𝗠𝗮𝗿𝗶𝗼'𝘀 𝗠𝗲𝗺𝗼𝗿𝗶𝗲𝘀

𝗠𝗮𝗿𝗶𝗼'𝘀 𝗠𝗲𝗺𝗼𝗿𝗶𝗲𝘀 ᴡᴇ ᴅᴏɴ’ᴛ ʀᴇᴍᴇᴍʙᴇʀ ᴅᴀʏs
ᴡᴇ ʀᴇᴍᴇᴍʙᴇʀ ᴍᴏᴍᴇɴᴛs

🙂
01/12/2024

🙂

THICHA (2024)အပိုင်း ( ၁ ) နဲ့တင် ဆက်မကြည့်ပဲ မနေနိုင်အောင် လောင်မြိုက်ရအုံးမဲ့ ထိုင်းမင်းသမီး Baifern လေးရဲ့ ဇာတ်ကားအသစ...
27/11/2024

THICHA (2024)

အပိုင်း ( ၁ ) နဲ့တင် ဆက်မကြည့်ပဲ မနေနိုင်အောင် လောင်မြိုက်ရအုံးမဲ့ ထိုင်းမင်းသမီး
Baifern လေးရဲ့ ဇာတ်ကားအသစ် " ထိချာ "

မွေးရပ်မြေကို စွန့်ခွာပြီး
တရားမဝင် ရွှေ့ပြောင်းအလုပ်သမား
သားအမိနှစ်ယောက် ဘဝအဖြစ် အစတည်ထားတဲ့ ဇာတ်လေးကနေ အဆင်မပြေမှုများစွာနဲ့
အခက်ခဲများစွာကို ဖြတ်သန်းရပြီးနောက်

နှစ်ပေါင်းများစွာကြာတဲ့အခါ
ထိချာအဖြစ် ပြန်လည်မွေးဖွားလာပြီး
သူမကို နှိပ်စက်ဖျက်ဆီးခဲ့တဲ့သူတွေကို
ဘယ်လိုလက်စားချေမလဲဆိုတာ မင်းသမီးချောလေး Baifern ရဲ့ ပိုင်နိုင်လှတဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့
ရင်သက်ရှူမောဖွယ် ကြည့်ရှုကြရမှာပါ

ဇာတ်ကားကြည့်ရန် ချန်နယ်လင့် >>
https://t.me/SSBNTSF/26415

အပိုင်း ၁
https://t.me/ongoingbymm1/6

အပိုင်း ၂
https://t.me/ongoingbymm1/9

#ထိချာ #ထိုင်းဇာတ်လမ်းတွဲ
#ทิขา #အသစ်

မူစကူ မဒူးပါဘူးနော်  🥲.
25/11/2024

မူစကူ မဒူးပါဘူးနော် 🥲
.

24/11/2024

ထိုင်း Lottery ရောင်းနေပါပြီ
လက်လီလက်ကား လာဝယ်လို့ရ

👑👑

တချို့ ဇောက်ခွက်တွေက အချိုးလည်း မပြေဘူး အသုံးလည်း မကျဘူး နေရာတော့ ယူတတ်တယ် ရိုက်ခွဲ လိုက်တာ မှ ကောင်းဦးမယ် 🙂🙂စီအာဒီ
21/11/2024

တချို့ ဇောက်ခွက်တွေက
အချိုးလည်း မပြေဘူး အသုံးလည်း မကျဘူး
နေရာတော့ ယူတတ်တယ်
ရိုက်ခွဲ လိုက်တာ မှ ကောင်းဦးမယ် 🙂🙂

စီအာဒီ

မိမိပန်းကန်ဆေးရမဲ့ အလှည့်ရောက်သောအခါသူငယ်ချင်းများ be like ; 🥲
21/11/2024

မိမိပန်းကန်ဆေးရမဲ့ အလှည့်ရောက်သောအခါ

သူငယ်ချင်းများ be like ; 🥲

ငါတို့အားလုံး ဘဝတူတွေပါပဲ 🤣🤣မိမိ ၏ ဘဝ  👇🏼.
21/11/2024

ငါတို့အားလုံး ဘဝတူတွေပါပဲ 🤣🤣

မိမိ ၏ ဘဝ 👇🏼
.

16/11/2024

ချင်းမိုင် တန်ဆောင်တိုင် 🎇

16/11/2024

Chiang Mai 🎇🎏

ဖူဂျီတောင်နဲ့လဲ ဓာတ်ပုံရိုက်ချင်တယ် ဘတ်ဂျက်လဲ မတတ်နိုင်ဘူးဆိုတဲ့သူတွေအတွက်.
14/11/2024

ဖူဂျီတောင်နဲ့လဲ ဓာတ်ပုံရိုက်ချင်တယ်
ဘတ်ဂျက်လဲ မတတ်နိုင်ဘူးဆိုတဲ့သူတွေအတွက်
.

ပြည်သူတွေ ပိုပြီးသိချင်စိတ် လေ့လာချင်စိတ် ပါဝင်ချင်စိတ်ကို တံခါးပြန်ဖွင့်ပေးရမဲ့ အချိန်ရောက်နေတာကြာပါပြီ 🧗🏼‍♂️
14/11/2024

ပြည်သူတွေ ပိုပြီးသိချင်စိတ် လေ့လာချင်စိတ် ပါဝင်ချင်စိတ်ကို တံခါးပြန်ဖွင့်ပေးရမဲ့ အချိန်ရောက်နေတာကြာပါပြီ 🧗🏼‍♂️

စာတော့ရှည်တယိ

သေချာဖတ်ကြည့်ရင် ....

ကျမလဲ စဉ်းစားမိတာလေးပါ
အတွေးမတူသူတွေကျော်သွားပါနော်

ကျမကနိုင်ငံရေးသမားမဟုတ်ပါဘူး ကိုယ့်နိုင်ငံအတွက် ကျရာနေရာကို ပါဝင်ကူညီတဲ့ ပြည်သူတစ်ယောက်လို့ပဲ ခံယူထားပါတယ်

နိုင်ငံရေး အကြောင်း စိတ်မဝင်စားလို့ မရပါဘူး
ဒီနိုင်ငံမှာနေရင်ဒီနိုင်ငံအကြောင်းစိတ်ဝင်စားစွာပါဝင်ရပါမယ်
မဟုတ်ရင် ကိုယ့်လိုပဲ ပြည်သူကို စိတ်မဝင်စားတဲ့ အုပ်ချုပ်သူကိုပဲရပါလိမ့်မယ် ...လို့ အမေဒေါ်အောင်ဆန်းစုကြည်ပြောဖူးတာလေးသတိရမိလို့ပါ

တချိန်သူ့အနားမရမက ကပ်ပီးအခွင့်ရေးယူခဲ့ကြသူတွေ အခုတော့ ကြက်ပျောက်ငှက်ပျောက်

တချို့လဲ နာမည်လေးသုံးပီး ပြည်သူ့ငွေတွေလိမ်စားကြနဲ့ ကြားနေရတာတွေစိတ်မသက်သာ 🥺🥺

တချို့ပြည်သူတွေ သိချင်စိတ်နဲ့မေးတာ တွေကလဲ အဓိပ္ပါယ်ရှိပါတယ်
သူတို့လဲ စီးဆင်းသွားတဲ့ငွေတွေ ဘယ်ကိုရောက်သလဲ
ဘာ အစီစဉ်တွေရှိသလဲ သိထိုက်ပါတယ်

သူတို့တွေ ပေးဆပ် လှူထားတာတွေလဲ မနည်းတော့ဘူးလေနော်

ကျမတို့နိုင်ငံက အရင်လို ပြန်ဖြစ်ဖို့ဆိူရင် နိုင်ငံရေးရော နိုင်ငံကိုတိုးတက်စေနိုင်တဲ့ အမြင် အသိညဏ်ပညာ ပါရမီနဲ့ပြည့်စုံတဲ့သူက လက်ရှိ အပြင်မှာရှိမနေဘူး
တော်တဲ့သူတွေဟာ အကုန် ထောင်ထဲမှာ

သေချာတာကတော့ အမေအောင်ဆန်းစုကြည်လို ပြည့်ဝတဲ့သူက နောက်ထပ်ပေါ်လာဖို့အကြာကြီး စောင့်ရအုံးမယ်

စစ်ဖြစ်နေကြတဲ့နိုင်ငံတွေ တူကြပေမဲ့ကိုယ်တွေက ကိုယ့် လူမျိုး အချင်းချင်း ပြန်သတ် ပြန်ခိုး ပြန် အာဏာလုနေတာဆိုတော့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နိုင်ငံတကာ အကူညီတောင်းရမှာလဲ ခက်ရှက်ရှက်ရယ်

စကစ ရဲ့လုပ်ရပ်တွေအတွက် နိုင်ငံတကာစစ်ကြောရေးခုံရုံးမှာ ဒါ်အောင်ဆန်းစုကြည်ခေါင်းခံ ဖြေရှင်းပေးခဲ့တာကြောင့် နိုင်ငံတော်တော်များများကလဲ အမြင်မကြည်ကြဘူးလေနော်

တော်လှန်ရေးကြီးက ကြာသာကြာလာတယ်
အချိန်ကြာလာတာနဲ့ အမျှ ပြည်သူတွေတွေလှူသမျှ
ပြည်သူတွေ အသက်စတေးရတာတန်အောင်လို့ အရွေ့ တစ်ခုခုတော့ ရှိသင့်ပီလို့ ထင်မိတယ်

ဘာလို့လဲဆိုတော့ စတေးသူတွေထောင်နန်းစံနေရသူတွေ မတရားသဖြင့် အသတ်ခံ နှိပ်စက်ခံနေရတာတွေဟာ
စကားအားဖြငိ့ နှစ်သိမ့်ပေးတာ
စာဖွဲ့ရုံ

သီချင်းနဲ့ ကြွေးကြော်ရုံ

ဂုဏ်ပြုပေးရုံနဲ့

လွှတ်ပေးပါလို့ပြောနေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ဘူးလေလားလို့ရယ်
သူတို့အတွက်ထိရောက်တဲ့ တုံ့ပြန်မှု တခုခု လှုပ်ရှားမှု အရွေ့တော့ရျိချိန်တန်ပီလို့ထင်ပါတယ်
🥺🥺🥺
ကျမတို့နိုင်ငံ အတွက် တကယ် လိုအပ်နေတဲ့တော်တဲ့ သူတွေ အားလုံးက ထောင်ထဲ ရောက်နေကြတာလေနော်

နိုင်ငံရေးမှာတတ်ကျွမ်းသူ နားလည်သူ
လုပ်နိုင်တဲ့သူထောင်ထဲရောက်နေသရွေ့နိုင်ငံက အခြေနေဆိုးသထက်ဆိုးလာမှာပဲလို့မြင်မိတယ်

၄နှစ်တာ အတွင်း project တွေ campaign တွေ targets တွေဆိုတာလဲ ပြည်သူတွေကပဲပြန်ပီးကူညီပီးလှူဒါန်းတာတချို့သော အရာတွေမှာ ဘယ်လိုနေရာ ဘယ် ပုံစံ ဘယ်လောက် လှူဒါန်းတယ် ပြင်ဆင်တယ်
အစီအစဉ်တွေရှိတယ်ဆိုတာ ချပြလို့ရရမယ့် အပိုင်းတွေလဲ အခု လက်ရှိ ပြည်သူတွေ အားထားတဲ့ အဖွဲ့ အစည်းမှာ တာဝန်ရှိနေသလားလို့လေ

အမေတစ်ယောက်လုံး အကျည်းထောင်ထဲမှာ ကလေးဘဝကနေ လူကြီးဖြစ်တဲ့ အထိ အေးအေးချမ်းချမ်းနဲ့ အတူထမင်းစားခွင့်လေးတောင်ကောင်းကောင်းမရသေးတဲ့ သားနှစ်ယောက် အတွက်ရော ကျမတို့ စဉ်းစားပေးသင့်သလားရယ်လို့ပါ
သူတို့ဘဝမှာ အမေဆိုတာ ခေါ်ရုံလေးပဲရကြရရှာတာလေနော်

သူတို့အမေကို ဂုဏ်ပြုပေးတာ ချစ်တာကို လိုချင်တာထက် လွတ်လပ်စွာနဲ့ အမေရင်ခွင်ထဲ တိုးဝှေ့ချင်ကြမှာပဲလို့ တွေးမိတိုင်းကိုယ်ချင်းစာတယ်🥺🥺

သူတို့လဲ သူ့အမေကို ကျမတို့ပြည်သူတွေက လွတ်စေချင်သလို လွတ်ဖို့ အမြဲ ကြိုးစားနေမှာပါပဲ

ကျမတို့ တခါတလေ ပွဲတွေလုပ် ရံပုံငွေတွေရှာလိုက် စစ်ရှောင်တွေကူလိုက် ရေဘေးကူလိုက် နဲ့ စစ်မြေပြင်က လိုအပ်ချက်လေးတွေကူဖို့ရှာလိုက်နဲ့ ဒီလိူတွေပဲလည်နေတာ၄နှစ်တောင်ပြည့်ပီ

နောက်တဆင့်ပြောင်းလဲလာဖို့ ပိုပီးထင်သာမြင်သာရှိလာဖို့က လက်ရှိ နိုင်ငံရေး မှာ လိုအပ်နေပီလို့ထင်တယ်
ကျမတို့မျက်စိစုံမှိတ်ပီး ယုံနေလို့မရတော့ဘူး

ကျမတို့ပြည်သူတွေ ပိုပီး သိချင်စိတ် လေ့လာချင်စိတ် ပါဝင်ချင်စိတ်ကို တံခါးဖွင့်ပေးရတော့မယ်
တကယ် နယ်စပ်မှာ ဖြစ်နေပျက်နေတာတွေ အလှူငွေတွေနဲ့ လုပ်စားနေတာတွေ

ပြည်သူ့မေတ္တာရအောင်ယူပီး အလှူငွေတွေတဲ့ကျော့မော့နေတာတွေကို ပြည်သူတွေက လှူသာလှူတယ်
မမြင်ကြရဘူးလေနော

တချို့ဆို သူတို့က လှူတဲ့ငွေမရဘူး မြေပြင်မှာ အဆင်ပြေသလို ရရာ လက်နက်ဆွဲတိုက်နေကြရတဲ့ကလေးတွေ စစ်ရှောင်တွေ အများကြီးပဲ

တကယ် ကြိုးစားပီးရှေ့ထွက်လုပ်ကိုင်ပေးနေတဲ့ လူမသိတဲ့ ပုဂ္ဂိုလ်တွေဆို cele တွေလောက်တောင် အာရုံလဲ အစိုက်မခံရသလို အဖက်တောင်အလုပ်မခံရပါဘူး
တကယ်တော့ တချို့သော အနုပညာရှင်တွေဟာ သူတို့ အချင်းချင်းပဲ အဆက်ဆံလုပ်ပီး အသိုက်တစ်ခုလုပ်ထားတာ သိတဲ့သူကနည်းနည်းရယ်

ဒါတွေကို မျက်စိနဲ့ ရှင်းရှင်းလင်းလင်းမြင်ခဲ့တဲ့သူတွေ အလှူရှင်တွေက သိပေမဲ့လဲ အမှန်တရားဟာ လူအနည်းစုသာဖြစ်နေတဲ့ အခါ ပြောလိုက်ရင် ဖယ်ခံရမယ် ဆိုတာသိလို နှုတ်ဆိတ်နေခဲ့ကြသူတွေအများကြီးပါ

အဲ့လိုလေးတွေ ကြားရတော့စိတ်လဲ တော်တော် မကောင်းဘူးရယ်
ပြည်သူတွေ ဘယ်ကိုပဲ လှူလှူ နားလေးစွင့်ပီးလှူကြဖို့တိုက်တွန်းချင်ပါတယ်
ငွေဆိုတာ ရှာရတာခက်သလို ကိုယ်လှူလိုပ်တဲ့ငွေတေဟာ ထိရောက်တဲ့နေရာတွေရောက်မရောက်ဆိုတာသေချာလေ့လာပီးမှ လှူကြပါလို့

ကိုယ်ကတော့နယ်စပ်မှာ သွားလှူပေးနေတဲ့ အကို အမတွေ မိတ်ဆွေတွေလေးစားရတဲ့ သာသနာနယ်ပယ်က တကယ်လုပ်ကိုင်ပေးနေတဲ့သူတွေနဲ့ သေသေချာချာ အတွင်း ကျကျ သိလာတဲ့ အခါ
တော်လှန်ရေးမှာ ကျမတို့ဟာ တစ်ချို့သူတွေကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွက်လှူဒါန်းနေတာမျိုးတွေ သူတို့ အတွက်စီးပွါးရှာပေးသလို ဖြစ်နေတာတွေဟာ ရေရှည်မှာ ဘယ်လိုနည်းနဲ့မှ တော်လှန်ရေးမှာ အထောက်အကူဖြသ်မလာနိုင်ဘူးလေနော်

ပြည်သူတွေကို သနားဖို့ အချိန်ရောက်နေပါပီ
ကျမပြောတာသိတဲ့သူတွေလဲသိနေကြပါပီ
တော်လှန်ရေးကြီးကို ဒီ့ထက်ပိုမကြာစေချင်ရင် ဘာပဲလုပ်လုပ် လှူလှူသေချာအောင် စုံစမ်းပီးမှ လှူပါ

ကိုယ်တိုင်ကိုယ်ကျနိုင်ငံရေးကို စိတ်ဝင်စားစွာ ပါဝင်ပါလို့ပြောချင်ပါတယ်

ခဏတာ ဆုံခွင့်သာရပေမဲ့ တော်လှန်ရေးရဲ့ တကယ့်ဖြစ်ရပ်တွေကို သိမြင်ခွင့် အတွေးဖလှယ်ခွင့်ရတာနဲ့တင် ကျေနပ်ရတဲ့နေ့လေးတနေ့ပါပဲ
ဆက်လက်ပီး
ရိုးသားစွာနဲ့ကြိုးစားပေးကြပါဦး

ကျမဘယ်သူ့မှ ဘက်မလျုက်ပဲ တကိုယ်တည်း အတွေး အမြင်သာဖြစ်ပါတယ်

ကျမကတော့
အနီအစိမ်း အတွက်မဟုတ် ပြည်သူအတွက် အမှန်တရား လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသောတော်လှန်ရေးကို လုပ်တဲ့သူများသာဖြစ်စေချင်ပါတယ်
🙏🙏🙏

ထိုင်းနိုင်ငံရဲ့အထင်ကရပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ “လွယ်ကထုံ”လို့ခေါ်တဲ့ ထိုင်းရိုးရာမီးမျှောပွဲကို မကြာခင် ကျင်းပကြတော့မှ...
13/11/2024

ထိုင်းနိုင်ငံရဲ့အထင်ကရပွဲတော်တွေထဲက
တစ်ခုဖြစ်တဲ့ “လွယ်ကထုံ”လို့ခေါ်တဲ့
ထိုင်းရိုးရာမီးမျှောပွဲကို မကြာခင် ကျင်းပကြတော့မှာ ဖြစ်ပါတယ် 🎡🎡

- ပွဲတော်ရဲ့ ရည်ရွယ်ချက် အဓိပ္ပာယ်ကတော့
အတိတ်က မကောင်းတဲ့အရာတွေကို စွန့်လွှတ်ပြီး ကောင်းမွန်တဲ့အရာတွေ ရောက်လာစေရန်ဆုတောင်းခြင်း ဖြစ်ပါတယ် 🌃🌃

- ထိုင်းရိုးရာပြက္ခဒိန်ရဲ့ ၁၂လမြောက် လရဲ့
လပြည့်မှာ ကျင်းပတာဖြစ်ပါတယ်
ထိုလပြည့်ညက နိုဝင်ဘာလအတွင်း
အမြဲကျရောက်ပါတယ်
ဒီ ၂၀၂၄မှာ တော့ နိုဝင်ဘာ၁၅မှာ ကျရောက်ပါတယ်
အဲ့တော့ လွယ်ကထုံကို ၁၅/၁၆/၁၇ သုံးရက်မှာ စည်းကားစွာကျင်းပမှာဖြစ်ပါတယ်

- လွယ်ကထုံပွဲတော်မှာ ထူးခြားတဲ့
ဆွဲဆောင်မှုတွေ အများကြီးရှိပါတယ်

- ကထုံ ဆိုတာကတော့ ရေထဲကိုမျှောလိုက်မယ့် ကြာပန်းပုံ သဏာန် အရွက်ခွက်လေးကို ခေါ်တာပါ
လွယ် ဆိုတာကတော့ မျှောတယ်လို့ အဓိပ္ပာယ်ရကြောင်းသိရပါတယ် 🪷🪷

ကထုံကို ငှက်ပျောရွက် ဒါမှမဟုတ် Spider လီလီပန်းရဲ့ အရွက် တွေနဲ့ ပြုလုပ်ကြပါတယ်
ရေပေါ်လည်း ပေါ်နိုင်ပြီး ရေထဲမှာ အလွယ်တကူပျော်ဝင်နိုင်တဲ့ ဝေဖာအမာသား တွေနဲ့လည်း ကထုံကို ပြုလုပ်ကြပါတယ်
( ရေထဲပျော်ဝင်ပြီး ငါးစားဖြစ်သွားစေတာပေါ့ ) 🐟🐟

ပလတ်စတစ် ဖော့တွေနဲ့လည်း ပြုလုပ်လာကြပေမယ့် ရေထုညစ်ညမ်းမှုကို ဖြစ်စေလို့ တားမြစ်လာတာတွေလည်း ရှိပါတယ် 🚯🚯

- ကထုံမှာ ပန်းအလှလေးတွေဆင်ကြတယ်။
ထိုင်းရိုးရာ အချိုမုန့်တွေ ငွေစက္ကူ အကြွေစေ့တွေ ထည့်မျှော ကြပါတယ်
( တချို့ခလေးတွေဆို မျှောလာတဲ့ ကထုံလေးတွေကို ဆယ်ယူပြီး ပိုက်ဆံပါမပါ ဖြဲယူကြည့်တဲ့သူတွေလည်း ရှိတတ်ပါတယ် / TikTok Videos တွေမှာ တွေ့ဖူးကြမှာပါ )

( မင်မင်လည်း ချင်းမိုင် ပင်းမြစ်‌ဘေးမှာ စောင့်ပြီ ကထုံဆယ်မလားလို့ လိုက်ကြအုံးမလား 😂 )

- ကထုံထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို စာရွက်လေးနဲ့ ထည့်ရေးပြီး ဆုတောင်းတဲ့အခါပြည့်တယ်လို့ပြောကြတယ် 🪷🪷

- ချစ်သူစုံတွဲများ အနေနဲ့ အချစ်ရေးခိုင်မြဲစေရန်နဲ့ အခက်အခဲများ ကင်းဝေးစေရန် ဆုတောင်းစာလေးတွေကို ကထုံထဲထည့်မျှောရင် ဆုတောင်းပြည့်တယ်တဲ့နော် ❤️❤️

- လွယ်ကထုံပွဲတော်ကို ထိုင်းလူမျိုးများက ရိုးရာဝတ်စုံလေးတွေ ဝတ်ပြီး ဆင်နွှဲကြတယ်
ရေထဲမှာ လှုပ်တုတ်လှုပ်တုတ်နဲ့ မျောလာတဲ့ ကထုံလေးတွေကို ကြည့်ရတာ ကြည်နူးဖို့ကောင်းပါတယ်
ဆီမီးလေးတွေလဲ ထွန်းကြတယ် 🪔🪔
မီးပုံးပျံလေးတွေလဲ လွှတ်ကြတယ် 🎏🎏
မီးရှူးမီးပန်းတွေလဲ ဖောက်ကြတယ် 🎇🎇
ဒီနှစ်မှာဆိုရင် ချင်းမိုင်မှာ အလှဆင်ထားတဲ့ အလှပြကားကြီးတွေက မြို့ကိုပတ်ပြီး ကပြဖျော်ဖြေကြအုံးမှာပါ 🚂💨

- မြန်မာက တန်ဆောင်တိုင်ပွဲတော်နဲ့ ဆင်တူလို့ အိမ်လွမ်းနေတဲ့မြန်မာတွေအဖို့ ပိုပြီး အိမ်ကိုသွားလွမ်းစေလိမ့်မယ် ထင်ပါတယ် 🥹🥹

- လွယ်ကထုံပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝှမ်းလုံး ကျင်းပသော်လည်း အချို့သောနေရာတွေမှ ပိုပြီး ထင်ရှားကျော်ကြားပါတယ်
ဘန်ကောက်၊ ချင်းမိုင်၊ အယုဒ္ဓယ၊ ဖူးခက်၊ တာ့ခ်၊ ဆူခိုထိုင်း စသည့်မြို့ကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်
အထူးသဖြင့် ချင်းမိုင်မြို့မှာ ကျင်းပတဲ့လွယ်ကထုံပွဲတော်ဟာ အလွန်ထင်ရှားပြီး Yi Peng လို့ခေါ်တဲ့ မီးပုံးပျံ သေးသေးလေးတွေ လွှတ်တင်ခြင်းပွဲတော်နဲ့တွဲပြီး ကျင်းပလို့ နာမည်ပိုကြီးပါတယ် 🎆🎆

- Yi Peng ဆိုတာ Rapunzel ကားထဲကလို စက္ကူမီးပုံပျံလေးတွေ ရာနဲ့ချီ လွှတ်တင်တဲ့ ပွဲတော်ဖြစ်ပါတယ် 🛸🛸
လူအများကြီး တပြိုင်ထဲ မီးပုံပျံလေးတွေ လွှတ်တင်ကြမှာဆိုတော့ ဘယ်လောက်လှနေလိုက်မလဲ စိတ်ကူးယဉ်ကြည့်လို့ရပါတယ် 🎑🎑

နိုဝင်ဘာ 15 နဲ့ 16 ရက်မှာ Yi Peng ကျင်းပမှာဖြစ်ပြီး Ticket ဝယ်ပြီး ဆင်နွှဲရမှာဖြစ်ပါတယ်
ပွဲမစခင် ပွဲကျင်းပရာနေရာကို တစ်နာရီကြိုရောက်ပြီး အခမ်းအနားနဲ့တကွ ဆင်နွှဲရမှာ ဖြစ်ပါတယ် 🌠🌠

- လွယ်ကထုံနဲ့ Yi Peng ပွဲတော်များကြောင့် ထိခိုက်မှုတွေ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေလဲဖြစ်ခဲ့ဖူးပါတယ် 🌇🌇

၂၀၁၆တုန်းက ဘန်ကောက်မှာ လွယ်ကထုံပွဲ အပြီး အမှိုက်ထု ၆တန်လောက်ဆယ်ယူခဲ့ရပါတယ်
ဒါကြောင့် ကထုံများ ပြုလုပ်တဲ့အခါ ရေညစ်ညမ်းမှု မဖြစ်စေရန် သဘာဝပစ္စည်းတွေနဲ့ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ

၂၀၁၇ မှာတုန်းကတော့ မီးပုံးပျံလေးများကြောင့် ချင်းမိုင်လေဆိပ်သို့ ဝင်ထွက်မည့် လေယာဉ် ၇၈စီး ပယ်ဖျက်ခဲ့ရပါတယ် 🛬🛫

၂၀၁၈မှာတော့ လွယ်ကထုံ ပွဲကြောင့် ဘန်ကောက် ဆိပ်ကမ်း ၈၈ခု ခေတ္တပိတ်ခဲ့ရပါသေးတယ် 🚢🚢

ဒီလို အခက်အခဲတွေ ရှိသော်လည်း လွယ်ကထုံပွဲတော်ဆိုတာ ထိုင်းလူမျိုးတို့အတွက် အလွန်အရေးပါသော ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတစ်ခု ဖြစ်ပြီး မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ စုစည်းရန် အခွင့်အရေးကောင်းတစ်ခု အဖြစ် သတ်မှတ်ထားကြပါတယ်
ဒါ့အပြင် လူငယ်တွေကိုလဲ ရိုးရာယဉ်ကျေးမှုကို စနစ်တကျ ထိထိမိမိ လက်ဆင့်ကမ်းပေးလျက်ရှိပါတယ် 🎏🎏

- လွယ်ကထုံပွဲတော်က ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်
အဲ့တာကြောင့် တစ်နှစ်ထက်တစ်နှစ် စည်ကားအောင် ကျင်းပကြတယ်
နှစ်စဉ် ကမ္ဘာအနှံ့မှ ခရီးသွားဧည့်သည်များက ဒီပွဲတော်ကို လာရောက်ကြည့်ရှုကြတယ်
ဒီအချက်က ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိစေတယ် 🎎🎎

- အဲ့ဒီအတွက်ကြောင့် ထိုင်းလူမျိုးများက ယဉ်ကျေးမှုဓလေ့ရိုးရာတွေကို သေချာထိန်းသိမ်းပြီး သေချာ အသုံးချနေတာကို အားရဖွယ် မြင်တွေ့နိုင်ပါတယ် 📈📈

ᴍᴀʀɪᴏ's ᴍᴇᴍᴏʀɪᴇs

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959424523100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝗠𝗮𝗿𝗶𝗼'𝘀 𝗠𝗲𝗺𝗼𝗿𝗶𝗲𝘀ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์