Pajau Media Channel

Pajau Media Channel ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Pajau Media Channel, บริษัทด้านสื่อ/ข่าวสาร, Mueang Chiang Rai, Chiang Rai.

ပါဂျောင်မီဒီယာသည် ကချင်ပြည်နယ်အရပ်ရပ်ရှိ သတင်းများနှင့် ကြားဖြတ်သတင်းများကို မိဘပြည်သူများထံသို့ အချိန်နှင့် တပြေးညီတင်ဆက်ပေးလျက်ရှိသည့် သတင်းမီဒီယာတစ်ရပ်ဖြစ်ပါသည်။

Stay updated with timely Kachin State news coverage on our news channel.

ဗန်းမော်မြို့ရှိ ခလရ(၄၇)တပ်အား KIAနှင့်ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ချအလင်းဝင်ရန်ထပ်မံသတိပေး...ပါဂျောင်မီဒီယာ။၁၆ရက်၊ဇန္န...
16/01/2025

ဗန်းမော်မြို့ရှိ ခလရ(၄၇)တပ်အား
KIAနှင့်ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ချအလင်းဝင်ရန်ထပ်မံသတိပေး...

ပါဂျောင်မီဒီယာ။
၁၆ရက်၊ဇန္နဝါရီ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ခလရ(၄၇)တပ်ကို လက်နက်ချရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထပ်မံသတိပေးထားကြောင်း ဒေသအတွင်း အခြေအနေများ တင်ပြနေသည့် Banmaw Scout Team ၏ဖော်ပြချက်အရ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အမှတ်-၄၇‌ ခြေလျင်တပ်ရင်း(ခလရ-၄၇)အား အနီးကပ် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

မံစီမြို့အား ကချင်လွှတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ရှိ ခလရ (၄၇)ဘက်တွင်နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက ခလရ (၄၇)တပ်အား လက်နက်ချရန် ထပ်မံသတိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် ဗန်းမော်မြို့ နေရာအများစုအား KIAမှ ထိန်းချုပ်ထားပြီး၊ လက်ရှိတွင်
စကခ (၂၁)နှင့် လက်ကျန်တပ်ရင်းများကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီမှလည်း လေကြောင်းဖြင့် တစ်နေ့ကို(၃)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအား KIAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ(၄)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ ရက်ပေါင်း ၄၀ ကျော်လာပြီဖြစ်သည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3977?single

Website Link; https://www.pajau.net


မြစ်ကြီးနားမြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီး (၈)နာရီသာရရှိသဖြင့် ပြည်သူများအခက်တွေ့နေ...ပါဂျောင်မီဒီယာ။၁၆ရက်၊ဇန္နဝါရီ၊ ၂...
16/01/2025

မြစ်ကြီးနားမြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီး (၈)နာရီသာရရှိသဖြင့် ပြည်သူများအခက်တွေ့နေ...

ပါဂျောင်မီဒီယာ။
၁၆ရက်၊ဇန္နဝါရီ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဇန္နဝါရီ ၁၄ရက်နေ့မှစပြီး လျှပ်စစ်မီးပျက်ချိန် ပိုမိုကြာမြင့်လာပြီး၊ တစ်ရက်လျှင် နာရီအနည်းငယ်သာ ဓါတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အား လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသော ဘူးဂါးလျှပ်စစ်ဓါတ်အားပေးကုမ္ပဏီမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိသောကြောင့် လျှပ်စစ်မီး အချိန်မှန်မပေးနိုင်ခြင်းဖြစ်ပြီး၊ ရပ်ကွက်အလိုက် အုပ်စုခွဲကာ အချိန်အကန့်အသတ်ဖြင့်သာ ဓါတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များကို အုပ်စု(A)၊ အုပ်စု(B)နှင့် အုပ်စု(C)ခွဲကာ တစ်ရက်လျှင် အုပ်စုတစ်အုပ်စုအား (၈)နာရီစီသာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိမှုနှုန်းမှာ အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိနေပြီး လျှပ်စစ်ထုတ်လုပ်မူ၏ ၄၅ ရာခိုင်နှုန်း ရရှိထားသော ရန်ကုန်မြို့တွင်လည်း တစ်ရက်ကို (၈)နာရီသာ လျှပ်စစ်မီးထုတ်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ဒေသခံများမှာ လျှပ်စစ်အစားထိုးအဖြစ် အချက်အပြုတ်အတွက် မီးသွေးနှင့် ထင်းမီးကိုသာ အဓိကအသုံးပြုလာကြပြီး၊ လက်ရှိ မီးသွေးခဲတစ်အိတ်မှာ ခြောက်သောင်းကျပ်၊ ထင်းတစ်တန်လျှင် တစ်သိန်းဝန်းကျင်နှင့် သစ်ခွဲသား ထော်လာဂျီတစ်စီးလျှင် သုံးသိန်းအထိ ရှိနေကြောင်း သိရသည်။

သတင်း - ဇော်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3973?single

Website Link; https://www.pajau.net


ပန်ဝါနှင့်ဖီမှော်မြို့တို့တွင် ကုန်ဈေးနှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေ...ပါဂျောင်မီဒီယာ။၁၆ရက်၊ဇန္နဝါရီ...
16/01/2025

ပန်ဝါနှင့်ဖီမှော်မြို့တို့တွင် ကုန်ဈေးနှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေ...

ပါဂျောင်မီဒီယာ။
၁၆ရက်၊ဇန္နဝါရီ၊၂၀၂၅။

ကချင်ပြည်နယ်၊တရုတ်-မြန်မာနယ်စပ် ဖီမှော်မြို့တွင် ကုန်သွယ်ရေးဂိတ်အား ပုံမှန်ဖွင့်ထားသော်လည်း တရုတ်ဘက်မှ ကုန်စည်တင်သွင်းမှုမရှိဘဲ မြစ်ကြီးနား-ဝိုင်းမော်ဘက်မှ သာ သယ်ယူနေရသောကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေပြီး ဝယ်ယူစားသောက်ရန်ပင် ခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။

“ဂိတ်ကဖွင့်တယ်။ ပစ္စည်းတွေက မဝင်ဘူး။ ခုလောလောဆယ်တော့ မြစ်ကြီးနားကနေ သယ်ပြီး စားသုံးနေရတယ်။ သတ္ထုဆိုက်တွေကလည်း အကုန်ပိတ်ထားတော့ အလုပ်ကရှားတယ် ဝင်ငွေလည်းမရှိ၊ အမြဲတန်းဝယ်စားဖို့က အဆင်မပြေဘူး” ဟု ဖီမှော်ဒေသခံတစ်ဦးက ပြောသည်။

တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များအနက် ပန်ဝါနှင့်ဖီမှော်ဂိတ်တို့ကို လက်ရှိ ပုံမှန်ဖွင့်ထားသော်လည်း ကုန်ပစ္စည်းနှင့် စက်သုံးဆီအဝင်မရှိကြောင်းနှင့် ပန်ဝါဂိတ်၌ မြေရှားသတ္ထုတူးဖော်သည့် အလုပ်သမားများကိုသာ အဝင်အထွက်ပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။

ထို့ကြောင့် ပန်ဝါမြို့နှင့် ဖီမှော်မြို့ ဒေသခံများမှာ စက်သုံးဆီအပြင် အချို့ကုန်ပစ္စည်းများကို မြစ်ကြီးနားဘက်မှ သယ်ယူနေရကာ၊ စက်သုံးဆီကို ဝိုင်းမော်(၅၈)တပ်ဂိတ်မှ ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကွင်းလမ်းမှ ခက်ခက်ခဲခဲ သယ်ယူနေရသဖြင့် ဓာတ်ဆီတစ်လီတာအား တရုတ်ငွေ ယွမ်(၅၀)မှ (၆၀)ကြားရှိပြီး မြန်မာကျပ်ငွေအားဖြင့် သုံးသောင်းမှ သုံးသောင်းကျော်နီးပါး ကျသင့်နေကြောင်းသိရသည်။

ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ တရုတ်ဘက်မှ ကုန်စည်တင်သွင်းခွင့် မပြုခြင်းနှင့် ဝိုင်းမော်၊ မြစ်ကြီးနားဘက်မှ သယ်ယူရာတွင်လည်း လမ်းခရီး
အခက်အခဲကြောင့်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ပန်ဝါမြို့အား ထိုးစစ်ဆင်တိုက်ခိုက်လာချိန် တရုတ်ဘက်မှ ကုန်သွယ်ရေးဂိတ်များအား ပိတ်ပင်ခဲ့ပြီး အောက်တိုဘာ၁၈ရက်နေ့တွင် ပန်ဝါမြို့ကို KIAက သိမ်ပိုက်နိုင်ခဲ့ပြီး၊ ယင်းအချိန်မှစပြီး စက်သုံးဆီများ ဝင်ရောက်မှုမရှိတော့ကြောင်း သိရသည်။

ထို့အပြင် KIOအုပ်ချုပ်မှုဖြင့် ဖီမှော်မြို့၊ ပန်ဝါမြို့၊ကန်ပိုင်တီမြို့ စသည့်ဒေသများကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများအား စနစ်တကျ ဖွဲ့စည်းထားပြီး အုပ်ချုပ်မှုကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

သတင်း-ဖရိန်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3968

Website Link; https://www.pajau.net


ဝိုင်းမော်မြို့နယ်၊ခတ်ချိုကျေးရွာအုပ်စုရှိ ဇယ်ခန်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုရန်ကိုစိုးရိမ်န...
15/01/2025

ဝိုင်းမော်မြို့နယ်၊ခတ်ချိုကျေးရွာအုပ်စုရှိ ဇယ်ခန်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုရန်ကိုစိုးရိမ်နေရ...

ပါဂျောင်မီဒီယာ။
၁၅ရက်၊ဇန္နဝါရီ၊၂၀၂၅။

ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူထားသည့် ဇယ်ခန်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏရှိနေသောကြောင့် ဒေသခံများမှာ ဗုံးခိုကျင်းများပြုလုပ်ပြီး ပုန်းခိုနေရကြောင်းသိရသည်။

“တစ်ခါတစ်လေဆိုပေမဲ့ ကြောက်နေရတယ် လေယာဉ်တွေ့တာနဲ့ ကိုကြောက်ရတယ် ရွှာထဲဗုံးကျပေါက်တာနဲ့ ဘယ်သူဘယ်ဝါ ထိခိုက်သလဲ ဆိုပြီး စိုးရိမ်ရတယ်။ လေယာဉ်လာပြီဆိုရင် ဗုံးခိုကျင်းထဲ သွားပုန်းနေရပြီး၊ လေယာဉ်ပြန်မှ အိမ်ပြန်နေရတယ်“ဟု ဇယ်ခန်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဝိုင်းမော်မြို့နယ်ရှိ ဇယ်ခန်းကျေးရွာသည် KIAထိန်းချုပ်မှုအောက်တွင် လှုပ်ရှားသွားလာ နေထိုင်ကြရသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေကြရပြီး၊ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိဖူးကြောင်း သိရသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းမော်မြို့အပါအဝင် ကျေးရွာအချို့ကို လုံခြုံရေးတင်းကြပ်ထားပြီး၊ အချိန်ကန့်သတ်ချက်ဖြင့်သာ သွားလာခွင့်ပြုနေသည့်အပြင် စစ်ဆေးမေးမြန်းခြင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း သိသိသာသာ လုပ်ဆောင်နေကြောင်း ဝိုင်းမော်ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဝိုင်းမော်မြို့အထွက် မုတ်လွှဲကျေးရွှာ လမ်းဆုံနေရာတွင် ဂိတ်အထိုင်ချထားပြီး လမ်းသွားလမ်းလာ ပြည်သူများ၊ ကားသမားများနှင့် ဆိုင်ကယ်မောင်းနှင်သူများကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုထားသည်။

အဆိုပါဂိတ်အားဖြတ်သန်းသွားလာနေသည့် ကားနှင့်ဆိုင်ကယ်များကို ပိုက်ဆံကောက်ခံခြင်းများ ရှိနေကြောင်းနှင့် ဂိတ်ကိုလည်း အမြဲဖွင့်ထားတာမျိုးမဟုတ်ဘဲ မနက်ပိုင်း ၆ နာရီမှ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီမှ ၅ နာရီဝန်းကျင်သာ ဖွင့်လှစ်ပြီး ဖြတ်သန်းခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဂိတ်က တစ်နာရီ ဖွင့် တစ်နာရီ ပိတ်တယ် ဖွင့်လိုက် ပိတ်လိုက်နဲ့ ပိတ်ထားတဲ့ချိန်က များပါတယ် ဂိတ်ဖြတ်တဲ့သူ များမှ ဖွင့်ပေးတာ ကားသမားတွေဆီက ပိုက်ဆံတောင်းတာမျိုးလည်းရှိတယ်” ဟု ပြောသည်။

လတ်တလောတွင် စစ်ကောက်စီတပ်ကလေကြောင်းကို အသုံးပြုပြီး ဖားကန့်ဒေသ ၊ တနှိုင်းဒေသနှင့် အခြားဒေသများတွင် လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အသက်သေဆုံးသူများနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

သတင်း - ဖရိန်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3951?single

Website Link; https://www.pajau.net


နောင်စွန်းရပ်ကွက်ရှိ လွမ်းသွယ်(၁)အား လမ်းမြေတိုးချဲ့သဖြင့် နေအိမ်အဆောက်အဦးတစ်ချို့ ရွေ့ပြောင်းပေးရ...ပါဂျောင်မီဒီယာ။၁၄ရက...
14/01/2025

နောင်စွန်းရပ်ကွက်ရှိ လွမ်းသွယ်(၁)အား လမ်းမြေတိုးချဲ့သဖြင့် နေအိမ်အဆောက်အဦးတစ်ချို့ ရွေ့ပြောင်းပေးရ...

ပါဂျောင်မီဒီယာ။
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၅။

မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ လမ်းသွယ်(၁)လမ်းအား လမ်းအကျယ် တဖက် (၃)ပေစီချဲ့လိုက်သောကြောင့် လမ်းမြေအဖြစ် သတ်မှတ်သည့်နေရာနှင့်မလွတ်သည့်အိမ်များကို ရွှေ့ပေးရန် ပြောဆိုလာသည်ဟု ဒေသခံများက ပြောသည်။

လမ်းမြေသတ်မှတ်ကာ ရွှေ့ပြောင်းရသည့် ဒေသခံတစ်ဦးက “လမ်းသွယ်(၁)က လမ်းကျဉ်းလို့ဆိုပြီး နောင်စွန်း အောက်ဂျိုင့်မှာနေတဲ့သူတွေက လမ်းချဲ့ပေးဖို့ လမ်းစည်ပင်ကို မြေတောင်းထားတာ တစ်နှစ်‌လောက်ရှိပြီ၊၂၀၂၅ခုနှစ် ပထမအပတ်မှာ လမ်းချဲ့မယ်ဆိုပြီး စည်ပင်ကလာပြောတယ်၊ ဇန်နဝါရီလ(၁၅)ရက်‌နေ့အပြီး ရွေ့ပေးဖို့ ပြန်ပြောလာတယ်” ဟု ပြောသည်။

ဇန္နဝါရီ(၁၅)ရက်နေ့တွင် နောက်ဆုံးထား ရွှေ့ပေးဖို့ စည်ပင်သာယာရုံးမှ ပြောလာသောကြောင့် အချို့အဆောက်အဦးများနှင့် အုတ်တံတိုင်းများ ဖြိုချပေးရပြီး၊ ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းကို....
“တစ်ချို့အိမ်တွေက ခြံစည်းရိုးနားအပြည့် ဆောက်ထားတာ့ အိမ်တွေပါ ဖျက်ပေးရတယ်၊ အုတ်တံတိုင်းဖြိုတာတွေ၊ အဆောက်အဦး ဖျက်ပြီး ပြင်တာတွေက ခုခေတ်ကုန်ဈေးနှုန်းနဲ့ဆို ဘယ်လွယ်ပါ့မလဲ၊ ပိုက်ဆံမရှိလဲ သူတို့က ရွေ့ဆို‌တော့ ချေးငှားပြီးရွေ့ရတာပေါ့၊"ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

လမ်းမြေချဲ့ရာတွင် အိမ်ခြံမြေနောက်ဆုတ်ပေးရသည့် အိမ်ခြေစုစုပေါင်း (၄၀)နီးပါးရှိပြီး၊ ဂရန်ပေါက် အိမ်ခြံမြေများ ဖြစ်သော်လည်း နစ်နာဆုံးရှုံးမှုအတွက် သက်ဆိုင်သည့် အစိုးရမှ နစ်နာကြေးပေး ဖြေရှင်းပေးခြင်း မရှိကြောင်းထပ်မံသိရှိရသည်။

သတင်း - ကချင်ပြည်သား

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3947

Website Link; https://www.pajau.net


မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် ရွာခံများ လုံခြုံရေးအတွက်စိုးရ...
14/01/2025

မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် ရွာခံများ
လုံခြုံရေးအတွက်စိုးရိမ်နေ...

ပါဂျောင်မီဒီယာ။
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၅။

မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်လာသဖြင့် ထန်းတပင်ကျေးရွာရှိ ပြည်သူအချို့ နေရပ်စွန့်ခွာပြောင်းရွေ့နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီ (၂)ရက်နေ့ကတည်းက အကြောင်းမဲ့လက်နက်ကြီး ပစ်ခတ်‌နေပြီး ရွာသားများကို ယခုလ (၁၈)ရက်နေ့အပြီး ရွေ့ပြောင်းကြရန်
ထန်းတပင်ဥက္ကဌအား အကြောင်းကြားလာသောကြောင့် ရွာသားတစ်ချို့ ပြောင်းရွေ့နေကြသည်ဟု ဆိုသည်။

"လက်နက်ကြီးနဲ့ ငါးရက်ဆက်တိုက်ပစ်နေတာ လူနေအိမ်ပေါ်ကိုလဲကျလို့ လူတွေလဲထိတယ်၊ ဥက္ကဌက ပြောင်းဖို့ပြောလာလို့ ပြောင်းကြတာ့လဲ စစ်သားတွေကပြောင်းရင် အိမ်ပေါ်တက်နေမယ်၊ အိမ်မီးရှို့မယ်လို့ ပြောနေပြန်‌တော့ ကျုပ်တို့က ပြောင်းရမှာလား မပြောင်းရဘူးလား ဘာမှန်းကိုမသိတော့ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ထန်းတပင်ကျေးရွာ ပတ်ပတ်လည်ကို မြေကျင်းတူးကာ မြေမြုပ်မိုင်းများထောင်ထားပြီး လမ်းများကိုလည်းပိတ်ထားကြောင်း ထန်းတပင်ရွာသားတစ်ဦးက ဆက်ပြောသည်။

"စစ်တပ်က ရွာကိုဝင်ထွက်လို့ရတဲ့ နေရာပတ်ပတ်လည်တွေမှာ မြေကျင်းတူးပြီး မိုင်းတွေထောင်ထားတယ် ၊လမ်းတွေကိုလဲ အကုန်ပိတ်ထားတယ်၊ ရွာမကြီးအဝင်က ကွန်ကရစ်လမ်းတလမ်းဘဲ ဖွင့်ထားပေးတာ၊ တက္ကသိုလ်ကျာင်းလမ်းဘေးကိုလဲ ကား‌တွေဝင်မရအောင် စည်ပိုင်းတွေနဲ့ ပိတ်ထားသေးတယ် ၊ပိတ်ထားတဲ့လမ်းကဖြတ်သွားလို့ မိုင်းနင်းမိတဲ့ ရွာသားတွေလည်းရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင်နှင့် ရှမ်းနီပြည်သူ့စစ်(၅၀) ပူးပေါင်းတပ်ဖွဲ့များမှာ ထန်းတပင်ကျေးရွာအနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေပြီး ကင်းပုန်းဝပ်ခြင်းများလည်း လုပ်ဆောင်နေသောကြောင့် ဒေသခံများ လုံခြုံရေးအတွက်စိုးရိမ်နေကြရသည်။

သတင်း - ကချင်ပြည်သား

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3934?single

Website Link; https://www.pajau.net


လေကြောင်းတိုက်ခိုက်မှုနှင့် နွံကန်ပေါက်ကျမှုကြောင့် ဖားကန့်ဒေသတွင်တစ်ရက်တည်း လူဆယ်ဂဏန်းနှင့်အထက်သေဆုံး...ပါဂျောင်မီဒီယာ။...
13/01/2025

လေကြောင်းတိုက်ခိုက်မှုနှင့် နွံကန်ပေါက်ကျမှုကြောင့် ဖားကန့်ဒေသတွင်တစ်ရက်တည်း လူဆယ်ဂဏန်းနှင့်အထက်သေဆုံး...

ပါဂျောင်မီဒီယာ။
၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။

မန္တလေး၊ တံတားဦးလေဆိပ်မှ တက်လာသည့် စစ်ကောင်စီပိုင် ဂျက်လေယာဉ်သည်ဇန္နဝါရီ၁၃ရက် နံနက် ၁၀နာရီ ၄၄မိနစ်အချိန်ဝန်းကျင်တွင် ဖားကန့်၊လုံးခင်း ကျေးရွာအနီးရှိ မဆွပ်ယန်နှင့် ဆန်ခါကျေးရွာများသို့ လေယာဉ်ဗုံး(၇)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သောကြောင့် ပြည်သူအများအပြား အသက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လေယာဉ်ဗုံးများသည် ဆန်ခါဘောလုံးကွင်းအနီးရှိနေအိမ်တွင် တစ်လုံး၊ ဆန်ခါဘုန်းကြီးကျောင်းနေရာတွင် တစ်လုံး၊ ဆန်ခါကျေးရွာမှ ဦးကျော်ခိုင်နေအိမ်တွင် တစ်လုံး၊ ဦးသန်းဝင်းနေအိမ် တစ်လုံး၊ ဦးသော်ဇင်နေအိမ်တွင် တစ်လုံး၊ မဆွပ်ယန်မြေဇာပုံသွား လမ်းတစ်နေရာတွင် တစ်လုံး၊ မြဥယျာဉ်ကုမ္ပဏီဝင်းအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လေယာဉ်ဗုံးကြောင့် အရပ်သားနေအိမ်များထိခိုက်ပျက်စီးခဲ့ရပြီး၊ အရပ်သား အသက်သေဆုံးသူ (၈)ဦးထက်မနည်းနှင့် (၂၀)ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်းသိရှိရပြီး အသက်သေဆုံးခဲ့သူ အများစုမှာ ရေမဆေးရှာ အလုပ်သမားများနှင့် လမ်းသွားလမ်းလာ ပြည်သူများဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများသို့လေကြောင်းရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် လူစုလူဝေးမပြုလုပ်ရန် ဒေသရပ်ရပ်ဖများက သတိပေး ပြောဆိုနေကြသည်။

ယနေ့ ဇန္နဝါရီ ၁၃ရက် နံနက် ၁နာရီ၁၅မိနစ်ဝန်းကျင်တွင်လည်း ဖားကန့်ဆိပ်မူအုပ်စု စပေါ့ကျေးရွာအတွင်းရှိ ရတနာအဓိပတိကုမ္ပဏီမှ စုပုံထားသည့် နွံကန်ပေါက်ကျလာသောကြောင့် စပေါ့ကျေးရွာမှ အိမ်ခြေ(၂၀)နီးပါးနှင့် လမ်းဘေးမှဈေးဆိုင်(၃၀)နီးပါး နစ်မြုပ်သွားကြောင်း သိရသည်။

ကနဦးရှာဖွေမှုများအရ နွံကန်ပေါက်ကျမှုကြောင့် အသက်သေဆုံးခဲ့သည့်အရပ်သား အလောင်း(၇)လောင်း တွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးသည့် ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

သတင်း - ပီလမ့်အူ

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3923?single

Website Link; https://www.pajau.net


KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှဗန်းမော်လေယာဉ်ကွင်းနှင့် ခလရ(၄၇)တပ်စခန်းကို သိမ်းပိုက်နိုင်ပြီဆိုသော သတင်းအားအတည်မပြုနိုင်သ...
13/01/2025

KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ
ဗန်းမော်လေယာဉ်ကွင်းနှင့် ခလရ(၄၇)တပ်စခန်းကို သိမ်းပိုက်နိုင်ပြီဆိုသော သတင်းအားအတည်မပြုနိုင်သေး...

ပါဂျောင်မီဒီယာ။
၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လက်ရှိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ငြိမ်သက်နေပြီး၊ ဇန္နဝါရီလ(၉)ရက်နေ့က ဗန်းမော်လေယာဉ်ကွင်းကို KIAပူးပေါင်းတပ်ဖွဲ့များသိမ်းယူလိုက်သည်ဆိုသည့်သတင်းနှင့် ခလရ (၄၇)တပ်စခန်း သိမ်းဆည်းနိုင်ပြီဆိုသောသတင်းကို အတည်မပြုနိုင်သေးကြောင်း ဒေသအတွင်း အခြေအနေများ ဖော်ပြနေသည့် Banmaw Scout Teamမှ ထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့် ဆက်စပ်ပြီး ဗန်းမော်ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှလည်း အတည်မပြုနိုင်သေးကြောင်း...
“အဲဒီသတင်းနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူး။ ဘာမှလည်း မကြားသေးဘူး။ အရင်က ခလရ (၄၇)ကို စတိုက်တုန်းကလဲ သိမ်းပြီလို့ ပြောကြရင်း တစ်ချို့က တကယ်သိမ်းပြီလို့ ထင်သွားကြတယ်။ အခုလည်း အဲ့လိုပဲထင်တယ်။ လေယာဉ်ကွင်းမှာ အရင်က ဒရုန်းနဲ့ လာပစ်ပေးတာမျိုးတော့ ရှိဖူးတယ်လေ။” ဟု ဖြေကြားထားသည်။

လက်ရှိ ခလရ (၄၇) နှင့် မံရွတ်‌ကျေးရွာ တဝိုက်တွင် ဆုတ်ခွာသွားသော စစ်တပ်များအား KIAမှ လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး၊ ဗန်းမော်တက္ကသိုလ် ဝန်းကျင်အနီးတွင် တိုက်ပွဲဆက်ရှိနေသော်လည်း ဗန်းမော်မြို့တွင်း၌
လတ်တလော ငြိမ်သက်နေဆဲ အခြေအနေဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့နှင့် မံစီမြို့ကို KIAပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၄) ရက်နေ့တွင် တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဆန်း(၈)ရက်နေ့တွင် မံစီမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ (၉) ရက် ကြာသပတေးနေ့တွင် ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူလိုက်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါသတင်းနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူမှလည်း အတည်မပြုနိုင်သေးကြောင်း VOAသတင်းတွင် ဖော်ပြထားသည်။

ကချင်သတင်းအရင်းအမြစ်များ ပြောကြားချက်အရ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများမှာ (၃၀၀)နီးပါးရှိနေကြောင်းနှင့် (၁၀၀)ကျော် အသေဖမ်းဆီးမိကာ လက်နက်ချ အလင်းဝင်သူများလည်း ရှိကြောင်း ပြောဆိုထားသည်။

တစ်ဖက်မှာလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်နေ့တွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံညှိနှိုင်းမှသာ ငြိမ်းချမ်းရေးရနိုင်မည်ဖြစ်ကြောင်း ကချင်လူထုအား ပြောဆိုခဲ့သော်လည်း တနိုင်းဒေသ၊ ဖားကန့်ဒေသနှင့် မိုးညှင်းဒေသများတွင် အကြောင်းမဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အများအပြား သေဆုံးခဲ့ရသည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3919?single

Website Link; https://www.pajau.net


ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာလျှက်ရှိ...ပါဂျောင်မီဒီယာ။၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။က...
13/01/2025

ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာလျှက်ရှိ...

ပါဂျောင်မီဒီယာ။
၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးခဲ့သည့် တပ်စခန်း အများအပြားရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ ဒေသများသို့ လေကြောင်းဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခြင်းများပိုမိုလုပ်ဆောင်လာသည်။

ဇန္နဝါရီ(၁၁)ရက် နေ့လည်၁၂နာရီဝန်းကျင်က တနိုင်းဒေသရှိ စန်လွန်ရွှေမှော်တွင် မန္တလေးတံတားဦးမှ တက်လာသည့် လေယာဉ်ဖြင့် ဗုံး၂လုံး လာရောက်ပစ်ခတ်ခဲ့သောကြောင့် ရွှေမှော်အတွင်းရှိ (၁)နှစ်အရွယ် ကလေးငယ်အပါအဝင် (၁၈)ဦး အသက်သေဆုံးခဲ့ပြီး၊ (၁၀)ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

လက်ရှိ တနိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာသောကြောင့် စန်လွန်ရွှေမှော်မှ ဈေးဆိုင်(၉)ဆိုင် ထိခိုက်ပျက်စီးခဲ့ရပြီး အသက်သေဆုံးမှုများရှိသည့်အပြင်၊ ပြင်းထန်ဒဏ်ရာရရှိသူများမှာ စန်လွန်ဆေးပေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

စစ်ကောင်စီက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေးလမ်းစဉ်ကို ဆွေးနွေးတိုင်ပင်ကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အကြိမ်ကြိမ်ခေါ်ယူနေသော်လည်း တစ်ဖက်တွင် လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဇန္နဝါရီ (၈)ရက်နေ့တွင်လည်း ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉)၊တပ်ရင်း(၆)နယ်မြေတွင် မြစ်ကြီးနားဘက်မှ တက်လာသည့် ဂျက်လေယာဉ်ဖြင့် ဗုံး၂ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် အသက်(၄၅)နှစ်အရွယ် ဒေါလုပန် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ ဈေးဆိုင်အချို့လည်း ပျက်စီးခဲ့ရသည်။

သတင်း - ဟူးကောင့်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3909?single

Website Link; https://www.pajau.net


မိုးညှင်းမြို့တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ…ပါဂျောင်မီဒီယာ။၁၃ရက်...
13/01/2025

မိုးညှင်းမြို့တွင် စစ်ကောင်စီ၏
လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး
ထိခိုက်ဒဏ်ရာရ…

ပါဂျောင်မီဒီယာ။
၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။

မိုးညှင်းမြို့၊ တက္ကသိုလ်ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သောကြောင့် လူနေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲသဖြင့် အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကချင်လွှတ်လပ်ရေးနေ့အပြီး ဇန္နဝါရီ ၁၁ရက် နေ့လည်၁၁နာရီအချိန်ခန့်တွင် စစ်ရှောင်မိသားစုများ စုပေါင်းနေထိုင်သည့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

"ကလေးရဲ့အဖွားက နန့်မွန်းကနေ စစ်ရှောင်ပြီး အာလဝီကုန်းမှာ အိမ်ငှားနေတာ၊ အဲ့ဒီအိမ်မှာ စစ်ရှောင်မိသားစုတွေချည်း စုငှားပြီးနေကြတာ၊ မိဘတွေနဲ့အတူ ဟိုပင်ကနေ အဖွားဆီကို အလည်လာကြတဲ့အချိန်မှာ အိမ်ပေါ်ကိုလက်နက်ကြီးကျလို့ ဒါဏ်ရာရသွားတာ၊ လက်နက်ကြီးက တချက်ဘဲ ပစ်တာ အိမ်ပေါ်ကိုကျတာဘဲ၊ အိမ်ကလဲ ကားလမ်းဘေးမှာဘဲ၊ အိမ်ထဲမှာ နေနေကြတဲ့သူတွေက အားလုံးဆယ် ယောက်ကျော်တယ်၊ ကံကောင်းလို့ ဘာမှမဖြစ်ကြတာ" ဟု ကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ (၆၀)မမ ဖြစ်ပြီး၊ ကျည်စများကို ယင်းနေ့ နေ့လည် ၂နာရီချိန်တွင် စစ်တပ်မှ လာ‌ရောက်သိမ်းယူသွားသည်ဟု ဆိုသည်။

မိုးညှင်းမြို့တွင် ကချင်လွှတ်လပ်ရေးနေ့မတိုင်မှီ ပြီးခဲ့သည့် ဇန္နဝါရီ၂ရက်နေ့ကတည်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများထံမှ ထပ်မံသိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် နေအိမ်မှမိသားစုများမှာ စိုးရိမ်ကာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး၊ ပြီးခဲ့သည့်အပတ်တွင်လည်း ထန်းတပင်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ ထောင်ထားသည့် မြေမြုပ်မိုင်းနှင်းမိသောကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း - ကချင်ပြည်သား

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3906?single

Website Link; https://www.pajau.net


11/01/2025

အပတ်စဉ်သတင်းပေါင်းချုပ်။

ပါဂျောင်မီဒီယာ
၁၁ရက်၊ ဇန္နဝါရီလ၊ ၂၀၂၅ခုနှစ်။

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3901

Website Link; https://www.pajau.net


ပန်ဝါမြို့ ဒေသခံများအား KIOအုပ်ချုပ်ရေးလမ်းစဉ်အောက်မှ အိမ်ထောင်စုအပြင် နယ်စပ်ကူးလက်မှတ် နှင့် လမ်းခရီးအဆင်ပြေစေရန် ချီဖွ...
10/01/2025

ပန်ဝါမြို့ ဒေသခံများအား KIOအုပ်ချုပ်ရေးလမ်းစဉ်အောက်မှ အိမ်ထောင်စုအပြင် နယ်စပ်ကူးလက်မှတ် နှင့် လမ်းခရီးအဆင်ပြေစေရန် ချီဖွေ-ပန်ဝါသွား ကားလမ်းများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေ

ပါဂျောင်မီဒီယာ
၁၀ရက်၊ဇန္နဝါရီ၊၂၀၂၅။

KIAသိမ်းပိုက်အုပ်ချုပ်ထားပြီဖြစ်သည့် ပန်ဝါမြို့ ဒေသခံများအား KIOအုပ်ချုပ်ရေးလမ်းစဉ်အောက်မှ အိမ်ထောင်စုအပြင် နယ်စပ်ကူးလက်မှတ် စာအုပ်အနီနှင့် လမ်းခရီးအဆင်ပြေစေရန် ချီဖွေ-ပန်ဝါသွား ကားလမ်းများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေသည်ဟု ပန်ဝါဒေသခံများက ပြောသည်။

“KIAက စည်းကမ်းကြီးတယ်လေ။ ဘရမ်းဘတာမကြိုက်ဘူး။ ခုပန်ဝါမှာ ဆိုင်ကယ်စီးရင်တောင် ဦးထုပ်ဆောင်းရတယ်၊ မဆောင်းရင်ဖမ်းတယ်။ အိမ်ထောင်စုလည်း KIAဘက်က အသစ် လုပ်ပေးပြီးသွားပြီ။ ဧည့်စရင်းတိုင်ရင်တောင် ဓာတ်ပုံနဲ့တကွ တိုင်ရတယ်။ မူဘောင်တွေအကုန် ပြောင်းသွားပြီ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း ပန်ဝါ-ချီဖွေသွား လမ်းခရီးသွားလာရေး အဆင်ပြေစေရန် နိုင်လွန်ကတ္တရာလမ်း ခင်းပေးသွားမည်ဖြစ်ပြီး မကြာမှီတွင် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ပြောသည်။

“ခုချီဖွေနဲ့ ပန်ဝါမြို့ကြားကို နိုင်လွန်ကတ္တရာ ခင်းပေးတော့မယ်။ တရုတ်အလုပ်သမားတွေကို ကန်ထရိုက်ပေးလိုက်ပြီတဲ့။ မကြာခင် လုပ်ပေးမယ်လို့ပြောတယ်။ ဘာဖြစ်ဖြစ် ပြည်သူတွေအတွက် အကျိုးရှိတယ်လေ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ပန်ဝါမြို့သိမ်းပြီးကတည်းက ပန်ဝါမြို့မှ ပညာရေး၊ ကျန်းမာရေးနှင့် လူမူရေး အစရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားလုံးကို KIOအုပ်ချုပ်ရေးယန္တရားဖြင့် စတင်အုပ်ချုပ်လာခဲ့ပြီး၊ KIOဗဟိုကော်မတီမှလည်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ၂၈ရက်နေ့တွင် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း ဗိုလ်ချုပ်ကြီးဂွမ်မော်၏ ဖေ့စ်ဘုတ်စာမျက်နာမှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။

ယင်းနောက် ပန်ဝါဒေသခံများအတွက် အိမ်ထောင်စုစာရင်းများကို အသစ်လုပ်ဆောင်ပေးခဲ့ပြီး၊ တရုတ်နယ်စပ် ဒေသခံများ နယ်စပ်ဂိတ်ကို သွားလာရေးအဆင်ပြေစေရန် နယ်စပ်ကူးလက်မှတ် စာအုပ်အနီကိုလည်း KIO၏စီစဉ်ဆောင်ရွက်မှုဖြင့် အပြည့်အဝတာဝန်ယူ လုပ်ဆောင်ပေးရန် ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

KIA/KIOက ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို KIOဗဟိုကော်မတီက ပယ်ဖျက်ကြောင်း တရား၀င် ထုတ်ပြန်ကြေငြာပြီးနောက် အုပ်ချုပ်ရေးစနစ်များ စတင်အကောင်ထည်ဖော် ဆောင်ရွက်နေသည့်အပြင်၊ ပြည်သူများမှလည်း လက်ရှိ KIOအစိုးရ အုပ်ချုပ်မှုစနစ်အား ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ထင်ကြေးပေး ပြောဆိုနေကြသည်။

သတင်း - ဖရိန်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3898?single

Website Link; https://www.pajau.net


10/01/2025

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့တွင် စစ်ကောင်စီကျင်းပ

ပါဂျောင်မီဒီယာ
၁၀ရက်၊ဇန္နဝါရီ၊၂၀၂၅။

ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီ ဦးစီးဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရရုံးတွင် လုံခြုံရေးတင်းကြပ်စွာ ကျင်းပဆင်နွှဲနေကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး (၉)ဦးအပြင် ဌာနေပြည်သူ့စစ်ခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးနှင့် အရာရှိများ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်နေ့တွင် ကချင်လူမျိုးစုများ စစ်ပွဲအောင်နိုင်ချိန်တွင် ကလေ့ရှိသည့် ပဒန်မနောင်လည်း ထည့်သွင်းဆင်နွှဲခဲ့ပြီး၊ ဈေးရောင်းပွဲတော်အပါ လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပဆင်နွဲခဲ့သည်။

စစ်ကောင်စီက (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီရှု့ခင်းသာဖွင့်ပွဲ၊ မနောဖွင့်ပွဲနှင့် ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲများကိုလည်း ဇန္နဝါရီ ၉ရက်နေ့ကတည်းက ကြိုဆိုကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မံစီမြို့နယ်၊ မန့်ဝိန်းကျေးရွာမှ အထက်တန်းကျောင်းနှင့် ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းတွင် ယနေ့ကျရောက်သည့် ကချင်ပြည်နယ်နေ့အား ကျင်းပဆင်နွှဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား/သူများ ၊ မိဘပြည်သူများနှင့် သင်းအုပ်ဆရာများဖြင့် စည်စည်ကားကား ကျင်းပခဲ့ပြီး ကျောင်းသားများမှလည်း ကချင်ပြည်နယ်နေ့ကို မနောင်အကဖြင့် ကြိုဆိုကျင်းပခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ်နေ့ကို လွန်ခဲ့သည့် ၁၉၄၈ခုနှစ် ဇန္နဝါရီလ (၁၀)ရက်နေ့တွင် ကချင်ပြည်နယ်နေ့ဟု သတ်မှတ်ပြီး၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်ရှိသည့် မနောကွင်းနေရာတွင် မနောင်အကများဖြင့် ဆင်နွဲခဲ့ရာ၊ ယခုနှစ် ၂၀၂၅ခုနှစ်တွင် (၇၇)နှစ်မြောက် ကျရောက်လာခဲ့ပြီဖြစ်သည်။

ထို့နည်းတူ ပြည်သူလူထုများ၏ မူလရည်မှန်းချက်ဖြစ်သော တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရန်နှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ်ရန် ပြည်သူလူထုများအားလုံး ဝိုင်းဝန်း၍ လုပ်ဆောင်သွားကြရန် ယနေ့ကျရောက်သော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် “Kachin National Forum-KNF”အဖွဲ့အစည်းမှလည်း သဘောထား ထုတ်ပြန်ထားသည်။

သတင်း - ဇော်မိုင်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3885?single

Website Link; https://www.pajau.net




မန်၀ိန်းအထက်တန်း ကျောင်းသားများ မနောင်အကဖြင့် ကချင်ပြည်နယ်နေ့ ကြိုဆိုကျင်းပ

နောင်ချိန်းကျေးရွာတစ်ဝိုက်တွင် စစ်ရေးတင်းမာလာသောကြောင့် စစ်ရှောင်ပြည်သူတစ်ချို့ လွှတ်မြောက်နယ်မြေများသို့ပြောင်းရွှေ့......
09/01/2025

နောင်ချိန်းကျေးရွာတစ်ဝိုက်တွင် စစ်ရေးတင်းမာလာသောကြောင့် စစ်ရှောင်ပြည်သူတစ်ချို့ လွှတ်မြောက်နယ်မြေများသို့ပြောင်းရွှေ့...

ပါဂျောင်မီဒီယာ။
၉ရက်၊ဇန္နဝါရီ၊၂၀၂၅။

စစ်ဘေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေသည့် နောင်းချိန်းကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် အချို့စစ်ရှောင်များမှာ လွှတ်မြောက်သည့်နေရာသို့ ရွှေ့ပြောင်းလာသူ များပြားလာသည်ဟု စစ်ရှောင်များ ပြောပြချက်အရ သိရသည်။

ယခင်က နောင်းချိန်းကျေးရွာဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်သူများမှာ
လွှတ်လွှတ်လပ်လပ် သွားလာလို့ရပေမယ့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလဆန်း ၁ရက်နေ့မှစပြီး စစ်တပ်မှ စစ်ရှောင်စခန်းအနီးတစ်ဝိုက်တွင် လှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသောကြောင့် လွှတ်မြောက်နယ်မြေဖြစ်သည့် KIOထိန်းချုပ်နယ်မြေဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီး စတင်ပြောင်းရွှေ့နေသူများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

“အခုက မြစ်ကြီးနား-လိုင်ဇာလမ်း တစ်လျှောက်က ငြိမ်းချမ်းသလိုရှိနေပြီ။ စစ်ရှောင်စခန်းမှာလည်း နေရထိုင်ရခက်လာပြီ။ ဒီဘက်ကပဲ ပိုစိုးရိမ်စရာဖြစ်လာတယ်။ ဂါးရာယာန်ကျေးရွာက ဒီဇင်ဘာလကတည်းက အိမ်ခြေ(၁၄)အိမ်လောက်က ပြောင်းပြီးကြပြီ။” ဟု နောင်ချိန်းစစ်ရှောင်တစ်ဦးက ပြောသည်။

နောင်းချိန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာသည်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ဂွေထုပြည်သူ့စစ်ခေါင်းဆောင် လဆန်အောင်ဝါ သေဆုံးခဲ့သည့်နောက်ပိုင်းကဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နောင်းချိန်း၊ လဘန်ကထောင်ကျေးရွာအထိ နေရာယူလှုပ်ရှားနေပြီး လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းခြင်းများလည်းလုပ်ဆောင်နေသည်။

၂၀၂၄ခုနှစ် မေလ မှစတင်ခဲ့သော တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာပေါင်း(၂၀)မှ ပြည်သူများက နောင်းချိန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိနောင်ချိန်းကျေးရွာအတွင်း စစ်ရှောင်စခန်းပေါင်း (၉)စခန်းအထိ
ရှိကြောင်း သိရသည်။

သတင်း - ပီလမ့်အူ
=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/3876?single

Website Link; https://www.pajau.net


ที่อยู่

Mueang Chiang Rai
Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pajau Media Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pajau Media Channel:

แชร์