15/05/2024
" အရာရာဟာဧည့်သည်ပါ "
တယောက်ယောက်ကထားခဲ့ရင်
ဝမ်းမနည်းပါနဲ့
သင်လျှောက်မယ့်လမ်းကို
သူမလိုက်ချင်လို့လည်းဖြစ်နိုင်သလို
သူသွားမယ့်လမ်းမှာ
သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်
ဘယ်ခရီးကိုမှ
အစအဆုံးတူတူသွားရမယ်လို့
ဘယ်သူကမှမသတ်မှတ်ထားသလို....
ဘယ်သူလိုက်လိုက် မလိုက်လိုက်
သင်ကတော့သွားနေရဦးမှာဖြစ်ပါတယ်
သင်ပါပါ မပါပါ
သူလည်းဆက်လျှောက်နေမှာဖြစ်ပါတယ်
ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ်
အဖေနဲ့အမြဲနေမယ်
အမေနဲ့ပဲတူတူနေမယ်
ဒီသူငယ်ချင်းတွေနဲ့ဘယ်တော့မှမခွဲဘူး
ငါ့ချစ်သူနဲ့ငါတသက်လုံးတူတူနေမှာ...
စတဲ့ အတွေးတွေတွေးခဲ့ဖူးတယ်
တကယ်တော့
ကျွန်တော်တို့က
ကံဆုံလို့သံသရာရထားပေါ်မှာ
ခဏလာတွေ့တာကို
ဘဝတစ်ခုလုံးစာလို့ ထင်ခဲ့ကြတာပါ
ကိုယ်အရင်ဆင်းရတဲ့အခါ
သူတို့ကိုပါဆင်းခဲ့ဖို့ခေါ်ပေမယ့်လည်း
သူတို့မလိုက်နိုင်ကြသလို....
သူတို့အရင်ဆင်းသွားတဲ့အလှည့်မှာလည်း
ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး
သေချာတာကတော့
သူတို့လည်း မသေမချင်းသူတို့ရွေးထားတဲ့လမ်းကို
လျှောက်နေရတာဖြစ်ပြီး
ကိုယ်ကလည်း
ကိုယ့်လမ်းကိုယ်လျှောက်ရင်း
သူတို့နဲ့လမ်းမှာ မသေခင်ခဏတွေ့တာဖြစ်ပါတယ်
တွေ့တဲ့အချိန် ခဏလေးမှာ
ချစ်ကြ သံယောဇဉ်တွေတွယ်ကြ
မုန်းကြ ဆဲကြ ဆိုကြနဲ့
အချိန်စေ့ရင် ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရမှာ
ဖြစ်ပါတယ်
ခဏခဏ လူသစ်တွေနဲ့ထပ်တွေ့ရပြီး
ခဏခဏ ခွဲရပြန်တယ်
ခဏခဏပျော်ရွှင်ရပြီး
နောက်တော့ ခဏခဏ ငိုရင်းခွဲရပြန်တယ်
ခဏခဏ လွမ်းမိကြသလို
တခါတလေလည်း နာကျည်းတက်ကြပြန်တယ်
ဒါ့ကြောင့်
သင့်ဘဝထဲကို လူသစ်တွေဝင်လာရင်
သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါ
ကြိုတွေးထားပါ
ကိုယ်ထားခဲ့ရမယ့်အချိန်ကိုပြင်ဆင်ထားပြီး
သူတို့ထားခဲ့ရင်လည်း
ကိုယ်ဘယ်လိုရှင်သန်ပြီး
ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ
သူတို့လာနေတုန်းကို
ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ
သူတို့မရှိရင်လည်း သင်နေတက်အောင်ပြင်ဆင်ထားပါ
အပြုံးတွေတောင် ခဏပဲခံရင်
အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့
အလွမ်းတွေကို အရသာမခံချင်ပါနဲ့
အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့
တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင်
ပြန်ချိန်ရောက်ရင်လည်း
ဖက်တွယ်မထားပဲ
လမ်းခွဲတက်အောင်ကြိုးစားပါ
ဟုတ်ကဲ့
ကျွန်တော်တို့ဘဝနဲ့
ကျွန်တော်တို့နှလုံးသားတွေထဲမှာ.....
အကြာကြီးရှိမနေမှာသေချာတဲ့သူတွေနဲ့
အကြာကြီးဖြစ်နေမှာမဟုတ်တဲ့
ကိစ္စတွေကိုထည့်ပြီး သော့ခပ်မထားပါနဲ့
ခဏလာပြီး ခဏနေပြန်ထွက်သွားမယ့်
ဘယ်သူ့ကိုမဆို
အတင်းအကြပ်ဆုပ်ကိုင်မထားပါနဲ့
မသွားပါနဲ့လို့ မတားပါနဲ့...
ဝင်လာပါစေ...
ပြန်သွားချင်သွားပါစေ....
လာနေတုန်းလေးမှာ ပြုံးနေပြီး
ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ
Credit to Original Write