Ok's World OK's World
(339)

ပဌာန်းမှာ မမြင်ရတဲ့ စွမ်းအား တွေရှိတယ် ...ဝဋ်ကြွေးကိုအရင်ဆပ်ရပါတယ် 🪷ဝဋ်ကြွေးပါလာရင်ဘယ်လောက်ပဲ ဘုရား၊တရား လုပ်လုပ်အဲဒီဝဋ်...
26/11/2024

ပဌာန်းမှာ မမြင်ရတဲ့ စွမ်းအား တွေရှိတယ် ...

ဝဋ်ကြွေးကိုအရင်ဆပ်ရပါတယ်

🪷ဝဋ်ကြွေးပါလာရင်
ဘယ်လောက်ပဲ ဘုရား၊တရား လုပ်လုပ်
အဲဒီဝဋ်ကြွေးကိုတော့ အရင်ဆပ်ရပါတယ်

🪷ပဋ္ဌာန်းရွတ်တိုင်း
တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့ အကြောင်းက
သံသရာတိုအောင် ခွာချနေတာပါ

🪷ပဌာန်းဒေသနာတော်ကိုရွတ်ဖတ်ရာမှာ
(မိမိတစ်နိုင်အကျဉ်းဖြစ်စေ ၊
အကျယ်ဖြစ်စေ ၊ ပဉွာဝါရ ဖြစ်စေ
ပဋ္ဌာန်းပါဠိ (၅)အုပ်ပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
ပူဇော်ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဟာ
မိမိရဲ့သံသရာ ဘဝ အဆက်ဆက်မှာ ရှိခဲ့သော
သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ
ပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို
ခွာချနေခြင်းနဲ့တူတယ် ဆိုတာ
သတိလေးကပ်ထားဖို့လိုတယ်။

🪷တစ်ချို့ရှိကြပါတယ်
ပဌာန်းရွတ်မှ ပူလောင်လာတယ်၊
ပြဿနာတွေ တစ်ခုမဟုတ်တခု
ဖြစ်ကြတယ်၊
စီးပွားတွေ ကုန်တယ်ဆုတ်ယုတ်တာ
ရံဖန်ရံခါ ရှိတတ်ပါတယ်။

🪷ဒါပေမယ့် သတိထားရမွာက
ဒါဟာ ပဌာန်းဒေသနာတော်ကြောင့်
မဟုတ်ဘဲ
မိမိရဲ့အကုသိုလ် အညစ်အကြေးကို
မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့
သံသရာ တိုအောင်
ခွာချနေတယ်ဆိုတာပါ။

🪷သံသရာမှာ
မိမိရဲ့ အကုသိုလ်၊ ဝဋ်ကြွေး
အညစ်အကြေးတွေ မကုန်စင်သေးဘဲ
သံသရာကနေ ထွက်သွားလို့
ရရိုးထုံးစံ မရှိပါ။

🪷ဒါကို မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးမှ အစ
အဂ္ဂသာဝက၊ မဟာသာဝက
ရဟန္တာ အရှင်မြတ်ကြီးများပါမကျန်
သက်သေပြခဲ့ကြပြီးပါပြီ။

🪷ပဌာန်း ဒေသနာတော်ကြီးကို
ရွတ်ဖတ် ပူဇော်ခွင့်ရနေပြီ ဆိုကတည်းက
မိမိမှာကံကြီး (၅)ပါးထိုက်သူထဲမပါဖို့
ရာခိုင်နှုန်း များပါတယ်။

🪷ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို
တောင့်ခံပြီး မြန်မြန်ဆပ်၊ နာနာဆပ်
ပေတေပြီးတော့
သဒ္ဓါတရားနဲ့ ဖြေးဖြေးမှန်မှန်
ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။

🪷အဲဒီလို ပူဇော်လေ
မိမိသန္တာန်မှာ အနှေးနဲ့အမြန်
အငြိမ်းဓာတ်၊ အအေးဓာတ် တစ်မျိုးကို
တစ်ဦးနှင့်တစ်ဦးရဲ့
စရိုက်အပေါ် မူတည်ပြီးတော့
ခံစားရမှာ မလွဲဧကန်ပါ

🪷ပဌာန်း တရားတော်ကြီးရဲ့
ကျိုးကြောင်း ဆင်ခြင်သုံးသပ်မှု
ဒေသနာတော် တန်ခိုးအာနုဘော်ကြောင့်
မိမိရဲ့သန္တာန်မှာ
အကုသိုလ် အညစ်အကြေး
ကင်းစင်လာတာနဲ့အမျှ...

🪷အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့်
အရာမှန်သမျှလည်း လုပ်ကိုင်လိုစိတ်
တစ်ဖြေးဖြေး လျော့နည်း
ပျောက်ကွယ်သွားပြီး
အကုသိုလ် လုံးဝလုပ်ချင်စိတ်လည်း
မရှိတော့မှာ
လက်တွေ့ ဒိဌသေချာတဲ့
အကျိုးရလဒ် ဖြစ်ပါတယ်။

🪷အဲဒီအချိန်မှာ မထင်မှတ်လောက်အောင်
မိမိရဲ့ ယုံကြည်မှုသဒ္ဓါတရားနဲ့
အေးမြမှုတို့ဟာ
မထင်မှတ်လောက်အောင်
ခိုင်မြဲနေတာကို တွေ့ရပါလိမ့်မယ်။

🪷မိမိရဲ့လူမှု့စီးပွားဘဝလည်း
အေးချမ်း၊ တည်ငြိမ်ပြီး
အရာရာ ပြည့်စုံနေတာကို မျက်မြင်
တွေ့ရပါလိမ့်မယ်။

🪷ဒီထက်မက ထပ်ပြီးတော့မှ
အနုစိတ်ကျကျ
လေ့လာချင်စိတ် သဒ္ဓါတွေ
တဖွားဖွား ပေါ်လာပြီး
အနုလုံ ပဋိလုံ
သိမြင် နားလည်လာတဲ့အခါ...
အလိုလိုနေရင်း
တရားက သူ့အလုပ်သူလုပ်ပြီး
ခန္ဓာဉာဏ်ရောက် သွားတာကို
အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်။

🪷မိမိရဲ့ဝါသနာ၊ စရိုက်နဲ့ကိုက်ညီတဲ့
ကမ္မဌာန်းနည်းပြ၊ အနီးကပ် လမ်းညွှန်ပေးမယ့်ဆရာလည်း ရောက်လာပါလိမ့်မယ်။

🪷ဒါဟာ ဘာကိုပြသလဲဆိုတော့
မိမိသန္တာန်မှာ အကုသိုလ် အညစ်အကြေးတွေကိုအကြွေးမထားဘဲ အဖတ်လိုက်၊ အဖတ်လိုက်
ခွာချလိုက်တဲ့ အခါ ...မိမိဘဝ အဆက်ဆက်
အနမတဂ္ဂ သံသရာအဆက်ဆက်က ပါခဲ့တဲ့ အထုံ ပါရမီတွေဟာ ...ဒီဘဝမှာ ပြန်ပေါ်လာပြီး
မဂ်၊ ဖိုလ် လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့ အညီ
မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း ထပ်မံ ရေးသားရင်း...
🙏🙏🙏🙏🙏
သံသရာ အဆက်ဆက်
အကုသိုလ် အညစ်အကြေးများကို
မဆုတ်မနစ်တဲ့ ဇွဲ၊ သတ္တိ၊ ဝီရိယ တို့နှင့်
တရားအလုပ် အားထုတ်ရင်း
ဒီဘဝမှာတင် ခွာချကြရအောင် ...

ကိုယ့်ရဲ့ အဆင်မပြေမှုတွေကြုံလာတိုင်း
ဝဋ်ကြွေးဆပ်တယ်လို့ ခံယူရင်း
ရတနာသုံးပါး ဆည်းကပ်ပူဇော်လျက်။။
🙏🙏🙏🙏🙏
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

24/11/2024
အိမ်ကနေ ဝင်ငွေ💸 ရှာလိုသူတိုင်း သိထားသင့်တဲ့ Skill (6) ခု ✨အိမ်ကနေပဲ အလုပ်လုပ်ရင်း ဝင်ငွေဖြောင့်နိုင်မယ့် အကြောင်းကိုလူတိ...
15/11/2024

အိမ်ကနေ ဝင်ငွေ💸 ရှာလိုသူတိုင်း သိထားသင့်တဲ့ Skill (6) ခု ✨
အိမ်ကနေပဲ အလုပ်လုပ်ရင်း ဝင်ငွေဖြောင့်နိုင်မယ့် အကြောင်းကို
လူတိုင်းနီးပါး ခပ်စိတ်စိတ် ပြောလာကြပါတယ်။
ဒါပေမယ့် ပြဿနာက ဘယ် skillတွေ လေ့လာရမလဲ၊ ဘယ်က ဘယ်လိုစရမလဲ မသိတာပဲ။
အရမ်းကြီးလဲ စိတ်မပူပါနဲ့။ နောက်မကျသေးပါဘူး။📌
အိမ်က‌နေ ပိုက်ဆံရှာနိုင်ဖို့ ကိုယ့်အိမ်ကနေပဲ လေ့လာနိုင်တဲ့ Skill (၆)ခု ကို Lp🎯က မျှဝေပေးပါမယ်။
၁။ ဒီဂျစ်တယ် နားလည်မှု ✨
ပြောရရင် ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ်နားလည်မှုဆိုတာ ရေသောက်မြစ်လိုပါပဲ။ ဒါကြောင့် ကွန်ပျူတာ၊ စမတ်ဖုန်းတွေနဲ့ ရင်းနှီးအောင်လုပ်ပါ။ လူမှုကွန်ရက်တွေ၊ အွန်လိုင်းပလက်ဖောင်းတွေကို ကျွမ်းကျင်အောင် လေ့လာပါ။ ဒါမှ ခေတ်နဲ့အညီ ရှင်သန်နိုင်မှာဖြစ်ပါတယ်။
၂။ ဘာသာစကားစွမ်းရည် ✨
ကိုယ်က အင်္ဂလိပ်စာကို ကောင်းကောင်းတတ်ထားရင် ကမ္ဘာတစ်ဝှမ်းက အခွင့်အလမ်းတွေအထိပါ ရလာနိုင်ပါတယ်။ ဒါ့အပြင် ဘာသာပြန်တာ၊ စာပြန်သင်ကြားပေးတာတွေ လုပ်နိုင်ပါတယ်။ တခြားဘာသာစကားတွေပါ တတ်ထားရင်တော့ ငွေပိုရှာနိုင်တာမို့ ပိုလို့တောင် အဆင်ပြေပါသေးတယ်။
၃။ စိတ်ကူးဉာဏ်ရည် ✨
တကယ်တော့ ကိုယ့်ရဲ့ ခေါင်းထဲမှာ အကြံဉာဏ်အသစ်တွေ၊ စိတ်ကူး‌ကောင်းတွေနဲ့ အမြဲပြည့်နှက်နေတဲ့သူဆိုရင် အိမ်ကနေ ဝင်ငွေရှာဖို့ မခက်ပါဘူး။ Content ရေးသားခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ပုံပြင်ဖန်တီးခြင်းတို့လို အလုပ်တွေမှာ အခွင့်အလမ်းပေါင်း များစွာရှိနေတာမို့ စူးစမ်းလေ့လာထားသင့်ပါတယ်။
၄။ ရောင်းချခြင်းအတတ်ပညာ ✨
ကိုယ့်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို ရောင်းချတတ်ဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ပဲ အရည်အသွေးကောင်းကောင်း၊ ရောင်းချတတ်မှ အဆင်ပြေမှာပါ။ သူများနဲ့မတူတဲ့ အရောင်းနည်းဗျူဟာတွေ ချမှတ်နိုင်ရပါမယ်။
၅။ စိတ်ရှည်သည်းခံခြင်း ✨
အစပိုင်းမှာတော့ ရလဒ်မမြင်ရသေးလို့ဆိုပြီး စိတ်ပျက်လွယ်သူတွေတော့ အများကြီးရှိကြပါတယ်။ ဒါပေမယ့် အိမ်ကနေ အလုပ်လုပ်တယ်ဆိုတာ တစ်ညတည်းနဲ့ သူဌေးဖြစ်တဲ့ ပညာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်း တိုးတက်လာတာမျိုးပါ။ စိတ်ရှည်လက်ရှည် လုပ်နိုင်မှ အောင်မြင်မှုရမှာဖြစ်ပါတယ်။
၆။ အမြဲတိုးတက်အောင် လုပ်နိုင်မှု ✨
ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာမို့ ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် လုပ်နေဖို့ လိုပါတယ်။ အွန်လိုင်းသင်တန်းတွေ တက်၊ စာအုပ်တွေဖတ်၊ လေ့လာစရာတွေ အမြဲမပြတ် လေ့လာနေပါ။ ဒါမှ ခေတ်နောက်ကျမကျန်ဘဲ မျက်စိပွင့်နားပွင့်မို့ အိမ်ကနေ အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို မြန်မြန်ဆန်ဆန် ရှာတွေ့လာနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် အိမ်ကနေ ဝင်ငွေရှာဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိတာမို့ အခုပဲ စတင်နိုင်ပါတယ်။🎯
လိုအပ်တဲ့ အထက်ပါ skill တွေကိုတော့ တတ်မြောက်အောင် လေ့လာထားနိုင်မယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို အဆင်ပြေပြေ ရပ်တည်နိုင်မှာ သေချာပါတယ်။

ကမ္ဘာ့ပထမဆုံးဆန့်ထုတ်နိုင်တဲ့FlexibleDisplayကိုပြသလိုက်တဲ့LGDisplayနည်းပညာမှာLGကကမ္ဘာမှာထိပ်တန်းကဦးဆောင်နေတဲ့ကုမ္ပဏီဖြစ်...
14/11/2024

ကမ္ဘာ့ပထမဆုံးဆန့်ထုတ်နိုင်တဲ့FlexibleDisplayကိုပြသလိုက်တဲ့LG

Displayနည်းပညာမှာLGကကမ္ဘာမှာထိပ်တန်းကဦးဆောင်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။LGဟာFlexibleDisplayများစွာကိုတီထွင်ဖန်တီးနေပါတယ်။အခုပြသလိုက်တဲ့Displayကခေါက်ချိုးနိုင်တာထက်ပိုတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားပါတယ်။အဲဒါကတော့ရုပ်ပုံအရည်အသွေးကိုမထိခိုက်စေဘဲ၅၀ရာခိုင်နှုန်းဆန့်ထုတ်နိုင်တဲ့FlexibleDisplayဖြစ်ပြီးဒါဟာကမ္ဘာ့ပထမဆုံးဆန့်ထုတ်နိုင်တဲ့Displayဖြစ်ပါတယ်။Displayနည်းပညာအသစ်လို့လည်းပြောနိုင်ပါတယ်။အဲဒီDisplayဟာ၁လက်မမှာ၁၀၀PixelsHighResolutionရှိပြီး၁၂လက်မကနေ၁၈လက်မအထိဆန့်ထုတ်နိုင်ပါတယ်။လက်ရှိFlexibleDisplayတွေလိုကွေးညွှတ်နိုင်ရုံသာမကလိမ်ချိုးနိုင်ကာပုံသဏ္ဍာန်မျိုးစုံကိုအသွင်ပြောင်းနိုင်ပါတယ်။အဲဒီအတွက်ဒီဇိုင်းဆန်းသစ်တဲ့အီလက်ထရောနစ်ပစ္စည်းတွေကိုတီထွင်နိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့လူ့အရေပြားနဲ့အဝတ်အထည်တွေလိုမညီညာတဲ့မျက်နှာပြင်တွေပေါ်မှာတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။Displayဟာပေါ့ပါးပြီးLGကWearableနဲ့အဝတ်အစားအပါအဝင်ကုန်ပစ္စည်းများစွာမှာအသုံးဝင်လာမယ်လို့ပြောပါတယ်။

ကမ္ဘာ့ပထမဆုံးသစ်သားဂြိုလ်တုကိုအာကာသသို့လွှတ်တင်လိုက်တဲ့ဂျပန်သမားရိုးကျဂြိုလ်တုတွေဟာကမ္ဘာမြေပေါ်ပြန်လည်ကျရောက်လာတဲ့အခါမီး...
14/11/2024

ကမ္ဘာ့ပထမဆုံးသစ်သားဂြိုလ်တုကိုအာကာသသို့လွှတ်တင်လိုက်တဲ့ဂျပန်သမားရိုးကျဂြိုလ်တုတွေဟာကမ္ဘာမြေပေါ်ပြန်လည်ကျရောက်လာတဲ့အခါမီးလောင်ကျွမ်းသွားကြပြီးသတ္တုအပိုင်းအစတွေဟာလေထုထဲမှာပျံ့နှံ့သွားပါတယ်။အဲဒါကြောင့်သဘာဝပတ်ဝန်းကျင်ကိုပျက်ဆီးစေပါတယ်။အဲဒီအတွက်သဘာဝပတ်ဝန်းကျင်ကိုမပျက်ဆီးစေတဲ့ကမ္ဘာ့ပထမဆုံးသစ်သားဂြိုလ်တုကိုဂျပန်ကတီထွင်လိုက်ပါတယ်။ကျိုတိုတက္ကသိုလ်မှသိပ္ပံပညာရှင်တွေနဲ့နေအိမ်တည်ဆောက်တဲ့SumitomoForestryတို့ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးLignoSatလို့အမည်ပေးထားပါတယ်။ဂျပန်ကအဲဒီအရွယ်သေးဂြိုလ်တုလေးကိုအာကာသကိုအောင်မြင်စွာလွှတ်တင်လိုက်ပါတယ်။အဲဒီဂြိုလ်တုဟာကမ္ဘာပတ်လမ်းကြောင်းမှာ၆လကြာလှည့်ပတ်နေမှာဖြစ်ပါတယ်။ဂြိုလ်တုရဲ့မျက်နှာပြင်တစ်ခုစီဟာ၄လက်မ(၁၀စင်တီမီတာ)ပဲရှိပြီးအရွယ်အစားအလွန်သေးငယ်ပါတယ်။မူလီနဲ့ကော်မပါဘဲဂျပန်ရိုးရာနည်းပညာနဲ့တည်ဆောက်ထားတာဖြစ်ပြီးဂျပန်မှာပေါက်တဲ့Magnoliaသစ်ပင်အမျိုးအစားတစ်ခုဖြစ်တဲ့ဟိုနိုကီနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ဒီစီမံကိန်းသာအောင်မြင်ရင်အနာဂတ်မှာသဘာဝပတ်ဝန်းကျင်ကိုမပျက်ဆီးစေတဲ့သစ်သားဂြိုလ်တုတွေကိုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ကုန်း နဲ့ လေ မှာ အလိုအလျှောက် မောင်းနှင်ပျံသန်းနိုင်တဲ့ တရုတ်ရဲ့ ကားပျံ****ကားပျံတွေဟာ ကားလမ်းပိတ်တဲ့ မြို့တွင်းမှာ အဆင်...
11/11/2024

ကုန်း နဲ့ လေ မှာ အလိုအလျှောက် မောင်းနှင်ပျံသန်းနိုင်တဲ့ တရုတ်ရဲ့ ကားပျံ

****

ကားပျံတွေဟာ ကားလမ်းပိတ်တဲ့ မြို့တွင်းမှာ အဆင်ပြေစေတဲ့ အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်ပါတယ်။ ကားပျံတွေကို ကမ္ဘာအဝန်းမှာ တီထွင်နေကြပါတယ်။

အခုတော့ တရုတ်မှ Chery ကုမ္ပဏီက “Land and Air Vehicle” အမည်ရ ကားပျံကို Anhui မှာ ကျင်းပခဲ့တဲ့ 2024 Chery Global Innovation Conference မှာ ပြသခဲ့ပါတယ်။ ပြသရုံတင်မကဘဲ ကုမ္ပဏီဟာ အဲဒီ ကားပျံကို မိုင် ၅၀ စမ်းသပ်ပျံသန်းပြီးပါပြီ။ လက်ရှိမှာ ရောင်းတန်းဝင် အဆင့် မဟုတ်သေးဘဲ တီထွင်နေဆဲ ဖြစ်ပါတယ်။

နာမည်အတိုင်းပဲ ကုန်း နဲ့ လေ မှာ မောင်းနှင်ပျံသန်းနိုင်ပြီး အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ စတီယာရင်နဲ့ ခြေနင်းတွေလည်း မပါပါဘူး။ Flying Mode မှာ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့အတွက် လေယာဉ် ပြေးလမ်း မလိုအပ်ပါဘူး။ မြို့တွင်း ခရီးတိုသွားဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အမြန်နှုန်းက ၁ နာရီကို ၁၂၀ ကီလိုမီတာ ဖြစ်ပြီး အားအပြည့်သွင်းထားရင် မိနစ် ၄၀ ဝန်းကျင် ပျံသန်းနိုင်ပါတယ်။ အမြင့် ကီလိုမီတာ ၁,၀၀၀ အောက်မှာ ပျံသန်းနိုင်ပြီး လူ ၂ ယောက် စီးနိုင်ပါတယ်။ အရေးပေါ် အခြေအနေမှာ ကားပျံကို လူက ထိန်းချုပ်နိုင်ပါတယ်။

“ဗုဒ္ဓအဆုံးအမ အနှစ်ချုပ်”◾️ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါ Concept မိဖို့ လိုတယ် ဆိုပြီး ပြောကြတယ်။ အဲဒီလို မိသွားရင် လေ့လာရ...
18/10/2024

“ဗုဒ္ဓအဆုံးအမ အနှစ်ချုပ်”

◾️ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါ Concept မိဖို့ လိုတယ် ဆိုပြီး ပြောကြတယ်။ အဲဒီလို မိသွားရင် လေ့လာရတာ အတော်လွယ်ကူသွားတယ်။ ရှင်းလင်းသွားတယ်။

ဗုဒ္ဓအဆုံးအမတွေကို နာယူတဲ့အခါမှာလည်း ဒီသဘောပဲ။ ခုဆောင်းပါးကတော့ အဲဒီလို Concept မိဖို့ ကျွန်တော် သိထားသလောက် မျှဝေခြင်း ဖြစ်ပါတယ်။

◾️ဗုဒ္ဓ ဟောကြားခဲ့သမျှ တရားတွေရဲ့ အနှစ်ချုပ်ကို ပြောပါဆို သစ္စာ ၄ ပါး၊ ပဋိစ္စ သမုပ္ပါဒ်နဲ့ ပဋ္ဌာန်းဆိုပြီး ၃ ခု ရှိမယ်။

သစ္စာ ၄ ပါးက အတိုဆုံး။ အဲဒါကို ထပ်ချဲ့လိုက်ရင် ပဋိစ္စ သမုပ္ပါဒ်။ ပဋိစ္စ သမုပ္ပါဒ်ကို ထပ်ချဲ့ရင်တော့ ပဋ္ဌာန်းလို့ သိရတယ်။

🔳 သစ္စာ ၄ ပါးက ဘာတွေလဲဆိုတော့ -

• ၁။ ဘဝဆိုတာ ဆင်းရဲတယ် (ဒုက္ခသစ္စာ)
• ၂။ အဲဒီလို ဆင်းရဲနေရတာ စိတ်စွဲလမ်းမှုတွေကြောင့် (သမုဒယသစ္စာ)
• ၃။ ဒီဆင်းရဲဒုက္ခတွေကနေ လွတ်လမ်းရှိတယ် (နိရောဓသစ္စာ)
• ၄။ အဲဒီလွတ်လမ်းကတော့ အကျင့် ၈ ခုပဲ (မဂ္ဂသစ္စာ)

🔳 အဲဒီမှာမှ ရှေ့က သစ္စာ ၂ ပါးကို ထပ်ချဲ့လိုက်တော့ ပဋိစ္စ သမုပ္ပါဒ် ဆိုပြီး ဖြစ်လာတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဘယ်လိုမျိုး စိတ်စွဲလမ်းမှုတွေ ဖြစ်နေလဲဆိုတာကို အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့် ပြောထားတာပါပဲ။

စိတ်ဝင်စားရင်တော့ စက်ဝိုင်းကို အသေးစိတ် လိုက်ကြည့်ကြည့်။ ဒီမှာတော့ Concept ကိုပဲ ပြောတော့မယ်။

◾️လူရယ်လို့ ဖြစ်လာရင် ရုပ်ခန္ဓာကိုယ်ကြီး ရလာမယ်။ အဲဒီမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကူး ဆိုတဲ့ အာရုံ ၆ ပါး ပါလာမယ်။

ဒီ ၆ ပါးနဲ့ ပြင်ပက အာရုံတွေနဲ့ ထိတွေ့မိတဲ့အခါ စိတ် ဆိုတာ ဖြစ်လာတယ်။ (ဒါကို ပဋ္ဌာန်းမှာ အာရမ္မဏ ပစ္စယောလို့ ခေါ်တယ်။)

အသိစိတ်ဖြစ်ပြီးရင် ဝေဒနာ ဖြစ်တယ်။ ရောဂါဝေဒနာကိုပဲ ပြောတာ မဟုတ်ဘူး။ ခံစားမှု အတွေ့အကြုံ (Feeling/ Experience) ကို ဆိုလိုတာ။ နှစ်သက်စရာ တွေ့ရင် လောဘ ဖြစ်မယ်။ နှစ်သက်စရာ မဟုတ်ရင် ဒေါသ ဖြစ်မယ်။

🔳 အဲဒီနောက်ကနေ တဏှာဆိုတဲ့ စွဲလမ်းမှု လိုက်လာတယ်။ နှစ်သက်စရာဆို စွဲလမ်းတာက ရှင်းတယ်။ မနှစ်သက်စရာကိုရော စွဲလမ်းလားဆိုတော့ စွဲလမ်းတာပေါ့။ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ကားတောင် ရှိသေးတယ်မို့လား။

နောက်ပြီး မနှစ်သက်တာနဲ့ တွေ့ကြုံနေရချိန်မှာ နှစ်သက်တာကို တောင့်တတဲ့စိတ်လည်း ဖြစ်တယ်လေ။ ဥပမာ အသည်းကွဲနေချိန်မှာ တစ်ချိန်က ပျော်ခဲ့ဖူးတာတွေကို ပြန်အမှတ်ရကြတယ်ဟုတ်။ ကိုယ်မကြိုက်တာကြီး စားနေရချိန် ဘာလေး စားလိုက်ရရင်တော့ ကောင်းမှာပဲ ဆိုပြီး တွေးမိကြတယ်ဟုတ်။

တဏှာ ဖြစ်လာပြီဆိုရင်တော့ သံသရာအနေနဲ့ ပြောမယ်ဆို ဘဝတွေ ထပ်ထပ်ဖြစ်မယ်။ တစ်ဘဝစာပဲ ပြောမယ်ဆို စိတ်ဆင်းရဲရမယ်။ ဒီလို စွဲလမ်းမှုတဏှာ ဖြစ်လာပုံကို အဆင့်ဆင့် ဟောထားတာသည် ပဋိစ္စ သမုပ္ပါဒ် ဖြစ်ပါတယ်။

◾️ဒါဖြင့် တဏှာကို ဘယ်လိုလျှော့ချမလဲ။ (ပယ်သတ်မယ်လို့ မပြောတော့ဘူး။ ပုထုဇဉ်တွေပဲမို့ လျှော့ချဖို့တောင် အတော်လုပ်ယူရမှာ ဆိုတော့လေ။)

သတိပဌာန် ၄ ပါးကို အားထုတ်ပါတဲ့။ သတိ + ပဌာန။ ပဌာန ဆိုတာ နေရာဌာနကို ပြောတာ။ ကိုယ့်ရဲ့ သတိကို စူးစိုက်ထားရမဲ့ နေရာ ၄ ခုပေါ့။ အင်္ဂလိပ်လိုဆို ပိုရှင်းတယ်။ 4 Foundations of mindfulness တဲ့။

◾️ဘယ်နေရာတွေလဲဆိုတော့ -

📌 ၁။ ရုပ်ခန္ဓာကိုယ်မှာ စူးစိုက်ထားရင် အဲဒါကို "ကာယာနုပဿနာ" လို့ ခေါ်တယ်။ သူ့ရည်ရွယ်ချက်က "အသုဘ" လို့ ခေါ်တဲ့၊ ခန္ဓာကိုယ်ရဲ့ မတင့်တယ်မှုတွေကို သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ သူများခန္ဓာကိုယ်ကိုပါ တပ်မက်တဲ့စိတ်တွေ လျှော့ချနိုင်ဖို့ပဲ။

📌 ၂။ စိတ်မှာ စူးစိုက်ထားရင်တော့ "စိတ္တာနုပဿနာ" တဲ့။ ရည်ရွယ်ချက်ကတော့ စိတ်ဟာ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။ မြစ်ရေလိုပဲ။ ခုနက မြင်လိုက်ရတဲ့ မြစ်ရေက ခု မရှိတော့ဘူး။ စီးဆင်းသွားပြီ။ ခု မြင်နေရတာ နောက်တစ်ခု။ တစ်နည်းအားဖြင့် "အနိစ္စ" ကို သဘောပေါက်အောင် လုပ်ရတာပါပဲ။

📌 ၃။ ဝေဒနာမှာ စူးစိုက်ထားရင်တော့ "ဝေဒနာနုပဿနာ" ဖြစ်ပါတယ်။ ခံစားမှုတွေအပေါ်မှာ အာရုံစိုက်ထားတယ်။ "ဒုက္ခ" ဆိုတဲ့ ဆင်းရဲမှုတွေကို မြင်စေဖို့ ဖြစ်ပါတယ်။ ကောင်းတဲ့ ခံစားမှုတွေ ဖြစ်နေရင်တောင် ဘယ်လောက်မှ မခံဘူး။ ခဏလေးနဲ့ ပျောက်သွားတာပဲ။ အဲဒီတော့ ထပ်ထပ်ခံစားရဖို့ ထပ်ကြိုးစားနေရတယ်။ ပင်လယ်ရေ သောက်သလိုပဲ၊ ဘယ်တော့မှ ငတ်မပြေဘူး။ အဲဒီလို တောင့်တနေရတာကြီးကိုက ပင်ပန်းတယ်။ ဆင်းရဲတယ်ပေါ့။

📌 ၄။ တခြားသော သဘာဝတရားတွေကို စူးစိုက်ထားရင်တော့ "ဓမ္မာနုပဿနာ" ပါ။ ငါ အစိုးရတာ၊ ပိုင်ဆိုင်တာလည်း မရှိပါလားဆိုတဲ့ အနတ္တကို သဘောပေါက်စေဖို့ပါတဲ့။ အပေါ်ယံ ခြေလှုပ်လက်လှုပ်လောက်ပဲ ကိုယ်ထိန်းချုပ်လို့ ရတာလေ။ အသက်ရှူတာ၊ အစာချေတာ၊ အဆိပ်အတောက် ဖယ်ရှားတာ၊ အညစ်အကြေး စွန့်တာ၊ ဘယ်မှာ ကိုယ်ဝင်လုပ်လို့ရတာ ရှိသလဲ။ အပေါ်ယံသာ နုအောင် လုပ်လို့ရတယ်။ အတွင်းထဲက ဆဲလ်တွေကတော့ အိုမင်းနေတာပဲ။ ရောဂါတွေ မဖြစ်ချင်လည်း ဖြစ်ရတာပဲ။ မသေချင်လည်း သေရတာပဲကို။ ဒါကို "အနတ္တ" သဘောလို့ နားလည်ထားနိုင်တယ်။

ဒီ ၄ ခုကို အလှည့်ကျသော်လည်းကောင်း၊ သန်ရာသန်ရာသော်လည်းကောင်း လေ့ကျင့်နေခြင်းကို တရားအားထုတ်တယ်လို့ ဆိုကြတာကိုး။ ဒါကြောင့် Every time, Everywhere ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လုပ်လို့ ရပါတယ်။

◾️ဒီလိုအားထုတ်ဖို့ဆို ဘာလိုသေးလဲ။ အဆင့်ဆင့် ပြောပါဆိုရင်တော့ မဂ္ဂင် ၈ ပါးကို ပြောရလိမ့်မယ်။ အတိုချုပ်ပါဆို ၃ ခုတည်း။

သီလ၊ သမာဓိ၊ ပညာ။

- အနိစ်စ၊ ဒုက်ခ၊ အနတ်တကို သိတာက ပညာ။
- စာတွေ့ မဟုတ်ဘဲ ကိုယ်တွေ့ သိလာဖို့ ကြိုးစားမယ်၊ သတိပဌာန် ၄ ပါး အားထုတ်တော့မယ်ဆို သမာဓိ လိုတယ်။
- သမာဓိရဖို့ လူတစ်ယောက်ဟာ စိတ်ကြည်လင်နေမှရမယ်။ ဒီအတွက် သီလလုံဖို့ လိုတယ်။

◾️သီလနဲ့ ပတ်သက်လို့လည်း Concept မိဖို့ လိုလာပြန်တယ်။ ၅ ပါးသီလနဲ့ မလုံလောက်ဘူး။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် ကျင့်ကြံနေထိုင်ခြင်းကိုမှ သီလလို့ ခေါ်တယ်။

ဒါကြောင့် မလုပ်သင့်တာကို ရှောင်ဖို့ လိုသလို၊ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း လုပ်ဖို့ လိုအပ်တယ်။ ဆရာဝန်က ဆရာဝန် မပီသရင်၊ ကျောင်းဆရာက ကျောင်းဆရာအလုပ် မလုပ်ရင်၊ အစိုးရတော့ ဖြစ်ချင်ပေမဲ့ အသုံးက မကျရင် လူတွေ ဘယ်လောက်ဒုက္ခရောက်ရသလဲ စဉ်းစားကြည့်။

ဒီအတွက် အခြေခံအားဖြင့် ဘာလိုအပ်သလဲဆို "မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရား၊ ရိုးရှင်းစွာ နေထိုင်ခြင်းနဲ့ ဘဝအဆင့်အတန်း မြင့်မားအောင် ကြိုးစားအားထုတ်မှု" ဆိုတဲ့ အချက် ၅ ချက် လိုပါတယ်။ ဒါမှသာ မလုပ်သင့်တာတွေ မလုပ်ဖြစ်တော့မှာ ဖြစ်ပြီး လုပ်သင့်တာတွေကိုလည်း စွမ်းစွမ်းတမံ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

ဒါက ဗုဒ္ဓအဆုံးအမ အနှစ်ချုပ်ဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်လို့ ခံယူထားသူတွေ တတ်နိုင်သမျှ လိုက်နာရမဲ့ ဘဝနေနည်းလည်း ဖြစ်ပါတယ်။

◾️သိပ်ရှုပ်ထွေး ရှည်လျားနေတယ်ဆို ဒီတစ်ကြောင်းတည်း မှတ်။

“စိတ်စွဲလမ်းမှုနဲ့ ငြိမ်းချမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်။ စွဲလမ်းမှု များလေလေ၊ မအေးချမ်းရလေပဲ။”

ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်လည်း ဒီသဘောတရားက အတူတူပဲ။ သံသရာကို မယုံဘူးဆိုလည်း လက်ရှိဘဝအတွက် ဒါက မှန်နေတာပဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်မှ နားလည်နိုင်တယ်ရယ်လည်း မဟုတ်ဘူး။ ဘယ်သူမဆို သ​ဘော​ပေါက်နိုင်တာပါပဲ။

◾️ဒီတော့ စိတ်စွဲလမ်းမှု လျော့ကျအောင် တတ်နိုင်သမျှ ကြိုးစားအားထုတ်ခြင်းသည် စိတ်အေးချမ်းမှု ရစေဖို့ တစ်ခုတည်းသော အကြောင်းတရား ဖြစ်တယ်ဆိုတာကို အမြဲ သတိရ​နေ​စေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Photo credit - pixabay

🔰(ဘ၀)မှာကျေနပ်စရာတွေဆိုတာ ...    တခြား'ဟာ တွေကိုပြောတာမဟုတ်ဘူး...🫴(ငါးပါး'သီလ)ရှိရင်လည်း ကျေနပ် စရာကောင်းတယ်...🫴ဘုရား'ဂု...
14/10/2024

🔰(ဘ၀)မှာကျေနပ်စရာတွေဆိုတာ ...
တခြား'ဟာ တွေကိုပြောတာမဟုတ်ဘူး...

🫴(ငါးပါး'သီလ)ရှိရင်လည်း ကျေနပ် စရာကောင်းတယ်...

🫴ဘုရား'ဂုဏ် ကိုအာရုံပြုပြီးတော့ ကြည်နူးမှု့ တွေ ရတာကလည်း
ကျေနပ်စရာ ကောင်းတယ်...

🫴တရား'ဂုဏ် ကို အာရုံပြုပြီးတော့ ကြည်နူးမှု့ ရတာကလည်း
ကျေနပ်စရာ ကောင်းပါတယ်...

🫴သံဃာ့'ဂုဏ် ကို အာရုံပြုပြီးတော့ ကြည်နူးမှု့ ရတာလည်း
ကျေနပ်စရာ ကောင်းတယ်...

🫴ကိုယ့်'သီလ ကို ကိုယ်တိုင် ဆင်ခြင်ပြီးတော့ ကြည်နူးမှု့
ရတာလည်း ကျေနပ်စရာ ကောင်းတယ်...

‼️ကျေနပ်စရာ(၅)မျိုး ဘ၀မှာကျေနပ်စရာ'တွေ ကို
မြတ်စွာဘုရား က အဲဒီအချက်အလက် တွေနဲ့ ပြည့်စုံရင်

နောက်ဘ၀ အတွက် မစိုးရိမ်နဲ့တော့ စိုးရိမ်စရာ မရှိတော့ဘူး...

🫴(ငရဲ)မရှိတော့ဘူး

🫴တိရိစ္ဆာန် ဖြစ်ဖို့ မရှိတော့ဘူး

🫴အခက်အခဲ ကြုံတိုင်း အခက်အခဲကြုံသည် ဖြစ်စေ
မကြုံသည် ဖြစ်စေ ကိုယ့်'ဘ၀ မှာ အမှတ်ရ နေရမှာကတော့
(မြတ်စွာဘုရား)ပဲ ...

#ပါချုပ်ဆရာတော်

Time Sequencers
12/10/2024

Time Sequencers

04/10/2024

ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့

ဒကာ၊ဒကာမများကိုစိတ်ပူနေတဲ့ ပါချုပ်ဆရာတော်ဘုရားကြီးအဆုံးအမကို သေချာလိုက်နာကြရအောင်ဆရာတော်ဘုရားကြီးက ရတနာ့ပရိတ်ကိုပူဇော်ကြ...
03/10/2024

ဒကာ၊ဒကာမများကို
စိတ်ပူနေတဲ့ ပါချုပ်
ဆရာတော်ဘုရားကြီး
အဆုံးအမကို သေချာ
လိုက်နာကြရအောင်

ဆရာတော်ဘုရားကြီး
က ရတနာ့ပရိတ်ကို
ပူဇော်ကြပါ တဲ့။တစ်
သုတ်လုံးမပူဇော်နိုင်
လျှင်

ယာနီဓ ဘူတာနိ
သမာဂတာနိ
ဘုမ္မာနိ ဝါ ယာနိ ဝ
အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ
ဘဝန်တု။
အထောပိ သက္ကစ္စ
သုဏန်တု ဘာသိတံ။

ဘုရားရတနာဟာ
အမြတ်ဆုံးဖြစ်တယ်။
တရားရတနာဟာ
အမြတ်ဆုံးဖြစ်တယ်။
သံဃာရတနာဟာ
အမြတ်ဆုံးဖြစ်တယ်။

ဤမှန်ကန်သော သစ္စာ
စကားကြောင့်
ဘေးအန္တရာယ်က
လွတ်မြောက်ပါစေ လို့
သစ္စာဆိုကြပါ တဲ့။

လူအချင်းချင်း မေတ္တာ
ထားကြဖို့နဲ့ ကုသိုလ်များ
များပြုဖို့ Live ကနေ
သတိပေးနေပါတယ်။

သတ္တဝါတွေအားလုံး
ကျန်းမာချမ်းသာ ကပ်
သုံးပါးမှ ကင်းဝေးကြ
ပါစေဗျာ။

Credit
မမီးငယ်(ကုသိုလ်ပျိုးခင်း)

✅DV အကြောင်း American နိုင်ငံကို လာဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Diversity Visa ဆိုတာကို ဒီနေ့ မှာ ကျွ...
30/09/2024

✅DV အကြောင်း

American နိုင်ငံကို လာဖို့အတွက်
အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့
Diversity Visa ဆိုတာကို ဒီနေ့ မှာ ကျွန်တော်
သိသလောက် Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်

နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့
DV ဆိုတာက ထီထိုးသလိုပါဘဲ
ဒါပေမယ့်သူက အခမဲ့ ကိုယ်တိုင် တင်လို့ရတာဖြစ်ပါတယ် .... နှစ်စဉ်လူထောင်ပေါင်းများစွာကလူတွေဟာ
American နိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့ Green Card ရဖို့ ဒီ DV ကို ကံစမ်းကြတာဖြစ်ပါတယ် ... အကယ်၍ DV သာပေါက်ခဲ့မယ်ဆိုရင်တော့
သင်တို့ရဲ့ American Dream ဟာ အကောင်ထည်ဖော်လာပီဖြစ်ပါတယ်

ဒီ DV ကိုကံစမ်းဖို့အတွက် သင့်မှာ
ဓါတ်ပုံရယ်
၁၀ တန်းအောင်ထားတာရယ်
အလုပ်ကိုင်အတွေ့ကြုံတစ်ချို့ ရှိရင်ကို
ကံစမ်းခွင့်ရှိပီဖြစ်ပါတယ် .... အရေးကြီးတာတစ်ခုက
DV ကံစမ်းတာဟာ အခမဲ့ဖြစ်တာဖြစ်လို့
ပိုက်ဆံလိမ်ညာတောင်းတဲ့သူတွေကိုတော့
သတိထားစေချင်ပါတယ်
DV ကို တင်လို့ရမဲ့ရက်ကတော့
Oct လဆန်းကနေ Nov လဆန်းဖြစ်တဲ့အတွက် အရမ်းကို နီးကပ်နေပါပြီ

ဒီလိုနဲ့ DV တင်ပီးတော့ ပေါက်ပီဆိုရင်တော့
Congratulation ပါ ... စာရွက်စာတမ်းတွေပြင်ဆင်ရမယ်
ဆေးစစ်ရမယ်
အင်တာဗျူးဝင်ရမယ်
ဒါတွေအကုန်ဖြတ်ကျော်ပြီးပီဆိုရင်တော့
သင်တို့ရဲ့ American အိမ်မက်တွေကို
စတင်လို့ရပါပြီ

ဒီလို DV ပေါက်ဖို့အတွက်လဲ
ကိုယ့်ဘက်က အသေးစိတ်မှားနိုင်တာကအစ
သေချာစစ်ဆေးဖို့လိုအပ်ပါတယ်
1. တရားဝင် အစိုးရ Website ကနေဘဲ ဝင်လျောက်ပါ
2. အခကြေးငွေယူပြီး ပြုလုပ်ပေးမည်ဆိုသောလူလိမ်များကို သတိထားပါ
3. ကိုယ်တင်သွင်းသော အချက်လက်တွေမှန်အောင်စစ်ဆေးပါ
4. မလျောက်ထားခင် ပညာအရည်ချင်းစာရွက်စာတမ်း ကိုယ်ပိုင် စာရွက်စာတမ်းတွေထဲက အချက်တွေနဲ့ ကိုက်ညီမှုရှိအောင် သတိထားပါ

DV တင်ထားပီးရင်တော့
100% ပေါက်မယ်လို့ အာမ မခံပေမယ့်
ကျွန်တော်တို့ရဲ့ အချက်လက်တွေ မှန်ကန်မယ်
DV မှာ တင်ရမဲ့ ဓါတ်ပုံဟာ သေချာမှန်ကန်မယ်
ဆိုရင်တော့ DV ပေါက်ဖို့အတွက် အခွင့်လမ်းတွေရှိပါတယ် ... ကိုယ့်ဘက်က နှစ်စဉ် DV တင်ဖို့ဘဲလိုအပ်ပါတယ် ... တစ်နှစ်မှတခါဘဲ တင်ခွင့်ရတဲ့အတွက်
American မှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရဖို့
သိပ်မကြာခင်မှာ ကံစမ်းလို့ရတော့မဲ့
DV Form ကို ကံစမ်းကြပါလို့
ဒီကနေဘဲ အားလုံးကို သိသလောက်လေး
Sharing လုပ်ပေးရင်း မျှဝေလိုက်ရပါတယ်

အားလုံးဘဲ Good Luck 😉
Link ကိုတော့ Comment မှာ ပေးထားပါမယ်ဗျာ့

"DV တင်နည်း ၁၂၂ ၃၄၅"၁. တစ်ကိုယ်ရေ သမား အထူးပြောစရာ မလိုပါ။ ၁ဝ တန်း/၁၂ တန်း အောင်ထားရင် တင်လို့ရပြီ။ ပညာ အရည်အချင်း High ...
29/09/2024

"DV တင်နည်း ၁၂၂ ၃၄၅"
၁. တစ်ကိုယ်ရေ သမား
အထူးပြောစရာ မလိုပါ။
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
တင်လို့ရပြီ။
ပညာ အရည်အချင်း
High School Diploma နဲ့ အထက်။

၂၂. ၂ ဦး သမား(ဇနီးမောင်နှံ)
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
အမျိုးသမီးဦးဆောင်
အမျိုးသားတွဲခို ၁ စောင်

အမျိုးသားဦးဆောင်
အမျိုးသမီးတွဲခို ၁ စောင်
______________
စုစုပေါင်း ၂ စောင်
______________

၂၂. ၂ ဦး သမား(သားအမိ)
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
မိခင်/ဖခင် Single/Widow/Legally Separated ဖြည့်
Children နေရာ "1" ဖြည့် ၁ စောင်
(Single Mother and Single Father တို့သာ)

သားသမီးက ၂၁ နှစ် မကျော်သေး
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
တစ်ကိုယ်ရေ သမား ၁ စောင် ထပ်တင်
______________
စုစုပေါင်း ၂ စောင်
______________

၃၃၃. ၃ ဦး သမား(မိသားစု)
မိခင်ဦးဆောင် ဖခင်တွဲခို
သားသမီးတွဲခို ၁ စောင်

ဖခင်ဦးဆောင် မိခင်တွဲခို
သားသမီးတွဲခို ၁ စောင်

သားသမီးက ၂၁ နှစ် မကျော်သေး
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
သီးသန့် ၁ စောင်
______________
စုစုပေါင်း ၃ စောင်
______________

၄၄၄၄. ၄ ဦး သမား(မိသားစု)
မိခင်ဦးဆောင် ဖခင်တွဲခို
သားသမီး ၂ ယောက်တွဲခို ၁ စောင်

ဖခင်ဦးဆောင် မိခင်တွဲခို
သားသမီး ၂ ယောက်တွဲခို ၁ စောင်

သားသမီးတွေက ၂၁ မကျော်သေး
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
သီးသန့် ၂ စောင်
______________
စုစုပေါင်း ၄ စောင်
______________

၅၅၅၅၅. ၅ ဦး သမား(မိသားစု)
မိခင်ဦးဆောင် ဖခင်တွဲခို
သားသမီး ၃ ယောက်တွဲခို ၁ စောင်

ဖခင်ဦးဆောင် မိခင်တွဲခို
သားသမီး ၃ ယောက်တွဲခို ၁ စောင်

သားသမီးတွေက ၂၁ မကျော်သေး
၁ဝ တန်း/၁၂ တန်း အောင်ထားရင်
သီးသန့် ၃ စောင်
______________
စုစုပေါင်း ၅ စောင်
______________

DV Program တင်ဖို့

(၁) နာမည်
(၂) မွေးနေ့သက္ကရာဇ်
(၃) မွေးဖွားတဲ့မြို့
(၄) နေရပ်လိပ်စာ
(၅) အီးမေးလ်
(၆) ဖုန်းနံပါတ်
(၇) ပညာအရည်အချင်း/၁ဝ တန်းအောင်/မအောင်
(၈) အိမ်ထောင်ရှိ/မရှိ/ကလေးအရေအတွက်
(၉) ၆ လအတွင်းရိုက်ထားတဲ့ 2" X 2" ပတ်လည် အဖြူနောက်ခံ ဓာတ်ပုံတို့သာ လိုပါတယ်။

#မိသားစုလိုက်လျှောက်ရင်

(၁ဝ) မိသားစုဝင်တွေရဲ့ နာမည်
(၁၁) မိသားစုဝင်တွေရဲ့ မွေးနေ့
(၁၂) မိသားစုဝင်‌တွေရဲ့ မွေးရပ်
(၁၃) မိသားစုဝင်‌တွေရဲ့ ဓာတ်ပုံ(၁ ဦး ၁ ပုံစီ) တို့ဖြစ်ပါတယ်။

ဒီလို DV တင်တဲ့အချိန်မှာ #မလိုသေးတဲ့အချက်အလက်တွေက
~ပါ့စပို့
~မွေးစာရင်း
~သေစာရင်း
~၁ဝ တန်းအောင်လက်မှတ်
~လက်ထပ်စာချုပ်
~ကွာရှင်းစာချုပ်
~ဒေါ်လာငွေသားတချို့တို့ ဖြစ်ပါတယ်။

လျှောက်ဖို့လင့် October 2nd မှ November 5th ထိ https://dvprogram.state.gov/

မှတ်ချက်။ ။ ၂၁ နှစ်ကျော်သွားတဲ့ သားသမီးကို တွဲလျှောက်မရ။ မောင်နှမ တွဲလျှောက်မရ။ မြေးအဖွား တွဲလျှောက်မရ။ တူအရီး တွဲလျှောက်မရ။ ဦးလေး အဒေါ် တွဲလျှောက်မရ။ လက်မထပ်ရသေး တွဲလျှောက်မရ။ မကြာခင် လက်ထပ်မယ် တွဲလျှောက်မရ။ ကလေးက ဗိုက်ထဲမှာ မွေးတော့မယ် တွဲလျှောက်လို့မရ။ မိခင် ဖခင်ကို တွဲလျှောက်မရ။ သားသမီးက မိဘကို ပြန်တွဲခိုခိုင်းလို့ မရ။ မလိမ်မညာ လျှောက်တင်ကြ။


09-28-2024

စင်္ကာပူနိုင်ငံ ကူစူးကျွန်းမှာ စုတောင်းလေးသဘောကျလို့ရိုက်ထားတာလေးပါ။မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းပါစေ။Singapore's ...
21/09/2024

စင်္ကာပူနိုင်ငံ ကူစူးကျွန်းမှာ စုတောင်းလေးသဘောကျလို့ရိုက်ထားတာလေးပါ။
မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းပါစေ။

Singapore's Kusu Island offers a haven for quiet reflection. May Myanmar experience rapid restoration of peace.

နှစ်ကုန်ရင် ဘတ်စ်ကားခ ဆယ်ပြား တက်မှာကို ၃လခွဲလောက်ကြိုကြေငြာထားတဲ့ #သွားသုတ်သုတ်_လာသုတ်သုတ်_စားသုတ်သုတ်_ဆောင်းတွင်းမရှိတ...
14/09/2024

နှစ်ကုန်ရင် ဘတ်စ်ကားခ ဆယ်ပြား တက်မှာကို ၃လခွဲလောက်ကြိုကြေငြာထားတဲ့
#သွားသုတ်သုတ်_လာသုတ်သုတ်_စားသုတ်သုတ်_ဆောင်းတွင်းမရှိတဲ့ကျွန်း

လူဆိုတာကလေ အိမ်ရှေ့က နေမကောင်းတဲ့သူရှိရင်တောင် ကိုယ့်အိမ်က အသံတိုးတိုးနေပေးရတယ်။ ဒါကို ယဉ်ကျေးမှုရှိတယ်လို့ခေါ်တယ်
13/09/2024

လူဆိုတာကလေ
အိမ်ရှေ့က နေမကောင်းတဲ့သူရှိရင်တောင် ကိုယ့်အိမ်က အသံတိုးတိုးနေပေးရတယ်။

ဒါကို ယဉ်ကျေးမှုရှိတယ်လို့ခေါ်တယ်

အောင်လအန်ဆန်း တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်သွားပေမဲ့ အောင်လအန်ဆန်း မှ အောင်လအောင်ဆန်းဘဲ
07/09/2024

အောင်လအန်ဆန်း တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်သွားပေမဲ့ အောင်လအန်ဆန်း မှ အောင်လအောင်ဆန်းဘဲ

ที่อยู่

65/260 Moo 5, Khok Khan
Samut Sakhon
74000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ok's Worldผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์