မြန်မာသတင်းထူးသတင်းဦးများ

မြန်မာသတင်းထူးသတင်းဦးများ ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် လွပ်လပ်ခြင်း၊ တရားမျှတခြင်း ငြိမ်းချမ်းခြင်းတို့ အတှကျ အသံ
(678)

02/12/2024

ကာမလိမ်လည်မှုဆိုတာ - အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လက်ထပ်ယူပါမယ်ဆိုပြီး အယုံသွင်း ကာမရယူပြီးနောက် လက်ထပ်ဖို့ငြင်းဆိုတာကို ခေါ်ခြင်းဖြစ်ပါတယ်။

အဲ့ဒီလို လက်ထပ်ဖို့ ငြင်းဆိုတာကြောင့် အမျိုးသမီးရဲ့ ကိုယ်၊ စိတ်၊ ဂုဏ်သရေကို ထိခိုက် နစ်နာသွားစေနိုင်တာမို့ ပြစ်မှုမြောက်တာပဲဖြစ်ပါတယ်။

ကာမလိမ်လည်မှုကိုကျူးလွန်ရင်တော့ ရာဇသတ်ကြီးပုဒ်မ -၄၁၇ အရ ပြစ်မှုမြောက်ပြီး (၃)နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ပါတယ်။

အဓိကအရေးကြီးတဲ့ အချက်က သွေးဆောင်စဉ်က တရားခံမှာ လိမ်လည်လှည့်ဖြား လိုတဲ့စိတ်၊ ဒါမှမဟုတ် မရိုးမဖြောင့်တဲ့စိတ်ရှိဖို့ လိုအပ်ပါတယ်။ တခါတစ်ရံမှာ လက်ထပ် ပါမယ်လို့ အယုံသွင်း ကာမရယူခဲ့တာကို သက်သေပြဖို့လိုပါတယ်။ ဘယ်လို သက်သေပြမလဲဆိုရင် မိန်းကလေးရဲ့ တဆင့်ပြောပြချက်တွေအရပဲ သက်သေတွေရရှိ နိုင်ကြပါတယ်။

တချို့အမှုတွေမှာဆိုရင် မိန်းကလေးက ကိုယ်ဝန်ရှိသွားတာမျိုး ဒါမှမဟုတ် မွေးလာတဲ့ ကလေးကိုတောင် သူနဲ့ရတဲ့ကလေးမဟုတ်ပါဘူးဆိုပြီး ငြင်းဆန်တတ်တဲ့ ယောကျ်ားတွေရှိတတ်ပါတယ်။

အဲ့ဒီလိုမျိုးငြင်းနေ‌ပေမယ့်လည်း ကိုယ်ဝန်ရှိတာနဲ့၊ ကလေးက ဘယ်သူ့ကလေးဆိုတာကို အဓိကထားမစဉ်းစားဘဲ လက်ထပ်ပါမယ်လို့ ကတိပြုပြီး ကာမကိုရယူခဲ့ခြင်းကိုသာ အဓိကထားဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးတွေလည်းရှိပါတယ်။

တစ်ခုထပ်ပြောစရာရှိတာက ရာဇသတ်ကြီးပုဒ်မ ၄၁၇ဆိုရင် အများစုက အမျိုးသမီးတွေနဲ့ပဲသက်ဆိုင်ပြီး ကာမလိမ်လည်မှုအတွက် စွဲဆိုတဲ့ပုဒ်မဆိုပြီး အရပ်ထဲလူသိများနေတာတော့ ရှိပါတယ်။

တကယ်တမ်းတော့ ပုဒ်မ၄၁၇ အရ ဘယ်သူမဆို မရိုးသားတဲ့အကြံနဲ့ တစ်ယောက်ယောက်ကိုလိမ်လည်ခြင်း၊ တမင်သွေးဆောင်ခြင်း၊ ကိုယ်၊ စိတ်၊ ဂုဏ်သရေ (ဒါမှမဟုတ်) ပစ္စည်းကိုထိခိုက်နစ်နာစေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ တစ်ခုခုကိုလုပ်စေခြင်း၊ ဒါမှမဟုတ်မလုပ်ဘဲနေစေခြင်း စတဲ့ လိမ်လည်မှုမြောက်စေတာတွေအတွက် အကာအကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၄၁၇ဟာ အမျိုးသမီးတွေသီးသန့်၊ ကာမလိမ်လည်မှုသီးသန့်အတွက်တော့မဟုတ်ဘဲ အမျိုးသမီး/အမျိုးသား ဘယ်သူနဲ့မဆို သက်ဆိုင်တဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။

သောင်ရင်းမယ်အဖွဲ့

(သောင်ရင်းမယ်အဖွဲ့သည် အမျိုးသမီးများ၊ က‌လေးသူငယ်များ၊ လူငယ်များ၊ လိင်စိတ်ခံယူမှုကွဲပြားသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ တုံ့ပြန်နိုင်မှုအားနည်းသော လူနည်းစုများ စသည်တို့အတွက် ဥပဒေအသိပညာများ မျှဝေပေးနေသည့် အဖွဲ့တစ်ခုဖြစ်ပါသည်။)

ဥပဒေအသိပညာများကို ဆက်လက်မျှဝေတင်ဆက်သွားမှာဖြစ်တဲ့အတွက် သောင်ရင်းမယ်ဖေ့ဘုတ်ပေ့အား Like & Share ပြုလုပ်ထားပြီး စောင့်ကြည့်လေ့လာဖတ်ရှုနိုင်ပါတယ်။

မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆ...
19/08/2024

မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ တာဝန်များ လျှော့ချခံရသည့်အပြင် ရုံးခန်း ၂ ခု ပါ ပြောင်းရွှေ့

ရန်ကုန်၊ ဩဂုတ် ၁၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ တာဝန်များ လျှော့ချခံရသည့်အပြင် ရုံးခန်းပါ ပြောင်းရွှေ့ မှုများရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးများကို ဩဂုတ်လ ၁၅ ရက်နေ့တွင် တိုးမြှင့်ပေးလိုက်ကြောင်း၊ အောင်လင်းဒွေးသည် အသက် ၆၂ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ကြောင်း၊ ရဲဝင်းဦးသည် အသက် ၅၈ နှစ်ရှိနေပြီဖြစ်ပြီး ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၇၇ မှဆင်းသူ ဖြစ်ကြောင်း၊ ညိုစောမှာမူ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးကို ရာထူးတိုးမြင့်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အရပ်ဘက်နှင့် စစ်ဘက် တာဝန်များကို အဆိုပါ ဗိုလ်ချုပ်ကြီး ၃ ဦးထံသို့ လွှဲပြောင်းသည့်အပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ၏ အရပ်ဘက်နှင့် စစ်ဘက် တာဝန်တချို့ကိုလည်း ထိုဗိုလ်ချုပ်ကြီး ၃ ဦးထံသို့ တာဝန်လွှဲပြောင်းပေးမှုများ ရှိကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းနှင့် သမ္မတအိမ်တော်ရှိ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ရုံးခန်းတို့မှာလည်း ပြောင်းရွှေ့ခံရကြောင်း သိရှိရသည်။

"စစ်ရုံးမှာ ဒုတပ်ချုပ်နဲ့ တပ်ချုပ်က ​ တပ်မတော်(ကြည်း) စစ်ဆင်​ရေးအထပ်မှာ တစ်ထပ်တည်း မလှမ်းမကမ်းရှိကြတာ။ အခု ဒုတပ်ချုပ်ရုံးခန်းကို ​အောက်ထပ်​​ပြောင်းခိုင်းတယ်။ အထပ်မတူတော့ဘူး။ ပြီးတော့ သမ္မတအိမ်တော်မှာရှိတဲ့ နစကဒုတိယဥက္ကဋ္ဌရုံးခန်းက အရင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းပါ။ အခုတော့ နစက ဒုတိယဥက္ကဋ္ဌရုံးခန်းကို ဒုသမ္မတဟင်နရီဗန်ထီးယူရုံးခန်းကို ပြောင်းခိုင်းတယ်။ ဒုသမ္မတဟင်နရီဗန်ထီးယူ ရုံးခန်းက သမ္မတအိမ်တော် အပြင်ဘက်မှာ သီးခြားတည်ရှိနေတဲ့ရုံးပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် စစ်ရုံးတွင် ရုံးတက်ချိန်နှင့် အစည်းအဝေးအချိန်များသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ဗိုလ်ချုပ်များအားလုံး လာရောက်သည့်အခါ ကိုယ်ရံတော်တပ်များကို စစ်ရုံးပြင်ပ၊ သီးခြားအဆောင်တွင်ပင် ထားရှိခဲ့ရကြောင်း၊ စစ်ရုံးအတွင်းတွင် ရုံးတက်ချိန်နှင့် အစည်းအဝေးများ ပြုလုပ်ချိန် လုံခြုံရေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်ရံတော် တပ်များကသာ တာဝန်ယူထားကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တော်လှန်...
18/08/2024

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တော်လှန်ရေး အင်အားစုများက တောင်းခံ

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များကို တောင်းခံသည့် အုပ်ကြီးကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီး ၄ နှစ်နီးပါး အကြာတွင် စစ်ကောင်စီက နယ်မြေဒေသ အများအပြားကို တော်လှန်ရေး အင်အားစုတွေထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး သမိုင်းတလျှောက် မကြုံစဖူး အရှုံးနဲ့ ရင်ဆိုင်နေရကာ အရှုံးကြီး ရှုံးနေသည့်အတွက် စစ်တပ်သည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ပြများကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် အသည်းအသန်ကြိုးပမ်းနေ၍ အဆိုပါနေရာများသည် အရေးကြီးဆုံးသော ရပ်ကျေး အုပ်ချုပ်ရေး ယန္တရားများကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် ဖိနှိပ်မှု ယန္တရားများကို အကောင်အထည် ဖော်ဆောင်ရာတွင် အရေးပါဆုံးသော ထောက်တိုင်များဖြစ်ပြီး ရပ်ကျေးအုပ်ကြီးများသည် စစ်ကောင်စီ၏ အာဏာကို မြေပြင်တွင် သက်ရောက်အောင် ဆောင်ရွက်ပေးနေသူများဖြစ်၍ ဧည့်စာရင်း တိုင်ကြားမှုမှ မတရားစစ်မှုထမ်း ကောက်ယူမှုများအထိ အကြမ်းဖက် စစ်ကောင်စီသည် ရပ်ကျေးအုပ်ကြီးများ၏ အားကိုလိုအပ်နေကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

"ရန်ကုန်မြို့ပြမှာ စစ်ကျွန်အုပ်ချုပ်ရေးကို ဖြိုချဖို့ဆိုရင် အခြေခံအကျဆုံး ဖောင်ဒေးရှင်းထောက်တိုင်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးက စတင်ရမှာဖြစ်ပါတယ်။ မိမိတို့ရပ်ရွာထဲမှာတင် မိမိတို့ကို အနိုင်ကျင့်ဖိနှိပ်နေတဲ့ စစ်ကောင်စီအုပ်ကြီးတွေကို ရပ်ရွာလူထုကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြဖို့ လိုအပ်နေပါပြီ။ ရပ်ရွာလူထုကို ဖိနှိပ်ညှဉ်းပန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ အချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေဆီကို သတင်းပေးပို့ကြပါ။ အုပ်ကြီးတွေကို ဖယ်ကျဉ်ကြပါ။ အာခံကြပါ။ လူမှုရေးပြစ်ဒဏ်ခတ်ပြီး နှုတ်ထွက်ဖို့ ဖိအားပေးကြပါ" ဟု ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လူထု၏ တော်လှန်စိတ်၊ တော်လှန်မာန်ကြောင့် ခိုင်မာအားကောင်းသော စစ်တပ်နှင့် စစ်ခေါင်းဆောင် အာဏာရှင်များ၏ ပြိုလဲမှုကျရှုံးမှုများကို မြင်တွေ့နေရကြောင်း၊ ရပ်ရွာထဲတွင် စစ်ကျွန်သဘောက် အုပ်ကြီးများကိုလည်း ရန်ကုန်လူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆန်အံတုကြပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင် ဖြိုချကြရန် လိုအပ်ကြောင်း၊ “ဖက်ဆစ်ယန္တရားကို လူထုအားနဲ့ ဖြိုချကြ အုပ်ကြီးကမ်ပိန်း" ကို ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့က ဦးဆောင်ပြုလုပ်နေပြီး t.me/OakGyiCampaignBot (Telegram) ကို ပြည်သူများအားလုံး သတင်းပေးပို့ကြရန် ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်သွားပြီး အခေါက်ရွှေစျေးနှုန်းမှာ ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးတက်ရန်ကုန်၊ ဇူလိုင် ၃၁ ပ...
31/07/2024

အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်သွားပြီး အခေါက်ရွှေစျေးနှုန်းမှာ ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးတက်

ရန်ကုန်၊ ဇူလိုင် ၃၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၄၀၀ ကျော် စျေးတက်နေပြီး အခေါက်ရွှေစျေးနှုန်းမှာမူ တစ်ကျပ်သားလျှင် ၆၈ သိန်း ၂ သောင်းအထိ စံချိန်တင်စျေးရောက်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းများသည် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး တရှိန်ထိုးမြင့်တက်ခဲ့ရာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း၊ ပြင်ပစျေးကွက်တွင် ဒေါ်လာ ဝယ်ယူမည်ဆိုပါက ပေါက်စျေးထက် တစ်ဒေါ်လာလျှင် ၂၀၀ ကျပ်ဝန်းကျင်မှ ၃၀၀ ဝန်းကျင်အထိ စျေးပိုပေးနေရကြောင်း၊ အမေရိကန်ဒေါ်လာ ဝယ်ယူမှုများ အလွန် များပြားကြောင်း သိရှိရသည်။

"အခုက အရွက် တစ်ဒေါ်လာကို ၅၄၀၀ တစ်ပတ်ချာလည်ပဲ။ အဝယ်တွေချည်းပဲ။ အရောင်းမရှိဘူးလို့ပဲပြောရမယ်။ တကယ်ဝယ်ရင် စျေးကွက်ပေါက်စျေးထက် ပိုပေးရတယ်။ ကိုယ်လိုချင်တဲ့ပမာဏနဲ့ တစ်ဒေါ်လာ ၅၅၀၀ ၊ ၅၆၀၀ အဲဒီလိုပေးရတာ။ ကိုယ်ကရောင်းချရင်တော့ ပေါက်စျေးအောက် နည်းနည်းလေး နည်းတယ်။ ဥပမာ ကိုယ်က ဒိုင်မှာ သွားရောင်း တစ်ဒေါ်လာ ၅၃၅၀ လောက်ပဲရတယ်" ဟု နိုင်ငံခြားငွေလဲဒိုင်တစ်ဦးကဆိုသည်။

ပြည်တွင်းရွှေစျေးနှုန်းမှာမူ ကမ္ဘာ့ရွှေစျေး အနည်းငယ် မြင့်တက်ခြင်းနှင့် ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းတို့ကြောင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်း ၂ သောင်းအထိ စျေးပေါက်လျက်ရှိကြောင်း၊ အခေါက်ရွှေ ဝယ်ယူလိုသူသာ များပြားပြီး အရောင်းနည်းပါးကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ပြည်တွင်းမှ ရွှေအရောင်းဆိုင်တစ်ခု။

လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AD တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်ရန်...
30/07/2024

လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AD တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AD တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့တွင် MNDAAတပ်က လားရှိုးမြို့ ရပ်ကွက် ၈ မန်ဆူစေတီတော်တွင် ခိုအောင်းနေသော အာဏာသိမ်းတပ်၏ အကြွင်းအကျန် ရန်သူများကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၀၅ မိနစ်အချိန် MNDAAတပ်က ADတိုးဂိတ်ကျော်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်၏ စခန်း စုစုပေါင်း ၄ ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ စခန်းသိမ်းတိုက်ပွဲများအတွင်း MNDAA ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ဒဏ်ရာရစစ်တပ်ဝင် စစ်သုံ့ပန်းများအတွက် ဒဏ်ရာအခြေအနေ၏ပြန်လည်ကောင်းမွန်မှုကို စစ်ဆေးပြီ ဆေးကုသမှုများပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် လားရှိုးမြို့၊ ရမခတိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

နားလည်ထားရမည့် ကိစ္စတခုမှာ မင်းအောင်လှိုင်သည် သူ့ကို အင်အားသုံး ဖယ်ရှားမှု မလုပ်မချင်း နိုင်ငံရေးမှ ထွက်ခွာမည် မဟုတ်ပေ မ...
28/07/2024

နားလည်ထားရမည့် ကိစ္စတခုမှာ မင်းအောင်လှိုင်သည် သူ့ကို အင်အားသုံး ဖယ်ရှားမှု မလုပ်မချင်း နိုင်ငံရေးမှ ထွက်ခွာမည် မဟုတ်ပေ မင်းအောင်လှိုင်ကိုတရုတ်ကဖြုတ်ချတော့မည်လား။

Breaking News- အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ
22/07/2024

Breaking News- အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု ၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီးထားရန်ကုန်၊ ဇူလိုင် ၂၁ အက...
21/07/2024

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု ၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီးထား

ရန်ကုန်၊ ဇူလိုင် ၂၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေတပ်စခန်းဌာနချုပ်များ တိုက်ခိုက်ခံရခြင်း၊ စစ်သင်္ဘောများ ဆုံးရှုံးခြင်း အပါအဝင် ရေတပ်က AA တပ်တော် ၏ ထိုးစစ်ကို ထိရောက်စွာ မဟန့်တားနိုင်ခြင်း အပါအဝင် တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြားသည့်အတိုင်း မလိုက်နာခြင်း၊ ပေးအပ်သည့် တာဝန်ကို မကျေပွန်မှုများဖြင့် ရာထူးမှ ဖယ်ရှား ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။

"ရေချုပ် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ကို တပ်ချုပ်က ရခိုင်စစ်မြေပြင်မှာ ရေတပ်ရဲ့ အင်အားနဲ့ ထိုးစစ်ကို ခံဖို့ ၊ အချိန်နဲ့ တပြေးညီရေတပ် တပ်ဖွဲ့ဝင်တွေပါ ကြည်းတပ်နဲ့ ပူးတွဲပြီး ခုခံစစ်မှာ ပါဝင်ဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် စခန်းတွေ ကျတယ်၊ ညွှန်ကြားတဲ့အတိုင်း ရေတပ်က မလုပ်နိုင်ဘူးဆိုပြီး ဖြစ်လာတော့ ရေချုပ်က နုတ်ထွက်စာတင်တယ်။ နုတ်ထွက်စာလက်ခံပြီး တာဝန်မကျေ ပွန်မှု ၊ အမိန့် မနာခံမှုနဲ့ နေပြည်တော်မှာဖမ်းဆီးအရေးယူခံထားရပါတယ်" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ရေချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ထိန်ဝင်းနှင့် ရေဒုချုပ်အဖြစ် ဗိုလ်မှူးချုပ်အေးမင်းထွေး၊ ဗိုလ်ချုပ် ထွန်းလူတို့ကို အစားထိုးခန့်ပေမယ့် ရေချုပ် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အဖမ်းခံရတာနဲ့ပတ်သက်ပြီး အောက်ခြေပိုင်းမှာ မကျေမနပ်ဖြစ်တယ်။ ဗိုလ်တထောင်သံလျက်စွန်း ရေတပ်မှာ ပြေးတဲ့တပ်သားတွေ နေ့တိုင်းလိုဖြစ်နေတယ်၊ အရင်လုံခြုံရေးအစောင့်တပ်တွေ အဏ္ဏဝါရိပ်သာ၊ဘုရင့်နောင်ရိပ်သာ နဲ့ ဗဟန်းကရိပ်သာတွေက ရေတပ်တွေကိုလည်း လွန်ခဲ့တဲ့ ၃လ လောက်ထဲက ရခိုင်ကိုပို့တာ သေတဲ့သူ‌သေ၊သတင်းပျောက်တဲ့သူပျောက်ဖြစ်နေတယ်။ ရေချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် အဖြုတ်ခံရတာက ရေတပ်က အရာရှိ စစ်သည်တွေကို ကာကွယ်ရင်းနဲ့ ဖြစ်တဲ့သဘောပဲ" ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ နေရာကို အစားထိုး ဝင်ရောက် နေရာယူကာ ၁၆ ဦး မြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့သူဖြစ်ပြီး ၆လ ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ ဖယ်ရှားဖမ်းဆီး ထိန်းသိမ်း အရေးယူခံရခြင်းဖြစ်သည်။

ဒိန်းဒေါင် စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းနေတာလို့ ဝေဖန်လိုက်တဲ့ အောင်သော်ATimes Vlogဇူလိုင် ၁၂ ရက်လူရွှင်တော် ဒိန်းဒေါင...
16/07/2024

ဒိန်းဒေါင် စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းနေတာလို့ ဝေဖန်လိုက်တဲ့ အောင်သော်

ATimes Vlog
ဇူလိုင် ၁၂ ရက်

လူရွှင်တော် ဒိန်းဒေါင်ဟာ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဆိုတဲ့အဖွဲ့ကို အကြောင်းပြပြီး အာဏာသိမ်းစစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေတာလို့ နာမည်ကျော်လူရွှင်တော် အောင်သော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒိန်းဒေါင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး (ဗဟို) က နေပြည်တော်မှာ ဇူလိုင်လ ၉ ရက်နေ့က သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနဲ့ ဟာသပညာထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဒိန်းဒေါင်ဦးဆောင်တဲ့အဖွဲ့ဟာ ဟာသပညာ ထူးချွန်ဆု၊ ပရဟိတ ထူးချွန်ဆု၊ ဟာသပံ့ပိုးမှု ထူးချွန်ဆု၊ ဟာသပညာ ဖန်တီးမှုထူးချွန်ဆု စသဖြင့် တခါမှ မကြားဖူးခဲ့တဲ့ ထူးချွန်ဆုတွေပေးအပ်ခဲ့တဲ့အတွက် ဒီလုပ်ရပ်ဟာ စစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေတာဖြစ်ကြောင်း လူရွှင်တော်အောင်သောက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

“ဒိန်းဒေါင်ဟာ သူတို့အဘတွေအတွက် စည်းရုံးပြီးတော့ လိုက်ခေါ်နေတာ။ အဓိကက အဲ့ကောင်ပဲ။ သူ့ဟာသူ ကင်းကင်းရှင်းရှင်းနေတဲ့အနုပညာရှင်တွေတောင် သူတို့ဘက်ကိုပါဖို့ ဆွဲခေါ်တာ။ မလိုက်ဘူးလား၊ မလိုက်ရင် ငါအဘတွေကို ပြောလိုက်မယ်နော်ဆိုတာကအစ အဲ့အသံတွေကအစ ကျွန်တော်သိတယ်”လို့ လူရွှင်တော် အောင်သော်က YouTube ကနေထုတ်လွှင့်တဲ့ သူ့ရဲ့အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒိန်းဒေါင်တို့အသင်းဟာ ဟာသပညာ ထူးချွန်ဆုအဖြစ် မင်းသား မြင့်မြတ်၊ လူရွှင်တော် ခင်လှိုင်၊ ဟာသ ဇာတ်လမ်းတိုရိုက်ကူးတဲ့ မာမီသက်၊ မိုးညိုတို့ကိုပေးအပ်ခဲ့ပြီး ပရဟိတ ထူးချွန်ဆုကို သရုပ်ဆောင်ဟောင်း ထူးခန့်ကျော်ကို ပေးအပ်ခဲ့ပါတယ်။

ဟာသပညာ ပံ့ပိုးမှုထူးချွန်းဆုကို အုန်းဒိုင်း၊ ဟာသပညာဖန်တီးမှုထူးချွန်ဆုကို လူရွှင်တော် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)နဲ့ မောင်သီတို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီဆုတွေကို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းတို့က ချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံတော်ဘတ်ဂျတ်တွေသုံးပြီး အခုလိုဆုပေးတာဟာ စစ်ကောင်စီက အနုပညာရှင်တွေကို အရိုးပေးကိုက်တာဖြစ်တယ်လို့ လူရွှင်တော် အောင်သော်နဲ့အတူ အစီအစဉ်တင်ဆက်တဲ့ Union Brother ထောက်ပို့အဖွဲ့ခေါင်းဆောင် ကိုစည်သူက ဝေဖန်ပါတယ်။

“ခပ်ရိုင်းရိုင်းပြောရရင် ခင်ဗျားတို့ကို (ဆုယူတဲ့အနုပညာရှင်တွေ) အရိုးကျွေးတာ။ ရော့ အရိုးလေးစားထား။ ငါ့ကို မဟောင်နဲ့နော်လို့ အဲ့လိုပြောတာ။ ကျွန်တော်တို့ စကားပုံနှိုင်းတာရိုင်းရင် ဆောရီးပဲ။ ပကတိအမှန်တရားက အဲ့အတိုင်းဖြစ်နေတာ။ သူတို့စားသောက်ပြီးတော့ ၀ပြီးကျန်ခဲ့တဲ့အရိုးလေးကို ခင်ဗျားတို့ကို ကျွေးတာ”လို့ ကိုစည်သူက ပြောပါတယ်။

နေပြည်တော်က အဲဒီအခမ်းအနားမှာ သရုပ်ဆောင် စိုးသူ၊ ယဉ်လတ်၊ ပုဏ္ဏမီ၊ အငြိမ့်မင်းသမီး ကေတုမတီ ဘိုမ၊ မမဆောင်းနဲ့ မျောက်ရှုံးဦးဆောင်တဲ့ ဖိုက်စတားအဖွဲ့က လာရောက်ဖျော်ဖြေခဲ့ပါတယ်။

ဖိုက်စတားအဖွဲ့နဲ့အတူ နာမည်ကျော်ခဲ့တဲ့ လူရွှင်တော်အောင်သော်ဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း လွတ်မြောက်နယ်မြေကို ထွက်ခွာလာခဲ့ပြီး One Star အဖြစ်နဲ့ ရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် လွတ်မြောက်နယ်မြှော နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရေးအငြိမ့်တွေ ကပြနေသလို YouTube ချန်နယ်မှာ One Star Entertainment တည်ထောင်ပြီး ရုပ်သံအစီအစဉ်တွေ ရိုက်ကူး ထုတ်လွှင့်နေသူ ဖြစ်ပါတယ်။

#လူရွှင်တော်အောင်သော် #ဒိန်းဒေါင်

ပြည်တွင်းတွင် စီးပွားရေးလုပ်ရန် အလွန်ခက်ခဲလာပြီး ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် အခြေ အနေ များဖြစ်ပေါ်နေ■  အခေါက်ရွှေတစ်...
14/06/2024

ပြည်တွင်းတွင် စီးပွားရေးလုပ်ရန် အလွန်ခက်ခဲလာပြီး ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် အခြေ အနေ များဖြစ်ပေါ်နေ

■ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ် စျေးတန်းဖွင့်

ရန်ကုန်၊ ဇွန် ၁၄

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်တွင် စျေးတန်းရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်ထံမှ သိရှိရသည်။

"ဒီမနက်ပိုင်းတော့ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းတက်တယ်။ ပြည်တွင်းရွှေစျေးကတော့ အရွက်စျေး ပြန်မာလာတာရယ်၊ ကမ္ဘာ့ရွှေစျေးလည်း မာနေတာရယ်ကြောင့် ကျရိပ်မမြင်ရဘူး။ အရောင်းအဝယ် တွေကတော့ ပြင်ပမှာ ပြန်ဖြစ်နေပြီ။ ကျပ်ငွေတန်ဖိုးကတော့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး Report ထွက်လာတော့ ကျပ်ငွေတန်ဖိုး ပြန်တက်ဖို့လမ်း မမြင်တော့ဘူး။ ကျပ်ငွေတန်ဖိုးက ဆက်ပြီး ကျဖို့ပဲရှိပါတယ်" ဟု ပြည်တွင်းရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ငွေအထုတ်အသွင်း၊ ငွေလွှဲပြောင်းမှုများနှင့် ပတ်သက်၍ အထူးစိစစ်ရန် ညွှန်ကြားထားမှုများကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းရန် အခြေအနေများ မြင်နေရသည်ဟု ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ဆိုကြသည်။

ထို့ပြင် ပြည်တွင်းတွင် စစ်ကောင်စီ၏ ရမ်းကားမှုများကြောင့် စီးပွားရေး လုပ်ရန် မလွယ်ကူတော့ဘဲ စီးပွားရေးသမားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ လွှဲပြောင်းရန် ဆောင်ရွက်မှုများလည်း တွေ့မြင်လာရကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုကြသည်။

လွန်ခဲ့သော ၁၅ နှစ်ကာလ ဆင်းရဲမွဲတေမှု အခြေအနေဆီ မြန်မာနိုင်ငံ ပြန်သွားနေဟု ကုလသမဂ္ဂသတိပေး■ ပြည်သူ ၁၈ ဒသမ ၆ သန်းကျော် အကူအ...
14/06/2024

လွန်ခဲ့သော ၁၅ နှစ်ကာလ ဆင်းရဲမွဲတေမှု အခြေအနေဆီ မြန်မာနိုင်ငံ ပြန်သွားနေဟု ကုလသမဂ္ဂသတိပေး

■ ပြည်သူ ၁၈ ဒသမ ၆ သန်းကျော် အကူအညီများလိုအပ်နေပြီး ကလေး ၆ သန်းမှာလည်း ဒုက္ခများကြုံနေရ

ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ပြည်သူ ၁၈ ဒသမ ၆ သန်းကျော်မှာ အကူ အညီများလိုအပ်နေပြီး ကလေး ၆ သန်းမှာလည်း အခက် အခဲ ဒုက္ခများကြုံနေရကြောင်း ကုလသမဂ္ဂ UNOCHAက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုမှ သုံးနှစ်အကြာ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ လူဦးရေ ၁၈ ဒသမ ၆ သန်းရှိကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ပြတ်တောက်မှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှု၊ အတင်းအကျပ် စစ်သား စုဆောင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာဒုက္ခများကြောင့် ကလေး ၆ သန်းသည် အကျပ်အတည်း၏ ဒဏ်ကို ခံစားနေရကြောင်း သိရှိရသည်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေက မိသားစုများကို ငွေကြေးအကျပ် အတည်းများ တိုးလာစေပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှု ကန့်သတ်ချက်များလည်း တိုးလာနေကြောင်း၊ လယ်ယာစိုက်ပျိုးရေး အခက် အခဲများ၊ ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ဖြင့် ပြည်သူများ စားနပ်ရိက္ခာ လုံလောက်စွာရရှိရန် ခက်ခဲလာကြောင်း၊ အာဟာရချို့တဲ့ခြင်းများလည်း မြင့်တက်လာစေပြီး ကျန်းမာရေးစနစ်လည်း အကျပ် အတည်းဖြစ်နေကြောင်း၊ လူဦးရေ ၂ ဒသမ ၆ သန်း အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရပြီး သန်းနှင့်ချီသော လူများသည် အမိုးအကာ မရှိခြင်း၊ သောက်သုံးရေမရှိကြခြင်းများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အမျိုးသမီးများ၊ မိန်းကလေးများ၊ မသန်စွမ်းသူများနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ သည် လက်ရှိ အခြေအနေများကြောင့် ထိခိုက်မှုအများဆုံးသူများထဲတွင် ပါဝင်နေပြီး ဆင်းရဲမွဲတေမှုဆိုင်ရာ ခြိမ်းခြောက်မှု လွန်ကဲစွာ ရင်ဆိုင်နေရကြောင်း၊ ယခု ၁၅ နှစ်တာ ကာလအတွင်း မကြုံစဖူးသည့် အဆင့်သို့ ပြန်လည်ရောက်ရှိနေရကြောင်း ကုလသမဂ္ဂ UNOCHAကသတိပေးထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေရသည့် ပြည်သူများ။

ရှမ်းမြောက်မှ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်ရရှိရေးနှင့် ပေါင်းစည်းရေး  မင်းအောင်လှိုင် ၏ ဦးစားပေး လုပ်ငန်းစဉ်နှင့်...
13/06/2024

ရှမ်းမြောက်မှ ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်ရရှိရေးနှင့် ပေါင်းစည်းရေး မင်းအောင်လှိုင် ၏ ဦးစားပေး လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ပြန်လည် ပေါင်းစည်းရေး၊ ပြန်လည် ရရှိရေးမှာ စစ်ခေါင်းဆောင် နှင့် စစ်ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဉ်နှင့် ရည်မှန်းချက်အဖြစ် ရှိနေပြီး နိုင်ငံရေးအရသော်လည်း ကောင်း၊ စစ်ရေးအရသော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းရန် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများနှင့်ပတ်သက်၍ စစ်ကောင် စီနှင့် စစ်တပ်အတွင်း ညွှန်ကြားချက်၊ သဘောထားမှတ်ချက် ပေးထားမှုရှိကြောင်း၊ ယင်းသဘောထားမှတ်ချက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်မြေများသည် ပြည်ထောင်စု၏ အစိတ်အပိုင်းများဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မှ ကွဲထွက်သွား၍ မရကြောင်း၊ ယင်းဒေသမှ နယ်မြေများသည် လက် ရှိ ပဋိပက္ခများကြောင့် ယာယီအားဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုမှ ကင်း လွတ် နေသော်လည်း ပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်၍ အနာဂတ်တွင် ပြန် လည် ပေါင်းစည်းရမည် (သို့မဟုတ်) ပြည်ထောင်စု၏ အုပ်ချုပ်မှုအောက်တွင် ပြန်လည် ရောက်ရှိရမည်ဟု သဘောထားမှတ်ချက်ပြုထားကြောင်း သိရှိရသည်။

"ဒါတွေက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တယ်။ အခုအချိန်မှာ ဘယ်လိုကြောင့်ပဲ ပြည်ထောင်စုရဲ့ အုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေပါစေ၊ အနာဂတ်မှာ ဒီနယ်မြေတွေအားလုံးက ပြည်ထောင်စုရဲ့ အုပ်ချုပ်မှု အောက်ကို ပြန်လည်ပြီးတော့ ရောက်ကို ရောက်ရမယ်၊ ပြန်လည်ပေါင်းစည်းရမယ်။ ဒီအ တွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းရမယ်။ ပြည်ထောင်စု ပြိုကွဲထွက်လို့မရဘူး။ စစ်ရေးအရသော် လည်း ကောင်း၊ နိုင်ငံရေး အရသော်လည်းကောင်း နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းရမယ်လို့ တပ်ချုပ်က ရှမ်းမြောက်ဒေသနဲ့ ပတ်သက်လို့ သ ဘော ထားမှတ်ချက်ပေးထားတာရှိပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးများအတွင်းတွင် ရှမ်းမြောက်ဒေသ မှ ဆုံးရှုံးသွားသော နယ်မြေ များကို ပြန်လည် ပေါင်းစည်းရေး လုပ် ဆောင်ရာတွင် နိုင်ငံရေးအရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ၊ အိမ်နီးချင်းနိုင်ငံ၏ ကူညီမှုဖြင့်သော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းရမည်ဟု မှာကြားမှုများရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့်မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်ခဲ့သော်လည်း စစ်ကောင်စီက ရှမ်းမြောက်ဒေသရှိ လားရှိုး၊ မူဆယ်၊ သီပေါ၊ ကျောက်မဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ရှမ်းမြောက်တစ်ခွင်လုံးတွင် လက်နက်အင်အားများ၊ လူအင်အား၊ ဒရုန်းအင်အား၊ ခဲယမ်းများ၊ အမြောက် လက်နက်ကြီးများ အပါအဝင် စစ်ရေး ဖြည့်တင်းမှုများ တောက် လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီးရန်ကုန်၊ ဇွန...
13/06/2024

ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ကြောင်း TNLA က ပြောဆို သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ - နမ္မတူ လမ်းမကို စစ်ကောင်စီက လမ်းမအားမြောင်းဖောက်ကာ ယာဉ်များသွားလာမရစေရန် ပြုလုပ်နေကြောင်း၊ သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တားဖြစ်ကြောင်း TNLA က ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များတွင် နေ့စဉ် လက် နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် ယခုကဲ့သို့ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘော တူ စာချုပ်ချိုးဖောက်ပြီးပြဿနာဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။

ကချင်ပြည်တွင် ၃လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့  ၅ ခုကို KIAက သိမ်းပိုက်■ တရုတ်-မြန်မာနယ...
13/06/2024

ကချင်ပြည်တွင် ၃လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့ ၅ ခုကို KIAက သိမ်းပိုက်

■ တရုတ်-မြန်မာနယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မြို့လှ၊ ဆဒုံးမြို့ တို့ကို KIO က ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်

ရန်ကုန်၊ ဇွန် ၁၃

ကချင်ပြည်နယ်တွင် ၃လခွဲနီးပါးကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခုနှင့် မြို့ ၅ ခုကို KIA က သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှ ယနေ့ ဇွန်လ ၁၃ ရက်နေ့အထိ စစ်ဆင်ရေးကာလအတွင်း KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စစ်ကောင်စီ၏ အဓိက စစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့ ၊ ဆွမ်ပရာဘွမ်မြို့ ၊ ဆဒုံးမြို့၊ မြို့လှမြို့ အပါအဝင် မြို့ ၅ ခုကိုလည်း KIO က အပြည့်အ၀ ထိန်းချုပ်ထားကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကုန်းလမ်းဆက်သွယ်ရေး အဓိက လမ်းမကြီးများမှာလည်း KIA စိုးမိုးမှု လက်အောက်သို့ ကျရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

လတ်တလော တိုက်ပွဲများသည် မြစ်ကြီးနား၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊တနိုင်း၊ပူတာအို၊ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဖြစ်ပွားလျက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေးနှင့် ကျေးလက်ဒေသများအားလုံးကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်​ကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့တွင် KIA က ဆဒုံးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဇွန်လ ၁၂ ရက်နေ့ စစ်ကောင် စီ၏ ဆဒုံးဗျူဟာတပ်စခန်းကြီး ကချင်အမျိုးသားအလံလွှင့်ထူခဲ့ကြောင်း၊ စစ်ကောင်စီ၏ အင်အားကြီး မားသော ဆဒုံးဗျုဟာတပ်စခန်းကြီးကို KIA နှင့် တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သားအများအပြား သေဆုံးသွားခဲ့ပြီး စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

KIA ၏ ၃လခွဲနီးပါးကြာ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း ၁၂၅ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ခယာဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၂။ လဂတ်ကောင်စခန်း
၃။ ဟန်းကိုင်တောင်စခန်း ခလရ-၁၄၂ (လက်နက်ချ)
၄။ မလိယာန်တပ်စခန်း ခလရ-၄၆
၅။ ဘွမ်ရယ်ဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၆။ ပန်စွန်တပ်စခန်း
၇။ ဂေါ့ငူကောင်စခန်း
၈။မလိယာန်စခန်း
၉။ အင်လုံခတပ်စခန်း
၁၀။ အင်တပ်ဘွမ်တပ်စခန်း
၁၁။ ဖွန်းပြန်ဘွမ်တပ်စခန်း
၁၂။ တာပိန်မြစ်တံတားစခန်း
၁၃။ ရှဒန်ပါတပ်စခန်း
၁၄။ ကစဲန်ကောင်တပ်စခန်း
၁၅။ ခဂျလုတပ်စခန်း
၁၆။ နမ့်ဖတ်ခတံတားစခန်း
၁၇။ မြို့သစ်တံတားတပ်စခန်းနှင့် ကာကင်းများ
၁၈။ တာမခန်တပ်စခန်း ခမရ-၁၁၉
၁၉။ နောင်ရာဇင်ခန် တပ်စခန်း
၂၀။ ကသိုဏ်းတောင်တပ်စခန်း
၂၁။ တန် (၃၀၀၀)တပ်စခန်း
၂၂။ ဆိုင်းတောင်ရဲစခန်း
၂၃။ ဒါဆိုင်း ခလရ-၂၃၇ တပ်စခန်း
၂၄။ လီဆူပါဂျောင်တပ်စခန်း
၂၅။ လုံရော့ခ်တပ်စခန်း
၂၆။ ဘွမ်ဆေ(င်)တပ်စခန်း
၂၇။ ခလုန်ကရုန်တပ်စခန်း
၂၈။ ဆန်ဂန်တပ်စခန်း
၂၉။ မန်ဒါတပ်စခန်း
၃၀။ ဘွမ်ကပေါ်တပ်စခန်း
၃၁။ ဖကော်န်တပ်စခန်း
၃၂။ နမ့်ဂေါ်န်ရှိ ခလရ-၂၉၇ တပ်စခန်း
၃၃။ ခမရ-၄၃၈ ရှန်တုံတပ်စခန်း
၃၄။ နာဖော့ဗျူဟာတပ်စခန်းကြီးနှင့် ကာကင်းများ
၃၅။ (၆၆၇)တပ်စခန်း
၃၆။ ရင်ဆိုင်ကုန်းတပ်စခန်း
၃၇။ နွမ်းလန့်ရှိ ခမရ- ၄၃၈ တပ်စခန်း
၃၈။ ခမရ-၆၁၆ ဒုံးတပ်ရင်း
၃၉။ နောင်ဂေါန်ရှိ အမြောက်တပ် ခမရ-၃၇၀
၄၀။ မိုင်းခေါင်ရှိ ခလရ-၁၂၁ (စခန်းစွန့်ပြေး)
၄၁။ လွယ်ခမ်းဗျူဟာစခန်း (စခန်းစွန့်ပြေး)
၄၂။ ခမရ-၄၂၆ တပ်စခန်း (စခန်းစွန့်ပြေး)
၄၃။ ကုန်းလောရှိ ခမရ- ၃၈၇တပ်စခန်းကြီး
၄၄။ ခမရ- ၃၂၀ တပ်ရင်းဌာနချုပ်
၄၅။ စလောင်းကုန်းပင်မ တပ်စခန်းနှင့် ကာကင်းများ
၄၆။ လုံဂျာဘွမ်တပ်စခန်း
၄၇။ ယော်ယုံဗျူဟာတပ်စခန်းကြီး
၄၈။ ရှန်တိုင်တပ်စခန်း
၄၉။ ဖာလန်င်းတပ်စခန်း
၅၀။ ဘန်ယောင်တပ်စခန်း
၅၁။ လော့မွန်တပ်စခန်း
၅၂။ လော့ဒန်တပ်စခန်းကြီး
၅၃။ ငါ့ဂရန်တပ်စခန်း
၅၄။ ဂေါင်ငူကောင်တပ်စခန်း
၅၅။တိန်ရောင်တပ်စခန်း(စခန်းစွန့်ပြေး)
၅၆။ လွယ်ယိန်းတပ်စခန်း (စခန်းစွန့်ပြေး)
၅၇။ ဒွမ်ဘောင်ဘွမ်စခန်း (စခန်းစွန့်ပြေး)
၅၈။ ပန်ခရမ်တပ်စခန်း
၅၉။ ဝါလိုင်ပင်ယာတပ်စခန်း
၆၀။ ဗျင်ဝိုင်တပ်စခန်း
၆၁။ စိန်လုံ ဗျူဟာကုန်းစခန်း နှင် ကာကင်းစခန်းများ
၆၂။ ဒါဂေါ အထက် မိုင်ဆတ်ကောင်စခန်း
၆၃။ လွယ်ဂျယ်မြို့
၆၄။ မိုးမောက်မြို့အထက် ခဝမ်ဘန် ကျောက်စခန်း
၆၅။ မဒါ ဘွမ် စခန်း
၆၆။ ဗန်းမော် – မန္တလေး လမ်းပေါ်က ဟန်ထက် စစ်စခန်း
၆၇။ ဖားကန့် ဆယ်ဇင်း ရဲစခန်း
၆၈။ ကားမိုင်း – ဖားကန့် လမ်းပေါ်ရှိ နန့်ယား တပ်စခန်း
၆၉။ ဖားကန့် ဆယ်ဇင်း တပ်စခန်း နှင့် ရှမ်းနီ တပ်
၇၀။ ငါးမော်ဇွပ် တပ်စခန်း၊ ဆော့လော်
၇၁။ အင်ဂါဂါ ပယင်းတောင် (နွယ်ဂျယ်ဘွမ်)
၇၂။ လွယ်ဆိုင် တောင် တပ်စခန်း၊ တာဝါတိုင် (ကားမိုင်း- ကျခရောင် လွယ်ဆိုင် – မအူပင် ကြား) စခန်းစွန့်ခွာ ၇၃။ ဝလူဘွမ် တပ်စခန်း လီဒိုလမ်း
၇၄။ ခမရ ၁၁၆၊ ဆယ်ဇင်း တပ်စခန်း
၇၅။ အမှတ် ၁၄၁ ခြေလျင်တပ်ရင်းနှင့် ဆင်ဘိုမြို့
၇၆။ ဆွမ်ပရာဘွမ် မြို့နှင့် အမှတ် ၄၆ ခြေလျင် တပ်ခွဲ
၇၇။ ဆမားကောင် တပ်စခန်း ( ဗန်းမော် – မြစ်ကြီးနား ကားလမ်း)
၇၈။ ငါးဂရန်ဘွမ်တပ်စခန်း
၇၉။ ပုန်းလိမ်ကုန်း
၈၀။ဂမ်ဂယာစခန်း
၈၁။ အင်ခရမ်စခန်း
၈၂။ လိုင်ဖောင်စခန်း
၈၃။ဖောင်ဒေါ့
၈၄။လော့ခွမ်
၈၅။လော့ဖြိုး
၈၆။ ကဂမ်ဘွမ်
၈၉။ကဇူး
၉၀။ ဒဘတ်
၉၁။ဘင့်ပူကောင်
၉၂။ အောင်မြေ ၁ ၊ အောင်မြေ ၂
၉၃။ ဒိန်ဂါ
၉၄။အင်းလေး
၉၅။ခါးရှီ
၉၆။ ရွှေညောင်ပင် ခမရ ၃၂၁
၉၇။ တနိုင်း နမ်ဗျူစခန်း
၉၈။ ၀ထောင်ဘွမ်
၉၉။ ရတမ ၄၃၈ စခန်း
၁၀၀။ မိုးမောက်မြို့နယ်ရဲစခန်း
၁၀၂။ မံစီမြို့နယ်ရဲစခန်း
၁၀၃။စင်းခန်းရွာစစ်တပ်စခန်း
၁၀၄။ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း) လုံခြုံရေးဂိတ်စခန်း
၁၀၅။စင်းခန်းနယ်မြေရဲစခန်း
၁၀၆။ ခလောင်ကောင်(ရေကန်တောင်) စစ်တပ်စခန်း တနိုင်း
၁၀၇။ နောင်စီပါစစ်တပ်စခန်း၊ ၀ိုင်းမော်မြို့နယ်
၁၀၈။​၁၃-မိုင်စုပေါင်းဂိတ်စခန်း
၁၀၉။ ၁၉-မိုင် ပသစ စခန်း
၁၁၀။ ဘွမ်တောင် ကသစ စခန်း
၁၁၁။ အင်ဝမ့်ဟန် ကသစ စခန်း
၁၁၂။ဆဒုံးရေတံခွန်ဂိတ်စခန်း
၁၁၃။ဆဒုံးဗျူဟာတပ်စခန်း
၁၁၄။လုဂျီ BGF စခန်း
၁၁၅။ ဝူရော်ဘွမ်တပ်စခန်း
၁၁၆။ဂေါ့နန် ပသစ စခန်း
၁၁၇။လဖိုင် BGF စခန်း
၁၁၈။လုမြန် ပြည်သူ့စစ် စခန်း
၁၁၉။ ဆဒုံးမြို့အဝင်ဂိတ်စခန်း
၁၂၀။ဆဒုံးမြို့ ရဲစခန်း
၁၂၁။ဆဒုံးမြို့ထွေအုပ်ရုံး
၁၂၂။ ဆဒုံးစုပေါင်းဂိတ်စခန်း
၁၂၃။ လီဆူ ပြည်သူ့စစ် စခန်း
၁၂၄။ တရုတ် ပြည်သူ့စစ် စခန်း
၁၂၅။နာ့ရိုစခန်းကုန်း

ကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထ...
13/06/2024

ကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၃

မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းများကို လစာတိုးပေးသော ရုံးတွင်းအမိန့်စာများ Facebook လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်း ဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလနှောင်းပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခဲ့သည့်အတွက် ကုန်စျေးနှုန်းများ မြင့်တက်ပြီး ဝန်ထမ်းများ လစာဖြင့် မလောက်ငှမည်ကို စိုးရိမ်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ၎င်းတို့၏ ဝန်ထမ်းများ အတွက် လစာများ တိုးမြှင့်ပေးခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြမှုသည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ လက်ရှိ စစ်ကောင်စီကို Non-CDM ဝန်ထမ်းများက လစာမတိုးပေးမှုဖြင့် အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝန်ထမ်းများကို လစာတိုးမြှင့်ပေးသည့် ကုမ္ပဏီနှင့်လုပ်ငန်းများတွင် ရန်ကုန်မြို့မှ Zaw Zaw Mobile လည်းပါ ဝင် ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေးရှိ Zaw Zaw Mobile ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်ဟု မျက်မြင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများ လစာတိုးမြှင့်သည်ဟု လူမှုကွန်ရက်တွင် ရုံးတွင်း အမိန့်စာ များ ဖော်ပြခဲ့ကြသည့် ကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းလစာတိုးသည့် ရုံးတွင်း အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

"အခုကတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒီလို ဝန်ထမ်းလစာတိုးတဲ့ ရုံးတွင်း အမိန့်စာတွေကို လူမှုကွန်ရက် တင်သလဲဆိုတာကို စစ်ဆေးနေတယ်။ စစ်ဆေးပြီးရင်တော့ ပုဒ်မတွေတပ်ပါလိမ့်မယ်။ ဖမ်းတာက ၁၀ ဦးကျော်တယ်။ ဒီလောက်ပဲ ပြောလို့ရမယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ကျပ်ငွေတန်ဖိုးထိုးကျပြီး တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ဝိသမ စီးပွားရေးသမားများက လုပ်ဆောင်နေသည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်များ၊ ဒေါ်လာဝယ်ရောင်းများ၊ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသူများ အပါအဝင် စီးပွားရေးသမားများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် မကွေးတို့တွင် စစ်တပ်နှင့်ရဲများက VPN အကြောင်း ပြ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်မှု...
13/06/2024

မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် မကွေးတို့တွင် စစ်တပ်နှင့်ရဲများက VPN အကြောင်း ပြ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်မှုများ၊ စစ်သားစုဆောင်းမှုများ ဖြစ်ပွားနေ

ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို လိုက်လံ စစ်ဆေးပြီး VPN ဆော့ဝဲ အသုံးပြုသူများကို ဖမ်းဆီးကာ ငွေတောင်းခံမှုများနှင့် စစ် သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ၃၅ လမ်း ၆၈×၇၀ ကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးကြောင်း၊ မိုဘိုင်းလ်များတွင် VPN ဆော့ဝဲ ထည့်သွင်းထားသည့် ပြည်သူများကို ဖမ်းဆီးပြီး ငွေကျပ် သိန်းချီ တောင်းရမ်းခဲ့ကြောင်း သိရသည်။

"မန္တလေးမှာ ဆိုင်ကယ်လိုင်စင်စစ်ရင်း VPN ပါ စစ်နေတယ် တွေ့ရင် ဒဏ်ရိုက်တယ်။ ၃၅ လမ်း ၆၈ × ၇၀ မှာ ဆိုင်ကယ်တွေ လိုင်စင် အရင်စစ်ပြီး ဖုန်းကိုပါယူစစ်တာ ဖမ်းခံရသူတွေရှိတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ဘိုကလေးမြို့များတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး VPN ဆော့ဝဲ ထည့်သွင်းထားသော ပြည် သူများကို ဖမ်းဆီးကာ ငွေကျပ် ၃ သောင်းမှ ၃ သိန်းကျပ် အထိ တောင်း ရမ်းမှုများ ရှိကြောင်း သိရသည်။

"ဟင်္သာတမြို့ထဲမှာ VPN တွေ စစ်ပါတယ်။ VPN ဆော့ဝဲတွေ့ရင် ၁ ဦးကို ၃ သောင်း ပေးရပါတယ်။ ဖမ်းခံရသူတွေများတယ်။ မော်လမြိုင်ကျွန်းမြို့မှာ အရပ်သားပြည်သူတွေ လမ်းသွားလာနေစဉ် စစ်ခွေးတွေက ဖုန်းတွေကို လိုက် လံစစ်ဆေးတာပါ။ VPN တစ်ခုမိရင် ဒဏ်ငွေ ၃ သိန်းကျပ် ပေးဆောင်ရတယ်။ မပေးနိုင်ရင် ထောင် ၃ နှစ်ကျမည်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်။ ဘိုက လေးမြို့မှာ VPN ထည့်ထားတဲ့ ဖုန်းတွေကို ဖမ်းပြီး ၁ လုံးကို ၃ သိန်းတောင်းတယ်။ ၃ သိန်းမပေးရင် ဘာလုပ်မလဲတော့မသိဘူး။ လမ်းဆုံတွေ မှာ လိုက်ဖမ်းတာ လူတွေမနည်းဘူး မိကြတယ်" ဟု ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အကြမ်းဖက် စစ်တပ်က VPN ဆော့ဝဲအသုံးပြုသူများကို ဖမ်းဆီးပြီး ငွေကျပ် ၃ သောင်း တောင်းရမ်းကာ လူငယ်များ အသုံးပြုပါက စစ်သားသစ် စုဆောင်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

"VPN က သုံးမရတဲ့အပြင် ဖုန်းထဲမှာ Application ကိုတွေ့ရင် ဒါဏ်ငွေ ၃ သောင်းပေးရပါတယ် ။ လူငယ်များကိုဆို တန်းဖမ်းခေါ်သွားပါတယ်။ စစ်ခွေးဂိတ်တွေက ဖမ်းနေတာပါ လူငယ် ၂ ဦး ဖမ်းခံလိုက်ရတယ်။ လူကြီးဆိုရင် ပိုက်ဆံတောင်းပါတယ်။ မရှိတဲ့လူဆို ၃ သောင်း ကနေ ၅ သောင်း ထိတောင်းနေပါတယ်။ တောင်ကျောင်းကြီးနားက ဂိတ်နဲ့ မြို့အဝင်ဂိတ်တွေမှာ ဖုန်းတွေကို စစ်ပြီး ဖမ်းနေတာ" ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အတူ ပဲခူးမြို့ပေါ်တွင်လည်း စစ်တပ်က မြို့အဝင်အထွက်များကို စီမံချက် ဖမ်းဆီးခြင်း၊ မိုဘိုင်းလ်ဖုန်းနှင့် VPN များကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ပဲခူးမြို့သူမြို့သားများက ပြောဆိုကြသည်။

"သူတို့စစ်တဲ့နေရာတွေက သနပ်ပင်လမ်းမတန်း ဘုရားစျေးရှေ့၊ ကျိုက်ပွန်ထိပ်၊ ကမာနတ်လျှပ်စစ်ရုံးထိပ်၊သနပ်ပင်အဝင်ထွက်ဂိတ်၊ဆည်မြောင်း၊ ပဲခူးတက္ကသိုလ်နားတို့မှာစစ်ကြပါတယ်။ ဆိုင်ကယ်တွေကိုအဓိကထားပြီးစစ်ပါတယ်။ ဆိုင်ကယ်သမားက မရပ်ပေးရင် ဆဲဆိုပါတယ်။ ပြီးတော့ ခြေထောက်နဲ့ကန်လို့ မှီရင်ကန်ပါတယ်။ အကျင့်ယုတ်တာပေါ့ဗျာ။လူလိုင်စင် ယဥ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဖုန်း၊ VPN အကုန်စစ်တယ်" ဟု ပဲခူးမြို့ခံတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင် VPN များ အသုံးမပြုနိုင်ရန်အတွက် တရုတ်နည်းပညာရှင်များဖြင့် ပူးပေါင်း ပိတ်ပင်မှုများကို စတင်လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မြန်မာသတင်းထူးသတင်းဦးများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ