English For Free Upload English Phrases and Conversation
On 𝗠𝗼𝗻𝗱𝗮𝘆, 𝗧𝘂𝗲𝘀𝗱𝗮𝘆, 𝗪𝗲𝗱𝗻𝗲𝘀𝗱𝗮𝘆. YouTube: 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝗿 𝗙𝗿𝗲𝗲
TikTok: 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗼𝗿 𝗙𝗿𝗲𝗲

I am an ordinary person from the countryside but I've got big dreams to travel around the world one day.

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလားရှိပါတယ် . .1။`အပြစ်တင်လွန်းတဲ့မိဘ´ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .တစ်နည်းဆိုရရင် ...
18/10/2024

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား
ရှိပါတယ် . .
1။`အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...
2 ။`ဘက်လိုက်တာ´
သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..
3 ။`ဆဲဆိုလွန်းတာ´
နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်
4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´
"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို သတိထားသင့်ပါတယ်...
သားသမီးဆိုတာ မိဘကိုအစစအရာရာ ပြောပြချင်တဲ့အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်...
သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...
5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´
အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...
စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုေတာ့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...
အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...…
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘ်ို့ဆိုတာမလွယ်ကူပါဘူး
အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။
တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်
တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...
အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ
မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။

16/10/2024

Get အသုံးပြုနည်းနှင့်
အခြေခံအင်္ဂလိပ်စကားပြော

#အင်္ဂလိပ် #အင်းစိန် #အင်္ဂလိပ်စကား #အင်္ဂလိပ်စာ #အခြေခံအင်္ဂလိပ်စကားပြော

14/10/2024

ပျော်အောင်နေနည်း
***************

အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ တစ်နေ့တော့ အဘိုးကြီးတစ်ယောက်ဆီသွားပြီး မေးတယ်။

အဘိုး•••

"ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက ဘာလဲ•••"

"သားက ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တာ••••
ဒါပေမယ့်•••
တစ်နေ့နေ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်လာမှာကို ကြောက်လို့ ပျော်အောင် နေနည်းကို ပြောပြပါလား•••

အဘိုးအိုက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြီး ပြောတယ်၊၊

"ကောင်းပြီ•••
မင်းသိချင်တာတွေကို ပြောပြမယ်။
ဒါပေမယ့်••• မပြောခင် ခိုင်းတာ တစ်ခုတော့ လုပ်ပေးရမယ်•••"

ကောင်လေးက အဘိုး မျက်နှာကို ကြည့်ပြီး ပြုံးကာ မေးသည်။

"ရပါတယ် အဘိုးရဲ့••• သားလုပ်ပေးမှာပေါ့••• ဘာလုပ်ပေးရမှာလဲ ပြော"

အဘိုးကြီးက ဖြေတယ်၊၊
"အဘိုးအိမ်နောက်ဘက်မှာ ရေစည် အလွတ်တစ်လုံးရှိတယ်၊ မင်းကို ရေဖြည့်ပေးစေချင်တယ်။ အဘိုးက အသက်ကြီးပြီး စမ်းချောင်းထဲမှာ ရေမဆင်းခပ်နိူင်တော့ဘူး••• မင်းအဲ့ဒီရေစည် အလွတ်ထဲကို ရေဖြည့်ပေးရင် မင်းကို ဒင်္ဂါးနှစ်ပြားဆုချမယ်။ ဒင်္ဂါးနှစ်ပြားက မင်းအတွက်ပဲ ကောင်လေး"

ကောင်လေးဟာ ဒင်္ဂါးနှစ်ပြား ရမယ်ဆိုသောကြောင့် စိတ်တွေ လှုပ်ရှားတက်ကြွသွားပြန်တယ်။

ရေပုံးတစ်ပုံးကို ကိုင်ပြီး ရေယူဖို့ စမ်းချောင်းကို အမြန်ဆင်းခဲ့ တယ်။ ခဏအကြာတွင် အဘိုးအိုထံသို့ ပြန်သွားပြီး ရေစည်ကို ရေဖြည့်ထားကြောင်း ပြောပြသည်။

သို့သော် အဘိုးအိုက•••

"အိုး၊ ငါပြောဖို့မေ့သွားလို့ ငါ့မီးဖိုချောင်ထဲမှာလည်း စည်အလွတ် တစ်လုံးရှိသေးတယ်။ အဲဒါကို ထပ်ဖြည့်ပေးပါလား ။ ငါမင်းကို ဆုကြေးအနေနဲ့ နောက်ထပ်ဒင်္ဂါးနှစ်ပြား၊ စုစုပေါင်း ဒင်္ဂါးလေး ပြား ပေးမယ်။ မင်းလိုချင်တာ ဝယ်လိုရတာပေါ့•••
ဒီငွေလေးပြားဆိုတာ မင်းအတွက် အများကြီးပဲ"

ကောင်လေးက ဒီဒင်္ဂါးလေးပြားကို ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ အဲဒါကို နှစ်ခါမစဉ်းစားတော့ဘူး။ ရေပုံးကို ယူကာ စမ်းချောင်းထဲ သို့ အမြန်ဆင်းခဲ့သည်။

မကြာခင်မှာပင် သူသည် ဒုတိယရေစည်ထဲကို ရေဖြည့်ပြီးသွား ပြီ။ ထို့နောက် အဘိုးကြီးထံသို့ ပြန်သွားသောအခါ•••

ကောင်လေး၏မျက်နှာတွင် ရွှင်မြူးသော မျက်လုံး များ ပေါ်လာ သည်။ ဒီပိုက်ဆံ အားလုံးနဲ့ဆို သူ ဘာဝယ်မယ်ဆိုတာကို တွေးပြီး စိတ်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး၊၊

ဒါပေမယ့် အဘိုးအိုက ကောင်လေးကို ဒင်္ဂါးလေးပြားကို ပေးရ မယ့်အစား မျက်မှောင်ကြုတ်ပြီး•••

"အိုး မဟုတ်သေးပါဘူး၊ ငါက တစ်ကမ္ဘာလုံးမှာ သတိအမေ့ဆုံး အဘိုးကြီးထင်တယ်၊၊ ငါ့မှာ ပေးစရာ ဒင်္ဂါး မရှိဘူးဆိုတာကို မေ့ နေတယ်။ ငါ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊၊ မင်းကို ပေးစရာ ပိုက်ဆံမရှိတော့ဘူးလို့ တောင်းပန်ပါတယ်၊၊
အခုတော့ မင်းလက်ဗလာနဲ့ပဲ အိမ်ပြန်ရတော့မယ် ကောင်လေးရေ"

ထိုစကားကိုကြားသောအခါ ကောင်လေး၏မျက်နှာပေါ်ရှိ အပြုံးသည်•••
ရုတ်တရက်ပျောက်ကွယ်သွားကာ ဝမ်းနည်းသောအကြည့် ဖြင့် အစားထိုးလာသည်။

သူ့ရဲ့ ပျော်ရွှင်မှုဟာ လုံးဝပျောက်ဆုံးသွားပြီး ဝမ်းနည်းမှု စိတ်ပျက်မှုတွေနဲ့ အစားထိုးခဲ့ပါတယ်။

ထိုအချိန်တွင် အဖိုးအိုသည် အံ့အားသင့်စွာပြုံးလိုက်ပြီး သူ့ကို ခဏလောက် တင်းတင်းကျပ်ကျပ် ဖက်ထားကာပြောသည်။

"စိတ်မပူပါနဲ့ ကောင်လေး။ အမှန်က မင်းအတွက် ပိုက်ဆံရှိပါ တယ်၊ ငါလုပ်ခဲ့သမျှက မင်းကို ဘဝနဲ့ပတ်သက်တဲ့ အဖိုးတန် သင်ခန်းစာတစ်ခု သင်ပေးဖို့ ရည်ရွယ်ချက်တစ်ခုပဲ"

"ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး ဖျက်ဆီးသူဆိုတာ ဘာလဲလို့ မင်းက ငါ့ကို ပြောပြခိုင်းတဲ့အခါ•••
အခုလို မင်းကို ဝမ်းနည်းစေမယ့် အစီ အစဉ်တစ်ခု ပေါ်လာတော့ တာပေါ့"

"မင်းကို သေသေချာချာ ထိထိရောက်ရောက် အဖြေပေးချင်လို့ ပါ•••"

ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက မင်းရဲ့ မျှော်လင့်ချက်တွေပဲ၊၊

မင်းငါ့ဆီကနေ ဒင်္ဂါးလေးပြားရဘို့ကို မျှော်မှန်းထားတယ်၊၊
အဲ ဒါကို မင်းမရနိူင်တော့ဘူးလို့ မင်းသိသွားတဲ့ အခါ မင်း ဝမ်းနည်း လာတယ်၊၊

တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးတဲ့အခါ သူတို့ဆီကနေ တစ်ခုခုကို ပြန်ရဘို့ မျှော်လင့်ကြတယ်၊၊

ငါတို့က သူတို့ကို ချစ်တဲ့အတွက် သူတို့က ငါတို့ကို ပြန်ချစ်လိမ့်မယ်၊၊
ငါတို့က သူတို့အပေါ် ကောင်းကြလို့ သူတို့ကလည်း ငါတို့ အပေါ်မှာပြန် ကောင်းကြလိမ့်မယ်၊၊
ဒီလိုမျိုးတွေပြန်လာဘို့ မျှော် လင့်ကြတယ်၊၊

တစ်စုံတစ်ယောက်ဆီက ပြန်မျှော်လင့်တာဟာ လက်တွေ့မကျပါဘူး••• ဖြစ်ချင်မှ ဖြစ်မှာလေ၊၊

ဖြစ်မလာတဲ့အခါမှာ မင်းကို စိတ်ပျက်မှု၊ စိတ်ဓာတ်ကျမှု နဲ့ မင်း ရဲ့စိတ်ကို ဖိအားတွေဖြစ်စေတယ်၊၊

တကယ်လို့ ကိုယ့်ဘက်က လူတွေအပေါ်မှာမျှော်လင့်ချက်တွေကို လျှော့ပြီး•••
နားလည်မှုတွေနဲ့ နေနိူင်မယ်ဆိုရင်တော့••• ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါတယ်၊၊

ကိုယ်ဆီမှာ ရှိတဲ့အရာလေးနဲ့၊ အရည်အချင်းလေးနဲ့၊
ပိုင်ဆိုင်မှုလေးနဲ့၊ ကိုယ်မှာရှိတဲ့ ချစ်ခြင်းမေတ္တာလေးနဲ့••• လိုအပ်နေသောသူတိုင်းကို မျှော်လင့်ချက်မပါဘဲ••• တတ်နိုင်သမျှ ကူညီခြင်းသည် ဘဝမှာ ပျော်ရွင်စွာ နေထိုင်ခြင်းပါ၊၊

13/10/2024

Welcome to the English For Free channel! In this video, we focus on enhancing your English speaking skills, helping you gain confidence and fluency. Whether you're a beginner or looking to refine your skills, we provide practical tips, engaging exercises, and real-life scenarios to boost your conversational abilities. Join us as we explore effective techniques, vocabulary expansion, and pronunciation practice. Subscribe now and start your journey toward becoming a more fluent English speaker!

“မနာလိုခြင်းတွေအကြောင်း”ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ လူတွေကို စစ်တမ်းလေး ကောက်တာပေါ့။ မင်းကို ...
06/10/2024

“မနာလိုခြင်းတွေအကြောင်း”

ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ လူတွေကို စစ်တမ်းလေး ကောက်တာပေါ့။ မင်းကို ပိုက်ဆံ ၅ သိန်းပေးမယ်၊ မင်းသူငယ်ချင်းတွေကို ၃ သိန်း ပေးမယ်၊ ယူမလားဆို ယူမယ်ပေါ့။ နောက်တစ်မျိုး ထပ်မေးတယ်။ မင်းကို ၁၀ သိန်း ပေးမယ်၊ နဂိုထက် ၂ ဆ များသွားတယ်နော်။ မင်းသူငယ်ချင်းတွေကိုတော့ ၁၂ သိန်း ပေးမယ်၊ ဘယ်လိုလဲ ဆိုပြီး မေးတော့ လူတော်တော်များများဟာ ပထမ Option ကိုပဲ ရွေးသွားကြတယ်တဲ့။

ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ကိုယ် ဘယ်လောက် ရနေလဲ ဆိုတာထက် လူ့အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ ကိုယ့်ရဲ့ အဆင့် (Status in the society) ကို ပိုမက်မောကြတယ် ဆိုတာပဲ။

စာမေးပွဲကျတယ်ဆိုလည်း သူငယ်ချင်းတွေနဲ့ အတူတူဆို သိပ်ပြဿနာ မရှိဘူး။ သူငယ်ချင်းတွေက အောင်ပြီး ကိုယ်တစ်ယောက်တည်း ကျတယ်ဆို အဆင်မပြေတော့ဘူး။

တကယ်ဆို သူငယ်ချင်းရဲ့ ကျခြင်း၊ အောင်ခြင်းဟာ ကိုယ့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ ပထမကို ရွေးလို့ ကိုယ်က ဒုတိယ ဖြစ်ကျန်ခဲ့ရတာလည်း မဟုတ်ဘူး။ ခုနက ကိစ္စဆိုလည်း ကိုယ့်ဟာကိုယ် ၁၀ သိန်းရ တော်ပြီပေါ့။ ဒါပေမဲ့ သူများတွေက ၁၂ သိန်း ရတယ်လည်း ဆိုရော၊ နဂိုရရမှာထက် ၄ ဆ ပိုရသွားတယ်လည်း ဆိုရော၊ မကြိုက်တော့ဘူး။

လူဆိုတော့ ဒီလိုပဲ သူများနဲ့ နှိုင်းတတ်တဲ့သဘော ရှိတယ်။ လူ့သဘာဝလို့တောင် ဆိုရမလားပဲ။ ခုလို ဆိုရှယ်မီဒီယာခေတ်ကျ ပိုဆိုးသွားတယ်။ ဘယ်သူ ဘာဖြစ်နေပြီ ဆိုတာ အကုန်သိနေရတာကိုး။ ဒီကြားထဲ ကျွန်တော်တို့ကလည်း ကောင်းတဲ့ကိစ္စ၊ အောင်မြင်တဲ့ကိစ္စမှ ပို့စ်တင်တတ်ကြတာမို့လား။ အဲ့တော့ လူတွေကို သူများနဲ့ နှိုင်းယှဉ်ခြင်း၊ သိမ်ငယ်စေခြင်း၊ မနာလိုခြင်း၊ အဲဒီကနေမှ တိုက်ခိုက်အပုပ်ချခြင်းတွေ ပိုပြီး ဖြစ်လာစေတော့တယ်။

ဖေ့စ်ဘွတ်မှာ သတိထား ကြည့်လိုက်ရင် အဲ့လိုစိတ်ကလေးတွေကို အများကြီး တွေ့ရလိမ့်မယ်။ (ဝေဖန်စရာမို့ ဝေဖန်တိုင်း မနာလို ဖြစ်နေတယ် ဆိုတဲ့ တစ်ဖက်စွန်းကိုလည်း မရောက်စေချင်ပါဘူး။) ရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်မှာလည်း အဲ့လိုစိတ်မျိုး ရှိတာပဲ။ ဒီလောက်ကြီး ဖြူစင်နေတာ မဟုတ်ဘူး။ ဥပမာ ကိုယ် ကြည့်မရတဲ့ လူတစ်ယောက် ဆဲခံနေရပြီဆို စိတ်ထဲနည်းနည်းလေးတော့ ဝမ်းသာတာပဲ။ ပြီးမှ သူ ဒါကို ရေးလို့၊ ဒီလိုလုပ်လို့ မကြိုက်တာက သက်သက်၊ သူ့ရဲ့ တန်ဖိုးက သက်သက် ဆိုတာမျိုး အတွေးကို ပြန်ပြင်ယူရတာ။ မနာလိုစိတ်ကို သတိလေးကပ်ပြီး ထိန်းချုပ်ပယ်သတ်နေရတာ။

လူဆိုတာက ကိုယ်နဲ့ လုံး၀ မသက်ဆိုင်တဲ့ သူတွေဆို မနာလို မဖြစ်ဘူး။ ကိုယ် လုံး၀ လက်လှမ်းမမီလောက်အောင် အောင်မြင်နေရင်လည်း မနာလို မဖြစ်ဘူး။ ကိုယ်နဲ့လည်း နယ်ပယ်ချင်း တူတယ်၊ အပြတ်အသတ်ကြီးလည်း ဖြစ်မနေဘူးဆိုရင်တော့ မနာလို ဖြစ်တတ်တယ်။

အဲ့လို မနာလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လိုက်ဖတ်ကြည့်တော့ -

◾၁။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ (Dissatisfaction)

ကိုယ့်မှာ ရှိတာကို ကိုယ်မမြင်ဘဲ ကိုယ့်မှာ မရှိတာတွေကိုပဲ ကွက်ကြည့်ပြီး မကျေမနပ် ဖြစ်နေသူတွေပေါ့။ ဥပမာ ကိုယ်က အမျိုးသားရှိတယ်။ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ ဒါပေမဲ့ အပြင်အလုပ် မလုပ်ရတဲ့အတွက် သူ့ကိုယ်သူ မကျေနပ်ဘူး။ ဒီအခါ ကိုယ့်အမျိုးထဲကဖြစ်ဖြစ်၊ သူငယ်ချင်းထဲကဖြစ်ဖြစ် ကိုယ်ပိုင်အလုပ် လုပ်နေသူဆိုရင် ကြည့်မရဘူး။ နောက်ကွယ်မှာ မကောင်းပြောတယ်။ သူတစ်ပါးအလုပ်ကို လှောင်ပြောင်တယ်။

◾၂။ သူများနဲ့ နှိုင်းယှဉ်တာ (Comparison with others)

ဒါကတော့ အပေါ်မှာ ပြောခဲ့သလို လူ့သဘာဝပါပဲ။ ဒါကိုမှ ဆိုရှယ်မီဒီယာက မီးလောင်ရာလေပင့် လုပ်ပေးတယ်။ ဒါကြောင့်လည်း သတိလေး ထားပြီး သုံးကြဖို့ ပြောလာရတာ။

◾၃။ ဂုဏ်မောက်တာ၊ မာနကြီးတာ (Pride)

သူတို့ကျ တစ်မျိုး။ ကိုယ့်ကိုယ်ကိုယ်မှ ကောင်းတယ်၊ တော်တယ် ထင်တာ။ အဲ့လိုလူတွေက တစ်ဖက်သားကို မလေးစားဘူး။ အားနည်းချက်ကို မရရအောင် ရှာပြီး နှိမ်တယ်။ ဥပမာ ငါက ဘာလို့ ဒီလိုလူမျိုးနဲ့၊ ခုမှ တက်သစ်စလေးနဲ့ တွဲပြီး ပြောရမှာလဲတို့ (ဒီနေရာမှာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းသူမို့ အလုပ်တွဲမလုပ်ချင်တာကို မဆိုလိုပါဘူးနော်)၊ သူ့နာမည်ကို ကိုယ်မသိဘူး ဆိုပြီး ချိုးလိုက်တာမျိုးတို့ လုပ်တတ်ကြတယ်။

◾၄။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အားနည်းတာ (Low self-esteem)

ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် သိပ်သဝန်တိုတတ်တဲ့ ရည်းစားတွေ၊ အိမ်ထောင်ဖက်တွေဆို ကြည့်လိုက်။ အများစုဟာ သူတို့ကိုယ်သူတို့ အားမရဘူး။ သူ့ရည်းစား၊ သူ့အိမ်ထောင်ဖက်ရဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှ လူတွေဟာ သူ့ထက်သာတယ်လို့ ထင်နေတယ်။ ဒီတော့ စိတ်ယိုင်သွားမှာ စိုးတယ်။ အဲဒီအခါ သဝန်တိုတယ်။ ချုပ်ချယ်တယ်။ များသောအားဖြင့် အလုပ်မလုပ်၊ ဝင်ငွေမရှာနိုင်တဲ့ အမျိုးသား၊ အမျိုးသမီး၊ လိင်မှုဆိုင်ရာမှာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသား၊ ကလေးမွေးမပေးနိုင်တဲ့ အမျိုးသမီးတွေမှာ အဲ့လို တွေ့ရတတ်တယ်။ (Gender ခွဲထားတာ မဟုတ်ဘဲ ဖြစ်တတ်တဲ့ သဘောကို ရေးထားတာပါ။)

◾၅။ လိုချင်တပ်မက်စိတ် များတာ (Desire)

ဘဝမှာ သိပ်ပြီးလည်း မအောင်မြင်ချင်၊ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တဲ့သူတွေဟာ မနာလိုစိတ်လည်း နည်းတတ်ကြတယ်။ ဘယ်သူ့ကိုမဆို မုဒိတာ ပွားနိုင်တယ်။ လိုချင်တပ်မက်စိတ်၊ အောင်မြင်လိုစိတ်၊ အရာရာမှာ ပထမ ဖြစ်လိုစိတ် ရှိသူတွေကတော့ ပိုပြီး မနာလိုမိတတ်တယ်။

တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါသေးတယ်။ ခုက ဖတ်မိသလောက် ပြောရတာ။ အဲ့လို မနာလိုစိတ်များရင် ဘာဖြစ်လာတတ်လဲဆို စိတ်ဓါတ်ကျတတ်တယ်။ ကိုယ့်ဘဝကိုယ် အားမရဘူး။ သူများကို မကောင်းပြောဖို့၊ တိုက်ခိုက်ဖို့ပဲ စဉ်းစားတယ်။ အတင်းပြောတယ်။ အပုပ်ချတယ်။ သူများနဲ့ တစ်ချိန်လုံး နှိုင်းယှဉ်နေတဲ့အတွက် ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ မကျေနပ်နိုင်ဘူး။ သိန်း ၃၀၀ တန် ကားစီးနေလည်း ၅၀၀ တန် လိုချင်နေတုန်းပဲ။ သိန်း ၅၀၀ တန် ရသွားလည်း ၁ ထောင်တန် လိုချင်နေတုန်းပဲ။ မိဘ၊ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ရေး၊ လုပ်ငန်းခွင် ဘယ်လိုဆက်ဆံရေးမျိုးမဆို အဆင်မပြေတတ်ဘူး။ သူ့ကို ဦးစားပေးမှ ကြိုက်တယ် ဆိုတာမျိုး ဖြစ်နေတာကိုး။

ကျွန်တော်ထင်တယ်။ အနည်းနဲ့အများသာ ကွာမယ်။ ကျွန်တော်တို့အားလုံးမှာ မနာလိုစိတ်တွေ ရှိကြတာချည်းပါပဲ။ ဒီအတွက် အကြံပေးချင်တာတွေကတော့ -

💟 ၁။ ရိုးသားပါ။

ဒီစာကို ဖတ်ပြီး သူများတွေကိုပဲ မျက်စိထဲ မမြင်ယောင်ပါနဲ့။ ကိုယ့်ရဲ့ မနာလိုစိတ်ကိုလည်း ကိုယ်ပြန်ကြည့်ပါ။ အရှိအရှိအတိုင်း လက်ခံပါ။

💟 ၂။ ကိုယ့်မှာ ရှိတာတွေကို တန်ဖိုးထားတတ်ပါစေ။

ဖြစ်နိုင်ရင် စာအုပ်ထဲ ချရေးထားပါ။ ဥပမာ ကိုယ့်မှာ ပျော်စရာ မိသားစု ရှိတယ်၊ အလုပ်အကိုင် ရှိတယ်၊ ကျန်းမာရေး ကောင်းတယ်၊ လေ့လာသင်ယူနိုင်တဲ့ ဦးနှောက်ရှိတယ် စသဖြင့်ပေါ့။

💟 ၃။ ဆိုရှယ်မီဒီယာကို သတိထားသုံးပါ။

အောင်မြင်နေတာ မြင်တိုင်း အရာရာ အဆင်ပြေနေတယ် မထင်နဲ့။ ဒီအပိုင်းလေးပဲ ကွက်ပြလို့ ကိုယ်မြင်ရတာ။ အားလုံးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်တော့ ခွေးဖြစ်နေကြတာချည်းပဲ။ ဒီလို သဘောပေါက်ထားပါ။

💟 ၄။ သူများအကြောင်း မတွေးမိအောင် အလုပ်များများ လုပ်ပါ။

အလုပ်ရှုပ်နေရင် ဘယ်သူ ဘယ်ရောက်လို့ ဘာတွေလုပ်ပြီး ဘာဖြစ်နေတယ်၊ ငါ့ကို ဘယ်လိုတွေ ပြောနေကြပြီ ဆိုတာ တကယ်ကို မတွေးနိုင်တော့တာပါ။ အလုပ်အားတဲ့သူဟာ မနာလိုစိတ် ပိုဖြစ်တတ်ပါတယ်။ အလုပ်တွေ ရှုပ်တဲ့အခါ နားရက်လိုချင်ကြပေမဲ့ တကယ်သာ အလုပ်နားရကြည့်။ သိမ်ငယ်စိတ်၊ အားမရတဲ့စိတ်၊ မနာလိုတဲ့စိတ်တွေ သိသိသာသာကို ဖြစ်လာတာပါ။

💟 ၅။ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ပါစေ။

မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတဲ့လူဟာ မနာလို ပိုဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူကတော့ သူတစ်ပါးကိုလည်း လေးစားတယ်။ တန်ဖိုးထားတတ်တယ်။

ဒီအတွက် အတွေးတွေ၊ အပြောတွေနဲ့တင် မရဘူး။ လုပ်ရပ်ပါ လိုလာတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ဖို့၊ Self-image ကောင်းဖို့ဆိုရင် CAC ဆိုတဲ့ ၃ ချက် မဖြစ်မနေ လိုတယ်။

၁) ကျွမ်းကျင်မှု - Competence
၂) ပြီးမြောက်အောင်မြင်မှု - Achievement
၃) ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှု - Contribution

အဲဒါတွေရှိမှ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့်ရဲ့ အားသာချက်တွေ၊ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ၊ အများအကျိုးအတွက် လုပ်ခဲ့တာတွေကို စုပြီး ရေးထားတယ်။ စိတ်ဓါတ်ကျတိုင်း ပြန်ပြန်ဖတ်တယ်။ အားယူတယ်။ အဲဒီစာရင်းထဲ ထပ်ထပ်ထည့်နိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် အတိုက်ခိုက်ခံရလေ ပိုလေ့လာဖြစ်လေ၊ စာပိုရေးဖြစ်လေ၊ အများအတွက် ပိုလုပ်ဖြစ်လေပဲ။ တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ Self-image ကို ပြန်ပြန်မြှင့်နေတာပဲ။

မနာလိုစိတ်ဟာ သဘာ၀ ဆိုပေမဲ့ သတိထား ကိုင်တွယ်ဖို့ ကောင်းပါတယ်။ တခြားသူတွေ အောင်မြင်လို့ ကိုယ့်မှာ မနာလို ဖြစ်ရတယ်ဆို တခြားသူတွေကို မအောင်မြင်ဘဲ နေခိုင်းလို့ မရပါဘူး။ အဓိက ပြဿနာက ကိုယ့်အတွင်းစိတ်ထဲမှာ ရှိနေတာပါ။ ဒါကို ဖြေရှင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Ref: Thriveboston

Photo credit

Comfort Zone က ရုန်းထွက် ပါ။======================တကယ်တော့ ဘဝ ရဲ့တိုးတက်ပြောင်းလဲခြင်း ဆိုတာComfort Zone မှ ရုန်းထွက်ခြင...
06/10/2024

Comfort Zone က ရုန်းထွက် ပါ။
======================

တကယ်တော့ ဘဝ ရဲ့
တိုးတက်ပြောင်းလဲခြင်း ဆိုတာ

Comfort Zone မှ ရုန်းထွက်ခြင်းက
စတင်ပါတယ်။

Comfort Zone ဆိုတာဘာလဲ
=====================

Confort Zone ဆိုတာ
လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့
အရာတစ်ခုခုအပေါ်
သို့မဟုတ်
ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာပဲ ဖြစ်ပါတယ်။

လူတွေက သာမန်အားဖြင့်
နေ့စဉ် လုပ်ငန်းခွင်ထဲမှာ နိစ္စဓူဝ ကိစ္စတွေနဲ့ပဲ
ပျော်မွေ့နေတတ်ကြပါတယ်။

လက်ရှိနေရာလေးမှာပဲ (Feel safe and in control)
လုံခြုံစိတ်ချရတယ် လို့ ခံစားနေမိတတ်ကြတယ်။

ဘာကို မှ လေ့လာချင်စိတ်မရှိသလို
ဘာမှ ထပ်မဖြစ်ချင်တော့တဲ့ Full stop လို
ရပ်တန့်သွားတတ်ကြပါတယ်။

ဒီလို Comfort Zone က လူတွေကို
သမားရိုးကျ လုပ်ငန်းရဲ့
သားကောင် တွေလို့ ခေါ်ပါတယ်။

သူတို့က
အသစ်သစ်တွေ သင်ယူရမှာ ကြောက်နေသလို
ခေတ်နဲ့ အညီလေ့လာနေထိုင်ဖို့ကို ငြင်းဆန်နေတတ်တယ်။
ကိုယ့်ကိုကိုယ် တိုးတက်မှာ ကြောက်နေတတ်တယ်။
ကိုယ်တိုင်တင်မကဘူး ကိုယ့်ဘေးကလူတွေ
ကိုယ့်ပတ်ဝန်းကျင်တွေ လည်း တိုးတက်သွားမှာ သိပ်ကြောက် နေတတ်တယ်။

တကယ်တော့
သက်တောင့်သက်သာရှိပါတယ် ဆိုတဲ့
Comfort Zone ဆိုတာက
ကိုယ့်ကို ပြန်သတ်တတ်တယ် ဆိုတာ တော့သိထားရပါမယ်။

ဒါကြောင့် ကိုယ့် ကိုယ် ကို ချစ်ရင် Comfort Zone က ရုန်းထွက်ပါလို့
အကြံပြုချင်ပါတယ်။

Fear Zone
=========
ပညာရပ် တခုခုကို စလေ့လာမယ် ဆိုပြီး
Comfort Zone က ထွက်လာခဲ့သူတွေက
စစချင်း Fear Zone ကို ရောက်ပါတယ်။

သင်ယူလေ့လာခြင်း ဆိုတာ
ဘယ်အရာမှ မလွယ်ပါဘူး။

စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေပဲ
ပန်းတိုင်ကို ရောက်တတ်ကြတာပါ။

ဒါကြောင့် သင်ယူမှုအခက်အခဲ အနည်းငယ် ဖြစ်တာနဲ့
နောက်ပြန်ဆုတ်ဖို့ (Find excuses) ဆင်ခြေတွေကို
စရှာပါတော့တယ်။

သာမန်အားဖြင့်
လူတွေကလည်း
ကိုယ်သာ ဘာမှ ဖြစ်အောင်မလုပ်နိုင်တာ
တခြားသူတွေ ရဲ့ အားထုတ်မှုတွေကို
ကဲ့ရဲ့တတ်ပါတယ်။
ရှုံချတတ်ပါတယ်။

ဒါ သဘာဝပါ။
ဒါကို သိသိချည်းနဲ့ နောက်ဆုတ်ဖို့ အကြောင်းတရပ် အဖြစ် ထည့်တွေးပါတော့တယ်။

(be affected by others opinions)
တစ်ခြားသူတွေရဲ့ ထင်မြင်ချက် တွေကို ဂရုစိုက်ပါတယ်။ ဒီထင်မြင်ချက်တွေအရေးလုပ်ပြီး ကိုယ့်ရဲ့ လေ့လာမှုကို ရပ်ရင် ကောင်းမလားဆိုပြီး အတွေးစဝင်ပါတယ်။

သင်ယူအခက်အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ သရော်သလို လှောင်သလို လုပ်တဲ့ အချက်တွေက
ဒီလို လေ့လာမှုတွေ ငါ ဆက်ပြီး လုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်လာစေပါတယ်။
(Lack self- confidence) ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့လာပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားနည်းတဲ့သူတွေက အချိန်မရွေး Fear Zone ကနေ Confort Zone ကို ပြန်ရောက် သွားနိုင်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။

ဒီအချိန်မှာ ရှေ့ဆက်ဖို့ ဇွဲသန်သန်နဲ့ ဆက်လေ့လာဖို့ လိုပါတယ်။

Learning Zone
============
Fear Zone ကို ကျော်သွားပြီဆိုရင် သင် 50% အောင်မြင်ပါပြီ။
တချို့ အရာတွေ စာဖတ်ခြင်းတွေ၊ လေ့လာခြင်းတွေက အလေ့အကျင့် ကနေ အလေ့အထ စဖြစ်လာပါပြီ။

ဒီနေရာမှာ လုပ်ရမှာတွေက
Deal with challenges and problems
စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ရဲရဲရင်ဆိုင်ပါ။ ကိုယ်တွယ်ဖြေရှင်းပါ။ သင့်ကိုယ်သင် ယုံကြည်ပြီး ရှေ့ဆက်လုပ်ပါ။

Acquire new skills
ကျွမ်းကျင်မှု အသစ်အသစ်များ ကို ဆည်းပူးရယူပါ။
ဆက်လက်လေ့လာပါ။

Extend your comfort zone
လေ့လာသင်ယူခြင်းတွေက အလေ့အထ ဖြစ်သွားပြီ။
နေ့စဉ် အသစ်သစ်လေ့လာခြင်းတွေ
သင်ယူခြင်းတွေက အကျင့်တခုလို ဆွဲအောင်
ကြိုးစားပြီး သင်ယူလေ့လာခြင်းနဲ့ အသားကျ သွားတဲ့အခါ ရဲ့ စာဖတ်ရင်း နဲ့ အနားယူတတ်သွားပါလိမ့်မယ်။
Learning လုပ်တဲ့ Confort Zone ဖြစ်အောင်ချဲ့ထွင်ယူပါ။

Growth Zone
==========
Learning Zone ကျော်သွားတတ်တဲ့အခါ Growth Zone ကို ရောက်ပါပြီ

Conquer objectives
ရည်မှန်းချက် ဆီကို ရောက်အောင်သွားနိုင်ပြီ။
သင် တိုးတက်သွားပါပြီ။

Find purpose
သင့် ရည်ရွယ်ချက် ကို ရှာနိုင်ပါပြီ။

ရပ်မပြစ်ပါနဲ့။

Set new goals
ပန်းတိုင် အသစ် တွေ ထပ်မံချမှတ်ပါ။

Live dreams
အိမ်မက်တွေကို ဆက်လက်ရှင်သန်ပါစေ။

Credit
Build For Success

ကြက်ဥတောင်မကြော်တက်ဘူးဂုဏ်ယူပြီးပြောနေတဲ့မိန်းမဖျင်းတွေအတွက်😀လူထုဒေါ်အမာ ၏ ... သဘောကျသော အမှာစကားမိန်းမဆိုတာထမင်းဟင်း ချ...
27/09/2024

ကြက်ဥတောင်မကြော်တက်ဘူးဂုဏ်ယူပြီးပြောနေတဲ့
မိန်းမဖျင်းတွေအတွက်😀

လူထုဒေါ်အမာ ၏ ... သဘောကျသော အမှာစကား

မိန်းမဆိုတာ
ထမင်းဟင်း ချက်တတ်ရမယ်။
ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။
ယောင်္ကျားနဲ့ ကလေးတွေကို
ချက်ကျွေးဖို့ မဟုတ်ဘူး။
လူတစ်ယောက်အနေနဲ့ လောကမှာ
အသက်ရှင် နေထိုင်ဖို့
တစ်ယောက်တည်း နေလည်း
လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ...

မိန်းမဆိုတာ ...
ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထား တတ်ရမယ်။
လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။
ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့
ကိုယ့် ယုံကြည်ချက် ရှိရှိ
ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...

မိန်းမဆိုတာ ...
အသက်မွေးဝမ်းကြောင်း ပညာ
တစ်ခုခု တတ်ကို တတ်ထားရမယ်
လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။
မည်သူ တစ်ဦးတစ်ယောက်ကို မှ
ဘဝတစ်ခုလုံး ပုံအပ်ပြီး
လောက အလယ်မှာ
အားငယ်စွာ မနေထိုင်ရ ဖို့ပါ...

မိန်းမဆိုတာ ...
အိမ်မှု့ကိစ္စ ကောင်းစွာ
စီစဉ် ကိုင်တွယ် နိုင်ရမယ်။
ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာ
လုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင်
အစီစဉ်တကျ သန့်ရှင်း သပ်ရပ်စွာ
မထားနိုင်ဘဲနဲ့ မိမိ ပတ်ဝန်းကျင်၊
မိမိအလုပ်၊ မိမိ လူမျိုး
တိုးတက် ပြောင်းလဲ ဖို့
ကောင်းစွာ အစီစဉ် တကျ
လုပ်နိုင်စွမ်း ရှိမှာ မဟုတ် လို့ပါ...

မိန်းမဆိုတာ ...
လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။
ကိုယ်ဟာ လှပစွာ တည်ရှိ နေတယ် ဆိုတဲ့ စိတ်ဟာ
ကိုယ့်ကို ယုံကြည်ချက်
အများကြီး ပေးနိုင် လို့ပါ...

မိန်းမဆိုတာ ...
မနက်စောစော ထရမယ်။
ကိုယ့် ရည်မှန်းချက် တွေဆီ
မြန်မြန်ရောက် နိုင်အောင်
အလုပ်တွေ ပိုမို ပြီးမြောက်အောင်
ရထားတဲ့ အချိန်ကလေး ကို
လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ...

မိန်းမဆိုတာ ...
အလှူအတန်း ရက်ရောရမယ်။
ယောင်္ကျားလှူ သမျှကို
ပါရမီ လိုက်ဖြည့်နေဖို့ မဟုတ်ဘူး။
ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ
လွတ်လပ်စွာ လှူတန်းရခြင်းဟာ
ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု
ဖြစ်နေလို့ပါ...

ဒါတွေ အားလုံးကို
ယောင်္ကျား တစ်ယောက်ကလည်း
ကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။
ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး...
လူတစ်ယောက် ဖြစ်နေ လို့ပါ။

နေ့ စဉ် လုပ်နေတဲ့ အရာ တွေက
အကြောင်းအရာခြင်း တူရင်တောင်
ရည်ရွယ်ချက် နဲ့ ခံယူချက် မတူရင်
ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး...

တစ်ဖက် စောင်းနင်းတဲ့
အတွေးအခေါ် မျိုးက
လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြု စေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို
သူများလည်း လောင်မြိုက် ပါစေ ဆိုပြီး
ဖြန့်ဝေ နေခြင်းက ကြီးစွာသော
အကုသိုလ် ဖြစ်စေ ပါတယ်...

"လူ"ဆိုတာ ...
တဏှာတစ်ခုတည်းအတွက်ရှင်သန်နေတာမဟုတ်ဘူး...

ကိုယ် ရှင်သန် နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့
ရပ်တည် ချက်တွေကို
ကောင်းကောင်း နားလည် စေချင် မိတယ်...

လူထုဒေါ်အမာ

"ရှင့်သမီး ရည်းစားရနေပြီနော်။အဲ့ဒါဆူထားဦး။”မိန်းမ က သတိပေးစကားဆိုသည်။အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးရည်းစားထားတာကို မှားတယ်လ...
26/09/2024

"ရှင့်သမီး ရည်းစားရနေပြီနော်။
အဲ့ဒါဆူထားဦး။”

မိန်းမ က သတိပေးစကားဆိုသည်။
အသက်၂၀အရွယ် အမျိုးသမီးတစ်ဦး
ရည်းစားထားတာကို မှားတယ်လို့
မထင်ခဲ့ဖူးဘူး။အခု အသက်၂၀အရွယ်
သမီးရည်းစားထားတော့မှ မှားတယ်လို့
သတ်မှတ်ရတော့မလား။

လူ့ရဲ့သဘောကလည်း
အသက်အရွယ်တိုင်းမှာ
သူ့ကိုယ်သူ ကြီးပြီဟုထင်တတ်သည်။
၁၅နှစ်သားကလည်း သူ့ကိုသူ ကြီးပြီဟု
ထင်တတ်သည်။သူ့ဆုံးဖြတ်ချက်ကို
မှန်ပြီဟု ထင်တတ်သည်။သူ့ရွေးချယ်မှုကို
မျှတသည်ဟု ထင်တတ်သည်။

ကျနော် ၁၅နှစ်သားတုန်းက
သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားသွားဖို့
မိဘကိုခွင့်တောင်းသည်။မိဘကခွင့်မပြုခဲ့။
အစိုးရိမ်လွန်ခဲ့သည်လေ။
ကျနော် တော်တော်ကို စိတ်ကသိကအောင့်
ဖြစ်ခဲ့ရဖူးသည်။

ကျနော် ၁၉နှစ်မှာ ရည်းစားထားတော့လည်း
ခွေးဖြစ်တော့မယ့်ကောင်တစ်ကောင်လို
ကျနော့်ကို ဆူသည်။
ကျနော်မကြိုက်ခဲ့။လက်မခံချင်ခဲ့။

အခုသမီးက အသက်၂၀။
သူ့ကိုယ်သူ အရွယ်ရောက်ပြီ ထင်နေရှာမှာပဲ။
သူမမြင်သေးတဲ့အနာဂတ်တွေကို ပြပေးဖို့
လိုအပ်လာချေပြီ။

ည၈နာရီလောက်ကျတော့ သမီးကို
စကားပြောဖို့ ဧည့်ခန်းထဲ ခေါ်သည်။
"သမီးနဲ့ဖေဖေ စကားတွေ
အများကြီးပြောဖို့ ရှိတယ်။”

"ဟုတ်ဖေဖေ”

"သမီးအခုအသက်၂၀။
သမီး ရည်းစားရနေပြီလို့ ဖေဖေကြားတယ်။
သူ့အကြောင်း ဖေဖေ့ကို မိတ်ဆက်ပေးပါဦး။”

"သူနာမည်က ကိုလင်းထက်ပါ။
သမီးထက် ၃နှစ်ကြီးတယ်။
ဓာတုနဲ့ကျောင်းပြီးထားတယ်။
CCTVကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။”

"ရည်းစားဖြစ်တာ ဘယ်လောက်ရှိပြီလဲသမီး။”

"၂လပဲရှိသေးတယ်ဖေဖေ”

"ဘယ်ကစတွေ့တာလဲ။”

"လိုင်းပေါ်ကနေပဲတွေ့တာပါ။
သိတာတော့ ၁နှစ်လောက်ရှိပြီ။”

"အပြင်မှာ ဘယ်နှစ်ခါဆုံဖူးလဲ။”

"၄ခါလောက်ပဲ ဆုံဖူးသေးတယ်ဖေဖေ”

"သမီးကို တကယ်ချစ်ရဲ့လား”

"ရှင်… ”

"သမီးကရော တကယ်ချစ်ရဲ့လား”

သမီးဖြစ်သူ ခေတ္တနှုတ်ဆိတ်နေသည်။

"ချစ်တယ်လို့ ထင်မိတယ်ဖေဖေ…
သူကလည်းသမီးကို ချစ်တယ်လို့
သမီးထင်တယ်။”

"ထင်တာလား ယုံတာလားသမီး။
ထင်မြင်မှုနဲ့ ယုံကြည်မှုဆိုတာ
သိပ်သည်းဆ မတူဘူး။
ထင်မြင်နေရုံနဲ့တော့
ဘဝချင်းဖလှယ်ဖို့ အကြောင်းပြချက်
မလုံလောက်လောက်ဘူး။
ယုံကြည်မှရလိမ့်မယ်။

ဖေဖေစကားခံမယ်။
သမီး ရည်းစားထားတာကို
ဖေဖေအပြစ်မတင်ဘူး။
အပြစ်လို့လည်းမမြင်ဘူး။
ဒါသမီးရဲ့ ရပိုင်ခွင့်။
အသက်၂၀ဆိုရင်တော့
ဒီအခွင့်အရေးရသင့်ပြီ။

ဖေဖေအကြံပြုချင်တာက
သမီးရင်ဘက်ကို သမီးမြင်ဖို့၊
သမီးအနာဂတ်ကို သမီးမြင်ဖို့၊
နောက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို
ရှောင်ရှားနိုင်စွမ်းရှိစေဖို့ အကြံပြုချင်တာ။

ဟုတ်ပြီ။ဖိုမ သဘာဝအရ သမီးတို့
အပြန်အလှန်ရင်ခုန်ကြပြီ။
ဘယ်အဆင့်အထိလဲ။
လက်ကိုင်ရုံလား။ထွေးပွေ့ရုံလား။
အပြန်အလှန် နမ်းရှိုက်ကြရုံလား။
နောက်ထပ် အသွေးအသားတွေအထိ
ပတ်သတ်ဖို့လား။

စိတ်ဆောင်ရာပေါ့လို့
လွယ်လွယ်မဖြေနဲ့သမီး။
သမီးရပ်ရမယ့် အခြေအနေမှာ
ရပ်ဖို့ ကြိုတင်ပြင်ဆင်ထား။
ကြိုတင်ဆုံးဖြတ်ထား။
နောက်မို့ဆိုရင် နမ်းတဲ့အဆင့်ကနေ
ရေစီးကမ်းပြိုလိုက်သွားမယ်။

သမီးရည်းစားဘဝဆိုတာ
လေပြေချည်း လာတဲ့အချိန်ပဲ။
နှစ်ယောက်လုံး အခက်အခဲဖြစ်ချိန်ဆိုတာ
ရှိကောင်းရှိမယ်။ရှားတယ်။

မိတ်ဆွေကောင်း ဟုတ်မဟုတ်ဆိုတာ
အခက်အခဲကိုရင်ဆိုင်ချိန်ကျမှ
အဖြေပေါ်ပါသတဲ့။
သာယာနေသ၍တော့ လူတိုင်းက
မိတ်ဆွေကောင်းချည်းပဲ။

လောကဓံကို အတူတူရင်ဆိုင်နိုင်မယ့်
လက်တွဲဖော်ဟုတ်မဟုတ်ကို
သမီးရည်းစားဘဝမှာ လေ့လာရတာပဲ။

အခက်အခဲတွေ့ချိန်မှာ
တစ်ကိုယ်ကောင်းဆန်လား။
ကိုယ်လွတ်ရုန်းတတ်လား။
အမျိုးသမီးကို ညှာတာရမှန်းသိရဲ့လား။
သူ့မှာရည်မှန်းချက်ရှိလား။ဒါမှမဟုတ်
သမီးရဲ့ ရည်မှန်းချက်ကို ပံ့ပိုးမယ့်သူလား။

One plus one is greater than two.တဲ့။
ဒါပေမယ့် vector သဘောအရ လားရာ
ဆန့်ကျင်တဲ့ ၁နှစ်လုံးပေါင်းမိရင်
အဖြေက Zeroရတယ်။

ဆိုပါစို့သမီးရယ်။
သမီးက ငပလီသွားချင်တယ်။
တစ်ယောက်တည်းဆိုရင်
ပျင်းဖို့ကောင်းတယ်။သူပါလိုက်မယ်
ဆိုရင်တော့ ပျော်စရာပေါ့။

ဒါပေမယ့် သူမရှိလည်း
သမီးငပလီရောက်တယ်။အကယ်၍ သူက
တောင်ကြီးသွားချင်တယ်။ဘယ်လိုမှ
ညှိနှိုင်းမရတော့ဘူးဆိုရင်
သမီးငပလီရောက်ခွင့်မရှိတော့ဘူး။
သူလည်းတောင်ကြီးသွားခွင့်မရတော့ဘူး။
နှစ်ယောက်လုံး ဘယ်မှ မသွားကြေး
ဖြစ်သွားလိမ့်မယ်။

ညှိနှိုင်းရခဲ့ရင်တော့
ဒီတစ်ခေါက် ငပလီအရင်သွားမလား။
တောင်ကြီးအရင်သွားမလား။
ဦးစားပေးလိုက်ရသူဟာ
စိတ်ညိုညင်နေလို့တော့ မရဘူး။

ပြောချင်တာက
လူနှစ်ယောက်ပေါင်းစည်းခြင်းဟာ
ညှိနှိုင်းမရရင်
တစ်ယောက်တည်းထက်တောင်
အခြေအနေဆိုးသွားသေးတယ်။

လူနှစ်ယောက်ရဲ့စိတ်ဟာ
တစ်ချိန်မဟုတ် တစ်ချိန်တော့ကွဲပြားမှာပဲ။
တစ်ယောက်တည်းကပဲ
အမြဲအလျှော့ပေးချင်မှာမဟုတ်ဘူး။
မာနကိုယ်စီနဲ့လေ။ဒီတော့ အပြန်အလှန်
လိုက်လျော ခွင့်လွှတ်တတ်ရတယ်။
အလျှော့ပေးတတ်ရတယ်။

နောက်တစ်ခုတော့ ရှေ့မျက်နှာ
နောက်ထားပြီး ဖေဖေပြောရလိမ့်ဦးမယ်။
အဲ့ဒါက လိင်မှုကိစ္စပဲ။

ဘာခံယူချက်မှမရှိခင်၊
ဆင်ခြင်တုံတရားမပြည့်စုံခင်
၁၂နှစ်ကျော်စလောက်ကတည်းက
ယောကျာ်းတွေဟာ လိင်မှုကို
တပ်မက်တတ်နေပြီ။
မက်မောတတ်နေပြီသမီး။

ဒီတော့ သမီးချစ်သူဟာ သမီးအပေါ်
လိင်ပိုင်းဆိုင်ရာ တပ်မက်မှု ရှိကိုရှိတယ်။
သမီးကရော မရှိဘူးလား။

မရဲတာကလွဲရင်
အမျိုးသမီးတွေမှာလည်းရှိတယ်။
ဒါဆို နှစ်ဦးသဘောအတူ အဆုံးထိ
ပျော်ပါးဖို့သင့်ပြီလား။

ဖေဖေရင်နာနာနဲ့ပြောရရင်တော့
ဖေဖေမှာ တားနိုင်စွမ်းမရှိဘူး။
သမီးက လွတ်လပ်ခွင့်ရှိတဲ့
အရွယ်ရောက်နေပြီ။
သမီးကို သမီးပဲ
ထိန်းရတော့မယ့်အရွယ်ရောက်နေပြီ။
ဒီတော့ သမီးကိုသမီးမေး။
ငါဒီယောကျာ်းနဲ့ ပျော်ပါးဖို့သင့်ပြီလား။

သမီးယူမယ့်ယောကျာ်းကို
သမီးကိုယ်တိုင်ရွေးချယ်ရမှာ။
သမီးရွေးချယ်မယ့် လင်သားဟာ
လက်ရှိချစ်သူဖြစ်ချင်လည်း ဖြစ်မယ်။
ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။
မသေချာသေးဘူး။

လောကမှာ ရရစားစားယောကျာ်းတွေ
အများကြီးရှိတယ်။ထပ်ပြောရရင်
ရရင်စားချင်တဲ့ယောကျာ်းတွေများတယ်။

အဲ့ဒိယောကျာ်းတွေအနက်
ဆန္ဒကို ကျင့်ဝတ်နဲ့ ထိန်းနိုင်တဲ့
ယောကျာ်းတွေလည်းရှိတယ်။
ဖခင်တစ်ယောက်ရဲ့ ဆန္ဒအရတော့
ယောကျာ်းမယူခင်အထိ အပျိုစင်ဘဝကို
ထိန်းစေချင်တာပေါ့။
ဒါပေမယ့် ဒါသမီးအခွင့်အရေးပါ။

သမီးကို ကျွေးမွေးခဲ့တယ်။
ထိန်းကျောင်းခဲ့တယ်။
ပညာတွေသင်ပေးခဲ့တယ်။
ထိုက်တန်တဲ့အရွယ်မှာ သမီးလည်း
ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ
ဆုံးဖြတ်ခွင့်တွေ လိုချင်လာမှာပဲ။

သမီးဘဝရဲ့
လက်တွဲဖော်ဖြစ်မယ့်သူကို
သမီးစတင်ရှာဖွေနေပြီပဲ။
မှန်ကန်စေချင်တယ်သမီး။

ကိုယ့်ကို
တကယ်လေးစားမြတ်နိုးမယ့်
ယောကျာ်းကို ရွေးပါ။
ကိုယ်ကလည်း တကယ်
လေးစားမြတ်နိုးရမယ့်
ယောကျာ်းကိုပဲရွေးပါ။

ရမ္မက်သက်သက်ကတော့
အချိန်ကြာရင်ရိုးလာမှာပဲ။အကယ်၍
အချိန်ကြာလို့မှ နားလည်မှုတွေ၊
လေးစားမှုတွေ တိုးမလာခဲ့ရင် သမီးတို့
အိမ်ထောင်ရေး မြဲဖို့မသေချာဘူး။
သားသမီးမရခင်ပြတ်စဲရင်တော့
ကိုယ့်တစ်ကိုယ်စာ ရွေးချယ်ခွင့်ပဲ။
တစ်ခုလတ်နာမည်ကို ကြောက်မနေနဲ့။

အကယ်၍ ကလေးရမှ ဆိုရင်တော့
ဟူး… ပြောရင်းမောလာတယ်သမီး။
အိမ်ထောင်ကွဲတွေမြင်ရင်
မိတကွဲ ဖတကွဲဖြစ်နေတဲ့ ကလေးတွေကို
ဖေဖေသိပ်သနားတာပဲ။

အကယ်၍ ဖေဖေမှားလို့ပဲဖြစ်ဖြစ်
မေမေမှားလို့ပဲဖြစ်ဖြစ် အိမ်ထောင်ကွဲခဲ့ရင်
သမီးမလုပ်တဲ့အမှားကို
သမီးပြစ်ဒဏ်ခံနေရမှာ။
ဘယ်တရားပါ့မလဲသမီးရယ်။

သမီးရည်းစားဘဝဆိုတာ
အိမ်ထောင်ဘက် ဖြစ်သင့်မဖြစ်သင့်
ရွေးချယ်နေတဲ့ကာလပါ။
သမီးမပေါ့ဆနဲ့။သတိလက်လွတ်မဖြစ်နဲ့။
အနာဂတ်ကို ကြိုမြင်ပါ။
အခု သမီးမှာ ရင်သွေးတွေမရှိသေးဘူး။
ဒါပေမယ့် သမီးရင်သွေးဖြစ်ဖူးတယ်။
မိမစုံ ဖမစုံကလေးတစ်ယောက်ရဲ့
လိုအပ်ချက်တွေ နာကျင်မှုတွေကို
သမီးကိုယ်ချင်းစာမှာပါ။

ယူကြည့်လိုက်မယ်။မကြိုက်တော့တဲ့အခါ
ကွဲလိုက်ရုံပေါ့လို့ ခပ်လွယ်လွယ်မတွေးနဲ့။
သမီးကိုယ်တိုင်လည်း ကျင့်ဝတ်တွေမှန်ရမယ်။
ကျင့်ဝတ်မှန်တဲ့ယောကျာ်းကိုလည်း
ရွေးချယ်နိုင်ရမယ်။

ခရီးဝေးတစ်ခုသွားခါနီးမှာ ကားကို
သေချာစစ်ဆေးရတယ်။
ဒီကားက ခရီးဆုံးအထိ
မပျက်မယွင်းနဲ့ရောက်ပါ့မလား။
လမ်းခုလတ်မှာ ဒုက္ခရောက်နေမလား။
အသေးအဖွဲလောက်ကိုလည်း
ပြင်နိုင်စွမ်းတော့ရှိရတယ်။

ဒီလိုပဲ အိမ်ထောင်ပြုတယ်ဆိုတာ
စစချင်းတော့ တစ်သက်တာ
ရည်ရွယ်ပြီး ပြုကြတာပဲ။
ဘဝခရီးက စမထွက်ခင် သေချာ
စစ်ဆေးရတယ်။

အခုသမီးက
ရည်းစားထားမယ်။V-Dayကျရင် Roမယ်။
Anniversary တွေမှာ roမယ်။
ပျော်တာလည်းပျော်ပါ။
လေ့လာသင့်တာလည်း လေ့လာပါ။
ပြတ်သားသင့်တဲ့အခါလည်း ပြတ်သားပါ။
သမီးရဲ့ တိုက်ပွဲစတင်နေပြီ။”

crd : :

တစ်သိန်းတန်ပေမဲ့ ဖိနပ် ဖြစ်နေလို့ ခြေအောက် ရောက်ရတယ်။တစ်ထောင်တန်ပေမဲ့ဦးထုပ်ဖြစ်နေလို့ခေါင်းပေါ် ရောက်ရတဲ့ သာဓကတွေကို ကြည...
26/09/2024

တစ်သိန်းတန်ပေမဲ့
ဖိနပ် ဖြစ်နေလို့
ခြေအောက် ရောက်ရတယ်။

တစ်ထောင်တန်ပေမဲ့
ဦးထုပ်ဖြစ်နေလို့
ခေါင်းပေါ် ရောက်ရတဲ့
သာဓကတွေကို ကြည့်ပြီး•••

တန်ဖိုးထက်
အမျိုးအစားက အရေးကြီးကြောင်း
နားလည်သွားတယ်။

တစ်လ ဆယ်သိန်းရတဲ့
ကုမ္မဏီ ဝန်ထမ်းထက်•••

တစ်လ တစ်သိန်းကျော်ရတဲ့ ကျောင်းဆရာ/ဆရာမတစ်ယောက်ကို လူတိုင်းက လေးစားတာ မြင်ရပြန်တော့•••

ဂုဏ်ကျက်သရေဆိုတာ
ကိုယ့်ရဲ့ရှင်သန်မှုနဲ့ဘဲ ဆိုင်တယ်ဆိုတာ သဘောပေါက်သွားတယ်။

ဘယ်လောက်ပဲ စျေးကြီးကြီး
ဖိနပ်ဟာ
ခေါင်းပေါ် တင်ခံရလေ့ မရှိသလို•••

ဘယ်လောက်ပဲ စျေးပေါပေါ
ဦးထုပ်ကို ခြေမှာ စွပ်လေ့ မရှိပါဘူး။

ဘဝဆိုတဲ့ စာမျက်နှာကို
ကိုယ်တိုင်ပုံဖော် ရေးဆွဲရတဲ့အခါ•••

တန်ဖိုးတွေ ကြွယ်ဝနေဖို့ထက်•••
သန့်ရှင်းတဲ့ ကိုယ်ကျင့်တရားတွေ ဝေဝေဆာဆာ ရှိနေဖို့ဘဲ လိုတာပါ။

ကိုယ်ကိုတိုင် ပြန်မဖတ်ရဲလောက်အောင်
ကျော်ချရမဲ့ စာမျက်နှာတွေကို ပိုင်ဆိုင်ပြီးကာမှတော့ ကြွယ်ဝမှုဆိုတာ အလကားပါဘဲ။
လူဆိုတာ လောကကမ္ဘာကြီးမှာ လာရောက်နေထိုင်တာ အချိန်ဟာလေး ခဏာလေးပါ••• မိတ်ဆွေ

ဗဟုသုတအတွက် လေ့လာသင့်တဲ့အင်္ဂလိပ်စကားလုံးဗလ့လာမှတ်ထားပါနော်❤❤
21/09/2024

ဗဟုသုတအတွက် လေ့လာသင့်တဲ့အင်္ဂလိပ်စကားလုံး
ဗလ့လာမှတ်ထားပါနော်❤❤

30/07/2024

3 words 30 sentences in one video.

leave comments or give feedback after listening to this video.

#ရောက်ချင်တဲ့နေရာရောက်👌 #မြန်မာtiktok😁 ゚viral #ဆယ်လီမှအသဲပေးတာလား😔😑

23/07/2024

Daily use of Basic English😚❤

#မြန်မာtiktok😁 #ရောက်ချင်တဲ့နေရာရောက်👌

17/07/2024

Learn about Vacation Phrases in English.

#မြန်မာtiktok😁 #အင်္ဂလိပ်စကားပြော #ရောက်ချင်တဲ့နေရာရောက်👌

Do and Don't in Englishphoto Crd
13/07/2024

Do and Don't in English

photo Crd

11/07/2024

Phrasal Verbs

1. Call off 📞 - Cancel
2. Carry on 💪 - Continue
3. Cut off 🗡️ - Disconnect
4. Figure out 🤔 - Understand
5. Get along 🤝 - Harmonize
6. Hold on 📞 - Wait
7. Keep up 🏃‍♂️ - Maintain pace
8. Let go 🌟 - Release
9. Move on 🚶‍♂️ - Proceed
10. Pick up 📦 - Collect
11. Put away 📦 - Store
12. Set up 📈 - Establish
13. Sort out 🗂️ - Organize
14. Stand up 🤝 - Support
15. Take away 📦 - Remove

29/06/2024

Weak - strong Adjectives
Good - excellent
Bad - terrible
Big - enormous
Small - tiny
Happy - joyous
Sad - depressed
Hot - scorching
Cold - freezing
Wet - soaked
Dry - arid
Fast - rapid
Slow - leisurely
High - lofty
Low - base
Long - extended
Short - brief
Wide - expansive
Narrow - constricted
Heavy - weighty
Light - buoyant
Old - ancient
New - modern
Young - youthful
Old - aged
Rich - wealthy
Poor - impoverished
Beautiful - stunning
Ugly - hideous
Smart - intelligent
Dumb - stupid

26/06/2024

BASIC 🆚 ADVANCED
1. I don't like it. - It's not my cup of tea.
2. I'm nervous. - I have butterflies in my stomach.
3. It's easy. - It's a piece of cake.
4. I agree. - We're on the same page.
5. Calm down. - Take it easy.
6. I'm leaving. - I'm taking off.
7. It's difficult. - It's a tough nut to crack.
3. I'm not sure. - I'm on the fence.
9. Good luck! - Break a leg!
10. Be careful. - Watch your step.

ที่อยู่

70/12 ถ. ป่าต้นงาม ต. ป่าต้น อ. เมือง จ.
Chiang Mai
30050

เบอร์โทรศัพท์

+66949589506

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ English For Freeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง English For Free:

วิดีโอทั้งหมด

แชร์

Daily Life Photography and Videography

It’s sometime translating from some languages to others to make people happy and motivate their lives.