Poem and story page

Poem and story page ခံစားခ်က္မ်ားရဲ႕စာစုမ်ား

ဒီနေ့ကျွန်တော်ဟင်းတစ်ခွက်ချက်ဖြစ်တယ်ဗျာ အသေအချာကိုဂရုစိုက်ချက်ပြုတ်ခဲ့တာပါပဲ ဒါပေမယ့်ကျွန်တော်အရင်က ချက်နေသလိုဖြစ်မနေဘူး...
22/04/2024

ဒီနေ့ကျွန်တော်ဟင်းတစ်ခွက်ချက်ဖြစ်တယ်ဗျာ အသေအချာကိုဂရုစိုက်ချက်ပြုတ်ခဲ့တာပါပဲ ဒါပေမယ့်ကျွန်တော်အရင်က ချက်နေသလိုဖြစ်မနေဘူးဗျတစ်ခုခုလိုနေသလိုခံစားနေရတယ် ကျွန်တော့်ဟင်းကရေလုံပြုတ်လိုကိုဖြစ်နေတယ် ကျွန်တော်ဘယ်လိုမှအဖြေရှာမရခဲ့ဘူးလိုနေတာပဲသိခဲ့တယ်ဘာလိုအပ်နေလည်းမသိခဲ့ဘူးဗျာ ဒီလိုနဲ့ကျွန်တော်ချက်ပြုတ်လို့ပြီးသွားပြီဟင်းကျတ်ပါပြီဆိုမှ ကျွန်တော်သတိရတယ်ဗျာ ကျွန်တော် ဆီ ထည့်ဖို့မေ့နေခဲ့တာဗျအရာအားလုံးသေချာချက်ခဲ့ရက်နဲ့ဗျာဘယ်လိုမှမေ့စရာကိုမလိုတဲ့သာမန်အရာလေးတစ်ခုကိုကျွန်တော်မေ့နေခဲ့တာဗျ ကျွန်တော်ဘာပြောနိုင်တော့မလဲဗျာ ဟင်းပန်းကန်ကိုကြည့်ရင်းပဲကျွန်တော်မျက်ရည်ဝဲလာမိတယ်ဗျ ဘာလို့ဆို ကျွန်တော်သူမကိုသတိရသွားလို့ပေါ့ ကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်ကလည်းဒီဟင်းခွက်လေးလိုပါပဲအရာရာဂရုစိုက်ခဲ့ပါတယ် ဒါပေမယ့် တစ်ခုခုလိုအပ်နေခဲ့တယ်ဗျာ ဘာမှန်းမသိခဲ့ဘူး ဘာမှလည်းမပြင်ဆင်ခဲ့လိုက်ရဘူးအရာအားလုံးပြီးဆုံးသွားခဲ့တယ် ပြီးပါပြီလို့စာတန်းထိုးပြီးမှကျွန်တော်သိခဲ့ရတာက ကျွန်တော်ဟင်းချက်တိုင်းဆီဆိုတာမပါမဖြစ်ဆိုတာသိရက်နဲ့မေ့နေခဲ့မိသလိုပေါ့ ကျွန်တော်သိလိုက်ရတာတစ်ခုက ကျွန်တော်တို့တွေနေ့စဉ်ပုံမှန်ဖြတ်သန်းနေကျ အရာတွေကိုအသေးအမွှားတစ်ခုလိုမြင်ပြီးအလေးနက်ထားဖို့ဂရုစိုက်ဖို့မေ့နေခဲ့တာကကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်နေခဲ့တယ်ဆိုတာကိုပေါ့ ၊🥹🥹NY.

08/10/2023

သူချစ်နဲ့ကိုယ်ချစ်ဘယ်သူ့ကိုရှာရမလဲ ဆိုတဲ့သူတွေအတွက် ဆရာတော်ဟောကြားထားတဲ့တရားတော်🙏🙏🙏

25/09/2023

ငါသည်သာ ငါ့ဘဝရဲ့ပဲ့ကိုင်ရှင်

13/09/2023

# #

11/09/2023

Poem

အချစ်နဲ့ပတ်သက်ရင် ကျွန်တော်ရဲ့ရင်ထဲမှာတော့အတိတ်မှာကျန်ခဲ့တဲ့လူတစ်ယောက်က ကျွန်တော်ရဲ့အပေါ် ဘယ်လောက်ပဲကောင်းနေခဲ့ပါစေဦးကျ...
13/05/2023

အချစ်နဲ့ပတ်သက်ရင် ကျွန်တော်ရဲ့ရင်ထဲမှာတော့
အတိတ်မှာကျန်ခဲ့တဲ့လူတစ်ယောက်က
ကျွန်တော်ရဲ့အပေါ် ဘယ်လောက်ပဲကောင်းနေခဲ့ပါစေဦး
ကျွန်တော်အားလုံးကို အပြီးတိုင် မေ့ဖျောက်ပစ်ထားလိုက်ပြီ။
ဘာလို့လဲဆိုတော့
သူနဲ့ပတ်သက်တဲ့ အရာအားလုံးက ပြီးဆုံးခဲ့သွားပြီလေ။
ဒါပေမဲ့ ယခုလက်ရှိပစ္စုပ္ပန်မှာတော့
ကျွန်တော်ရဲ့အနားမှာရှိတဲ့လူက ကျွန်တော်အတွက်တော့
အကောင်းဆုံးလူတစ်ယောက်လို့
ကျွန်တော်ရဲ့နှလုံးသားကရော ဦးနှောက်ကပါ
လက်ခံထားပြီးသားပါပဲ။

# # N.Y # #

27/06/2022

ဘယ်သူကိုပဲဖြစ်ဖြစ် ချစ်ရမှာကို
ကျွန်တော်မကြောက်ပါဘူး။
ချစ်တယ်လို့ အပြောခံရပြီးမှ ဂရုမစိုက်နိုင်တော့တာ
အလေးအနက်တွေ မထားပေးနိုင်တော့တာ
ဘာကြောင့်မှန်းမသိ အချစ်က
တဖြည်းဖြည်းနဲ့လျော့နည်းသွားတာ
ပါးစပ်က ချစ်တယ်ပြောပြီး တကယ်တမ်းတော့
နာကျင်မှုတွေကိုတဖြည်းဖြည်းချင်းခံစားရစေတာ စတဲ့
ခွဲခွာခြင်းဆုံးသက်တွေ ဥပေက္ခာတွေကိုသာ
ကျွန်တော်ကြောက်တာပါ။

# N.Y

ที่อยู่

138/1 Moo 4, Petchkasem
Phetchaburi
76140

เบอร์โทรศัพท์

+66619956086

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Poem and story pageผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์ดิจิทัล อื่นๆใน Phetchaburi

แสดงผลทั้งหมด