Nyein Says Thailand

Nyein Says Thailand ငြိမ်းသိသမျှ ထိုင်းအကြောင်း တင်ဆက်ပေးသွားပါမည်။ Stay tuned!

11/05/2024

🛫🫰ရန်ကုန်ထိုင်းသံရုံးထုတ်ပြန်တဲ့ကြေငြာချက်က ရက်(၉၀)အလည်ဗီဇာလျှောက်ထားတာနဲ့ လုံးဝမသက်ဆိုင်ကြောင်းကို စိတ်အေးရအောင် လိုရင်းကို ပြောပြပေးထားတာပါ။

⏰📮မြန်မာနိုင်ငံကစာရွက်စာတမ်းတွေကို ထိုင်းနိုင်ငံမှာ အသုံးပြုဖို့ တရားဝင်ကြောင်းထောက်ခံချက်အကြောင်းကိုလည်း မျှဝေပေးထားပါသေးတယ်။

✅ဗီဒီယိုထဲမှာ တစ်ခုပြောဖို့ ကျန်သွားခဲ့တာလေးကတော့ မြန်မာနိုင်ငံက စာရွက်စာတမ်းတွေဟာ မြန်မာလိုဖြစ်တဲ့အတွက် အင်္ဂလိပ်လို နိုတြီပြန်ရပါတယ်။ လိုင်စင်ရနိုတြီရှေ့နေတွေပြန်ပေးလိုက်တဲ့စာရွက်ကို နိုင်ငံရပ်ခြားမှာ အသုံးပြုဖို့အတွက် အဆင့်ဆင့်ထောက်ခံချက်ယူရတာပဲဖြစ်ပါတယ်။

😍အသေးစိတ်ထပ်ပြီး သိချင်တာများရှိရင်လည်း ကောမန့်မှာ မေးထားလို့ရပါတယ်ရှင်….

🎉ထိုင်းလာမယ့်မိတ်ဆွေတွေလည်းသိရအောင် ထပ်ဆင့်မျှဝေပေးလိုက်ပါဦးနော်။🫶

#ရန်ကုန် #ထိုင်းသံရုံး #အလည်ဗီဆာ #ဗီဆာသက်တမ်းတိုး #စာရွက်စာတမ်းတရားဝင်ထောက်ခံချက် #မြန်မာသံရုံးထောက်ခံစာ #နိုတြီ

🇹🇭🫶ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က အေးချမ်းပြီး အရမ်းလှတဲ့ Mom Jam တောင်ကြီးမှာ Home Stay နေဖို့အတွက် လွယ်လွယ်ကူကူ...
28/04/2024

🇹🇭🫶ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က အေးချမ်းပြီး အရမ်းလှတဲ့ Mom Jam တောင်ကြီးမှာ Home Stay နေဖို့အတွက် လွယ်လွယ်ကူကူနဲ့ တောင်တစ်တောင်လုံးမှာရှိတဲ့ ဟိုတယ်တွေကို ကိုယ်တိုင်ရှာနည်းကို ပြောပြေပေးပါမယ်။

🌼ချင်းမိုင်မြို့လယ်ကနေဆိုရင် မိနစ် ၄၀ လောက်သွားရတဲ့ Mae Rim မှာရှိတာပါ။ တောင်တစ်တောင်လုံးက စိမ်းစိုနေပြီးတော့ တောင်တက်လမ်းတွေကလည်း အရမ်းကို ကောင်းလှပါတယ်။

🌼 Home stay နေရာတွေလည်း အများကြီးရှိပြီးတော့ View point တွေကလည်း မရေမတွက်နိုင်အောင်ပေါပါတယ်။ တောင်တစ်တောင်လုံးမှာ ဟိုတယ်ပေါင်း ၂၇ ခုလောက်ကိုရှိတာမို့ အခုမှ စသွားအိပ်မယ့်သူဆိုတွေဆိုရင် အခန်းရှာဖို့ အချိန်ပေးရပါလိမ့်မယ်။

🌼ငြိမ်းကတော့ အခုအချိန် တောင်ပေါ်မှာသွားအိပ်ဖို့ကို recommend မပေးပါဘူး။ တောင်ပေါ်မှာအရမ်းပူနေတာမို့ပါ။ ခုချိန်ဟိုတယ်စျေးတွေကတော့ အလကားပေးနေရသလိုကို တန်တာကတော့ အသေအချာပါ။

🌼ခရီးသွားရာသီဆို စျေးတွေက ၃ ဆလောက်ထိကို မြင့်တက်နေတတ်ပြီး ရှိသမျှ အခန်းတိုင်းကို ပြည့်နေတာပါ။ ၁ လလောက် ကြိုတင်ပြီး ဘိုကင်တင်ထားမှကို ကိုယ်အိပ်ချင်တဲ့နေရာကို ရနိုင်တာပါ။

♥️ အခန်းဘယ်လိုရှာကြမလဲ?

🌸 Roomscope website ကနေပြီးတော့ ရှာပါ။ Mon Jam တောင်ရဲ့ တောင်ကုန်းနေရာအလိုက် ဟိုတယ်တစ်ခုချင်းဆီကို သေသေချာချာရွေးလို့ရတာပါ။

https://reservation.roomscope.com/

🌸 ပုံလှလှလေးတွေပါ ကြည့်လို့ရအောင် page တချို့ကိုပါ ထည့်ပေးလိုက်ပါတယ်။

🍃 บริช สกายดอย โฮมสเตย์

https://www.facebook.com/Bridgeskydoi/

🍃 บ้านโอโซน ม่อนแจ่ม

https://www.facebook.com/BaanOzoneMonjam/

🍃 ภูฟ้าใส โฮมสเตย์ ม่อนแจ่ม เชียงใหม่ Phu Fa Sai Homestay

https://www.facebook.com/Phufasai42/

🍃 ภูวิน คาเฟ่ PhuWin Cafe

https://www.facebook.com/PhuWinCafemonjam

🍃ภูวิมาน ม่อนแจ่ม

https://www.facebook.com/PuwimanMonjam/

🍃Review as you like : รีวิวตามใจเรา

https://www.facebook.com/photo/?fbid=613638263882674&set=pcb.613638497215984

🍃เมมโมรี่ แคมป์

https://www.facebook.com/MemoryCamp

🍃มายด์โฮมสเตย์ม่อนแจ่ม

https://www.facebook.com/mindhomestay

🍃ม่อนดูดาว Mon Doo Dao

https://www.facebook.com/mondoodao/

🍃สวนลมชมดอย โฮมสเตย์

https://web.facebook.com/photo/?fbid=653598699386571&set=pb.100063484814725.-2207520000

♥️ ကံကောင်းရင် တိမ်ပင်လယ်ကြီးကိုပါတွေ့ရဦးမှာပါ။
ငြိမ်းကတော့ ညဆိုရင် ကြယ်တွေကြည့်ရင်း အချိန်ကုန်ရတာကို အရမ်းကြိုက်တာပါ။ မနက်တော့ အစောမထနိုင်တော့ပါဘူးရှင်😹။

♥️ ကထအိုးမှာပြီး မီးသွေးနဲ့ တောင်ပေါ်မှာ အအေးဓာတ်အံတုရင်း သူငယ်ချင်းတွေ အဖွဲ့လိုက် စကားပြောရင်း ညအလှကို ခံစားကြတာ ရေပန်းစားပါတယ်။ Viewpoint နေရာအလိုက် အလှဓာတ်ပုံတွေအများကြီးရိုက်လို့ရဦးမှာပါ။

♥️ ရာသီအလိုက် စျေးနှုန်းလေးတွေချိန်လို့ရအောင် ငြိမ်းရဲ့ သူငယ်ချင်းတွေ လာလည်တုန်းက ဖြတ်ထားတဲ့ စျေးနှုန်းလေးတွေနဲ့ ရာသီဉတုသာယာလို့ ပျော်ရင်ပျော်သလို သွားအိပ်တာမို့ ရိုက်ထားတဲ့ အလှပုံတချို့ပါ စာနဲ့ တွဲတင်ပေးလိုက်ပါတယ်။

♥️ အတွဲတွေဆိုလည်း ရို လို့အရမ်းကောင်းသလို အချောလေးတွေဆိုလည်း ဓာတ်ပုံရုက်လို့ တကယ်လှတာနော်။

♥️ ခရီးသွားရာသီတွေလာတဲ့အခါ Home stay ရှယ်နေလို့ရအောင် ခုထဲက ကြိုလက်တို့ထားလိုက်တယ်နော်။

Nyein Says Thailand

ငြိမ်းရဲ့ နောက်ထပ် ပေ့ချ်လေးပါ။ ထိုင်းအကြောင်း ငြိမ်းသိသမျှကို မျှဝေပေးသွားပါမယ်နော်....Like and follow for more! 😍
27/04/2024

ငြိမ်းရဲ့ နောက်ထပ် ပေ့ချ်လေးပါ။
ထိုင်းအကြောင်း ငြိမ်းသိသမျှကို မျှဝေပေးသွားပါမယ်နော်....

Like and follow for more! 😍

ที่อยู่

Bangkok
10270

เบอร์โทรศัพท์

+66654904560

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyein Says Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Nyein Says Thailand:

แชร์