္စ တွေက လူသားတစ်ယောက် အနေနဲ့ အရာအားလုံး မစွမ်းဆောင်နိုင်ပါဘူး။ ဆုတောင်းခြင်း အားဖြင့်
တချို့သော ကိစ္စတွေ ပြီးမြောက် အောင်မြင်စေ
တယ်လို့ ဖတ်ဖူးခဲ့တယ် ….

- Natalie K -

အမေရိကန်နိုင်ငံရဲ့ ဆူရှီလုပ်ငန်း အကြောင်း တစေ့တစောင်း ။ မူရင်းစာရေးသူအား ခရစ်ပေးပါသည်။ —————————-။——————————🇺🇸 #အမေရိကန်...
09/13/2023

အမေရိကန်နိုင်ငံရဲ့ ဆူရှီလုပ်ငန်း အကြောင်း
တစေ့တစောင်း ။
မူရင်းစာရေးသူအား ခရစ်ပေးပါသည်။
—————————-။——————————
🇺🇸 #အမေရိကန်နိုင်ငံရဲ့ Sushi Franchise စီးပွားရေးလောကသိကောင်းစရာ

ဟိုဘက်ရပ်ကွက်ထဲ သွားမယ့်သူ (ခေါ်) Sushi သိုင်းလောကထဲ ကျင်လည်မယ့်သူအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်များ

ဒီပို့စ်ဟာ မြန်မာနိုင်ငံကနေ စတင်ရောက်လာပြီး Sushi လုပ်ငန်းခွင်ထဲ စတင်လုပ်ကိုင်မယ့်သူနဲ့ လာမည့်အနာဂတ်မှာ Sushi Contractor တစ်ယောက်အဖြစ် Sushi ဆိုင်တာဝန်ခံမယ့်သူအတွက် ရည်ရွယ်ပြီးတော့ သိသင့်သိထိုက်တဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေကို ကြိုတင်လေ့လာမှတ်သားထားနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း Sushi Franchises စီးပွားရေးလုပ်ငန်းဟာ အင်မတန်မှ အောင်မြင်နေပြီး၊ ဝင်ငွေကောင်းလုပ်ငန်းခွင်တစ်ခုအပါအဝင်လည်းဖြစ်နေပါတယ်။ စီးပွားရေးလောကရဲ့သဘောသဘာဝအတိုင်းပဲ ဆုံးရှုံးတဲ့သူရှိသလို၊ အောင်မြင်တဲ့သူလည်းရှိနေကြပါတယ်။

အထူးသဖြင့် မြန်မာလူမျိုးအများစုနဲ့ ကင်းလွတ်တယ်လို့မရှိဘူးဆိုပြီးတော့လည်း ပြောစမှတ်ပြုနိုင်ပါလိမ့်မယ်။ Sushi Company, Regional Manager, Sushi Contractor တွေနဲ့ Sushi Chef, Sushi Helper တွေ အများစုကလည်း မြန်မာလူမျိုးတွေပဲ ဖြစ်နေကြလို့ပါပဲ။

Sushi Franchises လုပ်ငန်းဆိုင်ရာ Position တွေအနေနဲ့ အကြမ်းဖျင်းကတော့
🤔Sushi Contractor: Sushi Company တစ်ခုကနေ Franchises စနစ်နဲ့ ဆိုင်ခွဲတွေ ဖွင့်ထားပြီး၊ အဲဒီဆိုင်ခွဲတစ်ခုခုကို တာဝန်ခံအနေနဲ့ နှစ်အပိုင်းအခြားအလိုက်သတ်မှတ်ပြီး လုပ်ပိုင်ခွင့်ရသူ
ဥပမာ။ McDonald’s, KFC, Pizza Hut တို့လို့ Company တွေရဲ့ Franchises ဆိုင်ခွဲတွေကို ကိုယ့်နာမည်နဲ့ Contractor (တာဝန်ခံ)အဖြစ် လုပ်ကိုင်တာမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အလိုက်၊ မြို့အလိုက်၊ မြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ Food Market လို့ခေါ်တဲ့ ကုန်စုံဆိုင်ကြီးအသီးသီးတွေမှာရှိတဲ့ ဆိုင်ခန်းလေးတွေမှာ အဲဒီ Sushi Company တစ်ခုခုရဲ့ ဆိုင်ခွဲတစ်နေရာစာအတွက် ငှားရမ်းဖွင့်ထားကြတာဖြစ်ပါတယ်။ Shopping Mall, University, College, Hospital, Military Camp တို့ရဲ့ Cafeteria နဲ့ Food Courts တွေမှာလည်း ဆိုင်ခွဲတစ်နေရာစာနဲ့ ငှားရမ်းရောင်းချကြပါတယ်။

🤔Sushi Chef: Sushi Contractor ရဲ့ လက်အောက်မှာ Sushi လိတ်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သူ။ Chef တစ်ယောက်အနေနဲ့ ငါးကိုင် (ငါးလှီးဖြတ်)၊ Sushi လိတ်၊ Sauce ဖျော်၊ စားသောက်ကုန်ဆိုင်ရာ ကျန်းမာရေးနဲ့ သိုလောင်ထိန်းသိမ်းမှုတွေကို နားလည်ထားရပါမယ်။

🤔Sushi Helper: Sushi Chef တွေရဲ့ လိတ်ထား ဖြတ်ထားပြီးတဲ့ Sushi တွေကို ဗူးတွေထဲထည့်၊ Topping တွေဖြစ်တဲ့ သက်ဆိုင်ရာ Sushi အမျိုးအမယ်အလိုက် Sauce တွေ ဖျန်း၊ အသင့်စား Ginger ထုပ်၊ အသင့်စား Wasasbi ထုပ်လေးတွေထည့်၊ ဗူးပိတ်ပြီး Sushi တွေရောင်းမယ့် Sushi Case (ဆူရှီုစင်)ထဲ ခင်းကျင်းထားသိုပေးရပါတယ်။

Marketing Assistant
Regional Manager
Own Sushi Company

အမေရိကန်နိုင်ငံအတွင်း အထင်ကရ 🍣Sushi Franchises Companies တွေဖြစ်တဲ့
AFC
https://afcsushi.com/

Hissho Sushi
https://hisshosushi.com/

Sushi Avenue
https://www.sushiavenue.com/

Bento Sushi
https://www.bentosushi.com/

Fuji San
https://www.fujisansushi.com/

JFE@SnowFox
https://jfefood.com/ အပါအဝင်
နောက်ထပ် မြန်မာလူမျိုးတွေကိုယ်တိုင် မိမိတို့ရဲ့ကိုယ်ပိုင်ဟန်တွေနဲ့ သီးသန့်ထူထောင်ထားတဲ့ မြန်မာ Sushi ကုမ္ပဏီအသစ်အသစ်တွေလည်း အသီးသီးရှိနေကြပါပြီ။ ဒါကြောင့် Sushi Chef အနေနဲ့ အတူလုပ်ကိုင်ရမယ်ဆိုရင် Contractor နဲ့ Franchise ဟာ ဘယ်ကုမ္ပဏီကလည်းဆိုတာကို အရင်မေးမြန်းထားဖို့လိုတယ်။

Sushi Company တစ်ခုခုရဲ့ Franchise ဆိုင်ခွဲတွေဟာ ပျမ်းမျှအားဖြင့် တစ်ပတ်လုံးမှာ Sushi အစားအစာ ရောင်းအား
💵ဥပမာ
🤑$4000-$7000
🤑$7000-$10000
🤑$10000-$15000
🤑$15000-$30000 ဆိုပြီး Location အလိုက် ရောင်းရတာမျိုးရှိပါတယ်။ အဲဒီရောင်းအားပေါ်မူတည်ပြီး သက်ဆိုင်ရာဆိုင်ခွဲအလိုက် လက်ပြောင်းဝယ်ယူမယ့်သူကို Franchise ဆိုင်ခွဲတန်ဖိုးသတ်မှတ်ပြီး လက်ပြောင်းဝယ်ယူကြပါတယ်။
💵ဥပမာ
🤑$4000 ရောင်းအားရှိတဲ့ Franchise ဆိုင်ခွဲကို ပျမ်းမျှအားဖြင့် $30000 ဝန်းကျင်နဲ့ လက်ပြောင်းဝယ်ယူကြပါတယ်။ ဆိုင်ခွဲကို လက်ပြောင်းဝယ်ယူတဲ့အခါ လက်ငင်းငွေအပြည့်ပေးချေရတာရှိသလို၊ ရောင်းသူဝယ်သူချင်း ယုံကြည်စိတ်ချရမှုပေါ်မူတည်ပြီးတော့ နားလည်မှုနဲ့ တစ်ဝက်ပေးချေပြီး ကျန်တဲ့ငွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး ပေးချေကြတာလည်းရှိပါတယ်။ ဒီလို လက်ပြောင်းဝယ်ယူာမှာ မိခင် Company ဆီကနေ တိုက်ရိုက်ဝယ်ယူတာရှိသလို၊ Contractor ဆီကတဆင့် ထပ်လက်ပြောင်းဝယ်ယူတာလည်းရှိပါတယ်။

မှတ်ချက်။ ။
သတိပြုမိဖို့အနေနဲ့ အဲဒီဆိုင်ခွဲ/Contractor ဟာ အကြောင်းတစ်ခုခုကြောင့် (တခြား Sushi Company အသစ်တစ်ခုခုရဲ့ နေရာဝင်ယူတာ/Contractor ရဲ့ ကိုင်တွယ်မှုအားနည်းချက်ပြစ်မှုတစ်ခုခုကြောင့်) သက်ဆိုင်ရာ Food Market ကနေ မကြာမီ ထွက်ရတော့မယ့် အခြေအနေမျိုးရှိနေတာကို လက်ရှိ Contractor က သိသိကြီးနဲ့ နောက်လက်ပြောင်းဝယ်ယူမယ့် မြန်မာလူမျိုးအချင်းချင်းကို ဝိသမလောဘစိတ်နဲ့ မရိုးမသားလိမ်ညာပြီး ရောင်းတာမျိုးလည်းရှိနေတတ်ကြပါတယ်။

Sushi Company တစ်ခုခုရဲ့ Franchise ဆိုင်ခွဲတစ်ခုယူတဲ့နေရာမှာ Sushi အစားအစာ ရောင်းအားထဲကနေ
Sushi Company က %
Food Market က %
Contractor က % ဆိုပြီး အချိုးကျ ခွဲဝေကြရပါတယ်။ အဲဒီအထဲမှာမှ Franchise ဆိုင်ခွဲယူတဲ့ Contractor က Sushi ကုန်ကြမ်းလိုရင်လိုသလောက် ဝယ်ယူရတဲ့ ကုန်းကြမ်းစရိတ်အတွက် မိခင် Sushi Company ကို ထပ်မံပေးရသလို၊ Food Market ကို ဆိုင်ခန်းနေရာငှားရမ်းစရိတ်အတွက်လည်း ထပ်မံပေးရပါတယ်။ တချို့ Sushi Company က မိခင် Company ရဲ့ ကုန်ကြမ်းတွေကိုပဲ ဝယ်ယူအသုံးပြုခွင့်ရှိပေမယ့်၊ တချို့ Company တွေကတော့ ပြင်ပမှာ မိမိတို့နဲ့သင့်လျော်ရာကုန်ကြမ်းတွေကို ဝယ်ယူအသုံးပြုခွင့်ပေးတာလည်းရှိတတ်ပါတယ်။

Sushi Company တစ်ခုခုမှာ Company ရဲ့ ဆိုင်ခွဲတွေ ထပ်ဖွင့်တာ၊ ဆိုင်ခွဲတွေ သိမ်းလိုက်ရတာမျိုးမှာ ခေတ္တခဏထိန်းသိမ်းတာဝန်ယူပေးတဲ့ Local Chef အနေနဲ့ လုပ်တဲ့သူက အဲဒီဆိုင်ခွဲနေရာတစ်ခုခုကို လိုချင်ခဲ့ရင် Company က ဆိုင်ခွဲရဲ့ အပတ်စဉ်/လစဉ်ရောင်းရတဲ့ထဲက အချိုးကျနှုတ်ယူပြီး ပေးတာလည်းရှိတတ်ပါတယ်။ တချို့ Regional Manager တွေကလည်း သူတို့နာမည်နဲ့ ဆိုင်ခွဲယူလို့မရပေမယ့် မိသားစုဝင်/ဆွေမျိုး/အသိမိတ်ဆွေနာမည်တစ်ခုခုနဲ့ ယူထားကြတာတွေလည်းရှိနေတတ်ပါတယ်။ ဆိုင်ခွဲ တစ်ခုထက်ပိုတဲ့ ဆိုင်ခွဲ ၃-၄-၅ ဆိုင်ကို ယူနိုင်ကြတာလည်းရှိပါတယ်။

🫡အမေရိကန်နိုင်ငံရဲ့ Sushi Franchise သမိုင်း
အမေရိကန်နိုင်ငံမှာ ဂျပန်လူမျိုးတွေ Sushi Franchise လုပ်ငန်းနဲ့ပတ်သက်လို့ စပြီးကိုင်တွယ်ကြတုန်းကတော့ Sushi အစားအစာတွေမှအစ ဆိုင်ခန်းနေရာသန့်ရှင်းသပ်ရပ်မှုအဆုံး၊ လူမှုရေးအပါအဝင် အစစအရာရာမှာ ဂျပန်လူမျိုးတွေရဲ့ဝိသေသဖြစ်နေမှုနဲ့အတူ အမေရိကန်တို့ရဲ့စားသောက်ကုန်နဲ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်အတိုင်းလည်း ထိန်းသိမ်းလိုက်နာကြတဲ့အခါ အရမ်းကို စည်းစနစ်ကျခဲ့ကြပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်တွင်းမှာကို အမေရိကန်နိုင်ငံသားတွေကြား Sushi အစားအစာစာ ဟာ နာမည်ကောင်းနဲ့ကျော်စောခဲ့ပါတယ်။ အထူးသဖြင့် Sushi အစားအစာစာကို ရင်းနှီးပြီးဖြစ်ကြတဲ့ အမေရိကန်စစ်ပြန်(စစ်မှုထမ်းဟောင်း) တွေရဲ့ စားငတ်တောင့်တမှုနဲ့ မိတ်ဆက်ပေးမှုအားကလည်း တံတားတစ်ခုလိုဖြစ်နေခဲ့ပါတယ်။

🤑အမေရိကန်နိုင်ငံရဲ့ Sushi Franchise စီးပွားရေးလောကနဲ့ မြန်မာလူမျိုးတို့ကျင့်ထုံး
စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ကျနော်တို့မြန်မာနိုင်ငံသားတချို့ရဲ့ ဖြစ်တည်နေမှုအမှန်ကိုတော့ ပြောဖို့တော့လိုပါလိမ့်မယ်။ ဒါကလည်း နောက်မျိုးဆက်သစ်တွေအနေနဲ့ စဉ်းစားဆင်ခြင်ပြီး ဝိသမလောဘစိတ်နဲ့ အကျင့်ပျက် ခြစားနေကြတာတွေကို ပြုပြင်သင့်တာ၊ လုံးဝဖျက်လိုက်သင့်တာ၊ လုပ်နိုင်ကြဖို့ပါ။ အထူးသဖြင့် လူသားချင်းစာနာနိုင်ကြဖို့ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ လူသားချင်းစာနာတဲ့စိတ်နေသဘောထားကြောင့်လည်း ကျနော်တို့မြန်မာနိုင်ငံသားတွေ အမေရိကန်နိုင်ငံမှာ နည်းလမ်းအသွယ်သွယ်နဲ့ရောက်ရှိလာပြီး အမေရိကန်နိုင်ငံသားအဖြစ်သာမကသေးပဲ မိမိတို့ရဲ့ အနာဂတ်ရင်သွေးငယ်လေတွေကို အမေရိကန်နိုင်ငံရဲ့သမ္မတရာထူးအထိကိုတောင် ရည်မှန်းချက်ထား အိပ်မက်မက်ခွင့်ရနိုင်ခဲ့ကြတယ်ဆိုတာကို ဘဝမမေ့ကြရအောင်ပါ။

အမေရိကန်နိုင်ငံရဲ့ Sushi Franchise စီးပွားရေးလောက တည်ငြိမ်ဖြောင့်ဖြူးနေရာကနေ ဒီထက်ပိုမိုချဲ့ထွင်ကျယ်ပြန့်လာနိုင်ဖို့ရယ်လို့ ရည်ရွယ်ပြီးတော့ အမေရိကန်နိုင်ငံထဲ #နည်းလမ်းမျိုးစုံနဲ့ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့လက်ထဲ ယုံကြည်စိတ်ချရစွာနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ အပ်နှံရတဲ့ အခြေအနေ အချိန်အခါ အခွင့်ကောင်းဖြစ်လို့လာပါတော့တယ်။ ဒီလိုနဲ့ မြန်မာလူမျိုးတချို့ဟာ အမေရိကန်နိုင်ငံ Sushi Franchise စီးပွားရေးလောကရဲ့အစကနဦး ဦးသျှောင်သခင်ဖြစ်တဲ့ AFC (Advanced Fresh Concepts Corp. @ Advanced Fresh Concepts Franchise Corp. “AFCFC”)နဲ့ အကျိုးတူပူးပေါင်းခွင့်ရလာကြပါတော့တယ်။
AFC အကြောင်းအပြည့်အစုံကို ပေးထားတဲ့ Link မှာ ဆက်လေ့လာပါ။
👉https://afcsushi.com/about-afc/

AFC နဲ့ မြန်မာလူမျိုးတို့ အကျိုးတူပူးပေါင်းကြရာမှာ မိမိတို့အရည်အချင်းနဲ့ ငွေကြေးပိုင်ဆိုင်မှုအလိုက် လုပ်ငန်းနေရာကဏ္ဍအသီးသီးမှာ လုပ်ကိုင်ခွင့်တွေရရှိလာခဲ့ကြပါတယ်။ AFC ရဲ့ လုပ်ငန်းနေရာကဏ္ဍအသီးသီးအတွက် ပေးထားတဲ့ Link မှာ ဆက်လေ့လာပါ။
https://afcsushi.com/contact-us/

အဲဒီလို AFC နဲ့ မြန်မာလူမျိုးတို့ အကျိုးတူပူးပေါင်းကြရာက ဘယ် Location က ရောင်းအားကောင်းတယ်၊ ကိုယ်နဲ့သင့်လျော်တယ်ဆိုပြီး မြန်မာလူမျိုးကြား ဆိုင်တွေ အပြိုင်လုယူလာကြရင်း လက်ရှိတာဝန်ယူလုပ်ကိုင်နေစဲ မြန်မာလူမျိုးကို နောက်မြန်မာလူမျိုးတစ်ယောက်က စားသောက်ကုန်ဆိုင်ရာဥပဒေတစ်ခုခုနဲ့ ငြိစွန်းအောင် ဂျပန်လူမျိုး Regional Manager တချို့ကို လာဘ်ပေးလာဘ်ယူ ထိုးပေး သင်ပေးပြီးတော့ကို အဲဒီဆိုင်ကို မရရတဲ့နည်းနဲ့ လုပ်ကြံပြီး အဓမ္မလုယူနေလာခဲ့ကြတော့တာဖြစ်တယ်။ Sushi Franchise ဆိုင်အဓမ္မနည်းနဲ့လုယူမှုအစ မြန်မာကလို့တောင် ပြောစမှတ်ပြုကြရပါတော့တယ်။ အဲဒီကစပြီး မြန်မာလူမျိုးတွေရဲ့လက်ထဲရောက်လာတဲ့ အမေရိကန်နိုင်ငံရဲ့ Sushi Franchise စီးပွားရေးလောကဟာ အင်မတန်မှာ ဝမ်းနည်းစရာကောင်းတဲ့ လူမှုရေးစိတ်ဓာတ်ပျက်ပြားလာကြရတဲ့အထိကိုပါ ထိခိုက်လာတဲ့ အခြေအနေဆိုးဝါးလို့နေရပါတော့တယ်။

Sushi Franchise Company တွေဟာလည်း Faod Market, Shopping Mall, University, College, Hospital, Military Camp တို့ရဲ့ Food Courts တွေမှာ သူတို့ရဲ့ Sushi Franchise တွေချည်းဖွင့်လို့ရအောင် Sushi Franchise Company ချင်း ဆိုင်ခန်းနေရာလုလာကြပြီး စီးပွားရေးပြိုင်ဘက်တွေဖြစ်လို့နေကြပါတယ်။

အဲဒီလိုနဲ့ AFC နဲ့အပြိုင် မြန်မာလူမျိုး (ဦးဘုန်းလွန်(ခ)Philip Maung)ပိုင် Hissho Sushi Company တစ်ခုအပါအဝင်ဟာလည်း အမေရိကန်နိုင်ငံရဲ့ Sushi Franchise စီးပွားရေးလောကမှာ အောင်မြင်ကျော်စောနေခဲ့ပါတယ်။ ဘယ်လောက်ထိကျော်စောနေခဲ့လဲဆိုရင် လက်ရှိသမ္မတ Joe Biden လက်ထက်မှာကို အမေရိကန်နိုင်ငံရဲ့စီးပွားရေးပျက်စီးယိုယွင်းနေသလိုပဲ၊ သမ္မတဟောင်း Obama လက်ထက်တုန်းကလည်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးပျက်စီးယိုယွင်း (ပေါ့ပေါ့နေပေါ့ပေါ့စား အချောင်သမားအုပ်စု Democratic Party တို့ရဲ့ အစဉ်အလာအတိုင်းလို့ပဲပြောရမလားပဲ) နေခဲ့တဲ့အချိန်တုန်းက မြန်မာလူမျိုးပိုင် Hissho Sushi Company ဟာ AFC ရဲ့ Franchises ဆိုင်ခွဲနေရာတော်တော်များများကို ဝင်ရောက်နေရာယူသိမ်းပိုက်လိုက်ပြီး Hissho Sushi Company အနေနဲ့ သူ့အလုပ်သမားတွေကို အလုပ်ပေးနိုင်ခဲ့သလို အမေရိကန်အစိုးရအတွက် တစ်နည်းတစ်ဖုံနဲ့ အခွန်တွေကိုလည်း ဆက်သနိုင်ခဲ့လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ချီးမြှင့်ဧည့်ခံရတဲ့အဆင့်ထိကို ခံစားခဲ့ရပါတယ်။ Hissho Sushi Company ဟာ Mr. Philip Maung ကိုင်တွယ်ခဲ့စဉ်က အမေရိကန်နိုင်ငံရဲ့ ပြည်နယ်ပေါင်း (၃၀) မှာ Sushi Franchise ဆိုင်ခွဲပေါင်း (၁၂၀၀) ကျော်ဖွင့်လှစ်နေခဲ့ပြီး၊ သူ့ Company ကိုရောင်းပြီးတဲ့နောက် လက်ရှိအခြေအနေမှာ ဆိုင်ခွဲပေါင်း 2,200 အထိရှိနေခဲ့ပြီဖြစ်ပါတယ်။ Hissho Sushi Company နဲ့ အလုပ်နေရာအပြည့်အစုံအတွက် ပေးထားတဲ့ Link မှာ ဆက်လေ့လာပါ။
https://hisshosushi.com/

⚠️Contractor နဲ့ လူမှုရေးဆိုင်ရာ
တချို့ Contractor တွေဟာ ဆိုင်ရောင်းအား 🤑$4000-$7000 ပေါက်တဲ့ဆိုင်ခွဲအတွက် တစ်ဦးတစ်ယောက်တည်းနဲ့ တာဝန်ယူနိုင်တဲ့အနေအထားမျိုးရှိတော့ ဆိုင်နဲ့မနီးမဝေးမှာ ကျောချစရာနေရာလေးရှိရင်ပြီးရောဆိုပြီး အိမ်ခန်းကျဉ်းလေးငှားပြီး ဒေါင်ကျကျပြားကျကျနဲ့အဆင်ပြေသလိုနေကြတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ တချို့ Contractor တွေက အရေးပေါ်လူအကူလိုအပ်လာလို့ Sushi Chef ဖြစ်ဖြစ်/Helper ဖြစ်ဖြစ်တစ်ယောက်ကို ခေါ်တာမျိုးလည်းရှိတဲ့အခါ လူအကူအဖြစ်လာမယ့်သူအတွက် အဆင်မပြေတာတွေလည်း ကြုံတွေ့နေကြရတတ်ပါတယ်။ ခုလို ငါနေနိုင်သလို၊ မင်းလည်း ဒီလိုနေတတ်မယ်ဆိုပြီး ကိုယ့်အလုပ်သမားအတွက် ဘာမှမယ်မယ်ရရ ကြိုတင် ပြင်ဆင်ထားပေးမှုမရှိတဲ့ Contractor တချို့လည်း ရှိနေတတ်တာကို သတိထားဆင်ခြင်နိုင်ကြပါစေ။ တချို့ Contractor တွေဟာ ကိုယ့်ကိုယ်ကိုယ်တောင်အနိုင်နိုင် ကိုယ့်အလုပ်သမားကို ပုံမှန်လခမပေးနိုင်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ မူးယစ်သမား Contractor တချို့လည်းရှိနေတတ်ကြပြန်ပါတယ်။ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ရောက်လာကြမယ့် မျက်စိသူငယ်နားသူငယ် မြန်မာမိန်းကလေးလူသစ်တွေကို ကျားချောင်းချောင်းနေကြတဲ့ ကြာကူလီ Contractor တချို့လည်းရှိနေတတ်ကြပါသေးတယ်။

မှတ်ချက်။ ။ ဒီဆိုင်ရောင်းအား 🤑$4000-$7000 ကို အခြေခံပြီး ဥပမာအနေနဲ့ပြောတာဖြစ်ပေမယ့်၊ ဒီလိုဆိုင်ရောင်းအားအတွင်းမှာပဲ ဒီလိုအခြေအနေမျိုးဖြစ်နေတာမဟုတ်ပဲ၊ ဒီထက်ဆိုင်ရောင်းအားကောင်းရထားတဲ့ Contractor တချို့တွေမှာလည်း ဒီလိုလူမှုရေးအရှုပ်အထွေးတွေ ရှိနေတတ်တာကို မြင်နိုင် သိနိုင် နားလည်နိုင် ဆင်ခြင်သတိထားနိုင်ကြပါစေ။

🤔ဒါဖတ်ပြီးတော့မှ Sushi လောကထဲကို ဝင်ပါ။
Sushi Industry ထဲ စီးပွားရေးရင်းနှီးမြှုပ်နှံလုပ်တာဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စီးပွားရေးလောကထဲဘယ်လိုကျင်လည်ရမလဲဆိုတဲ့ စီးပွား​လောကအကြောင်းနားမလည်ပဲ Sushi လိပ်တတ်ရင်ပြီးရောဆိုပြီး လုပ်ကိုင်ကြတဲ့သူတွေအနေနဲ့ အရမ်းကို အန္တရာယ်များပါလိမ့်မယ်။

Sushi လောကထဲ ဝင်လာမယ့်သူတွေရော၊ ဝင်လာပြီးတဲ့သူတွေရော သက်ဆိုင်ရာ
👌Sushi Company ရဲ့ Policy နဲ့ Agreement
👌Food Market ရဲ့ Policy နဲ့ Agreement
👌Food Safety ဆိုင်ရာ Policy နဲ့ Agreement
👌LLC အနေနဲ့ ကိုယ်ပိုင် Small Business လုပ်ငန်းအတွက် တရားဝင်မှတ်ပုံတင်လိုက တင်နိုင်သလို မတင်ရင်လည်းရပါတယ်။ အစရှိတာတွေကို သေချာဖတ်ပြီး နားလည်တော့မှသာ ဆိုင်ယူပါ။ ဆိုင်ယူပြီးတဲ့သူကလည်း မဖတ်မိသေးဘူးဆိုရင် ဖတ်ကြည့်ကြပါ။
အဲဒီ Policy တွေကို တကယ်သေချာ နားလည်တော့မှသာ Agreement ကို လက်မှတ်ထိုးပါ။ ဆိုင်လိုချင်ဇောနဲ့ ဘာမှနားမလည်ပဲ လက်မှတ်မထိုးမိပါစေနဲ့။ ဆိုင်ယူပြီးလို့ ပြဿနာတစ်စုံတစ်ရာဖြစ်တဲ့အခါ Law Firm တွေကို အမှုအပ်ရင် ကိုယ့် Lawyer တွေအနေနဲ့ကလည်း အဲဒီ Policy ကိုပဲ ပြန်တောင်းယူဖတ်ကြည့်ပြီးတော့မှ အမှုကိုရင်ဆိုင်ပေးနိုင်ကြမှာဖြစ်တယ်။
Sushi ဆိုင်ယူလို့ရရင်ပြီးရောဆိုပြီး ငွေအမြတ်ရဖို့ကိုပဲ မမြင်ပါနဲ့။ Policy ကို သေချာနားလည်ဖို့ အရင်ဆုံးသေချာလေ့လာပါ။

Sushi ဆိုင်ရဲ့ ရောင်းအားပေါ်မူတည်ပြီးတော့ ခန့်ထားရမယ့် အလုပ်သမားအရေအတွက် ဘယ်လောက်ခန့်ထားရမယ်ဆိုတဲ့ ပြဌာန်းချက်တွေ Policy ထဲရှိပေမယ့် Contractor က မလိုက်နာပဲ အလုပ်သမား ၄ ယောက်လုပ်မယ့်ဆိုင်အတွက် ၂ယောက်တည်းကိုခန့်ပြီး မနိုင်မနင်း နင်ကန်လုပ်ခိုင်းတော့ လူအင်အားနည်းပြီး Sushi ဆိုင်မှာ စားသောက်ကုန်လုပ်ငန်းနဲ့ ကျန်းမာရေးဆိုင်ရာ Food Safety ပိုင်း အားနည်းလာတာ၊ ရောင်းလိုအားကျလာတာတွေအတွက် Food Market ရဲ့ Deli Manager, Store Manager, မိခင် Sushi Company ရဲ့ Regional Manager, သက်ဆိုင်ရာပြည်နယ်ရဲ့ Health Department အစရှိတာတွေက စစ်ဆေးတွေ့ရှိလာရင် သတိပေးမှုတွေလုပ်မယ်၊ အရေးယူမှုတွေလုပ်ပါမယ်။ ဒါတွေကို ဆိုင်မယူခင်ကတည်းက နားလည်ပါတယ်။ လိုက်နာပါမယ်ဆိုပြီးကို Agreement လုပ်ခဲ့တာကို ပြန်သတိရပါ။
Consumers (Customers) တွေအတွက် Consumer Protection Laws Act အရ အသက်အန္တာရယ်မဖြစ်ရအောင် စားသောက်ကုန်ပစ္စည်းတွေကို Food Safety Policy နဲ့အညီ လိုက်နာကျင့်သုံးပါမယ်ဆိုပြီးကို နားလည်ထားပြီးတော့မှ Agreement လုပ်ကြရပါတယ်။
Sushi Bar မှာ လုပ်ကိုင်မယ့် အလုပ်သမားမှန်သမျှ ServSafe Food Handler/ServSafe Manager Certificate တစ်ခုစီရှိထားကြရပါတယ်။ Sushi Bar က အလုပ်သမားတိုင်း Food Safety ကို နားလည်ကြရပြီး လိုက်နာကျင့်သုံးကြရပါတယ်။
Deli Manager, Store Manager, Regional Manager, Health Department တွေရဲ့ Policy အတိုင်း လိုက်နာကျင့်သုံးပါမယ်ဆိုပြီးတော့မှ Agreement လုပ်ခဲ့တာကို မလိုက်နာလို့ သတိပေးမှုတွေလုပ်တာ၊ အရေးယူမှုတွေလုပ်တာကို တရားမျှတမှုမရှိဘူးလို့ခံယူပြီး ကိုယ့်ဘက်က လုံးဝမှန်နေတယ်ဆိုရင် Law Firm တွေရဲ့ အကူအညီကိုရယူပြီး တရားရင်ဆိုင်ပါ။နောက်ဆုံး Sushi သိုင်းလောကသားတွေရဲ့ Dialogue ဖြစ်တဲ့
👌မလုပ်နိုင်ရင် ဒိုး
👌မကြိုက်ရင် ဒိုး

မှတ်ချက်။ ။
မိခင် Sushi Company နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသက်တမ်း (၁နှစ်-၂နှစ် Company တစ်ခုနဲ့တစ်ခုရဲ့ သတ်မှတ်ထားတဲ့ Policy ကွဲပြားနိုင်) မပြည့်ခင် ဆိုင်ခွဲပြန်အပ်မယ်ဆိုရင် ဒဏ်ကြေးအပါအဝင် လျော်ကြေးပေးဆောင်ရပါလိမ့်မယ်။

🤝Contractor နဲ့ Team Member/Co-Worker တို့အပြန်အလှန် နားလည်ဖို့
Contractor အလုပ်ရှင်နဲ့ Team Member/Co-Worker အလုပ်သမားတို့ရဲ့သက်ဆိုင်ရာ ရပ်တည်မှုအလိုက် တာဝန်ဝတ္တရားများဆိုင်ရာအတွက် Sushi လောကအတွင်းဖြစ်ပေါ်နေတဲ့ အတွေ့အကြုံတွေကိုအခြေခံပြီး ရေးသားခြင်းဖြစ်ပါတယ်။

🤑အလုပ်ရှင်(Contractor)
#အလုပ်သမားရှာဖွေ ခန့်ထားခြင်း
Franchise နဲ့သက်ဆိုင်လို့ တာဝန်ခံအဖြစ် ရယူထားတဲ့ အလုပ်ရှင်တွေဟာ Sushi ဆိုင်ရဲ့ရောင်းအားပေါ်မူတည်ပြီးတော့ အလုပ်သမား အရေအတွက် ဘယ်နှစ်ယောက်ခန့်ထားရမလဲဆိုတာ သက်ဆိုင်ရာ မိခင် Company တွေကနေ Contractors တွေကို သတ်မှတ်ပေးထားကြပါတယ်။ ဒီအတွက် အလုပ်သမားတွေကို ရှာဖွေရတာ၊ ခန့်ထားရတာ၊ အလုပ်သမားတွေရဲ့ နေထိုင်စားသောက်ဖို့ ပြင်ဆင်ပေးရတာတွေလည်း ရှိတတ်ပါလိမ့်မယ်။

အလုပ်သမားတွေမှာ လုပ်ငန်းအတွေ့အကြုံရှိပြီးတဲ့သူ/လုံးဝအတွေ့အကြုံမရှိသေးသူဆိုပြီးတော့ ရှိပါလိမ့်မယ်။ နောက် Company မတူတဲ့ Sushi Franchises တွေလည်းရှိတတ်ပြန်တော့ သက်ဆိုင်ရာအလိုက် ကိုယ်ယူထားတဲ့ ဆိုင်ပေါ်မူတည်ပြီးတော့ အလုပ်သမားတွေကို ပြန်လည် Training ပေးရသလို၊ အတွေ့အကြုံ လုံးဝကို မရှိသေးတဲ့သူတွေကို အသေးစိတ် Training ပေးရပါတယ်။ နောက် Position တွေကိုလည်း တိတိကျကျ တာဝန်ပေး စီမံခန့်ခွဲပေးရပါတယ်။
ဒီအပိုင်းမှာ အလုပ်ရှင်အနေနဲ့ မိခင်Company ရဲ့ လမ်းညွှန်မှုအတိုင်း အမှန်တကယ်လိုက်နာဖို့လိုအပ်သလို၊ လိုက်နာမယ်ဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားကြား အတူလက်တွဲလုပ်ကိုင်ရတာ ပြဿနာမရှိပဲ အရမ်းကို အဆင်ပြေနေကြပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ဥပမာ အလုပ်သမား ၅ ယောက်ထားရမယ့်ဆိုင်မျိုးအတွက် အလုပ်သမား ၃ ယောက်ထားပြီး၊ ၅ ယောက်စာကို မနိုင်မနင်းလုပ်ကိုင်ခိုင်းတာဟာ လုံးဝမှားယွင်းနေသလို၊ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကို တိကျတဲ့ Position တွေနဲ့ သေချာ စီမံခန့်ခွဲထားမျိုးမဟုတ်ရင် အဲဒီအလုပ်မျိုးဟာ အကျည်းတန်နေကြပါလိမ့်မယ်။

အလုပ်ရှင်တွေအတွက် ပြဿနာတွေကလည်း မနည်းပါဘူး။ Company ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆိုင်ရောင်းအားတက်အောင်၊ Food Safety ဆိုင်ရာ Food Market ရဲ့စောင့်ကြည့်နေမှု၊ Sushi ကုန်ကြမ်း Inventory ကိစ္စ၊ အလုပ်သမားတချို့လည်း အရက်သမား၊ ဆေးသမား၊ ငပျင်း၊ ငဒူ၊ ဆဆရာကြီးအထာ၊ ဘော်ကြော့၊ ကြာကူလီနာဘူး (အိမ်က မိန်းမနဲ့ကလေးတွေအတွက် စိတ်မချရပြန်) အစရှိတဲ့ ပြဿနာတွေကို အမြဲလိုလို ရင်ဆိုင်နေရပါတယ်။

Helper
Preparation And Dishwasher
ထမင်းချက်၊ အိုးတိုက်ပန်းကန်ဆေး၊ ဗူးပိတ်၊ Sushi ခင်းကျင်းထားသိုတာတွေအတွက်ဆိုရင် တစ်ယောက် သီးသန့်ထားရပါတယ်။ ဒီအပိုင်းတွေအတွက် အလုပ်သမားတစ်ယောက်တည်းနဲ့လုပ်နိုင်တဲ့ အခြေအနေမျိုးဆိုရင် တစ်ယောက်ပဲခန့်ထားလို့ရပါတယ်။ ဒီထက်လူလိုအပ်ရင်လည်း လိုအပ်သလို ထပ်မံခေါ်ယူခန့်ထားရပါမယ်။

အတွက်ဆိုရင် ငါးကိုင်တဲ့အပိုင်းအတွက် တစ်ယောက် သီးသန့်ထားရပါတယ်။ ငါးကိုင်ဆိုတဲ့နေရာမှာ ငါးလှီးဖြတ်နေရုံမျိုးမဟုတ်ပဲ၊ ငါးလှီးဖြတ်တာအပါအဝင် အများအားဖြင့် အသားငါးအပိုင်းအများဆုံးအသုံးပြုရတဲ့ Sashimi, Nigiri, Sushi Seaside တွေဖြစ်တဲ့ Tekka Maki Roll, Sake Maki Roll, Hamachi Maki Roll, Kappa Maki Roll, Avocado Maki Roll, Rainbow Roll, Dragon Roll, Tiger Roll အစရှိတာတွေကို မိခင် Company ရဲ့ Menu နဲ့ အချိုးအစားသတ်မှတ်ပေးထားပြီးတဲ့အတိုင်း ဝယ်လိုအားများရင်များသလို လိတ်ပေးနေရပါတယ်။ ဒီအပိုင်းကို Contractor ကလည်း ကိုင်တွယ်တာတွေရှိပါတယ်။

အတွက်ဆိုရင် Sushi Roll လိပ်ဖို့ တစ်ယောက်သီးသန့်ထားရပါတယ်။ Sushi Roll ဆိုတဲ့နေရာမှာလည်း မိခင် Company ရဲ့ Menu နဲ့ အချိုးအစားသတ်မှတ်ပေးထားပြီးတဲ့အတိုင်း ဝယ်လိုအားများရင်များသလို လိတ်ပေးနေရပါတယ်။

or (Pay Rate with Hourly)
သက်ဆိုင်ရာ Position အလိုက် လုပ်အားခကိုလည်း တိတိကျကျသတ်မှတ်ရပါတယ်။ ဒါတွေကို အလုပ်စခေါ်ပြီဆိုကတည်းက နှစ်ဦးနှစ်ဘက် ကြိုတင်ညှိနှိုင်းထားရပါတယ်။ နှစ်ဦးနှစ်ဘက် လက်တွေ့လုပ်နေတဲ့အခါ အပြောနဲ့အလုပ် မှန်ကန်ဖြောင့်မတ်ကြရပါတယ်။


သက်ဆိုင်ရာ Company တွေရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ လမ်းညွှန်မှုတွေအတိုင်း Contractors တွေအနေနဲ့ လိုက်နာရမှာဖြစ်သလို၊ အလုပ်သမားတွေကိုလည်း သေချာပြန်လည် အသိပေးလမ်းညွှန် သင်ကြားပေးကြရပါတယ်။ Food Safety နဲ့ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်တွေကို အလုပ်သမားတွေအတွက် စီမံထားပေးရပါတယ်။ ဒီလိုသာ အမှန်တကယ်လိုက်နာရိုးမှန်ရင် မြန်မာလူမျိုးမှမဟုတ်ပဲ လူဖြူ၊ လူမဲ၊ မက္ကစီကန် အစရှိတဲ့ မည်သည့်အလုပ်သမားမျိုးကိုမဆို ခန့်ထားလို့ရသလို၊ Part-Time အနေနဲ့လည်း ခန့်ထားလို့ရပါတယ်။ အလုပ်သမား ရှာဖွေခန့်ထားဖို့ Food Market ထဲမှာကို ခေါ်ပြီးခန့်ထားလို့လည်းရနေပါတယ်။ ကွကို မရိုးသားတဲ့ ဝိသမလောဘစိတ်ဓာတ်မျိုးရှိတဲ့သူဆိုရင်တော့ ဘယ်လို အလုပ်သမားမျိုးနဲ့မှ အဆင်ပြေမှာ မဟုတ်သလို၊ ကျီးလန့်စာ စားနေရပါလိမ့်မယ်။

မှတ်ချက်။ ။
လုပ်ငန်းခွင်တွင်ကျယ်ဖို့ ကိုယ့် Team Member/Co-Worker တွေကို Sushi ဆိုင်ရာကိစ္စကြီးငယ်အဝဝကို သင်ပေးရပါတယ်။ ဒါဟာ Sushi လုပ်ငန်းမှာမှမဟုတ်ပဲ စက်ရုံအလုပ်ရုံမှအစ လုပ်ငန်းဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း သင်ပေးကြရသလို၊ အလုပ်သမားရဲ့ အရည်အချင်းနဲ့ မိမိနဲ့လက်တွဲလုပ်လာခဲ့တဲ့ လုပ်သက်အလိုက် Position and Salary တွေကို တိုးမြှင့်ပေးနေကြရစမြဲဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့အလုပ်သမားရေးရာအခွင့်အရေးတစ်ခုအပါအဝင်လည်းဖြစ်နေပါတယ်။

#အလုပ်သမား (Team Member/Co-Worker)
အလုပ်သမားတွေအနေနဲ့ ကိုယ်ရဲ့အလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံနဲ့အရည်အချင်း အမှန်တကယ် ဘယ်လောက်ရှိလဲဆိုတာ အလုပ်ရှင်တွေကို အမှန်အတိုင်းပြောပြထားရပါတယ်။ ၅ နှစ်လောက်အတွေ့အကြုံရှိတယ်ပြောပေမယ့် အရည်အချင်းမရှိတဲ့သူတွေလည်း ရှိနေတတ်ပါတယ်။ အရက်သမားဖြစ်နေရင်တော့ အလုပ်ရှင်ကိုရော တခြားလုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ ပြဿနာပေးတတ်တော့ လုံးဝကို အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ အလုပ်ရှင်ရဲ့ Company ကို အရင် သေချာစုံစမ်းမေးမြန်းထားရပါတယ်။ ဥပမာ AFC, Hissho, JFE, Bento and Sushi Avenue အစရှိတဲ့ Sushi Company တွေ အများကြီးရှိတဲ့အထဲက ကိုယ်အတွေ့အကြုံရှိတဲ့ လုပ်ငန်းခွင်ဟုတ်မဟုတ် အရင်သိထားဖို့လိုပါတယ်။ လုံးဝကို အတွေ့အကြုံမရှိသေးတဲ့သူတွေအနေနဲ့တော့ မည်သည့် Company မျိုးပဲဖြစ်ဖြစ် သက်ဆိုင်ရာ အလုပ်ရှင်နဲ့ဆက်သွယ်ပြီး ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်းပြောပြထားရပါတယ်။ မိမိလုပ်နိုင်မယ့်အခြေအနေမျိုးဖြစ်မဖြစ်ကို အလုပ်ရှင်နဲ့ညှိနှိုင်းတိုင်ပင်ထားရပါမယ်။ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေနဲ့အတူ တစ်အိမ်တည်းနေခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းခွင်နဲ့ပတ်သက်တာကိုပဲ လုပ်ကိုင်ရမှာဖြစ်တယ်။ အလုပ်တာဝန်နဲ့ ပတ်သက်ပြီးအချိန်ပြည့်ရင် မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စအချိန်ဖြစ်ရပါတယ်။ အလုပ်ရှင်ရဲ့ အိမ်မှုကိစ္စတွေ၊ ခြံသန့်ရှင်းရေးတွေ၊ ကလေးထိန်းတွေ လုပ်တာမျိုးမဖြစ်ရပါဘူး။ ဒီအတွက် ကြိုတင် ပြောဆိုထားရပါတယ်။
မိမိနေတဲ့ အခန်း၊ အမှိုက်ပုံး၊ မီးဖိုချောင်အစရှိတဲ့ ကိုယ်သုံးတာတွေနဲ့ပတ်သက်တာတွေကိုတော့ သန့်ရှင်းအောင်ထားရပါတယ်။ တချို့ အလုပ်ရှင်တွေဟာ သူတို့ကိုယ်တိုင်တောင် အခန်းမယ်မယ်ရရမရှိသလို၊ ဖြစ်သလို ရသလို ဆိုင်ခန်းလေးရရင်ပြီးရောဆိုပြီး ဘာမှပြင်ဆင်ထားတာ မရှိတဲ့ အလုပ်ရှင်ပေါက်စလေးတွေလည်းရှိနေတတ်ပြန်ပါတယ်။
အလုပ်သမား ၅ယောက်လုပ်မှ ဖြစ်မယ့်ဆိုင်မျိုးကို ၂ယောက် ၃ ယောက်လောက်နဲ့ မနိုင်မနင်း ခိုင်းစေတဲ့ အလုပ်ရှင်မျိုးလည်းရှိတတ်သလို၊ Chef တစ်ယောက်ရဲ့ Position ကနေ Dishwasher အလုပ်မျိုးကို ခိုင်းစေတဲ့ အလုပ်ရှင်မျိုးလည်းရှိနေတတ်ကြပါတယ်။
၃-၄နှစ် အထိကို Sushi လိပ်တာ၊ ငါးကိုင်တာ၊ Food Safety အစရှိတာတွေနဲ့ပတ်သက်လို့ သင်ကိုမပေးတဲ့ အလုပ်ရှင်မျိုးလည်း ရှိနေတတ်ပါတယ်။ ဟောက်စား၊ဇော၊ လောနဲ့ ခိုင်းစေတဲ့ အလုပ်ရှင်မျိုးလည်းရှိတတ်ပါတယ်။ အလုပ်သမားတွေဘက်ကလည်း သစ္စာရှိရသလို၊ မိမိအလုပ်ဟာ မိမိရဲ့ဘဝဖြစ်တော့ ကြိုးစားပြီး အရည်အချင်းရှိပါစေ။ လုပ်အားခန့်ကို အရည်အချင်းအလိုက် ပေးရတာကို မပေးသလို၊ ကိုယ့်လခတောင် ပုံမှန်မပေးပဲ ရင်တထိပ်ထိပ်နဲ့ပြန်တောင်းနေရတဲ့ အလုပ်ရှင်မျိုးလည်း ရှိတတ်ပါတယ်။ ဒါဟာ ယဉ်ကျေးပျူငှာ ကူညီရိုင်းပြင်းတယ်ဆိုတဲ့ မြန်မာလူမျိုးတွေပဲဖြစ်နေတတ်ပြန်ပါတယ်။ ဒါကြောင့် အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဦးနှစ်ဘက် အရင်ကြိုတင် ပြင်ဆင် ညှိနှိုင်းထားကြရပါတယ်။

တနေ့ဒီလိုအလုပ်သမားဘဝကနေ အလုပ်ရှင်ဖြစ်လာတဲ့အချိန် ဒါတွေ ခံစားခဲ့ရတာကို ပြန်လည်သတိရပြီး၊ ကိုယ့်ရဲ့အလုပ်သမားတွေအပေါ် မှန်ကန်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ အလုပ်ရှင်ဖြစ်ပါစေ။ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားဘဝတုန်းက ခံစားခဲ့ရတာတွေကို ပြန်လည်သတိရပြီး၊ ဘဝမမေ့ပဲ ကိုယ့်ရဲ့အလုပ်သမားတွေပေါ် မှန်ကန်ဖြောင့်မတ်ပြီး ကိုယ်
ချင်း စာနာတဲ့ အသိတရားရှိပါစေ။

ဆက်လက်ဖြည့်စွက်ပါအုံးမယ်။



James Mirror

လူ့အခြေခံကျင့်ဝတ်ဆိုတာ လူလူချင်း ထိတွေ့ဆက်ဆံတဲ့အခါတိုင်းမှာ အရေးကြီးဆုံး စောင့်ထိန်းရမယ့် သီလပဲ ဖြစ်တယ်။ဘယ်လိုလဲဆိုရင် -...
05/26/2023

လူ့အခြေခံကျင့်ဝတ်ဆိုတာ လူလူချင်း ထိတွေ့ဆက်ဆံတဲ့အခါတိုင်းမှာ အရေးကြီးဆုံး စောင့်ထိန်းရမယ့် သီလပဲ ဖြစ်တယ်။

ဘယ်လိုလဲဆိုရင် -

ဝမ်းနည်းပူဆွေးနေတဲ့ လူပေါင်းများစွာရဲ့ ရှေ့မှာ ပျော်ရွှင်နေတဲ့ ကိုယ့်ပုံကို ထုတ်မ​ပြတာကလည်း Social principle ပဲ

နာကျင်နေသူတစ်ယောက်ရဲ့ ခံစားချက်ကို မလှောင်တာ၊

လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုလုံးကို ချနင်းခြေဖျက်မသွားတာဟာလည်း Social principle ပဲ

ကိုယ့်ပတ်ဝန်းကျင်မှာ နာရေးရှိနေတဲ့အချိန် ဘောက်ဖွင့်ပြီး သီချင်းအကျယ်ကြီး မဆိုတာ၊

ကျန်ရစ်သူ မိသားစုကို သူမရှိလို့ နင်တို့ ဘယ်လိုခံစားရလဲဆိုပြီး မေးခွန်းသွား မထုတ်တာကလည်း Social principle ပဲ။

အိပ်စက်နေသူ လူတစ်ယောက်ကို တမင်နိုးပါစေဆိုပြီး ဆူဆူညံညံမလုပ်တာ၊

တိတ်ဆိတ်ငြိမ်းချမ်းနေတဲ့ ဗလီ ဟိန္ဒူ စတဲ့ ဘာသာရေးဝတ်ပြု ဘုရားကျောင်းကန်တွေမှာ ဟေးလေး ဝါးလား အော်ကြီးဟစ်ကျယ် စကားမပြောတာဟာလည်း Social principle ပဲ။

အဆင်မပြေတဲ့သူရဲ့ ရှေ့မှာ ကိုယ့်ရဲ့ အဆင်ပြေခြင်းတွေကို ထုတ်မကြွားတာ၊

နေမကောင်းဖြစ်ပြီး မကျန်းမာတဲ့ သူငယ်ချင်းကို
နင့်ရောဂါကတော့ သွားပြီ မြန်မြန်သေမှာပဲ ဆိုပြီး negativeဆန်ဆန်တွေ မပြောတာ

အိမ်တွင်းအကြမိးဖက်ခံခဲ့ရတဲ့ ကလေးတယောက်ကို သူမပြောချင်တဲ့အတိတ်က အကြောင်းအရင်းတွေကို
ဂျောင်ပိတ်မမေးတာ

ကျရှုံးနေသူ လူတစ်စုအနားမှာ ကိုယ့်ရဲ့ အောင်မြင်ခြင်းကို မဆာလောင်ပြတာ၊

လုပ်သက်နုသည်၊ ရင့်သည်၊ အခြေခံလစာလေးပဲ ရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ရှေ့မှာ ကိုယ့်စီနီယာ လုပ်အားခကို ထုတ်မပြောတာဟာလည်း Social principle ပဲ

လူတစ်ယောက်က Pofessional ဘယ်လောက်ပဲ ဆန်ဆန်၊ သူ့ Personal မှာ Social Principle မရှိ၊ Ethic ဆိုတာ မသိဘူး ဆိုရင် ဒီကောင် Professional မဆန်ဘူး

ပိုက်ဆံရှိခဲ့ရင်တောင် အဲ့လိုဟာမျိုးက ပိုက်ဆံနဲ့ မတန်ဘူး

#ဘုန်းမောင်ဦး

Hustle makes dreams happen.
04/30/2023

Hustle makes dreams happen.

Happy Easter Sunday to you all. Hope you have a great sunday with your family and friends.
04/09/2023

Happy Easter Sunday to you all. Hope you have a great sunday with your family and friends.

04/02/2023

Successful Millionaires တွေနဲ့ လက်ဆွဲနှုတ်ဆက် စကားပြောခဲ့ရ၊ ဓာတ်ပုံတွဲရိုက်ခဲ့ရတဲ့ အချိန်တိုင်း အမြဲ စိတ်ထဲမှာတွေးနေမိတဲ့ အတွေးတစ်ခုက
”ငါလဲ မကြာသော အချိန်တစ်ခုအတွင်းမှာ သူတို့လို Self-made Millionare ဖြစ်ကို ဖြစ်ရမယ်။ သူတို့လို နေရာတစ်ခု ကို ငါလဲ ရောက်ကို ရောက်ရမယ်ဆိုတာ” ပါပဲ။
သေခြာတာတစ်ခုက ကိုယ်ဟာ ဘဝ မှာ တကယ်ကို အောင်မြင်ချင်တယ် ဆိုရင် ကိုယ်သွားတဲ့နေရာ၊ ကိုယ်ပေါင်းတဲ့ အပေါင်း အသင်း၊ ကိုယ်တွေးတဲ့အတွေး၊ ကိုယ်ဖတ်တဲ့ စာအုပ်၊ ကိုယ်တနေ့​တနေ့ နားထောင် နေတဲ့အရာ တွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကိုယ်က အရမ်းအောင်မြင်ချင်တယ် ပြောပြောနေပြီး အပတ်တိုင်း Bar သွား၊ အရက်သောက်၊အမြဲ Shopping ထွက် လူထင်ကြီးအောင် ဝတ်ပြ၊
စားပြ၊ သီးချင်းတွေ အမြဲနားထောင်၊ အမြဲ ဂိမ်းတွေ ဆော့၊ ရုပ်ရှင်တွေ အမြဲကြည့်နေလို့တော့
မအောင်မြင်ပါဘူး။
အောင်မြင်ချင်ရင်တော့ အောင်မြင်ဖို့အတွက် စပြီး အလုပ်လုပ်ဖို့ လိုသလို ကိုယ့်ကိုယ်ကို Humble ဖြစ်ဖြစ်နဲ့ အဖိုးတန်တဲ့ ဒေါ်လာရွက်တွေလို အသံတိတ်နေဖို့လိုပါတယ်။ အကြွေတွေသာ အသံတွေ မြည်တာမို့ ကိုယ့်ကိုယ်ကို အမြဲ သုံးသပ်နေဖို့လိုပါတယ်။
အခု ကျွန်မနဲ့ အတူ ဓာတ်ပုံတွဲရိုက်ထားတဲ့ ကျွန်မရဲ့ Mentor/ Coach - Than Merrill ဟာဆိုရင် သူဟာ အသက် ၄၃ နှစ်ပဲ ရှိပါသေးတယ်။
သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဆိုရင် $100 million ရှိပါတယ်။ Millionaire တစ်ယောက်ရဲ့ ဝတ်ပုံစားပုံကို
ကြည့်ရုံနဲ့ ဘယ်လောက် Humble ဖြစ်လဲ ဆိုတာသိနိုင်ပါတယ်။
သေခြာတာတော့ အောင်မြင်ကြတဲ့လူတိုင်းဟာ
သူတို့ဘဝမှာ လဲကျသွားလဲ ဘယ်တော့မှ အရှုံးမပေးပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြည့်ဝပြီး အမြဲ ကြိုးစားနေကြတဲ့ လူတွေ ဖြစ်နေကြပါတယ်။
ဒီနေရာမှာ Over confidence ဖြစ်တဲ့သူနဲ့
Self Believe ရှိတဲ့သူဟာ မတူဘူးဆိုတာတော့ ခွဲခြားသိမြင်ဖို့လိုပါတယ်။
နောက်ဆုံးပြောချင်တာကတော့
"Self-belief and hard work will always earn you success." Believe in yourself and your time will come.

ခင်မင်စွာဖြင့်
-Natalie K-

Digital creator

03/21/2023

စိတ်ဓာတ်ကို မိတ်ကပ်နဲ့ ဖုံးစရာမလိုဘူး..🌹
နှလုံးသားက လှနေရင် သင်ဟာဘုရင်မပဲ

ငယ်ရွယ်နုနယ်တဲ့ တစ်ချိန်တုန်းက
ရုပ်အလှက အရေးကြီးဆုံးလို့ထင်လိမ့်မယ်

တစ်ကယ်တော့ ရုပ်ရည်ကိုလှပဖို့
ဘယ်လောက်ပြင်ပြင်
စိတ်ဓာတ်မလှရင်အလကားပါပဲ...

လှအောင် ပြုံးစရာမလိုဘူး
သင့်အပြုံးက ချိုနေရင်
ဘယ်လိုပြုံးပြုံး လှနေမှာပဲလေ...
သူများသက်မှတ်ထားတဲ့
ဘဝနဲ့ရှင်သန်မနေပါနဲ့ ကိုယ့်ဘဝကိုယ်မြှင့်
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ထိန်းသိမ်းပါ...

လောကမှာ အပြစ်မြင်တဲ့
မျက်လုံးက များသလောက်
ချီးကျူးမယ့် မျက်လုံးတွေက နည်းလွန်းတယ်
ကဲ့ရဲ့တဲ့ ပါးစပ်တွေ များသလောက်
ချီးကျူးမယ့် ပါးစပ်တွေက
ဝန်လေးနေတတ်ကြတယ်...

လောကကြီးထဲ ဖြတ်သန်းတဲ့အခါ
သူများရဲစိတ်နဲ့ ရှင်သန်ဖို့မလိုပါဘူး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ
မိတ္တူ ဘယ်လောက်ကောင်းကောင်း
မူရင်းကိုမမှီပါဘူး...
ဘယ်သူဘယ်လောက်ပြောပြော
အချိန်တန်ရင် အမှန်တရားဆိုတာ ပေါ်လာစမြဲပါ...

သူများပြောတိုင်း လိုက်ခံစားနေရင်
ကိုယ်က သူတို့စိတ်နဲ့
ရှင်သန်နေရသလိုဖြစ်နေမှာပါ
သင့်ကို ချစ်တဲ့သူက သင့်အကြောင်း
အကောင်းပြောပြီး သင့်ကို မလိုတဲ့သူက
သင့်အကြောင်း မကောင်းပြောကြမယ်
ဒါသဘာဝပဲ လေ ခံစားနေဖို့မလို့ပါဘူး
ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်ပါ အေးချမ်းပါတယ် ...🌹

🌸🌸🌸🌸🌸
Credit to original writer
#စာအုပ်စာပေလူ့မိတ်ဆွေ

Digital creator

Address

Landmark
Alexandria, VA
22312

Opening Hours

Monday 8:30am - 5:30pm
Tuesday 8:30am - 5:30pm
Wednesday 8:30am - 5:30pm
Thursday 8:30am - 5:30pm
Friday 8:30am - 5:30pm
Saturday 9am - 2pm

Telephone

+15714558255

Website

Alerts

Be the first to know and let us send you an email when Natalie Kobman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Alexandria

Show All