Yan Naing Htun ဘောမ ဆိုရင် ဆောက်မျိုးတွေလဲ
ဝေးဝေးနေ

အသက်ကလေးရယ်တဲ့                                     ရှည်စေလို         သာကေား ပိုက်လိုင်းကို ခို🚨🚨🚨💣💣ဘယ်မှပြေးစရာမလိုတော့ဘ...
21/08/2024

အသက်ကလေးရယ်တဲ့
ရှည်စေလို
သာကေား ပိုက်လိုင်းကို ခို🚨🚨🚨
💣💣ဘယ်မှပြေးစရာမလိုတော့ဘူး💣💣

အသုံးမကျတဲ့ခေတ်ကို လူတိုင်းလွမ်းခွင့်ရှိတယ်ပြန်တမ်းတ နေပြီးဆိုရင်တော့....ကိုယ့်ကို ကိုယ် ကျွန် ဖြစ်ရတာမဝသေးဘူးလို့သဘောပေ...
13/04/2023

အသုံးမကျတဲ့ခေတ်ကို လူတိုင်း
လွမ်းခွင့်ရှိတယ်
ပြန်တမ်းတ နေပြီးဆိုရင်တော့....
ကိုယ့်ကို ကိုယ် ကျွန် ဖြစ်ရတာမဝသေးဘူးလို့
သဘောပေါက်......

07/02/2023

လူတွေသတ်မှတ်ထားတဲ့ ဘောင် ထဲမှာမနေလို့
လူတွေက မင်းကိုလူ့ဂွစာလို့မြင်ခြင်မြင်မယ်
ဒါပေမဲ့ ဘောင် အပြင် ပုံစံခွက်ထဲမှာမနေတဲ့သူက
အတွေးခေါ်ကအစ လွတ်လပ်တယ်...

အိုင်ဒီယာကို သဘော ကျလို့ ပါ အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ...
02/02/2023

အိုင်ဒီယာကို သဘော ကျလို့ ပါ

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

Attitude is everything လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

(သဘောကျလို့ copy ယူလာတာ)

လွမ်းတော့လွမ်းတယ်             ဘာကိုလွမ်းလို့                    လွမ်းနေရမှန်းမသိတာက                                   ခက...
24/01/2023

လွမ်းတော့လွမ်းတယ်
ဘာကိုလွမ်းလို့
လွမ်းနေရမှန်းမသိတာက
ခက်တယ်....🤒🤒🤒

ရွက်ပုန်းသီးလို             အချစ်မျိုးကချိန်မြိန်တယ်ဆိုပေမဲ့             အချိန်လွန်မှ တွေ့တတ်တာမို့လက်လွတ်လိုက်ရတာများတယ...
18/01/2023

ရွက်ပုန်းသီးလို
အချစ်မျိုးက
ချိန်မြိန်တယ်ဆိုပေမဲ့
အချိန်လွန်မှ တွေ့တတ်တာမို့
လက်လွတ်လိုက်ရတာများတယ်....

13/01/2023

ဖြစ်ခြင်တာတွေ ဖြစ်အောင်လုပ်တာလဲ ဘဝ
ဖြစ်ခြင်တာတွေ ဖြစ်ခွင့်မရတာလဲ ဘဝ

I am leader my life

၊🤡👹👺
08/01/2023

၊🤡👹👺

လမင်း ကတော့ အရင်ညတွေက လ လိုပါပဲဒါပေမဲ့....ဒီညမှာကြယ်တွေ မစုံတော့ဘူး....
05/01/2023

လမင်း ကတော့ အရင်ညတွေက လ လိုပါပဲ
ဒါပေမဲ့....ဒီညမှာ
ကြယ်တွေ မစုံတော့ဘူး....

တန်ဖိုးထားသူအတွက် စာတစ်ကြောင်းဟာ အတွေးနဲ့ဘဝကို ပြောင်လဲပေးနိုင်သလိုတန်ဖိုးမသိသူအတွက်တော့ စာတစ်ကြောင်းထက်မပိုဘူး...1.1.20...
01/01/2023

တန်ဖိုးထားသူအတွက် စာတစ်ကြောင်းဟာ
အတွေးနဲ့ဘဝကို ပြောင်လဲပေးနိုင်သလို
တန်ဖိုးမသိသူအတွက်တော့ စာတစ်ကြောင်းထက်မပိုဘူး...

1.1.2023
မေတ္တာဖြင့် ဖတ်မှတ်ဖူးတာတွေ
ပြန်လည်မျှဝေသည်

Min Yan Naing

အမှန်တရားက နဲနဲတော့ခါးတယ်
28/12/2022

အမှန်တရားက နဲနဲတော့ခါးတယ်

အိုးနဲ့ တူတဲ့ လူ သုံးမျိုး🌹🌹🌹🌹🌹🌹🌹လောကကြီးမှာအိုးနဲ့ တူတဲ့ လူသုံးမျိုး ရှိကြတယ်။ (၁)မပြည့်တဲ့ အိုး✏ဘောင်ဘင်ခတ် ဆိုသလိုနည်...
27/12/2022

အိုးနဲ့ တူတဲ့ လူ သုံးမျိုး
🌹🌹🌹🌹🌹🌹🌹
လောကကြီးမှာ
အိုးနဲ့ တူတဲ့ လူသုံးမျိုး ရှိကြတယ်။

(၁)မပြည့်တဲ့ အိုး✏
ဘောင်ဘင်ခတ် ဆိုသလို
နည်းနည်းသိပြီး
စကား ဟောင်ဖွာဟောင်ဖွာနဲ့
အများကြီး ပြောချင်တဲ့ သူမျိုးပါ။
အခြေအနေမှန်ကိုလည်း
ကောင်းစွာ မသုံးသပ်
အရိပ်အကဲကိုလည်း နားမလည်
ကိုယ်ပြော ချင်တာကိုပဲ
ဇွတ်အတင်းပြောတတ်ပါသေးတယ်။
ပတ်ဝန်းကျင်နဲ့
ဖီလာ ကန့်လန့် အမြဲဖြစ်နေတတ်ပြီး
အရူး ၊အပေါ ၊စိတ်မမှန်သူ
လို့ကဲ့ရဲ့ ရှုတ်ချ
အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

(၂)ပြည့်နေပြီ လို့ထင်နေတဲ့အိုး လို✏
အရာရာ ငါသိ ငါတတ်
ငါသာလျှင်အမြတ်ဆုံး လို့
သွေးနားထင်ရောက်ကာ
မိမိကိုယ်ကို အထင်ကြီး
ဘဝင်လေဟပ်နေသူမျိုးပါ။
ဘာမဆို
သိပြီးသား
တတ်ပြီးသား အချိုးမျိုးနဲ့
အခြားတစ်ပါးသူကို
နှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်၊
စကားပြော မောက်မာခက်ထန်တတ်ပြီး
အမြဲလိုလို
ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ
ကိုယ့်ကိုယ်ကို
ဖြည့်စရာ မလိုလောက်အောင်
ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။
ဒီအိုးလို သူမျိုးဟာ
ပတ်ဝန်းကျင်ရဲ့
ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး
အရေးမပါအရာ မရောက်တော့တဲ့
ဘဝအခြေအနေမျိုးအထိ
ကြုံရတတ်ပါတယ်။

(၃) ဘာဆို ဘာမှ✏
မရှိသေးတဲ့အိုး လို
အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း
အပြည့်ရှိနေပြီး ငါ သိစရာ
ငါ တတ်စရာ တွေ
အများကြီး ရှိနေပါသေးလား
ဆိုတာသိနေတဲ့ လူမျိုး ပါ။သူများကို
အထင်မသေးတတ်သလို
ကိုယ့်ကိုယ်လည်း
အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။
ဒီ အိုးလို သူမျိုးကသာ
ပညာပြည့်ဝ နှလုံးလှပြီး
လောကအလယ် ဂုဏ် မငယ်ရဘဲ
လူချစ် လူခင်များသထက်များနေကာ
ပတ်ဝန်းကျင်ရဲ့
အထင်ကြီး လေးစားမြတ်နိုးမှုကို
အထူး ခံစားရပါလိမ့်မယ်။

ကဲ
ဘယ်လို အိုးမျိုး ဖြစ်နေလဲ
ကိုယ့်ကိုယ်ကို မလိမ်ညာဘဲ
ရဲရဲဖြေကြည့်ပါ။
သိ ပြီဆိုရင် ပြင်သင့်တာပြင်
ပြုသင့်တာပြု
အပြောအဆို ချိုသာယဉ်ကျေးပြီး
မှန်ကန်ကောင်းမြတ်
အကျိုးရှိတဲ့ စကားမျိုးသာ
အလေးထား ဂရုစိုက်
ပြောဆို ဆက်ဆံတတ်ပါစေဗျာ

စာပေမိတ်ဆွေများလေးစားလျှက်ပါ
စာလေးကိုအချိန်ပေးပြီးဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်
Credit

25/12/2022
😁😁😁🥛🥛🥛
23/12/2022

😁😁😁🥛🥛🥛

ကာတွန်းဆရာရဲ့အတွေးကိုသဘောကျမိတယ်
09/09/2022

ကာတွန်းဆရာရဲ့အတွေးကိုသဘောကျမိတယ်

လင်ကွန်း လက်ထက်ကလူမည်းဆို ကျွန်ပဲဆိုတဲ့ကျွန်စနစ်ကို တိုက်ဖျက်ရတုန်းက ...တစ်ချို့သော လူမည်းကျွန်တွေက ကျွန်သာ မလုပ်ရရင် သူ...
04/07/2022

လင်ကွန်း လက်ထက်က
လူမည်းဆို ကျွန်ပဲဆိုတဲ့
ကျွန်စနစ်ကို တိုက်ဖျက်
ရတုန်းက ...

တစ်ချို့သော လူမည်းကျွန်တွေက
ကျွန်သာ မလုပ်ရရင် သူတို့ဘာသွား
စားမလဲဆိုပြီး ဆန့်ကျင်ဘက်ကနေ
ရပ်တည်ကြသတဲ့

တစ်သက်လုံး ကျွန်ခံလာခဲ့သူတွေမှာ
သခင်အဖြစ်ကို အိပ်မက်တောင် .....
မမက်နိုင်ရှာဘူး

ခုလည်း ကျွန်တွေဟာ
ကျွန်မဟုတ်ရင် ဘာလုပ်စားရမလဲ
ကြောက်နေကြတုန်း 😔

ဂျက်မားက ပြောဖူးတယ်။ မိတ်ဆွေရင်းချာတွေဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ ဘယ်လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ...
01/07/2022

ဂျက်မားက ပြောဖူးတယ်။
မိတ်ဆွေရင်းချာတွေ
ဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ

ဘယ်လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ခင်ဗျား သူတို့ရဲ့ ပိုက်ဆံကိုလိုချင်တယ်လို့ ပဲမြင်မှာဖြစ်တယ်။

ခင်ဗျားရဲ့ ရင်းနှီးထားတဲ့ ငွေ အချိန် အင်အား တွေကို သူတို့ အလေးထားမှာမဟုတ်ဘဲ ခင်ဗျားထက်စာရင် အခြားသူစိမ်းတစ်ယောက်က သူတို့အပေါ် အမြတ်ထုတ်သွားတာကို ပိုလို့လိုလားတယ်။

သူတို့နဲ့ ရင်းနှီးသူရဲ့ စီးပွားရေးကို အားပေးမယ်ဆိုတာထက် သူတို့စိတ်ထဲမှာ ခင်ဗျားသူတို့ဆီက အမြတ်ဘယ်လောက်ရသွားပြီလဲပဲ တွေးနေမှာဖြစ်တယ်။

ဒါဟာ လူမွဲတွေရဲ့ စိတ်နေစိတ်ထားလို့ ပြောချင်တယ်။

ချမ်းသာတဲ့သူတွေဘာလို့ချမ်းသာလဲဆိုတာ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ အသိုင်းအဝိုင်းက လူတွေကို ပံ့ပိုးလိုစိတ်ရှိတယ်။

မိတ်ဆွေတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးခြင်းအားဖြင့် သူတို့ပေးတာထက် ပိုတဲ့အကျိုးကိုပြန်ရတယ်။

ကိုယ့်ကြောင့်စီးပွားဖြစ်သွားတဲ့ မိတ်ဆွေတွေက ကိုယ့်ကို ပြန်လည်ပံ့ပိုးပေးနိုင်လို့ ခင်ဗျားနဲ့အတူ ခင်ဗျားရဲ့အသိုင်းအဝိုင်း ဟာ စီးပွားဖြစ်ထွန်းတိုးတက်လာလိမ့်မယ်။

ဒီသဘောတရားကို နားလည်ရင် ခင်ဗျား ချမ်းသာလာမှာပဲ။

အဲဒီတော့ ဈေးရောင်းတဲ့အခါမှာ ခင်ဗျားရဲ့ ပထမဆုံးဖောက်သည်တွေက သူစိမ်းတွေပဲ ဖြစ်မှာပဲ။
မိတ်ဆွေတွေက သူတို့ကို ဈေးလာရောင်းတော့မှာပဲ ဆိုပြီး ခင်ဗျားကို ရှောင်လိမ့်မယ်။

အမျိုးတွေကို စျေးသွားရောင်းတဲ့အခါ ခင်ဗျားကို အထင်အမြင်သေးသလို ပြုမှူဆက်ဆံလိမ့်မယ်။

ဒါပေမယ့် တစ်နေ့ ခင်ဗျား စီးပွားဖြစ်အောင်မြင်တဲ့အခါ

ညစာစားပွဲတွေ ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါ

သူစိမ်းတွေထက် ဆွေမျိုးမိတ်ဆွေရင်းချာတွေ စားသောက်တာတွေ ပျော်မြူးတာတွေ အတွက် ခင်ဗျားပိုက်ဆံရှင်းပေးနေရတာကို တွေ့ရလိမ့်မယ်။

{credit}
#စိတ်ခွန်အား ကြိုးစားရမယ်

"မခေါ်ချင်ဘူး" ဆိုမှတော့...မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါနဲ့တော့။မပြောချင်ဘူး ဆိုမှတော့...အတင်းကြီး သွားနှုတ်ဆက်မနေ...
30/06/2022

"မခေါ်ချင်ဘူး" ဆိုမှတော့...
မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါ
နဲ့တော့။

မပြောချင်ဘူး ဆိုမှတော့...
အတင်းကြီး သွားနှုတ်ဆက်မနေပါနဲ့
တော့။

မဆက်ဆံချင်ဘူး ဆိုမှတော့...
ဇွတ်သွားမပတ်သက်ပါနဲ့တော့။

မချစ်ချင်ဘူး ဆိုမှတော့...
မာနကိုခဝါချပြီး တွယ်ကပ်မနေပါနဲ့
တော့။

မသိချင်ဘူး ဆိုမှတော့...
စိတ်ရော ကိုယ်ပါအပင်ပန်းခံပြီး ရှင်းပြ
မနေပါနဲ့တော့။

တစ်ခါတစ်လေ ကိုယ့်ကိုမလိုအပ်တော့
တဲ့သူဆီကနေ ပြတ်ပြတ်သားသား
ထွက်လာနိုင်ခဲ့တာ လောကရဲ့ပြောင်းလဲ
တတ်တဲ့နိယာမတရားကို ဆင်ခြင်နှလုံး
သွင်းနိုင်သွားသလို တဖက်သားရဲ့ ဆုံး
ဖြတ်ချက်ကို လေးစားလိုက်နာရာလည်း
ရောက်ပါတယ်။ဒီထက်ပိုအရေးပါတဲ့
အချက်ကတော့ ကိုယ့်သိက္ခာကိုကိုယ်
တန်ဖိုးထားပြီးသားလည်း ဖြစ်တာပေါ့
credit

 #အရမ်းကောင်းသော စာသားလေးပါ #တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်       ဘုန်းဘုန်း  #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်...
16/06/2022

#အရမ်းကောင်းသော စာသားလေးပါ #
တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်

ဘုန်းဘုန်း #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်တောင်

ပျက်တယ် ဆိုတာ ဟုတ်သလား? ဘုရား တဲ့။

ဟေ

ငါ့ တပည့် အသဲကွဲ လာပြီ ထင်တယ် ကွ

မ ဟုတ်ပါ ဘုရား သိချင်လို့ပါတဲ့ လေ။

သူ တကယ် အသဲ ကွဲ မကွဲ တော့ မစပ်စု တော့ ပါ။

ဒီလိုရှိတယ် ငါ့ တပည့်ရဲ့ မင်းကို မေးပါရစေအုံးတော့ မင်းကို

ဘယ်သူက မွေးတာလဲ?

အမေ ကလေ ဘုရား

အေး မင်း အမေ ဟာ ဘာလဲ မိန်းမလား ယောက်ျားလား

ဘုန်းဘုန်း ကလည်း အမေ ပါဆို မိန်းမ ပေါ့ ဘုရား။

ဟုတ်ပါပြီ မိန်းမ များစွာထဲက မိန်းမ တစ်ယောက် ဖြစ်တဲ့ မင်းအမေက

မင်းကို ပျက်စီးအောင်များ ဖျက်စီး တာ ရှိသလား? ဒါမှ မဟုပ် မပျက်စီးအောင်

ကောင်းအောင်များ လမ်းညွှန်သလား? မင်း ဖြေကြည့်

ကောင်းအောင် လိမ်မာ အောင် လမ်းမှား မရောက်အောင်

လမ်းပြတာ ပေါ့ ဘုရား။

ဒါဆို မင်း အမေလည်း မိန်းမ လေကွာ မိန်းမ က ဖျက်သလား

ကောင်းအောင် လမ်းပြသလား? စဉ်းစား ပေါ့။

အေး

မောင်တို့ နားလယ်မှု့ လွဲ နေတာလေး ကို ငါ ပါချုပ် ဆရာတော်ကြီး တရား

နာထားရလို့ သိတယ် ဖြေနိုင်တယ်ကွ။

ဒီ လို ကွာ တို့ မြန်မာ စာပေမှာ တားမြစ်တဲ့ အက္ခရာ ရှိတယ်

ဘာဖြစ်မယ် ထင်လဲ?

#မ ဆိုတဲ့ အက္ခရာ လေ ကွာ

ဥပမာ ပြ ပေးမယ် ကွာ မင်း နားလယ် အောင်

သူတပါး အသက် #မသတ်စေချင်ရင်

မ ရှေ့က ခံပြီး မသတ်နဲ့။

မ ခိုးစေချင်ရင် မ ဆိုတာလေးနှင့် တားမြစ်တယ်

#မခိုးနှင့် မကောင်းဘူး

#မသတ်နှင့် မကောင်းဘူး

#မသောက်နှင့် မကောင်းဘူး

#မလုပ်ဘို့ရာ တားမြစ်ချက် မှန်သမျှ #မ ရှေ့က ခံ ရေးတယ် လေကွာ

သစ်ပင် မ ခုပ်ရ

ကွမ်း မ ထွေးရ

လာဘ်။ မ စားရ

အနိုင် မ ကျင့်ရ

ဖဲ မ ရိုက်ရ

ကြက် မ တိုက်ရ

ဘိန်း မ ရှူရ

ဆေးလိပ် မ သောက်ရ

ထို ဥပမာ ထဲက မ အက္ခရာ လေး ဖြုပ်ပြီး အကုန်လုပ်မယ်

ဆိုရင် ဘာဖြစ်မလဲ?။

မလုပ်ရလို့ တားမြစ်ထားတဲ့ မ အက္ခရာ ကို ဖြုတ် အကုန်လုပ်ရင်

ထောင်ကျနိုင်တယ် အပါယ်ကျနိုင်တယ် လူတော မတိုး ဖြစ်နိုင်တယ်

အရှက်‌လည်း ကွဲတတ်တယ်။

ဘာဖြစ်လို့ လဲဆိုရင် မ ဆိုတဲ့ တားမြစ်ချက်ကို ဖြုတ်ပြီး ချိုးဖေါက်လို့

မဟုတ်လား။

ကိုယ့်ရဲ့ ဘဝ ထဲ မှာ #မ ဆိုတဲ့ တားမြစ်ချက် လေး ဖြစ်တဲ့

မ အက္ခရာ ကို ဖျက်ပြီး မလုပ်သင့် တာကို လုပ်ရင် ဘဝ ပျက်တတ်တယ်

ဆိုတဲ့ အဓိပ္ပါယ် ပါ ငါ့ တပည့် ရဲ့။

အမျိုးသမီး ဖြစ်တဲ့ မ ဖျက် လို့ ပျက်တာ မဟုတ်ဖူး

တားမြစ်ချက် မ ကို ဖျက်ပြီး မကောင်းတာလုပ် လို့ပါကွယ် လို့

ဖြေလိုက်မိပါရဲ့။

စာ ဖတ် သူ များ သဘော ပေါက်နိုင်ကြပါစေ။

crd

15/06/2022

📌 စ ၊ ဆ ၊ ဇ 📌

🔴 #စလုပ်ပါ
🔴 #ဆက်လုပ်ပါ
🔴 #ဇွဲရှိပါ

ကောက်ရိုးမီးလိုမဟုတ်ဘဲ...
တစိုက်မတ်မတ် မပြတ်မကွက်လုပ်တတ်တဲ့ အကျင့်ကိုပျိုးထောင်ပါ။

ဒီအကြောင်းလေးကို You Tube video လေးထဲမှာ မျှဝေပေးထားပါတယ် ... 👇🏻

Video များ ကြည့်ရန် Link:
https://youtube.com/c/PhooKyawZin

You Tube video လေးတွေ နေ့စဉ်နေ့တိုင်း တင်ပေးနေတာမို့
ကျွန်တော့်ရဲ့ You Tube channel လေးကို
Subscribe မလုပ်ရသေးရင် လုပ်ထားနိုင်ပါတယ်။
👉 (Video ပေါင်း ၅၇၀ ကျော်ရှိပါတယ်) 👍

Video ​လေးတွေကို VPN လေးဖွင့်ပြီး Ads လေးတွေနဲ့အတူ
ကြည့်ရှုပေးခြင်းဖြင့် အားပေးကူညီနိုင်ပါတယ်ခင်ဗျာ.... 🙏😊

Channel : Phoo Kyaw Zin (နာမည်ရိုက်ပြီးရှာလို့ရပါတယ်)

Link : https://bit.ly/PhooYouTube



"ကုဋေရှစ်ဆယ် သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော် ဆရာမ""နင် ဘာသနားတာလဲ""နင်သာလူမိုက် ဒုစရိုက်တဲ့လား ဆရာမရယ်။ သူက ဘာမဟုတ်တ...
19/05/2022

"ကုဋေရှစ်ဆယ် သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော် ဆရာမ"

"နင် ဘာသနားတာလဲ"

"နင်သာလူမိုက် ဒုစရိုက်တဲ့လား ဆရာမရယ်။ သူက ဘာမဟုတ်တာ လုပ်လို့လဲ"

ဆရာမက မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။ ဘာမှမပြောသေးဘူး

"သူ့ရှိတဲ့ ပိုက်ဆံကလဲအခိုးခံရတယ်။ လူတွေက ကျေးဇူးတရားကိုနားမလည်ကျဘူးနော်"

"သူက ပညာမှ မတတ်တာ"

"ပညာမတတ်ရင် နှလုံးသားမဲ့ရောလား ဆရာမ။ သူ့ပစ္စည်း အခိုးခံရတာတောင် ပြန်ပြီး ခိုးရကောင်းမှန်း လုရကောင်းမှန်းမသိလို့ တောင်းစားတာလေ။ ဘာလို့ ဝိုင်းရိုက်ကျတာလဲ..."

"အဲ့ဒါ...."

"သားက အဲဒီ လူ့ပတ်ဝန်းကျင်ကိုပဲအမြင်ကပ်တာ၊ သူတို့လဲ ပညာမဲ့လောက်တယ် ပညာတင်မကဘူး နှလုံးသားပါ မဲ့လောက်တယ်"

"ဘာ..."

"သားမေးပါရစေ အဲဒီ့ကဗျာ က သူဌေးသားကို အကောင်းပြောတာလား။
မကောင်းပြောတာလား"

"ဟို မကောင်းပြောတာလေသားရဲ့"

"ဒါဆို သူ့ကိုဝိုင်းရိုက်ကျတဲ့သူတွေက ကောင်းတယ်ပေါ့"

"ကဗျာက ပညာမဲ့တာကို မကောင်းပြေားတာလေ"

"နှလုံးသားမဲ့တာကျတော့ရော၊ စာနာစိတ်မရှိတာကျတော့ရော၊ မြေနိမ့်ရာလှံစိုက် တာကျတော့ရော၊ ကူညီရကောင်းမှန်း မသိတာကျတော့ရော"

"ကဗျာဆိုလိုရင်းကို သားသိအောင်ကြိုးစား"

"ဆရာမ ဒီမှာကြည့်"

"ဟဲ့..နင်ရိုင်းလှချည်လား"

"သား ဘာရိုင်းလို့လဲ"

"နင်ဘာလို့ ငါ့ကို လက်ခလယ် ထောင်ပြတာလဲ? နင့်ကို ကျောင်းအုပ်ကြီး ရုံးခန်းပို့မယ်"

"သားပေးချင်တဲ့ ဥပမာက အဲ့ဒါ၊ သား ဘယ်လိုရှင်းပြရှင်းပြ ဆရာမလက်ခံမှာ မဟုတ်ဘူး။
သား လက်ခလယ်မှာ မှည့်ပါတယ်။
ပြသူနဲ့ ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်ရှိတယ်။
တူတဲ့အခါတူမယ်၊ ကွဲတဲ့အခါကွဲမယ်။
ဒါပေမယ့် ပြသူမှာ တာဝန်ရှိတယ်။
အဲ့ဒီကဗျာလဲ ဒီလိုပဲ"

"ဘာဆိုင်လို့လဲ "

"ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေးထားတယ်။ နှလုံးသားမဲ့တာကို အပြစ်တောင်မဆိုထားဘူး။
ဆရာမ ဘယ်လိုမြင်လဲမသိဘူး..
သားကတော့ ဒီလိုပဲမြင်တယ်"

"ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်ဟာပိုဆိုးလဲ".....
==============
~ တာရာမင်းဝေ ~
==============
Credit

13/05/2022
"ဒါဆို သင် ရင့်ကျက်လာပြီ"________________ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆို  ဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ဖူးပါတယ်...လက်တွ...
13/03/2022

"ဒါဆို သင် ရင့်ကျက်လာပြီ"
________________

ငယ်ငယ်တုန်းကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်လို့
ယုံကြည်ခဲ့ဖူးပါတယ်...

လက်တွေ့ ဘဝမှာတော့
ဘာတွေကို ကြိုးစားရမယ်၊
ဘာတွေကို လျစ်လျှူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

အရွုံးဆိုတာ
နာကျင်စရာမဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ
သိသွားပြီ..

အရှုံးတွေနဲ့ မကြာခဏဆိုသလို
ရင်းနှီးလာရပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါတယ်
နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာအသုံးချဖို့၊ မျှဝေဖို့ စတဲ့ တိကျတဲ့
အကြောင်းအရင်းတွေနဲ့ သင်ယူလာတယ်
ဒါဆို သင် ရင့်ကျက်လာပြီ။

ဝမ်းနည်းနေပေမယ့်
ပြုံးနေမိတယ်
ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေပါတယ်
ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေမှန်းသိလာရတယ်
ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှုတတ်လာပါမယ်
ဒါဆို သင် ရင့်ကျက်လာပြီ။

အစပိုင်းမှာ
လူတွေ သတ်မှတ်ထားတဲ့
အောင်မြင်မှုကို ရှာတယ်
နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်
ဒါဆို ရင့်ကျက်လာပြီ။

ဘယ်အချိန်မှာ ပြောရမယ်၊
ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာတရားကိုတော့
ဂရုစိုက် တတ်လာပြီ
ဒါဆို ရင့်ကျက်လာပြီ။

အဆိုးတွေနဲ့ကြုံရတိုင်း
ဝမ်းမနည်းတတ်တော့ဘူး
ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ
သိသွားပြီလေ..
ဒါဆို သင် ရင့်ကျက်လာပြီ။

Credit >>>original writer & uploade

ဆန်တစ်ပြည် 3000 စားဆီ ၁ ပိသာ 8000 ကြက်သားက 12000ဝက်သားက 12000အမဲသားဆို 16000ငါးက 10000ကွကျဥ ဘဲဥ ၁လုံး 200ပုစွန်က 15000မန...
08/03/2022

ဆန်တစ်ပြည် 3000
စားဆီ ၁ ပိသာ 8000
ကြက်သားက 12000
ဝက်သားက 12000
အမဲသားဆို 16000
ငါးက 10000
ကွကျဥ ဘဲဥ ၁လုံး 200
ပုစွန်က 15000

မနက်စာအစာပြေလေး
လမ်းထိပ်ထွက်စားမယ်လုပ်တော့
အီကြာကွေးက-250
လက်ဖက်ရည်တစ်ခွက်က-500
မုန့်ဟင်းခါးတစ်ပွဲက-1000

ဒါနဲ့မဖြစ်သေးပါဘူး.......
အသားငါးတွေဘာတွေ စျေးကြီးပါတယ်
အသီးရွက်လေးစားမယ်ဟဲ့ဆို ...
ခရမ်းသီးက တစ်လုံး 300
အာလူးသီးက (8)လုံးကို 2000
ဂေါ်ဖီထုပ်ဆို တစ်ထုပ် 2500
ပဲသီးက (7) တောင့်ကို 500
ကဲ.....ဒါဆို
ရေသောက် ဗိုက်မှောက်နေမယ်ဟဲ့ဆိုတော့

ရေသန့်တစ်ဘူးက 500....
ရွှေစျေးကလည်း 18သိန်း19သိန်းကျော်လို့
အနားတောင်မကပ်နိုင်ဘူး...
ဒါတောင် ကျန်းမာရေး ဘာညာစရိတ်နဲ့
ဖုန်းဘေ ကလည်း ဓါးမြတိုက်သလို
ထည့်တိုင်းကုန်မြန်နေတော့ ....

စီးမယ့်ရေလည်း ရေစီးကြောင်းသန်ဖို့ မလွယ်သလို .....
ဆည်မယ့် ကန်သင်းကလည်း
မကျိုးရုံတမယ်ပဲ ရှိပါတော့တယ်လို့

08/03/2022

"ဘာကြောင့် စာဖတ်ဖို့လိုသလဲ"
======================

ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား...
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???လူကသာတယ်လိုပဲဖြေကြတယ်...
စဉ်းစားကြည့်ရအောင်...

- မြင်းလောက်အပြေးသန်သလား?

- ဆင်လောက်ခွန်အားကြီးသလား?

- ငါးလောက်ရေကူးကျွမ်းသလား?

- ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား?

- အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား?

📗 အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့...

📗 ပျားတွေလောက်မစည်းလုံးဘူးနော်...
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

📗 ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ်...
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်...
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်...

📗 ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ...
ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်...
သူများသွားလမ်းပိတ်မထားဘူး။

📗 လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

📗 ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ?
ဘယ်လောက်အတုယူဖို့ကောင်းလဲ

📗 ကောင်းပြီ ဆက်စဉ်းစားကြရအောင်

📗 လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်...

၁- အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း။

📗 လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်...

📗 တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်...

📗 မကောင်းတာကောင်းတာသူတို့မသိဘူး...
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး...

📗 လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး...

📗 ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

📗 ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်...

📗 မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်...

📗 ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်...

📗 ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်...

📗 ဒါဘာလို့လဲ???
လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

📗 လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော???
စဉ်းစားနော်သေချာစဉ်းစား...

📗 လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

📗 သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်...

📗 သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

📗 ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး...

📗 အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

📗 အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ???

📗 စာဖတ်ရမှာပေါ့...
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ...

📗 သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ...

📗 စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။

📗 ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ်...

ဆရာကြီးအားလေးစားလျက်

Credit

အဆိုးထဲကအကောင်း🤭🤭🤭😁😁😁
08/03/2022

အဆိုးထဲကအကောင်း🤭🤭🤭😁😁😁

ที่อยู่

Phangnga

เบอร์โทรศัพท์

+66616028884

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yan Naing Htunผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Yan Naing Htun:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ