Sagaing Gazette

Sagaing Gazette VIVA LA REVOLUTION
(17)

စစ်ကိုင်းမြို့နယ် အုန်းတော ၆၀၀၅ တင့်ကားတပ် နှင့် မာလဲတောပျူရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ကောင်သေဆုံးနိုင်S...
24/11/2023

စစ်ကိုင်းမြို့နယ် အုန်းတော ၆၀၀၅ တင့်ကားတပ် နှင့် မာလဲတောပျူရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ကောင်သေဆုံးနိုင်

SG၊ စစ်ကိုင်းဂေဇက်
နိုဝင်ဘာ ၂၄၊ ၂၀၂၃

စစ်ကိုင်းတိုင်း စစ်ကိုင်းမြိုနယ် အုန်း တောရွာ အနီးရှိ အမှတ်၆၀၀၅ တင့်ကားတပ်နှင့် မာလဲတောပျူရွာ ကို နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၂ ရက် နှစ်ရက်ဆက် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ ကြောင်းသိရှိရပါတယ်။

၂၀၂၃ နိုဝင်ဘာ 22 ရက်နေ့ တွင် ၆၀၀၅ တပ်ကို ဗုံးသီးကျဲချရာတွင် တပ်တွင်းလက်ဖက်ရည်ဆိုင် မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရှိရပါတယ်။
သို့သော် ယူနီကွန်းပျောက်ကြားတပ်နှင့် မဟာမိတ်များ၏ အတည်ပြုချက် မရှိသေးပါ။

၂၀၂၃ နိုဝင်ဘာ 22 ရက်နေ့တိုက်ခိုက်မှု အပြီးတွင် တပ်အနီးကျေးရွာများကို ကင်းပတ်ခြင်းနှင့် တညလုံးနီးပါး လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်းသိရှိရပါတယ်။

ယခု ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ ၊ Phoenix SGG၊ Royal Falcon Guerrilla Force တို့မှ စစ်ကိုင်းမြို့နယ် ပကဖ မှထုတ်လုပ်သော ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

#စစ်ကိုင်းဂေဇက် #စစ်ကိုင်း #အုန်းတော

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား ၃ ကောင်သေနိုင်SG၊ စစ်ကိုင်းဂေဇက်နိုဝင်ဘာ ၂၄၊ ၂...
24/11/2023

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သား ၃ ကောင်သေနိုင်

SG၊ စစ်ကိုင်းဂေဇက်
နိုဝင်ဘာ ၂၄၊ ၂၀၂၃

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းအား စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း ၊ Ground Fighter နှင့် တိုက်နယ်စွန် PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ ကြောင်းသိရှိရပါတယ်။

မုံရွာ-မန္တလေးကားလမ်းပေါ် ညောင်ပင်ဝန်း ရဲကင်းစခန်းရှေ့တွင် ခရီးသွား ပြည်သူများကို လက်နက်ပြ အတင်းအဓမ္မ ငွေကြေးတောင်ခံနေသော စစ်ကောင်စီအဖွဲ့ အား ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၃ ဦး မိုင်းထိမှန် လွင့်စင်သွားသည်ကို မြင်တွေ့ရပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကာသေဆုံးနိုင်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ယက္ခထံမှ သိရှိရပါတယ်။

#စစ်ကိုင်းဂေဇက် #စစ်ကိုင်း #စစ်ကိုင်းခရိုင်တပ်ရင်း
#ညောင်ပင်ဝန်း

စစ်ကိုင်းမြို့ အနောက်တာရွာအနီးရှိ PDRF Sagaing UG စခန်း မီးရှို့ဖျက်ဆီးခံရSG၊ စစ်ကိုင်းဂေဇက်နိုဝင်ဘာ ၂၀၊ ၂၀၂၃၂၀၂၃ ခုနှစ်...
20/11/2023

စစ်ကိုင်းမြို့ အနောက်တာရွာအနီးရှိ PDRF Sagaing UG စခန်း မီးရှို့ဖျက်ဆီးခံရ

SG၊ စစ်ကိုင်းဂေဇက်
နိုဝင်ဘာ ၂၀၊ ၂၀၂၃

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၅ နာရီ ၃၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ အနောက်ဘက် ဒေါင်းမကျေးရွာ အနီးရှိ PDRF Sagaing UG စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်များမှ အနံ့ရကာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDRF တာဝန်ရှိသူမှ စစ်ကိုင်းဂေဇက် သို့ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်များက စခန်းကိုမီးရှို့ဖျက်ဆီးစဉ် ကျန်ရှိနေခဲ့သည့် လက်ပစ်သီး၊ ကပ်သီးနှင့် အခြားမိုင်းများသည် မီးထဲတွင် ပေါက်ကွဲဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။

၎င်း စခန်းမီးရှို့ဖျက်ဆီးခံရမှုတွင် မိမိတို့ PDRF Sagaing UG ဘက်မှ ရဲဘော်များသည် အထိအခိုက်မရှိပဲ ထွက်ခွာနိုင်ခဲ့ကြောင်း PDRF တာဝန်ရှိသူမှ စစ်ကိုင်းဂေဇက်သို့ပြောကြားထားပါတယ်။

ထိုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့မှုကြောင့် စစ်ကိုင်းမြို့ အနောက်တာရွာတန်း အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရပါတယ်။

မိဘပြည်သူများအနေဖြင့် ဂရုတစိုက် သတိဝရိယဖြင့် သွားလာနေထိုင်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #အနောက်တာရွာများ #ဒေါင်းမရွာ

စစ်ကိုင်းမြို့တွင် ဒလန် အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရSG၊ စစ်ကိုင်းဂေဇက်ဇူလိုင် ၁၃ ၊ ၂၀၂၃စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွ...
13/07/2023

စစ်ကိုင်းမြို့တွင် ဒလန် အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ

SG၊ စစ်ကိုင်းဂေဇက်
ဇူလိုင် ၁၃ ၊ ၂၀၂၃

စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၌ ဇူလိုင်လ ၁၁ ရက်နေ့ ည ၇ နာရီခန့်အချိန်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားပါတယ်။

လောင်းကစားဝိုင်းတွေကို အခွန်ကောက်ခံပြီး စစ်ကောင်စီထံ ပေးအပ်နေသော အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေကို ရှင်းလင်းခဲ့ကြောင်း Truth Keeping Force -AMA နှင့် 4 Power SGG တို့မှ ထုတ်ပြန်ထားပါတယ်။

Source - CRD
#စစ်ကိုင်း #စစ်ကိုင်းဂေဇက်

စစ်ကိုင်းမြို့နယ်တွင် စစ်ကိုင်း PDF ၁၄ ဦးသည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့SG၊ စစ်ကိုင်းဂေဇက်ဇွန် ၂၈၊...
28/06/2023

စစ်ကိုင်းမြို့နယ်တွင် စစ်ကိုင်း PDF ၁၄ ဦးသည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၂၈၊ ၂၀၂၃

စစ်ကိုင်းမြို့နယ် မြောက်ဘက် စဉ့်ကိုင်ရွာနှင့် တလိုင်းရွာကြားရှိ စစ်ကိုင်း-ရွှေဘို မဟာဗျူဟာလမ်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယနေ့ ဇွန် ၂၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အင်အားအများအပြား၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် ထိတွေ့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ခွေး ၁ ဦး ဒဏ်ရာရရှိသွားကြောင်းသိရှိရပါတယ်။

ထို့နောက် အလွန်အမင်းဝမ်းနည်းစွာဖြင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၄) ဦးသည် စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ကြောင်းသိရှိရပါတယ်။

တိုက်ပွဲအတွင်း စနိုက်ပါ ၁ လက်၊ Type 81 ၇ လက်၊ KA 25 ၃ လက်၊ SIG Sauer P 320 ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ အိုင်ကွန် ၆ လုံး၊ လက်လုပ်ဗုံး အများအပြား လက်နက်အများအပြားကိုလည်း ဆုံးရှုံးလိုက်ရကြောင်းသိရှိရပါတယ်။

"စစ်ကိုင်းခရိုင်တပ်ရင်း ၃ တွင်တာဝန်ထမ်းဆောင်လျက်ရှိကြသော ရဲဘော်အဇဲ (ဒုတပ်ရင်းမှူး)၊ရဲဘော်လင်းရောင်(တပ်ခွဲမှူး)၊ရဲဘော်တိုးကြီး(တပ်စိတ်မှူး)၊ရဲဘော်ငရဲ၊ရဲဘော်ဆံဝါ၊ရဲဘော်နန်းကြီး၊ရဲဘော်တေဇ၊ရဲဘော်စိုးကြီး၊ရဲဘော်ရဲဇော် တို့သည် နိုင်ငံနှင့်ပြည်သူ့အတွက် ရဲဝင့်စွာ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့၏ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။" ဟု စစ်ကိုင်းခရိုင်တပ်ရင်း၃ မှ ရဲဘော် ၉ ဦးသည် မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ဝမ်းနည်းကြေကွဲစွာ ထုတ်ပြန်ကြေညာထားပါတယ်။

မိဘပြည်သူများအနေဖြင့် နိုင်ငံတော်၏ အနာဂတ်များကို ပစ်မထားကြဖို့ရန်နှင့် မိမိတတ်နိုင်သည့် နေရာမှ အတတ်နိုင်ဆုံးပါဝင်အားဖြည့်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #တလိုင်းရွာ #စဉ့်ကိုင်ရွာ #ဗျူဟာလမ်း #တပ်ရင်းရုံး
#စစ်ကိုင်းခရိုင်တပ်ရင်း၃

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးအပြီး တော်လှန်ရေးရဲဘော်များနှင့်ပြည်သူ ၂၀ ကိုသ...
27/06/2023

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးအပြီး တော်လှန်ရေးရဲဘော်များနှင့်ပြည်သူ ၂၀ ကိုသတ်ဖြတ်သွား၊
အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သွားကြောင်းသိရ

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၂၇၊ ၂၀၂၃

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာ ကို စစ်တပ်က ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း ဝင် ရောက်စီးနင်းစဉ် လူ ၁၈ ဦးကို သတ် ဖြတ်ခဲ့ ရာမှ ယနေ့ တွင် အလောင်း ၂ လောင်းထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း အသတ် ခံ ရသူ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကင်းတော်ရွာနှင့် မြင်းဆည်ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းချိန် တော်လှန်ရေး ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ယနေ့တွင် အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရသဖြင့် စုစုပေါင်း အသတ်ခံရသူ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

" ဒီနေ့၂ လောင်းထပ်တွေ့တယ်။ ငါန်းဇွန် ပကဖ တွေပဲ။ စုစုပေါင်း ၂၀ ဦး အသတ် ခံရတယ်။ တော်လှန်ရေး ရဲဘော် ကျားနဲ့ မ ၁၇ ဦး။ ပြည်သူ ၃ ဦး အသတ်ခံရတာပါ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါသည်။

အသတ်ခံရသူ အမျိုးသမီးများ၏ အင်္ဂါများတွင် ထိုးသွင်းဒဏ်ရာများရှိနေပြီး ကိုယ်ခန္ဓာများတွင်လည်း အချုပ်ခံရထားပြီး မုဒိမ်းကျင့်ခံထားရသည့် ဒဏ် ရာများရှိကြောင်း၊ မစင်များလည်း ထွက်နေကြောင်း သိရှိရသည်။

"အမျိုးသမီးတွေကို အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်သွားတာပါ" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံထားရစဉ် ရရှိထားသော ဒဏ်ရာများကို တွေ့ရစဉ်
Photo & Source - Khit Thit Media
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #ကင်းတော်ရွာ #မြင်းဆည်ရွာ

စစ်ကိုင်းမြို့နယ်၊ မြစ်ရိုးခုနှစ်ရွာတန်းဘက် အကြမ်းဖက်စစ်ကောင်စီ မှပြည်သူ ၃ ဦးကိုသတ်ဖြတ်ခဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်...
26/06/2023

စစ်ကိုင်းမြို့နယ်၊ မြစ်ရိုးခုနှစ်ရွာတန်းဘက် အကြမ်းဖက်စစ်ကောင်စီ မှပြည်သူ ၃ ဦးကိုသတ်ဖြတ်ခဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့ကျဆုံး၊
စစ်ကြောင်းထိုးပြန်သွားသော စကစယာဉ်တန်းကိုမိုင်းဆွဲရာ စကစတပ်သားအများအပြားသေဆုံးနိုင်

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၂၆ ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြစ်ရိုးခုနှစ်ရွာတန်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့မှ ရေကြောင်းမှ ဝင်ရောက်လာကာ စစ်ကြောင်းထိုးခဲ့ပြီး ကင်းတော်ရွာက ပြည်သူ ၂ ဦး၊ ကိုင်းပြင်က ပြည်သူ ၁ ဦးကို ပစ်သတ်သွားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ကျဆုံးခဲရပြီး ပြည်သူတွေရဲ့နေအိမ်တွေကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြပါတယ်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ် တဘက်ကမ်း ငါန်းဇွန်ဘက်ကနေ ရေကြောင်းမှ ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ မြစ်ရိုးတန်းဘက် စစ်ကြောင်းထိုးခဲ့ပါတယ်။

ကင်းတော်ရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးစခန်းတခုကို တိတ်တဆိတ် ချဉ်းကပ်ခဲ့ပြီး ကင်းသမားကိုသတ်ပြီး စခန်းကိုစီနင်းပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တွေ ကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ တိုက်ပွဲမှာပါဝင်ခဲ့ တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ တိုက်နယ်စွန်ကတော့ နံနက် ၅:၅၀ နာရီအချိန် မှာ တပ်စိတ် ၁ စိပ်၊ နံနက် ၆:၁၈ နာရီကျော်မှာ တပ်စိတ် ၃ စိပ် နဲ့ တိုက်ပွဲပါဝင်တိုက်ခိုက်ခဲ့ပြီး မြင်းဆည်ရွာ နှင့် လက်ပံတောရွာကြားမှာ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ ၆၀ မမနဲ့ ၇ လုံး ပစ်ခတ်ပြီး နောက်ကို ခေတ္တပြန်ဆုတ်ခဲ့တယ်၊ ၈၀ မမ ၂ လုံးနဲ့ စစ်ကြောင်းရှိရာကိုထပ်မံပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းမှ လက်ပံတောရွာ၊ ကင်းတော်ရွာ၊ ဥယျာဉ်ရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ‌တွေရဲ့နေအိမ်တွေ အများအပြားဆုံးရှုံးခဲရပြီး လက်ပံတောရွာက နေအိမ်ဆုံးရှုံးမှုများခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးစခန်းက ပစ္စည်းဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

ညနေ ၄ နာရီ အချိန်မှာ စစ်ကိုင်း တပ်မ ၃၃ က တပ်ကူထွက်လာတဲ့ အင်အားပြည့်လိုက်ပါလာတဲ့ ဒိုင်နာကား ၂ စီး ရွာသစ်ကြီး ရောက်ရှိလာပြီး ဆက်လက်ထွက်လာရာ သုံးလင့်ရွာထိပ်ထိရောက်ရှိလာပြီး ကင်းတော်ရွာ ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်သားများကို ကယ်ထုတ်ခေါ်ယူသွားပါတယ်။

ည ၆:၅၀ နာရီလောက်မှာတော့ သုံးလင့်ရွာဘက်ကနေ ကား ၂ စီး ရွာသစ်ကြီးစခန်းကို ထွက်လာပါတယ်၊ စစ်သားတွေကတော့ ခြေလျင်လျှောက်လာခဲ့ကြတာဖြစ်ပါတယ်။

ည ၇နာရီခွဲ အချိန်ခန့်မှာ စစ်ကိုင်း တပ်မ ၃၃ ကနေ အင်အားပြည့်လိုက်ပါလာတဲ့ သံပြားကာ စစ်ကား ၂စီး၊ Express ကားတစီး ရွာသစ်ကြီးကိုထွက်ခွာလာခဲ့ကြပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ရွာသစ်ကြီးကနေ စစ်ကိုင်း တပ်မ ၃၃ အပြန် လမ်းခုလတ်မှာ စုတ်ပြတ်သွားအောင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သံပြားကာ စစ်ကားတစီး သံပြားတွေပွင့်ထွက်ခဲ့ကာ မောင်းမရအောင်ပျက်စီးသွားပါတယ်။ စစ်ကောင်စီစစ်သား အတော်များများ ထိခိုက်သေဆုံးမှု‌ရှိနိုင်ပါတယ်။ စစ်ကောင်စီ စစ်သားများက မိုင်းဆွဲခံရတဲ့ လမ်းတလျှောက်မှာ အချိန်အတော်ကြာအောင် သေနတ်ပစ်ဖောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြပါတယ်။ ည ၉ နာရီခွဲလောက်မှာတော့ ကား ၂ စီး နှင့် Express ကား အရင်ပြန်သွားနှင့်ခဲ့ပါတယ်။

ည သန်းခေါင်ကျော်ချိန် ည ၁၂ နာရီခွဲခန့်မှ ဒိုင်နာကား တစီး၊ သံပြားကာ စစ်ကား ၂ စီး စစ်ကိုင်း တပ်မ ၃၃ ဘက်ပြန်လာရာ ပျက်နေတဲ့ သံပြားကာ တစီးကို ဆွဲလာခဲ့ပါတယ်။ ဒိုင်နာကားတစီးနဲ့ စစ်သားများ ကတော့ မိုင်းဆွဲခံရတဲ့လမ်းမှာ ကျန်ရစ်နေခဲ့ပါတယ်။

Photo - Internet
Source - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #ဧရာဝတီ

စစ်ကိုင်းမြို့တွင်း ‌အမေစုမွေးနေ့တွင် ပန်းသပိတ်ပြုလုပ်တယ်ဟုဆိုကာ 2 ဦးဖမ်းဆီးခံရSG၊ စစ်ကိုင်းဂေဇက်ဇွန် ၂၀၊ ၂၀၂၃စစ်ကိုင်းမ...
20/06/2023

စစ်ကိုင်းမြို့တွင်း ‌အမေစုမွေးနေ့တွင် ပန်းသပိတ်ပြုလုပ်တယ်ဟုဆိုကာ 2 ဦးဖမ်းဆီးခံရ

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၂၀၊ ၂၀၂၃

စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ ငါးထပ်ကြီးဘုရားလမ်း၊ ဘော်ဂါကျောက်ဝိုင်းအနီးက second ဖုန်းအရောင်းတဆိုင်ကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

Source - CRD, Photo - CRD
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #ပန်းသပိတ်

❗စစ်ကိုင်းတံတားနှာပေါက်တွင် ဆိုင်ကယ်များ၊ ကားများကို Toolbox ဖွင့်စစ်ဆေးနေ (9:35AM)❗ဇွန် ၁၅၊ ၂၀၂၃SG၊ စစ်ကိုင်းဂေဇက်စစ်ကိ...
15/06/2023

❗စစ်ကိုင်းတံတားနှာပေါက်တွင် ဆိုင်ကယ်များ၊ ကားများကို Toolbox ဖွင့်စစ်ဆေးနေ (9:35AM)❗

ဇွန် ၁၅၊ ၂၀၂၃
SG၊ စစ်ကိုင်းဂေဇက်

စစ်ကိုင်းတံတား (ရတနာပုံတံတား) မန္တလေးဘက်ခြမ်း နှာပေါက်ဝတွင် ယနေ့ ဇွန် ၁၅ ရက်နေ့ မနက် ၉ နာရီခန့်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒယ်ဘယ်ကပ်ကားသေး ၂ စီးဖြင့် လာရောက်ပြီး ဆိုင်ကယ်များကို တူးဘောက်များဖွင့်ဖောက်စစ်ဆေးခြင်း၊ ဆိုင်ကယ် စီးလာသူ၏ အိတ်များကို လှန်လှောရှာဖွေဖြင်း နှင့် ကားများကို အသေးစိတ်စစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။

သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Photo - SG
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းတံတား #စစ်ကိုင်းတံတားနှာပေါက်

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်များကို ဖမ်းဆီးရုံသာမက ဒလန်များကြောင့် လူငယ်အချို့ကိုပါ ဖမ်းဆီးမှုများရှိခဲ့SG၊ စစ်ကိုင်း...
09/06/2023

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင်များကို ဖမ်းဆီးရုံသာမက ဒလန်များကြောင့် လူငယ်အချို့ကိုပါ ဖမ်းဆီးမှုများရှိခဲ့

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၉၊ ၂၀၂၃

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်သွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ရာဒေသများတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာများရှိ နေအိမ်များကို လူမဆန်စွာ မီးတင်ရှို့ခဲ့သောကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထိုသို့ စစ်ဘေးရှောင်ပြည်သူများအနက် စစ်ကိုင်းမြို့တွင်းရှိ ဘုန်းကြီးကြောင်းအချို့တွင် တိမ်းရှောင်လျက်ရှိသော ပြည်သူအချို့ကို အကြမ်းဖက်စစ်ကောင်စီမှ လိုက်လံဖမ်းဆီးမှုများရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့ ရွှေတောင်ဦးမှော်ကျောင်းတိုက် မှ ၂ ဦး၊ ပြည်တော်အေးကျောင်းတိုက် မှ ၂ ဦး၊ ဝါဆိုဧမြဥယျာဉ် ပရိယတ္တိ စာသင်တိုက် မှ ၂ ဦး၊ တိလောကဂုရုချောင် ဘုန်းကြီးကျောင်းတိုက် မှ ၃ ဦး၊ စုစုပေါင်း စစ်ရှောင်ပြည်သူ ၉ ဦး တို့ကို အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီတပ်၏ ဒလန်များကြောင့် စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်၊ ဇေယျာကွက်သစ်ရပ်ကွက် တို့ရှိ လူငယ်အချို့သည် ဖမ်းဆီးခံနေရကြောင်းကြားသိရပါတယ်။

စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ယခုအချိန်သည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များ ပျူစောထီးများ ဒလန်များကို သုတ်သင်ရှင်းလင်းရေးများလုပ်ဆောင်နေသောကြောင့် ည ၈ နာရီမှ နံနက် ၃ နာရီအတွင်း နေအိမ်ပြင်ပသို့သွားလာခြင်းမပြုကြရန် မိဘပြည်သူများသို့ မေတ္တာရပ်ခံထားကြောင်းသိရပါတယ်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အစစအရာရာ သတိဝီရိယဖြင့် ဂရုတစိုက် သွားလာနေထိုင်ကြရန် မေတ္တာရပ်ခံအပ်ပါတယ်။

Photo - တိလောကဂုရုချောင် ဘုန်းကြီးကျောင်းတိုက်
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ဘေးသင့်ပြည်သူများ

စစ်ကိုင်းမြို့နယ်အတွင်း ည 8 နာရီမှ မနက် 3 နာရီအတွင်း အပြင်မထွက်ကြရန် စစ်ကိုင်း PDF မှ မေတ္တာရပ်ခံSG၊ စစ်ကိုင်းဂေဇက်ဇွန် ...
08/06/2023

စစ်ကိုင်းမြို့နယ်အတွင်း ည 8 နာရီမှ မနက် 3 နာရီအတွင်း အပြင်မထွက်ကြရန် စစ်ကိုင်း PDF မှ မေတ္တာရပ်ခံ

SG၊ စစ်ကိုင်းဂေဇက်
ဇွန် ၈၊ ၂၀၂၃

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် စစ်ကိုင်းမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မိဘပြည်သူ များထံသို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

တော်လှန်ရေးကာလသည် အရှိန်အဟုတ်မြှင့်လာသည်နှင့်အမျှ စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက်တိုင် ပျူစောထီးများ၊ ဒလန်များအား သုတ်သင်ရှင်းလင်းနေရသည့် ကာလဖြစ်သည့် အတွက် ဒေသန္တရလိုအပ်ချက်အရ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

စစ်ကိုင်းမြို့ပေါ်နှင့်စစ်ကိုင်းမြို့အနီးပတ်ဝန်းကျင်ကျေးရွာများအား ည ၈း၀၀ နာရီ မှ နံနက် ၃း၀၀ နာရီအတွင်း လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း၊ အပြင်ထွက်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။

ည ၈း၀၀ နာရီ မှ နံနက် ၃းဝဝ နာရီအတွင်း စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများမှ အလုပ်လုပ်ရန် လုပ်ငန်းကိစ္စများ ရှိပါသဖြင့် တားမြစ်ထားသည့်အချိန် ထွက်လာပါက ပျူ၊ ဒလန်၊ ရဲခွေး၊ စစ်ခွေးများဟု သတ်မှတ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် လုံးဝ(လုံးဝ) မထွက်ပါရန်နှင့်လိုက်နာပေးနိုင်ရန် မေတ္တာရပ်ခံအပ်ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ မှ ဗိုလ်ယက္ခ မှ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက်

ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူSG၊ စစ်ကိုင်းဂေဇက်မေ ၂၆၊ ၂၀၂၃နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်း...
26/05/2023

ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

SG၊ စစ်ကိုင်းဂေဇက်
မေ ၂၆၊ ၂၀၂၃

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ သည် မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်မှာ ပျံလွန်တော်မူသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်ရှည်ဆေးကုသမှုခံယူခဲ့ရပြီးနောက် ဆရာတော်ဟာ သူသီတင်းသုံးရာ မန္တလေး ဗန်းမော်ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားတာလို့ ဆရာတော်ရဲ့ တပည့်တွေထံကနေ သိရပါတယ်။

ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅ နှစ် ဝါတော် ၇၅ ဝါ ရှိပါပြီ။

ဆရာတော်ဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရဘဲရွာဇာတိဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

သာသနာဘွဲ့ထူးတွေ များစွာရရှိထားပြီး၊ အဋ္ဌကထာကျမ်းကြီး ကိုးကျမ်းကို ပါဋ္ဌိဘာသာနဲ့ ဖြေဆိုအောင်မြင်ပြီး "သိရောမဏိ" ဘွဲ့ကိုရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသော ဆရာတော်လည်း ဖြစ်ပါတယ်။

ဆရာတော်ဟာ ၂ဝ၁၀ ပြည့်နှစ်ကစတင်ပြီး သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

Photo - CRD
#ဗန်းမော်ဆရာတော် #နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဌ #စစ်ကိုင်း #မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် #စစ်ကိုင်းဂေဇက်

အကြမ်းဖက်စစ်ကောင်စီက ပဒူကျေးရွာရှိ ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကိုမီးရှို့နေSG၊ စစ်ကိုင်းဂေဇက်မေလ ၂၄ ၊ ၂၀၂၃စစ်ကိ...
24/05/2023

အကြမ်းဖက်စစ်ကောင်စီက ပဒူကျေးရွာရှိ ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကိုမီးရှို့နေ

SG၊ စစ်ကိုင်းဂေဇက်
မေလ ၂၄ ၊ ၂၀၂၃

စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာ အား စစ်ကောင်စီ စစ်ကြောင်းမှ ထပ်မံ မီးရှို့နေပါတယ်။

ယနေ့ မေလ ၂၄ ရက်နေ့ ညနေ ၅:၃၀ နာရီအချိန်ခန့်မှာ ပဒူ‌ရွာထဲ အကောင်းအတိုင်းရှိနေတဲ့ နေအိမ်တွေကို ထပ်မံမီးရှို့နေတာဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းမှ ပဒူ‌ ကျေးရွာက နေအိမ်အများအပြားကို မီးရှို့ခဲ့ကြပြီးနောက် အကောင်းအတိုင်းကျန်နေတဲ့‌ နေအိမ်တွေက ပစ္စည်းများကို ခိုးယူသယ်ဆောင်ပြီးချိန်မှာ မီးရှို့နေတာဖြစ်ပါတယ်။

ရွာထဲက ဈေးဆိုင်တွေ အိမ်တွေက ပစ္စည်းတွေကို ၁၂ ဘီးကား ၂စီးနဲ့ တပ်မ ၃၃ ထဲသယ်နေတယ်လို့ သိရပါတယ်။

Photo - CRD
Source - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
#ပဒူကျေးရွာ #စစ်ကိုင်း #စစ်ကိုင်းဂေဇက်

စစ်ကိုင်းမြို့ ယနေ့ နံနက်ပိုင်း စစ်ကိုင်းတံတားပေါ်တွင် လူငယ်တစ်ဦးအား စကစစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားSG၊ စစ်ကိုင်းဂေဇက်မေ...
18/05/2023

စစ်ကိုင်းမြို့ ယနေ့ နံနက်ပိုင်း စစ်ကိုင်းတံတားပေါ်တွင် လူငယ်တစ်ဦးအား စကစစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထား

SG၊ စစ်ကိုင်းဂေဇက်
မေ ၁၈၊ ၂၀၂၃

ယနေ့ မေလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့မှ မန္တလေးသို့အထွက် စစ်ကိုင်းဘက်ခြမ်း ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ လူငယ်တစ်ဦးအား ကားလမ်းမပေါ် မှောက်ခိုင်းထားပြီး လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးထားကြောင်း မျက်မြင်အချို့ထံမှ သိရှိရပါတယ်။

"နေပူကြီးထဲ လမ်းမှာပေါ်မှာ ဝက်ယား မှောက်ခိုင်းထားတာ လက်ပြန်ကြိုးတုပ်ထားသေးတယ် စစ်သားတွေကသေနတ်တွေနဲ့လည်းချိန်ထားတာ ရက်စက်လိုက်တာ ရှင်..." ဟု စစ်ကိုင်းဂေဇက်ထံသို့ မျက်မြင်တစ်ဦးမှ ယခုလိုအကြောင်းကြားခဲ့ပါသည်။

ထို့နောက် စစ်ဆေးရေးဂိတ်ရှိ အကြမ်းထက်တပ်သားများနှင့် မော်တော်ပီတပ် တို့သည် စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ ဆိုင်ကယ် နံပါတ်များ ကားနံပါတ်များကို တိုက်စစ် နေပြီး တစ်ခုခုကို လိုက်ရှာစစ်ဆေးနေကြောင်း သိရှိရပါတယ်။

မိဘပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

Photo - Internet
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းတံတား #ရတနာပုံတံတား

13/05/2023

ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်မှ ဘေးကင်းစေဖို့ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို လိုက်နာကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

ပြည်သူပြည်သားအားလုံး ဘေးကင်းကြပါစေ ဟုစစ်ကိုင်းဂေဇက်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#စစ်ကိုင်ဂေဇက်

03/05/2023

❗စစ်ကိုင်းမြို့❗(8:00AM)

မေ ၃၊ ၂၀၂၃
SG၊ စစ်ကိုင်းဂေဇက်

စစ်ကိုင်းမြို့မှ မန္တလေးသို့ ဆက်သွယ်ထားသော ရတနာပုံတံတား (စစ်ကိုင်းတံတား) ထိပ်တွင် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်မှစတင်ကာ စစ်ခွေးများမှ ကားများနှင့် ဆိုင်ကယ်များပါမကျန် Toolbox များ၊ အထုပ်များ၊ အိတ်များကိုပါ လှန်လှောစစ်ဆေးနေကြောင်းသိရှိရပါတယ်။

မိဘပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းတံတား #ရတနာပုံတံတား

22/04/2023

မိုင်းဘုန်းဆရာတော်ကြီးမှ တိုက်ပွဲဖြစ်ရာသို့ ကြွရောက်လာပြီး MDY-PDF တို့ကို အန္တရာယ်ကင်းအဆောင်တို့ဖြင့် မေတ္တာပို့ချီးမြှင့်ခဲ့

ဧပြီ ၂၂၊ ၂၀၂၃
SG၊ စစ်ကိုင်းဂေဇက်

သင်္ကြန်မတိုင်မီ ဧပြီ(၁၁) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ စစ်အုပ်စု တိုက်ပွဲဖြစ်ပွါးရာနေရာကို မိုင်းဘုန်းဆရာတော် ကြွရောက်ပြီး MDY-PDF ရဲဘော်တွေကို အန္တရာယ်ကင်းအဆောင်နှင့် မေတ္တာပို့ ဩဝါဒ ချီးမြှင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

"၂၀၂၃ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွချီရင်း မိမိတို့ တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွါးနေသော နေရာသို့ ဖြတ်သန်းသွားခဲ့သည်။ အင်အားသုံးအနိုင်ကျင့်နေသူများကို တရားသောစစ်ဖြင့် တွန်းလှန်တိုက်ထုတ်နေသော မိမိတို့ တပ်ဖွဲ့ဝင်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီး ကြွရောက်လာသဖြင့် တိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့ပြီး ဆရာတော် ဘေးကင်းရာဒေသသို့ ရောက်ရှိသည်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီးအား ဖူးမြှော်ခွင့်ရခဲ့ပြီး ဆရာတော်မှ မိမိတို့တပ်ဖွဲ့ဝင်များအပေါ်တွင် အန္တရာယ်ကင်းအဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ပါသည် “လို့ဖော်ပြထားပါတယ်။

ဒါအပြင် "ဓမ္မသည်သာလျှင် အောင်နိုင်ရာဟု လက်ခံယုံကြည်ထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် မိုင်းဘုန်းဆရာတော်ဘုရားကြီး ကျန်းမာ အသက်ရှည်၍ သာသနာအကျိုးကို ယခုထက်ပိုမို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ပြုအပ်ပါသည် “ လို့လည်းဆိုပါတယ်။

Video - CRD
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #မိုင်းဘုန်းဆရာတော်

ဒေသခံများအလိုမရှိသော စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ဒလန်အုပ်ကြီး ငရဲရောက်သွားကြောင်းသိရSG၊ စစ်ကိုင်းဂေဇက်ဧပြီ ၂၀ ၊ ၂၀၂၃...
20/04/2023

ဒေသခံများအလိုမရှိသော စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ဒလန်အုပ်ကြီး ငရဲရောက်သွားကြောင်းသိရ

SG၊ စစ်ကိုင်းဂေဇက်
ဧပြီ ၂၀ ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးကျော်စိုး ပျူ ဒလန် အလုပ်ကောင်း၍ သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂၀ ရက် နံနက် ၉ နာရီလောက်က တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၃ အနီး ရွာထောင်ဘူတာရှိ နှင်းရွှေရည် လက်ဘက်ရည်ဆိုင်မှာ ပျူဒလန် အလုပ်ကောင်းနေတဲ့ ဦးကျော်စိုးတစ်ယောက် သေနတ်နဲ့တေ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၉ ရက်နေ့က သာစည်ရပ် ရှင်ပင်ကူနီဘုရားဝန်းမှာ ကျော်စိုးနှင့် စကစထွေအုပ်က တာဝန်ရှိသူများပေါင်းကာ ရပ်ကွက်နေပြည်သူများ အား ရေရုံးကိစ္စ ဆွေးနွေးရန်ဟုဆိုကာ လိမ်လည်ခေါ်ယူခဲ့ပြီး ရပ်ကွက်အတွင်းမှ PDF များ၊ တော်လှန်ရေး သမားများရှိပါက သတင်းပေးရန် ပြောကြားခဲ့ပါသေးတယ်။

ယခုတော့ ဦးကျော်စိုးတစ်ယောက် ဆေးရုံရောက်ခဲ့ပေမဲ့ သေပြီလို့သိရပါတယ်။

တော်လှန်အရေးအစကနဦးကတည်းက ဒလန်လုပ်လာတဲ့ ဦးကျော်စိုး အသေနောက်ကျတယ်လို့ မြို့ခံတဦးကပြောပါတယ်။ ဦးကျော်စိုးကြောင့် လူတော်တော်များများ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာတွေရှိခဲ့ပါတယ်။

ဦးကျော်စိုးတစ်ယောက် လက်ဘက်ရည်ကို ပုံမှန်သောက်တာလား၊ ဖန်ချိုသောက်တာလား၊ ချိုကြီးသောက်တာလား၊ လက်ဘက်ရည်ကုန်‌အောင်သောက်သွားနိုင်သလားဆိုတာ ကျနော်တို့မသိတဲ့အတွက် မမေးကြရန်မေတ္တာရပ်ခံပါတယ်။

Photo - 2021 ခုနှစ်တွင် စစ်ကောင်စီခန့် စိန်ကုန်းအုပ်ကြီးအလိုမရှိကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြသည့်မှတ်တမ်းတစ်ချို့

Source - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းမြို့စိန်ကုန်းရပ်ကွက် #စိန်ကုန်းရပ်ကွက်

စစ်ကိုင်းမြို့ရှိ စကစရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲ၊၄ ဦးထိခိုက်ကြာင်းသိရSG၊ စစ်ကိုင်းဂေဇက်ဧပြီ ၁၄ ၊ ၂၀၂၃စစ်ကိုင်းမြို့၊ ကမ်းန...
14/04/2023

စစ်ကိုင်းမြို့ရှိ စကစရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲ၊
၄ ဦးထိခိုက်ကြာင်းသိရ

SG၊ စစ်ကိုင်းဂေဇက်
ဧပြီ ၁၄ ၊ ၂၀၂၃

စစ်ကိုင်းမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ စစ်ကောင်စီ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ ၊ ညနေ ၅:၄၂ နာရီအချိန်မှာ စစ်ကိုင်းမြို့ ၊ ကမ်းနားလမ်းမှာရှိတဲ့ တခုတည်းသော သင်္ကြန်မဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်းမဏ္ဍပ်တည်ဆောက်တဲ့နေရာဖြစ်ပြီး စစ်ကိုင်း အမှတ် ၁ မြို့မရဲစခန်း နဲ့ အလွန်နီးကပ်တဲ့နေရာမှာရှိပြီး အဝင်လမ်းဖြစ်တဲ့ ရဲစခန်းလမ်း၊ ကမ်းနား အရှေ့ဘက်၊ အနောက်ဘက် လမ်းထိပ်ပိတ်ထားပြီး လုံခြုံရေးအပြည့်ချထားတဲ့နေရာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှု၊ စစ်ကောင်စီ စစ်သား ရဲသားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် ၄ ဦး ထိခိုက်တယ်လို့ ကနဦးကြားသိရပြီး၊ မည်သူဖေါက်ခွဲခဲ့သလဲဆိုတာမသိရသေးပါဘူး။

"စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်မှာ ၎င်းတို့ကိုယ်တိုင် ဗုံးဖေါက်ခွဲမှု ပြုလုပ်မည်ဟု အတွင်းသတင်းကြိုတင်ရရှိခဲ့ပါတယ်။" အဲ့ဒါကြောင့်လဲ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို မသွားဖို့ ကြိုတင်သတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ယမန်နေ့ သင်္ကြန်အကြိုနေကလည်း စစ်ကောင်စီ စစ်သား ရဲသားတွေက ရေလာကစားတဲ့ လူငယ်တွေကို သေနတ်ဒင်နဲ့ထု၊ လမ်းပေါ်ဝမ်းလျားမှောက်ခိုင်းပြီး ကန်ကြောက်ခဲ့ကြပါသေးတယ်။

Photo - CRD
Source - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းသင်္ကြန်၂၀၂၃ #တေယ်လှန်သင်္ကြန်

စစ်ကိုင်း PDF မှ ရဲဘော်တစ်ဦးသည် ဝမ်းနည်းစွာဖြင့် ကြွေလွင့်ခဲ့ရSG၊ စစ်ကိုင်းဂေဇက်မတ် ၃၀၊ ၂၀၂၃စစ်ကိုင်းခရိုင် အမှတ် (၁)တပ်...
30/03/2023

စစ်ကိုင်း PDF မှ ရဲဘော်တစ်ဦးသည် ဝမ်းနည်းစွာဖြင့် ကြွေလွင့်ခဲ့ရ

SG၊ စစ်ကိုင်းဂေဇက်
မတ် ၃၀၊ ၂၀၂၃

စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်း၊ ဒုရင်းမှူး ဗိုလ်ဆင်ရိုင်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီ စစ်ကြောင်းအား ခုခံတိုက်ခိုက်ရင်း ကြွေလွင့်ခဲ့ရကြောင်းသိရှိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၁) တပ်ခွဲ(၃) စခန်းအား စစ်ကောင်စီ စစ်ကြောင်းမှ စီးနင်းတိုက်ခိုက် ခဲ့ရာ လက်နက်အင်အား မပြည့်စုံမှုကြားမှ ပြန်လည်ခုခံတိုက်ခိုက်ရင်း ကြွေလွင့်ကျဆုံး ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။

စစ်အာဏာရှင်အား ခုခံတော်လှန်တိုက်ခိုက်ရင်း ကြွေလွင့်ကျဆုံးသွားသော ဒုရင်းမှူး ဗိုလ်ဆင်ရိုင်း မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းပါကြောင်းနှင့် မပြီးဆုံးသေး သော စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆက်လက်တိုက်ပွဲသွားမည်ဟု ကတိပြုပါ ကြောင်း၊ ဝမ်းနည်းကြောင်းကို စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်အသိပေးကြေညာထား‌ကြောင်းသိရှိရပါတယ်။

Photo - CRD
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ကြယ်

08/03/2023

❗စစ်ကိုင်း❗(1:00PM)

SG၊ စစ်ကိုင်းဂေဇက်
မတ် ၈၊ ၂၀၂၃

စစ်ကိုင်းမြို့နှင့်မန္တလေးအကြားရှိ စစ်ကိုင်းတံတား နှာပေါက်တွင် ယနေ့ မတ်လ ၈ ရက်နေ့ မွန်းတည့်ချိန်ဝန်းကျင် ၁၂ နာရီဝန်းကျင်မှစတင်ကာ စစ်ခွေးများ ခွေးပြာများနှင့် ခွေးဖြူများမီ အင်အားအများအပြားဖြင့် စောင့်ကြည့်နေကြောင်းသိရှိရပါတယ်။

မိဘပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက်

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို အကြမ်းဖက်စစ်တပ်မှ ဖော်ညွှန်းစရာစကားလုံးမရှိနိုင်အောင် ရက်ရက...
02/03/2023

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို အကြမ်းဖက်စစ်တပ်မှ ဖော်ညွှန်းစရာစကားလုံးမရှိနိုင်အောင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

SG၊ စစ်ကိုင်းဂေဇက်
မတ် ၂၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားကြောင်းသိရပါတယ်။

မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်း မြို့နယ်အတွင်းသို့ ရေကြောင်းမှ ဝင်ရောက်လာပြီး တာတိုင်ကျေးရွာအတွင်း သို့ ဝင်ရောက်ကာ PDF တော်လှန်ရေးရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်စွာ သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရပါတယ်။

"စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ တော်လှန်ရေး ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်ခွေးတွေက ရက်ရက် စက် စက် သတ်ဖြတ်သွားပါတယ်။ ငါန်းဇွန်ဘက်ကို ပြန်ဆုတ်သွားပြီ။ စစ်ခွေးတွေ ရေကြောင်းက ၀င်လာတာ။ မနေ့မနက် အစောကြီးက၀င် ဒီမနက်မှ ပြန်ကပ်ရတော့ အလောင်းတွေ့တာပဲ" ဟု စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုထားကြောင်းသိရပါတယ်။

ပုံများကို ခေတ်သစ်မီဒီယာ၏ Telegram Channel တွင် ကြည့်ရန်
(မှတ်ချက် - နှလုံးရောဂါရှိသူများမကြည့်ရ)
Photo - CRD
Source - Khit Thit
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းမြို့နယ်တွင် ဆိုင်ကယ်တစ်စီးအား စစ်ခွေးများမှ ကားဖြင့် လိုက်လံပစ်ခတ်ခဲ့၊စစ်ကိုင်းတံတားပေါ်တွင်လည်း ဆိုင်ကယ်တစ်စီ...
02/03/2023

စစ်ကိုင်းမြို့နယ်တွင် ဆိုင်ကယ်တစ်စီးအား စစ်ခွေးများမှ ကားဖြင့် လိုက်လံပစ်ခတ်ခဲ့၊
စစ်ကိုင်းတံတားပေါ်တွင်လည်း ဆိုင်ကယ်တစ်စီးအား မီးရှို့ထားကြောင်းသိရ

SG၊ စစ်ကိုင်းဂေဇက်
မတ် ၂၊ ၂၀၂၃

စစ်ကိုင်းမြို့နယ် မန်ကျီးစဉ်အရှေ့ရပ်တွင် ယမန်နေ့ မတ်လ ၁ ရက်နေ့ ည 7 နာရီ ခွဲ အချိန်ခန့်တွင် တပ်မ ၃၃ ဘက်မှ ဆိုင်ကယ်ကြီး တစ်စီးဖြင့် အမျိုးသား ၂ ဦးအား လိုင်စင်မဲ့စလွန်းကားအဖြူရောင်ဖြင့် တပ်မ ၃၃ မှ စစ်ခွေးများမှ လိုက်လံပစ်ခတ်ခဲ့သည်ဟု ကြားသိရပါတယ်။

ည 7 နာရီခွဲအချိန်ခန့်တွင် ထိုအမျိုးသား ၂ ဦးသည် မန်ကျီးစဉ်အရှေ့ရပ် ရွာလယ်လမ်းထဲသို့ ဝင်ရောက်ပြေးသွားစဉ်တွင် အနောက်မှ စစ်ခွေးများမှ သေနတ် ၂ ချက် လိုက်လံပစ်ခတ်သည်ဟု သိရှိရပါတယ်။

ဒေသခံများ၏ပြောဆိုချက်အရ တပ်မ ၃၃ ၏ စစ်ခွေး‌တစ်ကောင်၏ အမျိုးသမီးအပစ်ခံရသောကြောင့် လိုက်လံဖမ်းဆီးပစ်ခတ်သည်ဟူ၍ လည်းကောင်း မသင်္ကာ၍ တားဆီးစစ်ဆေးသည်ကို အစစ်ဆေးမခံပဲ ထွက်ပြေးသောကြောင့် လိုက်လံပစ်ခတ်သည်ဟူ၍လည်းကောင်း ကြားသိရပါတယ်။

ထို့နောက် ည 9 နာရီခွဲတွင် သေနတ်သံ ၇ ချက်ကြားရအပြီး ရွာအောက်အတွင်းတွင်ရှိသော အမျိုးသား ၂ ဦးနှင့် အမျိုးအစားမတူသည့်ဆိုင်ကယ်တစ်စီးအား ရွာလယ်လမ်းမှ အင်အားအများအပြားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။

ဒေသခံများပြောဆိုချက်အရ ည 7 နာရီခွဲတွင် လိုက်လံဖမ်းဆီးသည့် အမျိုးသား ၂ ဦး နှင့် ည 9 နာရီခွဲတွင် ဖမ်း‌ဆီးခေါ်ဆောင်သွားသည့် အမျိုးအသား ၂ ဦး တို့မှာ မတူညီကြကြောင်း ပြောဆိုချက်များလည်း ရှိနေပါတယ်။

ထို့နောက် ယနေ့ မတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းတံတား (ရတနာပုံတံတား) ပေါ်တွင် ဆိုင်ကယ်တစ်စီးအား လူမြင်ကွင်းတွင် မီးတင်ရှို့ထားကြောင်းလည်း မျက်မြင်သက်သေများမှ သိရှိရပါတယ်။ မည်သည့်အကြောင်းကြောင်းကြောင့် မီးရှို့ထားကြောင်းကို မသိရှိရသေးပါ။

သတင်းများကို ထပ်မံသိရှိပါက ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ဂရုတစိုက် သွားလာကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါတယ်။

Photo - ITN (စစ်ကိုင်းမြို့နယ်မန်ကျီးစဉ်အရှေ့ရပ်)
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းတံတား

စစ်ကိုင်းမြို့နယ်အတွင်း ပျူစောထီးများသည် ပရဟိတလူနာတင်ယာဉ် ကားများကို လုယူလျက်ရှိSG၊ စစ်ကိုင်းဂေဇက်ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃စစ်...
28/02/2023

စစ်ကိုင်းမြို့နယ်အတွင်း ပျူစောထီးများသည် ပရဟိတလူနာတင်ယာဉ် ကားများကို လုယူလျက်ရှိ

SG၊ စစ်ကိုင်းဂေဇက်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

စစ်ကိုင်းမြို့နယ်အတွင်း ဆင်မြေရွာအနီးတဝိုက်တွင် ယခု ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်းက မန္တလေးမြို့မှ လူနာတင်ယာဉ်ပရဟိတကား တစ်စီးအား ဆင်မြေရွာအနီးဝန်းကျင်ရှိ ပျူစောထီးများမှ လက်နက်ပြလုယူသွားကြောင်းကြားသိရပါတယ်။

ထိုပျူစောထီးများသည် ပရဟိတကားအားလုယူစဉ်တွင် မိမိတို့သည် PDF များဖြစ်ကြောင်းလိမ်လည် ပြောဆိုကြသည်ဟု ကြားသိရပါတယ်။
စစ်ကောင်စီတပ်တို့သည် စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို မလေးစားသည့်အပြင် ချိုးဖောက်နေသည်မှာ မြေကြီးနတ်က္ခမလွဲပင်ဖြစ်သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့်လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်လည်းကောင်း သတိပြုဂရုစိုက်ခြင်းဖြင့် သွားလာကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါတယ်။

Photo - 2021 February 28 ရက်နေ့တွင် ရန်ကုန်ရှိ ပရဟိတစေတနာ့ဝန်ထမ်းများအား စစ်ကောင်စီတပ်များမှအကြမ်းဖက်နေပုံမှတ်တမ်း
#စစ်ကိုင်း #စစ်ကိုင်းဂေဇက်

စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၃) အထူးကွန်မန်ဒိုစစ်‌သင်တန်းအပတ်စဉ်-၃ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းသိရSG၊ စစ်ကိုင်းဂေဇက်ဖေဖ...
28/02/2023

စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၃) အထူးကွန်မန်ဒိုစစ်‌သင်တန်းအပတ်စဉ်-၃ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းသိရ

SG၊ စစ်ကိုင်းဂေဇက်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၃)၏ ၃လတာ လေ့ကျင်သင်ကြားပေးသော အထူးကွန်မန်ဒိုစစ်‌သင်တန်းအပတ်စဉ်-၃ သင်တန်းဆင်းပွဲအား ယနေ့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ထိုသင်တန်းဆင်းပွဲအခမ်းနားတွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး၏ သ၀ဏ်လွှာအားဖတ်ကြားခြင်း၊စစ်‌ရေးပြခြင်း၊ တပ်ရင်းတာဝန်ရှိသူများမှ မိန့်ခွန်းပြောကြားခြင်းနှင့် ဆုရသင်တန်းသား/သူ များအား ဆုချီးမြင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။

#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကိုင်းတပ်ရင်း၃

စစ်ကိုင်းမြို့ စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်အား ယမန်နေ့က ၄၀ မမဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၊စကစ ရိက္ခာကားကိုလည်း မိုင်းဆွဲတ...
11/02/2023

စစ်ကိုင်းမြို့ စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်အား ယမန်နေ့က ၄၀ မမဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၊
စကစ ရိက္ခာကားကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့

SG၊ စစ်ကိုင်းဂေဇက်
ဖေဖေါ်ဝါရီ ၁၁ ၊ ၂၀၂၃

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားတဲ့ ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ယမန်နေ့ ည ‌၆ နာရီကျော် အချိန် ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ အညာ‌တပ်ပေါင်းစု(ABCF) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ကျောက်ဆည်နှင့် အုန်းတောရွာကြားမှာ ဖေဖေါ်ဝါရီလ ၄ ရက်နေ ညနေ ၄ နာရီအချိန် စစ်ကိုင်းမြို့ဘက်ကနေ ကြွယ်ပုံကျေးရွာသို့ ရိက္ခာသယ်ဆောင်လာတဲ့ စစ်ကောင်စီ စစ်သားနှင့်ပျူများပါလာတဲ့ ရိက္ခာကားကို ‌အညာတပ်ပေါင်းစုအဖွဲ့က ပဒေသာမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီ ရိက္ခာကားမှ ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာသူများတင်ဆောင်ပြီး စစ်ကိုင်းဘက် ပြန်မောင်းသွားကြတယ်လို့သိရပါတယ်။

Photo - CRD
Source - ABCF
#စစ်ကိုင်း #စစ်ကိုင်းဂေဇက်

စစ်ကိုင်းမြို့ တပ်မ ၃၃ ဂိတ်ပေါက်တွင် ယမန်နေ့က စစ်ကားကို ကားတစ်စီးပေါ်မှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့SG၊ စစ်ကိုင်းဂေဇက်ဖ...
08/02/2023

စစ်ကိုင်းမြို့ တပ်မ ၃၃ ဂိတ်ပေါက်တွင် ယမန်နေ့က စစ်ကားကို ကားတစ်စီးပေါ်မှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့

SG၊ စစ်ကိုင်းဂေဇက်
ဖေဖေါ်ဝါရီ ၈၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တပ်မ ၃၃ ဂိတ်ပေါက်တွင် စစ်ကောင်စီကားကို ကားတစ်စီးပေါ်ကနေပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါတယ်။

အမရပူရမြို့နယ် Htet Mobile မှ စစ်ကောင်စီ သတင်းပေး ဝေယံအောင်(TKF-AMA အဖွဲ့ဝင်ဟောင်း)ကို Truth Keeping Force Amarapura v2 အဖွဲ့မှ လိုက်လံသုတ်သင်ခဲ့ရာ ဝေယံအောင်နှင့် အတူ တပါတည်းပါလာသော ကား၂စီး အင်အားအပြည့် စစ်အုပ်စုနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ TKF-AMA မှ ရဲဘော်တစ်ဦးကျည်ထိမှန်(မစိုးရိမ်)ဒဏ်ရာရခဲ့ပြီး ကျန်အဖွဲ့ဝင်များမှာ အထိခိုက်မရှိ လုံခြုံသည့်နေရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ TKF-AMA က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စု အထိအခိုက်ရှိသည်ဟုသိရပြီး တပ်မ ၃၃ မြောက်ဘက် နည်းပညာတက္ကသိုလ် ကျောင်းအနီးအကွေ့မှာ လက်ဘက်ရည်ဆိုင်ထိုင်နေသူ တစ်ဦး စစ်အုပ်စုဘက်မှ ရမ်းပစ်ခတ်လိုက်သောကျည် ဝမ်းဗိုက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

Photo - Internet
Source - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
#စစ်ကိုင်း #စစ်ကိုင်းဂေဇက် #စစ်ကိုင်းတပ်မ၃၃

Address

Taipei

Website

Alerts

Be the first to know and let us send you an email when Sagaing Gazette posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other News & Media Websites in Taipei

Show All