台灣聲援緬甸聯盟 Taiwan Alliance for Myanmar

台灣聲援緬甸聯盟 Taiwan Alliance for Myanmar 由在台灣的緬甸僑民所建立的緬甸政變資訊平台。2/1緬甸軍方發動政變,至今已經十個多月,政局的混亂並沒有因為隨著國際媒體關注度下降而恢復和平,現況的緬甸仍在努力與軍方奮力抵抗當中

13/12/2025

𝘼𝒍𝙡 𝙄𝒏 𝑶𝙣𝒆 𝑷𝙞𝒆𝙘𝒆 𝑴𝙤𝒗𝙚𝒎𝙚𝒏𝙩 𝙞𝒏 𝑻𝙖𝒊𝙬𝒂𝙣

𝐹𝘳𝑒𝘦𝑑𝘰𝑚 𝑓𝘰𝑟 ℎ𝘦𝑟 , 𝑓𝘳𝑒𝘦𝑑𝘰𝑚 𝑓𝘰𝑟 𝑎𝘭𝑙
𝘑𝑢𝘴𝑡𝘪𝑐𝘦 𝘧𝑜𝘳 𝘩𝑒𝘳, 𝐽𝘶𝑠𝘵𝑖𝘤𝑒 𝑓𝘰𝑟 𝑎𝘭𝑙
𝘏𝑒𝘳 𝘍𝑟𝘦𝑒𝘥𝑜𝘮, 𝑂𝘶𝑟 𝑃𝘦𝑎𝘤𝑒












"I do not own the rights to this music. All rights belong to their respective owners. No copyright infringement intended. This video is for entertainment purposes only."

Send a message to learn more

တစ်ကမ္ဘာလုံး တစ်ရက်တည်းတစ်သံတည်း တောင်းဆိုကြတဲ့ Kim Aris (ကိုထိန်လင်း)ရဲ့All In One Piece Movement အတွက်ထိုင်၀မ်က Taipei...
13/12/2025

တစ်ကမ္ဘာလုံး တစ်ရက်တည်း
တစ်သံတည်း တောင်းဆိုကြတဲ့
Kim Aris (ကိုထိန်လင်း)ရဲ့
All In One Piece Movement အတွက်
ထိုင်၀မ်က Taipei City Hall အရှေ့ဘက်Rainbow walk မှာကျင်းပခဲ့တဲ့ ပွဲ အောင်မြင်စွာပြီးဆုံးသွားပါပြီ ခင်ဗျာ။

ကိုယ်စီ ကျရာနေရာကပါ၀င်ပေးသူများ အားလုံးကို TAMအဖွဲ့သားများမှကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

"Justice for Her, Justice for All'

"Freedom for Her, Freedom for All'

"For Her. For All. For Peace."

"Her Freedom, Our Peace"

"Reject the Military's Fake Election
Release Our Leaders First."

"No Freedom, No Fair Vote Free Our Leaders!'

"No Real Election Without Our Leaders."

"A Vote Without Our Leaders is Not Democracy."

拒絕獨裁軍人假選舉
停止傷害無辜人民
釋放翁山蘇姬
釋放所有政治犯

"ဒေါ်အောင်ဆန်းစုကြည် (အမေစု)နဲ့ နိုင်ငံရေး အကျည်းသားများအားလုံး ချက်ချင်းလွှတ်
ချက်ချင်းလွှတ်"

"အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ
အလိုမရှိ"


#အတုအယောင်ရွေးကောက်ပွဲ

Ready for Taiwan All In One Piece Movement
13/12/2025

Ready for Taiwan
All In One Piece Movement

🌷
13/12/2025

🌷

12/12/2025

ယနေ့ (13.12 .2025)
All In One Piece Movement အတွက်
Kim Aris (ကိုထိန်လင်း)ရဲ့ အမှာစကား

Freedom for her , freedom for all
သူမအတွက် လွတ်လပ်ခွင့်၊
အားလုံးအတွက် လွတ်လပ်ခွင့်

Justice for her, Justice for all
သူမအတွက် တရားမျှတမှု၊
အားလုံးအတွက် တရားမျှတမှု

ထိုင်၀မ်က ညီအစ်ကိုမောင်နှမများ
Taipei City Hall ရဲ့အရှေ့ဘက် Rainbow walk မှာ ထိုင်၀မ်အချိန် ၉နာရီ TAMနဲ့အတူ အားလုံးအတူရှိကြောင်း ပြသဖို့ လာခဲ့ကြပါဗျို့....

မိုးရွာနိုင်လို့ ပလတ်စတစ်ထီး အကြည်လေးတွေ ယူခဲ့ဖို့ မမေ့ပါနဲ့နော်🍀




#အတုအယောင်ရွေးကောင်ပွဲ

21 Cm ရဲ့ နောက်ဆုံးထုတ်တဲ့ Digital Watch တွေ ထိုင်၀မ်အတွက် TAMမှာ order တွေလက်ခံပါသေးတယ်ဗျို့.....အရေအတွက် အနည်းငယ်သာကျန...
12/12/2025

21 Cm ရဲ့ နောက်ဆုံးထုတ်တဲ့ Digital Watch တွေ ထိုင်၀မ်အတွက် TAMမှာ order တွေလက်ခံပါသေးတယ်ဗျို့.....

အရေအတွက် အနည်းငယ်သာကျန်တာမို့
မြန်မြန်လာခဲ့ကြနော်🍀


All In One Piece Movement《全球一體行動》翁山蘇姬的兒子 Kim Aris 發起了一個線上與線下同步進行的全球倡議活動。All In One Piece Movement 目的是:呼籲緬甸軍方立即釋放緬甸總統 ဦး...
11/12/2025

All In One Piece Movement《全球一體行動》

翁山蘇姬的兒子 Kim Aris 發起了一個線上與線下同步進行的全球倡議活動。
All In One Piece Movement 目的是:呼籲緬甸軍方立即釋放緬甸總統 ဦး၀င်းမြင့်以及翁山蘇姬 အောင်ဆန်းစုကြည်,並且拒絕軍方主導的假選舉。

在台灣的緬甸社群也將共同響應, 台灣聲援緬甸聯盟將會以行動展現支持。
📍 活動時間:12/13(六)早上 9:30
📍 集合地點:台北市政府廣場前(信義區市府路 1 號)
我們將以 白色衣服 與 藍色緞帶 作為行動象徵,代表對政治受難者的關懷。

🔔 參加者注意事項
* 請務必9:30準時抵達集合地點
* 請穿著 白色衣服
* 若遇下雨請自備 透明雨傘

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု) ၏သား
Kim Aris (ကိုထိန်လင်း)
ဦးဆောင်ပြုလုပ်တဲ့

တစ်ကမ္ဘာလုံး
တစ်ရက်တည်း
တစ်သံတည်း တောင်းဆိုကြမယ့်

All In One Piece Movement

digital strike and ground strike နှစ်ခုကို နိုင်ငံပေါင်းစုံ စုပေါင်းပြီး ဟန်ချက်ညီညီနဲ့ပါ၀င်ကြမှာဖြစ်ပါတယ်။
----------------------------------------------------------------
ထိုင်၀မ်မှ ညီအစ်ကိုမောင်နှမများလည်း ပါ၀င်နိုင်မယ့် အစီအစဥ် ကို TAM မှ စီစဥ်ထားပါတယ်။

ကျင်းပမည့်ရက် - 13.12.2025( စနေနေ့ )
----------------------------------------------------------------
နေရာ -
110臺北市信義區市府路1號

No. 1, City Hall Rd, Xinyi District, Taipei City, 110

Taipei City Hall 台北市政府前廣場 အရှေ့ဘက်
-------------------------------------------------------------

အချိန် - မနက် ၉နာရီခွဲ

အစီအစဥ် -
အင်္ကျီအဖြူဝတ်ဆင်၍ ၊ အကျဥ်းချခံရသူများကို ကိုယ်စားပြုသောဖဲကြိုး အပြာများ တပ်ဆင်၍
သမ္မတကြီး ဦး၀င်းမြင့် ၊လူထုခေါင်းဆောင် အမေစုနှင့်တကွ
မတရားအကျဥ်းကျခံနေသူများ အားလုံးအား လွှတ်ပေးရန်အတွက် နှင့်
အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ပုံပါ slogan စာသားများ သံပြိုင်ရွတ်ဆိုရန်။
-------------------------------------------------------------
လာရောက်ပါဝင်မည့်သူများအနေနဲ့ ပြင်ဆင်လာရန် -

သတ်မှတ်ထားသောနေရာသို့
မနက်၉နာရီအရောက် လူစုဖို့ လာရောက်ကြပါရန် ။
အင်္ကျီအဖြူ ၀တ်ဆင်ပါရန်။

မိုးရွာနိုင်သောကြောင့် ထီးယူလာမည့်သူများ ဆင်တူဖြစ်စေရန် ပလတ်စတစ်ထီး အကြည်များဆောင်းဖို့ ယူလာကြပါရန်။
-----------------------------------------------------------------
ပွဲနေရာ Google link👇
https://maps.app.goo.gl/vLEbdVHgYdiWeDcSA





#အတုအယောင်ရွေးကောင်ပွဲ




ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲပြီး စစ်အုပ်စုရဲ့ အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံးက...
11/12/2025

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံ
တိတ်သပိတ်ဆင်နွှဲပြီး စစ်အုပ်စုရဲ့ အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ လူထုသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းရဲ့ တိုက်တွန်းမှုအောင်မြင်ပါတယ်။
နိုင်ငံတဝှမ်းလုံးက ပြည်သူတွေရဲ့ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးမှုတွေ၊ မအေးသေးတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကြောင့်လဲ အသံတိတ်သပိတ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဆစ်စစ်တပ်ကျဆုံးရေးအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။ တော်လှန်ရေးမှာ အနိမ့်အမြင့်၊ အတက်အကျတွေရှိပါတယ်။ ရှုံးရင် စိတ်ဓာတ်ကျတယ်။ ကိုယ့်ဘက်ကရဲဘော်တွေကျရင် ကြေကွဲရတယ်။ ကြေကွဲလို့ရပေမယ့် ပြိုလဲလို့မရတဲ့ဒီခရီးမှာ တော်လှန်ရေးပန်းတိုင်သည်သာ ခရီးဆုံးမို့ မိုးကုတ်အနီးရှိ မန္တလေးစစ်ဌာနမှ တပ်ရင်း ၄ ရင်းဖြစ်တဲ့
- ကျောက်ဆည်ခရိုင် တပ်ရင်း ၃
- ပြင်ဦးလွင်ခရိုင် တပ်ရင်း ၅၀၉
- ပြင်ဦးလွင်ခရိုင် တပ်ရင်း ၅၁၀
- ပြည်သူ့ကာကွယ်ရေးတပ်မတော် ၅၁၃ တပ်ရင်းများအတွက် လိုအပ်ချက်များဖြည့်တင်းရန် “Defense Operations 4 (DO4)”
ကမ်ပိန်းကမ်ပိန်းလေးမှာ ပါဝင်ထောက်ပံ့ပေးဖို့နှိုးဆော်လိုက်ရပါတယ် 🙏
ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ 👋
နိုင်ငံတကာမှ ပါဝင်ကူညီနိုင်တဲ့ Fundraiser List ကိုလဲ အောက်မှာဖော်ပြထားပါတယ် 👇
https://m.facebook.com/story.php?story_fbid=1183114330632219&id=100068009905300&mibextid=wwXIfr

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု) ၏သားKim Aris (ကိုထိန်လင်း)ဦးဆောင်ပြုလုပ်တဲ့တစ်ကမ္ဘာလုံး တစ်ရက်တည်း တစ်သံတည်း...
10/12/2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု) ၏သား
Kim Aris (ကိုထိန်လင်း)
ဦးဆောင်ပြုလုပ်တဲ့

တစ်ကမ္ဘာလုံး
တစ်ရက်တည်း
တစ်သံတည်း တောင်းဆိုကြမယ့်

All In One Piece Movement

digital strike and ground strike နှစ်ခုကို နိုင်ငံပေါင်းစုံ စုပေါင်းပြီး ဟန်ချက်ညီညီနဲ့ပါ၀င်ကြမှာဖြစ်ပါတယ်။
----------------------------------------------------------------
ထိုင်၀မ်မှ ညီအစ်ကိုမောင်နှမများလည်း ပါ၀င်နိုင်မယ့် အစီအစဥ် ကို TAM မှ စီစဥ်ထားပါတယ်။

ကျင်းပမည့်ရက် - 13.12.2025( စနေနေ့ )
----------------------------------------------------------------
နေရာ -
110臺北市信義區市府路1號

No. 1, City Hall Rd, Xinyi District, Taipei City, 110

Taipei City Hall 台北市政府前廣場 အရှေ့ဘက်
-------------------------------------------------------------

အချိန် - မနက် ၉နာရီခွဲ

အစီအစဥ် -
အင်္ကျီအဖြူဝတ်ဆင်၍ ၊ အကျဥ်းချခံရသူများကို ကိုယ်စားပြုသောဖဲကြိုး အပြာများ တပ်ဆင်၍
သမ္မတကြီး ဦး၀င်းမြင့် ၊လူထုခေါင်းဆောင် အမေစုနှင့်တကွ
မတရားအကျဥ်းကျခံနေသူများ အားလုံးအား လွှတ်ပေးရန်အတွက် နှင့်
အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ပုံပါ slogan စာသားများ သံပြိုင်ရွတ်ဆိုရန်။
-------------------------------------------------------------
လာရောက်ပါဝင်မည့်သူများအနေနဲ့ ပြင်ဆင်လာရန် -

သတ်မှတ်ထားသောနေရာသို့
မနက်၉နာရီအရောက် လူစုဖို့ လာရောက်ကြပါရန် ။
အင်္ကျီအဖြူ ၀တ်ဆင်ပါရန်။

မိုးရွာနိုင်သောကြောင့် ထီးယူလာမည့်သူများ ဆင်တူဖြစ်စေရန် ပလတ်စတစ်ထီး အကြည်များဆောင်းဖို့ ယူလာကြပါရန်။
-----------------------------------------------------------------
ပွဲနေရာ Google link👇
https://maps.app.goo.gl/vLEbdVHgYdiWeDcSA





#အတုအယောင်ရွေးကောင်ပွဲ




"Our Voice, Our Fight, Our Rights“***အပြင်မထွက်၊ အသံတိတ်သပိတ်***အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင...
09/12/2025

"Our Voice, Our Fight, Our Rights“
***အပြင်မထွက်၊ အသံတိတ်သပိတ်***

အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပမယ့် စစ်အုပ်စုရဲ့ တရားမဝင် ဒီဇင်ဘာ ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပါပြီ။
မတရားရွေးကောက်ပွဲကြီး နီးကပ်လာတာနဲ့ အမျှ စစ်အုပ်စုဟာ ပြည်သူအများရဲ့ထောက်ခံမှုကို ရရှိနေသယောင် နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်မှုတွေပြုလုပ်နေပြီး
တစ်ဖက်မှာလည်း ပြည်သူတွေကို ချော့တစ်မျိုး ခြောက်တစ်ဖုံနဲ့ ရွေးကောက်ပွဲကို အထမြောက်ဖို့ ကြိုးစားနေပါတယ်။

ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။
ဒီလို အသိပေးဖို့ အတွက် တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံပါ။
ယခင့်ယခင် ပြုလုပ်ခဲ့သည်များနည်းတူ ဒီတစ်ခါမှာလည်း တိတ်ဆိတ်ခြင်းနဲ့ ကျနော်တို့ အသံကို ထုတ်ဖော်ပြသပါမယ်။

“Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီတစ်ခါ အသံတိတ် သပိတ် ဆောင်ပုဒ်အတိုင်း ကျနော်တို့ အခွင့်အရေးတွေအတွက် ကျနော်တို့ အသံတွေကိုတိတ်ကာ ဟစ်ကြွေးလို့ တိုက်ပွဲဝင်ကြပါမယ်။
အသံတိတ် သပိတ် ကျင်းပမယ့်နေ့ရက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပြီး
သပိတ် ပြုလုပ်မယ့်အချိန်ကိုတော့ ရုံးတက် ရုံးဆင်း ၊ စျေးသွားစျေးလာ အချိန်ကာလတွေနဲ့ ဝေးကွာအောင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာ တစ်ဝှမ်းက ကြားအောင်၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည် တိုင်အောင် ဓားထောက်ပြီး မင်းမြှောက်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း သိရှိရလေအောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီ ကနေ ညနေ ၃ နာရီ ကြားအချိန်ကာလမှာ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ပေးကြဖို့ အကူအညီတောင်းပါရစေ။

“မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ”

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။

#ပြည်သူသာအဓိက
#လူထုတိုက်ပွဲလှုပ်ရှားမှု




ES**RT — A BOY RAISED BY THE REVOLUTION15နှစ်တဲ့ ။ ကျောင်းတက်နေရမယ့်အရွယ် ၊ ပုံမှန်ဆယ်ကျော်သက် တွေလို Crush အကြောင်းလေးတ...
09/12/2025

ES**RT — A BOY RAISED BY THE REVOLUTION

15နှစ်တဲ့ ။
ကျောင်းတက်နေရမယ့်အရွယ် ၊ ပုံမှန်ဆယ်ကျော်သက် တွေလို Crush အကြောင်းလေးတွေပြောရင်း Game ဆော့နေရမယ့်အရွယ် ၊
သစ်ရွက်လှုပ်တာလေးကို ရင်ခုန်ရမယ့်အရွယ် ၊
အိမ်မက်တွေအများကြီးရှိတဲ့ ပြေးလမ်းပေါ်ကနေ တောင်ပံတွေဖြန့်ကြက်ရမယ့် အရွယ်ပေါ့။

ဒါပေမယ့် သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ သူ့အိမ်မက်တွေထက် သူ့ယုံကြည်ချက်ကိုရွေးချယ်သွားခဲ့ပါတယ်။အသက်မပြည့်သေးတဲ့ ကလေးအရွယ်တွေအပေါ်တောင် စာနာမှုတစိုးတစိမှမရှိတဲ့ စစ်တပ်လက်အောက်က လွတ်ဖို့ လွတ်မြောက်နယ်မြေတစ်နေရာမှာ ခိုလှုံခဲ့ပါတယ်။

သူဟာ တော်လှန်ရေးရဲဘော်တစ်ယောက် ဖြစ်ချင်ခဲ့တယ်။
လွတ်မြောက်နယ်မြေကိုရောက်ရောက်ချင်းမှာတော့ သူ့ဆန္ဒတွေဟာ မပြည့်ဝခဲ့ပါဘူး။ "အသက်မပြည့်ရင် ရှေ့တန်းမလိုက်ရဘူး”ဆိုတဲ့စည်းကမ်းကြောင့် ရဲဘော်တစ်ယောက်ဖြစ်လာဖို့ အချိန်အတော်ကြာ သူစောင့်ခဲ့ရတယ်။

၁၈ နှစ်ပြည့်ပြီးတဲ့နောက် သူ့ဘဝအတွက်ပထမဆုံးတိုက်ပွဲဟာ မိုးကုတ်မြို့သိမ်းတိုက်
ပွဲပါပဲ။ ဗွီဒီယိုဂိမ်းထဲက mission မဟုတ်ပါဘူး။အသက်နဲ့ ရင်းပြီးတိုက်ရတဲ့ကိစ္စ ဖြစ်လာတယ်။ ထပ်ပြီး တွင်းငယ်၁၃ တကကမှာလည်း ၈လအကြာထိ ရှေ့တန်းမှာနေပြီး တပ်ခွဲကို ဦးဆောင်နိုင်ခဲ့တယ်။ကျည်ဆံတွေကြားပြေးလွှားရင်း ကျည်ထိလာချိန်မှာ အခြားရဲဘော်တွေက သူ့ကိုစိုးရိမ်ခဲ့ကြတာတောင် သူဟာအဲ့ဒီကျည်ဆံတွေကို မကြောက်ခဲ့ပါဘူး။
ကံကောင်းခဲ့တာတစ်ခုက ကျည်ကအဖျားပဲရှပ်ထိတာဖြစ်လို့ စိုးရိမ်စရာတော့မဖြစ်တာပါ။

၁၀၅ မိုင်စခန်းသိမ်းခံရတဲ့နေ့ကတော့ သူ့ဘဝရဲ့ မမေ့နိုင်တဲ့memory တစ်ခု ဖြစ်သွားမှာသေချာတယ်။ပစ်ခတ်သံတွေကြား အဝတ်အစားအစုံတောင်မဝတ်နိုင်ဘဲ အသက်လုပြေးခဲ့ရတာကိုး။အဲဒီနေ့ကသူအူကျွံ့သွားလို့ခွဲခဲ့ရသေးတယ်။
ဒါပေမဲ့ သူကစိတ်ဓာတ်တွေယိုင်မသွားတဲ့အပြင် ပိုတောင်ခိုင်မာလာသေးတာ။

တော်လှန်ရေးက ဂုဏ်ထူးတံဆိပ်မရှိဘူး။
သမိုင်းတစ်ခု၊ရဲဘော်ရဲဘက်တွေကြားကယုံကြည်မှုနဲ့သံယောဇဉ်တွေပဲရလာတတ်တယ်။

အရင်တုန်းက တပ်ဖွဲ့ထဲမှာအငယ်ဆုံးမို့ ကလေးလေး "Baby Lay"ဆိုပြီး ခေါ်ကြပေမဲ့ အခုတော့
သူ့ကို"ES**RT"လို့ ခေါ်ကြတယ်။သူဟာကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ဦးဆောင်နိုင်သူ၊
အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ယောက်ဖြစ်လာပါပြီ။

၁၉ ဆိုတာ လူငယ်တစ်ယောက်အတွက် ဘဝထဲကို စဝင်ဖို့ခြေစလှမ်းတဲ့အရွယ်ပါ။
အဲ့ဒီအရွယ်ဟာ Es**rt အတွက်တော့ တော်လှန်ရေးထဲမှာ ၄ နှစ်တာအတွေ့အကြုံရှိတဲ့ စစ်သည်တစ်ယောက်
ဖြစ်နေပါပြီ။

လာမယ့် April မှာ အသက်၂၀ ပြည့်တော့မယ့်သူဟာ အသက်ငယ်ပေမဲ့ စိတ်ဓာတ်၊နှလုံးသား၊ခံယူချက်၊ဆုံးဖြတ်ချက်၊ယုံကြည်ချက် တွေကတော့ အဆပေါင်းများစွာ ကြီးမားခိုင်မာနေခဲ့ပြီ။

နောင်လာမယ့် အနာဂတ်မျိုးဆက်တွေ အေးအေးချမ်းချမ်းရှင်သန်နိုင်ဖို့ ဆုတောင်းရင်း ကျွန်တော်တို့ရဲ့ ရဲဘော် "Es**rt " ကို ဒီနေရာကနေပဲ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ ...။




#ပြည်သူ့ဂုဏ်ရည်နွေဦးစုဗူး

“စစ်ကိုင်းဆီသို့”
08/12/2025

“စစ်ကိုင်းဆီသို့”

“စစ်ကိုင်းဆီသို့”

တော်လှန်ရေးရဲ့ ဘူမိနက်သန် စစ်ကိုင်းကို ဝန်းရံပေးခဲ့ကြတဲ့ ရဲဘော်များ၊ မိတ်ဆွေများ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်ကို ကမကထပြုပေးခဲ့တဲ့ CRPH-OFP နဲ့ Forward Myanmar အဖွဲ့များကိုလည်း ဂုဏ်ပြုပါတယ်။

စစ်ကိုင်းဟာ သူ့ရဲ့တော်လှန်ရေးခရီးကို ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။

“စစ်ကိုင်းဆီသို့” ထည့်ဝင်မှုဟာ တော်လှန်ရေးအောင်နိုင်ဖို့အတွက် ရုပ်ပိုင်း စိတ်ပိုင်း အထောက်အပံ့ကောင်း ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့အတူ ရှေ့ဆက်ကြပါမယ်။

ဦးရည်မွန် (၈၊ ဒီဇင်ဘာ၊ ၂၀၂၅)
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

Address

Taipei

Opening Hours

Monday 10:00 - 17:30
Tuesday 10:00 - 17:30
Wednesday 10:00 - 17:30
Thursday 10:00 - 17:30
Friday 10:00 - 17:30
Saturday 10:00 - 13:00

Website

Alerts

Be the first to know and let us send you an email when 台灣聲援緬甸聯盟 Taiwan Alliance for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 台灣聲援緬甸聯盟 Taiwan Alliance for Myanmar:

Share