Pouk Ka Ya - ပေါက်ကရ

Pouk Ka Ya - ပေါက်ကရ တစ်နေ့တာ အမောတွေတွက် တခဏတာအပန်းပြေစေဖို့ �

အရက်သမား 😆😆😆😆
07/06/2024

အရက်သမား 😆😆😆😆

သေခါနီး ဖြစ် တဲ့ စိတ် အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ။--------------------------------------------သေခါနီး ဖြစ် တဲ့ ...
07/06/2024

သေခါနီး ဖြစ် တဲ့ စိတ်
အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ။
--------------------------------------------

သေခါနီး ဖြစ် တဲ့ စိတ်ဟာ
အရမ်းကို အရေးကြီးပါတယ် ။
လားရာ သုဂတိ ကို ချက်ချင်း
အကျိုးပေး နိုင်ပါတယ် ။

ဒီအကြောင်း တရား ကို မြတ်စွာဘုရားရှင်က
ယခု လိုဟောကြား ခဲ့ပါတယ် ။

နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေ
ကို ခြံထဲသွင်း တဲ့အခါမှာ နွားပျို နွားပေါက်စ
လေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။

ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ ..
နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ ...
ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။

နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန်
မှာတော့ နွားအိုကြီး တွေက
ခြံပေါက်၀ မှာပဲ အိပ်ကြရတယ် ။

ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ် တဲ့ အခါမှာ တော့ ခြံ၀မှာ အိပ်နေ
တဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် ။

နွားပျို နွားငယ် တွေက တော့
နောက်ဆုံး မှပဲထွက် ကြရပါတယ် ။

#အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့
အချိန်မှာ ဖြစ် တဲ့ စိတ်ဟာ အရင်ဆုံး
အကျိုးပေး ပါတယ် လို့
မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါတယ် ။

၀ိပဿနာအသိ မရှိတဲ့ လူ့ပတ်၀န်းကျင်မှာ
သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။

ကြည့်လေရာ မြင်လေရာက ကိုယ်တစ်
ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။

အိမ်တွေ အသုံး အဆောင် တွေ
အ၀တ် အစားတွေ ၊ သား သမီး
လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။

ကိုယ့်ပတ်၀န်းကျင်မှာ ရှိတာတွေ အကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ ။

ဒါကြောင့် ...

တစ်ချို့ နားလည် သဘောပေါက် တဲ့ လူတွေ
ဟာ သူတော်ကောင်း နေရာ မေတ္တာဓါတ်လွှမ်းခြုံ...
တဲ့ နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ
ကြိုတင် စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။

သေမယ့် အချိန်ကို ကြိုမသိ နိုင်ပေမယ့်
အဲ့လို နေရာမျိုး မှာပဲ ဘ၀ရဲ့ နောက်ဆုံး
အချိန်တွေကို ဖြတ်သန်း သွားကြပါတယ် ။

ကြောက်လည်း ကြောက်စရာ ပါပဲ။
အပါယ်ကျသွား လို့ ဘွာတေး လုပ်လို့ မရပါဘူး ။

အကုသိုလ် အစွဲအလန်း တွေ အားကြီး
လွန်းလို့ သေခါနီး ဝိဥာဉ် မချုပ်နိုင်ပဲ
ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ် ။

တစ်ချို့ကလည်း အကုသိုလ် စေတနာ
ကုသိုလ် စေတနာ သိပ်ကြီးကြီး မားမား မရှိ....

၀ိပဿနာ ဥာဏ်ကလည်း မရှိတော့ သူ့ ကံက
သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ် ရောက်လိုက်
ဒီစိတ် ရောက်လိုက်နဲ့ ကြာနေတာ တွေ ရှိပါတယ်။

ဒါကိုပဲ ဘေးက လူက ဟိုလူ့စောင့် သလိုလို
ဒီလူ့ စောင့် သလိုလို သားကိုပဲ မျှော်သလိုလို
သမီးကိုပဲ မျှော်သလိုလို ထင်တော့ တာပါပဲ ။

သားလေး ရောက်လာပြီ သမီးလေး ရောက်
လာပြီ ထကြည့်ပါဦး လို့ ဘေးကများ ..

ကုန်း အော်လိုက် လို့ကတော့ သေတဲ့ သူ
တစ်ခါတည်း သွားရော့ ငရဲအိုးပဲ ..

အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။

သေတဲ့ သူကို ဆွဲခါ လှုပ်ယမ်း ဖက်
ပြီး အော်ငိုတာ ကတော့ အဆိုးဆုံးပါပဲ ။

ကျလု ကျခင် ဖြစ်နေ တဲ့ သူကို
ချစ်သလိုလို နဲ့ ဆောင့်ကန်ချ လိုက်တာပါပဲ ။

ဒါကြောင့် .....

ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့…

ငါ့ဘေးနားလည်း မနေကြ နဲ့

ငါ့တရား နဲ့ ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း
သေမယ်လို့ အဲ့လို ကြိုတင်ပြီး မိသားစုကို
မှာထားရမယ်...

အဖေရယ် အမေရယ် နိမိတ် မရှိသော
စကားမပြောပါ နဲ့ အဲ့လို ပြောလာရင်
ဟဲ့ နိမိတ် မရှိ မလုပ်နဲ့ ငါက သေရင်
ဒီနိမိတ်နဲ့ပဲ သွားရမှာ ...

အဲ့လို ပြတ်ပြတ် သားသား မှာထား ရမယ် လို့
မိုးကုတ် ဆရာတော် ဘုရားကြီးက
အထပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။

တစ်ချို့က
ကုသိုလ် ကောင်းမှု့ တွေတော့ လုပ်ခဲ့ပါရဲ့
ဒါပေမယ့် သေခါနီး ကျတော့ လှူတုန်းကဖြစ်...
ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ

ကျောင်းစွဲ ဘုရားစွဲ ဇရပ် စွဲ အဲ့လို စွဲတော့
ကျောင်းစောင့် ဘုရားစောင့်
စေတီစောင့် တွေပဲ ဖြစ်ကြရတယ် ။

ရိပ်သာမှာ အားထုတ် ခဲ့ပေမယ့်
၀ိပဿနာ စိတ် မဖြစ်ပဲ ရိပ်သာ
စွဲသေတော့ ရိပ်သာ စောင့် ဖြစ်ရပြန်တယ် ။

စေတနာကို ပြန်စွဲမိရင် တောင်မှ အစွဲဖြစ်
တဲ့ အတွက် ကံရှိ သလောက် အကျိုးပေး
ပြီး ကံကုန်တာ နဲ့ ပြန်ဆင်း ရမှာပါပဲ။

ဒါကြောင့် အပါယ်
လွတ်ရာ လမ်း တစ်လမ်းပဲ ရှိပါတယ်။

အဲ့ဒါ ကတော့ အသက်ရှင် နေထိုင်
တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံ
အားထုတ်ပြီး အသေ တတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာ တရားကို နှလုံးသားမှာ ယုံမှား
သံသယမရှိအောင် ကျင့်ကြံ သွားနိုင် တဲ့

အရိယာ ပုဂ္ဂိုလ်က တော့ ပတ်၀န်းကျင်
ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ် တော့ပါဘူး ။

အရိယာ တို့ရဲ့ လားရာ သုဂတိဟာ မြဲသွား
ပြီ ဖြစ် တဲ့ အတွက် သူသွား ရမယ့် လမ်းကို
ဖြောင့်ဖြောင့် တန်းတန်း ပဲ သွားပါတယ် ။

ဒါပေမယ့် အဲ့လို မှ မကျင့်ကြံနိုင် တဲ့ သာမာန်
ပုဂ္ဂိုလ်များ အတွက် ကတော့ သေခါနီး အချိန်နဲ့

ပတ်၀န်း ကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး
အခွင့်အရေး နောက်ဆုံး ကျည်ဆန် ဖြစ်တဲ့အတွက်

အလွန် အင်မတန် မှ အရေးကြီး လှပါတယ်
လို့ စေတနာ အရင်းခံပြီး သတိပေး လိုက်ရပါတယ် ။

မင်းကွန်းဆရာတော်ကြီး
🙏🙏🙏🙏🙏

Share ခြင်းဖြင့် ကုသိုလ်ယူပါ…(အနန္တမေတ္တာ)
Credit

လုပ်ရက်ပါပေ့ ဂျီးတော်ရယ် 😂😂ရန်ကုန်-ပြည်- မန္တလေး Expressကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝန်းကျင်ခန့်အဒေါ်ကြီးတယေ...
07/06/2024

လုပ်ရက်ပါပေ့ ဂျီးတော်ရယ် 😂😂

ရန်ကုန်-ပြည်- မန္တလေး Expressကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝန်းကျင်ခန့်
အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအား ကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်

" ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင် အဒေါ့်ကိုပြောပါကွယ်"

" ဟုတ်ကဲ့ ဂျီးဒေါ်ရေ"

ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနည်းငယ် အကြာတွင်တော့
အဒေါ်ကြီးအသံ ဟိန်းထွက်လာသည်

" ကားဆရာရေ အုတ်ဖိုတာဆုံရောက် ပြီလားကွဲ့"

ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကျလေသည် အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန် သွားတာကိုး .....

အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်း အပြစ်တင် ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ

" ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်
နောက်ကိုပြန်မောင်းပေးပါ့မယ်ဂျီးဒေါ်ရေ"

ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့် နောက်ကြောင်း ပြန်လှည့်မောင်းခဲ့ရလေသည်

" ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံရောက်ပါပြီဗျ
ဆင်းလို့ရပါပြီ"

" အို ဆင်းမလို့မဟုတ်ပါဘူးငါ့တူရယ် ကားစထွက်တော့ သမီးကမှာလိုက်လို့ပါ

အုတ်ဖိုတာဆုံရောက်ရင် နောက်ထပ် ဆေးတခွက်
ထပ်သောက်ဖို့မမေ့နဲ့ ဆိုလို့ပါကွယ်"

တိန်!!

ဘာမှ မေးရသေးဘူးလေ😂😂😂
07/06/2024

ဘာမှ မေးရသေးဘူးလေ😂😂😂

07/06/2024

ရတယ် ...ရတယ် .... အိမ်ပဲပြန်မယ် 😁😁

တော်တော်တတ်တတ်လေး 😁😁

゚viralシ #ဟာသအထိုထွာ

နောင်တ မဖြစ်ရန် ကြိုတင်စီမံအသက် ၇၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ် ။ အသက် ...
29/05/2024

နောင်တ မဖြစ်ရန် ကြိုတင်စီမံ

အသက် ၇၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့
သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ် ။

အသက် ၇၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရမယ် ။
စိတ်ရှည်ပေးမယ်။
အာရုံကြော အားလုံးကျုံ့လာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီးစကား ပွစိပွစိပြောလာမယ် ။

ကိုယ် မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ် ။

အဲဒီအခါနောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီး တွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီးဝမ်းနည်းလာမယ်။
အထီးကျန်လာမယ် ။
မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။

အဲဒီအချိန်မှာ မိမိရဲ့မိဘတွေကို လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။

တစ်ခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ် မလိုဘူး အမြဲငြင်းတတ်လာမယ်။
ဒါဟာအပိုမကုန်စေချင်လို့ပါ။ တကယ်တော့ ကျေနပ်ဝမ်းသာနေတာပါ။
တတ်နိုင်သလောက် မိဘကို ဝယ်ပေးကြပါ၊ ကျွေးကြပါ။

အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ ကျနော်တို့ တိုက်တွန်းလို့ မရပါဘူး ။

အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတစ်ခုကို ကြာကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး။
ဒါကို ကျွန်တော်တို့ နားလည်ရပါမယ် ။

ဘာသာရေးကို မိဘများ လုပ်နိုင်သလောက်သာ လုပ်ပါစေ ။

အတင်းအကြပ်ကြီး တစ်နေကုန် မလုပ်ခိုင်းသင့်ပါဘူး ။

ကျနော်တို့ လူကြီးမိဘတွေကို စားချင်တာ ဝယ်ကျွေးရမယ်။
သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ မသေသပ်ပေမယ့် ပေးလုပ်ရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ဘဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ ။
စွန့်မပစ်ရကောင်းလားဆိုပြီး ဒေါသနဲ့ မဆူပါနဲ့ ၊ မငေါက်ပါနဲ့ ၊ နားလည်ပေးကြပါ ။

အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးကလိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လို ချင်တာက အဲဒါမဟုတ်ဘူး နွေးထွေးမှု အလေးထားမှု စကားပြောပေးတာမျိုး လိုချင်ကြတာပါ။

လူကိုယ် တိုင်လာပြီး မိဘများကို စကားပြောကြပါ ။
ဘယ်အချိန်ဘယ်အခါမယ် မိဘဆီကို သွားမယ် ဘယ် လောက်ကြာနေမယ် စသဖြင့်စီမံထားပါ။
မလာနိုင်တဲ့ အကြောင်းပြချက်မရှိပါစေနဲ့ ။
မိဘများသေသွားရင် အစားပြန်မရတော့ပါဘူး ။
ဒါကို သိထားရပါမယ် ။

မကြာခဏ ဖုန်းဆက်ပြီး မိဘများနဲ့စကားပြောပါ ။
သူတို့ ဖုန်းမချမခြင်း ပြောပေးပါ ။
မိမိက အရင် ဖုန်းချမသွားပါနဲ့ ။

ကျနော်တို့ဟာ ကိုယ်ရဲ့သားသမီးလေးတွေရဲ့ စိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို နားထောင် ဖြေရှင်း ပေးတတ်ကြသလို မိမိတိုရဲ့အသက်ကြီးလာတဲ့ မိဘများရဲ့ စိတ်ကိုကလဲ လေ့လာပြီး နားလည်ပေးရပါမယ်။
လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေး ကြရပါမယ် ။

သား သမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ။

credit: :original uploader

゚viralシ

ဟော ဗျာ 😆😆😅😅
29/05/2024

ဟော ဗျာ 😆😆😅😅

29/05/2024

ရန်ဖြစ်တာလေ 😁😁

သတင်းစာရှင်းလင်းပွဲ လုပ်ပြီးဖြေရှင်းရတယ်တဲ့လား 😂😂

゚viralシ

24/05/2024

သနားပါတယ် ကီးဘုတ် ဆရာလေး 😅😅😅

ဓါတ်ဆီ ဒီဇယ် စျေးနှုန်းတွေကို  May 25 မှစတင်ပီး ၁လီတာကို 1800ကျပ်နှုန်း ဖြင့်.....See more
24/05/2024

ဓါတ်ဆီ ဒီဇယ် စျေးနှုန်းတွေကို May 25 မှစတင်ပီး ၁လီတာကို 1800ကျပ်နှုန်း ဖြင့်.....See more

24/05/2024

သီချင်းကြီးကလဲ သူတို့က ရိုးရိုးသားသား ရေး / ဆို ပေါ့😁 ကိုယ်တေက ရိုးရိုးသားသားက မတွေးတတ် 😂

゚viralシ #

စွတ် အော်မနေနဲ့ကွာ ဒီမှာကွဲနေတာ နားငြီးတယ် ဘယ်သူလို့ ပြောလိုက်ရမလဲ နာမည်ပြောခဲ့  😅😅
20/05/2024

စွတ် အော်မနေနဲ့ကွာ ဒီမှာကွဲနေတာ နားငြီးတယ် ဘယ်သူလို့ ပြောလိုက်ရမလဲ နာမည်ပြောခဲ့ 😅😅

14/05/2024

အရှင်ဘုရား သနားပါတယ် ၊ ဒုတ် ဓါး ပဲပြီးတာ လက်ပစ်ဗုံး မပြီးရှာတော့ မတော်တာတေ ဖြစ်ကုန်ရော 😁😁😁😁😁😁😁



12/05/2024

ဒါကြီးကျ လွန်တာပေါ့ဟ 😕


11/05/2024

မနိူင်မနင်းတွေ ဖြစ်ကုန်ပြီမလား 😂😂


09/05/2024

😱😱😱😱😱

09/05/2024

အဆုံးထိကြည့် 😅 နောက်ဆုံးက အသက်နော်😂


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pouk Ka Ya - ပေါက်ကရผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอการเล่นเกม อื่นๆใน Bangkok

แสดงผลทั้งหมด