ခေတ်ဦးဧရာဝတီသတင်းမီဒီယာ Khit Oo Ayeyarwaddy News Media

ခေတ်ဦးဧရာဝတီသတင်းမီဒီယာ Khit Oo Ayeyarwaddy News Media ဧရာဝတီတိုင်းအခြေပြု သတင်းမီဒီယာဌာနဖြစ်ပါသည်။

23/01/2025

လွန်ခဲဘတဲဘ တနှစ် ရဲ့ဒီနေ့မှာ မမိုး ပြောစကား

သံတောင်ကြီး တိုက်ခိုက်ရေးကျောင်း သို့အသွား အမှတ် ၁၂ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) ပါရဂူသမားတော် ဗိုလ်မှူး အား မိသားစုဝင်များ...
03/11/2024

သံတောင်ကြီး တိုက်ခိုက်ရေးကျောင်း သို့အသွား အမှတ် ၁၂ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) ပါရဂူသမားတော် ဗိုလ်မှူး အား မိသားစုဝင်များနှင့်အတူ PDF ဖမ်းဆီးထား

နိုဝင်ဘာလ ၃ ရက်

ကရင်ပြည်နယ်၊ သံတောင်ကြီးအခြေစိုက်၊ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်
ထားဝယ်မြို့အမှတ် ၁၂ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) စစ်ကောင်စီတပ်ရင်းမှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်နှင့်
မိသားစုဝင်များအား ပဲခူးအရှေ့ခြမ်းဒေသတွင် အောက်တို
ဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးမိထားကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဗိုလ်မှူးထိန်တောက် နှင့် ကား ၁ စီး ခရီးသွားလာခွင့်စာရွက်စာတမ်း၊ ပြန်တမ်းဝင်အရာရှိကဒ်ပြား၊ ယူနီဖောင်း
ဆေးဝါးအနည်းငယ်ကို ဖမ်းဆီးမိခြင်းဖြစ်၍ ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်များကို လူအခွင့်အရေးအပြည့်အဝ
ရရှိစေရန် ဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။

တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း နှင့် အောင်ဇေယျစစ်ကြောင်း အာရှလမ်းမကြီးတွင် ထိတွေ့မှုဖြစ်၊ ခဲယမ်းများသိမ်...
27/10/2024

တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း နှင့် အောင်ဇေယျစစ်ကြောင်း အာရှလမ်းမကြီးတွင် ထိတွေ့မှုဖြစ်၊ ခဲယမ်းများသိမ်းဆည်းရမိ

အောက်တိုဘာလ ၂၇ ရက်

မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကောင်စီ၏ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အောက်တိုဘာ ၂၆ရက်နေ့ အာရှလမ်းမကြီးတနေရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်း
စစ်ဒေသ မှ ယနေ့အောက်တိုဘာလဘ၂၇ ရက်နေ့တွင်
သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်‌စီသေဆုံးဒဏ်ရာရရှိမှုစာရင်းအား အတည်ပြုနေဆဲဖြစ်ပြီး ကျည်ကာပြား ၈ခုနှင့် လက်နက်ကြီးကျည် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့ဘက်က ရဲဘော် ၃ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းဖော်ပြသည်။

ပြန်ကြားရေးတောင်ပိုင်းစစ်ဒေသ

ဖားကန့် မြို့ မှ အလွတ်သတင်းထောက် နှစ်ဦးပြန်လည်လွတ်မြောက်အောက်တိုဘာလ ၂၇ ရက်
27/10/2024

ဖားကန့် မြို့ မှ အလွတ်သတင်းထောက် နှစ်ဦးပြန်လည်လွတ်မြောက်
အောက်တိုဘာလ ၂၇ ရက်

24/10/2024

ဘုတလင်မြို့နယ် စီပါရွာ မှ အရေးပေါ်စစ်ရှောင်ပြည်သူများ
HOG (Singapore) ကူညီမှုဖြင့်အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သွားရောက်အကူအညီများပေးအပ်ခဲ့

အောက်တိုဘာလ ၂၄ ရက်

#ဘုတလင်မြို့နယ်

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ
ဘုတလင်မြို့နယ် စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက်
ဆန်၊ဆီ၊ကြက်ဥ နှင့် မာမား များလှူဒါန်း။

#အညာမြေ

23.10.2024

တွဲလက်များ - HOG (Singapore) အဖွဲ့၏
ကူညီမှုဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

အိမ်ထောင်စု ၂၀၀ အတွက်
တစ်အိမ်ထောင်လျှင် -

ဆန် ၂ပြည်၊ဆီ၅၀သါး
ကြက်ဥ၅လုံး၊မာမား ၅ထုပ်နူန်း လှူဒါန်းခဲ့ပါတယ်။

တန်းဖိုးအားဖြင့် ကျပ်သိန်း ၅၀ ကျော်ကုန်ကျခဲ့ပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဘယ်လိုအခက်ခဲတွေပဲရှိရှိ
စစ်ရှောင်ပြည်သူတွေအတွက် အတက်နိုင်ဆုံး ကူညီပေးသွားပါမယ်ဗျ"

#အညာပစ်တိုင်းထောင်လေးများ
#ပြည်သူမှာပြည်သူဘဲရှိတယ်
#အရေးတော်ပုံအောင်ရမည်

photo-အညာပစ်တိုင်းထောင်လေးများ

နေ့စဉ်သပိတ်ပွဲများအောက်တိုဘာလ ၂၄ ရက်
24/10/2024

နေ့စဉ်သပိတ်ပွဲများ
အောက်တိုဘာလ ၂၄ ရက်

05/10/2024
မင်းတို့ အရှုံး ပြည်သူ့ အပြုံးကလောင်နီလှုပ်ရှားမှုသြဂုတ်လ ၂၂ ရက်
22/08/2024

မင်းတို့ အရှုံး ပြည်သူ့ အပြုံး

ကလောင်နီလှုပ်ရှားမှု

သြဂုတ်လ ၂၂ ရက်

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဩဂုတ်လ ၁၄ ရက်
14/08/2024

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

ဩဂုတ်လ ၁၄ ရက်

လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်DDMSC သြဂုတ်လ ၁၂ ရက်ကျွန်တော်တ...
12/08/2024

လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက်
ဆက်လျှောက်
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်DDMSC

သြဂုတ်လ ၁၂ ရက်

ကျွန်တော်တို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း

"လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက်
ဆက်လျှောက်"

ခေါင်းစဥ်ဖြင့် ဒီကနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မတရား အာဏာသိမ်းပြီး လေးနှစ်နီးပါးကြာတဲ့ အခုချိန်အထိ တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးပေ။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကြောက်ရတဲ့ လူထုဆန့်ကျင်မှုဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ဗိုလ်ကျစိုးမိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အကြံအစည်တွေအတွက် အတားအဆီးဖြစ်နေပါတယ်။

လူထုအုံကြွဆန့်ကျင်မှုကို ဒီထက်မက အရှိန်မြှင့်ပြီး လူထုအာဏာတည်ဆောက်နိုင်ပါက အာဏာရှင်တွေဟာ သူတို့ရဲ့ အကြံအစည်တွေကို အကောင်ထည်ဖော်နိုင်ဖို့နေနေသာသာ အချိန်တိုအတွင်းမှာပဲ မြန်မာ့မြေပေါ်ကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။

အခုလတ်တလောမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူထုအာဏာကြောင့် အာဏာရှင်ဆန်ဆန် ပြုမူနေတဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့အကြီးအကဲတွေ တိုင်းပြည်ကနေထွက်ပြေး၊ ရာထူးကနေ နှုတ်ထွက်ကြရကုန်ပါတယ်။

ဒါ့အပြင် လူထုအာဏာတည်ဆောက်နိုင်မှုဟာ မြန်မာ့မြေပေါ်မှာ နောက်ပေါ်လာလတ္တံ့သော အာဏာရှင်အလောင်းလျာတွေကို ကာကွယ်ဖို့ ထက်မြက်ဆုံး လက်နက်တခုဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လူထုအပေါ် ဘယ်အစုအဖွဲ့ကမှ ဗိုလ်ကျအနိုင်ကျင့်ခွင့်မရှိတဲ့၊ လူထုကိုသာ အခြေပြုထားတဲ့ လူထုအာဏာကို တည်ဆောက်နိုင်အောင်ကြိုးစားပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် ဆက်လက်လျှောက်လမ်းကြရမှာဖြစ်ပါတယ်။



#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ

11/08/2024

သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း
၉၇၄ ရက်မြောက်နေ့စစ်အာဏာရှင်ဆန့်ကျင်ရေး

ဩဂုတ်လ ၁၁ ရက်

သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း (၉၇၄)ရက်မြောက်နေ့စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်း "သွေးမအေးတဲ့ရွှေနွယ်သွေး" ဘန်နာကိုကိုင်စွဲကာစစ်အာဏာရှင်ပြုတ်ကျရေး လူထုအင်အားကောင်းကောင်းဖြင့်ချီတက်သပိတ်မှောက်ဆန္ဒပြခဲ့ကြပါသည်။

#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်
#အရေးတော်ပုံမုချအောင်ရမည်

#သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီ

11/08/2024

အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်
ယင်းမာပင်မြို့နယ်
ဩဂုတ်လ ၁၁ ရက်

ယင်းမာပင်မြို့နယ်

အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းမှ

ယနေ့ဩဂုတ်လ ၁၁ ရက်နေ့တွင်

အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း

စာသားပါသော ဗန်နားကို ကိုင်ဆောင်ပြီး

မအောင်မြင်သော အာဏာလုမှုကို ကျုးလွန်နေသည့်

စစ်ကောင်စီ ကို ဆန့်ကျင်ကန့်ကွက်ကြောင်း

ဆန္ဒထုတ်ဖော် သပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။

ที่อยู่

Mae Sot
63110

เวลาทำการ

จันทร์ 07:30 - 23:00
อังคาร 07:30 - 23:00
พุธ 07:30 - 23:00
พฤหัสบดี 07:30 - 23:00
ศุกร์ 07:30 - 23:00
เสาร์ 07:30 - 23:00
อาทิตย์ 07:30 - 23:00

เบอร์โทรศัพท์

+66628576914

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ခေတ်ဦးဧရာဝတီသတင်းမီဒီယာ Khit Oo Ayeyarwaddy News Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ခေတ်ဦးဧရာဝတီသတင်းမီဒီယာ Khit Oo Ayeyarwaddy News Media:

วิดีโอทั้งหมด

แชร์

ประเภท