The Myanmar People's Spring - ပြည်သူ့နွေဦး

The Myanmar People's Spring - ပြည်သူ့နွေဦး Community Organization for Myanmar People's Spring

09/02/2025
ခွေးရူးတွေကို မောင်းထုတ်နိုင်ဖို့ ဒီကမ်ပိန်းကို TMPS မှ တဆင့်လည်း ပါဝင်နိုင်ပါတယ် 💪အညာမြေ တလရကို အရှိန်မြှင့်ပေးနိုင်မယ်...
08/02/2025

ခွေးရူးတွေကို မောင်းထုတ်နိုင်ဖို့ ဒီကမ်ပိန်းကို TMPS မှ တဆင့်လည်း ပါဝင်နိုင်ပါတယ် 💪

အညာမြေ တလရကို အရှိန်မြှင့်ပေးနိုင်မယ့် Campaign တစ်ခုပါ 💪

04/02/2025
👉 Pls CB နော်
01/02/2025

👉 Pls CB နော်

01/02/2025

ဒီနေ့နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်တဲ့နေ့ပါ။

30/01/2025

နိုင်ငံရေးလုပ်ရင်းနဲ့ တတိယနိုင်ငံ ရောက်သွားရသလို

တတိယနိုင်ငံ သွားချင်လို့ နိုင်ငံရေးလုပ်ပြသူတွေရှိတယ်

ဘယ်လိုပဲရောက်သွားသွား တစ်ချို့က တကယ်ဒီ တော်လှန်ရေးအတွက် အားထုတ်ဆဲပေမယ့် တစ်ချို့ကတော့ ဝေးလေ သွေးအေးလေ ဖြစ်ကုန်ပြီ

တစ်ရစ်ပြီး တစ်ရစ် ကြပ်တည်းလာတဲ့ ခေတ်မှာ အာဏာရှင်မျိုးစုံကလည်း သူတစ်လူ ငါတစ်မင်း ပေါ်လစီ အမျိုးမျိုး ထုတ်နေကြတာပါ

တလရကို အောင်နိုင်မှ ကိုယ့်နိုင်ငံမှာကိုယ် ကျီးလန့်စာ စားစရာ မလိုဘဲ ပြန်နေနိုင်မှာပါ

ကိုယ့်နေရာလေး ကွက်အေးနေလို့ နေသာသလို နေကြမယ့်အစား ကိုယ်တိုင် တလရအတွက် တကယ်အားစိုက်ပြီး ကူပေးကြရင် ပိုမြန်မြန် ခရီးရောက်မှာ

ကိုယ်ထိမှ ပြန်ကြည့်မယ်ဆို တလရလည်း ကြာမယ်
အဆုံးရှူံးလည်း ပိုများမယ်
အိမ်ပြန်နိုင်ဖို့ ပိုကြာမယ်

မြေပြင်က အသက်တွေစျေးမပေါဘူး
ရိုက်စားလုပ်နေတဲ့ ငါးခုံးမတွေကို neglect လုပ်ပြီး တကယ် လုပ်နေတဲ့ မြေပြင်အဖွဲ့တွေကို လှူပေးပါ

ဘယ်လှူရမယ် မသိရင်
PRF ကနေတဆင့် လှူလို့ရပါတယ်
OFP campaign တွေကို ပါဝင်လို့ရပါတယ်

ပိုကြီးလာတဲ့ လှိုင်းတွေနဲ့အတူ survival အတွက် ပိုကြိုးစားရအောင်ပါ

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ယင်းမာပင်တပ်ရင်း ၃၅ ရဲ့ ပထမဦးဆုံးကမ်ပိန်း အကြောင်း  ပန်ကြားအပ်ပါတယ်ခင်ဗျာ။ ဒီ "...
29/01/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ ယင်းမာပင်တပ်ရင်း ၃၅ ရဲ့ ပထမဦးဆုံးကမ်ပိန်း အကြောင်း ပန်ကြားအပ်ပါတယ်ခင်ဗျာ။
ဒီ "ယင်းမာပင်တပ်ရင်း (၃၅) ကမ်ပိန်း" လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့
ကျွန်တော်တို့တပ်ရင်းရဲ့ လမ်းခရီးသွားလာမှုအတွက် ကားတစ်စီးစာ လိုအပ်ချက်ကြောင့် ပြုလုပ်ရခြင်း ဖြစ်သလို တပ်တွင်းရဲဘော်တွေ နှင့် ရှေ့တန်းထွက်ရဲဘော်တွေရဲ့ ရိက္ခာ နှင့် တစ်ခြားသော ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးလိုအပ်ချက်အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။
တပ်ရဲ့ ပထမဦးဆုံးကမ်ပိန်းကို မိဘပြည်သူများမှ ပါဝင်အားဖြည့်ပေးဖို့ မျှော်လင့်ပြီး တောင်းဆိုပန်ကြားအပ်ပါတယ်ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကနေ လွတ်မြှောက်ဖို့အတွက် ပြည်သူများကသာ အဓိကပါဝင်ပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။
ကမ်ပိန်းကာလကတော့ "ဇန်နဝါရီလ ၂၈ရက် ကနေ ဖေဖော်ဝါရီလ ၂၈ ရက် အထိပဲ ဖြစ်ပါတယ်ခင်ဗျာ။
Camping Name - ယင်းမာပင်တပ်ရင်း (၃၅) ကမ်ပိန်း
Campaign period - 28.1.2025 to 28.2.2025.
Target - သိန်း ၅၀၀ ကျပ်
ပါဝင်အားဖြည့်ကူညီလို့ပါက အောက်မှာရှိတဲ့ Links မှာနိူင်ငံအလိုက် ဖော်ပြထားပါတယ်ခဗျားးးးး
https://www.facebook.com/share/p/15LiT573XK/
#ယင်းမာပင်တပ်ရင်း၃၅
#သိန်း၅၀၀ကမ်ပိန်း


#ဗျူဟာ၄၇

ကျွန်တော်ရဲ့ပျားလေး တစ်ကောင်တည်းအထီးကျန်နေလို့ အဖော်ရှာပေးရမှာမို့ပါ။ပျားကမ္ဘာထဲကို ခုမှစဝင်မဲ့သူများ ကျော့်ရဲ့ referral...
29/01/2025

ကျွန်တော်ရဲ့ပျားလေး တစ်ကောင်တည်းအထီးကျန်နေလို့ အဖော်ရှာပေးရမှာမို့ပါ။

ပျားကမ္ဘာထဲကို ခုမှစဝင်မဲ့သူများ ကျော့်ရဲ့ referral code ကိုအသုံးပြုပီးဝင်မယ်ဆို ပထမဆုံး ၁၀ ယောက်ကို နွေ-ဦး-Hti လက်ဆောငိပေးပါမယ်

ပထမ ၃ ယောက်ကို ၂ စောင်စီ
ကျန် ၇ ယောက်ကို ၁ စောင်စီ

Rule လား
ပျားကမ္ဘာထဲကို referral code နဲ့ဝင်ပီးရင် လှမ်းဟိုင်းလိုက်ပါနော်
Friend list ထဲမှာတွေ့ရင် တခါတည်း Hti လက်မှတ်ပေးလိုက်ပါမယ်

Friends for the Hive!

Sign up using the referral link and get FREE 200 pollen!

Referral code: 7dc2a09305433

Please make sure referral code is filled before submitting the form.

https://springbee.campaigns.springdevelopmentbank.com/r/7dc2a09305433

#ပြည်သူ့နွေဦး

“Armor 96”96 Soldiers အနေနဲ့ တပ်တည်ထောင်တဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ ကျ-ည်ကာအတွက် ရည်ရွယ်ပြီး ပထမဆုံး ပြုလုပ်တဲ့ ကမ်ပိန်း...
28/01/2025

“Armor 96”

96 Soldiers အနေနဲ့ တပ်တည်ထောင်တဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ ကျ-ည်ကာအတွက် ရည်ရွယ်ပြီး ပထမဆုံး ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ပါတယ်။

96 Soldiers (အညာဒေသတပ်ခွဲ) ဟာ ၂၀၂၂ ကတည်းက အညာမှာ ရှိနေခဲ့တာဖြစ်ပြီး မြို့သိမ်းတို-က်ပွဲ၊ စခန်းသိမ်းတို-က်ပွဲတွေမှာ ပါဝင်ခဲ့သလို၊ ခုချိန်ထိလည်း တခြားသော တော်လှန်ရေးတ-ပ်ဖွဲ့တွေ၊ အညာဒေသခံ အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းပြီး စ-စ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ဖော်ပြလို့ မရသေးတဲ့ စ-စ်ဆင်ရေးတွေမှာလည်း တခြားတိုင်းရင်းသား မဟာမိတ်တွေနဲ့အတူ ပါဝင်နေပါတယ်။

အခု ရဲဘော်တွေကို ကျ-ည်ကာဆင်ပေးဖို့ မဖြစ်မနေ လိုအပ်လာတာကြောင့် Armor 96 ဆိုတဲ့ ကမ်ပိန်းကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။

ရဲဘော်တွေ ယုံကြည်မှုအပြည်နဲ့ တိုက်ပွဲဝင်နိုင်ဖို့ရာ တော်လှန်ပြည်သူများရဲ့ ကူညီမှုက သိပ်အရေးကြီးပါတယ်။ ကျ-ည်ကာကြောင့် အသက်မပေးခဲ့ရတဲ့ ရဲဘော်တွေ မြောက်များစွာရှိသလို၊ ကျ-ည်ကာမပါလို့ မပေးသင့်ဘဲ ပေးခဲ့ရတဲ့ အသက်တွေလည်း အများကြီးပါပဲ။

ဒါကြောင့် ရဲဘော်တွေ ရဲရဲဝင့်ဝင့်နဲ့ တို-က်နိုင်ဖို့အတွက် 96 Soldiers ရဲ့ ပထမဆုံး ကျ-ည်ကာကမ်ပိန်းမှာ ဝိုင်းဝန်းအားဖြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

👉 pls CB နော်



#ပြည်သူ့နွေဦး

မင်းမော်ကွန်း ဖတ်ဖို့ဒုတိယအကြိမ်ရေးတဲ့စာ...သားရေ...လွန်ခဲ့တဲ့နှစ်ဆယ့်ရှစ်နှစ်မင်းသရုပ်ဆောင်ဘဝအစမှာ"မင်းမော်ကွန်းဖတ်ဖို့စ...
25/01/2025

မင်းမော်ကွန်း ဖတ်ဖို့
ဒုတိယအကြိမ်ရေးတဲ့စာ...

သားရေ...
လွန်ခဲ့တဲ့နှစ်ဆယ့်ရှစ်နှစ်
မင်းသရုပ်ဆောင်ဘဝအစမှာ
"မင်းမော်ကွန်းဖတ်ဖို့စာ"ဆိုတဲ့
စာစု‌လေးတပုဒ် မဂ္ဂဇင်းတခုမှာ
အဖေရေးခဲ့ဘူးတယ်။
အဲ့ဒီစာစုလေးရဲ့အဆုံးသတ်မှာ
"သားကိုအဖေမော့ကြည့်ပါရစေ"
ဆိုတဲ့စကားတခွန်းနဲ့မင်းကိုမှာခဲ့ဖူးရဲ့။
သားတစ်ယောက်ကို
ကိုယ့်ထက်မြင့်မားအောင်မြင်စေချင်တဲ့
ဖခင်တယောက်ရဲ့ဆန္ဒပေါ့။
ခု...သားကိုအဖေမော့ကြည့်နေရပီသား
အဖေ့ထက်ပိုတော်တဲ့
အဖေ့ထက်ပိုစွန့်လွတ်နိုင်တဲ့
အဖေ့ထက်ပိုပေးဆပ်နိုင်တဲ့
အဖေ့ထက်ပိုမြင့်မားတဲ့
သားတယောက်အဖြစ်နဲ့ပေါ့။
ရင်ထဲမှကျေနပ်လိုက်တာသားရေ
မင်းလျှောက်နေတဲ့
ယုံကြည်ရာခရီးလမ်း
အဆုံးတိုင်ဖြောင့်တန်းပါစေ။

Credit - U Zin Wyne

#ကြိုက်လွန်းလို့😍

24/01/2025

လက်ပံပွင့်တွေ ရဲရဲနီတဲ့ အချိန်တိုင်း
သတိရမိတာက "နွေ"

မနက်ခင်းအစောပိုင်း
မြူခိုးဝေနေသေးတဲ့ "နွေ" ရောက်ရင်
ကောက်ညှင်းပေါင်းပူပူ အကြော်ပူပူကို
အကြမ်းရည်လေးနဲ့ လွေးရတာ
"နွေ" ရဲ့ အဦးဆုံး အမှတ်တရတွေ

ညနေခင်းအစောပိုင်းမှာ
တစ်စုံတစ်ရာကို လွမ်းစေတဲ့ "နွေ" ဟာ
မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်လေး ထိုင်ရမှ
အလွမ်းတွေကို ပြေစေသတဲ့လား

ဒီတစ်ခါ ကျန်းမာတဲ့ "နွေ" ကို ပြန်ရခဲ့ရင်
ကလေးတွေလည်း အေးအေးချမ်းချမ်း ဆော့ပါစေ
လူငယ်တွေလည်း လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ပါစေ
လူကြီးတွေလည်း သာသာယာယာ ကျန်းမာပါစေ

နွေဦးကို ပြန်ကျန်းမာစေဖို့ အားတင်းထားရင်း အဆုံးထိ အတူတူ ကူကြစို့နော် 💪

24/01/2025

💪🏻💪🏻💪🏻

18/01/2025

"မင်းတို့တော်လှန်ရေးကြီးက ကြာနေပြီ"
"ဘယ်တော့ နိုင်မှာလည်း" ဆိုတဲ့သူငယ်ချင်း #မင်းနားထောင်ပေး

#မင်းပါရင်ပိုမြန်မယ်

၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာပျော်ရွှင်ပါစေ သမီးလေး ခေတ် နဲ့ သစ် ။
18/01/2025

၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာ
ပျော်ရွှင်ပါစေ သမီးလေး ခေတ် နဲ့ သစ် ။

အလှူရှင် ရှားပါးပြီး စစ်ရှောင်နေရသူ ဦးရေ ၂၀၀ခန့်ရှိသည့် ယောနယ်ရှိ နှစ်ရှည် စစ်ရှောင်စခန်းတစ်ခုသို့ The Myanmar People's...
17/01/2025

အလှူရှင် ရှားပါးပြီး စစ်ရှောင်နေရသူ ဦးရေ ၂၀၀ခန့်ရှိသည့် ယောနယ်ရှိ နှစ်ရှည် စစ်ရှောင်စခန်းတစ်ခုသို့ The Myanmar People's Spring - ပြည်သူ့နွေဦး မှတဆင့် အလှူရှင် Dr.K ၏ အာဟာရတစ်နပ်စာ ထမင်းနှင့်ဟင်း မွေးနေ့အလှူ ✨️

January လ မွေးနေ့ရှင် Dr. လည်း စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ 🙏

စစ်ရှောင်ပြည်သူတွေလည်း အမြန်ဆုံး အိမ်ပြန်နိုင်ပါစေ 🙏

ที่อยู่

Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Myanmar People's Spring - ပြည်သူ့နွေဦးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง The Myanmar People's Spring - ပြည်သူ့နွေဦး:

วิดีโอทั้งหมด

แชร์