Update News True story

လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောဆိုမဲဆန္ဒရှင်ပြည်သူများ၏...
15/01/2025

လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောဆို

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကို အလေးအနက်ပြောကြားလိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ် ။

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားခြင်းဖြစ်ပါတယ် ။

ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုပါတယ် ။

credit photos

ပန်းခင်းစီမံချက် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးမှုကို ပန်းခင...
14/01/2025

ပန်းခင်းစီမံချက် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးမှုကို ပန်းခင်းစီမံချက်အဖြစ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုနှစ် အောက်တိုဘာ လကုန်အထိ ဆက်လ က်ဆောင်ရွက်သွားမည်ဟု သိရပါတယ် ။

လက်ရှိတွင် ပန်းခင်းစီမံချက်အနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ကတ်ပြား စုစုပေါင်း (၉၁) သိန်းကျော်ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးမှုကို ထုတ်ပေးပြီး ဖြစ်သည်ဟု ဆိုပါတယ် ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၃)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေး ဆောင်ရွက်ခြင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၊ e-ID စနစ်နှက့် မဲစာရင်း တိကျမှန်ကန်စေရေး ပြည်သူကို ထိရောက်သည့် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှငိ့ နိုင်ငံခြားသားထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း လည်း သိရှိရပါတယ် ။

credit photo

စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၅) သန်း ရောင်းချပေးမည်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ...
14/01/2025

စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၅) သန်း ရောင်းချပေးမည်

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၅)သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ် ။

ဗဟိုဘဏ်အနေဖြင့် ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံခြားငွေများကိုဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ် ။

ထိုကဲ့သို ရောင်းချပေးမှု အနေဖြင့် ဇန်နဝါရီ (၂) ရက်တွင် ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ် (၂ ဒသမ ၄၅၈)သန်းနှင့် တရုတ်ယွမ် (၆၈၀,၀၀၀) ခန့်၊ ဇန်နဝါရီ (၃)ရက်တွင် တရုတ်ယွ မ် (၅၁၀,၀၀၀) ကျော်၊ ဇန်နဝါရီ (၆) ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၈၇၁) သန်းကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း သိရပါတယ် ။

credit photo

အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၉ နှစ်ပြည့်ပွဲတော် ကျင်းပမည်လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ...
13/01/2025

အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၉ နှစ်ပြည့်ပွဲတော် ကျင်းပမည်

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျရောက်မယ့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို၊ တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို ၁၉၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ်မှာ ၁၁၉ နှစ်ပြည့်မြောက်မှာပဲ ဖြစ်ပါတယ်။

၁၁၉ နှစ်ပြည့်ပွဲတော်မှာ Music Band & kid's Dance Performance၊ Magic Show အစီအစဉ်၊ ဂျိုကာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်မှု၊ ဗဟုသုတရဖွယ်ရာ Game အစီအစဥ်တွေမှာ လက်ဆောင်တွေရအောင် ယူကြရင်း ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ ဗဟုသုတရဖွယ်ရာ ဝေမျှပေးသွားမယ့် Talk Show အစီအစဉ်၊ Super Star Music Band ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ၊ လက်ဆောင်များစွာ ရယူနိုင်မယ့် အမေးအဖြေကဏ္ဍအပြင်၊ ဈေးရောင်းပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။

credit photos

ဆီကြိတ်စက် (၅၀၀၀)ဝန်းကျင်ရှိလာပြီဖြစ်၍ ဆီတင်သွင်းရန်မလိုဟုဆိုမြန်မာနိုင်ငံမှာ စားသုံးဆီထုတ်လုပ်တဲ့ ဆီစက်ပေါင်း (၅၀ဝဝ) ဝန...
10/01/2025

ဆီကြိတ်စက် (၅၀၀၀)ဝန်းကျင်ရှိလာပြီဖြစ်၍ ဆီတင်သွင်းရန်မလိုဟုဆို

မြန်မာနိုင်ငံမှာ စားသုံးဆီထုတ်လုပ်တဲ့ ဆီစက်ပေါင်း (၅၀ဝဝ) ဝန်းကျင်အထိရှိလာပြီး ပြည်ပမှတင်သွင်းရန် မလိုအပ်တဲ့ အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းထံမှ သိရပါတယ် ။

မြန်မာပြည်တွင်းဆီထွက်သီးနှံများဖြစ်တဲ့ နေကြာ၊ နှမ်း၊ မြေပဲနှင့် အခြားသီးနှံများ ကြိတ်ခွဲ ထုတ်လုပ်တဲ့ ဆီစက်ရုံများ တိုးတက်များပြားလာခြင်း‌ကြောင့် ပြည်ပမှတင်သွင်းနေရတဲ့ စားသုံးဆီပမာဏကို အစားထိုးနိုင်မည်ဟု သိရပြီး လည်ပတ်မှု (၈၅) ရာခိုင်နှုန်းအထိရှိနေကာ ပြည်ပမှတင်သွင်းရန်မလိုအပ်တဲ့ အခြေအနေ နှင့် စားသုံးဆီ ဈေးရောင်းပွဲတော်များကိုပါ ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းထံမှသိရပါတယ်။

“ပြည်တွင်းမှာလိုအပ်နေတဲ့ စားသုံးဆီ ပမာဏကို နိုင်ငံခြားကနေ မတင်သွင်းဘဲ ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ်လိုရနေပြီဆိုတဲ့ Message ကိုပေးလိုပါတယ်။ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက်ရော စားသုံးသူတွေအတွက်ပါ အကျိုးရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

credit photos

လဟယ်မြိုတွင် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည် ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော...
09/01/2025

လဟယ်မြိုတွင် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည်

၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅)ရက်တွင် လဟယ်မြို၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ် ။

ထိုပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြိုနယ်တွင် ဇန်နဝါရီလ (၁၅)ရက်မှ (၁၇)ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ် ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့် ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာ နှစ်သစ်ကူးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ခန္တီးမြို၊ နာဂရိုးရာ အားကစားကွင်းအတွင်း ဇန်နဝါရီလ (၇)ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရပါတယ် ။

credit photos

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသား မော်ဒယ်တစ်ဦး ထပ်မံ ပျောက်ဆုံးနေပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ တရုတ်သရုပ်ဆောင် Xing...
09/01/2025

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသား မော်ဒယ်တစ်ဦး ထပ်မံ ပျောက်ဆုံးနေ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ တရုတ်သရုပ်ဆောင် Xingxing ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၇ ရက်ကြမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြိုအနီးက ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတစ်ခုဆီက ပြန်လည်တွေ့ရှိခဲ့ရတဲ့ဖြစ်စဥ်အပြီး Xingxing လိုပဲ အခြားတရုတ်မော်ဒယ်တစ်ဦး ပျောက်ဆုံးနေတယ်လို Thai Enquirer သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး တက်ချိုင်း ပီတာနီလာဘတ်က ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ Xingxing ထက်အရင် ပျောက်ဆုံးနေတာဖြစ်ပြီး မိသားစုဘက်က ဇန်နဝါရီ ၈ ရက်ကြမှ တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲက စုံစမ်းစစ်ဆေးနေတယ်လိုလည်း ပြောခဲ့ပါတယ်။

credit photos

တရုတ်နိုင်ငံ ပေကျင်းတွင် မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ကျင်းပမြန်မာနိုင်ငံ၏...
09/01/2025

တရုတ်နိုင်ငံ ပေကျင်းတွင် မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြိုရှိ Empark Prime Hotel တွင် ကျင်းပခဲ့ပါတယ် ။

တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံတိုအား အလေးပြုကြပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ် ။

မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Sun Weidong တိုက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှတ်တရ ကိတ်မုန့်ခွဲပြီးနောက် မြန်မာပညာတော်သင် ကျောင်းသူလေးများက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ကြပါတယ် ။

အခမ်းအနားကို တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Sun Weidong နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ် ။

credit phtos

ကျောင်းသား (၆၀ဝ) ကျော်ပညာသင်ယူနေသော (ဖားကန့်) မဇွပ်ယန်စာသင်ကျောင်းကို KIO နှင့် ကုမ္ပဏီ (၂) ခုပူးပေါင်းဖျက်ဆီးနေကချင်ပြည...
09/01/2025

ကျောင်းသား (၆၀ဝ) ကျော်ပညာသင်ယူနေသော (ဖားကန့်) မဇွပ်ယန်စာသင်ကျောင်းကို KIO နှင့် ကုမ္ပဏီ (၂) ခုပူးပေါင်းဖျက်ဆီးနေ

ကချင်ပြည်နယ် ဖားကန့်မြိုနယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၆၀ဝ)ကျော်ပညာ သင်ယူနေသော မဇွပ်ယန်စာသင်ကျောင်းနေရာတွင် ကျောက်စိမ်းတူးရန် KIO နှင့် ကုမ္ပဏီ(၂)ခုပူးပေါင်း ကာ ကျောင်းအတွင်းပိုင်းကို ခိုးဖျက်နေကြောင်း ဒေသခံများက ပြောပါတယ်။

အဆိုပါ စာသင်ကျောင်းသည် ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စုတွင်တည်ရှိကာ အခိုင် အမာရှိသည့် စာသင်ဆောင်များလည်းရှိပြီး စာသင် ကျောင်း မြေနေရာမှာ (၈)ဧကခန့် ကျယ်ဝန်းကြောင်း သိရပါတယ် ။ " စာသင်ကျောင်းကို KIA၊ KIO (ဗဟို)ကနေပြီးတော့ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မင်းတို တူးကြကွာဆိုပြီး ခွင့်ပြုထားလိုက်တာ။ အသစ်ပြန် ဆောက်ပေးမယ့်ပုံစံမျိုးနဲ့ပေါ့။ အဲဒီမှာ အပြင်က တိုင်တွေကို ပတ်ပြီးတော့ အတွင်းမှာပဲလုပ်ပြီး လူတွေ မသိတဲ့အချိန်ကျမှ စာသင်ကျောင်းကို ဘက်ဟိုးနဲ့ရိုက်ချပစ်မယ့်သဘောရှိတယ်"ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

credit photo

တောင်ကိုရီးယားသမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်း သက်တမ်းတိုးပြီးနောက် သမ္မတ အိမ်တော်အပြင်ဘက်တွင် ယွန်ကို ထောက်ခံသူမျ...
08/01/2025

တောင်ကိုရီးယားသမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်း သက်တမ်းတိုးပြီးနောက် သမ္မတ အိမ်တော်အပြင်ဘက်တွင် ယွန်ကို ထောက်ခံသူများနှင့်ဆန့်ကျင်သူများ အပြိုင်စုဝေး

ပြစ်တင်ရှုတ်ချခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်းက ဇန်နဝါရီလ ၆ ရက်မှာသက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တရားရုံးက ဝရမ်းသက်တမ်းကို ဇန်နဝါရီလ ၇ ရက်မှာ တိုးပေးခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၈ ရက်မှာတော့ ယွန်ကိုထောက်ခံသူနဲ့ ဆန့်ကျင်သူ လူအုပ်ကြီးနှစ်ခုက ယွန်ရဲ့ သမ္မတအိမ်တော်အနီးမှာ အပြိုင်ဆန္ဒပြခဲ့ကြတယ်လို သိရပါတယ်။

သမ္မတယွန်ကို ထောက်ခံသူ ၆၀၀ ခန့်က ဟန်ဂန်ဂျင်းဘူတာရုံအနားမှာ စုဝေးကြပါတယ်။ သူတိုအများစုကတော့ ခရစ်ယာန် သင်းအုပ်ဆရာ Jeon Kwang-hoon ခေါင်းဆောင်တဲ့ ရှေးရိုးစွဲအုပ်စုတစ်ခုက ဖြစ်ကြပြီး တခြားရှေးရိုးစွဲအဖွဲတစ်ဖွဲဖြစ်တဲ့ Freedom Union သမဂ္ဂကလည်း ပါဝင်ပါတယ်။

credit photos

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် EU နှင့် (၉) နိုင်ငံပူးပေါင်း တောင်းဆိုမြန်မာနိုင်င...
08/01/2025

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် EU နှင့် (၉) နိုင်ငံပူးပေါင်း တောင်းဆို

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် ဥရောပသမဂ္ဂ (EU) နှင့် (၉)နိုင်ငံတို၏ပူးတွဲထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြတောင်းဆိုထားကြောင်း တွေ့မြင်ရပါတယ် ။

အဆိုပါ ထုတ်ပြန်ချက်ကို EU ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ် နှင့် အမေရိကန်ပြည်ထောင် စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်၊ တီမော-လက်စ်တေး နှင့် ယူနိုက်တက်ကင်းဒမ်းတို အစိုးရတိုက ပူးတွဲထုတ်ပြန်ခဲ့ခြင် ဖြစ်သည်။ မြန်မာ နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များ ပိုမိုဆိုးရွားလာသည့်အပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်မိကြောင်း၊ အကြမ်းဖက်မှုများ အရှိန်မြင့်ကာ ပြင်းထန်လာခြင်းနှင့်အတူ လူမျိုးစုများအကြား တင်းမာလာမှုများကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ် ။
# News
credit photos

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲများကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြောရွေးကောက်ပွဲကျင်းပချိန်တွင်...
08/01/2025

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲများကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲများကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ် ။

၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ် ။

နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲများဖိတ်ခေါ် သွားမည်တိုကို ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ် ။
# News
credit photos

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်းဗဟိုဘဏ်မှ သွင်းကုန်လုပ်...
07/01/2025

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၂ ဒသမ ၈၇၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရပါတယ် ။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့်၊ ဇန်နဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၁၀,၀၀၀ ကျော်နှင့် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒေါ်လာသန်း ၅၀၊ ထိုင်းဘတ် ၅ ဒသမ ၃၂၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂ သန်းနီးပါး ထုတ်ရောင်းပေးထားပါတယ် ။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း၌လည်း ဗဟိုဘဏ်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားပါတယ် ။

credit photos

LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထားရွှေလီ၊ ရွှေကျင်နှင့် ကျောက်ဖြူစီမံကိန်းများမှ လျှပ်စစ်...
07/01/2025

LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထား

ရွှေလီ၊ ရွှေကျင်နှင့် ကျောက်ဖြူစီမံကိန်းများမှ လျှပ်စစ်မဂ္ဂါဝပ် ၆၀၀ ခန့် မဟာဓာတ်အားလိုင်းထဲရောက်မှ နွေရာသီအဆင်ပြေနိုင်မည်ဖြစ်သော်လည်း လုံခြုံရေးကြောင့် မသေချာ၍ လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထားကြောင်းသိရပါတယ် ။

တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ၂၀၀၀ မဂ္ဂါဝပ်ခန့်၊ လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပါတယ် ။

သိုသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကိုဖျက်ဆီးထားသောကြောင့် စွမ်းအားပြည့် ဓာတ်အားပို လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက် ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှု မရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိ၍ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိ ခြင်း စသည်တိုကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်၍ မီးပေးချိန်လျော့ကျခဲ့ရကြောင်း သိရှိရပါတယ် ။

credit photo

ရွှေတိဂုံစေတီတော်ပေါ်က နှစ်သစ်ကုသိုလ်ပြုကြသူများမသိသူတွေကို လှူတန်းရာမှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေကို ကျော်ဖြတ်၊ ရက်ရ...
01/01/2025

ရွှေတိဂုံစေတီတော်ပေါ်က နှစ်သစ်ကုသိုလ်ပြုကြသူများ

မသိသူတွေကို လှူတန်းရာမှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေကို ကျော်ဖြတ်၊ ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ သူတွေ အများဆုံးနေထိုင်ရာလိုလည်း ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းစွာနေထိုင်လိုသူ ဗုဒ္ဓဘာသာဝင်တွေဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ရွှေတိဂုံ စေတီတော်ရင်ပြင်ထက် တက်ညီလက်ညီ ကုသိုလ်ပြုနေကြပါတယ်။

လက်ရှိကာလဟာ ရွှေတိဂုံစေတီတော်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေတာလည်းဖြစ်လို အလှူရှင်တွေက ကိုယ်လှူထားတဲ့ရွှေပြားတွေနဲ့ မှတ်တမ်းတင်ကုသိုလ်ယူနေကြတာ၊ စတုဒိသာ၊ ရွှေဆိုင်းကပ်တာ စသလို မိမိတတ်နိုင်သလောက် လှူတန်းရင်း ငြိမ်းချမ်းအေးမြစွာရှင်သန်ခြင်းတွေ လန်းဝံ့နေပြီး သူတစ်ပါးကို ကိုယ်စိတ်နှလုံးဒုက္ခပေးလိုတဲ့ ညစ်ညမ်းစိတ်တွေ ကင်းစင်ရာနေရာလည်းဖြစ်လို ရွှေတိဂုံစေတီမြတ်မဟာက နှစ်သစ်ကုသိုလ်ပုံရိပ်တွေကိုလည်း ကုသိုလ်အမျှ ရယူနိုင်ကြပြီး ကောင်းစိတ်ပွားများနိုင်စေဖို ပြန်လည်ဝေမျှ ပေးလိုက်ရပါတယ်။

credit photos

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတေ...
01/01/2025

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား
# Leader

ကရင်ပြည်နယ်အပါအဝင် မိမိတိုနေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချ...
30/12/2024

ကရင်ပြည်နယ်အပါအဝင် မိမိတိုနေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်

ကရင်ပြည်နယ်အပါအဝင် မိမိတိုနေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်လာစေဖိုအတွက် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံးက စည်းလုံးညီညွတ်ခြင်းနဲ့ ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြဖို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်က တိုက်တွန်းလိုက်ပါတယ်။

ယနေ့ ဒီဇင်ဘာ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့သို ပေးပိုတဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် ကိုလိုနီနယ်ချဲ့တိုရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားပြီး ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မတည်မငြိမ်၊ မအေးမချမ်းဖြစ်နေတာကိုလည်း သတိထားသင့်ကြတယ်လို ဆိုပါတယ်။

credit photos

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုနိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်...
27/12/2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရပါတယ် ။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတိုတည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ (၁၈) ဖွဲရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ် ။

credit photos

ที่อยู่

Taewarit Road
Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Update Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์