ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန

ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန ဧရာဝတီတိုင်းတွင်း တော်လှန်ရေးဆိုင်ရာ သတင်းများ၊ ဆောင်းပါး၊ ကဗျာများကို ဖော်ပြပေးသွားပါမည်။
(1)

|||သတင်းတို|||▪️ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနောက်ခြမ်းရှိကျေးရွာများမှ ရခိုင်စစ်ဘေးရှောင်ပြည်သူများကို စစ်ကော...
23/12/2024

|||သတင်းတို|||

▪️ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနောက်ခြမ်းရှိကျေးရွာများမှ ရခိုင်စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက ဒီဇင်ဘာ (၂၅) နောက်ဆုံးထားပြီး နှင်ထုတ်

ဒီဇင်ဘာလ (၂၃) ရက်၊ ၂၀၂၄

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ် အနောက်ခြမ်းရှိကျေးရွာများမှ ရခိုင်စစ်ဘေးရှောင်ပြည်သူများကို အကြမ်းဘက် စစ်ကောင်စီက ဒီဇင်ဘာလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွါရန် အမိန့်ထုတ်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ရခိုင်ဘက်ခြမ်းကျေးရွာများမှ စစ်ဘေးရှောင်လာသောပြည်သူများကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်ငွေညှစ်တောင်းယူမှုများ ပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

“မနေ့ညကဆို ညပိုင်းအချိိန်တွေမှာ လက်နက်ကြီးသံတွေလည်း ကြားရတယ်၊ စစ်တပ်ကတော့ ပြည်သူကို ဘယ်တော့မှ ကြည့်မှာမလုပ်လို့ ပြင်စရာရှိတာတော့ ပြင်ထားရမှာပဲ၊ ဒုက္ခရောက်ပြီး ပြေးလာတဲ့ ပြည်သူတွေကိုပါ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေညှစ်လိုက်ဖမ်းနေတာကနေ ခုဆို နှင်ထုတ်ဖို့ပါ အမိန့်ထုတ်လိုက်တာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

ရက္ခိုင့်တပ်တော်AAမှ အောင်ပွဲရသတင်းများ ဆက်တိုက်ပေါ်ထွက်လာပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းအပေါ်ပိုမိုထိန်းချုပ်တင်းကြပ်မှုများရှိနေပြီး ဒေသခံပြည်သူများအနေဖြင့်လည်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

||| သတင်းတို |||▪️တောင်ကုတ်မြို့ကို AAက အလုံးစုံသိမ်းပိုက်ထိန်းချုပ် ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် အမှတ် (၅) ...
22/12/2024

||| သတင်းတို |||

▪️တောင်ကုတ်မြို့ကို AAက အလုံးစုံသိမ်းပိုက်ထိန်းချုပ်

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ ဝန်းကျင်တွင် အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းကို အကြမ်းဖက်စစ်တပ်၏ ဌာနဆိုင်ရာများ၊ တပ်စခန်းများနင့်အတူ ယှဉ်တွဲတွေ့မြင်ရသော အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓါတ်ပုံများက သက်သေခံနေပြီဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် မကွေး၊ ရန်ကုန်၊ ဧရာဝတီမှ တဆင့် ရခိုင်စစ်မျက်နှာပြင်သို့ စစ်ကူများ တောက်လျှောက်ပေးပို့နေသည့်ပြင် လေကြောင်းပစ်ကူများဖြင့် ကျားကန်နေသည့်ကြားမှ AAထံ တစ်မြို့ပြီး တစ်မြို့လက်လွှတ်ဆုံးရှုံးလျက်ရှိသည်။

Photo Credits to

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

📍သတင်းဓာတ်ပုံ📍ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ...
22/12/2024

📍သတင်းဓာတ်ပုံ📍

ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များအား ဌာနဆိုင်ရာတပ်စခန်းများရှေ့တွင် တွေ့ရစဉ်

Credits to

December 22, 2024


📍သတင်းဓာတ်ပုံ 📍ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမ...
22/12/2024

📍သတင်းဓာတ်ပုံ 📍

ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များအား ဌာနဆိုင်ရာတပ်စခန်းများရှေ့တွင် တွေ့ရစဉ်

Credit to

December 22, 2024


|||  သတင်းတို  ||| ◼️  အမ်းသို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို ငဖဲမြို့နယ်အတွင်း ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မ...
22/12/2024

||| သတင်းတို |||

◼️ အမ်းသို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို ငဖဲမြို့နယ်အတွင်း ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး

ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်(၉)နာရီဝန်းကျင်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာ အနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေ‌သော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကြောင်း၊ နှစ်ဖက်ညှပ်၍ စစ်ကူလာသဖြင့် လက်နက်နှင့် အလောင်းများ သိမ်းဆည်းမှုများ မလုပ်နိုင်တော့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိကြော်း၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်က သိရသည်။

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တို...
22/12/2024

||| သတင်းတို |||

◼️ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ဖြင့် တိုက်ခိုက်ရာ ၅ လုံး အောင်မြင်စွာ ထိရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု၊ ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 27 အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့ က‌လည်း တဖက်တလမ်းမှ ပါဝင်ကူညီအားဖြည့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင်နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းမှာ မြန်မာပြည်၏ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစွမ်းကုန် ကြိုးစား တိုက်ခိုက်သော တော်လှန်ရေးအရွေ့ဖြစ်စေရန်အတွက် အကူအညီ ဖြစ်စေရန် ရည်ရွယ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  နပခဌာနချုပ်ကို အပြီးသတ်သိမ်းယူပြီးသည်နှင့်တဆက်တည်း  နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းအား...
22/12/2024

||| သတင်းတို |||

◼️ နပခဌာနချုပ်ကို အပြီးသတ်သိမ်းယူပြီးသည်နှင့်တဆက်တည်း နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းအား AA က ဖမ်းဆီးထိန်းသိမ်း၊ ခမရ(၅၆၃)နှင့် ဂွမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။

ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးမိ ခြင်းဖြစ်ပြီး နပခကိုလည်း အပြီးသတ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်ကြောင်း အဆိုပါ စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။

နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAကနောက်ဆုံးသတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။

ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံ ဝန်ခံထားသည်။ AAတပ်ဖွဲ့ဝင်များကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။

နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သလို ယခု ဖမ်းမိသည်ဆိုသည့် ဗိုလ်မှူးချုပ်သောင်းထွန်းသည် မကွေးမြို့ တပ်မ ၈၈သို့ နိုဝင်ဘာလ၁၄ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

ထို့ပြင် ဂွမြို့နယ်တွင်နောက်ဆုံးကျန်ရှိနေသည့် ခမရ(၅၆၃)ကို AAကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ဂွတစ်မြို့နယ်လုံးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ရက်နေ့ညမှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ကြောင်း၊ ဂွမြို့နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဘက်မှ မြို့နယ်များကို စစ်ကောင်စီကပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ပ...
22/12/2024

||| သတင်းတို |||

◼️ ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ နယ်၊ သိမ်ကုန်းတာဝါတိုင် စစ်တပ်အထိုင်စခန်းမှ နတ္တလင်းမြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာ လာသော အင်အား ၄၀ ဦးပါ စစ်ကြောင်းကို လှေကထောင်တဲတိုက်နားအရောက် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ က ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ပြည်သူ့တော်လှန်ရေး ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  စစ်ကောင်စီမိသားစုဝင်များ စစ်တွေမှ စွန့်ခွာပြီး တရုတ်လုံခြုံရေးတပ်များရှိရာ ကျောက်ဖြူသို့ ရွှေ့ပြေ...
22/12/2024

||| သတင်းတို |||

◼️ စစ်ကောင်စီမိသားစုဝင်များ စစ်တွေမှ စွန့်ခွာပြီး တရုတ်လုံခြုံရေးတပ်များရှိရာ ကျောက်ဖြူသို့ ရွှေ့ပြောင်းလျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းက ပြောင်းရွှေ့သွားကြောင်း ဒေသသတင်းရင်းမြစ်က သိရသည်။

ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ ဇက်သင်္ဘောများနှင့် ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူမြို့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းအကြောင်းပြု၍ တရုတ်လုံခြုံရေးတပ်များ ရောက်ရှိတပ်စွဲထားကြောင်းလည်း သိရသည်။

နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ကျောက်ဖြူသို့ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး သာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။ တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့် စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားသောအခါ စစ်ကောင်စီမှ မြို့ကိုဖျက်ဆီးမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကဆို သည်။

ယခင်လပေါင်းများစွာကတည်းက စစ်တွေမြို့ခံအများစုမှာ ရန်ကုန်မြို့သို့ လေယာဥ်ဖြင့် စစ်ဘေးတိမ်းရှောင်သွားကြသော်လည်း မြို့၏သုံးပုံနှစ်ပုံသောအရပ်သားများမှာ ငွေကြေး မတတ်နိုင်သူများ ဖြစ်ကြသောကြောင့် ကျန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်၊ ကျေးရွာ ပေါင်း ၁၄ ရွာမှ ရွာခံများကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့ခိုင်းထားခြင်းကြောင့် လူသားဒိုင်း လုပ်မည်ကိုလည်း အရပ်သားပြည်သူများမှ စိုးရိမ်နေကြသည်။

မောင်တော နခခ-၅ ကျပြီး နောက်ပိုင်း စစ်တွေတွင် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တိုင်း ဘုန်းကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အိမ်စေ့ဝင်ရောက်စစ်ဆေးမှုများကို လက်ရှိအချိန်ထိ ခပ်စိပ်စိပ်ပြုလုပ်နေသည်။ စစ်ကောင်စီသည် စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ (၂၀)ခုအထိုင်ချထားပြီး စစ်ကူအင်အားများလည်းတိုးချဲ့ထားသည်။

ဒီဇင်ဘာလ (၂၂)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  ရေဖြူနှင့် ရေးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများအား တော်လှန်ရေးပူးပေါင်း အဖွဲ့များ ဝင်ရောက်တိုက်ခိ...
20/12/2024

||| သတင်းတို |||

◼️ ရေဖြူနှင့် ရေးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများအား တော်လှန်ရေးပူးပေါင်း အဖွဲ့များ ဝင်ရောက်တိုက်ခိုက်

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၄နာရီခွဲခန့်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်းရှိ ရေကန်တောင်၌ တပ်စွဲထားသော စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့ (Microwave) တပ်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ၍ မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ကျန်အကြမ်းဖက်စစ်သားများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ MA 1 အမျိုးအစား သေနတ် ၃ လက်၊ ကပစ ထုတ် ၅ ဒသမ ၅၆ ကျည် ၅၇၈‌ တောင့် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ ၄၀ မမ ဗုံးသီး ၃၆ လုံး ၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ကျည်ဘောက်များ၊နှင့် ကွန်ပျူတာတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ တပ်စခန်း ဘားတိုက်၊ အဆောင်များအား မီးရှို့ဖျက်ဆီး၍ နံနက် ၆ နာရီ ခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က သိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၃ တပ်ရင်း ဗဟိုကင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ)နှင့် သာဂရ စစ်ကြောင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေ အတွင်းရှိ ရေးမြို့နယ်၊ မြောက်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်း မှ ကနင်ကမော့ လမ်းပိုင်း၊ ကွမ်ကျိုက်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၄၂ မိနစ်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၈၇ တပ်ရင်းမှ ဗိုလ်ကြီးအဆင့် ရှိသူတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း မှ ရဲဘော် ၁ ဦး နှင့် မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ရေးပကဖတို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၀)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံခ...
20/12/2024

||| သတင်းတို |||

◼️ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံ

ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေးက ယနေ့ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့် စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးမှ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ လက်နက်ချ အညံ့ခံလာကြောင်း သိရသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စွဲနေရာ ယူထားသော ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ် ရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရသည်။

ဖလမ်းနှင့် မင်းတပ်မြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီးချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်စစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၂၀)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  မြောင်းမြတွင် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၉ သောင်း နှုန်း၊ လူစားထိုးကြေးအဖြစ် တ...
19/12/2024

||| သတင်းတို |||

◼️ မြောင်းမြတွင် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၉ သောင်း နှုန်း၊ လူစားထိုးကြေးအဖြစ် တစ်ရွာလျှင် သိန်း ၂၄၀နှုန်းဖြင့် စစ်တပ်နှင့် စကစအုပ်ကြီး များက လစဉ် တောင်းခံလျက်ရှိ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးဟုဆိုတာ ငွေကျပ် ၉ သောင်းနှုန်း လစဉ် ကောက်ခံနေပြီး စစ်တပ်ကလည်း တပ်သားသစ်မပေးနိုင်သော ကျေးရွာများကို လူစားထိုးကြေးအဖြစ် တစ်ရွာလျှင် ငွေကျပ်သိန်း ၂၄၀ တောင်းခံနေကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

မြောင်းမြမြို့နယ်၊ ကွင်းပေါက်ကြီးရွာတွင် အုပ်ချုပ်ရေးမှူး သန်းဌေးက စစ်မှုထမ်းကြေး ဟုဆိုကာ နေအိမ်ရှိ ယောကျာ်းလေး ဦးရေပေါ် မူတည်ပြီး ၁ ဦးလျှင် ငွေကျပ် ၉၀၀၀၀ နှုန်း၊ ယောကျာ်းလေးမရှိသည့် နေအိမ်များကို ငွေကျပ် ၅၀၀၀၀ နှုန်း လစဉ် ကောက်ခံနေကြောင်း သိရသည်။

အလားတူ ကွင်းပေါက်ကြီးရွာနှင့် ကပ်လျက်တွင်ရှိသော ကျွန်းထိပ်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် နဝတ ခေတ်က အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးသော ဌေးဝင်း ဆိုသူတို့က တစ်အိမ်ထောင်လျှင် ငွေကျပ် ၉၀၀၀၀ နှုန်းကောက်ခံပြီး မထည့်သည့် နေအိမ်များကို ဆဲဆိုကျိန်းမောင်း၍ စစ်တပ်ခေါ် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်နေသည့်အပြင် စစ်မှုထမ်း တပ်သားသစ် ၂ ဦးအတွက် လူစားထိုးကြေး သိန်း ၂၄၀ ပေးရသည်ဟုဆိုကာ ပြည်သူများထံမှ လူစားထိုးကြေးပါ ထပ်မံလိုက်လံကောက်ခံနေကြောင်း သိရသည်။

ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများတွင်လည်း အကြမ်းဖက်စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးနှင့် လူစားထိုးကြေးများကို အတင်းအဓမ္မ ကောက်ခံကာ ပြည်သူများကို ဖိနှိပ်လျက်ရှိကြောင်း မြောင်းမြမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၁၉)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  စကစကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရန် ကျောင်းကုန်းမြို့ ကြံ့ဖွတ်ကိုယ်စားလှယ် သိန်းထ...
18/12/2024

||| သတင်းတို |||

◼️ စကစကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရန် ကျောင်းကုန်းမြို့ ကြံ့ဖွတ်ကိုယ်စားလှယ် သိန်းထွန်းက ကြံ့ဖွတ်အုပ်မှူးများအား ဖိအားပေး

ဒီဇင်ဘာ (၁၇) ရက်နေ့၊ နံနက် ၁၀နာရီခန့်တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကြံ့ဖွတ်ရုံးသို့ ကျောင်းကုန်းမြို့၊ ကြံ့ဖွတ်ကိုယ်စားလှယ် သိန်းထွန်း ရောက်ရှိလာပြီး ကြံ့ဖွတ်အုပ်ချုပ်ရေးမှူးတချို့ကိုခေါ်၍ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး‌ရေး ဆင်းရန် ပြောကြောင်း သိရသည်။

ကြံ့ဖွတ်အုပ်မှူးများမှ “ယခုအချိန်ကာလတွင် စည်းရုံးရေးမဆင်းရဲကြောင်း၊ နုတ်ထွက် ချင်သော်လည်း ခွင့်မပြု၍ ဆက်လက်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း၊ AA နှင့် PDFများ ဝင်ရောက်လာမည်ကို ကြောက်ကြောင်း” ပြောကြားသော်လည်း သိန်းထွန်းမှ " မင်းတို ဘာကြောက်နေတာလဲ မကြာခင်ရုရှားနဲ့ တရုတ်က စစ်အကူအညီလာတော့မယ်၊ (၆)လ အတွင်း အပြီးချေမှုန်းပေးမှာ " ဟုအစည်းအဝေးတွင် ပြောသွားကြောင်း သိရသည်။

"သူတိုက ရုရှားနဲ့ တရုတ်လာကူမှာဆိုပြီး ရွေးကောက်ပွဲ အတွက် အတင်းစည်းရုံးရေး လုပ်ခိုင်းနေတာ၊ ဘယ်သူက လုပ်ရဲမှာလဲ၊ သူတိုရှုံးနိမ့်နေတာ လူတိုင်းသိတယ်" ဟု ၎င်းတိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၁၈)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် PDF များ စိမ့်ဝင်မှု မရှိစေရန် စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်နေ၊ ပုသိမ်တွင် စကစ ဝန်...
18/12/2024

ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် PDF များ စိမ့်ဝင်မှု မရှိစေရန် စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်နေ၊ ပုသိမ်တွင် စကစ ဝန်ထမ်းများ ယူနီဖောင်းဝတ် သွားလာခြင်းမပြုရန် ညွှန်ကြား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာလ (၁၈)ရက်၊ ၂၀၂၄

ဧရာဝတီတိုင်းအတွင်းသို့ ရခိုင်ပြည်နယ်ဘက်မှ AA နှင့် PDF များ ဝင်ရောက်မှု စိမ့်ဝင်မှု မရှိစေရေးအတွက် ရခိုင်ရိုးမနှင့်ဆက်စပ်နေသော မြို့နယ်များအားလုံးတွင် ဒီဇင်ဘာလ ဒုတိယပတ်မှ စ၍ စစ်ကောင်စီဘက်က လုံခြုံရေး အထူးတင်းကျပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယခုရက်ပိုင်းအတွင်း ဧရာ၀တီတိုင်းတွင် လုံခြုံရေး သတိပြုရန် အထူး ညွှန်ကြားချက်များ ထွက်ရှိလာပြီး ဂွမြို့နယ်၊ ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိသော ငါးသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လုံခြုံရေး တင်းကျပ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

“စစ်ဆေးတာတွေက တော်တော်ကို များတယ်၊ အရင်က မြို့ဝင်ဂိတ်မှာ ရဲတွေလောက်ပဲ ရှိတာ၊ အခုဆို ဂွ-ငါးသိုင်းချောင်းလမ်းကို အဓိက စစ်ချင်တော့ ငဝန်တံတားပေါ်မှာ စစ်သားတွေပါ ကြပ်ကြပ်မတ်မတ်စစ်ကြတယ်” ဟု ဒေသခံ ခရီးသွား ပြည်သူတဦးက ARNs ကို ပြောသည်။

စစ်ဘေးရှောင်များကိုလည်း အထူးတင်းကျပ်စွာ စိစစ်ပြီး ဂိတ်အဝင်အထွက် များကို တင်းကျပ်စွာ စစ်ဆေးရန်၊ အထူးသဖြင့် လက်နက်ခဲယမ်း သယ်ယူမှုများမရှိစေရေးနှင့် ရခိုင်ဘက်သို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ မရောက်ရှိစေရန်တင်းကျပ်စွာ ဆောင်ရွက်ရမည်ဟု စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းတွင် ဧရာဝတီတိုင်းအတွင်း “တိုင်းစစ်ဌာန – ဧရာဝတီ” ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့်အတူ လက်တွဲပူးပေါင်း၍ ဧရာဝတီမြေအတွင်း ထိုးဖောက်ဝင်ရောက် တိုက်ပွဲဝင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် ပြည်သူ့ဘက်တော်သား စစ်သည်တော်များနှင့်အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း အဆိုပါစစ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်ထွက်ပေါ် လာပြီးနောက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၊ ပျူစောထီးများက မိမိတို့ရပ်ရွာများအတွင်း AA နှင့် PDF များ ဝင်ရောက်လာခြင်းမရှိစေရေး အထူးသတိပြုဆောင်ရွက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့ အပါအဝင် ဧရာ၀တီတိုင်းအတွင်းသို့ PDF များ ပြန့်နှံ့ဝင်ရောက်လာပြီဆိုသော သတင်းများထွက်ပေါ်နေသောကြောင့် စကစဝန်ထမ်းများအနေဖြင့် မိမိတို့လုံခြုံရေးနှင့် မိမိဌာန၊ရုံးများ၏ လုံခြုံရေးများကိုလည်း အထူးသတိပြုကြရန်၊ ဌာနဆိုင်ရာ တာဝန်များ ထမ်းဆောင်ရာတွင်လည်း မလိုအပ်သည့်နေရာများတွင် ဝန်ထမ်း ယူနီဖောင်းများ ဝတ်ဆင်ခြင်းမပြုကြဘဲ လုံခြုံရေး သတိဖြင့် သွားလာနေထိုင်ကြရန် ညွှန်ကြားလာကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

||||သတင်းတို||||◼️ ဂွမြို့နယ်၊ ခမရ-၅၆၃ တပ်ရင်းသို့ ပို့ဆောင်ခံရသည့် ပုသိမ်မှ ရဲတပ်ဖွဲ့ဝင်များထွက်ပြေးမှု ပြန်လည်ဖမ်းဆီး ...
17/12/2024

||||သတင်းတို||||

◼️ ဂွမြို့နယ်၊ ခမရ-၅၆၃ တပ်ရင်းသို့ ပို့ဆောင်ခံရသည့် ပုသိမ်မှ ရဲတပ်ဖွဲ့ဝင်များထွက်ပြေးမှု ပြန်လည်ဖမ်းဆီး နိုင်ခြင်း မရှိသေး

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၌ နေထိုင်သော ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်တပ်က ဂွမြို့နယ် ခမရ-၅၆၃ တပ်ရင်းသို့ ပို့ဆောင်ပြီး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ခိုင်းထားစဉ် ထွက်ပြေးသွားကြောင်းသိရသည်။

လက်ရှိချိန်ထိ ၎င်းတို့အား ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ကျုံပျော် ခလရ ၃၆ တပ်ရင်း မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း ရေကြည်မြို့နယ် သောင်တန်းရွာ အနောက်ဘက်ကို ထွက်ပြေးသွားပြီး စစ်တပ်က ရှာဖွေနေကာ ၄ ဦးကိုဖြင့် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် AA က ဂွမြို့နယ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ယင်းသို့ ထိုးစစ်ဆင်နေမှုကြောင့် မကြာမီ ဂွမြို့နယ်ကို သိမ်းပိုက်ပြီး ဧရာ၀တီတိုင်းဘက်သို့ AA တပ်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီနှင့် စစ်တပ်လက်အောက်ခံများအကြား အထူးကြောက်ရွံ့နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုနေကြကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၇)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

||||သတင်းတို||||◼️  သာပေါင်းတွင် ပြည်သူ့လုံခြုံရေး စစ်သင်တန်းဆင်းများ ထွက်ပြေးသဖြင့် စကစမှ နေအိမ်များ ချိတ်ပိတ်ဧရာဝတီတို...
17/12/2024

||||သတင်းတို||||

◼️ သာပေါင်းတွင် ပြည်သူ့လုံခြုံရေး စစ်သင်တန်းဆင်းများ ထွက်ပြေးသဖြင့် စကစမှ နေအိမ်များ ချိတ်ပိတ်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ရပ်/ကျေး ပြည်သူ့လုံခြုံရေး သင်တန်းဆင်းထား သူများ ထွက်ပြေးနေ၍ အကြမ်းဖက် စစ်တပ်က နေအိမ်များကို ချိတ်ပိတ်ပြီး မိသားစုဝင်များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းဆင်းထားသူ ၅၀ ဦးထဲမှ ၁၅ ဦးက ခလရ ၃၀၈ တပ်ရင်းသို့ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားကာ သာပေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ချိတ်ပိတ်ပြီး မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ခြိမ်ခြောက်ခေါ်ဆောင်နေ​သည်ဟု သိရသည်။

သာပေါင်းမြို့၊ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ့စစ် ၂ ဦး၏ နေအိမ်များကိုလည်း အကြမ်းဖက် စစ်တပ်က ချိတ်ပိတ်ခဲ့ပြီး မြို့နယ်တွင်း စစ်မှုထမ်းရန် လူရှာမပေး နိုင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး မင်းဧရာထိုက်၊ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ ဗိုလ်မှူးသန်းနိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း လုံ/နယ် ဝန်ကြီး မိုးမင်းနိုင်က သတိပေးဆုံးမရန် ဆင့်ခေါ်ထားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ (၁၇)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  တကျော့ပြန် စစ်တပ်ကင်းစင်ဇုန်ဖြစ်လာသော KNU ဌာနချုပ်ဟောင်းမာနယ်ပလော ကရင်အမျိုးသားအစည်းအရုံး (KNU) ဌ...
17/12/2024

||| သတင်းတို |||
◼️ တကျော့ပြန် စစ်တပ်ကင်းစင်ဇုန်ဖြစ်လာသော KNU ဌာနချုပ်ဟောင်းမာနယ်ပလော

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသရှိ နောက်ဆုံးလက်ကျန်စစ်တပ်စခန်းဖြစ်သော ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က သိရသည်။

အကြမ်းဖက်စစ်တပ်၏ ပွိုင့် ၉၁၃ နို့ဒေးစခန်းသည် ထိုင်းနယ်စပ်အနီး သောင်းရင်းမြစ်ဘေး တွင် တပ်စွဲထားခြင်းဖြစ်ပြီး KNU တပ်မဟာ (၇) နယ်မြေ၌ တည်ရှိသည်။အဆိုပါစခန်းအား ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက KNU နှင့် တော်လှန်ရေးပူးပေါင်းတပ် များက ဝန်းရံပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယခုလ ဒီဇင်ဘာလ ၁၆ ရက်တွင် အပြီးသတ် သိမ်းယူခြင်း ဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးများပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်းလည်း သိရသည်။

KNU ဌာနချုပ် မာနယ်ပလောကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် DKBA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ (၁၇)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

|||  သတင်းတို  ||| ◼️  ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်ရောက်လာသည့်အ...
17/12/2024

||| သတင်းတို |||

◼️ ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်ရောက်လာသည့်အတွက် ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက် နယ်မြေသို့ ပို့ဆောင်

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သားတစ်ဦးဖြစ်သူ ကိုဖိုးထွေးသည် အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ရှေ့တန်းတပ်စခန်းရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၂၀ တောင့်၊ ဓါးမြှောင် ၁ ချောင်း၊ စစ်ယူနီဖောင်း အပြည့်အစုံယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း၊ ၎င်း၏ သဘောဆန္ဒအလျောက် အာဏာရှင် စစ်ကောင်စီနှင့်ဝေးရာ လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း DNLA - ဓဝယ်တပ်တော်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဆက်လက်၍ ပြည်သူ့ရင်ခွင် ဝင်ရောက်လိုသော စစ်ကောင်စီ တပ်သားများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ( DNLA )မှ ကြိုဆိုလျက်ရှိကြောင်း DNLA - ဓဝယ်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၁၇)ရက်၊ ၂၀၂၄





အချိန်နှင့်တပြေးညီ သတင်းများအသေးစိတ်ပိုမိုဖတ်ရှုရန် တယ်လီဂရမ် Channel ကို Join ထားပါ။
🔔 https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန:

วิดีโอทั้งหมด

แชร์