The Burmese Post

  • Home
  • The Burmese Post

The Burmese Post True News

လွှတ်တော်ကိုယ်စားလှယ် လက်ကိုင်ဒုတ် NLD ပါတီအုပ်ချုပ်ရေးမှူးများ နှင့် ဥပဒေမဲ့နေတဲ့ ထန်းတစ်ပင်မြို့နယ် _______ရန်ကုန်စက်တ...
01/10/2020

လွှတ်တော်ကိုယ်စားလှယ် လက်ကိုင်ဒုတ် NLD ပါတီအုပ်ချုပ်ရေးမှူးများ နှင့်
ဥပဒေမဲ့နေတဲ့ ထန်းတစ်ပင်မြို့နယ်
_______
ရန်ကုန်

စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးထန်းတစ်ပင်မြို့နယ်ထဲက ကျေးရွာတွေမှာ NLD ကိုယ်စားလှယ် NLD အုပ်ချုပ်ရေးမှု NLD စည်းရုံးရေးမူးတွေ လက်ထဲမှာ ဥပဒေတွေမဲ့ပြီး ပြည်သူတွေမှာဟစိုးရိမ်ထိတ်လန့်မှုတွေနဲ့သာကြုံနေရတယ်လို့ ဆိုပါတယ် ၊
၁၅ ရက် ၇ လ ၂၀၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင့်ခန့်မှာ အိုင်းကြီးကျေးရွာ အနီး လယ်သမားကြီးဦးကျော်ဝင်းပိုင် ငါးကန်ကို လူ ၁၅၀ ခန့် ဟာ ဆွဲပိုက် ကျားပိုက် ငါးဆောင်းများနဲ့ရောက်လာပြီး
ခြိမ်းခြောက်လုယက်ပြီး ငါးဖမ်းသွားကြတဲ့အတွက် ကန်ပိုင်ရှင်မှ ငါးပိဿ ချိန် ၁၀၀၀၀ ခန့် ရှုံးဆုံးခဲ့တဲ့ အတွက် ရဲစခန်းနဲ့မြို့နယ်မှူးတို့ထံ တိုင်ကြားခဲ့သော်လည်း NLD လွတ်တော်ကိုယ်စားလှယ် နှင့် NLD ပါတီမြို့နယ် ဥက္ကဌ တို့က ငါးဖမ်းသွားသူတွေဖက်က ရပ်တယ်ပြီး ဖိအားပေးခဲ့တဲ့အတွက်
တစ်စုံတစ်ရာ အရေးယူပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ကျေးရွာနေ အခြားပြည်သူများမှာ ၎င်း တိုလည်းယခုလို ပြုကျင့်ခံရမည်ကိုစိုးရိမ်ထိတ်လန့်နေကြောင်းသိရသည် ။
အလားတူပင် ထန်းတစ်ပင်မြို့နယ် ဘောလည်ကြီးကျေးရွာ
အနီးလယ်သမားကြီးဦးစိုးလွင်ပိုင် ငါးကန်တွေဆီကို ၈ .၉.၂၀၂၀ ရက်နေ့မှာ ကျော်ဇောကုန်းရွာသား ဦးကုလားဆိုသူဦးဆောင်ပြီး ပတ်ဝန်းကျင်ရွာတွေမှ လူအင်အား ၁၅၀ ခန့်က ကျားပိုက် ဆွဲပိုက် ဆောင်းများဖြင့် ရောက်လာပြီး မင်းမဲ့စရိုက်ဆန်ဆန် ခြိမ်းခြောက်ပြီး ငါးဖမ်းသွားကြရာ ငါး
ပိဿ ချိန် ၁၀၀၀၀ ခန့် ရှုံးဆုံးသွားခဲ့သဖြင့် ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံတိုင်ကြားခဲ့သော်လည်း NlD ကျေးရွာအုပ်ချုပ်ရေးမှူ မှ အရေးမယူပေးခဲ့သည့်အတွက် များစွာနှစ်နာ ခဲ့ကြောင်းသိရသည် ။
ထန်းတစ်ပင်ကျေးရွာ နဲသမိန် ကျေးရွာမှ NLD ပါတီ ဥက္ကဌ နေအိမ်တွင် စက်သုံးဆီများ သိုလှောင်ရောင်းချ နေရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အိမ်များ အားကူးစက်လောင်ကျွမ်းခဲ့ရာ အရေးယူမှုမရှိ သည့်အပြင် နှစ်နာမှု ကြီးကြီး မားမား မရှိဟုဆိုကာ NLD ကိုယ်စားလှယ် နဲ့ အုပ်ချုပ်ရေးမှူးတို့မှ ပြန်လည်ကြိမ်းမောင်းခြိန်းခြောက် ခြင်းများပင်ပြန်လုပ်ခဲ့ကြောင်းသိရသည် ။
၎င်း ကဲ့သို့ ထန်းတစ်ပင်မြို့နယ်NLD လွတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်များ အုပ်ချုပ်ရေးမှူးများမှ အုပ်စုဖွဲ့ဗိုလ်ကျနေသည့်အတွက် ပြည်သူများမှာ မင်းမဲ့ ဥပဒေ မဲ့နေ သလိုခံစားနေကြရကြောင်း ဒေသခံတွေရဲ့ပြောကြားချက်အရသိရသည် ။

သမ္မတနဲ့စစ်တပ်နိုင်ငံတကာမှာ သမ္မတ အမျိုးမျိုးရှိသလို စစ်တပ်လည်း အမျိးမျိုးရှိပါတယ်။ ဒီနေရာမှာ အကြွင်းမဲ့ စစ်တပ်ကို ပိုင်...
25/06/2020

သမ္မတနဲ့စစ်တပ်

နိုင်ငံတကာမှာ သမ္မတ အမျိုးမျိုးရှိသလို စစ်တပ်လည်း အမျိးမျိုးရှိပါတယ်။ ဒီနေရာမှာ အကြွင်းမဲ့ စစ်တပ်ကို ပိုင်တဲ့ သမ္မတရှိသလို အကြွင်းမဲ့စစ်တပ်ကို မပိုင်တဲ့ သမ္မတလဲ ရှိပါတယ်။ ဥပဒေအရ သမ္မတနဲ့စစ်တပ် သီးခြားတာဝန်ကိုယ်စီယူထားရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ သမ္မတနဲ့စစ်တပ်ရဲ့ ဆက်နွယ်မှုက အကန့်အသက်တွေရှိတဲ့ ဆက်ဆံရေးမျိုးပါ။ အမေရိကန် နိုင်ငံသားတွေဟာ မဖြစ်မနေ အရွယ်ရောက်သူတိုင်း အမေရိကန်တပ်မတော်မှာ စစ်မှုထမ်းဆောင်ရပါတယ်။ ဒီလိုဘဲ အိမ်နီးခြင်းထိုင်းနိုင်ငံကစလို မြန်မာလူမျိုးတွေအများစု သိလွယ် မြင်လွယ်တဲ့ ကိုးရီးယားနိုင်ငံမှာလဲ မဖြစ်မနေ အရွယ်ရောက်သူတိုင်း စစ်ပညာသင် စစ်မှုထမ်းကြရပါတယ်။ ဒီလိုနိုင်ငံတွေအတွက် နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင် ကာကွယ်ရေး အမြင်ရှိရမယ်ဆိုတဲ့ ဥပဒေပုဒ်မမျိုးနဲ့ ကန့်သတ်ထားစရာမလိုပါဘူး။ နောက်တစ်ချက်က နိုင်ငံတော် သမ္မတသည် တပ်မတော် စစ်သေနာပတိချုပ် ဖြစ်သည်ဆိုတာကို ထည့်သွင်းပြဌာန်းထားလို့ရပါတယ်။ သူတို့မှာ စစ်ရေးအတွေ့အကြုံအပြည့်ရှိတာကြောင့် နိုင်ငံတော် အရေးပေါ် အခြေအနေကြုံလာပြီဆိုရင် စီမံခန့်ခွဲတဲ့ အတွေ့အကြုံနဲ့ ကောင်းကောင်း ကျော်ြဖတ်နိုင်ပါတယ်။

မြန်မာနိုင်ငံက ဝန်ကြီးဌာန ၃ ခု

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးမကောင်းလည်း ဒီဝန်ကြီးဌာန (၃) ခုကို လက်ညှိုးထိုးပြကြတယ်။
နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းနေတယ်ဆိုလည်း သူတို့ကိုဘဲ လက်ညှိုးထိုးပြတယ်။ ပညာရေး ကျန်းမာရေး မကောင်းဘူးဆိုလဲ ဒီဝန်ကြီးဌာန (၂) ခုကိုဘဲ လက်ညှိုးထိုးပြီး သမ္မတအောက်မှာ မရှိတဲ့ ဒီ ၃ ခုကြောင့်ဆိုပြီး အကြောင်းပြကြတယ်။ အဲဒီ ဝန်ကြီးဌာနတွေကတော့ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာတို့ဖြစ်ပါတယ်။ တကယ်တော့ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး ကျဆင်းတာဟာ ဒီဝန်ကြီးဌာနတွေနဲ့တော့မဆိုင်ပါဘူး အဲဒီအရေးအရာတွေအတွက် အနိုင်ရပါတီက တင်မြှောက်ထားတဲ့ ဝန်ကြီးဌာနပေါင်း (၂၀) ကျော်နဲ့ဘဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ပညာရေးအဆင့်အတန်း နိမ့်ပါးတာ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်းတာ တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်းနေတာတွေ အားလုံးက အာဏာရပါတီ အစိုးရနဲ့ဘဲ သက်ဆိုင်ပါတယ်။ သမ္မတက ဒီဝန်ကြီးဌာနတွေကို ကိုင်တွယ်လို့မရဘူး ဆိုတဲ့ သတင်းစကားတွေနဲ့ အစိုးရရဲ့ အသုံးမကျမှုကို အဖက်ဆယ်ဖို့ ကြိုးစားတာဟာ အင်မတန်မှားယွင်းတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်သလို တစ်နည်းပြောရရင် အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ ဝန်ကြီး ၃ ယောက်ကို နိုင်ငံတော် သမ္မတက အတည်ပြု ခန့်အပ်ရတာဖြစ်ပါတယ်။ ဘာနဲ့တူသလဲဆိုရင် အလုပ်လုပ်ဖို့ တစ်ရာသီစာ နှစ်ရာသီစာ အငှားချလိုက်တဲ့ ဘောလုံးသမားနဲ့တူပါတယ်။ ဘယ်အကယ်ဒမီကနေ လာလာ ဘယ်အသင်းကိုရောက်ရောက် ရောက်တဲ့အသင်းမှာ ကစားပေးရမယ့် တာဝန်ရှိပါတယ်။ အဲဒီအသင်းခြေစွမ်းပြနိုင်ဖို့အတွက်ကတော့ အသင်းကို ကိုင်တွယ် ထိန်းကြောင်းတဲ့ မန်နေဂျာနဲ့ဘဲ ဆိုင်ပါတယ်။ မိခင်အသင်းက သူရဲ့ခြေစွမ်းကို ထိန်းချုပ်လို့မရသလို သူခြေစွမ်းပြနိုင်ဖို့လဲ အထောက်အကူ ပြုလို့ရမှာမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလို ဒီဝန်ကြီးဌာနတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နာမည် စာရင်းလေးဘဲ တင်သွားတာပါ။ အပြည့်အဝ လုပ်ဆောင်တာ မလုပ်ဆောင်တာကတော့ အစိုးရအဖွဲ့ကို ကိုင်တွယ် ထိန်းကြောင်းတဲ့သူတွေနဲ့ဘဲ သက်ဆိုင်ပါတယ်။

အရည်အချင်းရှိဖို့လို

အပေါ်မှာရေးခဲ့တဲ့ နိုင်ငံတကာမှာ နိုင်ငံတော်သမ္မတတွေရဲ့ အရည်အချင်းတွေထဲမှာ စစ်ရေး ကာကွယ်ရေး အမြင် ရှိရမယ့်လို့ မပြဌာန်းထားပေမယ့် အားလုံးနီးပါး ဒီအရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်သမ္မတဆိုတာ လေးခွတောင် ကောင်းကောင်းပစ်တက်မယ်မထင်ပါဘူး။ နိုင်ငံတော် သမ္မတ အနေနဲ့ သူနားမလည်တဲ့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်နိုင်မှု အားနည်းတာဖြစ်မှာပါ။ အဲဒါတွေကြောင့်လည်းသမ္မတတစ်ယောက်အနေနဲ့ ထိုက်သင့်တဲ့အရည်အချင်းတွေရှိဖို့လိုအပ်တယ်ဆိုတာကို ပြသနေတာပါ။
အားလုံးခြုံကြည့်မယ်ဆိုရင် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော် သမ္မတ တစ်ယောက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးစစ်တပ်နဲ့ ဘာကြောင့် အဆင်မပြေဖြစ်နေကြသလဲဆိုတာကို စဉ်းစားရမှာပါ။ လက်ရှိ မြန်မာ အာဏာရပါတီ အစိုးရဟာ လူထုရှေ့နဲ့ အစည်းအဝေးတွေမှာ သဟဇာတရှိနေသလိုလို ပုံဖမ်းနေပေမယ့် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က စစ်တပ်ကို တိုက်ခိုက်တာ အာဏာရပါတီက ကြေးစား မွေးထားတဲ့ လော်ဘီတွေနဲ့ သတင်းမီဒီယာတွေရဲ့ တိုက်ခိုက်မှုကို စစ်တပ်က လက်ရှိ အချိန်ထိ လူးလိမ့်နေအောင် ခံနေရတဲ့အတွက် စစ်တပ်အနေနဲ့ နောက်ကျောကို ဓားနဲ့ထိုးနေတဲ့သူတွေနဲ့ ဘယ်လိုမှ ယုံကြည်ပေးလို့ရမှာ မဟုတ်ပါဘူး။ ဒီလို ဆက်ဆံရေးကွာဟမှုတွေရှိနေတာကလဲ မြန်မာ့နိုင်ငံရေးအနာဂါတ်အတွက် ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ဘူးဆိုတာ တင်ပြလိုက်ပါတယ်။

မင်းနန္ဒာ

သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် မြေကွက်ယူမည်နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးမျာ...
19/06/2020

သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် မြေကွက်ယူမည်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများကို မြေကွက်ချပေး မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ယနေ့ ကျင်းပသည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ပြော ဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အကြီးအကဲ များကို ချပေးမည့်မြေကွက်၏ ဈေးနှုန်းများကို ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။

ထိုကဲ့သို့ မြေကွက်ချထားပေးရာ၌ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံတို့သည် ပေ(၄၀၀)ပတ်လည် မြေကွက်များ ဖြစ်ပြီး ဝန်ကြီး (၃၀၀) ဒုဝန်ကြီးများသည် ပေ(၂၅၀)နှင့် ညွှန်ချုပ်အဆင့်ဆိုပါက ပေ(၁၀၀)ပတ်လည်မြေ ကွက်များ ရရှိကြမှာလည်းဖြစ်ပါတယ်။

ဝန်ကြီးများကို နေပြည်တော်ကောင်စီနယ်မြေ Hotel Max အနီးရှိ မြေကွက်များကို ချထားပေးမည်ဖြစ်ပြီး ဒု-ဝန်ကြီးများကို တိုင်ရင်းဆေးရုံအနီးရှိ နေရာချထားပေးမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ မြေယာပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီမှ ဆောင်ရွက်နေပြီး မြေယာပြုပြင် ခြင်းအတွက် ကျပ်ငွေလေးဘီလီယံ သုံးစွဲရန် စီစဉ်ထားကြောင်း နေပြည်တော်ကောင်စီစည်ပင်ဝန်ထမ်းများထံမှ သိရှိရပါတယ်။

အဆိုပါ မြေညှိနှိုင်းရေးအတွက် နိုင်ငံတော် ဘတ်ဂျက်မှ ငွေကျပ် လေးဘီလီယံ သုံးစွဲမည်ဟုသိရသည်။

အစိုးရသစ်စတင် ဖွဲ့စည်းစဉ်က နိုင်ငံတ်ေသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် မြေကွက်မယူကြောင်း တရားဝင်ပြောကြားခဲ့သေးသည်။.

ပုဂံထိရောက်လာတဲ့ မန္တလေးက လိုင်စင်ရ ခရိုနီမြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံဆိုတာ နိုင်ငံသားတိုင်းက မြတ်နိုးတန်ဖိုးထားကြသလို ...
15/06/2020

ပုဂံထိရောက်လာတဲ့ မန္တလေးက လိုင်စင်ရ ခရိုနီ

မြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံဆိုတာ နိုင်ငံသားတိုင်းက မြတ်နိုးတန်ဖိုးထားကြသလို ကမ္ဘာလှည့်ခရီးသည်တွေကလည်း စိတ်ဝင်တစ်စားနဲ့ လာရောက် လည်ပတ်ကြတဲ့နေရာဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်တွေတုန်းက ရှေးဟောင်းဘုရားတွေကြားမှာ ဟိုတယ်တွေဆောက်ခွင့်ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေအများကြီး ထွက်ပေါ်ခဲ့ပါတယ်။
လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေတယ်ဆိုပြီး လုပ်ပိုင်ခွင့်တွေ အတော်များများ ချပေးခဲ့ပါတယ်။

ဒီလိုချပေးတဲ့နောက်ကွယ်မှာဘဲ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့သူတွေရှိပါတယ်။

နံပါတ်(၁) ကတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ဖြစ်ပြီးတော့ သူ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကျွန်းတစ်ချို့ကို နိုင်ငံခြားသားတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်ကြောင့်လားတော့ မသိဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတစ်ဦးကို လုပ်ပိုင်ခွင့်ချပေးဖို့ အစည်းအဝေးမှတ်တမ်း ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ဟိုတယ်ခရီး ဝန်ကြီး ဦးအုန်းမောင် ဖြစ်ပါတယ် သူကတော့ နာမည်ကျော် ကိုဌေးအောင်ရဲ့ စိန်ခေါ်မှုကို ရှောင်ပြေးနေသူတစ်ယောက်ပါ သူ့ရဲ့ လာဘ်စားမှုကို သိထားတဲ့ ကိုဌေးအောင်ကို အရေးမယူရဲတဲ့သူပါ။ သူ့ရဲ့ အထင်ရှားဆုံး အဂတိကတော့ ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းအတွက် နိုင်ငံတော်က ချပေးခဲ့တဲ့ ငွေတွေကို သူပိုင်တဲ့ ဟိုတယ်ကို အလုံးအရင်းနဲ့ ပေးလိုက်တဲ့ အဂတိပါ။

နောက်တစ်ယောက်ကတော့ နိုင်ငံခြားဝင်ငွေ အရှာနိုင်ဆုံး ပုဂံဒေသကို ထိန်းချုပ်ထားသူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဖြစ်ပါတယ်။ ပုဂံဒေသမှာ ဦးမျိုးမင်းဦးဆိုရင် မသိတဲ့သူ မရှိပါဘူး သူ့ကို နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပုဂံ ခရိုနီလို့ဆိုပါတယ်။

ဦးမျိုးမင်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတဲ့သူဖြစ်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဧည့်ခန်းထဲက ဗုဒ္ဓပုံတော်တွေနဲ့ ရေးချယ်ထားတဲ့ ပန်းချီကား ခန်းစီးကို လက်ဆောင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပုပ္ပားရောက်စဉ်က ဂေါက်ကွင်းသုံးကားလေးနဲ့ ကိုယ်တိုင် မောင်းပို့တဲ့သူလဲဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပုဂံက ပြည်သူပိုင်လုပ်ငန်းတွေမှာ လာဘ်လာဘရယူတာတွေရှိခဲ့ပါတယ်။

ဦးမျိုးမင်းဦးဟာ ရှင်သန်သူ ကုမ္မဏီပိုင်ရှင်ဖြစ်ပြီး အဲဒီ ကုမ္မဏီမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ သမီးနာမည်နဲ့ ငွေကြေး အမြောက်အများထည့်ဝင်ထားပါတယ်။

ရှင်သန်သူ ကုမ္မဏီဟာ နိုင်ငံခြားခရီးသွားတွေဆီက ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုံဝင်ခွင့်ကို ကောက်ခံခွင့် လေလံကိုရရှိထားတဲ့ ကုမ္မဏီဖြစ်ပြီး အဲဒီကုမ္မဏီ တာဝန်ယူချိန်ကစပြီး ဇုံဝင်ကြေးတွေ တိုးမြှင့် ကောက်ခံနေတဲ့အတွက် နိုင်ငံခြား ခရီးသွားတွေအတွက် အဆင်မပြေဖြစ်ရပါတယ်။

တစ်ခါ ဒေါက်တာဇော်မြင့်ဟာ ထူးအုပ်စုနဲ့ ဦးမျိုးမင်းဦးတို့ ပိုင်ဆိုင်တဲ့ ပုဂံ မိုးပျံပူပေါင်း လုပ်ငန်းမှာလည်း အမြတ်အစွန်းတွေရရှိနေပါသေးတယ်။

ယခင်က ဒေါက်တာဇော်မြင့်မောင်ဟာ ကိုယ်ပိုင်ကားတောင်မရှိတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ တန်ဖိုးကြီးဇိမ်ခံကားတွေနဲ့ပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ အမရပူရ တောင်သမန်အင်း အပါအဝင် လုပ်ပိုင့်ခွင့်အသုံးချပြီး ဦးမောင်ဝိတ် ဦးမျိုးမင်းဦးတို့လို ခရိုနီတွေနဲ့ အနီးကပ်ပေါင်းသင်းပြီး လုပ်ပိုင်ခွင့်တွေ အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ဆိုတာ သူ့အကျိုးစီးပွားအတွက် သူလုပ်တာ မဆန်းပေမယ့် အစိုးရတာဝန်ယူထားပြီး ကိုယ်ကျိုးရှာနေရင်တော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူကို စော်ကားလိုက်တာလဲဖြစ်ပါတယ်။

ပုဂံသား

သတင်းပေး တိုင်ကြားခြင်းNLD ပုံရိပ်ကျအောင် NLDအဖွဲ့ဝင်များ ထပ်၍ လုပ်ဆောင်နေသလော?ကချင်ပြည်နယ် NLD ရုံးရှေ့ ၆၃ ဧက၌ ကချင်လူမ...
11/06/2020

သတင်းပေး တိုင်ကြားခြင်း

NLD ပုံရိပ်ကျအောင် NLDအဖွဲ့ဝင်များ ထပ်၍ လုပ်ဆောင်နေသလော?

ကချင်ပြည်နယ် NLD ရုံးရှေ့ ၆၃ ဧက၌ ကချင်လူမျိုးများပိုင်ဆိုင်သော မြေနေရာတွင် NLD အဖွဲ့ မှ ကားပါကင်အတွက်ဟုဆိုကာ ဘက်ဖိုးလူဒါဖြင့် မြေညှိနေမှုများ ပြုလုပ်နေသည့်အတွက် WHG Youth၊ JHG ဆက်ဆံရေးမှုး နှင့် ကချင်လူငယ်အချိူ့မှ ယင်းကဲ့သ်ု့ NLD ​၏လုပ်ဆောင်နေမှုက်ို ရပ်ဆ်ိုင်းထားရန် သွားရောက်ပြောကြားခဲ့သည်။အဆ်ိုပါ ကိစ္စအတွက် WHG လူကြီးများမှ
ခေတ္တခဏကားထိုးရန် ခွင့်ပြုထားသော်လည်း ကချင်လူမျိုးများပိုင်ဆိုင်သော မြေနေရာတွင် အဆ်ိုပါနေရာ၌ ခိုင်မာသော ဆောက်လုပ်မှုများပြုလုပ်ရန် ခွင့်မပြုကြောင်း WHG ဥက္ကဌ ဦးထုံဖူးဒဂုဏ်မှ မိမိအားပြောကြားခဲ့ပါသည်။

အဆိုပါနေရာသည် လွန်ခဲ့သည့်နှစ်များ၌ ကချင်အနုပညာရှင်အသင်းမှ ရုံးဆောက်လုပ်ရန် ခွင့်တောင်းသော်လည်း ခွင့်ပြုချက်မရခဲ့ပေ။
ယခုကဲ့သ်ို့ ကချင်အမျိုးသားများ ပိုင်ဆိုင်သော မြေနေရာတွင် ယခုကဲ့သ်ို့ ပြုလုပ်မှုများက်ို မိမိအနေဖြင့်လည်း လုံးဝခွင့်မပြုနိုင်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါက ကချင်ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဆိုပါမြေနေရာသည် အခြားနည်းဖြင့် သုံးစွဲခွင့်မရရှိသေးသော နေရာဖြစ်သည့်အတွက် NLD မှ ယခုကဲ့သ်ု့လုပ်ဆောင်နေမှုသည် နိုင်ငံတော်မှ ပြဌာန်းထားသော လယ်ယာမြေဥပဒေ အခန်း၄ ပုဒ်မ ၁၂ (ဆ) နှင့်လည်း ညှိစွန်းနေပါသည်။ထို့ကြောင့် သက်ဆိုင်သူများ အမြန်ဆုံး ဖြေရှင်းပေးကြပါရန် သတင်းပေးအပ်ပါသည်။

Wunzup Aung Panglong
Kachin Land(11.6.2020)

https://www.facebook.com/100021433758071/posts/617552518969201/

ဇလုံတောင်ဘုရား အန္တရာယ်ရှိနေကြောင်း ဒေသခံများဆိုမုံရွာ    ဇွန် ၁၁လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည် ကောလင်း ဝန်းသို ပင...
11/06/2020

ဇလုံတောင်ဘုရား အန္တရာယ်ရှိနေကြောင်း ဒေသခံများဆို

မုံရွာ ဇွန် ၁၁

လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည် ကောလင်း ဝန်းသို ပင်လည်ဘူးမြို့နယ်အတွင်းမှ ဧကပေါင်း ၂ သိန်းနီးပါး သြစတေးလျနိုင်ငံအခြေစိုက် တရုတ်ကုမ္မဏီတစ်ခုမှ သတ္တုတူးဖော်ရန် စမ်းသပ်ရှာဖွေလုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ နာမည်ကျော် ဇလုံတောင်ဘုရားမှာ အလွန်အန္တရာယ်ရှိနေကြောင်း ဒေသခံများမှဆိုသည်။
ဇလုံတောင်ဘုရားသည် ဗန်မောက်မြို့နယ်တွင်တည်ရှိသောလည်း သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်မည့် စီမံကိန်းနှင့် လွန်စွာနီးကပ်နေသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

စင်ကာပူနိုင်ငံအရွယ်အစားခန့်ရှိသော အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်းသည် လက်ရှိအစိုးရလက်ထက်တွင် ခွင့်ပြုခဲ့ခြင်းကြောင့် အံ့သြမိကြောင်း သဘာဝပတ်ကျင်းဆိုင်ရာလေ့လာသူ ဦးစိုင်းထွန်းချိုက ဆိုသည်။
“ထင်မထားဘူးပေါ့နော် အစိုးရအဆက်ဆက် ဒီလောက်ကြီးတဲ့ စီမံကိန်းမျိုးကို ခွင့်မပြုခဲ့ဖူးဘူး အခုပြည်သူတင်မြှောက်ထားတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ အခုလို အလွယ်တကူခွင့်ပြုလိုက်တာကိုတော့ မယုံကြည်နိုင်လောက်အောင် အံ့သြမိပါတယ်” ဟု ဆိုသည်။

“ဘုရားနားလာတူးမှာတော့ မဟုတ်ပါဘူး ဒါပေမယ့် ဘုရားဘေးက အထင်ကရနေရာအချို့ ပါလာနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမယ့်အခြေအနေဖြစ်လာနိုင်တယ်” ဒေသခံ ဦးသန်းဇော်နိုင်ကပြောသည်။

အဆိုပါ စီမံကိန်းလုပ်ဆောင်မည့် Panaust ကုမ္မဏီသည် လာအို၊ ချီလီနှင့်ပါပူးဝါဂီနီ နိုင်ငံများတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဝေဖန်မှုများစွာကြုံတွေ့နေရသော ကုမ္မဏီတစ်ခုဖြစ်သည်။

05/04/2020

ကိုယ့်အလုပ် ကိုယ်လုပ်ရန်
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် သတိပေး


   COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
02/04/2020



COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၁-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၄) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၅၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case- 015) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ ၎င်းတို့အား သတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွား မည် ဖြစ်ပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄)ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။ ယနေ့အတွက် ဓာတ်ခွဲစမ်းသပ်အဖြေ ထပ်မံထုတ်ပြန်ရန် မရှိပါ။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော် အပ်ပါသည်။



အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ဇနီး ကိုရိုနာကူးစက်တဲလ်အဗစ်၊ ဧပြီ ၂အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ၎င်းဇနီးတွင် ကိုရိုနာဗိုင...
02/04/2020

အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ဇနီး ကိုရိုနာကူးစက်

တဲလ်အဗစ်၊ ဧပြီ ၂

အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ၎င်းဇနီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားပြီး ညွှန်ကြားချက်များကို လိုက်နာ၍ သီးခြားနေထိုင်လျက်ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အသက် ၇၁ နှစ်အရွယ် အစ္စရေးကျန်းမာရေးဝန်ကြီးယာကော့ဗ် လစ်ဇ်မန်းသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ မဟာမိတ်တစ်ဦးဖြစ်ပြီး ကပ်ရောဂါပြန့်နှံ့မှုထိန်းချုပ်ရေးအတွက် ထောက်ပံ့နေမှုများနှင့် ယင်းကိုတိုက်ထုတ်ရန် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားသည့်အခါတိုင်း ဝန်ကြီးချုပ်နှင့်အတူ ပေါ်လာလေ့ရှိသူလည်းဖြစ်သည်။

သို့သော် လစ်ဇ်မန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နေ့စဉ်သတင်းထုတ်ပြန်ချက်များတွင် အများပြည်သူအရှေ့ ပေါ်လာခြင်းမရှိတော့ပဲ ဝန်ကြီးဌာန၏ ညွှန်ကြားရေမှုးချုပ်က သူ့အစား ပြောဆိုထုတ်ပြန်နေခဲ့သည်။

လစ်ဇ်မန်းနှင့် သူ့ဇနီးတို့သည် လက်ရှိတွင် ကျန်းမာရေးကောင်းလျက်ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကပ်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပတ်အတွင်း ဝန်ကြီး၊ သူ့ဇနီးတို့နှင့် အနီးကပ်ဆက်ဆံခဲ့သူများကို သီးခြားနေထိုင်ကြရန် တောင်းဆိုသွားမည် ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးချုပ် နေတန်ရာဟု၏ လက်ထောက် ကျန်းမာရေးဝန်ကြီးတွင်

ရောဂါပိုးတွေ့ရှိပြီးနောက် ဝန်ကြီးချုပ် နေတန်ရာဟုကိုလည်း မတ်လ ၃၀ ရက်နေ့က စစ်ဆေးကြည့်ရာတွင် ရောဂါပိုးမတွေ့ရှိခဲ့ပေ။ သို့ရာတွင် အသက် ၇၀ အရွယ် လက်ယာဝါဒီတစ်ဦးဖြစ်သူ ဝန်ကြီးချုပ်သည်လည်း ဧပြီလ ၁ ရက်နေ့ထိ သီးခြားနေထိုင်ခဲ့ရသည်။

အစ္စရေးနိုင်ငံတွင်း လက်ရှိအချိန်တွင် ရောဂါကူးစက်သူ ၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ အနည်းဆုံး ၂၅ ဦးထိ ရှိခဲ့ပြီဖြစ်သည်။

Photo – BtNews.online



အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ဇနီး ကိုရိုနာကူးစက်

တဲလ်အဗစ်၊ ဧပြီ ၂

အစ္စရေးကျန်းမာရေးဝန်ကြီးနှင့် ၎င်းဇနီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားပြီး ညွှန်ကြားချက်များကို လိုက်နာ၍ သီးခြားနေထိုင်လျက်ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အသက် ၇၁ နှစ်အရွယ် အစ္စရေးကျန်းမာရေးဝန်ကြီးယာကော့ဗ် လစ်ဇ်မန်းသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ မဟာမိတ်တစ်ဦးဖြစ်ပြီး ကပ်ရောဂါပြန့်နှံ့မှုထိန်းချုပ်ရေးအတွက် ထောက်ပံ့နေမှုများနှင့် ယင်းကိုတိုက်ထုတ်ရန် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားသည့်အခါတိုင်း ဝန်ကြီးချုပ်နှင့်အတူ ပေါ်လာလေ့ရှိသူလည်းဖြစ်သည်။

သို့သော် လစ်ဇ်မန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နေ့စဉ်သတင်းထုတ်ပြန်ချက်များတွင် အများပြည်သူအရှေ့ ပေါ်လာခြင်းမရှိတော့ပဲ ဝန်ကြီးဌာန၏ ညွှန်ကြားရေမှုးချုပ်က သူ့အစား ပြောဆိုထုတ်ပြန်နေခဲ့သည်။

လစ်ဇ်မန်းနှင့် သူ့ဇနီးတို့သည် လက်ရှိတွင် ကျန်းမာရေးကောင်းလျက်ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကပ်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပတ်အတွင်း ဝန်ကြီး၊ သူ့ဇနီးတို့နှင့် အနီးကပ်ဆက်ဆံခဲ့သူများကို သီးခြားနေထိုင်ကြရန် တောင်းဆိုသွားမည် ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးချုပ် နေတန်ရာဟု၏ လက်ထောက် ကျန်းမာရေးဝန်ကြီးတွင်

ရောဂါပိုးတွေ့ရှိပြီးနောက် ဝန်ကြီးချုပ် နေတန်ရာဟုကိုလည်း မတ်လ ၃၀ ရက်နေ့က စစ်ဆေးကြည့်ရာတွင် ရောဂါပိုးမတွေ့ရှိခဲ့ပေ။ သို့ရာတွင် အသက် ၇၀ အရွယ် လက်ယာဝါဒီတစ်ဦးဖြစ်သူ ဝန်ကြီးချုပ်သည်လည်း ဧပြီလ ၁ ရက်နေ့ထိ သီးခြားနေထိုင်ခဲ့ရသည်။

အစ္စရေးနိုင်ငံတွင်း လက်ရှိအချိန်တွင် ရောဂါကူးစက်သူ ၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ အနည်းဆုံး ၂၅ ဦးထိ ရှိခဲ့ပြီဖြစ်သည်။

Photo – BtNews.online

02/04/2020



သံသယလူနာကြောင့် ဒေသခံများစိုးရိမ်နေရ

မြဝတီမြို့မှ ပန်းတောင်းမြို့နယ် ကျွန်းမီးအုပ်စု သာယာသစ်ရွာသို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၃၀ ခန့် ကို .....….. မှာ ကိုယ်ပူချိန် မြင့်တက်နေခြင်းကြောင့် ပန်းတောင်းမြို့နယ် ကျွန်းမီးအုပ်စု သာယာသစ်ကျေးရွာ အ.မ.က သာယာသစ်ကျောင်းတွင် Facility Quarantine ပြုလုပ်ရန် ထားရှိခဲ့ပြီး ယခုအခါ မည်သည့်ကျန်းမာရေး အကြောင်းပြချက်မရှိဘဲ သာယာသစ်ကျေးရွာရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ သံသယလူနာမှာ မြဝတီမြို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ၃၁ ရက် မတ်လတွင် ပြည်မြို့မှ တစ်ဆင့် ပြန်လည်ရောက်ရှိလာပြီး Quarantine ခံယူနေကြောင်းသိရသည်။

photo-ZinMoeHtike
news-shwepandaung

COVID-19 အတွက် သိန်း ၅၀၀၀ ထပ်မံလှူဒါန်းလိုက်သည့် ဦးဇော်ဇော်COVID-19 ကာကွယ်/ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဧရာဝတီဖေ...
02/04/2020

COVID-19 အတွက် သိန်း ၅၀၀၀ ထပ်မံလှူဒါန်းလိုက်သည့် ဦးဇော်ဇော်

COVID-19 ကာကွယ်/ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော် ကျပ်သိန်း(၅၀၀၀)လှူဒါန်း

ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးနှင့် ဆွေးနွေးတိုင်ပင်၍ ကူးစက်မြန် အဆုတ်ရောင် ရောဂါ Coronavirus Disease 2019 (COVID19) ကာကွယ်ကုသရေးနှင့်စပ်လျဉ်း၍

စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံ ကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းကာကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ ငွေကျပ်သိန်း (၅,၀၀၀) တိတိကို မတည် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အတူ ဝေဘာဂီအထူးကုဆေးရုံကြီးမှ နေရေးထိုင်ရေး အခက်အခဲ ကြုံနေရသော ဆရာဝန်၊ သူနာပြုများ အနေဖြင့် AYA BANK သင်တန်းကျောင်းတွင် အဆင်ပြေစွာ နေထိုင်စားသောက်သွားလာနိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိပါသည်။

Covid 19 ထိန်းချုပ်ရေး Quarantine လုပ်ခံရမည့်သူ ၂၀၀၀ အတွက် တပ်မတော်က ပြင်ဆင်ရန်ကုန်၊ ဧပြီ ၂Covid 19 ထိန်းချုပ်ရေးအတွက် သ...
02/04/2020

Covid 19 ထိန်းချုပ်ရေး Quarantine လုပ်ခံရမည့်သူ ၂၀၀၀ အတွက် တပ်မတော်က ပြင်ဆင်

ရန်ကုန်၊ ဧပြီ ၂

Covid 19 ထိန်းချုပ်ရေးအတွက် သီးခြားစောင့်ကြည့်ကုသ(Quarantine) ခံရမည့် လူ ၂၀၀၀ စာအတွက် တပ်မတော်က နေရာထိုင်ခင်းပြင်ဆင်းထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးစခန်းနှင့် တည်းခိုရေးစခန်းများတွင် Quarantine လုပ်ခံရမည့်သူများအတွက် စောင့်ရှောက်ပေးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် စစ်ကြောရေးစခန်းများနှင့် တည်းခိုရေးစခန်းများကို ကုတင်များပြင်ဆင်ခြင်း၊ ပြန်လည်ဆေးသုတ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း အစရှိသည့် ပြင်ဆင်မှုများကို ဧပြီလ ၁ ရက်တွင် တပ်မတော်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ နေရာများတွင် Quarantine လုပ်ခံရမည့် လူနာများကို ထားရှိခဲ့ရာ မတ်လ ၃၁ ရက် ညပိုင်းစာရင်းများအရ တရုတ်နိုင်ငံမှ ပြန်လာသူ လေးဦးနှင့် အမျိုးသမီးနှစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး တစ်ဦး၊ မြဝတီမှ ပြန်ရောက်သူ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၄၇ ဦးဖြစ်သည်။

02/04/2020

ယုတ်မာရိုင်းစိုင်းသော တရုတ်

Mask ထုတ်လုပ်သည့်နေရာတွင်
တရုတ်တစ်ဦးမှာ mask အသစ်များကို
ခြေသုတ်နေစဥ်။

တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ်ခန့်အပ်၊ ခန့်အပ်ခံရသူသည် လစာ(၇)သိန်းကျပ် ရရှိမည်................
02/04/2020

တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ်ခန့်အပ်၊ ခန့်အပ်ခံရသူသည် လစာ(၇)သိန်းကျပ် ရရှိမည်..................................................................................................

ရန်ကုန်၊ ဧပြီ - ၂

တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ် မတ်(၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် (NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံးထံ အကြံပြုတင်ပြရမှာလည်းဖြစ်ပါတယ်။

အကြံပေးခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းအား လစဉ်ချီးမြှင့်ငွေ (၇)သိန်းကို နိုင်ငံတော်သမ္မတရုံး ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲသွားမှာဖြစ်ပါတယ်။

“ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းက စိတ်နေစိတ်ထားကောင်းတယ်။ စကားအပြောအဆို လည်းကောင်းတယ်”လို့ တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးက ပြောဆိုပါတယ်။

ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် DSA (၂၄) ကျောင်းဆင်းဖြစ်ပြီး ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

[Unicode]
တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ်ခန့်အပ်၊ ခန့်အပ်ခံရသူသည် လစာ(ရ)သိန်းကျပ် ရရှိမည်..................................................................................................

ရန်ကုန်၊ ဧပြီ - ၂

တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ် မတ်(၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် (NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံးထံ အကြံပြုတင်ပြရမှာလည်းဖြစ်ပါတယ်။

အကြံပေးခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းအား လစဉ်ချီးမြှင့်ငွေ (ရ)သိန်းကို နိုင်ငံတော်သမ္မတရုံး ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲသွားမှာဖြစ်ပါတယ်။

“ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းက စိတ်နေစိတ်ထားကောင်းတယ်။ စကားအပြောအဆို လည်းကောင်းတယ်”လို့ တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးက ပြောဆိုပါတယ်။

ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် DSA (၂၄) ကျောင်းဆင်းဖြစ်ပြီး ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

02/04/2020





၁၄ ရက်တာစောင့်ကြပ်ကြည့်ရှုဖို့နေရာတွေပြင်ဆင်နေ







ဧပြီ ၁၅ရက်နောက်ပိုင်းမှပြန်လာဖို့ အစိုးရပန်ကြားပေမယ့် နယ်စပ်ဂိတ်တွေကတဆင့်ထိုင်းကပြန်လာသူတွေရှိနေဆဲ

ထိုင်းနိုင်ငံကနေပြန်ဝင်လာသူ မြန်မာနိုင်ငံသားတစ်ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်တွေကတဆင့် ပြန်လည်ဝင်ရောက်မယ့် ပြည်ပရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ဧပြီ ၁၅ရက် နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မတ် ၃၀ ရက်နေ့မှာ ပန်ကြားခဲ့ပါတယ်။

ဒီလိုပန်ကြားထားပေမယ့်လည်း မတ် ၃၁ ရက်နဲ့ ဧပြီ ၁ရက်နေ့မှာလည်း မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာသူတွေရှိနေဆဲဖြစ်တယ်လို့ မြဝတီမြို့၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

' ' နေ့လယ်ပိုင်းထိကို လူ ခြောက်ရာကျော်ပြန်ဝင်လာပြီးပြီ။ ဒီလူတွေက အိမ်တော့တန်းမပြန်ရဘူး။ အစိုးရစီစဉ်တဲ့နေရာမှာ ၁၄ ရက်စောင့်ကြည့်ပြီးမှပြန်ရမယ်။ '' လို့ ဦးသန့်ဇင်အောင်က မတ် ၃၁ ရက်နေ့က ပြန်လည်ဝင်ရောက်လာတဲ့အခြေအနေကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၃၁ ရက်နေ့အထိ ကျန်းမာရေးနဲ့အားကာစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ကိုဗစ် -၁၉ ပိုးတွေ့ လူနာ ၁၅ဦးရှိလာပြီဖြစ်ပါတယ်။ အဆိုပါပိုးတွေ့လူနာတွေထဲမှာ မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတစ်ဦးလည်းပါဝင်ပါတယ်။

' ' အစိုးရအနေနဲ့က ပန်ကြားတာဖြစ်လို့ ပြန်မလာနဲ့တော့လို့တော့ တားလို့မရဘူး။ အမိန့် ညွှန်ကြားချက် မဟုတ်တော့။ ဒီလူတွေ လတ်တလောပြန်လာရင်တော့ နေရာအခက်အခဲရှိမယ်။ လတ်တလောမှာ မြဝတီ ဘားအံ၊ ကော့ကရိတ် တွေမှာ ထားဖို့တော့ နေရာတွေပြင်ဆင်ထားတယ်။ ကျွန်တော်တို့ပြည်နယ်အနေနဲ့ အများဆုံး လက်ခံနိုင် လူ ၂၀၀၀ စာပေါ့။ ဒါကြောင့် အစိုးရက နေရာတွေပြင်ဆင်ပြီးမှ ပြန်ဝင်လာဖို့ ပန်ကြားတာကို ထိုင်းရောက်မြန်မာတွေလည်း နားလည်ကြမယ်လို့ မျှော်လင့်တယ်''လို့ ပြည်တော်ပြန်မြန်မာ အလုပ်သမားတွေ စောင့်ကြည့်မယ့် နေရာအခြေအနေနဲ့ပတ်သက်ပြီး ဦးသန့်ဇင်အောင်ကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကာလအတွင်း ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂တစ်ခုတည်းကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအရေအတွက်ဟာ သုံးသောင်း ခုနှစ်ထောင်ကျော်ထိရှိခဲ့ပြီး မတ် ၃၁ ရက်နေ့မတိုင်ခင်ထိ ပြန်ဝင်လာသူတွေဟာ မိမိတို့ရဲ့ နေအိမ်မှာပဲ ၁၄ ရက်တာစောင့်ကြည့်ဖို့ ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။

နေအိမ်မှာ ၁၄ ရက်တာစောင့်ကြည့်ပြီးသီးသန့်နေထိုင်ဖို့ ညွှန်ကြားခဲ့ပေမယ့်လည်း မလိုက်နာသူတွေ လည်းရှိခဲ့တာကြောင့် ရပ်ရွာနေထိုင်သူတွေနဲ့ နေရပ်ပြန်လာသူတွေကြား အချင်းများတာ တွေလည်းရှိခဲ့ပါတယ်။

' ' အခုက ပြန်လာသူတွေကိုလည်း အဖျားတိုင်းတာလောက်ပဲလုပ်နိုင်တာ။ ကိုဗစ်-၁၉ လက္ခဏာကလည်း ချက်ခြင်းပြတာမဟုတ်တော့ သူတို့မှာ ရောဂါကူးစက်ခံထားရတာရှိမရှိကလည်း မသေချာဘူး။ ဒါကြောင့် ပြည်သူတွေမှာလည်း စိုးရိမ်မှုတွေကပိုပိုများလာတယ်။ ဒါကြောင့် ဒီဝင်လာတဲ့သူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့ လုပ်နေပြီ။ လတ်တလော နေရာအခက်အခဲရှိနိုင်လို့ အစိုးရက ပြန်မလာကြသေးဖို့ပန်ကြားရတာဖြစ်ပါတယ်''လို့လည်း မြဝတီမြို့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ကရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့မြန်မာလုပ်သားဦးရေဟာ သန်းနဲ့ချီရှိပြီး လတ်တလောထိုင်းနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် နေထိုင်ခွင့်တင်းကျပ်တာတွေရှိနေတဲ့အတွက် ထိုင်းရောက်မြန်မာလုပ်သားအများအပြားဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်တာတွေရှိနေပါတယ်။

02/04/2020




တစ်ရွာတည်းနေသူချင်း အရက်သေစာသောက်စားရင်းလူသတ်မှုဖြစ်ပွား
=========================================

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ မြို့ချောင်း ကျေးရွာအနီး ရဲနွယ်ရေပိုလွှဲဆည် ရှင်းလင်းဆောင်အထက်ဘက် မြေသားနံရံများပြိုကျမရှိစေရန် ဆောင် ရွက်နေကြသည့် လုပ်သားနှစ်ဦး မတ် ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က အရက်အတူတူ သောက်စားခဲ့ပြီးနောက်ရန်ဖြစ်စများကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်အား ဖဒိုနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်မြင့်ဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးအောင်း နှင့်အဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းခွင်၌ တုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဆီဆုံကုန်းကျေးရွာ နေကြသူများဖြစ်ကြသော ဖားရှဲ ၅၁ နှစ်၊ နှင့် အောင်သိုက် ၁၉ နှစ်တို့နှစ်ဦးသည် အရက်အတူတူ သောက်ရင်းရန်ဖြစ်စကားများကာ အောင်သိုက် မှ လုပ်ငန်းခွင်တွင်အသုံးပြုသည့် အရှည် ၃ ပေကျော်၊ လုံးပတ် ၅ လက်မခန့်ရှိ သစ်သားမျှောချောင်းနှင့်ရိုက်ခဲ့သဖြင့် ဖားရှဲ မှာ လဲကျသွားခဲ့ကြောင်း၊ထို့နောက် လဲကျနေသော ဖားရှဲ ၏ ဦးဂေါင်းအားဆက်လက်ရိုက်နှက်ခဲ့ပြီး လက်ဆွဲလွှဖြင့် ဝမ်းဗိုက်အားပွတ်ဆွဲခဲ့ခြင်း ကြောင့်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရ၍ ပြစ်မှုကျူးလွန်သူ အောင်သိုက် အား ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when The Burmese Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share