Knowledge Zone ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Knowledge Zone, ครีเอเตอร์ดิจิทัล, Nonthaburi.
(3)

မီးရထားဝန်ထမ်း မျောက်ကလေး "ဂျက်"˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚၁၈၈၀ ခုနှစ်များအတွင်း တောင်အာဖရိကနိုင်င...
26/01/2025

မီးရထားဝန်ထမ်း မျောက်ကလေး "ဂျက်"
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
၁၈၈၀ ခုနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ (Cape Town) အနီး မီးရထားလမ်းပိုင်းတစ်ခုမှာ ထူးခြားတဲ့ ဝန်ထမ်းတစ်ဦး ရှိခဲ့ဖူးပါတယ်။

သူကတော့ လူသားတစ်‌ရောက် မဟုတ်ဘဲ ဂျက် (Jack) လို့ခေါ်တဲ့ (baboon) ဗာဘွန်းမျောက် တစ်ကောင်ပဲ ဖြစ်ပါတယ်။ "ဂျက်" ရဲ့ ဇာတ်လမ်းဟာ တိရိစ္ဆာန်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သစ္စာရှိမှုကို သက်သေပြနေတဲ့ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းလေးကဒီလိုပါ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ဂျိမ်းစ်ဝိုက်ဒ် (James Wide) လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ မီးရထားအချက်ပြ အော်ပရေတာ (railway signalman) တစ်ဦးဖြစ်ပြီး မတော်တဆမှုတစ်ခုကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့အလုပ်ကို ဆက်လုပ်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။ ဒီလိုနဲ့ သူဟာ "ဂျက်" (Jack) လို့ခေါ်တဲ့ ဗာဘွန်းမျောက်တစ်ကောင် ကို ဝယ်ယူခဲ့ပြီး သူ့ရဲ့လက်ထောက် အဖြစ် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါ‌တော့တယ်။

"ဂျိမ်းစ်" ဟာ "ဂျက်" ကို အချက်ပြစနစ်‌ တွေကို ဘယ်လိုသုံးရမယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးခဲ့ပါတယ်။ ဘယ်အချိန်မှာ လီဗာကို ဆွဲရမယ်၊ ဘယ်လိုအချိန်မှာ အချက်ပြမီးတွေ ပြောင်းရမယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ "ဂျက်" ဟာ သင်ယူမှုအားကောင်းပြီး အရာရာကို မြန်မြန်ဆန်ဆန်နဲ့ ပဲတတ်မြောက်သွားခဲ့ပါတယ်။

သို့သော် ဂျက် (Jack) ကို ပထမဆုံး မြင်တွေ့ခဲ့ကြတဲ့သူတွေထဲက အချို့ဟာ မီးရထားလမ်းပေါ်မှာ မျောက်တစ်ကောင် လျှောက်သွားနေတာကို တွေ့ရှိခဲ့ကြပြီး စိုးရိမ်တ ကြီး နဲ့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ကြပါတယ်။

သူတို့က မျောက်တစ်ကောင်ဟာ မီးရထားလမ်းပေါ်မှာ လျှောက်သွားနေတာဟာ အန္တရာယ်ရှိနိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မှ ဂျက် (Jack) ဟာ ဂျိမ်းစ်ဝိုက်ဒ် (James Wide) ရဲ့ လက်ထောက်ဖြစ်ပြီး အချက်ပြစနစ်တွေကို ကူညီလုပ်ကိုင်ပေးနေတာကို သိရှိသွားကြတဲ့အခါ အလွန်အံ့အားသင့်ခဲ့ကြရပါတယ်။

အစပိုင်း မှာ သံသယရှိခဲ့ကြပေမဲ့ ဂျက် (Jack) ရဲ့ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အားလုံးက သူ့ကို အသိအမှတ်ပြုလာခဲ့ကြပါတယ်။
မကြာခင်မှာပဲ ဂျက် (Jack) ဟာ သူ့ရဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လာနိုင်ခဲ့ပြီး ရထားတွေလာတဲ့အခါ မှန်ကန်တဲ့ အချက်ပြမှုတွေကို ပြောင်းပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ "ဂျက်" ဟာ အဲ့ဒီအလုပ်မှာပဲ ၉ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီး တစ်ခါမှ အမှားအယွင်းမရှိခဲ့ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် မီးရထားအာဏာပိုင်တွေရဲ့ အသိ အမှတ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။ ဂျက် (Jack) ကို တရားဝင် ဝန်ထမ်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး လစာလည်း ပေးခဲ့ပါတယ်။ Jack ရဲ့လုပ်အားခ ဟာ တစ်နေ့လျှင် ၂၀ဆင့် နှင့် တစ်ပတ်လျှင် ဘီယာ ပုလင်းတစ်ဝက် ခန့်ရရှိတယ်လို့ ဆိုပါတယ်။

ဒီ မီးရထားဝန်ထမ်း မျောက်ကလေး ဂျက် (Jack) ရဲ့ ဇာတ်လမ်းဟာ အဲ့ဒီအချိန်က လူတွေကြားမှာ အရမ်းရေပန်းစားခဲ့ပြီး သတင်းစာတွေမှာလည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဓာတ်ပုံတွေ နဲ့ မှတ်တမ်းတွေကလည်း ဂျက် (Jack) ဟာ တကယ်ရှိခဲ့တဲ့ မျောက်တစ်ကောင် ဖြစ် ကြောင်း သက်သေပြနေပြီး တောင်အာဖရိက မီးရထားဌာန ရဲ့ မှတ်တမ်းတွေမှာလည်း ဂျက်ရဲ့အကြောင်း ကို မှတ်တမ်းတင်ထားပါတယ်။

ဒီဇာတ်လမ်းကနေ ကျွန်တော်တို့ သင်ယူနိုင်တာကတော့ တိရိစ္ဆာန်တွေမှာလည်း ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းတွေ ရှိတယ်ဆိုတာပါပဲ။ "ဂျက်" (jack) ဟာ သစ္စာရှိမှု၊ ဝီရိယရှိမှု နဲ့ ထူးခြားတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားပြီး
သခင့်အ‌ပေါ်သိတက်တဲ့ မျောက်ကလေး တစ်ကောင်အဖြစ် ယနေ့တိုင် လူတွေရဲ့ကြားမှာ အမှတ်ရနေဆဲ ဖြစ်ပါတယ်။

#ကူးယူဖော်ပြခြင်းမပြုပါနဲ့ - ( လွတ်လပ်စွာ Share နိုင်ပါတယ်♥️)

လာအိုနိုင်ငံသည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းစီအပေါ် ဗုံးကြဲခံရမှု အများဆုံးနိုင်ငံဖြစ်ပြီး ဗုံးအမျိုးအစားပေါင်း များစွာ ဖြ...
26/01/2025

လာအိုနိုင်ငံသည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းစီအပေါ် ဗုံးကြဲခံရမှု အများဆုံးနိုင်ငံဖြစ်ပြီး ဗုံးအမျိုးအစားပေါင်း များစွာ ဖြင့် ဗုံးအလုံးရေပေါင်း သန်း ၂၇၀ ကျော်အထိ ကြဲချခံခဲ့ရတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောနိုင်ငံငယ်‌ လေးဖြစ်ပါတယ်။

"ဗီယက်နမ်" စစ်ပွဲအတွင်း ၁၉၆၄-၁၉၇၃ ခုနှစ်များတွင်
အမေရိကန်လေတပ်သည် လာအိုနိုင်ငံကို လျှို့ဝှက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗီယက်နမ်သို့ သွားသော ရိက္ခာလမ်းကြောင်းများအားလုံးကို ဖြတ်တောက်ရန် နှင့် (Viet Cong) ဗီယက်ကောင်း တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ဟန့်တားရန် ရည်ရွယ် ကြဲချခဲ့ခြင်း ဖြစ်ပါတယ်။

ထိုသို့ ကြဲချခဲ့သော ဗုံးများအနက် သုံးပုံတစ်ပုံ ခန့် မှာ ယနေ့အချိန်ထိ လုံးဝမပေါက်ကွဲ‌သေးဘဲ မြေအောက်‌ နေရာအနံ့အပြား တွင် ကျန်ရှိနေခဲ့ပါတယ်။

ဒါဟာ နယူးဇီလန်နိုင်ငံ တောင်ဘက်စွန်း Slope Point မှာတည်ရှိတဲ့ သစ်ပင်များဖြစ်ပြီး၊ အန္တာတိကတိုက်မှ တစ်နှစ်ပတ်လုံး အဆက်မပြတ...
26/01/2025

ဒါဟာ နယူးဇီလန်နိုင်ငံ တောင်ဘက်စွန်း Slope Point
မှာတည်ရှိတဲ့ သစ်ပင်များဖြစ်ပြီး၊

အန္တာတိကတိုက်မှ တစ်နှစ်ပတ်လုံး အဆက်မပြတ် တိုက် ခတ်လာတဲ့ လေပြင်းတွေကြောင့် ဒီ Slope Point မှာရှိတဲ့ သစ်ပင်တွေ ရဲ့ပုံသဏ္ဌာန်ဟာ အခုလို ထူးထူးခြား‌ခြားပြောင်းလဲနေခဲ့တာဖြစ်ပါတယ်။

ရာစုနှစ်တစ်ခုခန့် ကြာပြီးနောက် လော့စ်အိန်ဂျလိစ်မြို့🇺🇲
26/01/2025

ရာစုနှစ်တစ်ခုခန့် ကြာပြီးနောက် လော့စ်အိန်ဂျလိစ်မြို့🇺🇲

ဒါဟာ အမေရိကန်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော USS Langley (CV-1) ဖြစ်ပါတယ်။USS Langley ဟာ အရင်တုန်းက USS Jupiter လို့ခေါ...
26/01/2025

ဒါဟာ အမေရိကန်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော USS Langley (CV-1) ဖြစ်ပါတယ်။

USS Langley ဟာ အရင်တုန်းက USS Jupiter လို့ခေါ်တဲ့ ကျောက်မီးသွေးသယ်တဲ့ သင်္ဘောတစ်စီးပါ။

၁၉၂၀ ခုနှစ်များအတွင်းမှာ လေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့ပြီး ၁၉၂၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။

၎င်းဟာ အမေရိကန်ရေတပ်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်လာခဲ့သလို Langley ဟာ နောက်ပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ပိုကြီးတဲ့ လေယာဉ်တင်သင်္ဘောတွေအတွက်လည်း ရှေ့ပြေး သင်္ဘောတစ်စီး ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေ ရယူပြီး နောက်ပိုင်း လေယာဉ်တင် သင်္ဘောတွေကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ် အစပိုင်းမှာ Langley ဟာ ပို့ဆောင်ရေး သင်္ဘောအဖြစ် အသုံးပြုခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ ဂျပန်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။

#ကူးယူဖော်ပြခြင်းမပြုပါနှင့် လွတ်လပ်စွာ Share နိုင်ပါတယ်။


ကမ္ဘာ့အကြီးဆုံးနှင့် အားအကောင်းဆုံး အင်ဂျင် Wärtsilä RT-flex96C˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚W...
26/01/2025

ကမ္ဘာ့အကြီးဆုံးနှင့် အားအကောင်းဆုံး အင်ဂျင် Wärtsilä RT-flex96C
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
Wärtsilä RT-flex96C ဟာဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အားအကောင်းဆုံး ဒီဇယ်အင်ဂျင်အဖြစ် လူသိများပါတယ်။ ဒီအင်ဂျင်ကြီးကို ဖင်လန်နိုင်ငံက Wärtsilä ကုမ္ပဏီမှ ထုတ်လုပ်ထားတာဖြစ်ပြီး အဓိကအားဖြင့် ကြီးမားတဲ့ ကွန်တိန်နာ သင်္ဘောတွေမှာ အသုံးပြုကြပါတယ်။ ၎င်းရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အင်ဂျင်နီယာ နယ်ပယ်မှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

Wärtsilä RT-flex96C အင်ဂျင်ကြီး၏ အရွယ်အစားဟာ အလွန်ကြီးမားပြီး အလျား ၂၇ မီတာ (၈၉ ပေ) နဲ့ အမြင့် ၁၃.၅ မီတာ (၄၄ ပေ) ရှိပြီး အလေးချိန်ကတော့ ၂,၃၀၀ တန်ချိန် အထိ ရှိပါတယ်။ ဒါဟာ သာမန်အိမ်တစ်လုံးရဲ့ အရွယ်အစားနဲ့ ညီမျှပါတယ်။

ဒီအင်ဂျင်ရဲ့ စွမ်းအားကလည်း မယုံနိုင်လောက်အောင်ပါပဲ၊ (14-cylinder version) ၁၄ ဆလင်ဒါ ဗားရှင်းမှာ မြင်းကောင်ရေအား ၁၀၇,၃၉၀ (၈၀ မဂ္ဂါဝပ်) အထိ ထုတ်လုပ်နိုင်ပါတယ်။ ဒါဟာ မြင်းကောင်ရေအား ၁,၀၀၀ ရှိတဲ့ ကားအစီး ၁၀၀ ကျော်ရဲ့ စွမ်းအားနဲ့ ညီမျှပါတယ်။

သို့သော် ဒီအင်ဂျင်ကြီးဟာ လောင်စာဆီကို အလွန်အကျွံ သုံးစွဲရပြီး၊ တစ်နာရီကို ဒီဇယ်ဆီ ၁၆၆ ဂါလံ အထိ သုံးစွဲနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ၎င်းကို အသုံးပြုတဲ့ သင်္ဘောတွေရဲ့ ကြီးမားတဲ့ အရွယ် အစားနဲ့ သယ်ယူနိုင်တဲ့ ပမာဏကို ထည့်တွက်မယ်ဆိုရင်တော့ ဒီပမာဏဟာ သင့်တော်တဲ့ပမာဏလိုဆိုရမှာပါ။

Wärtsilä RT-flex96C မှာ Common Rail စနစ်ကို အဓိ
က အသုံး ပြုထားပါတယ်။ ဒီစနစ်က လောင်စာဆီကို ဆလင်ဒါထဲကို တိကျစွာ ထိုးသွင်းပေးနိုင်တာကြောင့် လောင်စာဆီ သုံးစွဲမှုကို လျှော့ချပေးပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။

ဒီ Wärtsilä RT-flex96C အင်ဂျင်ကြီး ဟာ ဖင်လန်နိုင်ငံ၏ အင်ဂျင်နီယာ နည်းပညာ ရဲ့ အံ့ဖွယ်ကောင်းတဲ့ တီထွင်ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ၎င်းရဲ့ ကြီးမားတဲ့ အရွယ်အစား၊ အံ့မခန်း စွမ်းဆောင်ရည် နဲ့ ခေတ်မီ နည်းပညာတွေကြောင့် ကမ္ဘာ့အင်ဂျင်နီယာ သမိုင်းမှာ ထင်ရှားတဲ့ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ပါတယ်။

#ကူးယူဖော်ပြခြင်းမပြုပါနှင့် ❌ လွတ်လပ်စွာ Share နိုင်ပါသည်။

Ye Thuta Mg

စစ်အေးခေတ်ရဲ့ ဧရာမ သံမဏိဘီလူးကြီး Typhoon - (ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကြီး)˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚...
26/01/2025

စစ်အေးခေတ်ရဲ့ ဧရာမ သံမဏိဘီလူးကြီး
Typhoon - (ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကြီး)
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
တိုင်ဖွန်း အမျိုးအစား ရေငုပ်သင်္ဘော (Project 941 Akula ) ဟာ လူသားတို့ တည် ဆောက်ဖူးသမျှ ရေငုပ် သင်္ဘောတွေထဲမှာ အကြီးဆုံးနဲ့ အထင်ရှားဆုံး တစ်ခု
ဖြစ်ပါတယ်။

စစ်အေးခေတ်ရဲ့ အထွတ်အထိပ်ကာလ ဆိုဗီယက်ယူနီယံရဲ့ နျူကလီးယား အင်အားပြိုင်ဆိုင်မှုရဲ့ ပြယုဂ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ ဒီဧရာမ ရေယာဉ်ကြီးရဲ့ အံ့သြသင့်ဖွယ် ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တွေဟာ ယနေ့တိုင် စစ်ရေးလေ့လာသူတွေနဲ့ ရေကြောင်းဆိုင်ရာ ဝါသနာရှင်တွေကို ဆွဲဆောင်နေဆဲဖြစ်ပါတယ်။

ဒီတိုင်ဖွန်း ရေငုပ်သင်္ဘောကြီးရဲ့ အတိုင်းအတာဟာ
တကယ့်ကို အံ့မခန်းပါပဲ၊ ရေငုပ်နေချိန် ရေဖယ်ရှားမှု တန်ချိန် ၄၈,၀၀၀ ခန့် ရှိပြီး အလျား ၁၇၅ မီတာ (၅၇၄ ပေ) ခန့်ရှိပါတယ်။ ဒါဟာဘောလုံးကွင်းတစ်ကွင်းစာ၏ အရွယ် အစားထက် ၁.၄ ဆ ခန့်ပိုမိုရှည်လျားပါတယ်။

အကျယ်က ၂၃ မီတာ (၇၅ ပေ) နဲ့ ရေစူးက ၁၂ မီတာ
(၃၉ ပေ) ရှိတာကြောင့် ဆိပ်ကမ်းအများစုကို ဝင်ထွက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီလို ကြီးမားတဲ့ တည် ဆောက်ပုံဟာ SLBM လို့ခေါ်တဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ တာဝေးပစ်ဒုံးကျည် အစင်း ၂၀ အထိ သယ် ဆောင်နိုင်ဖို့ ရည်ရွယ်တာ ကြောင့်ဖြစ်ပါတယ်။

၎င်းတိုင်ဖွန်း ရေငုပ်သင်္ဘောကို နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခုနဲ့ မောင်းနှင်တာကြောင့် လောင်စာပြန်လည်ဖြည့်တင်းစရာမလိုဘဲ နှစ်ပေါင်းများစွာ ရေအောက်မှာ နေနိုင်စွမ်းရှိပါတယ်။

အဓိက လက်နက်ကတော့ R-39 Rif (NATO အမည် SS-N-20 Sturgeon) အမျိုးအစား SLBM တွေဖြစ်ပြီး တစ်စင်းချင်းစီမှာ နျူကလီးယား ထိပ်ဖူး အများအပြား တပ်ဆင်နိုင်ပါတယ်။ ဒါကြောင့် တိုင်ဖွန်း ရေငုပ်သင်္ဘောဟာ ကမ္ဘာ့ရဲ့ဘယ်နေရာကိုမဆို နျူကလီးယား တိုက်ခိုက် နိုင်တဲ့ စွမ်းအားရှိပါတယ်။

တိုင်ဖွန်း ရေငုပ်သင်္ဘောကြီးများ၏ အတွင်းပိုင်းတွင် လည်း စစ်သည်တွေအတွက် သက်တောင့်သက်သာရှိစေဖို့ ရည်ရွယ်ပြီး ဆော်နာ (sauna)၊ ရေကူးကန်၊ အားကစားခန်းမနဲ့ အခြား အသုံးအဆောင်တွေလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဒါဟာ ရေရှည် ရေငုပ်ခရီးစဉ်တွေမှာ စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ အတွက်ဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းမှာတော့ ဒီတိုင်ဖွန်း ရေငုပ် သင်္ဘော အများစုကို ဖျက်သိမ်းခဲ့ပေမယ့် အနည်း ငယ်ကိုတော့ ရုရှားရေတပ်မှာ ဆက်လက် အသုံးပြုနေဆဲဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောတွေဟာ စစ်အေးခေတ်ရဲ့ အင်အားပြိုင်ဆိုင်မှု နဲ့ နျူကလီးယား စစ်ရေးအရှိန်မြှင့်တင်မှုရဲ့ သက်သေတစ်ခုဖြစ်သလို ကမ္ဘာ့အကြီးဆုံး ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာပညာ ရဲ့ အံ့ဖွယ်လက်ရာတစ်ခုအဖြစ်လည်း ယနေ့တိုင်ထိ တည်ရှိနေဆဲဖြစ်ပါတယ်။

#ကူးယူဖော်ပြခြင်းမပြုပါနှင့် ❌ လွတ်လပ်စွာ share နိုင်ပါသည်။

Ye Thuta Mg

လေယာဉ်အင်ဂျင်တပ်ဆင်ထားသော ကမ္ဘာ့အမြန်ဆုံးကား - Thrust SSC ˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚...
26/01/2025

လေယာဉ်အင်ဂျင်တပ်ဆင်ထားသော ကမ္ဘာ့အမြန်ဆုံး
ကား - Thrust SSC
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ကမ္ဘာ့‌ပေါ်တွင် အမြန်ဆုံး မြေပြင်ယာဉ်အဖြစ် မှတ်တမ်းဝင်ထားသည်မှာ Thrust SSC ကားဖြစ်ပြီး တစ်နာရီ မိုင် ၇၆၃ (ကီလိုမီတာ ၁၂၂၇.၉၈၅) ဖြင့် အသံထက်မြန်နှုန်း (Mach ၁.၀၂) ကို ကျော်လွန်နိုင်ခဲ့တာဖြစ်ပါတယ်။

၎င်းသည် သမိုင်းတွင် ပထမဆုံး ကုန်းပေါ် တွင် အသံထက်မြန်နှုန်းကို ကျော်လွန်နိုင်သည့် ယာဉ်ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နီဗားဒါးပြည်နယ်ရှိ Black Rock Desert တွင် ဗြိတိသျှ လေတပ်မှ လေယာဉ်မှူး Andy Green ၏ မောင်းနှင်မှု ဖြင့် Rolls - Royce Spey တာဘိုဖန် အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော ဂျက်အင်ဂျင်ပါ ကားကြီးသည် အလွန်အရှိန်ပြင်းစွာဖြင့် မောင်းနှင်သွားခဲ့ပြီး ကားမဖြတ်သန်းမီပင် တုန်ခါမှုများကို ကြားနိုင်လောက်အောင် အသံလှိုင်းများ ပြင်း ထန်ခဲ့ပါတယ်။

လေခွင်းအားကို အထူးဂရုပြု၍ ဒီဇိုင်းဆွဲထားသော Thrust SSC တွင် F-4 Phantom တိုက်လေယာဉ်များတွင် အသုံးပြုသည့် Rolls-Royce Spey အင်ဂျင်များ တပ်ဆင်ထားပြီး မယုံနိုင်လောက်စရာ အရှိန်နှုန်းကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့အချိန်အထိ Thrust SSC ၏စံချိန်ကို မည်သူမျှ ချိုးဖျက်နိုင်ခြင်း မရှိသေးပဲ Thrust SSC ၏ စွန့်စားခန်းသည် အင်ဂျင်နီယာပညာ ၏ အောင်မြင်မှုသာမက လူသားတို့၏ စူးစမ်းလိုစိတ်နှင့် စိန်ခေါ်လိုစိတ်ကိုပါ ထင်ဟပ်စေခဲ့ပြီး နည်းပညာဖြင့် မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါတယ်။


2026 ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့်အားကစားကွင်း (16) ကွင်း˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚အားက...
25/01/2025

2026 ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့်
အားကစားကွင်း (16) ကွင်း
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
အားကစားကွင်းတွေကို မဖော်ပြပေးခင်မှာ 2026 ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

2026 ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ဘောလုံးလောကရဲ့အကြီးမားဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို စတဲ့ မြောက်အမေရိက၊ က နိုင်ငံ (3) နိုင်ငံမှာ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံ (3) နိုင်ငံက ပူးတွဲကျင်းပတာလည်း ဖြစ်ပါတယ်။

ယခုပြိုင်ပွဲမှာ စုစုပေါင်း အသင်း 48 သင်း ပါဝင်ယှဉ်ပြိုင် မှာ ဖြစ်ပြီး ယခင်က ပြိုင်ပွဲတွေထက် အသင်း အရေ အတွက် ပိုများပါတယ်။ အသင်းအရေအတွက် များတာကြောင့် ပွဲစဉ်အရေ အတွက်လည်း ပိုများပြီး စုစုပေါင်း ပွဲစဉ် 104 ပွဲ အထိကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ပွဲစဉ်အများစုကို အမေရိကန်နိုင်ငံမှာလက်ခံကျင်းပမှာဖြစ်ပြီး လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ အက်တလန်တာ စတဲ့ မြို့ကြီးတွေမှာလည်း ကွင်းသစ်ကြီးတွေ ထပ်မံဆောက်လုပ်နေပါတယ်။

ထို့အပြင် ပွဲစဉ်အများစုကို အဓိကကျင်းပမယ့် အမေရိကန်ရဲ့ ကွင်းတွေဟာ နည်းပညာပိုင်းအလွန် အဆင့်မီလှပါတယ်။

ကွင်းရဲ့အတွင်းမှာ ပရိသတ်တွေအတွက် ပွဲစဉ်အခြေ အနေတွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်အောင် High - definition screens တွေကို တပ်ဆင်ထားမှာဖြစ်သလို ကွင်းအတွင်းက ပရိသတ်တွေ ပိုမိုစိတ်လှုပ်ရှားစေမယ့် အသံစနစ်တွေ နဲ့ ကွင်းအတွင်းက အရာဝတ္ထုတွေကို အလိုအလျောက် ထိန်းချုပ်နိုင်တဲ့ (IoT) နည်းပညာတွေကိုလည်း အသုံးပြုထားတယ်လို့သိရပါတယ်။

နောက်ထပ်အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ နဲ့ မက္ကစီကို နိုင်ငံ‌တွေကတော့ တိုရန်တို ၊ ဗန်ကူဗား ၊ မက္ကဆီကိုစီးတီး စတဲ့ မြို့ကြီးတွေက ကမ္ဘာ့ဖလားကျင်းပမယ့် ကွင်းကြီးတွေကို အဆင့်မြှင်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ယခု အောက်မှာဖော်ပြပေးသွားမယ့် အားကစားကွင်းကြီး (16) ကွင်းဟာ လောလောဆယ် ရရှိထားတဲ့ ကွင်းတွေဖြစ်ပြီး ပြိုင်ပွဲနီး ကပ်လာတာနှင့်အမျှ ကွင်းအရေအတွက် ပြောင်းလဲနိုင်ပါတယ်။

တစ်ပုံချင်းစီထောက်ပြီးဖတ်ရှုပေးပါ👇


အာဖရိကတိုက်၏ အထင်ကရ သစ်ပင်ကြီး - Baobab˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚Baobab အပင်ကြီးတွေ...
25/01/2025

အာဖရိကတိုက်၏ အထင်ကရ သစ်ပင်ကြီး - Baobab
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
Baobab အပင်ကြီးတွေဟာ အာဖရိကတိုက်၏ အပူပိုင်းဒေသများတွင် တွေ့ရလေ့ရှိသော ထူးခြားဆန်းကြယ်သည့် သစ်ပင်ကြီးတစ်မျိုးဖြစ်ပါတယ်။

ဒီ Baobab အပင်ကြီးတွေဟာ အမြင့် မီတာ ၃၀ (ပေ ၁၀၀) အထိ နှင့် ပင်စည်လုံးပတ် ၁၁ မီတာ (၃၆ ပေ) အထိပင် ကြီးထွားနိုင်ကြပါတယ်။

ကာဗွန်-၁၄ နည်းပညာဖြင့် တိုင်းတာချက်များအရ အချို့ Baobab ပင်များသည် နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်ပင် အသက်ရှင်သန်နိုင်ကြောင်း တွေ့ရှိရပါတယ်။

နောက်ပြီး ဒီအပင်ကြီးတွေရဲ့ ထူးခြားချက်က သူတို့ရဲ့ ပင်စည်ပါ၊ ပင်စည်ရဲ့ အတွင်းသားမှာရှိတဲ့ တစ်ရှူးတွေဟာ ရေကို အမြောက်အများ သိုလှောင်နိုင်ပြီး ခန့်မှန်းခြေအားဖြင့် ရေတန်ချိန်ပေါင်း ၁သိန်း ၂သောင်းလောက်ထိကို သိုလှောင်ထားနိုင်တယ်လို့ဆိုပါတယ်။

ခြောက်သွေ့တဲ့ ရာသီရောက်လာတဲ့အခါ ဒီ Baobab အပင်ကြီး‌တွေဟာ ပင်စည်ထဲမှာ သိုလှောင်ထားတဲ့ ရေကို အသုံးပြုပြီးတော့ အသက်ရှင်ကြတာဖြစ်ပါတယ်။

ထို့အပြင် Baobab အပင်များသည် ဒေသခံလူမှုအသိုင်း အဝိုင်းများအတွက် အလွန်အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်း၏ အစိတ်အပိုင်း အားလုံးဟာ အလွန်အသုံးဝင်ပါတယ်။

Baobab အသီးဟာ ဗီတာမင်စီ၊ အမျှင်ဓာတ်နှင့် အောက်ဆီဂျင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး ၎င်း၏ အစေ့မှ ထုတ်ယူသော အဆီသည်လည်း အစား အစာ နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လွန်စွာအသုံးဝင်ပါတယ်။


ဟီရိုရှီးမား - (ငရဲမီး မှ ထမြောက်နိုင်သောမြို့)
25/01/2025

ဟီရိုရှီးမား - (ငရဲမီး မှ ထမြောက်နိုင်သောမြို့)

ဒါဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ Petrified Forest အမျိုးသားဥယျာဉ်အတွင်းမှာတည်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်...
25/01/2025

ဒါဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ Petrified Forest အမျိုးသားဥယျာဉ်အတွင်းမှာတည်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်ဖြစ်ပါတယ်။

Petrified Forest National Park ထဲက ဒီကျောက်ဖြစ် ရုပ်ကြွင်းသစ်ပင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၅ သန်းလောက်က Triassic ကာလမှာ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီအချိန်တုန်းက ဒီနေရာဟာ စိမ့်မြေတွေနဲ့ ဖုံးလွှမ်းနေတဲ့ သစ်တောအုပ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ သစ်ပင်တွေ သေဆုံးပြီးနောက် မြစ်ရေထဲမျောပါသွားပြီး ရွှံ့နွံတွေနဲ့ ဖုံးအုပ်ခံခဲ့ရပါတယ်။

အောက်ဆီဂျင်ပြတ်တောက်သွားတဲ့အခါ သစ်သားတွေ
မဆွေးမြေ့တော့ဘဲ မြေအောက်ရေထဲက သတ္တုဓာတ်တွေ (အဓိက ဆီလီကာ) က သစ်သားရဲ့ ဆဲလ်တွေထဲကို စိမ့်ဝင်ပြီး မူလအရာဝတ္ထုတွေကို အစားထိုးသွားပါတယ်။

ဒီလိုနဲ့ သစ်သားဟာ ကျောက်သားလို မာကျောသွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်တွေ ဖြစ်လာတာပါ။


အီစတာကျွန်းမှ လျှို့ဝှက်ဆန်းကြယ် မိုအိုင်ရုပ်ထုများ˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚အီစတာက...
25/01/2025

အီစတာကျွန်းမှ လျှို့ဝှက်ဆန်းကြယ် မိုအိုင်ရုပ်ထုများ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
အီစတာကျွန်း (Rapa Nui) သည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ချီလီနိုင်ငံပိုင် နယ်မြေတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

သို့သော် ထိုကျွန်းငယ်လေးသည် ကမ္ဘာတစ်ဝှမ်းမှ လူအများကို ဆွဲဆောင်နိုင်သော အကြောင်း ရင်းတစ်ခု ရှိနေပါပါတယ်။ထိုအရာကတော့ မီတာများစွာ မြင့်မားသော ကျောက်တုံးကြီးများကို ထုဆစ်ထားသည့် မိုအိုင်ရုပ်ထုများပင် ဖြစ်ပါတယ်။

မိုအိုင်ရုပ်ထုများသည် အီစတာကျွန်း၏ အထင်ကရ သင်္ကေတများဖြစ်ပြီး ကျွန်း၏ ကမ်းရိုးတန်းတစ်လျှောက်တွင် ရာနှင့်ချီ၍ တွေ့ရှိနိုင်ပါတယ်။ ဤရုပ်ထုကြီးများကို အဘယ်ကြောင့်၊ မည်သို့မည်ပုံ ထုဆစ်ခဲ့ကြသလဲဟူသော အချက်များနှင့် ပတ်သက်၍ သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များအကြား အငြင်းပွားမှုများ ရှိနေဆဲဖြစ်ပါတယ်။

ဤမိုအိုင်ရုပ်ထုများကို ရာပါနူအီလူမျိုးများက အေဒီ ၁၁၀၀ နှင့် ၁၆၀၀ ကြားတွင် ထုဆစ်ခဲ့သည်ဟု ယုံကြည်ရပါတယ်။ ရုပ်ထုများသည် သူတို့၏ ဘိုးဘေးဘီဘင်များ၏ ဝိညာဉ်များကို ကိုယ်စားပြုသည်ဟု ယူဆကြပြီး ကျွန်းသူကျွန်းသားများအား ကာကွယ်စောင့်ရှောက်ပေးသည်ဟု ယုံကြည်ကြပါတယ်။

ရုပ်ထုအများစုကို ကျွန်း၏ မီးတောင်တစ်လျှောက်တွင် တွေ့ရသော မီးတောင်ကျောက်သားများဖြင့် ထုဆစ်ထားပါတယ်။၎င်း မိုအိုင်ရုပ်ထုများကို မည်သို့ ထုဆစ်ခဲ့သည်ကို အတိအကျ မသိရသေးသော်လည်း ကျောက်တုံးများကို သစ်သားတုံးများနှင့် ကျောက်တုံးကိရိယာများကို အသုံးပြု၍ ထုဆစ်ခဲ့သည်ဟု ယူဆရပါတယ်။

ရုပ်ထုများကို ထုဆစ်ပြီးနောက် နေရာအသီးသီးသို့ ရွှေ့ပြောင်းခဲ့ကြပြီး ဤသို့ မီတာပေါင်းများစွာ ဝေးကွာသော နေရာများသို့ မည်သို့ ရွှေ့ပြောင်းခဲ့သည်ကိုလည်း ယနေ့အထိ အတိအကျ မသိရှိရသေးပါဘူး။ သို့သော် သစ်သားတုံးများ သို့မဟုတ် လှိမ့်စင်များကို အသုံးပြုခဲ့ကြသည်ဟု ယူဆကြပါတယ်။

ထို မိုအိုင်ရုပ်ထုများသည် အီစတာကျွန်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် သမိုင်းကြောင်းကို ဖော်ညွှန်းနေသော အထင်ကရ အမှတ်အသားများဖြစ်သည်။ ဤရုပ်ထုများသည် လူသားတို့၏ စွမ်းဆောင်ရည်နှင့် ဖန်တီးနိုင်စွမ်းကို သက်သေပြနေပြီး ကမ္ဘာပေါ်ရှိ အံ့ဖွယ်အရာများထဲမှ တစ်ခုအဖြစ် တည်ရှိနေပါတယ်။

ဒါဟာအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Sequoia National Park ထဲက Tunnel Log လို့ခေါ်တဲ့ နေရာဖြစ်ပါတယ်။ဒီနေရာရဲ့ထ...
25/01/2025

ဒါဟာအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Sequoia National Park ထဲက Tunnel Log လို့ခေါ်တဲ့ နေရာဖြစ်ပါတယ်။

ဒီနေရာရဲ့ထူးခြားချက်ကတော့ လမ်းပေါ်မှာ လဲကျနေတဲ့ အလွန်ကြီးမားတဲ့ (Sequoia) ဆီကွိုင်ယာ သစ်ပင်ကြီးကို မဖယ်ရှားပဲ လမ်းသွားလာနိုင်ဖို့အတွက် အပေါက်ဖောက်ထားတာပါ။

ဒါကြောင့် ကားတွေဟာ အဲဒီသစ်ပင်အောက်ကနေ ဖြတ်သန်းသွားလာနိုင်ပါတယ်။ Tunnel Log ဟာ Sequoia National Park ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့အတွက်လည်း အလွန်နာမည်ကြီးတဲ့
‌နေရာတစ်ခုဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနစ်ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်များ˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚...
25/01/2025

အာဖဂန်နစ္စတန်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနစ်
ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်များ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်များဟာ အာဖဂန်နစ္စတန်နိုင်ငံ၊ ဗာမီယန်တောင်ကြား (Bamiyan Valley) မှာ တည်ရှိပြီး
၆ ရာစုခန့်က တည်ဆောက်ခဲ့တဲ့ ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွား တော်ကြီး နှစ်ဆူဖြစ်ပါတယ်။ ကဘူးလ်မြို့ရဲ့ အနောက် မြောက်ဘက် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၅၀၀ မီတာ (၈,၂၀၀ ပေ) အမြင့်မှာ တည်ရှိပါတယ်။

ဒီရုပ်ပွားတော်ကြီးနှစ်ဆူကို ဟက်ဖ်သလတ် (Hephthalites) အုပ်စိုးချိန်မှာ တည်ဆောက်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အသေးဖြစ်တဲ့ အရှေ့ဘက် ဗုဒ္ဓရုပ်ပွား တော် အမြင့် ၃၈ မီတာ (၁၂၅ ပေ) ကို အေဒီ ၅၇၀ လောက်မှာ တည်ဆောက်ခဲ့ပြီး၊ အကြီးဖြစ်တဲ့ အနောက်ဘက် ဗုဒ္ဓရုပ်ပွားတော် အမြင့် ၅၅ မီတာ (၁၈၀ ပေ) ကို အေဒီ ၆၁၈ လောက်မှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

ဗာမီယန် တောင်ကြား ဟာ ရှေးခေတ် ဗုဒ္ဓဘာသာရဲ့ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး ပိုးလမ်းမပေါ်က ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရုပ်ပွားတော်ကြီးနှစ်ဆူလုံးကို တောင်စောင်း‌ကျောက်နံရံ
တစ်ခုကို ထွင်းထုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ အနောက်ဘက် ဗုဒ္ဓရုပ်ပွား တော်ဟာ ပိုကြီးပြီး အရှေ့ဘက် ဗုဒ္ဓရုပ်ပွားတော်ထက် အနည်းငယ် နောက်ကျမှ တည်ဆောက်ခဲ့တာပါ။ ရုပ်ပွား တော်တွေရဲ့ မျက်နှာ နဲ့ လက်တွေကိုတော့ အင်္ဂတေနဲ့ ပြု လုပ်ထားပြီး အလှဆင်ထားပါတယ်။

ဖျက်ဆီးခံရခြင်း
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
၂၀၀၁ ခုနှစ် မတ်လမှာ တာလီဘန်တွေက ဗုဒ္ဓရုပ်ပွား တော်နှစ်ဆူလုံးကို ဖျက်ဆီးခဲ့ပါတယ်။ တာလီဘန်ခေါင်း ဆောင် မူလာ မိုဟာမက် အိုမာရဲ့ အမိန့်နဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ ရုပ်တုအားလုံးကို ဖျက်ဆီးပြစ်ခဲ့တာပါ။ အဲဒီလုပ်ရပ်ကို နိုင်ငံတကာနဲ့ ဒေသခံတွေက ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

ဗုဒ္ဓရုပ်ပွားတော်တွေ ဖျက်ဆီးခံရပြီးနောက်ပိုင်း ယူနက်စကိုနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဗာမီယန် တောင်ကြား ကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ရုပ်ပွား တော်တွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားမှုတွေလည်း ရှိပေမယ့် အခက်အခဲတွေ များစွာရှိနေပါတယ်။

ဗာမီယန် ဗုဒ္ဓရုပ်ပွားတော်များသည် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင် ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ်ခဲ့ကြပါသည်။ ယင်းတို့ ဖျက်ဆီးခံခဲ့ရခြင်းသည် အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုပင် ဖြစ်သော်လည်း ထိုရုပ်ပွားတော်များ၏ သမိုင်းဆိုင်ရာ တန်ဖိုးနှင့် အရေးပါမှုမှာ ယနေ့တိုင် ထင်ရှားလျက်ရှိပါတယ်။


ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်‌နေတဲ့ ကမ္ဘာ့အမြင့်ဆုံးတောင် ˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚ကမ္...
25/01/2025

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်‌နေတဲ့ ကမ္ဘာ့
အမြင့်ဆုံးတောင်
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ကမ္ဘာ့အမြင့်ဆုံးတောင်များအကြောင်း ပြောဆိုကြတဲ့အခါ အများစုက ဧဝရတ်တောင်ကိုသာ ပြေးမြင်ကြမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၈၄၈.၈၆ မီတာ (၂၉,၀၃၁.၇ ပေ) နဲ့ တည်ရှိနေတဲ့ ဧဝရတ်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာ အမှန်ပါပဲ။

ဒါပေမဲ့ တောင်တစ်လုံးရဲ့ အမြင့်ကို တိုင်းတာတဲ့အခါ မတူညီတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ အခုပြောခဲ့တဲ့အတိုင်း ပင်လယ်ရေမျက်နှာပြင်အထက်ကနေ တိုင်းတာခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တောင်ရဲ့အခြေစိုက်ရာ အောက်ခြေကနေ တောင်ထွတ်အထိ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

အဲဒီဒုတိယနည်းလမ်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ ကမ္ဘာ့အမြင့်ဆုံးတောင်ဟာ ဟာဝိုင်ရီကျွန်းမှာရှိတဲ့ မောင်နာကီယာတောင် ဖြစ်ပါတယ်။ မောင်နာကီယာတောင်ဟာ ပင်လယ်ကြမ်းပြင်မှာ အခြေစိုက်ထားပြီး တောင်ထိပ်အထိ စုစုပေါင်းအမြင့် ၁၀,၂၁၁ မီတာ (၃၃,၄၉၇ ပေ) ရှိပါတယ်။ ဒါဟာ ဧဝရတ်တောင်ထက် ၁.၃ ကီလိုမီတာ (၄,၃၀၀ ပေ) လောက် ပိုမြင့်ပါတယ်။

ဒါပေမဲ့ မောင်နာကီယာတောင်ရဲ့ တစိတ်တပိုင်းဟာ ရေအောက်မှာ ရှိနေတာကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်မှာတော့ ၄,၂၀၇ မီတာ (၁၃,၈၀၂ ပေ) သာ မြင့်ပါတယ်။

ဒီအချက်ကပဲ ဧဝရတ်တောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်အဖြစ် ဆက်လက်သတ်မှတ်စေတဲ့ အဓိကအကြောင်း ရင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို တိုင်းတာတဲ့ စံနှုန်းဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်ကို အဓိကထား သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ အခြေကနေ တောင်ထွတ်အထိ အမြင့်ကို ထည့်တွက်မယ်ဆိုရင်တော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်‌နေတဲ့ မောင်နာကီယာတောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။



ပနာမားတူးမြောင်းကြီး - ကမ္ဘာ့အံ့ဖွယ်အင်ဂျင်နီယာလက်ရာ˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚ပနာမားတ...
24/01/2025

ပနာမားတူးမြောင်းကြီး - ကမ္ဘာ့အံ့ဖွယ်အင်ဂျင်နီယာ
လက်ရာ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ပနာမားတူးမြောင်းသည် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည့် လူလုပ်ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ် ရေးနှင့် ရေကြောင်းပို့ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

၎င်းသည် ပနာမားနိုင်ငံကို ဖြတ်သန်းသွားပြီး ကမ္ဘာ့အင်ဂျင်နီယာလက်ရာများထဲမှ အထင်ရှားဆုံး လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

၁၆ ရာစုအစောပိုင်းကတည်းက အဆိုပါနေရာကို ဖြတ်၍ တူးမြောင်းဖောက်လုပ်ရန် စိတ်ကူးများရှိခဲ့သော်လည်း အခက်အခဲများစွာကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာခဲ့ရပါတယ်။

ပြင်သစ်တို့သည် ၁၉ ရာစုအကုန်ပိုင်းတွင် စတင်တူးဖော်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါများ နှင့် အင်ဂျင်နီယာဆိုင်ရာ ပြဿနာများကြောင့် မအောင်မြင်ခဲ့ပေ။နောက် ပိုင်းတွင် အမေရိကန်တို့က ဆက်လက်တာဝန်ယူခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၈၂ ကီလိုမီတာ (၅၁ မိုင်) ရှည်လျားတဲ့ ပနာမားတူး မြောင်းကြီး သည် ကမ္ဘာ့ကုန်သွယ်ရေးတွင် အလွန်အရေးပါသော ရေကြောင်းလမ်းတစ်ခုဖြစ်ပါတယ်။ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာကြား ခရီးသွားလာမှုကို အလွန်တိုစေပြီး သင်္ဘောများသည် တောင်အမေရိကတိုက်ကို ပတ်၍ သွားစရာမလိုတော့ပေ။

၎င်းကြောင့် ကုန်သွယ်မှုကုန်ကျစရိတ်နှင့် ခရီးသွားချိန်ကို များစွာသက်သာစေပြီး နှစ်စဉ် သင်္ဘောပေါင်း ၁၄,၀၀၀ ကျော်သည် ဤတူးမြောင်းကို ဖြတ်သန်းသွားလာကြပါတယ်။

ကုန်သွယ်မှုတိုးတက်လာမှုနှင့်အညီ တူးမြောင်းကို ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ထပ်မံတိုးချဲ့ခဲ့ပါတယ်။ တတိယမြောက် လမ်းကြောင်းတစ်ခုကို ထည့်သွင်းခြင်းဖြင့် ပိုမိုကြီးမားသော သင်္ဘောများ ဖြတ်သန်းနိုင်စေရန် ရည်ရွယ်ခဲ့ပါတယ်။ ဤတိုးချဲ့မှုကြောင့် တူးမြောင်း၏ စွမ်းဆောင်ရည်နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် ၎င်း၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါတယ်။

ပနာမားတူးမြောင်းသည် လူသားတို့၏ စွမ်းဆောင်နိုင်စွမ်းနှင့် အင်ဂျင်နီယာဆိုင်ရာ တီထွင်ဖန်တီးနိုင်စွမ်းကို သက်သေပြသော အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ၎င်းသည် ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးကို များစွာအထောက်အကူပြုလျက်ရှိပြီး အနာဂတ်တွင်လည်း ဆက်လက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့  Sequoia National Park မှာတည်ရှိတဲ့ ဆီကွိုင်ယာအပင်ကြီးများ၊˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚...
24/01/2025

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Sequoia National Park မှာတည်ရှိတဲ့ ဆီကွိုင်ယာ
အပင်ကြီးများ၊
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
(Sequoia) ဆီကွိုင်ယာ အပင်ကြီးတွေဟာ အမြင့်ပေ ၃၀၀ ကျော် (မီတာ ၉၀ ကျော်) အထိ ကြီးထွားနိုင်ပြီး အချင်းပေ ၃၀ (၉ မီတာ) အထိ ရှိနိုင်ပါတယ်။

ဒီအပင်ကြီးတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အသက်အရှည်ဆုံး သစ်ပင်တွေထဲက တစ်မျိုးဖြစ်ပြီး နှစ်ပေါင်း ၃၀၀၀ ကျော်အထိအသက်ရှင်သန်နိုင်ကြပါတယ်။


ที่อยู่

Nonthaburi
11150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Knowledge Zoneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Knowledge Zone:

วิดีโอทั้งหมด

แชร์