Forever Media နေ့စဥ် ဗဟုသုတ စုံလင်စွာ တင်ဆက်ပေးနေမှာ Forever Media
(1)

ပထမပိုင်းအတွင်း ဦးဆောင်ဂိုးသွင်းပြီးတော့ လစ်ဗာပူးအသင်း မရှုံးတဲ့ပွဲ ၁၅၀ အထိ ရှိလာပါပြီ။- ၁၃၇ ပွဲနိုင်- ၁၃ ပွဲသရေ- ၀ ပွဲရ...
02/02/2025

ပထမပိုင်းအတွင်း ဦးဆောင်ဂိုးသွင်းပြီးတော့ လစ်ဗာပူးအသင်း မရှုံးတဲ့ပွဲ ၁၅၀ အထိ ရှိလာပါပြီ။

- ၁၃၇ ပွဲနိုင်
- ၁၃ ပွဲသရေ
- ၀ ပွဲရှုံး

HERE WE GO သွားပါပြီ!!!မားကပ်စ်ရက်ဖို့ဒ် ဗီလာကိုပြောင်းပါမယ်။အငှားပြောင်းရွှေ့မှာဖြစ်ပြီးတော့ လစာရဲ့ ၇၀% ကို ဗီလာဖက်က ပေ...
02/02/2025

HERE WE GO သွားပါပြီ!!!

မားကပ်စ်ရက်ဖို့ဒ် ဗီလာကိုပြောင်းပါမယ်။

အငှားပြောင်းရွှေ့မှာဖြစ်ပြီးတော့ လစာရဲ့ ၇၀% ကို ဗီလာဖက်က ပေးသွားမှာပါ။

ပေါင်သန်း ၄၀၊ ၃ နှစ်ခွဲစာချုပ်နဲ့ အပြီးသတ်ဝယ်ယူခွင့် ပါပါတယ်။

ယနေ့ ဆေးစစ်မှာပါ။

via Fabrizio Romano

အာဆင်နယ်အသင်းကနေ မန်ယူအသင်းကိုရောက်လာတဲ့ လူငယ်ကြယ်ပွင့်လေး အေဒန် ဟက်ဗန်။
02/02/2025

အာဆင်နယ်အသင်းကနေ မန်ယူအသင်းကိုရောက်လာတဲ့ လူငယ်ကြယ်ပွင့်လေး အေဒန် ဟက်ဗန်။

Breaking!!!အက်စ်တွန်ဗီလာအသင်းဟာ ရက်ဖို့ဒ်ကို အငှားခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အ...
02/02/2025

Breaking!!!

အက်စ်တွန်ဗီလာအသင်းဟာ ရက်ဖို့ဒ်ကို အငှားခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားခေါ်ယူမှုဖြစ်ပြီးတော့ ရက်ဖို့ဒ်ဟာ အမ်မရီရဲ့ project တွေကို သဘောကျနှစ်သက်ပါတယ်။

via Fabrizio Romano

"ဘောလုံးအသင်းတစ်သင်းကိုအားပေးရင် ဆုဖလားတွေအတွက် အားမပေးနဲ့၊ ကစားသမားကိုကြိုက်လို့လည်း အားမပေးနဲ့၊ အသင်းသမိုင်းကို ကြိုက်...
02/02/2025

"ဘောလုံးအသင်းတစ်သင်းကိုအားပေးရင် ဆုဖလားတွေအတွက် အားမပေးနဲ့၊ ကစားသမားကိုကြိုက်လို့လည်း အားမပေးနဲ့၊ အသင်းသမိုင်းကို ကြိုက်လို့လည်း အားမပေးနဲ့။"

"အသင်းကို တကယ်ချစ်မှဘဲ အားပေး။ အဲ့ဒီအသင်းကို နှလုံးသားထဲကနေ အိမ်လိုမျိုးခံစားရမှဘဲ အားပေး‌ပါ။"

- ဒင်းနစ် ဘားကမ့်ပ်

02/02/2025

ဝက်ကင်းစ်ထက် ခြေစွမ်းပိုကောင်းတဲ့ ဒီကစားသမား နှစ်ဦးကို ခေါ်ယူသင့်တဲ့ဆင်ပျံကြီး

Transfer!!!မက်ဆီကို ခေါ်ယူရေးအတွက် အင်တာဥက္ကဌဟာ မက်ဆီရဲ့ဖခင်ဆီကို ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ မိုင်ယာမီအသင်းနဲ...
02/02/2025

Transfer!!!

မက်ဆီကို ခေါ်ယူရေးအတွက် အင်တာဥက္ကဌဟာ မက်ဆီရဲ့ဖခင်ဆီကို ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ မိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်း မတိုးသေးပါဘူး။ ဘက်ခမ်းကလည်း မက်ဆီအနေနဲ့ ဥရောပကို ပြန်လာချင်ကြောင်း အတည်ပြုထားပါတယ်။ မက်ဆီကတော့ လက်ရှိမှာ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပါဘူး။

via LaGAZETTA

"သူက နည်းစနစ်ပိုင်း ကြွယ်ဝပါတယ်။ ပွဲရလာဒ်ကို သူ,ပြောင်းပေးခဲ့တာပါ။ ဒီနေရာက သူ့အတွက် နေရာမှန်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန...
01/02/2025

"သူက နည်းစနစ်ပိုင်း ကြွယ်ဝပါတယ်။ ပွဲရလာဒ်ကို သူ,ပြောင်းပေးခဲ့တာပါ။ ဒီနေရာက သူ့အတွက် နေရာမှန်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီနေရာမှာ သူ့ကို မြင်တွေ့သွားရဦးမှာပါ။"

"ကစားသမားတွေအကြောင်းနားလည်ဖို့အတွက် ကျွန်တော်တို့မှာ အချိန်လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းက ခံစစ်ကစားတဲ့အခါ ရုန်းကန်ရပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ အခုလို No.10 role ကို‌ ပြောင်းကစားတော့ ပြိုင်ဖက်ဧရိယာထဲမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ပါတယ်။ ကစားသမားတွေအတွက် ဘယ်နေရာက အကောင်းဆုံးဖြစ်မလဲဆိုတာ အဖြေရှာဖို့ ကျွန်တော်တို့အတွက် အချိန်လိုအပ်ပါတယ်။"

- ရူဘင် အမ်မိုရင်

Breaking!!!ဘရိုက်တန်အသင်းဟာ ဂျပန်ကြယ်ပွင့်လေး မီတိုမာအတွက် အယ်နာဆာအသင်းရဲ့ ယူရိုသန်း ၉၀ တန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ...
01/02/2025

Breaking!!!

ဘရိုက်တန်အသင်းဟာ ဂျပန်ကြယ်ပွင့်လေး မီတိုမာအတွက် အယ်နာဆာအသင်းရဲ့ ယူရိုသန်း ၉၀ တန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

via

Breaking!!!မက်သီတဲလ်ဟာ စပါးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ စပါးအသင်းဖက်က မက်သီတဲလ်ကို ခေါ်ယူရေးအတွက် ပေါင်သန...
01/02/2025

Breaking!!!

မက်သီတဲလ်ဟာ စပါးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ စပါးအသင်းဖက်က မက်သီတဲလ်ကို ခေါ်ယူရေးအတွက် ပေါင်သန်း ၆၀ နဲ့ ဘိုင်ယန်အသင်းဆီကို ကမ်းလှမ်းလာပေမယ့် ကစားသမားက စပါးအသင်းကို သဘောမကျပါဘူး။ မန်ယူနဲ့ ချယ်ဆီးတို့လို ပရီးမီးယားလိဂ်အသင်းတွေကလည်း မက်သီတဲလ်ကို စိတ်ဝင်စားနေပါတယ်။

via Fabrizio Romano

01/02/2025

အသင်းနဲ့ပွဲမှာ ထူးရှယ်ခြေစွမ်းပြခဲ့တဲ့ မိုင်နူးကို နေရာပြောင်းပြီး ကစားခိုင်းမလားဆိုတာ ထုတ်ပြောလာတဲ့ အမိုရင်

"စိတ်ကူးယဉ်ကြည့်စမ်းပါဦးဗျာ။ ရက်ဖို့ဒ်လို အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးက ကျွန်တော်တို့အသင်းမှာရှိရင် ကျွန်တော်တို့ ဘယ်လ...
31/01/2025

"စိတ်ကူးယဉ်ကြည့်စမ်းပါဦးဗျာ။ ရက်ဖို့ဒ်လို အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးက ကျွန်တော်တို့အသင်းမှာရှိရင် ကျွန်တော်တို့ ဘယ်လောက်တောင် ပိုကောင်းလာမလဲဗျာ။ ဒါပေမယ့် သူက ပြောင်းလဲဖို့လိုအပ်ပါတယ်။"

"တကယ်လို့ သူ့ဖက်ကသာ ပြောင်းလဲလာရင် ကျွန်တော်တို့ သူ့ကို ပြန်လည် အသုံးပြုသွားမှာပါ။ ကျွန်တော်တို့မှာက လက်ရှိမှာ စံချိန်စံနှုန်းသတ်မှတ်ချက်တွေ ရှိပါတယ်။"

- ရူဘင် အမ်မိုရင်

🚨 ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တဲ့အသင်းများ🏴󠁧󠁢󠁥󠁮󠁧󠁿 လစ်ဗာပူး🇪🇸 ဘာစီလိုနာ🏴󠁧󠁢󠁥󠁮󠁧󠁿 အာဆင်နယ်🇮🇹 အင်...
31/01/2025

🚨 ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တဲ့အသင်းများ

🏴󠁧󠁢󠁥󠁮󠁧󠁿 လစ်ဗာပူး
🇪🇸 ဘာစီလိုနာ
🏴󠁧󠁢󠁥󠁮󠁧󠁿 အာဆင်နယ်
🇮🇹 အင်တာ
🇪🇸 အက်သလက်တီကို
🇩🇪 လေဗာကူဆင်
🇫🇷 လိုင်လီ
🏴󠁧󠁢󠁥󠁮󠁧󠁿 အက်စ်တွန်ဗီလာ

"ကျွန်တော်တို့ဟာ လာမယ့်နွေရာသီရောက်မှသာ အသင်းကစားသမားစာရင်းကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်ထားပါတယ်။""လာမယ့်နှစ်တွေအတွင...
31/01/2025

"ကျွန်တော်တို့ဟာ လာမယ့်နွေရာသီရောက်မှသာ အသင်းကစားသမားစာရင်းကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်ထားပါတယ်။"

"လာမယ့်နှစ်တွေအတွင်းမှာ ဒါတွေက ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအချိန်တွေကျရင် ကျွန်တော်တို့ဟာ ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်။"

- အာနေး စလော့

Breaking!!!ဗစ်တာ ဂျိုကာရက်ဇ်က အာဆင်နယ်ဟာ သူ့အတွက် အကောင်းဆုံးအသင်းဖြစ်တယ်လို့ မှတ်ယူထားပါတယ်။via Daily Star
31/01/2025

Breaking!!!

ဗစ်တာ ဂျိုကာရက်ဇ်က အာဆင်နယ်ဟာ သူ့အတွက် အကောင်းဆုံးအသင်းဖြစ်တယ်လို့ မှတ်ယူထားပါတယ်။

via Daily Star

Transfer!!!မိုနာကိုအသင်းဟာ အေဂျက်စ်အသင်းကနေ အင်္ဂလန်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆင်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။အပြီးသတ်...
31/01/2025

Transfer!!!

မိုနာကိုအသင်းဟာ အေဂျက်စ်အသင်းကနေ အင်္ဂလန်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆင်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပြီးတော့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

via Fabrizio Romano

31/01/2025

လစ်ပါဗူး အာဆင်နယ် ဗီလာနဲ့ မန်စီးတီးတို့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ဘယ်အသင်းတွေနဲ့တွေ့မှာလဲ

အသက် ၄၀ ပြည့်‌မွေးနေ့အပေါ် "၄၀ မဟုတ်ပါဘူး။ ၅၀ ဖြစ်သွားပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂ လအကြာမှာ ကျွန်တော်ဟာ အသက် ၅၀...
30/01/2025

အသက် ၄၀ ပြည့်‌မွေးနေ့အပေါ် "၄၀ မဟုတ်ပါဘူး။ ၅၀ ဖြစ်သွားပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂ လအကြာမှာ ကျွန်တော်ဟာ အသက် ၅၀ ဖြစ်သွားပါပြီ။"

"အသက် ၄၀ ပြည့်မွေးနေ့ကို ဒီအသင်းနဲ့ ဖြတ်သန်းရမှာမို့ ကျွန်တော် အရမ်း ကျေနပ်ပါတယ်။"

"မနက်ဖြန်မှာ ကစားသမားတွေက ပိတ်ရက်ပေးမလားလို့ မေးထားပါတယ်။ ကျွန်တော် မပေးပါဘူး။ ဒီတော့ ထရိန်နင်မှာ ဆက်ရှိနေပါမယ်။"

"မွေးနေ့မှာလည်း အလုပ် ဆက်လုပ်မှာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်ရဲ့လက်ဆောင်ဟာ ပွဲမကစားရတဲ့ ကစားသမားတွေအတွက် လေ့ကျင့်ရေးတွေ ပြုလုပ်သွားဖို့ပါ။ နိုင်ပွဲအတွက်ပျော်ပါတယ်။ ကောင်လေးတွေအတွက် dinner တစ်ခု ပြုလုပ်ပေးသွားမှာပါ။"

- အမ်မိုရင်

ที่อยู่

Tha Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Forever Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์