Life's Scrapbook 📸 We do not remember days,
we remember moments.📸
Cesare Pavese

*တစ်လ ဘတ်၄၅၀၀*အိပ်ခန်း ၂ခန်း၊ ရေချိုးခန်း ၂ခန်း ပါ၊၂ထပ်အိမ်။Town House ၊ Central Chiangmai ဝန်းကျင် လို့ သိရ။Furniture ၊...
17/08/2024

*တစ်လ ဘတ်၄၅၀၀*
အိပ်ခန်း ၂ခန်း၊ ရေချိုးခန်း ၂ခန်း ပါ၊၂ထပ်အိမ်။
Town House ၊ Central Chiangmai ဝန်းကျင် လို့ သိရ။
Furniture ၊ AC လည်းပါမယ်လို့သိရ။
စိတ်ဝင်စားတယ်၊ ဆက်သွယ်ရမယ့်သူရဲ့ Line Acc
လိုချင်တယ်ဆို ရင် Chat box မှာလာမေးပေးနော်။
😍😍

👆👆 ဒီ post လေးကတော့ ခွန်ထိုင်းသူငယ်ချင်းက
ဒီအိမ် တန်တယ် ဆိုပြီး လာပြောလို့ ချင်းမိုင်မှာအိမ်ရှာနေတဲ့ချစ်မိတ်ဆွေများလည်း သိရအောင် လာ share ပေးတာပါ။
အိမ်ကတော့ ဟောင်းပါတယ်ရှင့်။

အသေးစိတ်သိလိုသမျှကို ...
ကျမရဲ့ ခွန်ထိုင်းသူငယ်ချင်း Line မှာပဲ သွားမေးရပါမယ်။
ကျမက အသေးစိတ်မသိပါဘူးရှင့်။

#ချင်းမိုင် #ပွဲစားမဟုတ်ပါ

15/08/2024

ဒါလေးတော့ Share ထားမယ်နော်။
လိုက်လုပ်စားကြည့်မလို့😁😁

ထိုင်းစာ ထိုင်းစကားကို မြန်မာလိုနဲ့တွဲသင်ရတာ အားမရလို့ ..ထိုင်းလူမျိုးဆရာမဆီမှာ Eng to Thai တွဲပြီးသွားသင်ကြည့်လိုက်တယ်။...
14/08/2024

ထိုင်းစာ ထိုင်းစကားကို မြန်မာလိုနဲ့တွဲသင်ရတာ အားမရလို့ ..
ထိုင်းလူမျိုးဆရာမဆီမှာ Eng to Thai တွဲပြီး
သွားသင်ကြည့်လိုက်တယ်။ 😅😅

ကိုယ့်အတွက်တော့ ဒီလိုက ပိုပြီးတက်လွယ်တယ်ထင်တာပဲ။
တချို့ အသံတူလို့ရောနေတဲ့ စာလုံးတွေကို ပိုပြီး ကွဲကွဲပြားပြား သိလာရတယ်။

ခွန်ထိုင်းဆရာမဆီသင်တာ ၁ပတ် ၂နာရီနဲ့
၃လမှ ၁၂၀၀ဘတ် ပဲပေးရတယ်။

😍😍

ဒီအခြေအနေကြီးမှာ မိသားစုအလိုက် Relocation လုပ်နေရတာ.. ဘယ်လောက် ခေါင်းခြောက်ဖို့ကောင်းလဲနော်🤯🤯ချင်းမိုင်ကို Relocation လု...
13/08/2024

ဒီအခြေအနေကြီးမှာ မိသားစုအလိုက် Relocation
လုပ်နေရတာ.. ဘယ်လောက် ခေါင်းခြောက်ဖို့ကောင်းလဲနော်
🤯🤯

ချင်းမိုင်ကို Relocation လုပ်ဖို့ Plan နေတဲ့မိသားစုတွေ၊
အခုမှရောက်ပြီး အခြေချဖို့လုပ်နေကြတဲ့သူတွေ အနေနဲ့...
သိလိုတာရှိရင် လာမေးပါနော်။
သိသလောက် အကုန် ပြန် share ပေးပါမယ်။
😍😍
#ချင်းမိုင်

11/08/2024

I gained 706 followers, created 76 posts and received 2,538 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

09/08/2024

ထိုင်းရောက်ပြီးကတည်းက အမြဲတမ်း
ကိုယ့်ကိုယ်ပြန်ပြောရတဲ့ စကားတခွန်း..
*ထုယံကျဒီအိန်း..စာဓု*
*အရာရာတိုင်းဟာ အဆင်ပြေသွားမှာပါ*
😅😅

07/08/2024

ဒီအိမ်က ရောင်းပဲရောင်းတော့မယ်တဲ့။
မငှားတော့ပါဘူးလို့ အကြောင်းပြန်လာပါတယ်။ 😅😅

ဒီနေ့ San Kamphaeng District, Chiang Mai က
အရမ်း အရမ်းတန်သော အိမ်လေးကို
သွားကြည့်ဖြစ်ခဲ့ပါတယ်။

*Location* *ဆက်သွယ်ရမယ်သူရဲ့ Line ID*
သိချင်ရင် Chat box မှာလာမေးလို့ရပါတယ်။

ဒါမှမဟုတ်..

ဒီမူရင်း Post ကိုကြည့်ပြီး
ဆက်သွယ်လိုက်လို့ရပါတယ်နော်။

ကားရှိပြီး အိမ်မှာပဲအလုပ်လုပ်ကြတယ်။
အပြင်သိပ်မထွက်ဘူး ဆိုရင် နေပျော်မယ့်နေရာလေးပါ။

🔻🔻မူရင်းပိုစ့်🔻🔻
https://www.facebook.com/share/p/GsTyEZPg5LfEymMD/?mibextid=oFDknk

#ချင်းမိုင် #အိမ်မရှာပေးပါ #ပွဲစားမဟုတ်ပါ

07/08/2024

*ဘတ်*အ​ကြောင်းသိရဖို့ ဒီမှာ ဝင်ပြီးကြည့်ပါတယ်။

  ဒီအိမ်လေးက pet allow မရလို့ သွားမကြည့်ပေးတော့ဘူးနော်။ 😁😁Maejo University နားက ချင်းမိုင်မြို့ထဲကနေ မိနစ် ၃၀ လောက်သွားရ...
04/08/2024

ဒီအိမ်လေးက pet allow မရလို့ သွားမကြည့်ပေးတော့ဘူးနော်။ 😁😁

Maejo University နားက
ချင်းမိုင်မြို့ထဲကနေ မိနစ် ၃၀ လောက်သွားရသော
*၂ထပ်အိမ်၊ အိပ်ခန်း ၂ခန်း ပါ
ဒီအိမ်လေးက ၁လ ၄၅၀၀ဘတ်တဲ့။
Furniture လည်း အစုံပါတယ်။
စိတ်ဝင်စားတဲ့သူရှိရင် အိမ်သွားကြည့်ပေးပါမယ်နော်။

မူရင်း Post ကိုလည်း comment မှာ လင့်ခ်ချပေးထားပါတယ်။

😍😍
#ချင်းမိုင်

အိမ်ပြောင်းတော့မယ်ဆိုတော့Deposit တင်ထားတဲ့ထဲက ဘယ်လောက်အနှုတ်ခံရမလဲ..??ရင်တုန်နေရပြီ။😅😅ပထမဆုံးငှားနေတဲ့ အိမ်မှာတုန်းကသော့...
02/08/2024

အိမ်ပြောင်းတော့မယ်ဆိုတော့
Deposit တင်ထားတဲ့ထဲက
ဘယ်လောက်အနှုတ်ခံရမလဲ..??
ရင်တုန်နေရပြီ။😅😅

ပထမဆုံးငှားနေတဲ့ အိမ်မှာတုန်းက
သော့ချိတ် ချိတ်တဲ့ ကပ်ခွာလေးတွေကပ်မိလို့
၁ခုကို ဘတ်၅၀၀ နှုန်းနဲ့ အနှုတ်ခံရဖူးသေးတယ်။
ဒီဘက် အိမ်ရောက်တော့
အတက်နိုင်ဆုံး နံရံတွေ မျက်နှာကျက်တွေမှာ
ဘာမှကိုလျှောက်မကပ်ခဲ့ပေမယ့်
ဘယ်လိုထပ်ကြုံရမယ် မသိသေးဘူး။

ထိုင်းရောက် ရွှေမြန်မာတွေထဲမှာ
ဆိုးဆိုးရွားရွား ပေါ့နော်..အိမ် deposit ထဲက
အနှုတ်ခံခဲ့ရတဲ့ case မျိုး အတွေ့အကြုံလေးတွေရှိရင်
​sharing လုပ်ပေးသွားကြပါဦး။
😍😍

ချင်းမိုင်မှာလည်း ရေတက်လေ့ရှိတဲ့ နေရာတွေရှိပါတယ်နော်။အိမ်ငှားတဲ့အခါ သတိပြုလို့ရစေဖို့ Map လေး ရှာပြီး Share ပေးထားပါတယ်။...
01/08/2024

ချင်းမိုင်မှာလည်း ရေတက်လေ့ရှိတဲ့ နေရာတွေရှိပါတယ်နော်။
အိမ်ငှားတဲ့အခါ သတိပြုလို့ရစေဖို့ Map လေး ရှာပြီး
Share ပေးထားပါတယ်။

မိုးကြီးတဲ့နှစ်တွေမှာ Ping မြစ်က ရေလျှံလေ့ရှိပါတယ်။ မှတ်မှတ်ရရဆိုရင် ချင်းမိုင်မှာ နေတဲ့ ၃နှစ်အတွင်းမှာ
၁နှစ်တော့ ရေကြီးတာနဲ့ကြုံခဲ့ဘူးပါတယ်။

မြေပုံမှာတော့ ရေတက်လေ့ရှိတဲ့ နေရာတွေကို
1 to 7 အထိ ရေတက်နိုင်တဲ့ Level နဲ့ပြပေးထားပါတယ်။
အရောင်ချယ်ထားတဲ့ နေရာတွေအားလုံးက
ရေတက်နိုင်တဲ့နေရာတွေပါ။..

🙏အဆင်ပြေကြပါစေ🙏

#ချင်းမိုင် #ဇင်းမယ်

ချင်းမိုင်ကို အလည်လာတဲ့အခါ Hotel/Hostel တွေ ရှာရင် ဘယ်နေရာတွေမှာ ရှာသင့်လဲ??မေးကြသူများအတွက် website တစ်ခုမှာတွေ့ထားတဲ့M...
31/07/2024

ချင်းမိုင်ကို အလည်လာတဲ့အခါ Hotel/Hostel တွေ
ရှာရင် ဘယ်နေရာတွေမှာ ရှာသင့်လဲ??
မေးကြသူများအတွက် website တစ်ခုမှာတွေ့ထားတဲ့
Map လေးကို share ပေးလိုက်ပါတယ်။
အရောင်ချယ်ပြထားတဲ့နေရာတွေမှာ
ရှာကြပါလို့အကြံပြုချင်ပါတယ်။ 😍😍

28/07/2024

ချင်းမိုင်မြို့ထဲကနေ ၁၅မိနစ်လောက်
ဆိုင်ကယ်မောင်းလိုက်ရင် ပန်းခင်းတွေရှိတဲ့
Location မှာ လုံးချင်းအိမ်လေးကို
ဘတ်၇ထောင်ကျော် ဝန်းကျင် နဲ့ငှားဖို့ရှိတယ်ဆိုလို့
သွားကြည့်ဖြစ်ခဲ့ပါတယ်။

#ချင်းမိုင်
#ပွဲစားမဟုတ်ပါ #အိမ်မရှာပေးပါ

ချင်းမိုင်မှာ ကုန်ကျစရိတ်ချွေတာ ချင်ရင်အပြင်စာ မစားနဲ့ လို့ပြောတဲ့ အထဲမှာဘူဖေး မူကထဆိုင်တွေတော့ မပါဘူး။ 😁😁မူကထကို အိမ်မှ...
26/07/2024

ချင်းမိုင်မှာ ကုန်ကျစရိတ်ချွေတာ ချင်ရင်
အပြင်စာ မစားနဲ့ လို့ပြောတဲ့ အထဲမှာ
ဘူဖေး မူကထဆိုင်တွေတော့ မပါဘူး။ 😁😁

မူကထကို အိမ်မှာလုပ်စားရင်
၄ယောက်စာ အဝစားဖို့ ဘတ် ၆၀၀ကျော်လောက်ကုန်တယ်။
စားပြီးရင် ဆေးရကြောရ သိမ်းရဆည်းရ နဲ့ဆိုတော့
ဇိမ်လည်းမကျဘူး။😁😁

ဘူဖေးဆိုင်တွေမှာဆို တစ်ယောက် ဘတ် ၁၅၀ နဲ့ ၂၅၀
ကြားပဲဆိုတော့ ကုန်ကျစရိတ်က သိပ်တော့မကွာဘူးရယ်။
ဇိမ်နဲ့ထိုင်ပြီး ရှယ်ဆွဲ လို့ရတာကလည်း
အားသာသေးတယ်လေနော့။

#ချင်းမိုင် #ဇင်းမယ်

ဒီဘက်မှာလေ ဆေးရုံသွားပြတဲ့အခါလုပ်လေ့ရှိကြတဲ့အပြုအမူလေးတစ်ခုရှိတယ်။ကျမ အပါအဝင်ပေါ့။အဲ့ဒါက ကျမတို့ မြန်မာဘက်မှာဆေးစစ်ထားတဲ...
23/07/2024

ဒီဘက်မှာလေ ဆေးရုံသွားပြတဲ့အခါ
လုပ်လေ့ရှိကြတဲ့အပြုအမူလေးတစ်ခုရှိတယ်။
ကျမ အပါအဝင်ပေါ့။

အဲ့ဒါက ကျမတို့ မြန်မာဘက်မှာဆေးစစ်ထားတဲ့
ဆေးစာအုပ်တွေကို ဒီဘက်က ဆရာဝန်ကို ပြတက်ကြတာပဲ။

အဲ့ကြရင် တချို့ကတော့ ဝတ်ကျေတန်းကျေ
ဖတ်ကြည့်ကြပါတယ်။
ဒါပေမယ့် တော်တော်များများကတော့
မဖတ်ကြည့်တာများတယ်။ မလိုဘူးလို့ပြောလေ့ရှိတယ်။

ကျမအနေနဲ့အကြံပေးချင်တာက
ဆေးရုံသွားတော့မယ်ဆိုရင်
ကိုယ့်ရောဂါ History ကို
ကိုယ်တိုင်ပြောပြတက်အောင်လုပ်ထားသင့်ပါတယ်။

ပြီးရင်..
လက်ရှိဘာဆေးတွေ သောက်နေလဲမေးတဲ့အခါ
ကိုယ်က သွေးတိုးကျဆေး သောက်နေရတယ်၊
လေးဖက်နာရောဂါအတွက် ဆေးသောက်နေရတယ်၊
စသဖြင့် ပေါ့နော် ရောဂါ နာမည်လေးနဲ့တွဲပြောပြလိုက်ရင်
ရတယ်။

ကိုယ်သောက်နေတဲ့ ဆေးနာမည်တွေကို ​ပြောပြတာ
ဆေးစာ ဖတ်ခိုင်းတာမျိုးတွေကို ရှောင်သင့်ပါတယ်။
ဘာလို့ဆို ဟိုဘက်မှာ သုံးနေတဲ့ဆေးနာမည်တွေကို
များသောအားဖြင့် သူတို့မသိကြပါဘူး။

ကျမတို့တွေကလေ ဆေးအခေါ်အဝေါ်တွေ
ရောဂါအခေါ်အဝေါ်တွေကို Eng လိုမမှတ်မိတော့
ဆေးစာအုပ်ပဲထိုးပြလေ့ရှိကြတာပေါ့နော်။

ဟိုမှာလည်း ဒီလိုပဲလုပ်ခဲ့ကြတာဆိုတော့လေ။

ဒါပေမယ့် ကိုယ့်ရောဂါ၊ ကိုယ်သောက်တဲ့ဆေး
စသဖြင့်ပေါ့လေ.. အတက်နိုင်ဆုံးသိအောင်လေ့လာပြီး
ဆေးရုံသွားပြ တာပိုကောင်းပါတယ်လို့
အကြံပြုချင်ပါတယ်ရှင့် 🥰🥰

အဆင်ပြေကြပါစေရှင့်🙏🙏

#ချင်းမိုင် #ဇင်းမယ်

ချင်းမိုင်မှာ အိမ်ငှားဖို့ ဘယ်လိုရှာရမလဲ??ကျမကတော့ အိမ်ငှား post တွေ တင်တဲ့Group တွေကို Join ထားပါတယ်။✳️ပုံမှာပြထားတဲ့ G...
21/07/2024

ချင်းမိုင်မှာ အိမ်ငှားဖို့ ဘယ်လိုရှာရမလဲ??
ကျမကတော့ အိမ်ငှား post တွေ တင်တဲ့
Group တွေကို Join ထားပါတယ်။

✳️ပုံမှာပြထားတဲ့ Group ၂ခုက
Active အဖြစ်ဆုံးနဲ့ စျေးအတန်ဆုံး Group ပါ။✳️

စာတွေကတော့ Eng လိုနဲ့ ထိုင်းလို ရေးထားကြပါတယ်။
ကျမကတော့ Translate နဲ့ဖတ်ပြီး
post တင်တဲ့သူကို တိုက်ရိုက်သွားမေးလိုက်ပါတယ်။
Eng လိုပဲမေးလို့ရပါတယ်။

(​သူတို့က Line app အသုံးများတာကြောင့်
ကိုယ်က Line acc ဖွင့်ထားပြီး
Line ကနေ ဆက်သွယ်ရင်
ပိုပြီး မြန်မြန်ဆန်ဆန် မေးလို့မြန်းလို့ ရတာပေါ့။)

66 property တို့ Perfect Home တို့လိုမျိုး
website တွေမှာ ဝင်ရှာလည်းရပါတယ်။
စျေးတော့ နည်းနည်းများတယ်လို့ ထင်ရပေမယ့်
အိမ်ငှားတဲ့သူအပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိပြီး
နေတဲ့တစ်လျှောက်လုံးမှာ အိမ်ရှင် အိမ်ငှားကြားထဲ
သေချာ ညှိနှိုင်းပေးပါကြပါတယ်။
Eng လိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတက်ကြပါတယ်။

ကျမတော့ ၂ခါလောက် Perfect Home ကနေ
ဆက်သွယ်ပြီး ငှားဖူးပါတယ်။
✳️အိမ်ငှားဘက်က အကျိုးဆောင်ခ လုံးဝပေးဖို့မလိုပါဘူး။
အိမ်ပြောင်းတဲ့အခါ အိမ်ရှင်ကရစ်ပြီး Deposit တွေ
အဆမတန်ရှုံးတာမျိုးလည်း မရှိခဲ့ပါဘူး။✳️

ဒါပေမယ့်...
အိမ်ငှားခက လစဥ်မှာ ၁၀၀၀ လောက်များနေတာကို
သတိထားမိခဲ့တာကြောင့် နောက်ပိုင်း Group တွေထဲပဲ
လိုက်ရှာဖြစ်ခဲ့တာပါ။

🙏အဆင်ပြေကြပါစေရှင်🙏

#ချင်းမိုင်

12/07/2024

ချင်းမိုင်မှာ အိမ်၊ တိုက်ခန်းရှာနေတာ၊
ဘယ်နေရာ နေလို့ကောင်းလဲ??
မေးကြတဲ့သူတွေကို ..
Maya Shopping Mall နောက်ကျောဘက်
Jed Yod လမ်းတစ်ဝိုက်လည်း ရှာကြည့်ဖို့
အကြံပြုချင်ပါတယ်။

အဲ့နားတဝိုက်က အခန်းတွေက..

ED VISA ရှိမှငှားလို့ရတဲ့ အဆောင်အခန်းတွေဆို
ဘတ် ၃၅၀၀ တန်က စရှိပြီး၊
Condo အခန်းတွေကတော့
Ac/studio room တွေကို
ဘတ် ၅၅၀၀ တန်က စပြီးရှိပါတယ်။

လုံးချင်းအိမ်တွေကတော့
ဘတ် ၁၀၀၀၀ ဝန်းကျင်တွေများပါတယ်။

ရပ်ကွက်တွေက တိတ်ဆိတ်ပြီး
သန့်ရှင်းပါတယ်။
ရေသန့်စက် ၊ အဝတ်လျော်စက်နဲ့
အိမ်ဆိုင်လေးတွေကတော့ လမ်းတိုင်းမှာ
ရှိပြီး Jed Yod- Chang Khian လမ်းပေါ်တက်လိုက်ရင် ...
🔻20တန်ဆိုင်၊ 7/11၊ Lotus၊ Big C အသေး
🍝စားသောက်ဆိုင်တွေ၊
🍺ညစျေးတန်းတွေနဲ့ စည်ကားပါတယ်။

https://maps.app.goo.gl/11z1gDCBkZuhyzQw5

#ချင်းမိုင်

ဟေ့!! You တို့ ..ချင်းမိုင်​မြို့ထဲကို ခြေချဖို့ အစီအစဥ်ရှိပြီဆိုရင်You တို့ ဖုန်းထဲမှာ Bolt နဲ့ Maxim app ထည့်ထားဖို့ လ...
09/07/2024

ဟေ့!! You တို့ ..
ချင်းမိုင်​မြို့ထဲကို ခြေချဖို့ အစီအစဥ်ရှိပြီဆိုရင်
You တို့ ဖုန်းထဲမှာ Bolt နဲ့ Maxim app
ထည့်ထားဖို့ လိုပြီနော်။

ဘာလုပ်ဖို့?
ကားတွေ၊ ဆိုင်ကယ်တွေခေါ်ဖို့ပေါ့။

Maxim က Bolt ထက်စျေးသက်သာတယ်။
ဒါပေမယ့် တခါတလေ စောင့်ရတာ အရမ်းကြာတာ နဲ့
location တွေ လွယ်လွယ်ရှာမရတာမျိုးတော့ရှိတယ်။

ပုံထဲမှာ Maya to Central Chiang Mai ကို
ခေါ်တဲ့ စျေးနှစ်ခု ယှဥ်ပြထားပေးတယ်။

မမေ့နဲ့နော် ...
Grab နဲ့ဆို ချင်းမိုင်ထဲ မကိုက်ဘူးရယ်။

#ချင်းမိုင်

04/07/2024

ရောက်ခါစက ဂျင်းမိတာလေးတစ်ခုပြောပြထားပါတယ်။
ဆေးရုံဆေးခန်းကိစ္စပါ။ You တို့က Vist Visa နဲမို့လို့
အစိုးရဆေးရုံ ပြလို့ မရဘူးလား?? ရလား ??
သိချင်ရင် ကြည့်ပါလို့။ 😍😍
#ချင်းမိုင် #ဇင်းမယ်

miss you...Mandalay🤍( လေပြေရယ်ညှင်းပါလို့ ညနေ နေရီရီမှာ ရေပြင်ကျယ် လှိုင်းကလေးများ ညင်သာရှူမငြီးနိုင်ပါ...) ဟိုး..တုန်းက...
01/07/2024

miss you...
Mandalay🤍
( လေပြေရယ်ညှင်းပါလို့ ညနေ နေရီရီမှာ
ရေပြင်ကျယ် လှိုင်းကလေးများ ညင်သာ
ရှူမငြီးနိုင်ပါ...)

ဟိုး..တုန်းက ဒီလိုအချိန်ဆို မန္တလေးဘက်
အမြဲရောက်ဖြစ်တယ်လေ။

အရင်ကတော့ မန်းလေးကို
ဒီလိုကြီး လွမ်းနေရလိမ့်မယ်လို့
တွေးတောင်မတွေးမိဘူးရယ်။

အမြဲလိုလိုရောက်ဖြစ်နေတာကိုး။

အခုတော့..
တောင်တမန်အင်း နားက အကြော်ဆိုင်
မန်းလေးမုန့်တီ၊ နို့ခဲဟင်း၊ ဇလုံကြီးထမင်း
ညဘက်ထွက်စားဖြစ်တဲ့ အကင်ဆိုင်တွေ..
ကီးမားပလာတာ
စားခဲ့ သွားခဲ့ ဖူးသမျှ အကုန်ကို လွမ်းနေတော့တာ။
🍝🍝
📸 2018,Mandalay

Wat Jed Yot, Chiang Mai, Thailand
27/06/2024

Wat Jed Yot, Chiang Mai, Thailand

အို..ပုဇွန်ခြောက်ရယ်..မူးလိုက်တာကွယ်။
25/06/2024

အို..ပုဇွန်ခြောက်ရယ်..
မူးလိုက်တာကွယ်။

Kew Fin@Mae Kampong Village
21/06/2024

Kew Fin@Mae Kampong Village

ဒီ Page လေးက စဖွင့်တုန်းကတော့ကျမ မြန်မာပြည်ထဲမှာ ခရီးသွားဖြစ်သမျှဗွီဒီယို မှတ်တမ်းတိုလေးတွေကို အမှတ်တရ သိမ်းထားဖို့ရည်ရွ...
16/06/2024

ဒီ Page လေးက စဖွင့်တုန်းကတော့
ကျမ မြန်မာပြည်ထဲမှာ ခရီးသွားဖြစ်သမျှ
ဗွီဒီယို မှတ်တမ်းတိုလေးတွေကို
အမှတ်တရ သိမ်းထားဖို့ရည်ရွယ်ပြီး
ဖွင့်ခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် ..
ကိုဗစ် မတိုင်ခင် လေးက စပြီး
ခရီးမထွက်ဖြစ်တော့တာကြောင့်လည်း
page ကို ပစ်ထားမိခဲ့ပြီး။

အဓမ္မဝါဒီ...ကြောင့် ပြည်​ပထွက်ခွာလာရတဲ့နောက်ပိုင်း...
စိတ်ဓါတ်ကျတာတွေ၊
အသက်တွေ၊ ဘဝတွေကို စွန့်လွှတ်ထားကြတဲ့
လူတွေ ကို အားနာမိတာတွေကြောင့်ရယ်။

ကိုယ်တိုင်က ဘယ်နေရာ ဘယ်ဒသပဲရောက်ရောက်
အော်..ငါတို့ နိုင်ငံကတော့..ဆိုတဲ့ စိတ်တွေနဲ့
အပြည့်အဝ မပျော်နိုင်တာတွေကြောင့်..
video clip လေးတွေလည်း မရိုက်ဖြစ်ခဲ့သလို
page မှာ တင်ဖို့လည်း စိတ်ကူးမရှိခဲ့ပါဘူး။

အခုရက်တွေထဲမှ fb ရဲ့ ဘောနပ်ဂယက်ကြောင့်
page လေးကို သတိတရ ကြည့်မိတော့
ဘောနပ်ရကိန်း အလစ်တဲလေးမြင်ရလို့
ဟိုဟိုဒီဒီ လေးတွေ လျှောက်တင်ဖြစ်တာပါ။

ဒါကြောင့် မျက်စိနောက်အောင်လုပ်မိခဲ့ရင်
တောင်းပန်ပါတယ်လို့..🙏🙏
ခေါ်ထို့ခ ထုခွန်း 🙏🙏

16/06/2024

ဒါကတော့ တင်းဂွေနေ့မှာ ဖွင့်တဲ့
အခွန်လွတ်စျေးလို ပုံစံ စျေးတန်းလေးပါ။

များသောအားဖြင့် ဟင်းသီး၊ ဟင်းရွက်တွေကို
၁၀ဘတ် တန် အပုံလေးတွေ၊ အစည်းလေးတွေ
လုပ်ပြီး ရောင်းကြပါတယ်။

မိသားစုနည်းလို့ များများစားစား မဝယ်ထားချင်ရင်..
ဟင်းရွက်လောက်ပဲ ၂ရက် ၃ရက်စာ ဝယ်ချင်တဲ့
သူတွေ အတွက် အရမ်းတန်ပါတယ်။

ကျမတို့ ရောက်ခါစက ဒီလိုစျေးတွေရှိတာမသိခဲ့တော့
ချင်းမိုင်မှာ ဟင်းရွက်တွေစျေးကြီးတယ် ချည့်
ညည်းခဲ့ကြတာပေါ့။

အခုသိသွားတော့ အကုန်အကျ အရမ်းသက်သာပဲ။

ချင်းမိုင်မှာ သတိထားကြည့်ရမှာကလေ
Fresh Market တချို့မှာ
ကုန်စိမ်းအစုံရောင်းတဲ့ အသည်တွေက
စျေး ၂ဆလောက်များတယ်။

တောစျေးလိုမျိုး၊ အခွန်လွတ်စျေးလိုမျိုး
ကုန်စိမ်း တစ်မျိုး နှစ်မျိုးကို လာပုံရောင်းတဲ့
အသည်တွေဆို.. အရမ်းသက်သာတယ်။

🔻location က နီးစပ်ရာပြထားပေးတာနော်။ 🔻
စျေးတန်းနေရာက အဲ့နားလေးပဲ..လမ်းမကြီးဘေးပဲ။

တင်းဂွေ နေ့ ညနေဖွင့်ပါတယ်။..ကျန်တဲ့ရက်မရှိပါဘူး။
ဗုတ်ဒဟူးနေ့ ဖွင့်ပေမယ့် သိပ်တော့ မစည်ပါဘူး။

ညနေ ၄နာရီလောက်ကနေ ၇နာရီကြားထဲသွားလို့ရပါတယ်။

https://maps.app.goo.gl/6kxMMhh6o18FJtLA7

#ချင်းမိုင် #ဇင်းမယ်

"Dantewada - Land of Angels Waterfall Park"လူလုပ်ရေတံခွန်ဆိုပေသိ အရမ်းလှပြီးအေးချမ်းတဲ့နေရာလေးပေါ့။အထဲမှာ ဝူခုန်းကားထဲကလ...
15/06/2024

"Dantewada - Land of Angels Waterfall Park"
လူလုပ်ရေတံခွန်ဆိုပေသိ အရမ်းလှပြီး
အေးချမ်းတဲ့နေရာလေးပေါ့။

အထဲမှာ ဝူခုန်းကားထဲကလို
ရေတံခွန်အောက် လှိုဏ်ဂူလည်းရှိတယ်။

ပန်းခင်းအကျယ်ကြီးလည်းရှိတယ်။

ဓာတ်ပုံရိုက်စရာ နေရာတွေလည်းအများကြီးပဲ။

ထိုင်စရာ ကော်ဖီဆိုင်လေးလည်းရှိသလို
မုန့်စျေးတန်းလည်းရှိသေးတယ်။

Park ထဲမှာ ရေမှုန်လေးတွေ ဖွင့်ထားတော့
ကြမ်းခင်းတွေက အမြဲရေစိုနေတာမို့
သတိတော့ထားပြီးလျှောက်ရမယ်နော်။

ဝင်ကြေး က လူကြီး ၁ယာက်ကို ၁၀၀ အောက်ပဲ။

၇၀ဘတ်လား ၈၀ဘတ်လား မမှတ်မိတော့လို့။

pet လေးတွေတော့ ခေါ်သွားလို့မရဘူးထင်တယ်။
မေးတော့မမေးကြည့်ခဲ့မိဘူး။

အထဲ မှာ pet လေးတွေ ခေါ်လည်တဲ့သူ မတွေ့ခဲ့လို့
မရဘူးထင်လိုက်တာပဲ 😅😅

Location🔽🔽
https://maps.app.goo.gl/Xwy4hjtniLofyHoQ9

စျေးထဲမှာ စားပင်သီးပင် ပျိုးပင်ပေါက်တွေလည်းရောင်းတယ်။ပင်စိမ်းပင် ၊ တရုတ်နံနံ ပင်တွေလည်း အိုးလေးနဲ့ဝယ်ထားလို့ရသေးတယ်။ဒီစျ...
14/06/2024

စျေးထဲမှာ စားပင်သီးပင်
ပျိုးပင်ပေါက်တွေလည်းရောင်းတယ်။

ပင်စိမ်းပင် ၊ တရုတ်နံနံ ပင်တွေလည်း အိုးလေးနဲ့
ဝယ်ထားလို့ရသေးတယ်။

ဒီစျေးက ဗုဒ္ဓဟူးနေ့ နဲ့ တနင်္ဂနွေ နေ့ပဲဖွင့်တာ။
ညနေ ပိုင်းလေးပဲ ဖွင့်တဲ့စျေးတန်းလေး။

နေရာက အခု location ပြထားတဲ့ နားလေးပဲ။🔽🔽
https://maps.app.goo.gl/JeTpuGsBgn1Le6oJ6

#ချင်းမိုင်

13/06/2024

ဘတ် ၁၀၀၀ တန်တစ်ရွက်နဲ့ မိသားစု၄ယောက်စာအတွက်
၁ပတ်စာ စျေးဝယ်ပြပါမယ်။‼️full review‼️
ဘယ်လောက်ကုန်သွားမလဲ လိုက်ကြည့်ကြပါဦးနော် 😍

ချင်းမိုင်မှာ အခြေချနေထိုင်မယ့်သူတွေ အနေနဲ့
သလာမွန်းမိုင်စျေးကို မသွားမဖြစ် သွားဖူးအောင်သွားကြည့်ပါလို့...
အသီးအရွက်ကတော့ အရမ်းတန်ပါပဲရှင်။
Location🔽🔽
https://maps.app.goo.gl/JybVWKDnsEuzCqh58

#ချင်းမိုင်

ที่อยู่

JOD YOD
Muang Chiang Mai
50300

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Life's Scrapbookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์



คุณอาจจะชอบ