AZit Meraki

Under Stress during these days, butI can’t stop smiling because of Her. 🐶🥰Her eye, her look , Awwn So sweet. 🤗 ゚viralシ  ...
14/02/2025

Under Stress during these days, but

I can’t stop smiling because of Her. 🐶🥰

Her eye, her look , Awwn So sweet. 🤗

゚viralシ

မနှစ်က သွားထားတဲ့ “Bangkok China Town”ရဲ့Hidden Photo Spot 🐉 လေးခုတလော ဒါလေး ပြန်ခေတ်စားနေလို့ Share လိုက်ပါတယ်ရှင့်။Chi...
05/02/2025

မနှစ်က သွားထားတဲ့ “Bangkok China Town”ရဲ့
Hidden Photo Spot 🐉 လေး

ခုတလော ဒါလေး ပြန်ခေတ်စားနေလို့ Share လိုက်ပါတယ်ရှင့်။

China town ရောက်ဖြစ်ခဲ့ရင်လည်း ဓါတ်ပုံလေး ဝင်ရိုက်ဖို့ မမေ့ကြနဲ့နော် 😎✌️




ဒီနေ့ သွားခဲ့တဲ့ နေရာလေးက “Rot Fai Park” ထဲမှာရှိတဲ့ “Butterfly garden & Insectarium” ဆိုတဲ့နေရာလေးပါ။တကယ်ကတော့ ပန်းရောင...
19/01/2025

ဒီနေ့ သွားခဲ့တဲ့ နေရာလေးက “Rot Fai Park” ထဲမှာရှိတဲ့ “Butterfly garden & Insectarium” ဆိုတဲ့နေရာလေးပါ။

တကယ်ကတော့ ပန်းရောင် တပေဘူတပန်းလေးတွေ သွားကြည့်ဖို့ သွားခဲ့တာပေမဲ့ အပွင့်လေးတွေ ကြွေကုန်လို့ စိတ်ညစ်နေခဲ့တာ။ 🥹

ဒီနားမှာ လိပ်ပြာလေးတွေဆီ သွားမယ်၊ လေကောင်းလေသန့်လည်းရမယ်၊ အမောလည်း ပြေမယ်ပေါ့ဆိုပီး ပျော်သွားပြန်ရော။ 😁

နေရာက -
BTS - Mochit BTS station 🚉 မှာဆင်းပီး လမ်းနည်းနည်းလျှောက်ရင် ရပါပီ။

MRT - Chatuchak MRT station 🚉 မှာဆင်းရင်တော့ ကွက်တိပါပဲ။

⏰ အချိန်က- မနက် 8:30 ကနေ ညနေ 4:30 ထိပါ။ (ဝင်ကြေး အခမဲ့၊ QR Register တော့လုပ်ရပါမယ်)
📍တနင်္လာနေ့ ပိတ်ပါတယ်ရှင်။

လူလည်းမရှိဘူးထင်နေပေမဲ့ Sunday မို့လို့လားပဲ။
အထဲမှာ Foreigner တွေအများကြီး ပုံရိုက်နေကြပါတယ်။

“လိပ်ပြာဟာ လိုက်လို့ပြေးတာလား? ပြေးလို့ လိုက်တာလား?” တခုခုပဲ 🤭🤭

ပုံလေးတွေ တပုံချင်းစီ ကြည့်ပေးပါရှင့်။ 🤗🤗

20/10/2024

It is a popular night market among foreigners, renowned for its delicious food. Undoubtedly, it’s a major tourist attraction, and food enthusiasts are sure to enjoy it.

Awwn so cute 🤗
17/09/2024

Awwn so cute 🤗

🥰Carp cafe Tour- မင်္ဂလာပါရှင်။ AZit Page ကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။- AZit တို့ ခု ပထမဦးဆုံးပြောပြမဲ့အကြောင်းအရာလေးကို ...
30/06/2024

🥰Carp cafe Tour

- မင်္ဂလာပါရှင်။ AZit Page ကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။

- AZit တို့ ခု ပထမဦးဆုံးပြောပြမဲ့အကြောင်းအရာလေးကို ချင်းမိုင်ကို သွားလည်တုန်းက အကြောင်းလေးနဲ့ စပြောချင်ပါတယ်ရှင့်။

- ချင်းမိုင်ရဲ့ Tourist Attractions နေရာတွေ အတော်များများထဲမှာ floral garden တွေ၊ချစ်စရာကောင်း၊ စိတ်ဝင်စားစရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေကလည်း အဓိကကျတဲ့နေရာ အနေနဲ့ပါပါတယ်။ Floral garden တွေကို သွားချင်ခဲ့ပေမဲ့ AZit တို့သွားခဲ့တဲ့ April လမှာက အရမ်းပူပီး ပန်းပွင့်တဲ့ကာလမဟုတ်တာကြောင့် ကော်ဖီဆိုင်ဖက်ကိုပဲ ခြေဦးလှည့်ခဲ့ပါတယ်။

- Travel and Tour Company တွေကလည်း သွားလည်ဖို့ recommend ပေးပြီး သွားလိုက်ရင် နွေပူပူ၊ လေပူပူရဲ့ အပူတွေအားလုံးကို ခဏတာ အေးချမ်းစေမဲ့ နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။

- နာမည်လေးက “Carp Cafe” တဲ့။ ကဲ တူတူသွားကြည့်ကြရအောင်နော်။

- စဝင်ဝင်ခြင်းမှာပဲ စိမ်းလန်းနေတဲ့တောလေးရဲ့ ဝင်ပေါက်လေးကို တွေ့ရသလို အပင်စိမ်းစိမ်းလေးတွေက ကြိုဆိုနေပါတယ်။ (စပြီး အပူသက်သာတဲ့နေရာလေးပါပဲ) ပြီးတာနဲ့ ဂျပန်နိုင်ငံရဲ့ ချယ်ရီတောထဲ ရောက်သလို ခံစားစေရမဲ့ ချယ်ရီပွင့်တွေကြားထဲ တံတာလေးတွေဖြတ်ပီး သွားရတဲ့ ဖီလင်က အရမ်းမိုက်!! 😎

ဘယ်လောက်မိုက်လည်းဆိုရင် တန်းပြီး ဖုန်းကိုထုတ် ဓါတ်ဖမ်းတော့တာပဲ 😁

- ချယ်ရီတောကိုဖြတ်၊ အထဲရောက်တာနဲ့ တန်းပြီးတွေ့ရမှာက “Koi Fish” တွေအများကြီးမှ အများကြီးပဲ။ အရောင်အသွေးစုံ ဆိုဒ်အစုံနဲ့ တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ Koi ဆိုတဲ့နာမည်က ဂျပန်စကားလုံး Carp ကနေလာတာပါ။ ဂျပန်လိုဆိုရင် “အချစ် ဒါမှမဟုတ် ခင်မင်မှု သင်္ကေတ”အဖြစ် ဖော်ပြကြပါတယ်။ ကံကောင်းစေပြီး အောင်မြင်စေတယ်လို့လည်း ယူဆကြပါတယ်။အဲ့တာကြောင့် Carp Cafe မှာ Koi Fish တွေအများကြီးရှိပီး အဲ့တာက သူ့ရဲ့အဓိက attraction ပဲဖြစ်ပါတယ်။

- ကဲ ဆက်သွားမယ်နော်။ ဆိုင်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ခုက နေရာထိုင်ခင်းပဲဖြစ်ပါတယ်ရှင်။ ငါးတွေအပြည့်နဲ့ ကန်ကြီးရဲ့ပတ်ပတ်လည်နဲ့ အလယ်တွေမှာ ရေတွင်းတွေလို အုတ်ကန်တွေရှိပြီး အဲ့ထဲမှာမှ စားပွဲနဲ့ထိုင်ဖို့ စီစဉ်ထားတာပါ။ ရေထဲမှာ ဘေးကငါးလေးတွေက ပတ်ပတ်လည် ကူးလူးနေပြီး ရေထဲရောက်နေပြီး အစားအစာထိုင်စား၊ အနားယူနေရသလိုကိုဖြစ်နေမှာပါ။ ဖီလင် အရမ်းမိုက််😎

- အစားအသောက်မှာမယ်ဆိုရင်က နည်းနည်းတော့ စျေးများသလိုဖြစ်ပေမဲ့ သူငယ်ချင်းတွေနဲ့သွားရင် အချိုးကျရှင်းတော့ကျ၊အကုန်အကျသိပ်မများတော့ဘူးပေါ့နော် ဟီးဟီး 😁 (baht 100 လောက်ကနေ 500/600 လောက် အစားစားပေါ့နော်)

- နောက်တစ်ခုရှိသေးတယ် ငါးလေးတွေ၊ ပန်းတွေနဲ့ဆိုတော့ မထင်ရမှာလေးတစ်ခု။ ဘာလည်းဆိုတော့ Figures လေးတွေရှင်။ Marvel fan, DC fan တွေ၊ အရုပ်စုသူတွေရဲ့အကြိုက် 🤭 Figures ကြီးကြီး သေးသေး ဆိုဒ်မျိုးစုံကို မှန်ဘောင်ကြီးနဲ့ ထားထားသေးတာ။ ရိုက်ရပြန်တာပေါ့ ဓါတ်ပုံ😁

- Foreigners တွေလာလည်တာများတယ်။ Korea တွေလည်း အတော်များ။ 😁 အဲ့မှာ ဆရာသမား Koi ငါးတို့ကို အစာကျွေးလို့လည်း ရပါတယ်။ ကျွေးပုံကျွေးနည်းက ချစ်စရာလေး! ကလေးနို့ဗူးလေးနဲ့ Fish Milk ဆိုပီးတိုက်လို့ရသလို အစာခြောက်လည်း ကျွေးလို့ရပါတယ်။ (Fish Milk baht 40, အစာခြောက် baht 20 ပါ)

- အော် မေ့တော့မလို့။ Maple 🍁 ရွက်လေးတွေလည်း ရှိတာမို့ Korea ဆန်ဆန် ပုံလည်း ရိုက်လို့ရသေးတယ်နော် 😁

🤗သွားလည်းချင်စရာအပြည့်နဲ့ Carp Cafe လေးအကြောင်းကို ပြောပြပီးပီဆိုတော့ နောက်ထပ်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော်။

🤗AZit တို့ရဲ့ page လေးကိုလည်း Like and Follow လုပ်ပေးပါဦးနော်။

29/06/2024

Trending flashlight dance

08/06/2024

Butterflies & Flowers 🦋🦋😍🦋🦋

One fine day in a garden 🪴

01/06/2024

Cute chinese song dance 💃

Today Hot Mocha ☕️ with 1 Baht from Tao Bin 🥳🥳Loves the taste and smell ! Matches with today weather also. 🌧️ ☔️ TAO BIN...
30/05/2024

Today Hot Mocha ☕️ with 1 Baht from Tao Bin 🥳🥳
Loves the taste and smell !
Matches with today weather also. 🌧️ ☔️

TAO BIN เต่าบิน





21/05/2024

🐲 ”A visit to China Town with AZit” 🐲
🪭 🏮 🪭 🖼️ 🪭 ♥️ 🪭

🐲 ”A visit to China Town with AZit” 🐲မင်္ဂလာပါရှင်။AZit page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။ချင်းမိုင်ကနေ ပြန်လာပြီး ...
13/05/2024

🐲 ”A visit to China Town with AZit” 🐲

မင်္ဂလာပါရှင်။
AZit page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။

ချင်းမိုင်ကနေ ပြန်လာပြီး တညမှာတော့ AZit တို့က China Town ဖက်ကို သွားလည်ဖြစ်ခဲ့ပါတယ်ရှင့်။ ♥️

🪭 China Town ဆိုသည်မှာ မြို့ကြီးတော်တော်များများမှာ ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်တာမို့၊ အစားအသောက်ကောင်းကောင်းကြိုက်တတ်တဲ့သူတွေ၊ တရုတ်အစားအစာကြိုက်တဲ့သူတွေ အတွက်ကတော့ မသွားမဖြစ် သွားလည်လေ့ရှိကြတဲ့ နေရာတခုပဲဖြစ်ပါတယ်။

🪭 တရုတ်တန်းဆိုတဲ့အတိုင်း အစားအစာမျိုးစုံ၊ သစ်သီးတွေ၊ သောက်စရာအအေးမျိုးစုံနဲ့ ဆိုင်တွေအကုန်လုံး ဆိုင်ကြီးကြီး၊ သေးသေး စားချင်စရာတွေကြည့်ပဲ 😋😁
ဖက်ထုတ်၊ အကင်၊ သစ်သီး၊ အစေ့အဆံ စတာတွေအပြင်
ထူးထူးဆန်းဆန်းအကင်အနေနဲ့ ကင်းမြှီးကောက်ကင် 🦂၊ ဓါးခုတ်ကောင်ကင်၊ ပိုးကောင်ကင် စတဲ့အကင်တွေ ရောင်းတဲ့ဆိုင်လည်း တွေ့ခဲ့ပါသေးတယ်။ 😁 (အရင် စပြီးတွေ့ဖူးခဲ့တာက ပတ္တရားသွားတုန်းကပါ)

🏮AZit တို့ကတော့ တရုတ်တန်း အကင်ဆိုတာနဲ့ ရန်ကုန် (၁၉)လမ်းက အကင်နဲ့ဘီယာတွေကို တန်းပြီး သတိရတော့တာပဲ။ 😆👍 ဤကား စကားချပ်။

🪭အဓိက အကြောင်းအရာကတော့ China Town သွားပြီး အစားအသောက်တွေအပြင် ဓါတ်ပုံရိုက်လို့လှမဲ့ “Photo Spot” နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်။ 📸

🪭အဲ့နေရာလေးက AZit တို့လည်း သွားလာစားသောက်ပြီး တရုတ်ဘုံကျောင်း တစ်ခုရှိတယ်ဆိုလို့ သွားကြည့်ကြမယ်ဆိုပြီးလမ်းလျှောက်ရင်းနဲ့သွားတဲ့လမ်းမှာ တွေ့ခဲ့ကြတာပါ။သူက လမ်းကြားလေးထဲမှာဖြစ်ပြီး China Town ရှိတဲ့ Lamphun Chai လမ်းနဲ့ Yaowarat လမ်းမကြီးကြားထဲမှာ ရှိပါတယ်။ (Location ပုံလေးထည့်ထားပါတယ်ရှင့်) တရုတ်ဘုံကျောင်းမရောက်ခင် လမ်းကြားတိုလေးရဲ့ နံရံတဖက်တချက်စီမှာ “Wall Art” 🖼️ လေးတွေ ဆွဲထားလို့ ဓါတ်ပုံရိုက်ချင်စိတ်ကို အရမ်းဖြစ်စေတယ်ပေါ့နော်။ 😁 AZit တို့တွေ တစ်ယောက်တစ်လှည့်စီ ရိုက်ခဲ့ပါတယ်ရှင်။ Photographer တွေ၊ ရိုက်တတ်တဲ့သူတွေ ရိုက်ရင် ပိုပိုပြီး လှမှာအသေအချာပဲနော်။ 😎📸

🪭🏮 AZit တို့ ပုံလေးတွေ ရိုက်လာတာမို့ အောက်မှာဘယ်လိုပုံလေးတွေလည်း ဆိုတာကြည့်လို့ရပါတယ်ရှင့်။မီးပုံးနီနီတွေ ၊ မီးအလင်းရောင်တွေကြား အရသာရှိတဲ့ အစားအသောက်တွေအပြင် ပုံလှလှလေးတွေ ရစေချင်တဲ့ စိတ်လေးနဲ့ Information sharing လေး လုပ်လိုက်ပါတယ်ရှင့်။

ခုလိုမျိုး Hidden Treasure လေးတွေကို share ပေးမှာမို့ သဘောကျတယ်ဆိုရင် AZit တို့ရဲ့ page လေးကိုလည်း Like and follow လုပ်ပေးပါဦးနော်။ ♥️🪭🤗

Who’s that?I found that princess in ChiangMai. 😍✌️
13/05/2024

Who’s that?

I found that princess in ChiangMai. 😍✌️

12/05/2024

Chiang Mai Carp Cafe with AZit!

Let's check out our very first Video.

Please Like, Comment and Follow our page!

Have a wonderful day ahead.

Got them @ Siam BTS Station 🚉😎😎👍Thank you very much. ✌️Love to use Pilot stationary since my childhood.😉Pilotpen.thailan...
08/05/2024

Got them @ Siam BTS Station 🚉😎😎👍
Thank you very much. ✌️
Love to use Pilot stationary since my childhood.😉
Pilotpen.thailand Pilot Pen


It’s blossom time 🌼🌼🌼 Nature is calling 🍃🍃
08/05/2024

It’s blossom time 🌼🌼🌼
Nature is calling 🍃🍃


ที่อยู่

Bangkok
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ AZitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง AZit:

วิดีโอทั้งหมด

แชร์