KaoWow Newsgroup

  • Home
  • KaoWow Newsgroup

KaoWow Newsgroup Slogan
"News for the Peaceful"
"Unbiased News"
"Together for a United Peaceful Union”

10/04/2023

ဒဒိုက်ဘဝကောန်ကၠင်
ချူ-ကောန်ဆာန်မန်
ရမျှာင်/ဒယှ်ေ- မန်ဆာန်
https://www.youtube.com/watch?v=RaNDCV4M_nc&ab_channel=KaoWowNewsgroup

ဒွက်ဝွံပၠုပ်လဝ်ရမျှာင် တက်လဝ်ရုပ်ပ္ဍဲသၞာံ 2004 တေံတုဲ ဒၟာနူဟိုတ်နာနာသာ် ပတိတ်တြးကဝး Karaoke ဟွံမာန်ကၠုင်။
နကဵုစၟတ်သမ္တီ လၞီအောန်စိုတ်ဗှ်ဗၞုဟ် ကောန်ဆာန်မန် ကေုံာ မန်ဆာန် နူကဵုဌာန်ပရိုင် KaoWow ကုတ်ဆက်ဒါန်ပတိတ်ဏာ။

08/04/2023

ဇၟာပ်တ္ရဲဂွံသတိဟွံခြာ

https://www.youtube.com/watch?v=tzPGrdonWVQ&ab_channel=KaoWowNewsgroup

ချူ-ကောန်ဆာန်မန် အခိုက်ရမျှာင်-မန်ဆာန်
ဒယှ်ေ- မိကလျာမန်
နကဵုစၟတ်သမ္တီ ဗှ်သၞာအစာချူဆန်ဒွက် ကောန်ဆာန်မန် ၂၀၀၄ သၞာံတေံ တက်လဝ်ဒွက်ဏံရ။
တၠရမျှာင် တမ်မူလ- မိအံင်မန်ဆာန်(ကွာန်လှာ) ဒယှ်ေလဝ်ရောင်။

07/04/2023

မန်ညဳသာမှ ဝင်ဒှ်မ္ရဵု
ချူဒယှ်ေ- အံင်ဇၞး

အခိင်ဗော် AMDP-MNP အသိင်ပြိုင်ပကာန်မံင် သကာတ်မြဟ်ကၠုင်မွဲအခိင်တေံ ညံင်ဂွံဒှ်မွဲဗော် ဖတိုက်ဖအောဝ်လဝ် လတူစင် ဂဳတမန်ပေင် ၃၀ သၞာံ( 2014) ဒၞာဲ-ဍုင်ဇြပ်ဗု

ကွာန်ကျာ်ပိ မွဲအခိင်တေံ (၁၉၈၇)  ကာလဗော်ဍုင်မန်တၟိအုပ်ဓုပ်လဝ်ဂကောံလျးဟံသာ တၠရမျှာင် မန်ဆာန်၊ မိစန္ဒာအံင်တံ ကၠုင်ဒယှ်ေလဝ် ...
06/04/2023

ကွာန်ကျာ်ပိ မွဲအခိင်တေံ (၁၉၈၇)
ကာလဗော်ဍုင်မန်တၟိအုပ်ဓုပ်လဝ်

ဂကောံလျးဟံသာ တၠရမျှာင် မန်ဆာန်၊ မိစန္ဒာအံင်တံ ကၠုင်ဒယှ်ေလဝ် သဘင်တ္ရဲကောန်ဂကူမန် မရနုက်ကဵု ၄၀ ဝါ။ ပေါဲလက်ပၠုဲ တ္ရဲကောန်ဂကူ။

ရဲကူသာန်ဗၞိက် ကွဳဂၠဴဇက်ကပေါတ်၊ အဆံင်မၞိဟ်မံင် ဒေသပယျဵု၊
Live ပွိုင် ၃၈ မဏေတ် ဘာသာသေံ။

ကလေင်လ္ရတ်ရံင် ဗှ်သၞာဒေသကျာ်ပိ အခိင်တေံမာန်။

05/04/2023

ဂလာန်ဥက္ကဌ နာဲယှိုဲကျေန် လောန်ကၠုင် ၃၀ သၞာံ‌ပြင်တေံ

ကုဇကုင္ရုဟ်မးသ္ဂောံနွံ သၠုင်ပတိုန်စရာဲ ကၠောန်အာညိ
https://www.youtube.com/watch?v=UkFBheEur7E&ab_channel=KaoWowNewsgroup

“သ္ရဳဂၠိပ်ရံင် ပရေင်ဍုင်ပိုဲဏံတုဲတှ်ေ ပ္ဍဲဗော်ပိုဲ ဗီုလဵုဒှ်မံင်ရော
ဒဳမဝ်ကရေသဳဟီုဂှ် စိုတ်အပ္ဍဲတေံ သ္ဒးအးဇ္ရးရောင်-
ဟလိုင်လၟိဟ်ဂၠိုင်ဂှ် ဒဳမဝ်ကရေသဳဟွံသေင်-မၞိဟ်ဂမၠိုင်သမ္တီနွံနွံအုပ်ဓုပ်ဏောင်။
ပိုဲဒးပလေဝ်မာန်ဏောင်။
ပ္ဍဲတိုက်အာယှဗၟံက်သၠုင်ကျာ ဂကူယေန်သၞာင်သၠုင်အိုတ် လၟုဟ်ဒၞာဲဝါဲဟၟဲ---ဍုင်ဗၟံက်ဍုင်သေံ၊ ဍုင်ပလိုတ်ဍုင်ဗမာ ဒၞာဲဝါဲဇကုဟၟဲ။ ဒုဟ်နွံကဵုညးဂှ်ရော? ပိုဲကဵုပိုဲဟွံညဳ ပိုဲကဵုပိုဲစွံစိုတ်ဟွံဒး။
ဆက်ဒတဲကဝါ် ညးသၟတ်တံဟွံမာန်မ္ဂး မွဲတ္ရဲလဴစူကၠုင်ကဵုပိုဲဏောင် အဲမိက်ဂွံကဵုလဝ်သတိ။
ညံင်ညးတၞဟ်ဂွံရီုဗင်ထေက်ဂှ် ဇကုပိုဲ ပိုဲၜိုတ်လဵုပလေဝ်ပလေတ်လဝ်ကီုရော။
င္ရုဟ်မးဇကုဇကု ညံင်ဂွံခိုဟ် ညံင်ဂွံအး ညးညးအဲအဲ ဟတိုန်စရာဲ ကၠောန်အာညိ။"

သဘာပတိဇၞော် ဥက္ကဌ နာဲယှိုဲကျေန် ဟီုဏာဂလာန် သဘင်သဳကၠဳဗော်ဍုင်မန်တၟိ အလန်ဒုတိယ ဒၞာဲဗဟဵုဗ္ဒိုပ်သီဍုင် (27-12-1992) တေံ ကံက်နုက်ပတိုန်ထ္ၜးလဝ်ရောင်။
Camera by Banyar Aung

04/04/2023

ဘဝသံသာ ပ္ဍဲလောကဳ
ချူ(အခိုက်ရမျှာင်)- အံင်ဇၞး
ဒယှ်ေ- မိမြဟ်သြန်

ကလေင်ဒယှ်ေလဟိင်လဝ် ဂဳတမန် ၃၀ သၞာံ (2014) ဍုင်ဇြပ်ဗု။

ဒွက်ဝွံ ကဝးမိက်ဂွံလဴကဵုမိဍောင်ထဝ် (1984) တမ်မူလ မိမြဟ်သြန် ဒယှ်ေလဝ်။
ဒွက်ဒယှ်ပြာကတ်ကၠုင် မွဲအခိင်တေံ။

https://www.youtube.com/watch?v=FIuq4KegrOE&ab_channel=KaoWowNewsgroup

မျိုးဆက်သစ်နှင့် လက်နက်ကိုင်တော်လှန်ရေးမင်းချမ်းထိုက်(ခရေနီနီတစ်ပွင့်အကြောင်းမှ---)မွန်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ (တက...
04/04/2023

မျိုးဆက်သစ်နှင့် လက်နက်ကိုင်တော်လှန်ရေး
မင်းချမ်းထိုက်
(ခရေနီနီတစ်ပွင့်အကြောင်းမှ---)

မွန်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) တရားဝင်လှုပ်ရှားခွင့် ရလာသဖြင့် မွန်ကျောင်းသားများအတွက် ပျော်ရွှင်ရင်ခုန်စရာများ မကြာခဏ ပေါ်လာသည်။ ၁၉၆၇-၆၈ ခုနှစ်မှ စတင်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပကြသည်။ ဂန့်ဂေါ်မြေတွင် မွန်အဆိုအကသင်တန်းသားတို့၏ တီးခတ်သံများ ကို ကြားရသည်။ ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများဖြင့် စုရုံးကြသည်။ တက္ကသိုလ်လူငယ်များ မွန်စာသင်ကြသည်။ ထိုစဉ်က မွန်စာပေသင်တန်းတွင် သင်တန်းသား ၂၀၀ ပင်ကျော်သွားသည်။ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်တွဲ၍လည်း ယဉ်ကျေးမှုပြပွဲကပွဲများကို တင်ဆက်ဖြေဖျော်ကြသည်။

၁၉၆၇ တွင် မောင်တိုးဘွဲ့ရပြီး ၁၉၆၈ တွင် အချိန်ပိုင်းကျူတာအလုပ်ဖြင့် ရန်ကုန်တက္ကသိုလ်တွင် မဟာ တန်း (မာစတာ) တက်ခွင့်ရသည်။ မာစတာတန်းရေးဖြေအောင်သော်လည်း အနာဂတ်ရေးစဉ်းစားရင်း အလုပ် သင်အရာရှိဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်းဝန်ရုံးဟောင်းတွင် ၁၉၇၀ ခုနှစ်၌ အလုပ်ဝင်ခဲ့သည်။ သာရင် မဟာဝိဇ္ဇာတက်နေရာမှ လှိုင်မြို့နယ်ကျောင်းတစ်ကျောင်းတွင် အလယ်တန်းပြဆရာဖြစ်သွားသည်။ ရွှေရင်လည်း စီးပွားရေးဘွဲ့ရပြီးသည်နှင့် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ)တွင် အလုပ်ရသည်။ ပျော်ရွှင်ဖွယ်ဂန့်ဂေါ် မြေနှင့် ပထမမျိုးဆက်တို့ ဝေးခဲ့ရသည်။

အလုပ်တည်နေရာအရ သာရင်နှင့်ရွှေရင်တို့ လှိုင်၊ ဘာဒါဝန်ထမ်းအိမ်ယာရှိ လူပျိုကြီးတစ်ယောက် အခန်းတွင် အတူနေကြရာ မောင်တိုးနှင့် ကွဲသွားကြသည်။ သို့သော် မောင်တိုးက သူတို့နှင့်သိပ်မဝေးလှသည့် အင်းစိန်အရှေ့ ရွာမတွင်နေသဖြင့် လမ်းကြောင်းတည့်ကာ သူတို့သုံးဦးမှာ ရုံးဆင်းပြီးလည်းတွေ့၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် တွေ့ကြသည်။ အရင်လို ကျောင်းသားဘဝကိုခုံမင်သည့် သူတို့ဝိုင်းသို့ မင်းညွန့်မောင်နှင့် မင်းထွန်းဖေတို့လည်း ဝင်လာတတ်ကာ မကြာခဏတွေ့ဆုံစားသောက်ကြ၊ အမျိုးသားရေး ဆွေးနွေးတိုင်ပင်ကြသည်။ မင်း ညွန့်မောင်သည် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း၏သားဖြစ်ပြီး သူတို့ထက်အသက်ကြီးသူ ထုံးအိုင်သား ထွန်းဖေသည် လုပ်သားကောလိပ်တက်နေသည့် မျိုးချစ်လူငယ်တစ်ဦးဖြစ်သည်။

ပထမမျိုးဆက်တက္ကသိုလ်မွန်ကျောင်းသားအုပ်စုသည် စာပေယဉ်ကျေးမှုလှုပ်ရှားမှုအပြင် တစ်ပါတီ အာဏာရှင်၏ ဖိနှိပ်အုပ်ချုပ်မှုနှင့် မဟာလူမျိုးကြီးဝါဒတို့ကို ခွဲခြမ်းစိတ်ဖြာကြသည်။ မွန်တို့၏အတိတ်သမိုင်းမှ ကျောင်းသားလှုပ်ရှားမှု၊ မဆလခေတ်စီးပွားရေးစနစ်၊ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု အမျိုးသားလွတ် မြောက်မှုတော်လှန်ရေး၊ နိုင်ငံတကာ အခြေအနေများကို သုံးသပ်ကြသည်။ တော်လှန်ရေးကောင်စီ၏ တံခါးပိတ် ဝါဒကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ သတင်းမီဒီယာစသည် အားလုံးကို အမှောင်ချထားသည်။

အစိုးရသတင်း စာသာ ရှိသဖြင့် နိုင်ငံခြားအသံလွှင့်ဌာနမှ ပြင်ပရေဒီယိုနှင့် လူ့သတင်းလူချင်းဆောင်သတင်း၊ အချင်းချင်းတီးတိုးပြော ဆိုခြင်းဖြင့်သာ နိုင်ငံရေး နားစွင့်နိုင်ကြသည်။

အဖမ်းဆီးခံထားရသော ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ထောင်မှလွတ်ပြီး အိန္ဒိယနိုင်ငံမှတဆင့် ထိုင်း နိုင်ငံသို့ ပြည်ပြေး တိမ်းရှောင်ဝင်လာပြီး ပါလီမန်ဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့သည်။ နေဝင်းအစိုးရအား တော် လှန်ဖြုတ်ချရန် ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် မွန်၊ ကရင်လက်နက်ကိုင် ခေါင်းဆောင်များနှင့် စည်းဝေးညှိနှိုင်းကြသည်။ မွန်ပြည်သစ်ပါတီနှင့် ဘဝတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၁၉၇၀ ခုနှစ်၊ မေ လ ၂၅ ရက်တွင် ဘန်ကောက်မြို့၌ တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တ ညလ)ကို ဖွဲ့စည်းခဲ့သည်။

မဟာမိတ်ဖွဲ့ပြီးစတညလကို နိုင်ငံခြားက ပံ့ပိုးကူညီသဖြင့် စစ်ရေး၊ နိုင်ငံရေးတိုက်ပွဲဖြင့် တပ်ပေါင်းစုကြီး ချီလာတော့မည်ကို ပြည်သူလူထုကြီးက မျှော်လင့်စောင့်စားနေကြသည်။ မွန်မျိုးချစ်လူငယ်များလည်း အရှေ့ဆီမှ လာတော့မည့်ရောင်နီကို ကြိုလင့်သည့်ပန်းပမာ ရုန်းထလာကြသည်။

လက်နက်ကိုင်မွန်တော်လှန်ရေး အင်အားစုရာတွင် အခရကျသူမှာ မွန်ပြည်သစ်ပါတီ၏ ပြည်တွင်း စည်းရုံးရေးခေါင်းဆောင် နိုင်ပန်းသာဖြစ်သည်။ ရန်ကုန်မင်္ဂလာတောင်ညွန့်တွင် နေထိုင်ပြီး လက်သမားအလုပ်ဖြင့် သက်မွေးဝမ်းကျောင်းသည်။ ကာပင်တာ (Carpenter)ဟု အမည်ဝှက်ပေးထားသည့် နိုင်ပန်းသာသည် ဥက္ကဌ နိုင်ရွှေကျင်၏ တာဝန်ပေးချက်ဖြင့် ပြည်တွင်းရှိမျိုးချစ်များကို စည်းရုံးနေသည့် မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်ဟောင်း ဖြစ်သည်။

လေးအောင်၊ တင်မွန်
မင်းသာရင်၊ မင်းရွှေရင်နှင့် နိုင်ပန်းသာတို့ ချိတ်ဆက်မိပြီး အလားလာရှိသည့် အမာခံများကို ဆဲလ်က လပ်စည်းအလိုက်ဒေါင်လိုက်ပိုင်းပြီး ဖွဲ့စည်းကြရာ ရွှေရင်က ကျောင်းသားများကို စည်းရုံးရပြီး သာရင်က ကျောင်းပြင်ပကို တာဝန်ယူရသည်။ အစွမ်းအစရှိသောစည်းရုံးရေးသမားတစ်ဦးမှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် သင်္ချာ အဓိက တတိယနှစ်ကျောင်းသား ကိုလေးအောင်ဖြစ်သည်။
အသက် ၂၃ နှစ်ခန့်ရှိသည့် ကိုလေးအောင် (ခေါ်) ဖေသိန်းသည် လေ့လာရေးအားကောင်းသူ နိုင်ငံရေးအတွေးအခေါ် နက်သူဖြစ်ပြီး သံဖြူဇရပ်မြို့နယ် ပငရွာမှ မွန်မူဆလင်တစ်ဦး ဖြစ်သည်။

ပြုံးလိုက်လျှင် ဖြူဝင်းသည့်သွားတစ်စုံပေါ်လွင်သည့် အသားမဲသူ တင်မွန်သည် ပြောင်ပြောင်တင်းတင်း ပွင့်လင်းသူ။ မျိုးချစ်စိတ်လည်းရှိ၊ အတီးအမှုတ်လည်းဝါသနာ ပါသည်။ စိတ်ရင်းကောင်းပြီး အများအကျိုး ဆောင်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှယ်၊ ကတိုးကော့နှပ်အနီးရှိ ဖဲကဒါရွာသားဖြစ်ပြီး မင်းသာရင်ထက် လေးနှစ် ငယ်သည်။ ၁၉၄၇ ခုနှစ်ဖွားဖြစ်ပြီး မိဘများမှာ နိုင်အောင်လှနှင့် မိငွေတင်ဖြစ်သည်။ မော်လမြိုင်တွင် ကျောင်းတက်စဉ် ၁၉၆၁ ခုနှစ် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ “မွန်ပြည်နယ်ဖေါ်ထုတ်ရေး” မွန်လူထုအင်အားပြလှုပ်ရှား မှုတွင်ပါဝင်ရာမှ နိုင်ငံရေးပိုးဝင်လာသည့် လူငယ်တစ်ဦး ဖြစ်သည်။ ရန်ကုန်မွန်အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် အစိုးရအရာရှိ နိုင်ခင်မောင်နှင့် တစ်ရွာထဲသားဖြစ်ပြီး ဆွေမျိုးတော်စပ်သည့်အပြင် မိသားစုရင်းပမာ ဆက်ဆံပေါင်းသင်းသူ ဖြစ်သည်။

“၁၀ တန်း (ခ) နဲ့ အောင်ပြီးတော့ ရန်ကုန်မှာ အလုပ်ရတယ်။ ရန်ကုန်ရောက်ပြီဆိုတော့ မွန်တွေစု တတ်တဲ့ မွန်ပိဋကတ်တိုက်ကို သွားတယ်။ အဲဒီမှာ မွန်ကျောင်းသားအဖွဲ့က ကိုသာရင်၊ ရွှေရင်၊ မြင့်ဆွေ၊ အောင်မြင့်၊ ပန်းမွှေးတို့နဲ့ စသိရာကနေ ကိုသာရင်နှင့် ခင်သွားကြတယ်”

နှောင်းအတိတ်မှပုံရိပ်များကို ကိုတင်မွန် ပြန်ပြောပြသည်။ အထက်တန်းအောင်ပြီးစ တင်မွန်သည် ဗိုလ်တထောင်အမှတ်(၃) သစ်စက်တွင် အလုပ်ရသည်။ တော်လှန်ရေးကောင်စီအစိုးရခေတ်တွင် စက်ရုံနှင့်လုပ်ငန်းကြီး အားလုံးကို ပြည်သူပိုင် (အစိုးရပိုင်) သိမ်းခဲ့ရာ သူအလုပ်ဝင်သည့်သစ်စက်သည် ကုန်သွယ်ရေး (၆) လူသုံးပစ္စည်း ကုန်သွယ်ရေးဌာနလက်အောက်တွင် ရှိသည်။
ဌာနတာဝန်ခံ (နောင်ဝန်ကြီးဟုအမည်ပြောင်း) မှာ ဗိုလ်မှူးချုပ် တင်ဖေ ဖြစ်သည်။

သာရင်နှင့် သိကျွမ်းခင်မင်ရာမှ တင်မွန်သည် ပိတ်ရက်များတွင် သူတို့အိမ်ခန်းသို့ အလည်သွားတတ်သည်။ ထိုအချိန်တွင် လှိုင် (မရမ်းကုန်း)၌ ကျောင်းဆရာဖြစ်နေသည့် သာရင်မှာ ဝင်ငွေ အလွန်ကောင်းသည်။

စာအုပ်ကြီးသမားသာရင် စာအုပ်နှင့်မပြတ်။ သူဝါသနာပါရာ ကျွမ်းကျင်ရာအလုပ်က ဆည်းပူးသင်ယူ ခြင်းနှင့် ပြန်လည်ပို့ချခြင်း၊ စာမရေးဖြစ် စာအုပ်မကိုင်ဖြစ်လျှင် စားရေးသောက်ရေးအတွက် တစုံတရာစီစဉ် ချက်ပြုပ်နေမှ ပျော်ပိုက်သူ ဖြစ်သည်။

ဆရာလေးသာရင်ရသည့်လစာငွေမှာ သူ့အတွက်သုံးသည်မဟုတ်ဘဲ အသင်းအဖွဲ့ကိစ္စနှင့် သူတို့ အုတ်ကျင်းအိမ်ခန်းသို့ အဆက်မပြတ်ရောက်လာကြသူ မောင်ကျောင်းသားတို့ကို ဧည့်ခံကျွေးမွေးရေးဖြစ်သည်။ အချက်အပြုပ်ဝါသနာပါသည့် သာရင်က ကိုယ်ပိုင်ငွေထုတ်ကိုယ်တိုင်ချက်ပြုပ်သည်။ တက်ကြွသူ တင်မွန်က သူ့ကို ဝိုင်းကူပေးရသည်။ တဖက်တွင် လူရောငွေပါအားစိုက်ရသည့် သာရင်က စည်းကမ်းကြီး၊ တိကျသည်။ ပင်ကိုယ်ပင် စိတ်တိုသည်။ စိတ်ဆိုးတတ်သည်။ မတုန့်မနှေး တုန့်ပြန်တတ်သည်။

ဒေါကန်ခြင်း အနုပညာ
မြေအောက်လှုပ်ရှားမှုသည် ရှုပ်ထွေးသိမ်မွေ့သည်။ မြေအောက်လုပ်ငန်းစဉ်တွင် အလွှာလိုက်၊ အကန့် လိုက်ပိုင်းခြားပြီး စနစ်တကျလှုပ်ရှားကြသည်။ တစ်ခုခုလွဲချော်ပါက သတင်းပေါက်ကြားနိုင်ပြီး အဖမ်းဆီးခံရပါက ဆဲလ်တစ်ခုလုံးပျက်စီးနိုင်သည်။ အလွန်အန္တရာယ်ကြီးလွန်းသဖြင့် သိုသိပ်ပိယိစွာ လှုပ်ရှားရ။ သံမဏိ စည်းကမ်းထားရသည်။

တစ်ဦးမှဆယ်ဦးအထိ စုဖွဲ့ထားသည့် ဆဲလ်တစ်ခုတွင်ပင် မည်သူမည်ဝါ ပါဝင်မှန်း မည်သူကစည်းရုံး ထားမှန်း သိချင်မှသိမည်။ ပိုခက်ခဲသည်က ဒေါင်လိုက်စုစည်းမှုမှာ အလျားလိုက်စုစည်းမှုမှ ရွေးချယ်ထားသဖြင့် သပွတ်အူပမာရစ်ပတ်ဖွဲ့နှောင်သည်။ အလွှာစုံလူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံကာ အသွင်အမျိုးမျိုးဖြင့် လှုပ်ရှားစည်းရုံးရသဖြင့် စိတ်ရှည်ရသည်။ ပိယိရသည်။ လျှို့ဝှက်ကလပ်စည်းဖြင့် အစီအစဉ်တကျ တာဝန်ခွဲထားသော် လည်း ပုံစံမျိုးစုံလှည့်ပတ်ရသည်။ ပုံသေနည်းအတိုင်း စိတ်တိုင်းကျ မဖြစ်တတ်။

“ရွှေရင်က ကျောင်းသားတွေကို စည်းရုံးတယ်။ ကိုသာရင်က ကျောင်းပြင်ပကို တာဝန်ယူတော့ ငါက ကိုသာရင်ရဲ့ ဆဲလ်မှာ။ စိတ်တိုစိတ်မြန်တာလဲ စရိုက်ချင်းတူတော့ သူနဲ့ပို နီးစပ်တယ်”

ပထမမျိုးဆက်ခရေနီနီ အရိုင်းသာရင်တွင် ပြောစရာ ဇာတ်လမ်းရှိသည်ဟု တင်မွန် ဆိုသည်။

တစ်နေ့။ သူတို့စုဆုံနေကျ စားသောက်ပွဲသို့ မင်းထွန်းကြည် (ခယားရွာ) ပါလာသည်။ ထွန်းကြည်သည် ပညာရေးတက္ကသိုလ်တက်နေသည့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ ဒုတိယ မြောက်အတွင်းရေးမှူးဖြစ်သည်။ မွန်အသင်းစာပေယဉ်ကျေးမှုရေးရာ (အလျားလိုက်လှုပ်ရှားမှု)တွင် တက်ကြွ လှုပ်ရှားသူဖြစ်သော်လည်း အပျော်အပါးမက်သူ ထွန်းကြည်က အပြင်လူဗမာတစ်ယောက်ကို ဖိတ်ခေါ်လာသည်။ ကြိုတင်အသိပေးခြင်းမရှိဘဲ အပြင်လူတစ်ယောက်ကို သူတို့ဝိုင်းသို့ ခေါ်လာသည့်အတွက် သာရင့်ဒေါသအိုး ပေါက်ကွဲတော့သည်။

“စည်းမျဉ်းသမားကိုသာရင်က စိတ်ဆိုးပြီး ထွန်းကြည်ကို ဒေါထပြီး ကန်လိုက်တာ၊ ထွန်းကြည် အတော်လေးခံလိုက်ရတာ ငါ့မျက်မြင်ဘဲ”
ထိလွယ်ရှလွယ်သည့် စီနီယာသာရင်ကို ပညာပြန်ပြသည့် ဂျူနီယာညီတော်မောင် ကျောင်းသား ရှိသေးသည်။

ယနေ့ မွန်ညီညွတ်ရေးပါတီဥက္ကဌ နိုင်လဝီအောင် ခေါ် နိုင်မြင့်ဆွေက ရန်ကုန်-မော်လမြိုင်အပြန်ခရီး (အောက်တိုဘာ ၁၆၊ ၂၀၂၂)တွင် သူ၏ တက္ကသိုလ်ကျောင်းသားဘဝကို သမင်လည်ပြန်ပြောပြသည်။

ရေးမြို့သား မင်းမြင့်ဆွေသည် ရန်ကုန်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တွင် ပညာသင်ရင်း တက္ကသိုလ်မွန်အသင်းတွင် တက်ကြွစွာပါဝင်ခဲ့သည်။ အမှုဆောင်ရွေးချယ်မဲပေးကြရာတွင် မင်းကျော်နိုင်နှင့် မင်းရဲအောင်မြင့်တို့ထက် မဲသာပြီး တတိယမြောက်မွန်အသင်းအတွင်းရေးမှူး ဖြစ်လာသူ ဖြစ်သည်။

သူငယ်ချင်းများက “အမွတ်” (ဗမာလို ကိုမျက်လုံး)ဟု အမည်ပေးထားသည့် မဟူရာအသားရောင် ပိုင်ထားသူ မျက်လုံးခပ်ပြူးပြူး မြင့်ဆွေသည် လူချစ်လူခင်များသည်။ လူတကာနှင့်ပေါင်းသင်းတတ်သည်။ ခင်မင်ဖွယ် ဥပမာများဖြင့် ရောင်းရင်းများကို ပင့်တတ်၊ နောက်ပြောင်တတ်သည်။

ကျောင်းသားရေးရာအမျိုးသားရေးရာနှင့် ပါတ်သက်ပြီး တက္ကသိုလ်ကျောင်းသားဟောင်း ရွှေရင်နှင့် သာရင်တို့နေထိုင်ရာ သမိုင်းအုတ်ကျင်းအိမ်ခန်းသို့ အချိန်ရရင်ရသလို လည်ပတ်လေ့ရှိသည်။ တစ်နေ့တွင် သူလေးစားသည့် စီနီယာအကိုကြီး အိမ်ခန်းသို့ ညအိပ်လိုက်သည်။ နောက်နေ့မနက်ခင်းတွင် မြင့်ဆွေက ကိုသာရင့် မျက်မှန်ကို ဖွက် (ဝှက်) ထားလိုက်သည်။

“ကိုသာရင် အိပ်ယာက နိုးနိုးချင်း သူ့မျက်မှန်ကို ရှာတာ။ မျက်မှန်မတပ်ရင် ဘာကိုမှ မမြင်ဘူး။ စမ်းတ ဝါးဝါးနဲ့ တစ်ယောက်ယောက်က သိမ်းထားသလား၊ နေရာမှား ထားမိသလားပေါ့။ စာလဲသွားသင်ရမှာမို့ အချိန်မှီ မျက်နှာသစ်ရ၊ ပြင်ဆင်ရမှာသနားပြီး ပြန်ပေးလိုက်တယ်။”

ညီးသာညီးတွားသော်လည်း ကိုသာရင် စိတ်မဆိုးရဲ။ သူ့အကျောကို နားလည်သူ စတတ်ပြောင်တတ် သူကိုတော့ ထွန်းကြည်ကို ဒေါထသလို ရန်မလုပ်။ ကိုသာရင်၏ ဒေါကန်ခြင်းအနုပညာကို ကိုမြင့်ဆွေက ဟဲဟား နောက်ရင်း ပညာပေးသွားသည်။

“သူစိတ်တိုတာကို စချင်တာနဲ့ ငါက ပြန်ညှင်းလိုက်သေးတာ”

သိပ္ပံပညာရှင်နှင့် ဒဿနသမား
အမှန်တရားကို လူတိုင်း တပ်မက်ကြသော်လည်း အမုန်းတရားကို ဘယ်သူမှ မလိုချင်ကြ။ မိမိကို မုန်းတီးသွားမည် စိုးရိမ်ပြီး တစ်ဦးတစ်ယောက်၏အမှားကို ထောက်ပြဝေဖန်ရာတွင် ရှောင်တတ်ကြသည်။ သည်လို ကိစ္စမျိုးတွင် စိတ်တိုသူ၊ မဟုတ်မခံတုန့်ပြန်သူတို့မှာ သူရဲကောင်းဖြစ်သည်။

ဒေါက်တာမန်းသက်ဇံ တာဝန်ယူပြီးနောက် တက္ကသိုလ်များ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ၏ ဥက္ကဌ မှာ ဒေါက်တာမင်းတင်မွန်ဖြစ်သည်။ တက္ကသိုလ်မွန်မဂ္ဂဇင်းထုတ်ဝေရေးအတွက် အဓိကလုံးပမ်းကြသူများမှာ မဂ္ဂဇင်းတာဝန်ခံမင်းနွယ်စိုး (နောင်-မွန်ပြည်နယ်ဝန်ကြီး-ကွယ်လွန်)နှင့် အမှုဆောင်ကျောင်းသားများ ဖြစ်သည်။

စာအုပ်ထုတ်ဝေရန် သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်ကို သွားရ၊ လိုက်ရသည်။ စာမူစုဆောင်းခြင်း၊ စာပေစီစစ် ရေးကိစ္စအရပ်ရပ်ကို ကျောင်းသားများက သက်ဆိုင်ရာ လူကြီးမင်းများကို အကူအညီတောင်းရ၊ ဝင်ထွက်ဆက် ဆံရသည်။

အစစအရာရာကျပ်တည်းသည့် မဆလခေတ်တွင် မဂ္ဂဇင်းအတွက်လိုအပ်သည့် စက္ကူလျှောက်ရသည်မှာ မလွယ်ကူ။ စက္ကူရှားပါးလွန်းသည့် ထိုကာလတွင် အစိုးရဆီမှ ရခဲသည့် မွန်မဂ္ဂဇင်းထုတ်ဝေရန် စက္ကူ (၈၁) ထုတ်ကို ဥက္ကဌဒေါက်တာမင်းတင်မွန်က သိမ်းထားသည်။ မင်းနန္ဒာစာပေမှ ထုတ်ဝေမည့် သူ့စာအုပ်အတွက် ယူသုံးထားသည်။

ဒေါက်တာမင်းတင်မွန်၏အမြင်တွင် တက္ကသိုလ်မွန်မဂ္ဂဇင်းအတွက် ခွင့်ပြုချက်မရမီ မွန်မဂ္ဂဇင်းက ရထားသည့်စက္ကူများကို ယူသုံးနှင့်ပြီး သူ့ထံမှစက္ကူရလျှင် ပြန်ဖြည့်ပေးရန် ဖြစ်သည်။ သို့သော် ကျောင်းသားများ ကို အသိပေးထားခြင်းမရှိ။ စာပေစီစစ်ရေးခွင့်ပြုချက် ကြန့်ကြာမည် သိ၍လား၊ အလုပ်ပိပြီး မေ့သွားသည်လား မပြောတတ်။ မဂ္ဂဇင်းထုတ်ဝေရေးအမှုဆောင်အဖွဲ့က လိုက်လံစုံစမ်းရာ ဆရာမင်းတင်မွန် ထုတ်သွားကြောင်း သိသဖြင့် ကျောင်းသားတို့က သူ့ကို အထင်လွဲစိတ်ဆိုးကြသည်။ သို့သော် ဆရာကြီးဆီ သွားပြီး စက္ကူပြန်ရရေးအတွက် မတောင်းဝန့်ကြ။

သည်လိုကိစ္စမျိုးတွင် ဝါရင့်ကျောင်းသားဟောင်းနှင့် တိုင်ပင်ဆွေးနွေးကြသည်။ ပြောဆိုဝေဖန်ရဲသူ သာရင်နှင့် မောင်တိုးက ဒေါက်တာမင်းတင်မွန်နှင့် သွားတွေ့ပြီး စက္ကူပြန်လည်ရရှိရေး ဆွေးနွေးကြရာ ဆရာကြီး နှင့် အခြေအတင်ဖြစ်ကြသည်။ နောင်မှ မင်းမြင့်ဆွေနေထိုင်သည့် ဇီဝကဆောင်သို့လာပြီး ဒေါက်တာမင်းတင် မွန်ကိုယ်တိုင်လာရောက်ကာ စက္ကူတို့ကို ပြန်ဖြည့်ပေးခဲ့သည်။

ဆရာကြီးက သူ့ကို ဒဿနိကဗေဒဘွဲ့ရတို့က အမျိုးမျိုးအဖုံဖုံ ဝေဖန်သဖြင့် စိတ်ပျက်ရသည်ဟု ကောက်ချက်ပေးသည်။
“ဒဿနိကဗေဒ (Philosophy)သမားတွေနဲ့ ငြင်းရတာ မလွယ်ပါလား။ တကယ်ကို ကတ်သီးကတ် သတ်နိုင်တယ်”

အမေရိကန်တွင် ဓါတုဗေဒဖြင့်ပါရဂူဘွဲ့ရခဲ့သူ သိပ္ပံပညာရှင်ကြီးသည် ဝိဇ္ဇာသမား အတွေးအခေါ် ပညာရှင်ကိုတော့ ဖြုံခဲ့သည်။ ဒေါက်တာမင်းတင်မွန် ခမျာလည်း မျက်နှာပူကာ မွန်အသင်းနှင့် နှစ်အတန်ကြာ ကင်းကွာသွားခဲ့သည်။
(ဆက်ရန်)

03/04/2023

ဂၠံင်တရဴဍုင်မန်

ချူ-ဒယှ်ေ အံင်ဇၞး
ဂဳတမန် ၃၅ သၞာံ (2019)

03/04/2023

Dr. ပညာမန် (ပါရဂူသိပ္ပံပရေင်ဍုင်ကွာန်) သောင်ကလးလဝ်ကဵု အကာဲအရာ အလဵုအသဳ SAC မိက်ဂွံကၠောန်သ္ပ သဘင်သဳကၠဳပရေင်ၜိုဟ်လလမ်တၟိမွဲပၠန်။

ယဝ်ဒှ်ကၠောန်မ္ဂး သွက်ဂကူမန်တံကီု သွက်ဗော်ဍုင်မန်တၟိကီု ခိုဟ်/ဟွံခိုဟ် တၠုင်လအာဗီုလဵုဆက်ဒှ်မာန် သ္ၚဳဂၠိပ်လဝ်ရောင်။
https://www.youtube.com/watch?v=6vc-yC-iHjY&ab_channel=KaoWowNewsgroup

ဒးဆာန်လေပ်ဏောင်   (၂-၄-၂၀၂၃) အခိင်ဗတမ်ဏံ ၇ နာဍဳ(ဍုင်ဗမာ) Live နူ KaoWow Newsgroup မင်ဗဵုကဵုဇြဟတ်ညိ။ ဒါရိုက်တာ မာံကဝ်တာ တ...
02/04/2023

ဒးဆာန်လေပ်ဏောင် (၂-၄-၂၀၂၃) အခိင်ဗတမ်ဏံ ၇ နာဍဳ(ဍုင်ဗမာ) Live နူ KaoWow Newsgroup မင်ဗဵုကဵုဇြဟတ်ညိ။

ဒါရိုက်တာ မာံကဝ်တာ တက်တြးစဳဇန်လဝ်ဇာတ်ဗဳဒဳယော လောန်ကၠုင် ၃၀ သၞာံပြင်တေံ

မာံကဝ်တာ ဟံသာမာန်(ဇော်လတ်)
ရာဇာနန် မာံဆာန်မန် ဟံသာဆာန်
မိနာင်သဵုသဵုဨ မြမောဝ်
ပါလုပ်ချဳဒရာင်လဝ်

01/04/2023

ဗြဴတၠပါရမဳ- ကလျာမန်
https://www.youtube.com/watch?v=zBt679CjrVc&ab_channel=KaoWowNewsgroup

ချူ-ဟံသာတ္ရဲဏံ ရမျှာင်-ဇြဟာန်မန်
ဒယှ်ေ-ကလျာမန် တိုင်တိုက်-အာဲမန်
ဒယှ်ေလဝ် ဂဳတမန် ၃၅ သၞာံ (30-3-2019) လ္တူဍုင်ဇြပ်ဗု။
တၠရမျှာင်တမ်မူလ မိဂေါဝ်ဆာဲ ဒယှ်ေလဟိင်လဝ် ပ္ဍဲကဝး ဗြဴတၠပါရမဳ (1990)

ခရေနီနီတစ်ပွင့်၏ နိဒါန်းမင်းချမ်းထိုက်နိုင်တလမွန် (ခေါ်) မင်းသာရင်ကို မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် တော်ကနာ...
31/03/2023

ခရေနီနီတစ်ပွင့်၏ နိဒါန်း
မင်းချမ်းထိုက်

နိုင်တလမွန် (ခေါ်) မင်းသာရင်ကို မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် တော်ကနာရွာတွင် ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (နှစ်ဆန်းတစ်ရက်)၊ သောကြာနေ့တွင် ဖခင်နိုင်ဝင်းနှင့် မိခင်မိငြိမ်းရင်တို့မှ ဖွားမြင်ခဲ့ပါ သည်။

ကောဇာသက္ကရာဇ် ၁၃၀၄ ခုနှစ်၊ နတ်တော်လဆုတ် ၁၀ ရက်ဖြစ်သည်။ မွေးချင်း (၇) ဦးတွင် အထွေးဆုံး ဖြစ်ပြီး ငယ်နာမည် (Nick name) “အနောင်” ဖြစ်သည်။ မောင်နှမများမှာ နိုင်ငွေလှိုင်၊ မိလှကြည် (နိုင်ချမ်းတွဲ့ ၏မိခင်)၊ နိုင်ကျော်လှ (မွန်ပြည်နယ်ဝန်ကြီး မင်းကျော်လွင်၏ဖခင်)၊ နိုင်အောင်ဗိန် (ဒေါက်တာမင်းခင်မောင်ရင်၏ ဖခင်)၊ နိုင်အောင်ယိန် (နိုင်သန်းရှိန်)၊ နိုင်သိန်းဖေတို့ ဖြစ်ကြသည်။

သူ၏မိဘမှာ တော်ကနာနယ်တစ်ဝိုက်တွင် လယ်မြေဧက (၄၀) ရှိပြီး ရော်ဘာခြံ ၁၀ ဧက နီးပါး (၉.၈ ဧက)ကို ပိုင်ဆိုင်သဖြင့် ငွေကြေးဖူလုံချမ်းသာသူဖြစ်သည်။ တော်ကနာရွာလယ်ပိုင်းရှိ နှစ်ထပ်တိုက်အိမ်ကြီးတွင် မြေအောက်ခန်းတစ်ခု ထဲ့ဆောက်ကာ ခန်းနားထယ်ဝါစွာနေနိုင်သည့် တောသူဌေးဖြစ်သည်။ အကြီးဆုံးသား ငွေလှိုင်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ရဲဘော်တစ်ဦးဖြစ်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော၏ တပ်တွင် အမှုထမ်းခဲ့သည့်လူယုံဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုအစိုးရ လူကြီးပိုင်းနှင့်ဝင်ဆန့်သူ၊ အပေါင်းအသင်း များပြီး မြန်မာပြည်အနှံ့ ခြေဆန့်လည်ပတ်ခဲ့သူဖြစ်သည်။

သို့သော်လည်း မိခင်ဒေါ်ငြိမ်းရင် ဆုံးသွားသဖြင့် သာရင်မှာ ငယ်စဉ်ကပင် အမိမဲ့သား ဖြစ်သွားရှာသည်။

“တို့ခလေးဘဝမှာဘဲ အမေဆုံးသွားတယ်။ မူလတန်းပြီးတော့ ကျောင်းဆက်မတက်ဘဲ ငါ ကိုရင် ဝတ်လိုက်တယ်။ အနောင်(သာရင်)က အလယ်တန်း၊ အထက်တန်းအထိ အခြားရွာမှာ ကျောင်းသွားတက်ရ တယ်။ တော်ကနာရွာလွတ်ကားလမ်းလည်း မပေါက်သေးတော့ လမ်းလျှောက်ရတာပေါ့။ ပိန်ပိန်ရှည်ရှည်အ နောင်က လမ်းလျှောက် သိပ်မြန်တာ”

ယနေ့အသက် ၈၄ နှစ်ရှိပြီဖြစ်သည့် နိုင်သန်းရှိန် (၂၀၂၂၊ စတ်တင်ဘာ ၁၂)က အထွေးဆုံးညီလေးသာရင့်အကြောင်းကို ပြောပြသည်။ မောင်နှမအရင်းချာတွင် နိုင်သန်းရှိန် တစ်ဦးထဲသာ အသက်ရှင် ကျန်သေးသဖြင့် နိုင်တလမွန်၏ သမိုင်းကြောင်းကို ခြေရာခံရာတွင် အချက်အလက်ရသည်။

လူငယ်လေးအနောင်မှာ စာကြိုးစား၊ အနေအထိုင်ရှင်းပြီး ပွင့်လင်းသော်လည်း စကားပြောကြမ်းသည်။ သူတို့ဖခင် နောက်အိမ်ထောင်ပြုသွားသဖြင့် အနောင်နှင့်မိသားစုကို အရင်လို မကြည့်ရှုနိုင်အား။ “အမကြီး အမိ ရာ” ကဲ့သို့ အမမိလှကြည် (နိုင်ချမ်းတွဲ့၏မိခင်)က မိခင်ပမာ အနောင်ကို အဖေါ်ပြုစောင့်ရှောက်ရသည်။

“သာရင်က စာကြိုးစားတယ်။ ရွာလွတ်မှာကျောင်းသွားတက်တဲ့နှစ် (အတိအကျတော့ မမှတ်မိဘူး) မှာ မျက်မှန်စတတ်ရပြီ။ ကျောင်းသားဘဝကတဲက ဗဟုသုတ လေ့လာလိုက်စားတယ်။ သူကိုယ်တိုင်ချက်ပြုပ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူနဲ့ သရက်သီးသနပ်လုပ်၊ ပုလင်းထဲထဲ့ပြီး စားနေတာနဲ့ ကျေနပ်တာဘဲ”

အချက်အပြုပ်နှင့် စာရေးစာဖတ်သာ ဝါသနာပါသည့် ကျောင်းသားလေးမျက်မှန်အနောင်က အားက စား စိတ်ဝင်စားမှု မရှိလှ။ စာအုပ်နှင့်သာ အဖေါ်ပြုသည်။

တက္ကသိုလ်မြေနှင့် အရိုင်း

အနောင် (ခေါ်) သာရင်သည် မုဒွန်းဆရာတော်တည်ထောင်ထားသော မုဒွန်းရွာအလယ်တန်းကျောင်း တွင် ပညာသင်ကြားသည်။
အလယ်တန်းအောင်ပြီး ရွာလွတ်ရွာသို့ ခြေလျင်လမ်းလျှောက်ရင်း (၁၀)တန်း အောင် သွားသည်။ ရွာလွတ်အထက်တန်းကျောင်းမှ မော်လမြိုင်ကောလိပ်သို့ အသက် ၂၁ နှစ်အရွယ်၊ ၁၉၆၄ ခုနှစ်တွင် စတက်သည်။ ထိုစဉ်ကမော်လမြိုင်ဥပစာကောလိပ်သည် တက္ကသိုလ်အဆင့် မဟုတ်သဖြင့် ဘာသာရပ် မစုံလင် သည့်အပြင် သက်မွေးဝမ်းကျောင်း ပညာတက်ရန် လိုင်းကောင်းမရှိ။

မော်လမြိုင်ကောလိပ်တွင် ပညာဆည်းပူးစဉ် ဝါသနာတူစရိုက်တူသည့် ဖါးအောက်ရွာသား မင်းမောင်တိုးနှင့် တော်ကနာသား မင်းသာရင်တို့ စတင်သိကျွမ်းခင်မင်ကြသည်။ မောင်တိုးက အသားမဲပြီး ငယ်စဉ်က ကျောက်ရောဂါ ခံစားခဲ့ရသဖြင့် မျက်နှာပြင်တွင် ကျောက်ပေါက်မာရှိသည်။ သာရင်က ပိန်ရှည်ရှည်ခန္ဓာကိုယ်ကို ပိုင်ထားသည်။ နှစ်ယောက်စလုံးက ခပ်ရိုးရိုး။ ရုပ်မဖြောင့်သည့်အပြင် ဖွဲ့နွဲ့ချိုသာစွာ စကားပြောတတ်သူတွေ မဟုတ်ကြ။ သို့သော် ရိုးသားမှုချင်း၊ မျိုးချစ်စိတ်ဓါတ်ခြင်းတူသည့်အပြင် မဟုတ်မခံမှန်မှန်ပြော စရိုက်တူကြသည်။

၁၉၆၅ ခုနှစ်တွင် ဦးနေဝင်းအစိုးရက စနစ်သစ်ပညာရေးသို့ ပြောင်းလဲသွားသဖြင့် တက္ကသိုလ်တွင် မေဂျာ (အဓိကဘာသာ)ခွဲကြရာ မောင်တိုးနှင့်သာရင်တို့နှစ်ယောက် ဒဿနိကဗေဒမေဂျာချင်း အတူကျသည်။ အ တူတကွ အတန်းတက်ရင်း ပိုရင်းနှီးသွားကြသည်။

“သာရင်က တော်ကနာရွာကို ပြန်တာထက် ငါနဲ့လိုက်ပြီး ဖါးအောက်ကို အလည်လိုက်တယ်”

ရန်ကုန်တာမွေရှိ နိုင်မောင်တိုး၏အိမ်သို့ မိမိသွားရောက်တွေ့ဆုံစဉ် သာရင်အကြောင်းကို သူ ပြန်ပြော ပြသည်။ မိဘမစုံလင်သည့် အထွေးဆုံးသားသာရင်မှာ အဖေနောက် အိမ်ထောင်ပြုသည်ကို သဘောမတွေ့။ တော်ကနာမှာ နေရသည်ထက် မောင်တိုးတို့မိသားစုနှင့် နေရသည်က စိတ်ချမ်းသာသည်ဟု ဆိုပါသည်။

အမျိုးသားရေးစိတ်ဝင်စားလာသည့် မင်းသာရင်သည် တက္ကသိုလ်ပညာဆည်းပူးချိန်တွင် ဝါသနာပါ သည့် စာပေလေ့လာခြင်းအပြင် အားလပ်ရက်တွင် ဘုန်းကြီးကျောင်းသို့ သွားပြီး မွန်စာလေ့လာသည်။

တော်လှန်ရေးကောင်စီ ဗိုလ်ချုပ်နေဝင်းခေတ်တွင် နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းပြီး နိုင်ငံရေး လှုပ်ရှားမှုအားလုံးကို ပိတ်ပင်ထားသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ခုသာ ဖွဲ့စည်းအစားထိုးပြီး တိုင်း ရင်းသားစာပေယဉ်ကျေးမှုကို အားမပေး၊ သင်ကြားခွင့်မရှိ။

သို့သော် တိုင်းရင်းသားလူမျိုးများစာပေနှင့်ယဉ်ကျေးမှုကော်မီတီအမည်ဖြင့် စာပေယဉ်ကျေးမှုရေးရာ ကို အကန့်အသတ့်ဖြင့်လှုပ်ရှားခွင့်ပြုရာ ၁၉၆၅ တွင် တက္ကသိုလ်မွန်အသင်းပေါ်လာသည်။ စတင်ဖွဲ့စည်းခွင့်ရသည့် မွန်စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ဥက္ကဌမှာ ဒေါက်တာမန်းသက်ဇံဖြစ်ပြီး အတွင်း ရေးမှူးမှာ မင်းဆွေယဉ် (မင်းရွှေရင်-နာဲရဿ) ဖြစ်သည်။

မင်းသာရင်နှင့် မင်းမောင်တိုးတို့နှစ်ယောက် (၁၉၆၆) ခုနှစ်တွင် မော်လမြိုင်ကောလိပ်မှ ရန်ကုန်တက္က သိုလ်သို့ ဆက်တက်ကြရာ ဘာသာရပ်ချင်းတူသည့်အတွက် ရန်ကုန်တက္ကသိုလ် မိန်း(ပင်မ)၊ စစ်ကိုင်းဆောင်တွင် အတူနေခွင့်ရကြပြန်သည်။ အရင်ကတဲက ခင်လာသည့်အတွဲမှာ ရန်ကုန်ရောက်တော့ ထမင်းစားလျှင်လည်း တစ် စားပွဲထဲ။

သူတို့နှစ်ယောက်နှင့် ထပ်မံခင်မင်လာသူတစ်ဦးမှာ မင်းရွှေရင်ဖြစ်သည်။ မင်းရွှေရင်က စီးပွားရေးတက္က သိုလ်တွင် စာရင်းအင်းအဓိကယူထားပြီး သမိုင်းဆောင်တွင် နေသည်။ အသင်းအဖွဲ့ကိစ္စ အချိန်ပေးနေရသဖြင့် အခမ်းအနား၊ ပွဲတစ်ခုခုနှင့်နီးကပ်လျှင် သူနေသည့်သမိုင်းဆောင်သို့ ပြန်ချိန် မရ။ စစ်ကိုင်းဆောင်တွင် ထမင်း ဝင်စားကာ မောင်တိုး၏အခန်းတွင် အိပ်လေ့ရှိသည်။ နောက်တော့ မွန်အသင်းအတွင်းရေးမှူးရွှေရင်နှင့် တက်ကြွ ဦးဆောင်သူ သာရင်၊ မောင်တိုးတို့ သုံးဦးမှာ တက္ကသိုလ်မွန်ကျောင်းသားတို့၏ စီနီယာအကိုကြီးဘဝကို ခံယူရင်း အလိုလို ပေါင်းမိသွားကြသည်။

သူတို့သုံးဦးသား၏ မျိုးချစ်စိတ်ဓာတ်အခံ တူညီကြသော်လည်း ဆက်ဆံမှုစရိုက် ခြားနားသည်။ မုဒုံ ကလော့သော့သားရွှေရင်က ဆက်ဆံရာရေး ပျော့ပြောင်းပြေပြစ်ပြီး စိတ်ရှည်သည်။ မောင်တိုးနှင့်သာရင်က ဖြောင့်ဖြောင့်မှန်မှန် ချက်ချင်းတုန့်ပြန်တတ်သည်။ စိတ်တိုသည်။ လူယဉ်ကျေးတို့၏ပကာသနနှင့် ဟန်ပန်အမူအ ယာကို အလေးမထား။ မျိုးချစ်စိတ်ဓါတ်နှင့်အမှန်တရားအတွက် ရင်ဆိုင်ရဲသည်တို့ ပေါင်းစပ်လိုက်သောအခါ သူ တို့နှစ်ဦးမှာ မဟုတ်မခံ ဝေဖန်အာခံတတ်သူ အရိုင်းများ ဖြစ်သည်။

(ဆက်ရန်)

31/03/2023

တရဴ- မန်ထဝ်ကျာင်
Journey (Mon Classic Song)
https://www.youtube.com/watch?v=ro2_R4t_5Xc&ab_channel=KaoWowNewsgroup
အခန်ကၞာ ဂကောံဂဳတမန် ပေင် ၃၅ သၞာံ (30-Mar-2019) ဏံ ကောန်သၟိင်ဇၞော်မန်ထဝ်ကျာင် ဒယှ်ေ သ္ကိုပ်ဂဳတ အာဲမန် တိင်တိုက်လဝ် အစာဆန်ဒွက် ဗညာသၟိင်(နာဲယှိုဲကိက်) ချူဆန်ဂၠာဲလဝ်အခိုက်။
တမ်မူလ အာဲမန် ဒယှ်ေလဝ် ကဝးဒွက်ဂဳတမန် အလန်ပထမ(1984)

30/03/2023

ဂဳတမန် ပေင် ၃၅ သၞာံ (30-Mar-2019)

-ဂလာန်သြဝါဒ ကျာ်ဇၞော် ခေမာနန်
- အစာဟံသာ (ဒုဥက္ကဌ ဗော်ဍုင်မန်တၟိ)
-ဒံက်တာအံင်နာင်ဥူ(ဒုဥက္ကဌ ကၠတ်ထဝ်တွဵုရးမန်)
-ညးစဒက်ပ္တန်လဝ်ဂဳတမန် အာဲမန်
-ဥက္ကဌဂဳတမန် အဗ္ဘဏ် တံ မုဟီုဂးလဝ် သွက်အနာဂတ်ပရေင်ဂဳတမန်
နကဵုစၟတ်သမ္တီဝင်မွဲပ္ရံက် KaoWow ကလေင်ဆဝ်ဗ္ရုဟ်စိုတ်ဓါတ် သွက်ရဲဆာန်ဂဳတတံ ပတိုန်ထ္ၜးဏာ။
KaoWow Youtube; https://www.youtube.com/watch?v=85vfD7VTaZ4&ab_channel=KaoWowNewsgroup

Gita Mon band's 25th anniversary (30-3-2019)
On March 30, 2019, fans and supporters of Gita Mon Band gathered at a popular venue in the Thanphyuzayzt city to celebrate the band's 25th anniversary. The event was filled with enthusiasm and excitement as attendees reminisced about the band's journey since its inception.

The venue was adorned with colorful lights and banners highlighting the band's achievements over the years. The ceremony began with a speech from Gita Mon's lead vocalist, who thanked the crowd for their unwavering support and dedication.

Several notable figures were also present at the event, including the famous Composer Ven K-Mar Non, the leader of the New Mon State Party Nai Hongsar, the Vice Chairman of Mon State Hluttaw Dr. Aung Naing Oo, and the father of Gita Mon's Aie Mon and current leader AobBon. They all expressed their support for the band and congratulated them on their success.

The celebration continued with live performances by Gita Mon Band, and the crowd sang along to their favorite songs. The band members expressed their gratitude to their fans and supporters and promised to continue making music that touches the hearts of their listeners.

Overall, the 25th anniversary of Gita Mon Band was a memorable and joyous occasion, and it was clear that the band's music has made a significant impact on its fans and supporters over the years.

29/03/2023

ဂလာန်ဒုဥက္ကဌ နာဲထေန် လောန်ကၠုင် ၃၀ သၞာံတေံ
"Nai Htin, Vice chairman of NMSP, Speaking on the 46th Mon Revolution Day (1-9-1993)"
https://www.youtube.com/watch?v=8PLeOJTgkL4&ab_channel=KaoWowNewsgroup

“တွဵုရးအခေါင်အဝဵုဟွံဍိုက်ပေင် နေဝေန်ကဵုလဝ်လၟုဟ်ဂှ် ဂကူမန်ဗွဲမဂၠိုင်တံ ဟွံဒုင်တဲ။ ပရေင်ကလိုက်ကၟဵု အာတ်အခေါင်ဒဳမဝ်ကရေသဳ ဟိုတ် 1988 အလုံဍုင်ဒှ်ကၠုင်တုဲ ကွးဘာမန်ဗွဲမဂၠိုင် စိုပ်ကၠုင်ဗော်ဍုင်မန်တၟိ။
ပရေင်ဂကူဗၠးၜးကဵု ဇြဟတ်ရုန်ဂစာန်အခေါင်ဒဳမဝ်ကရေသဳတံ ပံင်ပစပ်တုဲ အပ္ဍဲကဵုပ္ရံက်ဏံ တဲညဳညဳ ကသုညဳညဳ ဆက်လုပ်အာပေါဲဗ္တိုက်စိုအ်”
ကံက်နုက်ပတိုန်ထ္ၜးသ္ပစၟတ်သမ္တီ အခန်ကၞာတ္ရဲပၠန်ဂတး (၄၆) ဝါ (1-9-1993) ဒၞာဲဗဟဵုဗော်ဍုင်မန်တၟိ-ဗဒိုပ်သီဍုင်။
တင်သမ္တီ။ ။ကောန်ဗော်ရဲဗော်လောန်ကၠုင်မွဲအခိင်တေံ ဗီုကောံကလောံမံင်တံဂှ် ဂွံကလေင်ဆဵုညာတ် ပ္ဍဲရုပ်ဂမျိုင်ဏံမာန်။

28/03/2023

ဂလာန်သ္ကိုပ်ပၞာန်ထဝ်မန် လောန်ကၠုင် ၃၀ သၞာံတေံ
"General Htaw Mon, Chief Commander of MNLA, Speaking on the 46th Mon Revolution Day (1-9-1993)"
https://www.youtube.com/watch?v=wtaghQqdVuA&ab_channel=KaoWowNewsgroup
နကဵုသတ်ပၟဝ်ဇဝ်ပ္ကဴပၠန်ဂတးဟေင် ဒပ်ပၞာန်ဗၠးၜးကောန်ဂကူမန်-(ဒဗကမ) မံက်ဂတဝ်ကၠုင်၊ ဒပ်ပၞာန်ဗၠးၜးကောန်ဂကူမန် မံက်ကၠုင်တုဲ ညးသအာင် င္ရိတ်ကဠက်ဂကူမန်ဟွံမာန်။ အလုံဂကူပိုဲမွဲ ဒုင်တဲဗော်(NMSP) ပၠမံင်တရဴဂကူပိုဲ၊ ဗော်ဟၟဲမ္ဂး ဂကူပိုဲ ပြးကၠင်သ္ရဳအာမာန်ဏောင်။ ဗော်ဂှ် သီုကဵုဒတဲကဝါ်မံင် ဒပ်ပၞာန်ဗၠးၜးကောန်ဂကူမန်။ ဒဗကမဂှ် တုပ်တဴညံင်ရဴ “ကဒံင်” ဒဵုဒၞာမင်မွဲမံင် ဂကူမန်ပိုဲ။
ကံက်နုက်ပတိုန်ထ္ၜးသ္ပစၟတ်သမ္တီ ဂလာန် သ္ကိုပ်ပၞာန်ထဝ်မန် အခန်ကၞာတ္ရဲပၠန်ဂတး (၄၆) ဝါ (1-9-1993) ဒၞာဲဗဟဵုဗော်ဍုင်မန်တၟိ-ဗဒိုပ်သီဍုင်။
တင်သမ္တီ။ ။ကောန်ဗော်ရဲဗော်လောန်ကၠုင်မွဲအခိင်တေံ ဗီုကောံကလောံမံင်တံဂှ် ဂွံကလေင်ဆဵုညာတ် ပ္ဍဲရုပ်ဂမျိုင်ဏံမာန်။

On the occasion of the 46th Mon Revolution Day ceremony, held on September 1st, 1993, The General Htaw Mon, Commander of the Mon National Liberation Army (MNLA), would like to address the attendees.

Camera by Banyar Aung

27/03/2023

ဗော်ပိုဲ ပိုဲပ‌‌ေလ၀်ကၠာ တုဲမှတက်ကျာဒေါအ်ပန်ပှော်ထေက်
https://www.youtube.com/watch?v=YzmufPjfjVw&ab_channel=KaoWowNewsgroup

ဂလာန်ဥက္ကဌ နာဲယှိုကျေန်
ဗော်ဍုင်မန်တၟိ
ကောံဓရီုကမ္မတဳဗဟဵု (ကာမံက်တိုန်) ၂၁-၁၀-၁၉၉၃
ဒၞာဲဗဟဵုဗော်ဍုင်မန်တၟိ-ဗဒိုပ်သီဍုင်။
ကံက်နုက်ပတိုန်ထ္ၜးရအဴ။

The News Mon State Party, Chairman Nai Shwe Kyin addressed the party's Central Committee during an emergency meeting on October 21, 1993,

25/03/2023

ဍာ်ရမတ်ဗြဲ
ချူ/ရမျှာင်-ဗညာအံင်
တိင်တိုက်-KB အးဆာန်
ဒယှ်ေ-နန္ဒဳဆာန် (ခေန်မေတာန်)

https://www.youtube.com/watch?v=tlO2EEfsUHo&ab_channel=KaoWowNewsgroup
ဒွက်ဝွံ သ္ကိုပ်ဂဳတ ဗညာအံင် ချူဆန်ဂၠာဲလဝ်အခိုက်တုဲ ဂကောံဂမြဴၜိုပ်ပဝ်(ဗော်ဍုင်မန်တၟိ) ပတိတ်လဝ်ကဝးဒွက် ပ္ဍဲသၞာံ ၁၉၉၃။

24/03/2023

မော့ကနင်ရွာသားဖိုးဖိုးရဲ့ လူငယ်ဘဝ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ
https://reliefweb.int/report/myanmar/myanmar-mon-state-profile-updated-june-2014

နိုင်မြတီ
(၁၉၂၈-၂၀၁၁)

ရေးမြို့နယ် မော့ကနင်ကျေးရွာ၌ ၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မော့ကနင်ကျေးရွာ မူလတန်းကျောင်းမှာ ၄ တန်း အောင်မြင်ပြီး မုဒုံမြို့နယ် ကလော့သော့ကျေးရွာ အလယ်တန်းကျောင်တွင် ၇ တန်းအထိ ပညာသင်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေစဥ် ၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်များ မြန်မာနိုင်ငံဝင်ရောက်လာသည့်အခါ ကျောင်းထွက်၍ မော့ကနင်ရွာသို့ ပြန်လာခဲ့ရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဇာသပြင်ရဲစခန်းကို မွန်လူငယ်တစ်စုလက်နက်ဝင်လုပြီး မွန်တော်လှန်ရေးစတင်ခဲ့သည့်ဖြစ်စဥ်အတွင်း ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

မွန်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်စံသူနှင့် နိုင်ဘလွင်(ခေါ်) နိုင်ရွှေကျင်တို့ ၁၉၄၈ နှစ်ဦးပိုင်းမှာ မော့ကနင်ကျေးရွာသို့ နိုင်ငံရေးတရား လာရောက်ဟောကြားခဲ့ပြီးနောက်ပိုင်း မော့ကနင်ကျေးရွာ မွန်လွတ်လပ်ရေးအဖွဲ့ ပါတီဖွဲ့စည်းရာတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်ကို ၄င်း၏ Oral History မှ ကောက်နုတ်တင်ပြခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မွန်အမျိုးသားကာကွယ်ရေးအဖွဲ့-MNDO ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် အသက် (၈၃) တွင် ထိုင်းနယ်စပ် စံခလပူရီမြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

23/03/2023

သၟာန်လဝ်ကု ဥက္ကဌဂကောံသၟတ်ပွိုင်ဍုင်ဇြပ်ဗု နာဲနန္ဒ။
https://www.youtube.com/watch?v=r53XHbSmplM&ab_channel=KaoWowNewsgroup

ဂကောံသၟတ် ပွိုင်ဍုင်ဇြပ်ဗု သ္ပကောံဓရီု စၟတ်တ္ရဲ (20.3.2023) ကလေင်ရုဲစှ် ညးတာလျိုင်ဂကောံတၟိ ပ္ဍဲဘာနန္ဒဝိုန် ဍုင်ဇြပ်ဗု။

အပ္ဍဲကောံဓရီုဏံ ပွိုင်ဍုင်ဇြပ်ဗုသ္ကုတ်(၁)ဂှ် (၁၁)ကွာန်(၄၄)တၠ၊ သၟတ်ပွိုင်ဍုင်ဇြပ်ဗု သ္ကုတ်(၂)ဂှ် (၁၃)ကွာန်(၅၂)တၠ ၊ သၟတ်ပွိုင်ဍုင်ဇြပ်ဗုသ္ကုတ်(၃)ဂှ် (၁၂)ကွာန်(၄၈)တၠ ၊ သၟတ်လ္တူဍုင်ဇြပ်ဗု(အရာပ်ပံၚ်ကောံ)(၂၄)တၠ ကေုာံ စၞးဗော်ဍုင်မန်တၟိ(၂)တၠ၊ ဗော်ညဳသၟဟ်မန် (၁)တၠ၊ ကမ္မတဳပရေင်ပညာ ပွိုင်ဍုင်ဇြပ်(၁)တၠ၊ ကမ္မတဳလိက်ပတ်ယေန်သၞာင်(၁)တၠ၊ ဂကောံအ္စာကၞေဟ်မန်(၁)တၠ၊ ဂကောံအ္စာဘာကောန်ဂကူမန် ပွိုၚ်ဍုင်ဇြပ်ဗု(၂)တၠ၊ ဂကောံအ္စာဂဥုဲ ပွိုင်ဍုင်ဇြပ်ဗု(၂)တၠ၊ ဂကောံညးဗြဴမန် ပွိုင်ဍုင်ဇြပ်ဗု(၂)၊ ဂကောံမိစဴဗု ပွိုင်ဍုင်ဇြပ်ဗု(၁)တၠ၊ ဌာန်ကောံသၟတ်မန်(၅)တၠ၊ ဂကောံသၟတ်ပွိုင်ဍုင်မုဟ်ဍုၚ်(၂)တၠ၊ ဂကောံသၟတ်ပွိုင်ဍုင်ရေဝ်(၂)တၠ၊ ဂကောံသၟတ်ပွိုင်ဍုင်လှာဒကှ်(၂)တၠ၊ ဂကောံသၟတ်ဒေသကၞောတ်ၜဳရေဝ်(၂)တၠ ဂကောံခမဳသင်ဂမၠိုင်(၁၁) ဇကု၊ ဂကောံနာနာ(၂၆)တၠ၊ ညးဘိက်ထေက်ဂမၠိုင်(၈) တၠ၊ သၟတ်ရေင်တၠုင်ဂမၠိုင်(၁၀) တၠ၊ ညးတာလျိုင်ဂမၠိုင်(၁၀) တၠ အပံင်သီုဖအိုတ် လၟိဟ်(၂၃၃)တၠ တိုန်စိုပ်လဝ်ရောင်။

22/03/2023

ပေါဲပၞာန်လ္ရီ အံင်ဇၞးလ္ရီ
ဒယှ်ေ-ကလျာမန်
ချူ/အခိုက်ရမျှာင်- ဗညာအံင်
စၟတ်သမ္တီ ဂကောံဂဳတမန် ပေင် ၃၀ သၞာံ (2014) ကလျာမန် ဒယှ်ေလဝ်တုဲ ဗညာအံင် တိင်လဝ် KB။ အာဲမာန် Guitar, ထဗိုန် နာဲအံင်တိင်၊ ခၞုက်ခဍေဝ် ဆိပ်ချေး။
၁၉၈၄ ချူဆန်လဝ်တုဲ ပ္ဍဲကဝးဒွက်ယောယဳဟိုဲ တၠရမျှာင် (မိဆာန်) တမ်မူလဒယှ်ေလဝ်ရောင်။

22/03/2023

NCA-S EAO ၇ ဖွဲ့နဲ့ NSPNC တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမယ်
https://www.youtube.com/watch?v=oYgQo3ZawHs&ab_channel=KaoWowNewsgroup
KaoWow Newsgroup; 22nd March, 2013

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ NCA-S EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရေး ကော်မတီ NSPNC တို့ လာမယ့် မတ်လ (၂၈ -၂၉ ) နှစ်ရက်ကြာ နေပြည်တော်မှာ အလွတ်သဘောတွေ့ဆုံမယ်လို့ PPST ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စောကျော်ညွှန့်ရဲ့ ယခုအင်တာဗျူးမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာ နိုင်ငံရေးကြောင့် ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ တွေ့ဆုံအဖြေရှာခြင်းကသာလျင် ပြည်ထောင်စုအတွက်ရော နိုင်ငံသူနိုင်ငံသားအားလုံးအတွက်ရော ထိခိုက်နစ်နာမှုအနည်းဆုံးလမ်းကြောင်းကို ရွေးချယ်နိုင်မှာဖြစ်ပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းပေါ်ပေါက်လာဖို့ NCA လက်မှတ်ထိုး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့အနေနဲ့ တစိုက်မတ်မတ်ကြိုးပမ်းနေမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

NCA အပစ်ရပ်အဖွဲ့တွေဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ပအိုဝ်းအမျိုသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – PC၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်မယ်လို့ သတင်းရရှိပါတယ်။

Address


Telephone

+66925121374

Website

Alerts

Be the first to know and let us send you an email when KaoWow Newsgroup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KaoWow Newsgroup:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share