Duwun မျိုးဆက်သစ်တို့ရဲ့မီဒီယာ မ်ုိးဆက္သစ္တို႔အတြက္ မီဒီယာ
(3881)

"ယဉ်ကျေးမှုကြွယ်ဝပြီး အရသာရှိတဲ့ အစားအသောက်တွေပေါတဲ့ ဆာကူရာမြေကို အလည်သွားဖြစ်ခဲ့ရင်..."အေးချမ်းတဲ့ရာသီဥတုနဲ့အတူ ဆန်းသစ်...
22/01/2025

"ယဉ်ကျေးမှုကြွယ်ဝပြီး အရသာရှိတဲ့ အစားအသောက်တွေပေါတဲ့ ဆာကူရာမြေကို အလည်သွားဖြစ်ခဲ့ရင်..."

အေးချမ်းတဲ့ရာသီဥတုနဲ့အတူ ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ခံစားချင်တဲ့ခရီးသွားတွေအတွက် ဂျပန်နိုင်ငံရဲ့ အထင်ကရမြို့တွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ခံစားချင်တဲ့ခရီးသွားတွေအတွက် ဂျပန်နိုင်ငံရဲ့ အထင်ကရမြို့တွေအကြောင်း တင်ဆက်ပ.....

21/01/2025

"အသက် ၁၈ နှစ်တည်းက ဝက်သားတုတ်ထိုးရောင်းလာခဲ့တဲ့ ဦးခင်မောင်ဦး ""အာကွေ့""

စားသုံးသူတွေဟာဆိုရင် ဆိုင်ရှင်နဲ့ တရင်းတနှီး ပြောဆိုဝယ်စားလေ့ရှိတာကြောင့် တရုတ်မင်းသား ""အာကွေ့"" လို့ ချစ်စနိုး နာမည်ပေးထားကြတာပါ။ တစ်မတ်ငါးမူး ခေတ်တည်းက ဝက်သားတုတ်ထိုးက အခုဆို တစ်ချောင်း ၃၀၀၊ ၅၀၀ ဖြစ်နေပါပြီ။ ဒီဆိုင်ရဲ့ ဝက်သားတုတ်ထိုးတွေက နူးညံ့ပြီး စားနေကျစားသုံးသူတွေက စွဲစွဲမြဲမြဲ ကြိုက်ကြပါတယ်။ ဆိုင်လိပ်စာကတော့ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်း၊ လင်းလွန်းမြောက်ရပ်ကွက်မှာပါ။

#အာကွေ့ #ဝက်သားတုတ်ထိုး

"တန်းစီတုံကင်စနစ်နဲ့ ရောင်းရလောက်အောင် ရောင်းကောင်းတဲ့ မြောက်ဒဂုံက ဘိုင်လေးကြက်ကြော်ဆိုင်"ဒီဆိုင်မှာ တစ်နေ့ကို အနည်းဆုံး...
21/01/2025

"တန်းစီတုံကင်စနစ်နဲ့ ရောင်းရလောက်အောင် ရောင်းကောင်းတဲ့ မြောက်ဒဂုံက ဘိုင်လေးကြက်ကြော်ဆိုင်"

ဒီဆိုင်မှာ တစ်နေ့ကို အနည်းဆုံး ကြက်အကောင်ရေ ၇၀ ကျော်လောက်ရောင်းရပြီး ပိတ်ရက်ဆို ကြက်အကောင်ရေ ၁၀၀ ကျော်လောက် ရောင်းရတယ်လို့သိရပါတယ်။ ဆိုင်သက်တမ်း ၁၀ နှစ်လောက် ရှိပြီဖြစ်ပြီး ရောင်းစက တစ်နေ့ကို ကြက် ၃ ကောင်လောက်ပဲ ရောင်းခဲ့ရတာပါ။ အရင်က ဆိုင်ရှင်တစ်ယောက်တည်း ရောင်းခဲ့ရပေမယ့် အခုတော့ ဝန်ထမ်းတွေလည်း အများအပြား ခန့်ထားနိုင်သလို မိသားစုလုပ်ငန်းလည်း ဖြစ်နေပါပြီ။ အသားတွေကို မဆလာနဲ့အရသာနှပ်ပြီး တစ်နေ့စာတစ်နေ့ပဲ ကုန်အောင်ရောင်းတာကြောင့် လတ်ဆတ်ပြီး အရသာလည်း ကောင်းပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်အတွင်းရှိပြီး ကြက်သားနဲ့ပတ်သက်လို့ ကြက်အရေခွံ၊ အူကအစ အသားအစုံ ရနိုင်ပြီး ဆိတ်ဆာတေးလည်း ရောင်းပါတယ်။ ဆိုင်စဖွင့်တဲ့အချိန်ဆို လူအရမ်းကျတာကြောင့် တုံကင်စနစ်နဲ့ ရောင်းပေးပြီး အွန်လိုင်းကလည်း မှာယူလို့ ရပါတယ်။ လိပ်စာကတော့ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ မန္တလေးလမ်းမကြီးပေါ်မှာပါ။

#ဘိုင်လေးကြက်ကြော်

20/01/2025

မွန်လက်ရာ အိမ်ချက်ထမင်းဟင်းတွေကို မိသားစုစဉ်ဆက် ရောင်းလာတဲ့ ရွှေမြိတ်

ဆိုင်ရှင်တို့ မိသားစုဟာဆိုရင် အဖွားလက်ထက်တည်းက မြိတ်မှာ ထမင်းဆိုင်ဖွင့်ခဲ့တာပါ။ ၂၀၁၁ မှာတော့ ရန်ကုန်ပြောင်းလာဖွင့်ခဲ့ပြီး ဒီလုပ်ငန်းရဲ့ ဝင်ငွေနဲ့ပဲ သားသမီးတွေကို ဘွဲ့ရစေခဲ့တယ်လို့ သိရပါတယ်။ ထမင်းတစ်ခါပြင် ၃၅၀၀ ကျပ်နဲ့ စေတနာရှိရှိ ရောင်းတဲ့ ရွှေမြိတ် ထမင်းဆိုင်ရဲ့ လိပ်စာကတော့ မြောက်ဒဂုံမြို့နယ်၊ တပင်ရွှေထီးလမ်းနဲ့ နတ်မောက်လမ်းထောင့်၊ ၃၉ ရပ်ကွက်မှာပါ။

#ရွှေမြိတ်

"၁၉၇၈ ခုနှစ်တည်းက ရုံးဝန်ထမ်းတွေနဲ့ အမြဲစည်ကားခဲ့တဲ့ အလုံ (ဦးပိန်လေး) မုန့်ဟင်းခါး"ဦးပိန်လေးဟာဆိုရင် အသက် ၆၀ ကျော်အထိ ကိ...
19/01/2025

"၁၉၇၈ ခုနှစ်တည်းက ရုံးဝန်ထမ်းတွေနဲ့ အမြဲစည်ကားခဲ့တဲ့ အလုံ (ဦးပိန်လေး) မုန့်ဟင်းခါး"

ဦးပိန်လေးဟာဆိုရင် အသက် ၆၀ ကျော်အထိ ကိုယ်တိုင် မုန့်ဟင်းခါးချက်ရောင်းနေတာပါ။ ၁၉၇၈ ခုနှစ်တုန်းတည်းက လက်ရာကို မပြောင်းလဲသွားအောင် ထိန်းထားနိုင်တာဖြစ်လို့ မိတ်ဟောင်းစားသုံးသူတွေက တကူးတက လာစားလေ့ရှိကြပါတယ်။ အရင်ခေတ်က မုန့်ဟင်းခါးကို ငါးသလောက်ဥ၊ ငါးဖယ်၊ အကြော်စုံတွေနဲ့ ဈေးတန်တန်လေး ရောင်းပေးတာကြောင့် ရုံးဝန်ထမ်းတွေကြား အရမ်းနာမည်ရခဲ့တာပါ။ အရင်က မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို အဓိကရောင်းခဲ့ပေမယ့် အခုတော့ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ ရွှေတောင်ခေါက်ဆွဲတို့ပါ ရောင်းနေပါပြီ။ အခုချိန်ထိ မုန့်ဟင်းခါးကို လူကြိုက်များနေဆဲဖြစ်ပြီး တစ်နေ့ကို မုန့်ဖတ် ပိဿာ ၂၀ လောက်ရောင်းရတယ်လို့ သိရပါတယ်။ ဆိုင်လိပ်စာကတော့ သာကေတမြို့နယ်၊ ရန်ပြေ ၁၈ လမ်းနဲ့ ၁၉ လမ်းထိပ်မှာပါ။

#အလုံဦးပိန်လေးမုန့်ဟင်းခါး

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာဘာလဲ? “အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာ အသုံးပြုသူရဲ့ Mobile Wallet အကောင့်ကိ...
18/01/2025

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာဘာလဲ?

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” ဆိုတာ အသုံးပြုသူရဲ့ Mobile Wallet အကောင့်ကို OTP နဲ့ PIN နံပါတ် တို့ဖြင့် အကာအကွယ်ပေးထားသည့်အပြင် ထပ်ဆင့် အကာအကွယ်ပေးထားသော စနစ်တစ်ခုဖြစ်ပါတယ်။

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” သည် အသုံးပြုသူများအား မိမိ၏ Mobile Wallet အကောင့်ကို မိမိလက်ရှိ အသုံးပြုနေသော ဖုန်းတစ်လုံးထဲတွင်သာ ထည့်သွင်း အသုံးပြုခွင့်ပေးပါတယ်။ အကောင့်ကို အခြား ဖုန်းအသစ်တစ်လုံးထဲသို့ ပြောင်းလဲ အသုံးပြုလိုပါက လက်ရှိ အကောင့်ဝင်ထားသော ဖုန်းအမျိုးအစားမှ log out ထွက်ခြင်းကို မိမိကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖုန်းအဟောင်းတွင် log out လုပ်ဆောင်ခဲ့မှသာ ဖုန်းအသစ်တွင် မိမိ၏ အကောင့်ကို ဝင်ရောက် အသုံးပြုနိုင် မှာဖြစ်ပါတယ်။

“အကောင့်တစ်ခု၊ ဖုန်းတစ်လုံးစနစ်” က အသုံးပြုသူများအတွက် ပို၍ လုံခြုံမှုပေးသလို တစ်ဖက်တွင်လည်း မသမာသူများမှ မိမိအကောင့်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ မိမိ၏ ဖုန်းတွင် “စက်အသစ်ပြောင်းလဲမှုအတွက် ခွင့်ပြုချက်တောင်းခံစာ” ကို လက်ခံရရှိမှာဖြစ်တဲ့အတွက် ၎င်းကို လက်ခံ ခွင့်မပြုမိစေဖို့ အလွန်အရေးကြီးပါတယ်။ မိမိဘက်မှ လက်ခံ ခွင့်ပြုလိုက်မိတာနဲ့ မသမာသူတွေက ၎င်းတို့ရဲ့ ဖုန်းမှတစ်ဆင့် မိမိအကောင့်ထဲကို ဝင်ရောက်၍ ငွေကြေးလိမ်လည် ထုတ်ယူနိုင်ပါတယ်။ ဒါကြောင့် စက်ပြောင်းဖို့အတွက် မိမိကိုယ်တိုင်လုပ်ဆောင် ခွင့်ပြုချက် တောင်းခံတဲ့အခါမှသာ လက်ခံဖို့ တိုက်တွန်းလိုက်ပါတယ်။

Wave အသုံးပြုသူတွေအနေနဲ့ ငွေကြေးလိမ်လည်မှုအန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရပါက Wave Money ရဲ့ call-center နံပါတ်ဖြစ်တဲ့ ၀၉ ၇၉၀၀၀၉၀၀၀ (ဒါမှမဟုတ်) atom ဖုန်းနံပါတ်တွေအတွက်ဆိုရင် ၉၀၀ ကို အချိန်မှီ ဆက်သွယ်ဖို့ တိုက်တွန်းလိုက်ပါသည်။

"ကြက်သားတုတ်ထိုးအစုံကို အရသာထိထိမိမိ စားရမယ့် မိဈေး ကြက်သားတုတ်ထိုး"ဒီဆိုင်ကတော့ ထုတ်ထုတ်လေးနဲ့ စားကောင်းတဲ့ ကြက်နီမအရေခ...
18/01/2025

"ကြက်သားတုတ်ထိုးအစုံကို အရသာထိထိမိမိ စားရမယ့် မိဈေး ကြက်သားတုတ်ထိုး"

ဒီဆိုင်ကတော့ ထုတ်ထုတ်လေးနဲ့ စားကောင်းတဲ့ ကြက်နီမအရေခွံကြောင့် လူသိများလာတာပါ။ ကြက်နဲ့ပတ်သက်တဲ့ အသားအစုံရနိုင်ပြီး ကြက်မဲ၊ ကြက်ဥချောင်းတွေလည်း ရပါတယ်။ ကြက်နီမ အရေခွံဟာဆိုရင် ဝက်ခေါက်လိုမျိုး ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းပြီး အီလည်းမအီလို့ အခုလို လူကြိုက်များလာတာပါ။ အချဉ်ရည်ကို အချို၊ အစပ် မိမိကြိုက်နှစ်သက်ရာ စပ်ခိုင်းလို့ရပြီး အစပ်ပိုကြိုက်ရင် ကုလားအော်သီးပါ ထပ်ထည့်ပေးပါတယ်။ မိသားစုဝင်တွေအကုန် ဝိုင်းလုပ်တဲ့ စီးပွားရေးလုပ်ငန်းကို တစ်နေ့ကို အနည်းဆုံး ကြက်ပိဿာအချိန် ၂၀ လောက် ရောင်းရတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ကြက်အချင်းတိုင်၊ ကြက်မဲ၊ ဟော့ဒေါ့တွေက တစ်ချောင်း (၁၀၀၀) ကျပ်ဖြစ်ပြီး အခြားတုတ်ထိုးတွေကတော့ တစ်ချောင်း (၂၀၀) ကျပ်ပါ။ လိပ်စာကတော့ တောင်ဒဂုံမြို့နယ် (၂၀) ရပ်ကွက်၊ လှိုင်သီတာ (၃) လမ်းထိပ်၊ မြိတ်လမ်းမပေါ်မှာ ရှိပါတယ်။

#မိဈေး #ကြက်သားတုတ်ထိုး

17/01/2025

"ဈေးနှုန်းသင့်တင့်ပြီး အကြော်အစုံရတဲ့ ပုဇွန်တောင်စာတိုက်နားက ဒေါ်မြင့်မြင့်စိန်ရဲ့ အကြော်စုံ"

ဒီဆိုင်ကအကြော်ကို ကြိုက်နှစ်သက်သူတွေ များပြားတာကြောင့် ဆိုင်စဖွင့်တည်းက ဝယ်ဖို့ တန်းစီနေကြပါပြီ။ ဆိုင်ရှင် ဒေါ်မြင့်မြင့်စိန်ကတော့ အသက် ၂၅ နှစ် အရွယ်တည်းက အခုချိန်ထိ အကြော်ကြော်ရောင်းနေတာပါ။ ပူပူလေးနဲ့ လတ်လတ်ဆတ်ဆတ် ကြော်ရောင်းတာဖြစ်လို့ ည ၁၀ နာရီလောက်ထိ လူဝယ်မပြတ်ဘဲ ဆိုင်ဖွင့်ရပါတယ်။ ""မမြင့်စိန်"" အကြော်စုံဆိုင်ရဲ့ လိပ်စာကတော့ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင် စာတိုက်အနီးမှာပါ။

#မမြင့်စိန် #အကြော်စုံ

"ကိုယ့်အိမ်ကိုယ့်ယာမှာ စားရသလို နွေးထွေးမှုမျိုးကိုပေးမယ့် သလ္လာဝတီဆိုင်"ဒီဆိုင်ရဲ့ အပြင်အဆင်က အိမ်ပုံစံမျိုးလုပ်ထားတာကြ...
17/01/2025

"ကိုယ့်အိမ်ကိုယ့်ယာမှာ စားရသလို နွေးထွေးမှုမျိုးကိုပေးမယ့် သလ္လာဝတီဆိုင်"

ဒီဆိုင်ရဲ့ အပြင်အဆင်က အိမ်ပုံစံမျိုးလုပ်ထားတာကြောင့် ဆိုင်မှာထိုင်စားမယ်ဆိုရင် နွေးထွေးတဲ့ စိတ်ခံစားမှုကို ရစေမှာပါ။ ဒေသအစားအစာကို လူသိများစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာဖြစ်ပြီး ဆိုင်ရဲ့ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ထင်ရှားတဲ့ အစားအသောက်တွေကို ရောင်းပေးပါတယ်။ မီနူးအမျိုးအစားကိုလည်း (၇) မျိုးခွဲထားပြီး တောင်ပေါ်ဒေသအစားအစာ၊ မြေပြန့်ဒေသအစားအစာဆိုပြီး သတ်မှတ်ထားတာပါ။ ဒေသအစားအစာတွေကို တကူးတက ဆိုင်ရှာစရာမလိုအောင် တစ်နေရာတည်းမှာ စီစဉ်ပေးထားပြီး ဆိုင်အပြင်အဆင်ကိုလည်း ရှေးဟောင်းဒီဇိုင်းပုံစံလေးနဲ့ပဲ ပြင်ထားပါတယ်။ အစားအသောက်တွေအားလုံးကို မှာယူတဲ့အချိန်မှ ပူပူနွေးနွေး ချက်ပေးတာဖြစ်လို့ အကြော်တွေဆိုရင် ပူပူနဲ့ ကြွပ်ကြွပ်လေး စားရမှာပါ။ ဒေသစာ အရသာစစ်စစ်ရအောင် ကုန်ကြမ်းတွေကိုလည်း သက်ဆိုင်ရာ အရပ်ဒေသတွေကပဲ မှာယူတယ်လို့ သိရပါတယ်။ သလ္လာဝတီဆိုင်ရဲ့ လိပ်စာကတော့ အမှတ် (၂၈/က)၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်းမြို့နယ်မှာပါ။

#သလ္လာဝတီ

16/01/2025

"ငါးများများနဲ့ ပူပူစပ်စပ် မော်လမြိုင်စတိုင် တပင်တိုင် မုန့်ဟင်းခါး"

ဒီဆိုင်ကတော့ မော်လမြိုင်မှာ သရုပ်ဆောင် မေပန်းချီ မကြာခဏအားပေးတဲ့ ဆိုင်ဖြစ်ပြီး အခု ရန်ကုန်မှာ ဆိုင်ခွဲလာဖွင့်ထားတာပါ။ မုန့်ဟင်းခါးအပြင် မော်လမြိုင်စတိုင် အခြားအသုပ်တွေလည်း ရနိုင်ပေမယ့် ပရိသတ်တွေကတော့ မေပန်းချီစားနေကျ မုန့်ဖတ်သုပ်အတိုင်း စားချင်လို့ တကူးတက လာစားကြတယ်လို့ သိရပါတယ်။ တပင်တိုင် မုန့်ဟင်းခါးဆိုတာကတော့ မိုးမျှော်ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနံ့မွှေးမွှေးနဲ့ ချက်ထားတာဖြစ်ပြီး လက်ညှစ်မုန့်ဖတ်နဲ့ စားရတာပါ။ အန်တီဘုတ် မုန့်ဟင်းခါးကို စားကြည့်ချင်သူတွေအတွက် ဆိုင်လိပ်စာကတော့ တိုက်အမှတ် (၉)၊ ဇဋိလလမ်း၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်မှာ ဖွင့်ထားပါတယ်။

#အန်တီဘုတ် #တပင်တိုင်မုန့်ဟင်းခါး

"လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်နဲ့ အေးဆေးထိုင်လို့ရမယ့် ကာကာဆိုင်"ဒီဆိုင်ကိုတော့ ၁၉၆၀ တုန်းက အငွေ့အသက်တွေရအောင် ပြင်ဆင်ထာ...
16/01/2025

"လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်နဲ့ အေးဆေးထိုင်လို့ရမယ့် ကာကာဆိုင်"

ဒီဆိုင်ကိုတော့ ၁၉၆၀ တုန်းက အငွေ့အသက်တွေရအောင် ပြင်ဆင်ထားတာဖြစ်ပြီး လက်ဖက်ရည်ကို အဓိကရောင်းပါတယ်။ လက်ဖက်ရည်အရသာကောင်းအောင် စိတ်ကြိုက် အဖျော်ဆရာတွေ ရွေးချယ်ပြီး အစိမ်းဖောက် အရသာမျိုး ဖျော်တာပါ။ လက်ဖက်ရည်ကို အချိုအရသာကနေ အကျအရသာအထိ အမျိုးမျိုး ရနိုင်ပြီး လူငယ်ဘဝမှာ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ ခံစားမှုမျိုးရအောင် လုပ်ပေးထားပါတယ်။ ဆိုင်မှာ အရင်ခေတ်က ကက်ဆက်တွေ၊ တိတ်ခွေတွေထည်း ထားပေးထားတာကြောင့် မိမိကြိုက်နှစ်သက်ရာ အခွေကို ဖွင့်ပြီးနားထောင်လို့ရသလို ခွက်၊ ပန်းကန်တွေကအစ အရင်ခေတ်က ပစ္စည်းပုံတွေနဲ့ပဲ သုံးပေးထားတာပါ။ မီနူးတွေ အများကြီးမရှိပေမယ့် Signature မီနူးတွေ ထားပေးပြီး ဈေးနှုန်းကိုလည်း လူတန်းစား‌မရွေး စားနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ လက်ဖက်ရည်ဆိုင်လိုမျိုး လွတ်လွတ်လပ်လပ် ထိုင်လို့ရအောင် စီစဉ်ပေးထားပြီး ဆိုင်ကတော့ ၂ ထပ်ရှိတာပါ။ ဆိုင်ရှင်ဟာဆိုရင် စိတ်ကူးအိပ်မက်ထဲကအတိုင်း ဒီဆိုင်လေးကို ဖန်တီးထားတာလို့လည်း သိရပါတယ်။ ကာကာဆိုင် လိပ်စာကတော့ တိုက်D၊G-08 မြေညီထပ် ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်မှာပါ။

#ကာကာဆိုင် #မြန်မာ့လက်ဖက်ရည်

15/01/2025

"အိန္ဒိယလက်ရာ ထမင်းဟင်းတွေကို မြန်မာလူမျိုးတွေအကြိုက် ချက်ရောင်းတဲ့ ရွှေအင်းဝ ထမင်းဆိုင်

ဒီဆိုင်မှာ အသား၊ ငါး၊ အသီးအရွက် ဟင်းအစုံ ရောင်းပြီးတော့ ဈေးနှုန်းလည်း သင့်တင့်ပါတယ်။ ထူးခြားတဲ့ ဟင်းတွေအနေနဲ့ အမဲသားလုံး၊ အရွက်သုပ်တွေ ရနိုင်ပြီး အသားဟင်းပွဲတွေကို အိုးကြီးကြီးနဲ့ ချက်ရတဲ့အထိ ရောင်းရတာပါ။ လူကြိုက်များကြလို့ ဆိုင်ခွဲ (၃) ဆိုင်အထိ ဖွင့်ထားပြီး ရွှေအင်းဝ (၃) ထမင်းဆိုင်ရဲ့ လိပ်စာကတော့ ဒေါ်သိန်းတင်လမ်းမပေါ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိပါတယ်။

#ရွှေအင်းဝ"

"ထိုင်းနိုင်ကို အလည်သွားဖြစ်တဲ့အခါ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်အောင် ဘယ်တွေကိုသွားလည်ကြမလဲ?ဘန်ကောက်မြို့အလှအပတွ...
15/01/2025

"ထိုင်းနိုင်ကို အလည်သွားဖြစ်တဲ့အခါ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်အောင် ဘယ်တွေကိုသွားလည်ကြမလဲ?

ဘန်ကောက်မြို့အလှအပတွေလည်း ခံစားရင်း ကလေးရောလူကြီးပါ အကြိုက်တွေ့စေမယ့် ထိုင်းနိုင်ငံရဲ့လည်ပတ်စရာနေရာတွေကို အခုလိုပဲ ဝေမျှပေးလိုက်ပါတယ်။

ထိုင်းကိုအလည်သွားမယ့်သူတွေအတွက် ဘယ်နေရာလည်ရမလဲမသိသေးရင် ဒါဖတ်သွားနော် Keep reading.

"ခေတ်မီအဆင့်မြင့် လူနေမှုပုံစံအတွက် Titan Wing Architecture၊ လှပသော 3D မှန်ခုံး၊ အပါးလွှာဆုံးဒီဇိုင်းဖြင့် စမတ်ဖုန်းများ...
15/01/2025

"ခေတ်မီအဆင့်မြင့် လူနေမှုပုံစံအတွက် Titan Wing Architecture၊ လှပသော 3D မှန်ခုံး၊ အပါးလွှာဆုံးဒီဇိုင်းဖြင့် စမတ်ဖုန်းများ လာပါပြီ!

Infinix ၏ နောက်ဆုံးထွက်ရှိထားသော Hot 50 Series မှ Hot 50 Pro+ သည် ပါးလွှာပြီး 3D မှန်ခုံးဒီဇိုင်းဖြင့် ဈေးကွက်သို့ စတင်မိတ်ဆက်လာပါပြီ။ ယနေ့ခေတ်လူငယ်များ၏ အစဥ်ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် Hot 50 Series သည် ဂိမ်းကစားခြင်းမှ content ဖန်တီးခြင်းအထိ မတူညီသည့် လူမှုဘဝနေထိုင်မှုပုံစံအသီးသီးမှ သုံးစွဲသူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ဖုန်းဖြစ်သည်။

Infinix Hot 50 Series သည် WOOOW NEW HOT ဟူသော theme နှင့်အညီ လှပမှု၊ စွမ်းဆောင်ရည်နှင့် အသုံးဝင်မှုတို့ကို ပေါင်းစပ်ပေးထားသည့်အပြင် Ultra- oval ကင်မရာဒီဇိုင်းကို အသုံးပြုထားသည်။

MLBBer များအတွက် 90 FPS ဖြင့် MLBB ကဲ့သို့ အခြားဂိမ်းများကို ကစားနိုင်သည့် မြန်နှုန်းမြင့် စွမ်းဆောင်ရည်ကို ပေးထားသည်။

Helio G100 Gaming Processor နှင့် 6.78 လက်မ AMOLED Display၊ 120Hz refresh rate နှင့် 3D curved design SlimEdge မျက်နှာပြင်တို့ကြောင့် Application များစွာကို ပေါ့ပေ့ါပါးပါး အထစ်အငေါ့မရှိ အသုံးပြုနိုင်သည်။၊ 50MP back camera၊ 2MP macro lens၊ 13MP front camera နှင့် 33W အမြန်အားသွင်းစနစ်တို့လည်း ပါဝင်သည်။

အထူ 6.8mm သာရှိသော ပါးလွှာသော ဒီဇိုင်းဖြင့် ၄င်း၏ ခေတ်မီနည်းပညာကို အသားပေးထားသော Hot 50 Pro+ တွင် 16x screen resolution နှင့် 2160Hz touch sampling rate ပါရှိသည်။ ကျောင်းသားတွေ၊ လူငယ်များအတွက် ဂိမ်းကစားရန် အထူးသင့်လျော်သော ကမ္ဘာ့အပါးလွှာဆုံး ဘတ်ဂျက် 3D မှန်ခုံး ဖုန်းလည်း ဖြစ်သည်။

ဇန်န၀ါရီ ၁၇ရက်တွင် launch လုပ်မည့် အပါးလွှာဆုံး 3D မှန်ခုံးဖုန်းကို သုံးစွဲသူများထံ မိတ်ဆက်ပြသရန် အဆင်သင့်ဖြစ်နေပါပြီ။ Preorder ကာလမှာ ၁၀-၁-၂၀၂၅ ဖြစ်ပြီး လက်ဆောင်မှာ Infinix Cross Bag ဖြစ်သည်။

#𝐈𝐧𝐟𝐢𝐧𝐢𝐱𝐇𝐎𝐓𝟓𝟎𝐏𝐫𝐨+
#𝐖𝐎𝐎𝐎𝐖𝐍𝐞𝐰𝐇𝐎𝐓"

14/01/2025

အဆာပလာအစုံနဲ့ ပီဇာလို့တောင် တင်စားကြတဲ့ ကျောက်ပန်းတောင်း မုန့်ပျားသလက်

ကျောက်ပန်းတောင်း မုန့်ပျားသလက်မှာဆိုရင် ကြက်ဥ၊ ငုံးဥ၊ အာလူးကြော်၊ ဆူးပုတ်ရွက်၊ နံနံပင်၊ ပြောင်းဖူး၊ ခရမ်းချဥ်သီးနဲ့ ငရုတ်သီးစိမ်းဆိုပြီး အစုံပါဝင်ပါတယ်။ အဆိမ့်နဲ့ ချဥ်စပ် အရသာ ၂ မျိုးရှိပြီး ဆီမပါဘဲ စားကောင်းပါတယ်။ ဆိုင်ရှင်ဟာဆိုရင် ဝန်ထမ်းအလုပ်ကထွက်ပြီး မုန့်ပျားသလက်ရောင်းရင်း အိမ်ကိုအတော်လေး ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မုန့်ပျားသလက်ရောင်းတဲ့ ဆိုင်လိပ်စာကတော့ ပုဇွန်တောင် စာတိုက်မှတ်တိုင်အနီးမှာပါ။

#မုန့်ပျားသလက်

11/01/2025

"တစ်နေ့ကို ဘဲသားပေါင်မုန့် အခုရေ ၁၅၀ ကျော်လောက် ရောင်းရတဲ့ Jae's Bakery"

ဒီဆိုင်မှာ ပေါင်မုန့်၊ ကိတ်မုန့် အမျိုးပေါင်း ၅၀ လောက် ရနိုင်ပြီး ၁ သိန်းကျော်တန် ဘဲသားပေါင်မုန့်ကတော့ လက်ရှိအွန်လိုင်းမှာ နာမည်ရနေတာပါ။ ဘဲသားပေါင်မုန့်အထဲမှာ ဘဲသား၊ ကြက်ဥ၊ ကြက်သားမျှင်၊ ချိစ်၊ မရောနိစ်တွေ အစုံပါလို့ အီစိမ့်ပြီး စားကောင်းပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်တော့ မွေးနေ့ကိတ် ဒီဇိုင်းလှလှလေးကို ၁ နာရီအတွင်းရအောင် လုပ်ပေးတာပါ။ ဆိုင်ရှင်ဟာဆိုရင် အခက်အခဲတွေကြားကနေ ဒီလိုဆိုင်ဖွင့်နိုင်အောင် အရမ်းကြိုးစားခဲ့ရပြီး အခုဆို အတော်လေး နာမည်ရနေပါပြီ။ ဆိုင်လိပ်စာကတော့ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာပါ။

'sBakery

ချဉ်ချဉ်စပ်စပ်နဲ့ အရသာထူးကဲပြီး ရာသီပေါ်အသီးစုံတွေလည်းရတဲ့ တောသုပ်ဒီဆိုင်မှာ အသီး ၁၃ မျိုးလောက် ရနိုင်ပြီး ငရုတ်သီးမှုန့...
10/01/2025

ချဉ်ချဉ်စပ်စပ်နဲ့ အရသာထူးကဲပြီး ရာသီပေါ်အသီးစုံတွေလည်းရတဲ့ တောသုပ်

ဒီဆိုင်မှာ အသီး ၁၃ မျိုးလောက် ရနိုင်ပြီး ငရုတ်သီးမှုန့်၊ ငပိဖုတ်၊ ငရုတ်သီးစိမ်း၊ အရသာမှုန့်တွေနဲ့ ချဉ်ချဉ်စပ်စပ် သုပ်ပေးတာပါ။ ဆိုင်ရှင်တွေဟာဆိုရင် နေပြည်တော် ပျဉ်းမနားမှာရတဲ့ အချဉ်ပေါင်းသုပ်ကို ရန်ကုန်မှာ ရောင်းကြည့်ချင်တဲ့စိတ်ကူးနဲ့ ၂၀၁၉ ခုနှစ်က ဆိုင်စဖွင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရောင်းကာစက တက္ကသိုလ်ရိပ်သာလမ်းပေါ်က YUFL ရှေ့မှာ ကားလေးနဲ့ ရောင်းခဲ့ရာကနေ လူကြိုက်များသွားပြီး အခုဆို ရန်ကင်းမှာတစ်ဆိုင်၊ မြောက်ဒဂုံမှာတစ်ဆိုင်ဆိုပြီး ဆိုင်ခွဲ ၂ ဆိုင်ဖွင့်ထားပါပြီ။ ပျဉ်းမနားက အသုပ်အရသာအတိုင်း ပုံစံအသစ်ထွင်ပြီး ရာသီပေါ်အသီးအစုံနဲ့ သုပ်ပေးတာမို့ လူကြိုက်များတာပါ။ ငပိနဲ့ သုပ်တာ၊ အရသာမှုန့်နဲ့ သုပ်တာဆိုပြီး ၂ မျိုးရှိပြီးတော့ ငပိအရသာလည်း ကောင်းသလို သန့်ရှင်းသပ်ရပ်ပါတယ်။ ဆိုင်ကတွဲစပ်ပေးတဲ့ မီနူးတွေအတိုင်းလည်း ဝယ်ယူလို့ရသလို မိမိကြိုက်နှစ်သက်ရာ အချဉ်သီး၊ အချိုသီးဆိုပြီးလည်း ရွေးချယ်လို့ရပါတယ်။ အသီးတွေကို သေချာဆေးကြော သန့်စင်ထားတာကြောင့် ဗိုက်မနာဘူးလို့လည်း ဆိုပါတယ်။ ဈေးနှုန်းတွေအနေနဲ့ တစ်ပွဲ ၃၅၀၀ ကျပ်ကနေစရပြီးတော့ မနက် ၁၁ နာရီကနေ ညနေ ၆ နာရီထိ နေ့တိုင်း ဆိုင်ဖွင့်ပါတယ်။ "တောသုပ်" ရန်ကင်းဆိုင်ခွဲရဲ့ လိပ်စာကတော့ ၁၂ လုံးတန်းနဲ့ စာတိုက်ကြား၊ မဂ္ဂင်လမ်းထိပ်၊ ရန်နိုင် ၄ လမ်း၊ ရန်ကင်းမြို့နယ်မှာပါ။

#တောသုပ် #အချဉ်ပေါင်းသုပ်

09/01/2025

"ရန်ကုန်မှာ သေချာမသွားလာတတ်ပေမယ့် မြန်မာမုန့် ကောင်းကောင်းလုပ်တတ်လို့ ရပ်တည်နေနိုင်တဲ့ ""ဝိုင်း"" မုန့်ဆပ်သဖူးဆိုင်ရှင်"

ဆိုင်ရှင်ဟာဆိုရင် မကြာသေးခင်က ကရင်ပြည်နယ်က ပြောင်းရွှေ့လာတာဖြစ်ပြီး အရင်းအနှီးနည်းတဲ့ မုန့်ဆသပ်ဖူးကို စီးပွားရေးအဖြစ် စတင်ခဲ့တာပါ။ ဘတ်စ်ကားစီးဖို့တောင် အခက်အခဲတွေရှိခဲ့ပေမယ့် မုန့်ဆပ်သဖူးကို ကြိုက်နှစ်သက်သူ များတာကြောင့် တစ်နေ့ကို ၃ သောင်းဖိုးလောက် အမြတ်ကျန်တဲ့အထိ ရောင်းနေရပါပြီ။ မြန်မာမုန့် (၁၅) မျိုးလောက် လုပ်တတ်တာကြောင့် ဘယ်နေရာမှာနေနေ ထမင်းမငတ်ဘူးလို့လည်း ဆိုပါတယ်။ ဆီမပါဘဲ အုန်းသီးစိတ်ချိုချိုလေးနဲ့ မုန့်ဆသပ်ဖူးကို စားကြည့်ချင်သူတွေအတွက် ဆိုင်လိပ်စာကတော့ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနဲ့ ဗိုလ်ကလေးဈေးလမ်းထောင့်မှာပါ။

#မုန့်ဆပ်သဖူး

ที่อยู่

Room No. 710, Building B, Lanna Nakorn Condominium ลานนานคร คอนโด เชียงใหม่, 38 Soi 2 Suk Kasem Road, Tambon Patan, Mueang Chiang Mai District, Chang Wat Chiang Mai
Chiang Mai
50300

เบอร์โทรศัพท์

+66652068422

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duwunผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Duwun:

วิดีโอทั้งหมด

แชร์

No.1 Digital Media in Myanmar

Telling the best stories in Myanmar through digital channels engaging with millennial