ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်

ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော် အိပ်မက်တွေဆီသို့ အတူတူ ပျံသန်း .....

တပ်ဖွဲ့ရိက္ခာ အတွက် ပါဝင်အားဖြည့် ကူညီထောက်ပို့မှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ပြည်သူ့ကာကွယ...
16/01/2025

တပ်ဖွဲ့ရိက္ခာ အတွက် ပါဝင်အားဖြည့် ကူညီထောက်ပို့မှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

ထောက်ပို့ထီကံစမ်းရင်း တပ်ဖွဲ့ရိက္ခာ အတွက် ကူပါ။ #ထောက်ပို့ထီ #တပ်ရိက္ခာ
14/01/2025

ထောက်ပို့ထီကံစမ်းရင်း တပ်ဖွဲ့ရိက္ခာ အတွက် ကူပါ။

#ထောက်ပို့ထီ
#တပ်ရိက္ခာ

ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်
13/01/2025

ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

ထောက်ပို့ထီ ကံစမ်းရင်း တပ်ဖွဲ့ရိက္ခာအတွက် ဝိုင်းကူကြပါစို့။ #ထောက်ပို့ထီ
12/01/2025

ထောက်ပို့ထီ ကံစမ်းရင်း တပ်ဖွဲ့ရိက္ခာအတွက် ဝိုင်းကူကြပါစို့။

#ထောက်ပို့ထီ

နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ထောက်ပို့ထီ ထိုးလို့ရပါပြီ။တစောင်ကို (၂၀၀၀)ကျပ်ပါ ခင်ဗျာ။တပ်ဖွဲ့ရိက္ခာ အတွက် ကူရင်း၊...
10/01/2025

နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ထောက်ပို့ထီ ထိုးလို့ရပါပြီ။

တစောင်ကို (၂၀၀၀)ကျပ်ပါ ခင်ဗျာ။

တပ်ဖွဲ့ရိက္ခာ အတွက် ကူရင်း၊ ကိုယ့်ကံကိုလည်း စမ်းကြည့်ကြရအောင်ပါ။

ချမ်းအေးလှတဲ့ တောတောင်ရဲ့နေ့ညများမှာ နွေးထွေးမေတ္တာများကို မျှော်လင့်ရင်းဖြင့် ....။

#ထောက်ပို့ထီ
#နေပြည်တော်-ပကဖ

တိုက်ခိုက်ရေး တပ်သားသစ်များ အတွက် ဘားတိုက်အသစ်ဆောက်လုပ်နေပါတယ်။မိုးကာ အတွက် ဝန်းဝိုင်ကူပေးနိုင်ပါရန် တောင်းဆိုအပ်ပါသည်။ပ...
08/01/2025

တိုက်ခိုက်ရေး တပ်သားသစ်များ အတွက် ဘားတိုက်အသစ်ဆောက်လုပ်နေပါတယ်။

မိုးကာ အတွက် ဝန်းဝိုင်ကူပေးနိုင်ပါရန် တောင်းဆိုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

04/01/2025

နေပြည်တော် ပျဉ်းမနားက စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရ
~~~
■ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့က စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းငယ် တစ်ခုကို ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပျဉ်းမနားမြို့ အဟာရသုခဈေးနဲ့ ဘောဂသီရိအဝေးပြေးကားရပ်နားကွင်းကြား ကင်ပွန်းတန်းရွာ မြောက်ဘက်မှာရှိတဲ့ ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေထိုင်တဲ့ နေပြည်တော်အထိ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ သိရှိစေဖို့အတွက် အခုလိုတိုက်ခိုက်တာလို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“နေပြည်တော်ဆိုတာ ထိလို့မရဘူးဆိုတာကို ချိုးဖျက်ပြတဲ့ သဘောလည်းပါတယ်။ တစ်နိုင်ငံလုံးမှာ စစ်ရေးဖော်ဆောင်နေကြတာရှိတော့ နေပြည်တော်လို နေရာမျိုးမှာလည်း သေးသေး၊ ကြီးကြီးပေါ့နော် စစ်ရေးဖော်ဆောင်နိုင်တယ်ဆိုရင် တစ်ပြည်လုံးက တော်လှန်ရေးအင်အားစုတွေအတွက် အားတက်စေဖို့ အတွက်လည်း ပါတယ်”

ဒီတိုက်တိုက်မှုကြောင့် ထိခိုက်မှုရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ထွက်ခွာချိန် နေပြည်တော်လေဆိပ်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်းကလည်း စစ်ကောင်စီရဲ့ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ နေပြည်တော် လေတပ်နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
_________

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားတချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Photo: RFA)

#စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက်ခံရ #နေပြည်တော် #လွတ်လပ်တဲ့အာရှအသံ

ရေနွေးကြမ်းနဲ့ ဖြတ်သန်းရတဲ့ နောက်တန်းစခန်းက ရဲဘော်တွေရဲ့ နှစ်သစ်ကူးည။
31/12/2024

ရေနွေးကြမ်းနဲ့ ဖြတ်သန်းရတဲ့ နောက်တန်းစခန်းက ရဲဘော်တွေရဲ့ နှစ်သစ်ကူးည။

ယ​နေ့ကျ​ရောက်တဲ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူး​နေ့ ကစပြီး ​ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံကာ နှစ်​ပေါင်း ၇၀ ...
30/12/2024

ယ​နေ့ကျ​ရောက်တဲ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူး​နေ့ ကစပြီး ​ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံကာ နှစ်​ပေါင်း ၇၀ ​ကျော်ကြာ ရင်းနှီးပေးဆပ်ခဲ့ရ​သော ကရင့်အိပ်မက်ကို ပြည့်ဝ​အောင် အ​ကောင်အထည်​ဖော်နိုင်​သည့် နှစ်သစ် ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သင်တန်းအပတ်စဉ်(၃) အတွက် တပ်သားသစ်များ ခေါ်နေလျက်ရှိပါတယ်။ဆက်သွယ်လျောက်ထားနိုင်ပါတယ်။နွေးထွေးစွာ ကြိုဆိုလျက်ပါ။အင်အားစုဖွ...
27/12/2024

သင်တန်းအပတ်စဉ်(၃) အတွက် တပ်သားသစ်များ ခေါ်နေလျက်ရှိပါတယ်။

ဆက်သွယ်လျောက်ထားနိုင်ပါတယ်။

နွေးထွေးစွာ ကြိုဆိုလျက်ပါ။

အင်အားစုဖွဲ့ရေးနှင့်လေ့ကျင့်ရေး
ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

27/12/2024
27/12/2024
BTS V မွေးနေ့အမှတ်တရ ARMY မှနေပြည်တော်-ပကဖ ရဲဘော်များအတွက် အတွက် ကူညီလှူဒါန်းမှုအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်...
27/12/2024

BTS V မွေးနေ့အမှတ်တရ ARMY မှ

နေပြည်တော်-ပကဖ ရဲဘော်များအတွက် အတွက် ကူညီလှူဒါန်းမှုအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် တိုင်းတာဝန်...
25/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် တိုင်းတာဝန်ခံနှင့် ဦးဆောင်အဖွဲ့မှ

မိုးဗြဲ ရှေ့တန်းစစ်မြေပြင်တွင် ပူးပေါင်းတိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးရဲဘော်ရဲဘက်များထံသို့ သွားရောက်တွေ့ဆုံအားပေး၍ မဟာမိတ်အဖွဲ့များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

နေပြည်တော်-ပကဖ ရဲဘော်များအတွက် အတွက် ကူညီလှူဒါန်းမှုအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ပြည်သူ့ကာကွ...
24/12/2024

နေပြည်တော်-ပကဖ ရဲဘော်များအတွက် အတွက် ကူညီလှူဒါန်းမှုအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
နေပြည်တော်

23/12/2024

နေကောင်းလားမေမေ။

အမြန်ဆုံးလွတ်မြောက်ပါစေ ....။

NUG/PDFဆန့်ကျင်ရေး ဦးတည်လျက်လူမျိုးရေးအခြေပြု သွေးခွဲ ရန်တိုက်သည့် စာများ ဖြန်ဝေခြင်းသည် ၄င်းတို့ အဖွဲ့အစည်း၏ ဆောင်ရွက်ခ...
22/12/2024

NUG/PDFဆန့်ကျင်ရေး ဦးတည်လျက်လူမျိုးရေးအခြေပြု သွေးခွဲ ရန်တိုက်သည့်
စာများ ဖြန်ဝေခြင်းသည် ၄င်းတို့ အဖွဲ့အစည်း၏ ဆောင်ရွက်ချက်မဟုတ်ဟု SNA ငြင်းဆို
-----------------------------------

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့အတွင်းရှိ ပြည်သူလူထုများကို ဒီဇင်ဘာလအတွင်းစစ်ကောင်စီက ရှမ်းနီအမျိုးသားများ တပ်မတော်(SNA) အမည်ဖြင့် ဝါဒဖြန့်ချီရေးစာများ ဖြန့်ဝေနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဝါဒဖြန့်စာများတွင် SNA က NUG ကို အယုံအကြည်မရှိကြောင်း၊KIA+PDF တပ်ဖွဲ့ကို မိတ်ဆွေဖွဲ့ရေးစဉ်းစားမှာ မဟုတ်သည့်အကြောင်း ရှမ်းနီတိုင်းရင်းသားရုပ်ပုံ၊ ပန်းချီ နှင့် SNA တပ်သားပုံများနှင့် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA) အနေဖြင့် အဆိုပါ လူမျိုးရေးအခြေပြု သွေးခွဲ ရန်တိုက်သည့် ဝါဒဖြန့်ချီရေးစာများ ဖြန့်ဝေနေခြင်း မရှိကြောင်းနှင့် အဆိုပါ လုပ်ရပ်သည် SNA နှင့် ပြည်သူလူထုကို ရန်တိုက်ပေးနေသည့် ကိစ္စရပ်သာ ဖြစ်ကြောင်း၊SNAအနေဖြင့် ကသာမြို့နယ်အတွင်း ဝင်ရောက်ခြင်းလည်း မရှိကြောင်း SNA ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်ဟု The Voice Of Shan-Ni သတင်းက ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ခေတ်အဆက်ဆက်တွင် လူမျိုးရေး၊ ဘာသာရေး အခြေပြုသည့် ပဋိပက္ခများကို ဖန်တီးပြီး ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေး ရှုံးနိမ့်မှုများကို အာရုံလွှဲပြောင်းလေ့ ရှိသဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ကသာခရိုင်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ဖြစ်ရုံမက အကြမ်းဖက်စစ်တပ်များ ကင်းစင်ရေးအတွက် ပြည်သူကာကွယ်ရေးတပ်မတော်(PDF) ၏ အမှတ် (၁)စစ်ဒေသက တော်လှန်စစ်ကို ဆက်လက်ဆင်နွှဲလျက်ရှိသည့် အချိန်တွင်ယခုလို NUG /PDFနှင့် SNA အကြားလူမျိုးရေးအခြေခံဖြင့် ရန်တိုက်သည့်စာများ ဖြန့်ဝေခြင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ကောက်ကျစ်သော ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

Telegram Link
https://t.me/pakapha_voice
#ပကဖအသံ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ပကဖ

ที่อยู่

Mae Sot

เวลาทำการ

09:00 - 17:00

เบอร์โทรศัพท์

+66955484863

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်:

วิดีโอทั้งหมด

แชร์