Sooper Digital Marketing Maesot

Sooper Digital Marketing Maesot သင့်လုပ်ငန်းတွေ အောင်မြင်ဖို့ 𝗦𝗢𝗢𝗣𝗘𝗥 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 နဲ့ အတူလက်တွဲစို့

ကိုယ့်ရဲ့ Online Business တစ်ခုလုံး Run နေတဲ့ page လေးကို ထိထိမိမိ မသုံးနိုင်မှာ စိုးရိမ်နေမိပြီလား 🤔အပြိုင်အဆိ...
17/05/2024

ကိုယ့်ရဲ့ Online Business တစ်ခုလုံး Run နေတဲ့ page လေးကို ထိထိမိမိ မသုံးနိုင်မှာ စိုးရိမ်နေမိပြီလား 🤔

အပြိုင်အဆိုင်များတဲ့ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ ကိုယ့်ရဲ့ စီးပွားရေးတစ်ခုလုံးကို လူသိအောင် လုပ်ပေးနေတဲ့ page တစ်ခုဟာ အရမ်းအရေးပါပါတယ်။

ဒီလို အရေးကြီးတဲ့ page ကို အထာကျကျ ထိမိစွာ မသုံးနိုင်မှာကို စိုးရိမ်နေမိပြီဆိုရင် စိုးရိမ်ပူပန်မှုတွေကို လုံးဝပျောက်သွား‌အောင်လုပ်ပေးမဲ့ အကောင်းဆုံးအဖြေကို 𝐒𝐨𝐨𝐩𝐞𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှ လုပ်ငန်းရှင်များလက်ထဲအရောက် ယူဆောင်လာပြီနော်… 🤗

ကိုယ့်ရဲ့ page လေးကို

✅ Reach ကောင်းကောင်းနဲ့ ဈေးကွက်ထဲကို ထိုးဖောက်ချင်တယ်
✅ ပုံ၊ စာတွေကို သပ်သပ်ရပ်ရပ်၊ Strategic ကျကျလေး တင်ချင်တယ်
✅ ကောင်းမွန်တဲ့ Brand Image တစ်ခုကိုလည်း တည်ဆောက်ချင်တယ်ဆိုရင်တော့
𝐒𝐨𝐨𝐩𝐞𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 တစ်ဖွဲ့လုံးဟာ လုပ်ငန်းရှင်တွေရဲ့ အနောက်မှာ အသင့်ရှိနေပါပြီခင်ဗျာ

💠 စာတစ်ကြောင်းဆို တစ်ကြောင်း ဖတ်လိုက်တာနဲ့ စွဲမက်သွားစေမဲ့ Content အလန်းစားတွေ
💠 ဖျတ်ခနဲ ကြည့်လိုက်မိတာတောင် Screen ကို ပြန်ပွတ်ဆွဲပြီး ထောက်ကြည့်မိရလောက်တဲ့အထိ ဖြစ်စေမဲ့ Visual Design အမိုက်စားတွေ
💠 ဝယ်ယူသူတွေဆီ ကောင်းမွန်တဲ့ Reach နဲ့ ထိမိတဲ့ Target တွေနဲ့အတူ ယူဆောင်လာပေးမဲ့ အကြမ်းစား Media Buying Method တွေကို
𝐒𝐨𝐨𝐩𝐞𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကနေ အမြန်ဆုံးနဲ့ အကောင်းဆုံး ရှယ် Service တွေ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်ဗျို့ …💙

ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို တိုးတက်အောင်မြင်လိုတယ်၊ ရောင်းအားကောင်းပြီး လူသိများစေချင်တယ်ဆိုရင် 𝐒𝐨𝐨𝐩𝐞𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကိုသာ သတိရလိုက်တော့နော် 😉✨

အသေးစိတ်ဆက်သွယ်မေးမြန်းလိုတယ်ဆိုရင်
📩 Page Messenger
☎️ Mobile : +660630096143
📧 Email: [email protected] တို့ကို စုံစမ်းနိုင်ပါတယ်။

" ကိုယ့်အွန်လိုင်းစီးပွားရေးကို နောက်ကျမကျန်ခဲ့အောင် ဒီ Tips တွေနဲ့ ကြိုပြင်ဆင်ဖို့လိုပြီ "အရှိန်အဟုန်နဲ့ သွားနေတဲ့ Digi...
17/05/2024

" ကိုယ့်အွန်လိုင်းစီးပွားရေးကို နောက်ကျမကျန်ခဲ့အောင် ဒီ Tips တွေနဲ့ ကြိုပြင်ဆင်ဖို့လိုပြီ "

အရှိန်အဟုန်နဲ့ သွားနေတဲ့ Digital ရေစီးကြောင်းမှာ ကိုယ့်ဘက်က အလျင်မီနဲ့လိုက်ပြီး စီးဆင်းနိုင်ဖို့အတွက် ပြင်ဆင်မှုနည်းနည်းလေးကိုတောင် ကြိုမလုပ်ထားဘူးဆိုရင်တော့ နောက်မှာပြတ်ကျန်ခဲ့ဖို့က လက်တကမ်းအလိုမှာပဲဖြစ်လို့

ရုန်းထွက်ချင်သူတွေအတွက် page တွေကို Analysis လုပ်တိုင်း Consultation လုပ်တိုင်း သုံးသပ်ဖြစ်ခဲ့တဲ့ အခြေခံသတ်မှတ်ချက်လေးတွေကို ပြန်ပြောပြပေးပါမယ် ...

⚠️ (1) Location Map တွေမဖြစ်မနေထည့်ထားဖို့
( page မှာထည့်ရုံတင်မကဘဲ Google မှာပါထည့်ထားဖို့လိုပါတယ်)

⚠️ (2) Page Call To Action Button မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ထားဖို့
(Page တင်မကဘဲ Post တိုင်းမှာပါ CTA ကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့ Google Map ပါ ပါအောင် ထည့်ထားဖို့ လိုပါတယ်)

⚠️ (3) Page Reply တွေကို မိနစ် (30) အတွင်းဖြေဖို့
(တတ်နိုင်ရင် နာရီဝက်ထက်ပိုမနောက်ကျပါစေနဲ့ ဝယ်မဲ့ Customer ကို စောင့်ခိုင်းပြီး အစမှာတင် Trust မဖြစ်အောင်မလုပ်ပါနဲ့)

⚠️ (4) Message Reply လုပ်တဲ့အခါ Labels တွေမဖြစ်မနေတပ်ထားဖို့
(Potential Customer တွေရှိတဲ့အခါ Special Offer လေးတွေပို့ပေးလို့ရအောင် Label မှတ်ထားသင့်ပါတယ်)

⚠️ (5) စျေးနှုန်းထည့်ရေးဖို့

⚠️ (6) ငွေလွှဲအကောင့်တွေကို ပို့တဲ့အခါ လွှဲရလွယ်ကူစေဖို့အတွက် ပုံနှင့်တကွ Copy Text ပါ တွဲပို့ဖို့

⚠️ (7) ရွေးချယ်စရာ products တွေ စုံစုံလင်လင်ရှိဖို့

⚠️ (8) ပြိုင်ဘက်‌တွေထက်ပိုသာတဲ့ Quality / Price စတဲ့ USP Values တွေကို Offer လုပ်ပေးနိုင်ဖို့

⚠️ (9) After Sales Service တွေအတွက် Follow Up လိုက်တာမျိုး၊ Survey ကောက်တာမျိုး‌လေးတွေပါ စီစဉ်ထားဖို့

⚠️ (10) UGC Posts တွေကို Page မှာ အမြဲတင်ထားဖို့

ဒီအချက် (10) ချက်ကတော့ Online Business လုပ်ငန်းရှင်တွေအနေနဲ့ မဖြစ်မနေ add ထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပြီးတော့

ကိုယ့်အနေနဲ့ အနိမ့်ဆုံး ဒီလို (10) ချက်ကို ပြုလုပ်ထားမယ်၊ ဆက်ဆံ‌ရေးလည်းပြေပြစ်ပြီး Service လည်းကောင်း၊ အာမခံချက်လည်းရှိတယ်ဆိုရင်တာ့ မိတ်ဆွေတို့လုပ်ငန်းက တော်တော်လေးကို အဆင်ပြေနေပြီး ရှေ့ကိုရောက်ဖို့ ဦးတည်နေပြီလို့ပြောလို့ရပါတယ် ..

“ကိုယ့်ရဲ့ page ကို အန္တရာယ်အကင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဂရုစိုက်သင့်တဲ့ အချက်များ”သတ်မှတ်ချက်နဲ့ ကန့်သတ်ခ...
12/05/2024

“ကိုယ့်ရဲ့ page ကို အန္တရာယ်အကင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဂရုစိုက်သင့်တဲ့ အချက်များ”

သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေ တဖြည်းဖြည်းများလာတဲ့ Facebook Policy မှာ ကိုယ့်ရဲ့ Page လေးကို Ban ခံရခြင်းမှ ရှောင်ရှားနိုင်ဖို့ 𝐒𝐎𝐎𝐏𝐄𝐑 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှ အချက်လေးတွေကို ပြောပြပေးပါရစေ…💁🏻‍♂️

ကိုယ့်ရဲ့ page လေးကို မ Ban အောင် ဘာတွေ ဂရုစိုက်သင့်လဲ

🔺 Post တင်တဲ့အခါ အခြားသူတွေရဲ့ စာ၊ ပုံနဲ့ Video တွေကို ကိုယ့်ရဲ့ Page မှာ ပြန်တင်ခြင်းကို ရှောင်ရပါမယ်။

🔺 Branded ပစ္စည်းများကို ရောင်းချနေတဲ့ Online Page လေးများအနေနဲ့ ကိုယ်ရောင်းနေတဲ့ Brand ဟာ Register လုပ်ပြီးသား တရားဝင် ကိုယ်စားလှယ် Page ရှိထားပြီးသားဆိုရင် Brand ပစ္စည်းပုံ တင်ကာ ရောင်းနေတဲ့ ကိုယ့်ရဲ့ Page လေးဟာ Ban ခံရနိုင်ဖွယ်ရှိတာမို့ အတတ်နိုင်ဆုံး ကိုယ်တိုင်ရိုက် ပစ္စည်းပုံတွေသာ တင်ခြင်း၊ Brand Name တွေကို စာလုံးခွဲရေးခြင်း (သို့) မြန်မာလိုရေးခြင်း စတဲ့နည်းတွေနဲ့ ကာကွယ်ထားသင့်ပါတယ်။

🔺 Body Shaming ဆန်တဲ့ စကားလုံးများ၊ အမုန်းပွားစေမဲ့ စကားလုံးများ၊ ခပ်ကြမ်းကြမ်း စာသားများ သုံးကာ Post တင်ခြင်းကို ရှောင်သင့်ပါတယ်။

🔺 ဒါ့အပြင် မှားယွင်းတဲ့ အချက်အလက်တွေကို Post တင်ခြင်းမှလည်း ရှောင်သင့်ပါတယ်။

🔺 ကိုယ်မဟုတ်တဲ့ အခြားသူရဲ့ Privacy အချက်အလက်တွေကိုလည်း Post တင်ခွင့်မရှိပါဘူး။ နောက်ပိုင်းကာလတွေမှာ Messenger မှာ နှစ်ယောက်ကြား ပြောထားတဲ့ Chat တွေကို Screenshot ရိုက် Post တင်ခြင်းဟာလည်း Ban ခံရတော့မယ်လို့လည်း ပညာရှင်တွေက သုံးသပ်နေကြပါပြီ။

ကိုယ့်ရဲ့ page Ban ခံရတယ်ဆိုရင်ရော ဘာတွေ ဆက်လုပ်သင့်လဲ

🔺 ပထမဆုံးအနေနဲ့ကတော့ Facebook Team ကို ဆက်သွယ်ပြီး Appeals (အသနားခံစာ) တင်ရမှာပဲ ဖြစ်ပါတယ်။

🔺 ဥပမာ ကိုယ့် Page ဟာ ကိုယ်တိုင်ရိုက် ပုံ၊ စာသား၊ video များ ဖြစ်‌သော်လည်း copyright ကြောင့် Ban ခံရတယ်ဆိုရင် ကိုယ့်ရဲ့ Appeals ထဲမှာ ကိုယ်ပိုင်ပုံ၊စာသားနဲ့ video များ ဖြစ်ကြောင်း၊ Facebook Team အနေနဲ့ မှားယွင်းပြီး လုပ်ဆောင်လိုက်တာမို့ Restricted ဖြစ်နေရာမှ လွှတ်ပေးဖို့ စတဲ့ ကိုယ့် Page Ban ခံထားရတဲ့ အကြောင်းရင်းနဲ့ ကိုက်ညီတဲ့ Appeals ရေးကာ တင်တတ်ဖို့လည်း လိုပါတယ်။

🔺 Facebook Policy အပိုင်း ကျွမ်းကျင်တဲ့ ပညာရှင်များ၊ Digital Marketing အပိုင်းမှာ Service ပေးနေတဲ့သူများကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ page လေး တတ်နိုင်သမျှ အန္တရာယ်အကင်းဆုံးနဲ့ Reach အထိဆုံး၊ အဆင်ပြေဆုံး Run နိုင်ရန် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

နောက်ထပ် Digital Marketing ပိုင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်မဲ့အရာတွေကို 𝐒𝐎𝐎𝐏𝐄𝐑 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကနေ ဆက်လက်တင်ဆက်ပေးမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်… 🤗

ที่อยู่

Mae Sot

เบอร์โทรศัพท์

+959894210378

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sooper Digital Marketing Maesotผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sooper Digital Marketing Maesot:

แชร์