07/12/2024
ကျွန်မ အနေနဲ့ ၂၀၂၁ ဩဂုတ်လကုန်မှာ ပဒေသာပင်ဆိုပြီး အလှူလက်ခံခဲ့တာ နောက်ဆုံးပါပဲ …
အသီးအပွင့်အနေနဲ့ လိုအပ်တဲ့နေရာတွေကို မျှပေးနိုင်ခဲ့ပါတယ် …
အဲ့ဒီနောက်ပိုင်း အခြားစခန်းအသီးသီးက ရဲဘော်တွေအပေါ် မမျှတဘူးမြင်လို့ ကျွန်မတို့ အလှူခံတာကို ရပ်တန့်ခဲ့ပေမယ့် လိုအပ်လို့ အခြားအဖွဲ့တွေက အကူအညီလာတောင်းရင် သူတို့ ငွေစာရင်းတွေဆီ တိုက်ရိုက်စီးဆင်းဖို့ ကူဖြစ်ခဲ့ပါတယ် …
PDF မောင်ငယ်၊ ညီမငယ်တွေအတွက် အသက်ကယ်ကာကွယ်ရေးအကူအညီတွေ ကူညီပေးခဲ့ဖြစ်တာ ၂၀၂၄ နှစ်ဝက်လောက်မှာ နောက်ဆုံးပဲ ထင်ပါတယ် ...
၂၀၂၂ နှစ်ကုန်လောက်က စပြီး ကျွန်မတို့ အသက်ဘေးလုံခြုံရေး အတွက်ရုန်းကန်ခဲ့ရပါတယ် ...
ပြောရရင် ကျွန်မတို့ အသက်ဟာ ဦးလေးဦးအောင်နဲ့ အဖွဲ့ ပေးတဲ့အကူအညီကြောင့်သာ ရှင်ကျန်ရစ်တယ်လို့ ပြောလို့ရပါတယ် ...
ကျွန်မတို့ သေရေးရှင်ရေး ရုန်းကန်ရချိန် အမရွှေမိုး ၊ ကိုခန့်ကိုတို့ ကျေးဇူးမပါရင်လဲ ဒီနေ့ ဒီစာကို ရေးနေနိုင်မယ် မထင်ပါဘူး ...
ကြုံရတဲ့အန္တရာယ်နဲ့ ရှင်သန်ရေးရုန်းကန်ရမှုကို ကိုယ်ရေးကိုယ်တာမို့လို့ နောင်မှ အသေးစိတ်ရေးပါ့မယ် ...
ကျွန်မမှာ ရဲဘော်ရဲဘက်တွေ ရှိပါတယ် …
ဟိုး တောတွေ တောင်တွေထဲမှာ တော်ရုံလူ မကြံစည်ရဲတဲ့ အကြံကို ရဲတိုက် တခုလို တည်ဆောက်ကြသူတွေ ...
ကျွန်မတို့ လုံခြုံရေးအတွက် အာမခံပေးခဲ့သူတွေရဲ့ ကန့်သတ်ချက်ကြောင့် ကူညီဝန်းရံပေးဖို့ရပ်ဆိုင်းရချိန် သူတို့ရဲ့ စွမ်းဆောင်မှုဟာ အံ့မခန်းပါပဲ …
ကျွန်မ သူတို့ကို အမြဲလေးစားခဲ့တယ် …
ရွက်တွေ ၊ တက်တွေ မရှိလဲ လှေကို လိုရာရောက်အောင် ခရီးဆက်ကြသူတွေ …
ဘယ် ဂုဏ်ပြုပွဲမှ မတက်ရ၊ ဘယ် လက်ခုပ်သံ နဲ့မှ ချီးကျူးဂုဏ်ပြုမခံရ ၊ ကုန်ကုန်ပြောရရင် သူတို့ဟာ ဘယ်သူပါဆိုပြီးတောင် လူရှေ့ထွက်ပြခွင့်မရရှာတဲ့ အညတြပညာရှင်ရဲဘော်တွေ … သူတို့ရဲ့ လက်ရာလေး ကို ကျွန်မ မိတ်ဆက်ပေးခွင့်ပြုပါရှင့် … Video File ကို ကျွန်မ Page က ဘယ်လိုမှ တင်လို့မရနိုင်လို့ ကိုဇင်သော်နိုင် ရဲ့ telegram မှာ တင်ထားပေးပါတယ်ရှင့် …
link ကို 1st comment မှာ ကြည့်ပေးပါရှင့် …
သူတို့ အကူအညီ ဘတ် ၄ သိန်း လိုအပ်လျက်ရှိပါတယ် ... ကူညီဖို့ မေတ္တာရပ်ခံပါတယ် …
နိုင်ငံတကာ နဲ့ ပြည်တွင်းမှ ကူညီပေးလိုသူများ အနေနဲ့ ကျွန်မ page ရဲ့ messenger ကို လာပေးပါရှင့် … ပြည်တွင်းက NUG Pay နဲ့ SDB bank အနေနဲ့ ပဲ ကူလို့ရနိုင်လို့ နားလည်ပေးပါရန် တောင်းပန်ပါတယ်ရှင့် …..
Photo Credit :