Myanmar News သတင်းမှန်တွေပဲတင်ဆက်ပေးမှာ။ အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်။

26/03/2022

PDF အထူးတပ်ဖွဲ💥💥💥

PDF Myanmar

19/03/2022

တော်လှန်ရေးလုပ်နေပင်မဲ့ လဲ ဝါသနာကိုမစွန့်လွတ်နိုင်ဘူး

ကရင်နယ်ခြားစောင့်တပ်၏ အလှူပွဲတွင် ဖျော်ဖြေသည့် အဆိုတော်များ သပိတ်မှောက်ခံရဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၂  အာဏာသိမ်း စစ်ကောင်စီ လက်...
18/03/2022

ကရင်နယ်ခြားစောင့်တပ်၏ အလှူပွဲတွင် ဖျော်ဖြေသည့် အဆိုတော်များ သပိတ်မှောက်ခံရ

ဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၂

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ပြုလုပ်သည့် လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာရှိ နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေးစေတီတော် ဌာပနာပိတ်ပွဲအလှူကို ကရင်တိုင်းရင်းသား အဆိုရှင်များအပြင် မြန်မာနာမည်ကြီး အဆိုတော်အချို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။

ပြီးခဲ့သည့် မတ် ၁၅၊ ၁၆ ရက်များတွင် ပြုလုပ်ခဲ့သည့် အဆိုပါပွဲမှာ ကရင်ပြည် နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ၏ဇနီး ဒေါ်နန်းခင်လှသူ၏ မွေးနေ့အထိမ်းအမှတ်အလှူဟု ကြားသိရပြီး ယင်းဖျော်ဖြေပွဲသို့ နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် အဆိုတော် ဟဲလေး၊ ဇော်ပိုင်၊ ကောင်းကောင်း၊ ရတနာမိုင်၊ မိစန္ဒီ၊ ကေကေမိုး၊ လမင်းကဗျာတို့ သွားရောက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ယခုအခါ ၎င်းအဆိုတော်များအား အားပေးခြင်း မပြုကြရန်နှင့် စစ်ကောင်စီ လက်အောက်ခံ BGF ၏ ပွဲသို့ သွားရောက် ဖျော်ဖြေသည့်အတွက် ယင်းအဆိုတော်များကို သပိတ်မှောက်ကြရန် (Boycott) ကရင်ပြည်နယ် ဒေသခံများနှင့် စစ်အာဏာ ရှင် ဆန့်ကျင်သည့် ပြည်သူများက လူမှုကွန်ရက် စာမျက်နှာများတွင် တိုက်တွန်း ရေးသားထားကြသည်။

အဆိုပါပွဲသို့ သွားရောက်ဖျော်ဖြေခဲ့သူများတွင် ပါဝင်သည့် အဆိုတော်အချို့က စစ်အာဏာသိမ်းစကာလတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသလို လက် ၃ ချောင်းထောင် ကမ်ပိန်းတွင်လည်း ပါဝင်ခဲ့ကြသူများ ဖြစ်သော်လည်း ယခုကဲ့သို့ သွားရောက်ဖျော်ဖြေမှုအတွက် ပရိသတ်များက လူမှုရေးပြစ်ဒဏ်ခတ်ရန် (Social Punishment) တိုက်တွန်းပြော ဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သရုပ်ဆောင် မြင့်မြတ်နှင့် ဇာတ်ပို့ K ညီတို့သည် BGF အရာရှိများနှင့် ပျော်ရွှင်စွာ ညစာစားပွဲ ပြုလုပ်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ၎င်းတို့အား ပြင်းပြင်းထန်ထန် သပိတ် မှောက်ဆန့်ကျင်ကြရန် ပြည်သူများက ရေးသားပြောဆိုခဲ့ကြသည်။

တဖက်တွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သောကြောင့် ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံရကာ လွတ်မြောက်နယ်မြေများ သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အနုပညာရှင်များ၊ အကျဉ်းကျခံနေရသော အနုပညာရှင်များရှိနေပြီး အချို့သော အနုပညာရှင်များကမူ စစ်ကောင်စီ ပြုလုပ်သော ဖျော်ဖြေပွဲများတွင် ပါဝင်ပတ်သက်မှုများ ရှိနေသည်။

BGF တပ်များသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကရင်ပြည်နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများကို ထိုးစစ်ဆင်နေသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က BGF တပ်များအား စစ်‌ကောင်စီနှင့် ပူး‌ပေါင်းခြင်းမပြုရန် ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ခဲ့သည်။




crd.

18/03/2022

စခန်းသိမ်းတိုက်ပွဲ🤣🤣🤣

18/03/2022
17/03/2022
17/03/2022

ယူကရိန်းရဲ့ခုခံနိုင်စွမ်း😳😳😳

ที่อยู่

Ko Yao Noi
Ko Yao
82160

เบอร์โทรศัพท์

+66936828439

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar News:

วิดีโอทั้งหมด

แชร์