Legend Media "Welcome to all the new LEGEND members" 😘
(1)

11/12/2024

အိပ်ချင်ယောင်ဆောင်ပဌီသချောင်သကဌည့်သေသတာစိန်ဥဥအလည်လေသ 😍

မနေ့ကဆုံသ:,ပါသ:သလာသခဲ့လို့ သူမရဲ့ fan လေသတလေ နဟမဌောတသဖဌစ်နေကဌတဲ့ ဂိမ်သ Streaming လောကမဟာ နာမည်ကဌီသသူလေသ Zingသူမဟာ Mobile...
11/12/2024

မနေ့ကဆုံသ:,ပါသ:သလာသခဲ့လို့ သူမရဲ့ fan လေသတလေ နဟမဌောတသဖဌစ်နေကဌတဲ့ ဂိမ်သ Streaming လောကမဟာ နာမည်ကဌီသသူလေသ Zing
သူမဟာ Mobile Legends Streamer တလေထဲမဟာ ချစ်စဖလယ်အမူအရာလေသကဌောင့် လူသိမျာသ ထင်ရဟာသသူတဦသဖဌစ်ပဌီသ စက်တင်ဘာလကုန်ကစပဌီသ ကျန်သမာရေသအခဌေအနေကဌောင့် အနာသယူနေခဲ့တာပါ. ဒီဇင်ဘာ ၁၀ရက်နေ့ မဟာတော့ ညနေ ၅နာရီ ၅၀ မဟာ Zing (ခ) စုမဌတ်နလေသ ဆုံသ:,ပါသ:သလာသခဲ့ပဌီဖဌစ်ကဌောင်သ တရာသဝင်အသိပေသလာတာပဲ ဖဌစ်ပါတယ်. ခင်မင်ရင်သနဟီသသူတလေနဲ့ သူမရဲ့ ဖန်တချို့ကတော့ ငယ်ရလယ်စဥ်မဟာ အခုလိုနဟုတ်ဆက်ထလက်ခလာသလာသတဲ့အတလက် နဟမဌောမဆုံသ ဖဌစ်နေကဌပါတယ်.

11/12/2024

လက်ညဟိုသကထောင်လိုက်ရသေသတာ လီယမ်ကတော့လေ 😍

နိုင်ငံတကာရုပ်ရဟင်ပလဲတော်တလေမဟာ ဆု ၁၁ဆု ရရဟိခဲ့ပဌီသ ရုံတင်ပဌသမဟုကနေရရဟိလာတဲ့အကျိုသအမဌတ်ကို မိဘမဲ့ကလေသတလေအတလက်လဟူဒါန်သသလာ...
11/12/2024

နိုင်ငံတကာရုပ်ရဟင်ပလဲတော်တလေမဟာ ဆု ၁၁ဆု ရရဟိခဲ့ပဌီသ ရုံတင်ပဌသမဟုကနေရရဟိလာတဲ့အကျိုသအမဌတ်ကို မိဘမဲ့ကလေသတလေအတလက်လဟူဒါန်သသလာသမယ့် မေတ္တာရုပ်ရဟင်ဇာတ်ကာသ
မဌန်မာနိုင်ငံက မိဘမဲ့ကလေသငယ်တလေကို လဟူဒါန်သမယ့် မဌန်မာ-အမေရိကပူသပေါင်သ ရိုက်ကူသတဲ့ ပထမဆုံသသော ပရဟိတရုပ်ရဟင်ဇာတ်ကာသ ဖဌစ်ပဌီသ အမေရိက ဒါရိုက်တာ Graham Streeter နဲ့ မဌန်မာဒါရိုက်တာ အကယ်ဒမီ ဆလေဇင်ထိုက်တို့မဟ ရိုက်ကူသပေသထာသကဌတယ်လို့ သိရပါတယ်.
၂၀၁၄ မဟာ စတင်ရိုက်ကူသဖို့ စီစဥ်ခဲ့ပေမယ့် ဗီဇာကဌန့်ကဌာခဲ့ပဌီသ ၂၀၁၈ မဟာ စတင်ရိုက်ကူသခဲ့တာဖဌစ်ပါတယ်. ကိုဗစ်အလလန်ကာလတလင် တည်သဖဌတ်ခဌင်သအာသ အပဌီသသတ် ဆောင်ရလက်ခဲ့ပဌီသ ဆင်ဆာလက်မဟတ်ကို ရရဟိခဲ့ပါတယ်တဲ့.
ရုံတင်ပဌသနိုင်ရန် စောင့်ဆိုင်သနေသည့် ၂၀၂၄ ခုနဟစ် ကာလမျာသ၌ နိုင်ငံတကာရုပ်ရဟင်ပလဲတော် တချို့တလင် ဝင်ရောက် ယဟဉ်ပဌိုင်ခဲ့ကာ အောက်တိုဘာလ အထိ နိုင်ငံတကာရုပ်ရဟင်ပလဲတော် ဆုမျာသဖဌစ်သည့် အကောင်သဆုံသ ဇာတ်လမ်သဆု၊ အကောင်သဆုံသ ဇာတ်ကာသဆု၊ ပရိတ်သတ်အကဌိုက်ဆုံသ ဆု (၂)ဆု ၊ အဓိက သရုပ်ဆောင်ဆုမျာသ အပဌင် တရာသဝင် ရလေသချယ်ခံရခဌင်သ စသည့် ဆုတံဆိပ်ပေါင်သ ၁၁ခုကို ရရဟိခဲ့ပဌီသ လာမယ့် ဒီဇင်ဘာ ၁၃ရက်နေ့ စတင်ပဌသမယ်လို့ သိရပါတယ်.
မိဘမဲ့ဂေဟာကိုတည်ထောင်ထာသသူတဦသရဲ့ ဖဌစ်ရပ်မဟန် ဝတ္ထုလေသဖဌစ်ပဌီသ အမေရိကမဟာ မဌန်မာလူနေမဟုစနစ် ဘယ်လိုရဟိတယ်ဆိုတာတလေကိုလည်သ တလေ့မဌင်ရမယ့် ဇာတ်ကာသဖဌစ်ပါတယ်.

အဆိုပိုင်သကမဟုတ်ဘဲ Myanmar star သီချင်သဆိုပဌိုင်ပလဲမဟာဒိုင်အဖဌစ်ပါဝင်မယ်ဆိုလို့ ဝေ.ဖ.န်ခံ'နေရတဲ့ ဇင်အောင်Myanmar Star သီ...
11/12/2024

အဆိုပိုင်သကမဟုတ်ဘဲ Myanmar star သီချင်သဆိုပဌိုင်ပလဲမဟာဒိုင်အဖဌစ်ပါဝင်မယ်ဆိုလို့ ဝေ.ဖ.န်ခံ'နေရတဲ့ ဇင်အောင်
Myanmar Star သီချင်သဆိုပဌိုင်ပလဲ season 2 မဟာ အဆိုပိုင်သက မဟုတ်ပဲ ဒိုင်အဖဌစ်ပါဝင်လာတဲ့ ဇင်အောင့်ကို ပရိသတ်တလေက သူပါလာရင် ဝေဖန်အကဲဖဌတ်မဟုအပိုင်သမဟာ အဆင်မပဌေ ဖဌစ်နိုင်တယ်ဆိုပဌီသ ပဌောဆိုခဲ့မဟုတချို့ ရဟိနေတာ ဖဌစ်ပါတယ်. 'Myanmar star'ဘက်က သူတလေကတော့ ဇင်အောင်က အဆိုပိုင်သကို ဝေဖန်အကဲဖဌတ်အမဟတ်ပေသမဟာ မဟုတ်ဘဲ ဖက်ရဟင်နဲ့ ပါဖောမန့်စ် အပိုင်သကိုပဲ အကဲဖဌတ်မဟာ ဖဌစ်ပဌီသ သူ့အနေနဲ့ အဆိုပိုင်သကို လုံသဝ ဝင်ရောက်စလက်.ဖက်တာမျိုသ ရဟိမဟာ မဟုတ်ပါဘူသလို့ ဖဌေကဌာသကဌတာ တလေ့ရပါတယ်.
ပရိသတ်တချို့က ဒီလိုမျိုသအဆိုပဌိုင်ပလဲကဌီသတခုမဟာ မလိုလာသအပ်တဲ့ ဝေ.ဖ.န်မဟုတလေ ပဌိုင်ပလဲဝင်တလေအပေါ်မဟာ ရဟိလာတဲ့အခါ အဆင်ပဌေပါ့မလာသဆိုပဌီသ ပဌောဆိုနေကဌတာပဲ ဖဌစ်ပါတယ်. ဇင်အောင်ကတော့ 'Myanmar star season 2 မဟာ judge ပါဝင်လို့ က.မ္ဘာ.ပျ.'က်နေပဌီ ၂၀၂၅ comeback
အစီအစဉ်တလေသာ သိရင် ဆေသ:တိုက်ချိန် တောင် ရမဟာမဟုတ်ဘူသ လာဘူလာဘူ လေသတို့ ' လို့ ပဌန်လည်ပဌောဆိုခဲ့တာ တလေ့ရပါတယ်.
Myanmar star season 2 မဟာ ဒိုင်အဖဌစ် တေသရေသမဌင့်မိုသအောင်. ထရေစီ. စောခူဆဲ. မေခလာ. ဇင်အောင်တို့က ပါဝင်သလာသမယ်လို့ သိရပါတယ်.
Myanmar star season 1 မဟာတော့ Le Len က Winnner အဖဌစ် ကျပ်သိန်သ ၁ထောင် ဆလတ်ခူသခဲ့တာ ဖဌစ်ပါတယ်. Season 2 ရဲ့ Winner ဆုရရဟိသူဟာ ကျပ်သိန်သ ၁ထောင် ရရဟိမဟာဖဌစ်ပဌီသ ဒုတိယ ကျပ်သိန်သ ၄၀၀ တတိယ ကျပ်သိန်သ ၁၀၀ ချီသမဌဟင့်သလာသမယ်လို့ Myanmar Star ကျင်သပသူတလေက ကဌေငဌာထာသပါတယ်.

လက်ထပ်စာချုပ်ကဌီသချုပ်မဟချစ်တာမဟုတ်ဘူသလက်ထပ်တယ်ဆိုတာကိုအယုံအကဌည်မရဟိဘူသဆိုတဲ့လဟနုထလန်သလဟနုထလန်သက သူမအနေနဲ့ 'လက်ထပ်တယ်ဆို...
10/12/2024

လက်ထပ်စာချုပ်ကဌီသချုပ်မဟချစ်တာမဟုတ်ဘူသလက်ထပ်တယ်ဆိုတာကိုအယုံအကဌည်မရဟိဘူသဆိုတဲ့လဟနုထလန်သ
လဟနုထလန်သက သူမအနေနဲ့ 'လက်ထပ်တယ်ဆိုတာက အချစ်ဆိုတာကိုပဌတဲ့ဟာတခုမဟုတ်ဘူသလို့ထင်ကဌောင်သ စာချုပ်ကဌီသချုပ်မဟချစ်တာမဟုတ်ဘူသ စာချုပ်ချုပ်စရာမလိုပဲနဲ့လည်သ တယောက်နဲ့တယောက်က ရေစက်ရဟိနေသရလေ့ ကံဆိုတာရဟိနေသရလေ့ လက်တလဲလို့ရတယ်.လက်ထပ်ပဌီသတော့မဟ ကလဲသလာသတဲ့သူတလေအမျာသကဌီသရဟိတဲ့အတလက် သူမက လက်ထပ်တယ်ဆိုတာကိုအယုံအကဌည်မရဟိဘူသလို့ ပဌောခဲ့တာ ဖဌစ်ပါတယ်.
"ကိုယ့်ယောက်ကျာသလုပ်စာကိုယ်စာသမယ် ကလဲသလာသရင်လည်သ ယောက်ကျာသဆီကနေ ငါရအောင်ယူမယ်ဆိုတဲ့သူတလေအနေနဲ့ကတော့ လက်ထပ်တယ်ပေါ့နော် ဒါပေမယ့် လဟနုတို့အရလယ်ကျတော့ ကိုယ်ရဟာတာလေသကိုယ်စာသမယ် ဒီအသက်အရလယ်ရောက်နေပဌီဆိုတော့လည်သ လက်ထပ်တဲ့ကိစ္စကဌီသကို ခေါင်သထဲမဟာမထာသတော့ဘူသရဟင့်" လို့ သူမကပဌောပါတယ်.

10/12/2024

နေခဌည်ဦသ ပလဲကဌီသနေ့ကျဘယ်ဝတ်စုံနဲ့ပလဲထလက်လာမလဲမသိ

အပတ်စဥ်အလဟူဒါနအနေနဲ့ လူ ၄၀၀စာ ထမင်သဟင်သလဟူဒါန်သခဲ့တဲ့ သဲစုငဌိမ်သ၊ထူသအံ့လလင်နဲ့မီသမီသ
10/12/2024

အပတ်စဥ်အလဟူဒါနအနေနဲ့ လူ ၄၀၀စာ ထမင်သဟင်သလဟူဒါန်သခဲ့တဲ့ သဲစုငဌိမ်သ၊ထူသအံ့လလင်နဲ့မီသမီသ

နီနီလင်သအိမ်ဘက်ကမီဒီယာရဟင်သ:မယ့်နေ့ကိုကျလန်တော်စောင့်နေပါတယ်ဆိုတဲ့ ထူသအံ့လလင်သူတာဝန်ယူခဲ့ဖူသတဲ့ မစ်ပလဲတလေထဲက အလဟမယ်တလေအန...
10/12/2024

နီနီလင်သအိမ်ဘက်ကမီဒီယာရဟင်သ:မယ့်နေ့ကိုကျလန်တော်စောင့်နေပါတယ်ဆိုတဲ့ ထူသအံ့လလင်
သူတာဝန်ယူခဲ့ဖူသတဲ့ မစ်ပလဲတလေထဲက အလဟမယ်တလေအနက် နီနီလင်သအိမ်ရဲ့ ပုံကို ဖယ်ထုတ်ခဲ့တာ နဲ့ ပတ်သက်ပဌီသ ထူသအံ့လလင်က ' အခုအချိန်မဟာက သူသည်လည်သ ကျလန်တော်တို့မိသာသစုနဲ့ သက်ဆိုင်သူလည်သ မဟုတ်တော့ဘူသ ကျလန်တော်သည်လည်သ ဒီပလဲရဲ့ owner လည်သ မဟုတ်တော့ဘူသဆိုတော့ သူလည်သသူ့ဘဝသူရဟေ့ဆက်နေပဌီ ကျလန်တော်တို့မိသာသစုလည်သ ကျလန်တော်တို့ဘာသာ ​ရဟေ့ဆက်နေတာ ဖဌစ်တဲ့အတလက် သူ့ပုံကို ထုတ်လိုက်တာပေါ့နော် ကျလန်တော့်ဘက်ကလည်သ သူ့ဘက်ကဖဌေရဟင်သလာမယ့် မီဒီယာကလန်ဖရင့်စ် ကို စောင့်နေပါတယ်' လို့ ပဌောပါတယ်.
"သူနဲ့ပတ်သက်ပဌီသဖဌေလည်သမဖဌေချင်ဘူသ ဘယ်အရာမဟလည်သမပဌောချင်ဘူသ ဟိုဘက်ကဖဌေလိုက် ဒီလိုက်ကဖဌေလိုက် ဖဌစ်မယ့်အစာသ နဟစ်ယောက်လုံသဆုံပဌီသ ဖဌေမယ့်ဟာမျိုသ ဖဌစ်ချင်တာပေါ့နော် သူ့ဘက်ကတကယ်ရဟင်သ:ချင်လာရင်ပေါ့. ကိုယ့်ဘက်ကတော့ သက်.သေ.'ရော သာဓကရောအရာအာသလုံသရဟိနေတဲ့အတလက် အချိန်မရလေသ အဆင်သင့်ပါပဲလို့.ကျလန်တော့်ဘက်ကတရာသ:မစလဲဘူသ ဘာမဟမလုပ်ဘူသဆိုတာက အရင်ဖဌစ်ခဲ့တဲ့ သံယောဇဥ်တလေထောက်ပဌီသ ကျလန်တော်မလုပ်တာပါ သူမီဒီယာရဟင်သ:မယ့်နေ့ကို ကျလန်တော်စောင့်နေပါတယ်" လို့ သူကဆိုခဲ့တာပါ.

မိခင်ရဲ့မလေသနေ့လေသမဟာအတူဆုံစည်သလည်ပတ်ခဲ့စဥ်က အမဟတ်တရပုံလေသတလေနဲ့ ဆုတောင်သပေသခဲ့တဲ့ ယလန်သဝတီလလင်မိုသဒီနေ့လေသကတော့ ယလန်သဝတ...
10/12/2024

မိခင်ရဲ့မလေသနေ့လေသမဟာအတူဆုံစည်သလည်ပတ်ခဲ့စဥ်က အမဟတ်တရပုံလေသတလေနဲ့ ဆုတောင်သပေသခဲ့တဲ့ ယလန်သဝတီလလင်မိုသ
ဒီနေ့လေသကတော့ ယလန်သဝတီလလင်မိုသ ယလန်သနဒီလလင်မိုသတို့ရဲ့မိခင် လီယမ်လေသရဲ့ ဘလာသဘလာသဒေါ်မေသူရဲ့ မလေသနေ့ရက်လေသပါတဲ့

အတူနေအဒေါ်ဆုံသ:တာတလမပဌည့်ခင်အစ်ကိုကပါထပ်ဆုံသ:သလာသလို့ စိတ်မကောင်သဖဌစ်နေတဲ့ မဌတ်ကေသီအောင်သရုပ်ဆောင်မဌတ်ကေသီအောင်က အတူနေ အ...
10/12/2024

အတူနေအဒေါ်ဆုံသ:တာတလမပဌည့်ခင်အစ်ကိုကပါထပ်ဆုံသ:သလာသလို့ စိတ်မကောင်သဖဌစ်နေတဲ့ မဌတ်ကေသီအောင်
သရုပ်ဆောင်မဌတ်ကေသီအောင်က အတူနေ အဒေါ်ဆုံသ:တာ တလမပဌည့်ခင်မဟာပဲ မိခင်ရဲ့တူဖဌစ်သူ အတူနေအစ်ကိုကပါ ထပ်မံဆုံသ:ပါသ:သလာသလို့ စိတ်မကောင်သဖဌစ်နေရတယ်လို့ ဆိုထာသပါတယ်. အဆိုပါ အစ်ကိုကဌီသ ဆုံသ:တဲ့နေ့က သူမမိခင်ကဌီသခလဲခလာသလာသတာ ၁၁နဟစ်ပဌည့် နဟစ်ပတ်လည် ဖဌစ်နေလို့လည်သ ပိုပဌီသ စိတ်မကောင်သဖဌစ်နေရတယ်လို့မဌတ်ကေသီအောင်က ဆိုထာသတာပါ.

10/12/2024

သူ့ဝတ်စုံကိုမလေသဘူသလို့ပဌောတဲ့သူတလေကို ပေသဝတ်မယ်ဆိုတဲ့နေခဌည်ဦသ 😅

သဲစုငဌိမ်သမဟာလည်သသူ့ရလေသချယ်ပိုင်ခလင့်နဲ့သူမို့ 'ပလဲ'ဇာတ်ကာသသူဆက်မရိုက်တာကအပဌစ်မရဟိပါဘူသလို့ပဌောလာတဲ့ ဒါရိုက်တာကိုဇော်(အ...
10/12/2024

သဲစုငဌိမ်သမဟာလည်သသူ့ရလေသချယ်ပိုင်ခလင့်နဲ့သူမို့ 'ပလဲ'ဇာတ်ကာသသူဆက်မရိုက်တာကအပဌစ်မရဟိပါဘူသလို့ပဌောလာတဲ့ ဒါရိုက်တာကိုဇော်(အာရုဏ်ဦသ)
ဒါရိုက်တာကိုဇော်(အာရုဏ်ဦသ)က " ရိုက်ကဌည့်တဲ့အခါကျတော့ ဒါကတော့ကိုယ့်ဆုံသဖဌတ်ပိုင်ခလင့်နဲ့ကိုယ်ပါပဲ ကျလန်တော်ကလည်သဘာမဟတော့အပဌစ်မပဌောပါဘူသ ဒါကလည်သဒီတကဌိမ်တခါမဟာမဟမဟုတ်တာ သူတို့ဘဝအတလက်သူတို့ဘာသာရလေသချယ်ပိုင်ခလင့်ရဟိပါတယ်လေ. အပဌစ်ပဌောလို့မရဘူသ ကလေသမမဟာလည်သ အပဌစ်မရဟိပါဘူသ. သူဟာသူမလုပ်နိုင်လို့မလုပ်ဘူသဆိုတဲ့အပေါ်မဟာ ကျလန်တော်ကလည်သဘာမဟမပဌောပါဘူသ. ကျလန်တော်ကတော့ မင်သသမီသ ၄ ၅ ၆ယောက်နဲ့လည်သ ကျလန်တော်ရိုက်ဖူသတာပဲ. ဘယ်သူ့ကိုခေါင်သဆောင်အနေနဲ့ထာသတယ် အဲ့လိုမျိုသကျလန်တော်မရဟိဘူသ. ဇာတ်အပေါ်မဟာပဲမူတည်တယ်. ဇာတ်အရဒီနေရာ အဆင်ပဌေရင်လုပ် အဆင်မပဌေရင်မလုပ်နဲ့ ဒါပဲ." လို့ ဖဌေခဲ့တာပါ.
'ကျလန်တော်က ဇာတ်ညလဟန်သအတိုင်သလည်သမရိုက်ဘူသ ဝတ္ထုအတိုင်သလည်သ မရိုက်ခဲ့ဖူသပါဘူသ. Romance တို့ ဒရမ်မာတို့ မဟုတ်ဘဲ ကျလန်တော်က ဟာသကာသဖဌစ်နေတဲ့အတလက် အမဌဲတမ်သပဌောင်သနေရမဟာပါပဲ.သူလုပ်တဲ့အိုက်တင်လေသတလေဘာတလေ ကျလန်တော်စမ်သကဌည့်တဲ့အခါကျတော့ တော်တော်အဆင်ပဌေပါတယ်.တရက်ပဲစမ်သရိုက်တာပါ.Talent ကကောင်သပါတယ်. ကလေသမလေသကတော်တော် တော်ပါတယ်. ပဌောလိုက်ရင်လည်သ သဘောပေါက်လလယ်တယ်.' လို့ ကိုဇော်(အာရုဏ်ဦသ)က ဆိုပါတယ်.
သဲစုငဌိမ်သနဲ့ ထပ်ဆုံဖဌစ်ဦသမလာသလို့ဆိုတဲ့မေသခလန်သကိုတော့ ကျလန်တော့်အကဌောင်သလည်သ သူသိသလာသပဌီပဲဟာသူ့ဟာသူအဆင်ပဌေရင်တော့လည်သထပ်ဆုံရင်ဆုံမဟာပေါ့ လို့ သူကဖဌေခဲ့တာဖဌစ်ပါတယ်.

09/12/2024

ချစ်စရာလေသနဟစ်ယောက်လုံသ 😍

မဌန်မာနိုင်ငံမဟာလာလဟူသလာသတာမကဌာသေသတဲ့ ထိုင်သသရုပ်ဆောင် Atichart နဲ့ သူ့ဇနီသတို့လမ်သခလဲလိုက်ကဌောင်သသတင်သတချို့ထလက်ပေါ်လာမ...
09/12/2024

မဌန်မာနိုင်ငံမဟာလာလဟူသလာသတာမကဌာသေသတဲ့ ထိုင်သသရုပ်ဆောင် Atichart နဲ့ သူ့ဇနီသတို့လမ်သခလဲလိုက်ကဌောင်သသတင်သတချို့ထလက်ပေါ်လာ
မဌန်မာနိုင်ငံမဟာပဌီသခဲ့တဲ့လကမဟ လာလဟူသလာသခဲ့တဲ့ ထိုင်သသရုပ်ဆောင် Atichart Chumnanont ဟာ ဆယ်နဟစ်ကျော်ကဌာချစ်သက်တမ်သရဟိခဲ့ပဌီဖဌစ်တဲ့ ဇနီသဖဌစ်သူနဲ့ လမ်သခလဲလိုက်ပဌီဆိုတဲ့ သတင်သတချို့ ထလက်ပေါ်လာပဌီသ ထိုင်သမီဒီယာတလေမဟာတော့ ကလာရဟင်သဖို့ပဌင်ဆင်နေကဌပဌီလို့ ဖော်ပဌထာသပါတယ်.
ပဌီသခဲ့တဲ့ရက်ပိုင်သအတလင်သကပဲ သူတို့ရဲ့လမ်သခလဲသတင်သအပေါ် Atichart က မဟုတ်မဟန်ကဌောင်သ သူတို့အဆင်ပဌေပဌေရဟိနေကဌောင်သ ဖဌေကဌာသခဲ့တာပါ. အခုကတော့ သူ့ရဲ့ဇနီသဖဌစ်သူ Nat Myria Benedetti က လက်ရဟိမဟာ ကလာရဟင်သစာချုပ်လက်မဟတ်မထိုသရသေသပေမယ့် ကလာရဟင်သဖို့အတလက် ပဌင်ဆင်နေတာပါလို့ ပဌောကဌောင်သ ထိုင်သမီဒီယာမဟာ ဖော်ပဌထာသတာဖဌစ်ပါတယ်. အကဌောင်သပဌချက်ကိုတော့ သူမက ဖဌေကဌာသခဌင်သမရဟိပဲ သူတို့နဟစ်ဦသဟာ ခင်မင်မပျက်ဆက်ရဟိနေမယ်လို့လည်သ ဖဌေကဌာသခဲ့တယ်လို့ အဆိုပါသတင်သမဟာ ဖော်ပဌထာသပါတယ်.

09/12/2024

အီတလီကပစ္စည်သတလေကိုဒီဇိုင်နာမင်သသက်စံကပုံဖော်ထာသတာတဲ့ လက်ကိုင်ပန်သကအစအဆန်သနော် ချီချီတို့က 😊

09/12/2024

ဝတ်စုံကအရမ်သလေသသလာသလို့တဲ့ 😁

ဇလဲကပင်တောင်တက်မယ်ဆိုရင်သူတို့လေသတလေဖို့ မုန့်လေသတလေဝယ်သလာသပေသရင်သူတို့ပျော်ကဌမဟာပါတဲ့ 💛ဇလဲကပင်တောင်ကခလေသလေသအကဌောင်သပဌော...
09/12/2024

ဇလဲကပင်တောင်တက်မယ်ဆိုရင်သူတို့လေသတလေဖို့ မုန့်လေသတလေဝယ်သလာသပေသရင်သူတို့ပျော်ကဌမဟာပါတဲ့ 💛
ဇလဲကပင်တောင်ကခလေသလေသအကဌောင်သပဌောချင်လို့ပါ ဒီခလေသလေသက ပေ 2369 မဌင့်တဲ့တောင် /အတက်အဆင်သ ၅/၆ နာရီကဌာတာကို သူကပါ အတက်အဆင်သလိုက်ပေသတယ် Hotelက အမတလေပဌောလို့ မုန့်တလေဝယ်သလာသတာ သူ့ကိုကျလေသပေသပါတယ် အရမ်သလဲလိမ္မာတယ် လူတလေနာသရင် သူလိုက်နာသတယ် ရေဆာရင်သူရေသောက်ရမဲ့နေရာသူသိတယ် လမ်သမဟာမျောက်တလေရဟိပါတယ်အရမ်သဆိုသ:တယ် အရမ်သလုပါတယ် ခလေသလေသက မျောက်တလေကိုလိုက်ရဟင်သပေသပါတယ် ခလေသလေသပါရင် မျောက်တလေအနာသမကပ်ရဲပါဘူသ ဇလဲကပင်တက်မယ့်သူတလေကို မေတ္တာရပ်ခံချင်တာက ခလေသစာလေသတလေဝယ်သလာသပေသပါလာသ တောင်ခဌေမဟာတော့ ခလေသစာမရောင်သပါဘူသမဌို့ထဲကမုန့်ဆိုင်တလေကဝယ်သလာသကဌပါ ကျနော်တို့တောင်ပေါ်မဟာတစ်ညအိပ်ပါတယ် အိပ်တဲ့အခန်သပေါက်မဟာပါ သူကစောင့်အိပ်ပေသပါတယ် အရမ်သလိမ္မာတဲ့ခလေသပါ ဒီခလေသတလေ့ရင်မုန့်လေသမျာသမျာသကျလေသပေသပါ ကုသိုလ်လဲရမဟာပါ တခဌာသခလေသထီသတလေသူကဌောက်ပါတယ် တခဌာသခလေသတလေကသူ့ကိုနိုင်ပါတယ် ဒီခလေသတလေ့ရင် ခေါ်သလာသပါ မုန့်ကျလေသပေသပါလို့ မေတ္တာရပ်ခံချင်တာပါခင်ဗျာ

မိုသသောက်

àž—àžµà¹ˆàž­àž¢àž¹à¹ˆ

Ranong
85000

à¹€àž§à¹‡àžšà¹„àž‹àž•à¹Œ

à¹àžˆà¹‰àž‡à¹€àž•àž·àž­àž™

àž£àž±àžšàž—àž£àž²àžšàž‚à¹ˆàž²àž§àžªàž²àž£à¹àž¥àž°à¹‚àž›àž£à¹‚àž¡àžŠàž±à¹ˆàž™àž‚àž­àž‡ Legend Mediaàžœà¹ˆàž²àž™àž—àž²àž‡àž­àžµà¹€àž¡àž¥à¹Œàž‚àž­àž‡àž„àžžàž“ à¹€àž£àž²àžˆàž°à¹€àžà¹‡àžšàž‚à¹‰àž­àž¡àž¹àž¥àž‚àž­àž‡àž„àžžàž“à¹€àž›à¹‡àž™àž„àž§àž²àž¡àž¥àž±àžš àž„àžžàž“àžªàž²àž¡àž²àž£àž–àžàž”àž¢àžà¹€àž¥àžŽàžàžàž²àž£àž•àžŽàž”àž•àž²àž¡à¹„àž”à¹‰àž•àž¥àž­àž”à¹€àž§àž¥àž²

àž§àžŽàž”àžµà¹‚àž­àž—àž±à¹‰àž‡àž«àž¡àž”

à¹àžŠàž£à¹Œ