25/12/2024
ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာရိုက်ကူးတာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကိုတုပခဲ့သလို သရော်ခဲ့တယ်ဆိုပြီး ဆယ်လီ ဖြူဖြူထွေးကို အွန်လိုင်းပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေမြင့်တက်ခဲ့ပါတယ်။
အဲဒီကြော်ငြာထဲမှာ ဖြူဖြူထွေးက မယ်တော်တစ်ဦးအဖြစ်သရုပ်ဆောင်ပြီး ပန်းပန်တာနဲ့ မြန်မာဝတ်စုံအဖြူဝမ်းဆက်ကိုဝတ်ဆင်တာအပြင် ဇာတ်ညွှန်းဒိုင်ယာလော့ခ်ထဲမှာ ၇၉ နဲ့ ဒိုးတော့ ဆိုတဲ့ အသုံးအနှုန်းတွေ ကို ထည့်ပြောခဲ့တာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံစံပုံဖော်ပြီး အသက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထည့်ပြောခဲ့တာလို့ ဆိုရှယ်မီဒီယာသုံးစွဲသူ အများစုက ပြောပြီးဝေဖန်ကန့်ကွက်ကြပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းမှာတော့ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာဆိုသူက သူတို့ ဘယ်သူ့ကိုမှစော်ကားလိုစိတ်မရှိခဲ့ဘဲ ရိုးရိုးသားသားရိုက်ကူးခဲ့တယ်ဆိုပြီး တောင်းပန်စကားပြောလာခဲ့တာပါပဲ။
#ဆယ်လီ #ဖြူဖြူထွေး #လူထုခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည် #ဝေဖန်ခံရ