Angle Discoverry TV

Angle Discoverry TV ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Angle Discoverry TV, ครีเอเตอร์ดิจิทัล, 355, Phetchaburi Road, Thung Phaya Thai, Ratchathewi, Bangkok.

ခံတွင်းလိုက်သော အိမ်ချက်လက်ရာချက်နည်းလေးများ...ချက်နည်းအစုံပုံကိုနှိပ်ပြီးလေ့လာပါ...
25/04/2024

ခံတွင်းလိုက်သော အိမ်ချက်လက်ရာချက်နည်းလေးများ...
ချက်နည်းအစုံပုံကိုနှိပ်ပြီးလေ့လာပါ...

ဒီနေ့တော့ မနက်ဖြန်အတွက် ဘာချက်ရမှန်းမသိတဲ့သူများအတွက်...ကိုယ်တိုင်ချက်စားနိုင်စေဖို့ ချက်နည်းအစုံ ပုံကိုနှိပ်ပြီးလေ့လာပါ...
25/04/2024

ဒီနေ့တော့ မနက်ဖြန်အတွက် ဘာချက်ရမှန်းမသိတဲ့သူများအတွက်...
ကိုယ်တိုင်ချက်စားနိုင်စေဖို့ ချက်နည်းအစုံ ပုံကိုနှိပ်ပြီးလေ့လာပါ...
🍲🍲🍲🍲🍲

ပုစွန်ကြိုက်သူများအတွက် 🍤ပုစွန်ဟင်းချက်နည်း ၉မျိုး ချက်နည်းလေး ပုံကိုနှိပ်ပြီး လေ့လာပါ
25/04/2024

ပုစွန်ကြိုက်သူများအတွက် 🍤
ပုစွန်ဟင်းချက်နည်း ၉မျိုး
ချက်နည်းလေး ပုံကိုနှိပ်ပြီး လေ့လာပါ

လက်ဖက်ဆိုတာ လူတိုင်းနီးပါးကြိုက်သောအစားအစာပါ အမျိုးမျိုးသုပ်စားနိုင်စေဖို့လုပ်နည်းအစုံ ပုံအောက်တွင် လေ့လာပါ...
24/04/2024

လက်ဖက်ဆိုတာ လူတိုင်းနီးပါးကြိုက်သောအစားအစာပါ အမျိုးမျိုးသုပ်စားနိုင်စေဖို့
လုပ်နည်းအစုံ ပုံအောက်တွင် လေ့လာပါ...

အိမ်ရှင်မတို့အကြိုက် ဟင်းချက်နည်းကောင်းလေးတွေကိုစုစည်း တင်ပေးလိုက်ပါတယ်ရှင့်အရသာရှိတဲ ဟင်းပွဲများချက်စားရင် ပျော်ရွင်တဲ့...
24/04/2024

အိမ်ရှင်မတို့အကြိုက် ဟင်းချက်နည်းကောင်းလေးတွေကိုစုစည်း တင်ပေးလိုက်ပါတယ်ရှင့်
အရသာရှိတဲ ဟင်းပွဲများချက်စားရင် ပျော်ရွင်တဲ့ ဘဝတွေ အမြဲပိုင်ဆိုင်နိုင်ပါစေ ရှင့်
လိုအပ်တဲ့အချိန် ချက်စားလို့ရအောင် Share သိမ်းထားလို့ရပါတယ်ရှင့်
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻❤😍
ကျေးဇူးပါရှင့်

အိမ်ဟင်း၊အိမ်လက်ရာစစ်စစ် ဟင်းချက်နည်းတွေ ဝေမျှပေးလိုက်ပါတယ် ✨👇ပုံကိုနှိပ်ပြီးဖတ်ရှုပါရန် . . .
24/04/2024

အိမ်ဟင်း၊အိမ်လက်ရာစစ်စစ် ဟင်းချက်နည်းတွေ ဝေမျှပေးလိုက်ပါတယ် ✨👇
ပုံကိုနှိပ်ပြီးဖတ်ရှုပါရန် . . .

ဟင်းချက်ရတာ ဝါသနာပါတဲ့ အိမ်ရှင်မများအတွက် ဟင်းချက်နည်းအမျိုးမျိုးစုစည်ပေးထားပါတယ်ရှင့်😋ပြုလုပ်နည်းများ ပုံအောက်တွင် ဖတ်ရ...
24/04/2024

ဟင်းချက်ရတာ ဝါသနာပါတဲ့ အိမ်ရှင်မများအတွက် ဟင်းချက်နည်းအမျိုးမျိုးစုစည်ပေးထားပါတယ်ရှင့်😋
ပြုလုပ်နည်းများ ပုံအောက်တွင် ဖတ်ရူရန်

သီးရွက်စုံကြော်——————-ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီးတစ်လုံး ငြုပ်သီးစိမ်းအားလုံးဆီသတ်ပါ မွှေးလာရင် ကိုယ်နှစ်သက်ရာအသီးရွက်မျ...
23/04/2024

သီးရွက်စုံကြော်
——————-
ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီးတစ်လုံး ငြုပ်သီးစိမ်း
အားလုံးဆီသတ်ပါ မွှေးလာရင် ကိုယ်နှစ်သက်ရာ
အသီးရွက်များထည့်ပါ ငါးငံပြာရည် နည်းနည်းထည့်ပါ
နှစ်သက်ရာအချိုမှုန့်ထည့်ပါ ရေအနည်းငယ်ထည့်ပြီးလုံးပေးပါ
အသီးရွက်တွေနွမ်းရင် အရသာမြည်းပြီး အငံလိုပါက ဆားထည့်ပါ ရပါပြီ
ဆူးပုပ်ရွက်နဲ့ပင်စိမ်းပါရင် ပိုမွှေးပြီးပိုစားကောင်းပါတယ်

ကောက်ညှင်းဘိန်းမုန့်လုပ်နည်း နှင့် ဘိန်းမုန့်လုပ်နည်း🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘လုပ်ရတာလွယ်ပီး ပါဝင်းပစွည်းတွေကလည်း ဝယ်ရတာ လွယ်လို့အာ...
16/03/2024

ကောက်ညှင်းဘိန်းမုန့်လုပ်နည်း နှင့် ဘိန်းမုန့်လုပ်နည်း
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
လုပ်ရတာလွယ်ပီး ပါဝင်းပစွည်းတွေကလည်း ဝယ်ရတာ လွယ်လို့
အာလပ်ရက် အိမ်မှာHome made လေးလုပ်စားကြည့်နော်

လုပ်နည်းအဆင့်ဆင့် ပုံလေးတွေနဲ့တွဲပြပေးထားပါတယ်ရှင့်
👇👇👇👇👇👇👇👇👇

ဘိန်းမုန့် (၆ခုစာ)❤️❤️❤️❤️❤️❤️
------------------------------------
နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ၀တ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်ရှင့်။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်…
------------------------------------
ပါ၀င်ပစ္စည်းများ
* ဆန်မှုန့် – ၃ခွက်(ကောက်ညှင်းမှုန့်)
* ရေ – ၁ခွက်ခွဲ
* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်
* ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
* သီဟိုဌ်စေ့– စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် – ၂၀၀ ဂရမ်
------------------------------------
ပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄နာရ်ီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။

၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။

၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…


❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
နောက်တစ်နည်း
ဘိန်းမုန့်လုပ်နည်း။ ၂ပါ

ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး
(အချပ် အကြီး ၃ ချပ်စာ)

ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ။
ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့၂ မျိုး ၇ှိတဲ့အထဲက အိစံက ဆန်နဲ့လုပ်တဲ့ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့လုပ်တာ အချိန်ကြာတာမို့ yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေးမွှေးမွှေးလေးနဲ့မို့အချိန်ကုန်သက်သာပြီး အ၇မ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၁ ခွက်
၂။ ကွကျဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ ၀က် (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ဆား နှင့် ဆော်ဒါ မှုန့်တို့ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်းရ်ျ ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံး၀င်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၄။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့်အနှစ်ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်ရ်ျ ထည့်ပါ။ မီးကို အေးအေးထားရ်ျ မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အ၇င်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူးရ်ျ မုန့်အလည်မှာအပေါက်ကလေးတွေတော်တော်များများဖြစ်လာမှ အဖုံးကို ခန အုပ်ပါ။
၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့်သား ကျက်လျှင် နောက်တဖက်ကိုလှန်ရ်ျ ၁ မိနစ်ခန့်ထားပါ။
၇။ ထောပတ်အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဘိန်းမုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

ကြက်သားပြုတ်ကြော်....😋😋ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ...15မိနစ်ခန့် (ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်...
16/03/2024

ကြက်သားပြုတ်ကြော်....😋😋

ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ...15မိနစ်ခန့် (ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်းပေးပါ...😍😍

ပြုတ်ပြီး ကြက်သာ း ကို ရေနဲ့အေးအောင်ပြန်ဆေးပေးပြီး ရေခဲရေနဲ့ ခဏပြန်စိမ်ထားပေးပါ...။😍😍

ရေစိမ်ထားပြီး ကြက်သာ ကို ခဏအခြောက်ထားပေးပြီး....ဆီးပူပူမှာ အိုးအဖုံးအုပ်ပြီး ကြော်ပေးပါ အနီရောင်လေး သန်လာတဲ့အထိ ကြော်ပေးပါ.. ။

(ဆော့ ပျာရည်...2ဇွန်း
ငရုပ်သီး ဆော့..2ဇွန်း
ကြက်သား မူန့်အနည်းငယ်..
ဆားအနည်းငယ်... ထည့်ပြီ မီးအေးအေးနဲ့ ခဏချက်ပေးပါ..)

ကြော် ထားပေးတဲ့ ကြက်သား အပေါ် ကိုဆော့လေးသုပ်ပေးပါ...)

(ခဲပတ်လေးနဲ့ ခဏပြန်ကင်ပေးပါ ဆော့ အရသာထဲ ဝင်အောင်လို့ပါ..)

ဖြိုး ချက်တဲ့ ဟင်းလေးတွေကိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်...

♨ ♨ ♨ ရုံးပတီသီး ရခိုင်ချက် ♨ ♨ ♨အသားဟင်းတေချည်း အမြဲစားနေကျမို. အသီးအရွက် လေး ကိုပြောင်းစားချင်ပါတယ်ဆိုရင်တော.ငွေကုန်သက...
16/03/2024

♨ ♨ ♨ ရုံးပတီသီး ရခိုင်ချက် ♨ ♨ ♨

အသားဟင်းတေချည်း အမြဲစားနေကျမို. အသီးအရွက် လေး ကိုပြောင်းစားချင်ပါတယ်ဆိုရင်တော.
ငွေကုန်သက်သာ စားလို.လဲကောင်း
ချက်ရတာလဲမြန်တဲ. ရုံးပတီသီး ရခိုင်ချက်လေး
လုပ်စားကြည်.ရအောင် ♨ ♨ ♨

ရုံးပတီသီး လေးတွေကို အလယ်ကနေ အရှည်လိုက်
ထက်ခြမ်းခွဲထားပါ ။


ဆီသတ်ပြီးရင် စောစောက ရုံးပတီသီး လေးတွေထည်. ။ မျှင်ငါးပိ လေးထည်. ။ ပုဇွန်ခြောက်မှုန် လေးထည်. အရသာလေးမြည်းကြည်.ပါ ။
အနေတော်ဆိုရင်တော. စားလို.ရပါပြီ။

၇ုံးပတီသီးကို ထည်.ချိန်မှာ အဖုံးဖုံးဖို.မလိုသလိူ
အကြာကြီး တည်ထားဖို.မလိုပါဖူး။

အဖုံးဖုံးလိုက်ရင် အစိမ်းရောင် ပျောက်သွားပြီး
အကြာကြီးတည်ထားရင် အရမ်းပျော.သွားပြီး
စားမကောင်းတတ်တာမို. ခနသာ တည်ပေးပါ ။

စားလို.ကောင်းတဲ. ရခိုင်ရုံးပတီသီး အစပ်လေးပါ

မနက်စာချက်စားမလား?ညနေစာချက်စားမလား?ပေါ့ပေါ့ပါးပါးချက်လိုက်ယုံပါပဲအလုပ်လဲမရှုပ်ဘူး😄ကြက်ဥဂျုံခေါက်ဆွဲလေးကိုမအီအောင်စွန်ထမ်...
15/03/2024

မနက်စာချက်စားမလား?
ညနေစာချက်စားမလား?
ပေါ့ပေါ့ပါးပါးချက်လိုက်ယုံပါပဲ
အလုပ်လဲမရှုပ်ဘူး😄
ကြက်ဥဂျုံခေါက်ဆွဲလေးကို
မအီအောင်စွန်ထမ်ခြောက်လေးနဲ့ချက်စားကြမယ်နော်😊
1.အရင်ဆုံးဂျုံခေါက်ဆွဲလေးပြုတ်ရေပြန်ဆေးပြီးရေစစ်ထားမယ်
2.စွန်ထမ်ခြောက်ကိုခဏကြော်ပြီးပြန်ဆယ်ထားမယ်
3.ကြက်ဥကိုခလောက်ပြီး
တူနဲ့တောက်လျှောက်မွှေကြော်ပြီးပြန်ဆယ်ထားမယ်
4.ဆီနည်းနည်းမှာပဲငပိထည့်ခဏကြော်မွှေးလာတာနဲ့
ခရမ်းချဉ်အနှစ်ထည့်လိုက်မယ်
မွှေကြော်ပြီးရေထည့်ပါ
5.ရေဆူလာတာနဲ့စွန်ထန်ခြောက်ကြော်ထားတာလေးထည့်လိုက်ပါ
6.ခြောက်ကောအမှုန့်၊
ဆား
ဟင်းချိုမှုန့်(စားရင်ထည့်ပါ)
7.ဟင်းရည်အရသာမှာစွန်ထန်ခြောက်ရဲ့ချဉ်တဲ့အရသာထွက်လာပြီး
စိတ်ကြိုက်ဖြစ်ပြီဆိုရင်
ကြက်ဥမွှေကြော်ထားတာလေးထည့်လိုက်ပါ။
8.ခေါက်ဆွဲပေါ်ချက်ထားတဲ့ဟင်းရည်လောင်းထည့်ပြီး
ကြက်သွန်မိတ်နံနံမိတ်ငရုတ်ကောင်းလေးဖြူးလိုက်ရင်ရှယ်စားလို့ကောင်းပေါ့
ငရုတ်ဆီလေးနဲဆိုအလိုက်ဖက်ဆုံးပါ။

 #ဆန်ပြားကြော် (သို့)  #ညှပ်ခေါက်ဆွဲ ကြော် ပူပူလေးအားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆန်ပြားကြော် (ညှပ်ခေါက်ဆွဲကြော်လိ...
15/03/2024

#ဆန်ပြားကြော် (သို့) #ညှပ်ခေါက်ဆွဲ ကြော် ပူပူလေး

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆန်ပြားကြော် (ညှပ်ခေါက်ဆွဲကြော်လို့လည်းခေါ်ကြပါတယ်) ကြော်နည်းကို မျှဝေပေးချင်ပါတယ်နော်။

#ပါဝင်ပစ္စည်းများ

ညှပ်ခေါက်ဆွဲ ၂၀ ကျပ်သား
ကြက်သား/ဝက်သား/ပုစွန် ၅ ကျပ်သား
ကြက်ဥ ၁ လုံး
ကိုက်လန်/မုန်ညှင်း/ပဲပင်ပေါက် အနည်းငယ်
ကြက်သွန်ဖြူ ၂ မွှာ
ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရုဆီ စားပွဲဇွန်း ၅ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
ဆီ၊ ဆား
အသားမှုန့်

#ချက်ပြုတ်နည်း

အရင်ဆုံး ဆန်ပြားခေါက်ဆွဲကို လက်သန်းလောက် အထူ လှီးလိုက်ပါ။ ဒီထက်ကြီးကြီးလှီးချင်လည်း ရပါတယ်။

အသားကို သန့်စင်ပါ။ ပြီးရင်အတုံးလေးတေါလှီးလိုက်ပြီး ဆား၊ အသားမှုန့်၊ ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်နှပ်ထားပါ။

ပြီးရင် ကြက်ဥကို ခလောက်ပြီး မွှေထားလိုက်ပါ။

မိမိနှစ်သက်တဲ့ အသီးအရွက်ကို လှီးဖြတ်လိုက်ကာ ရေသေချာဆေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။

အိုးထဲကို ဆီထည့်ပြီး အပူပေးကာ ကြက်သွန်ဖြူ ဆီသပ်ပါ။ ပြီးရင် အသားထည့်ကြော်ပါ။ အရွက်ထည့်ကြော်ပါ။

အသားလေးနူးချင်ရင် ရေနွေးနည်းနည်းထည့်လိုက်ပြီး အဖုံးအုပ်ထားလိုက်ပါ။ အသားရရင် ကြက်ဥထည့်မွှေလိုက်ပါ။ ပြီးရင် အရွက်ထည့်ပြီး နည်းနည်းလေး နွမ်းအောင် ကြော်လိုက်ပါ။

အဲဒီနောက် ခေါက်ဆွဲထည့်လိုက်ပြီး ခရုဆီ၊ ငံပြာရည်၊ အရသာထပ်လိုရင် ဆား၊ အသားမှုန့်ထပ်ထည့်ပြီး နှံ့အောင်ကြော်ပေးပါ။ မီးဖိုပေါ်ကမချခင် အရသာမြည်းကြည့်ပါ။ အနေတော်ပဲဆိုရင် သုံးဆောင်နိုင်ပါပြီနော်။

ဘဲဥ ကလယ်ချက်နည်း°°°°°°°°°°°°°°°°ဒီဟင်းပွဲလေးက ရိုးရှင်းပါတယ်။အလွယ်လည်းကြိုက်တယ် ၊ ထမင်းလဲမြိန်ချင်တယ် ၊ ဟင်းခွက်ရေတွေအမျ...
15/03/2024

ဘဲဥ ကလယ်ချက်နည်း
°°°°°°°°°°°°°°°°
ဒီဟင်းပွဲလေးက ရိုးရှင်းပါတယ်။
အလွယ်လည်းကြိုက်တယ် ၊ ထမင်းလဲမြိန်ချင်တယ် ၊ ဟင်းခွက်ရေတွေအများကြီးမချက်ချင်ဘူးဆိုရင် ဒီဟင်းပွဲလေးချက်စားကြည့်ပါ။
တစ်ခွက်တည်းနဲ့ ပွဲသိမ်းတယ် လို့ပြောနိူင်တဲ့ဟင်းပါ။
မူရင်းကြက်ကလယ်ချက်တွေမှာ မန်ကျည်းသီးအမှည့်မသုံးပါဘူး။ကျွန်တော်က ဘဲဥချက်တာမို့ မန်ကျည်းမှည့်လေးအနည်းငယ်သုံးထားပါတယ်။ နောက်တစ်ခု က ဂေါ်ရန်ဂျီမဆလာပါ။
ဂေါ်ရန်ဂျီမဆလာမရရင် ရိုးရိုးဟင်းချက်မဆလာ(သို့)ကုလားလေးမဆလာနဲ့လဲ
ချက်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဘဲဥ....................၅လုံး
ကြက်သွန်နီ..........၂လုံး
ကြက်သွန်ဖြူ......... ၅မွှာ
ငရုတ်သီးခွဲကြမ်း.... ၁ဇွန်းခွဲ
ငရုတ်လှော်မှုန့်........ဇွန်းဝက်
မဆလာ.............၂ ဇွန်း(လက်ဖက်စားဇွန်း)
မန်ကျည်းသီးမှည့်...ကွမ်းသီးလုံးခန့်
ပထမဆုံးဘဲဥကိုရေနွေးဆူဆူထဲ ထည့်ပြုတ်ပါမယ်။ ဘဲဥထည့်ပြီး ရေစဆူကာ(၇)မိနစ်ဆိုရင်ဘဲဥ လုံးဝကျက်ပါပြီ။
ဆယ်ထုတ်ပြီးရေအေးစိမ်ပါ။ ဘဲဥကိုအပူထဲကဆယ်ထုတ်ပြီးအေးလိုဇောနဲ့ရေခဲရေလိုမျိုးအရမ်းအေးတဲ့ရေမှာမစိမ်သင့်ပါ။ ဘဲဥတွေ
အခွံခွာမရအောင်ကပ်သွားတတ်တာကိုသတိပြုပါ။
ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်ခွဲကြမ်းမှုန့်တို့ကို
ဆား ၊ နနွင်း ၊ အရောင်တင်အနည်းငယ်တို့နှင့်အတူ ခပ်ကြမ်းကြမ်းထောင်းပါ။ညှက်စေးနေအောင်ထောင်းလဲရပေမယ့် ကျွန်တော်က
အနှစ်ခပ်ကြမ်းကြမ်းလေးလိုချင်တဲ့အတွက်ခပ်ကြမ်းကြမ်းလေးပဲထောင်းပါတယ်။
မန်ကျည်းမှည့်လေးကိုရေနွေးစိမ်ပြီးအနှစ်ကျဲကျဲရအောင်ဖျော်ပါ။
ဘဲဥတွေအေးပြီဆိုအခွံခွာ ထက်ခြမ်း ခြမ်းပါ။
အလုံးလိုက်ချက်ချင်ရင်တော့ ပတ်လည်ကို ဓားလေးနဲ့အနည်းငယ်မွှန်းပါ။
ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီး ထောင်းထားသောအရောကိုဆီသပ်ပါ။
ကရဝေးရွက် ၂ ရွက်လောက်ကိုလဲ ထည့်ဆီစပ်ပါ။
မွှေးလာလျှင်ဂေါ်ရင်ဂျီမဆလာထည့်ပါ။မဆလာခပ်တဲ့အချိန်သတိထားစရာတစ်ခုရှိပါတယ်။ မဆလာဆိုတာဆီပူထဲကိုခပ် မှမွှေးပါတယ်။ ရေရှိနေတဲ့အချိန်မဆလာထည့်ရင်အနံ့မမွှေးပဲ ရေထဲကို အမှုန့်တွေဖြူ းသလိုပဲ
ဖြစ်တတ်ပါတယ်။
မဆလာထည့်ပြီးတာနဲ့ငရုတ်သီးလှော်မှုန့်လေးထည့်ပြီးမွှေပေးပါ။မန်ကျည်းမှည့်ရည်လေး
လောင်းထည့်ပါ။
ဆား ၊ ဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။
ဘဲဥတွေ ထည့်ပါ။ ဘဲဥ ထည့်ချိန်က စပြီးမီးရှိန်လျှော့ထားပြီး လိုအပ်မှ မွှေပေးရပါမယ်။
ဘဲဥ အနှစ်အကာ တွေ ထွက်သွားတတ်တာကိုဂရုပြုပါ။
ရေခမ်းဆီပြန်လာပြီဆိုရင်တော့ မီးဖိုပေါ်မှချပါ။
ရနံ့လဲမွှေး အမြင်လဲ လှပြီး အရသာရှိလှတဲ့
ဘဲဥ ကလယ်ချက်လေးရပါပြီ။

မုန့်လုပ်နည်းအသစ် လေးတင်ပီနော်☺️💜မြန်မာ့ရိုးရာစားစရာ"ပေါင်မုန့်အုန်းနို့ဆမ်း"ပြုလုပ်နည်းလေးတင်ပေးလိုက်တယ်နော် ချစ်တို့ရေ...
14/03/2024

မုန့်လုပ်နည်းအသစ် လေးတင်ပီနော်☺️💜
မြန်မာ့ရိုးရာစားစရာ
"ပေါင်မုန့်အုန်းနို့ဆမ်း"ပြုလုပ်နည်းလေးတင်ပေးလိုက်တယ်နော် ချစ်တို့ရေ😍😍😍

အရသာလေးက အုန်းနို့ရဲ့အရသာဆိမ့်ဆိမ့်လေးနဲ့
ပေါင်မုန့်ရဲ့အရသာလေးရယ်နဲ့ စားလို့ကောင်းမှကောင်းဘဲ😋😋😋 လွယ်ကူသက်သာပီး စားလို့ကောင်းတဲ့အဆာပြေစာ မုန့်လေးတမျိုးပါ

"ပေါင်မုန့်အုန်းနို့ဆမ်း"ပြုလုပ်ရန်အတွက်
ပါဝင်ပစ္စည်းများ>>>
၁.အုန်းသီး၁လုံးကို အုန်းနို့ညှစ်ထားပါ
၂.သကြား၁၀ကျပ်သား
၃.ပေါင်မုန့် ၁ထုပ် (ပေါင်မုန့်က အုန်းနို့ဆမ်းမှာဖစ်တဲ့အတွက်အရမ်းနုရင်မကောင်းပါဘူး မင်းသီဟ ပေါင်မုန့်သားလောက်ဆို စားကောင်းတယ်)
၄.ဆား,ရေအနဲငယ်

"ပေါင်မုန့်အုန်းနို့ဆမ်း"ပြုလုပ်နည်းအဆင့်ဆင့်
၁.သကြား(၁၀)ကျပ်သားကို အရင်ကျိုပါ့မယ်
ရေ(ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ) မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင်သကြားထည့်ပီး
ကျေသည်အထိ ကျိုပေးပါ(၅မိနစ်ခန့်)

၂.သကြားရည်ကျိုပီးရင် ခုနကညှစ်ထားတဲ့ အုန်းနို့ရည်တွေကို ရောထည့်ပီးကျိုပေးရမှာပါ (၁၅မိနစ်ထည့်) ဆားအနဲငယ်ထည့်ပါ(အချိုလေးအောင်)

၃.အုန်းနို့ရည်တွေကို ၁၅မိနစ်ခန့် ပွက်ပွက်ဆူလာသည်အထိ ကျိုပေးပါ

၄.အုန်းနို့ရည်တွေ (ပုံပါအတိုင်း) ပျစ်ပျစ်လေးဖစ်လာပီဆိုရင် ရပါပီ

၅.တပွဲစာအတွက် ပန်းကန်ထဲကို ပေါင်မုန့်၁ချပ်ထည့်ပါ

၆.ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေ(၃ဇွန်း)ကို ဆမ်းပီး အရသာရှိစွာသုံးဆောင်လို့ရပါပီ😋😋😋

၇.အုန်းနို့ရည်တွေဆမ်းလိုက်ပီဆိုရင် ပေါင်မုန့်ထဲကိုစိမ့်ဝင်ပီး စားလို့အရမ်းကောင်းပါတယ် ချိုဆိမ့်ဆိမ့်လေးပါ😋😋

ကြက်သားကင်နဲ့ဝက်သားကင်တွေကိုအနံ့လေးမွှေးပြီးအရသာလဲရှိနေအောင်ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကိုမင်မင့်နည်းလေးမျှဝေပေးမယ်နော်အခ...
14/03/2024

ကြက်သားကင်နဲ့ဝက်သားကင်တွေကို
အနံ့လေးမွှေးပြီးအရသာလဲရှိနေအောင်
ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကို
မင်မင့်နည်းလေးမျှဝေပေးမယ်နော်
အချဉ်ဖျော်စပ်နည်းလေးလဲပါတယ်နော်
အခုမင်မင်မျှဝေပေးမှာကဝက်သား ၅၀ သား
ကြက်တစ်ပိဿာစာအချိုးစားအတွက်ပါလို့
ကြက်သားပဲဖြစ်ဖြစ် ဝက်သားပဲဖြစ်ဖြစ်
၁။ ဆန်အရက် - ရေသန့်ဖုံးသေး ၂ ဖုံး
၂။ တရုတ်မဆလာ - လဖက်ဇွန်း ၄ ဇွန်း
၃။ လျှာထုံမှုန့် - လဖက်ဇွန်း ဇွန်းတစ်ဝက်
၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း
ဂျင်း/ကြက်သွန်ဖြူထောင်းအရည်နဲ့
ဆား/ဟင်းချိုမှုန့်အနည်းငယ်တို့ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးကိုရောနယ်ပြီးရင်
အဖုံးပါတဲ့ဗူးထဲလုံအောင်ပိတ် ရေခဲသေတ္တာထဲ
၁ ညလောက်နှပ်ထားပြီးမှကင်စားရင်တော့
ဆိုင်ကြီးတွေမှာကင်တဲ့အသားကင်မျိုးလေး
အနံ့မွှေးမွှေး အရသာရှိရှိစားရမှာဖြစ်ပါတယ်​ေနာ်။
#ကင်တဲ့အခါမပြုတ်ပဲအစိမ်းတိုင်းပဲကင်ပါ။
ကြက်သားဆိုအရင့်ကိုမသုံးပါနဲ့နော်။
#ရှမ်းကြက်/အိမ်ကြက်/CP ကြက်နဲ့ကင်ပါ။
Nang Myat K Tar
အချဥ်ရည်စပ်နည်း
ကြက်သွန်ဖြူ-ငရုတ်သီးနုတ်နုတ်စင်း
ပဲငံပြာရည်-ဆား-ဟင်းချိုမူန့်ထည့်
သံပုရာသီး-ရေသန့်အနည်းငယ်
ခပ်ပျစ်ပျစ်လေးဖျော်ပြီအသားကင်နဲ့ကအလိုက်ဖက်ဆုံးပါဘဲနော်😊😊

ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်းနည်းထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ ...အရမ်းလွယ်ပါတယ်ငါးသလောက်ကို လိုသလိုတုံး။ဆေးကြောသန့်...
14/03/2024

ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်းနည်း

ထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ ...အရမ်းလွယ်ပါတယ်

ငါးသလောက်ကို လိုသလိုတုံး။ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်းငံပြာရည်သကြားထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။ပေါင်းမမယ့်အိုးထဲမှာဇပလင်ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။

ခရမ်းချဉ်သီးငါးလုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။ရေ နည်းနည်းထည့်ပြီး ပေါင်းပါတယ် ရေခမ်းရင် တော့ ငါးမြုတ်ရုံထည့်ပေးပါတယ် ။ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ပါနဲ့ ..ဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ

လေးကြိမ်လောက်ထည့်ပြီးရေခမ်းရင်အရိုးလည်း
နူးလောက်ပါပြီ။ ကြက်သွန်ဥလေးတွေထည့် ..ရေထပ်ထည့်ပြီး ဆူအောင်တည်..။အရိုးနူးမနူးလည်းစစ်ပါ ။အရိုးနူးလောက်ပြီဆိုရင်ဒယ်အိုးတအိုးထဲမှာဆီကိုဆူနေအောင်တည်..ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်။ ဆီသတ်ရင်ရေလေးနည်းနည်းထည့်ပြီးသတ်ပါ ။ငြုပ်သီးလည်းမတူးသလို အရသာလည်းပိုကောင်းပါတယ်။

ပြီးရင်အအေးခံပြီး ငါးသလောက်အိုးထဲထည့်ပါ။ ရေခမ်းပြိးဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။

ကြာချိန် (2) နာရီမှ (4)နာရီအတွင်းဖြစ်ပါတယ်။

ဝက်သား ကိုရီးယား အနှစ်ချက်💚ဝက်သားကို ဂျင်း ကြက်သွန်ဖြူ အရသာထည့်ပြီး တနာရီနှပ်ထားပါ...ပြီးရင် ရေအနည်းငယ်နဲ့ ကျက်အောင် ပြု...
13/03/2024

ဝက်သား ကိုရီးယား အနှစ်ချက်💚

ဝက်သားကို ဂျင်း ကြက်သွန်ဖြူ အရသာထည့်ပြီး တနာရီနှပ်ထားပါ...ပြီးရင် ရေအနည်းငယ်နဲ့ ကျက်အောင် ပြုတ်ပါ... ဝက်သားကို သေးသေးလေး ပြုတ်ပီးမှ တုံးလဲရပါတယ်...

ဆီပူထဲ ကြက်သွန်နီ လေးစိပ်ထိုး ကြက်သွန်ဖြူ ထည့်ပါ...ကိုရီးယား ငရုတ်အနှစ် readymadeဘူးလေး ထည့်ပါ... ခရမ်းချဉ်သီး လေးစိပ်ခွဲ ထည့်ပါ...အိလာပြီဆို ဝက်သားထည့်ပါ... ငရုတ်သီး စိမ်းထည့်ပါ...
သူ့အရသာက အရမ်းgoodပါတယ်...

ဝက်သားပြုတ်ထားပြီး စားချက်တဲ့အချိန်မှ ထချက်လဲ ၅မီးနစ်လောက်ပဲ ချက်ရလို့ အဆင်ပြေချက်ပဲ။

ကန်စွန်းရွက်ကို_အစိမ်းရောင်မပျောက်အောင်_ဘယ်လိုကြော်မလဲလွယ်မလိုနဲ့ ခက်တဲ့ ဟင်းတစ်ခွက်ပါ..ကန်စွန်းရွက်ကြော်နည်းကတော့ " အရင...
13/03/2024

ကန်စွန်းရွက်ကို_အစိမ်းရောင်မပျောက်အောင်_ဘယ်လိုကြော်မလဲ
လွယ်မလိုနဲ့ ခက်တဲ့ ဟင်းတစ်ခွက်ပါ..

ကန်စွန်းရွက်ကြော်နည်းကတော့ " အရင်ဆုံး အကောင်ပလောင်ကင်းအောင် ကန်စွန်းရွက်ကို ဆားရေလေးနဲ့ အရင်ဆေးလိုက်တယ်၊ ပြီးရင် မီးပြင်းပြင်းနဲ့ ဆီပူအောင် တည်လိုက်တယ်၊ "

"ပြီးတော့မှ အိုးထဲ ဆားလေး အရင်ထည့်လိုက်တယ်၊ အဲ့ဒါအဓိကနော်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေး ဓါးပြားရိုက်ပြီးထည့်တယ်၊ ပြီးရင် ကန်စွန်းရွက်ထည့်ပြီး အချိုအငန်အတွက်တော့ ခနောကြက်သားမှုန့်လေးထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်လိုက်တာပါပဲ၊ အဖုံးတော့ မအုပ်မိစေနဲ့နော် မည်းသွားတတ်တယ်
***************
ကန်စွန်းရွက်_စပယ်ရှယ်ကြော်နည်း

အိမ်မှာကန်စွန်းရွက်ကြော်ရင်ဆိုင်မှာကြော်သလိုစိမ်းစိမ်းလေးမရဘူး။ခဏလေးနဲ့မည်းသွားတတ်တယ်ဆိုတဲ့မေးခွန်းမျိုးကိုမကြာခဏမေးလေ့ရှိကြပါတယ်။ကန်စွန်းရွက်ကြော်ထဲကိုအခြားထူးဆန်းတဲ့ပါဝင်ပစ္စည်းတစ်ခုကြောင့်စိမ်းနေရတာမျိုးလဲမဟုတ်ပါဘူး။

အဓိက ကကြော်တဲ့နည်းပါပဲ။ ကြော်တဲ့နည်းဆိုရာမှာဘယ်အသီးအရွက်ဖြစ်စေမိမိကြော်တဲ့ပမာဏ၊
မီိးပွငျးအား၊ ဒယ်အိုးအရွယ်အစားတွေပေါ်မူတည်ပြီးပြောင်းလဲတတ်တာချည်းပါပဲ။ဥပမာပြောရမယ်ဆိုရင်ဒယ်အိုးသေးသေး၊ မုန်ညှင်းဖြူပမာဏများများကိုကြော်ခဲ့မယ်ဆိုရင်မုန်ညှင်းဖြူဟာကန်စွန်းရွက်တွေလိုမည်းမသွားပေမယ့်ဟင်းချိုရည်သဖွယ်အရည်တွေအများကြီးထွက်လာတာမျိုးကိုကြုံဖူးကြပါလိမ့်မယ်။

(၁)ကန်စွန်းရွက် ဟာအမြန်ကြော်ရတဲ့အရွက်မျိုးဖြစ်ပါတယ်။

(၂)တစ်ပွဲစာသီးသန့်ကြော်ရတဲ့အရွက်မျိုးဖြစ်ပါတယ်။

(၃)မိမိအသုံးပြုမယ့်ပမာဏနှင့်သင့်တင့်တဲ့ဒယ်အိုးအကျယ်အဝန်းရှိရပါမယ်။

(၄)မီးရှိန်ပြင်းပြင်းကိုအသုံးပြုရပါမယ်။

အခုဖော်ပြမှာကထိုင်းစတိုင်လ်ကန်စွန်းရွက်ကြော်ပါ။
ပါဝင်ပစ္စည်းမှာကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းများများ၊ပဲပုတ်စေ့သုံးတာကလွဲပြီးအကုန်လုံးကသဘောတရားတစ်ခုတည်းပါပဲ။စမ်းသပ်ကြည့်စေလိုပါတယ်။

ကန်စွန်းရွက်...................၂စည်း
ကြက်သွန်ဖြူ.. .................၅တက်
ငရုတ်သီးစိမ်း နီ.................၅တောင့်
ပဲပုတ်စေ့.........................၁ဇွန်း
ပဲငံပြာရည်.......................၁ဇွန်း
မင်းကြီး - ပဲဆီ..................၁ဇွန်း
ဟင်းခတ်မှုန့်+ကြက်သားမှုန့်..အနည်းငယ်စီ
သကြား...........................ဇွန်းဝက်
ငရုတ်ကောင်းမှုန့်.. .............နှစ်သက်သလို

ကန်စွန်းရွက်တွေကိုမိမိနှစ်သက်သလိုဖဲ့ခြွေပြီးရေဆေးပါ။ရေတွေပြောင်စက်နေအောင်စစ်ထားပါ။

အရိုးပွကန်စွန်းရွက်ကိုသုံးတယ်ဆိုရင်တော့အရိုးတွေကိုအနည်းငယ်ဓားပြားရိုက်ပေးပါ။

ဇလုံတစ်ခုအတွင်းမှာကန်စွန်းရွက်၊ဓားပြားရိုက်ထားတဲ့ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် ပဲပုတ်စေ့တွေထည့့်ပါ။

ပဲဆီ၊ပဲငံပြာရည်နှင့်အရသာမှုန့်၊သကြားအားလုံးကိုထည့်ပါ။ငရုတ်ကောင်းမှုန့်ဖြူးပါ။

ဒယ်အိုးကိုဆီအနည်းငယ်ဖြင့်အပူပေးပါ။
မီးရှိန်မြှင့်တင်ထားပါ။

ဆီခိုးတွေထွက်လောက်အောင်ပူနေပြီဆိုမှကန်စွန်းရွက်တွေထည့်ကြော်ပါ။

ဒယ်အိုးရဲ့ပူလောင်နေတဲ့အပိုင်းအားလုံးနှင့်ကန်စွန်းရွက်တွေထိတွေ့စေရန်ဒယ်အိုးကိုလှုပ်ရမ်းပြီးကြော်ပေးပါ။

သင့်ဟင်းပွဲပြောင်စင်သွားသည်အထိကန်စွန်းရွက်တွေဟာအရောင်မပြောင်းပဲစိမ်းနေတာကိုခံစားရမှာပါ။

 #အင်ဒိုနီးရှားထမင်းကြော်နည်း.........................‌ထမင်းကြော်ကြိုက်သူမို့ ထမင်းကို အရသာ အပြောင်းအလဲ အမျိုးမျိုးထွက်...
13/03/2024

#အင်ဒိုနီးရှားထမင်းကြော်နည်း.........................



ထမင်းကြော်ကြိုက်သူမို့ ထမင်းကို အရသာ အပြောင်းအလဲ အမျိုးမျိုးထွက်အောင် ကြော်စား လေ့ရှိသူပါ။ အခု ထမင်းကြော်လေးကတော့ နာစီ ဂိုရန် ( 'ရ' ကို R အသံထွက်နဲ့ ထွက်ပါရန်) လို့ခေါ်တဲ့ အင်ဒိုနီးရှားထမင်းကြော်ပါ၊ အရသာကတော့ အချဉ်လေးထည့်ပေမဲ့ ချဉ်တဲ့အရသာမပေါ်လွင်ဘဲ မသိမသာချိုပြီး စပ်စပ်လေးနဲ့ မွှေးနေရပါမယ်။ ကြက်သားကင်မွှေးမွှေးလေးကို အသုံးပြုထားပေမဲ့ အလွယ်မရှိသူများက ကြက်သားအစိမ်းကို သေးသေးတုံးပြီး ထည့်ကြော်နိုင်ပါတယ်။ မမီးတို့ မုန့်ဟင်းခါးချက်နည်းတွေ နေရာဒေသကိုလိုက်ပြီး ကွဲပြားသလိုပါပဲ။ Nasi Goreng ကလည်း နေရာဒေသကိုလိုက်ပြီး ပါဝင်ပစ္စည်း ကွဲပြားသွားပါတယ်။ အင်ဒိုနီးရှားငါးပိနဲ့ မမီးတို့ မြန်မာငါးပိနဲ့ ပြုလုပ်နည်းကွာတဲ့အတွက် အနံ့အရသာလည်း ကွာပါတယ်။ မြန်မာငါးပိနဲ့ကြော်တဲ့အတွက် မြန်မာ့နည်း Nasi Goreng ဖြစ်သွားပြီ။ မပြောင်းမလဲ အမြဲပါဝင်တဲ့အရာကတော့ Kecup Manis ဆော့စ်ပါပဲ။ အင်ဒိုထမင်းကြော်မယ်ဆို ကီးချပ်မန်နစ်ကို ချန်ထားလို့မရပါရှင်။

► ပါဝင်ပစ္စည်းများ
♦ ထမင်းကြမ်း - တစ်ပန်းကန်စာ
♦ ဆား - အနည်းငယ်
♦ ကြက်သားမှုန့် - အနည်းငယ်
♦ ငံပြာရည် - အနည်းငယ်
♦ ABC ဆော့စ် - စားပွဲဇွန်း ၁ ဇွန်း (Kecup Manis)
♦ သကြား - အနည်းငယ်
♦ ဂေါ်ဖီ - ခွက်တစ်ဝက်
♦ ကြက်သွန်ဖြူ - ၁ - ၂ မြွှာ
♦ ကြက်သွန်နီ - အသေး ၁ လုံး
♦ ငါးပိ - အနည်းငယ်
♦ ဆီ - စားပွဲဇွန်း ၂ ဇွန်း
♦ ထောပတ် - စားပွဲဇွန်း ၁ ဇွန်း
♦ ကြက်ဥ - ၁ လုံး
♦ ကြက်သားကင် - ၅ဝ ဂရမ်ခန့်
♦ ငရုတ်သီးအကြမ်းဖတ်စပ်စပ် - အနည်းငယ်
♦ ငရုတ်သီး ချဉ်စပ်ဆော့စ် - စားပွဲဇွန်းတစ်ဝက်

► ကြော်နည်း
၁။ ကြက်သားကင်ကို အတုံးသေးလေးများတုံး သို့မဟုတ် အသားနွှင်ထားပါ။
၂။ ဂေါ်ဖီကို မထူမပါးလှီးထားပါ။
၃။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငါးပိကို ရောထောင်းထားပါ။
၄။ ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်း ၁ ကနေ ၆ အထိထည့်ပြီး ထမင်းမကြေအောင် ဖွဖွလေး နယ်ထားပါ။
၅။ ဒယ်အိုးထဲမှာ ဆီထည့်၊ ထောပတ်ထည့်၊ ကြက်ဥဖောက်ထည့်မွှေကြော်ပါ။
(*** အသားအစိမ်းကို သုံးမယ်ဆိုရင် ကြက်ဥကို ခပ်ဖယ်ထားပြီး အခုအချိန်မှာကြော်ပါ)
၆။ ထောင်းထားသည်များကို ဆီသတ်ပါ။ အရောင်ညိုစပြုချိန် မွှေးလာတဲ့အခါ အသင့်နယ်ထားတဲ့ ထမင်းထည့်မွှေပေးပါ။ မီးပြင်းပြင်းမှာ ဆီနှံ့စပ်အောင် အကျက်ညီအောင် ဆန်သားမကျိုးကျေအောင် ဒယ်အိုးကိုလှေ့ပေး ရင်းအသာယာမွှေပါ။
၇။ ငရုတ်သီးခွဲကြမ်း၊ ငရုတ်ချဉ်စပ်အနှစ် ထည့်မွှေပါ။ အသားကင်ထည့်မွှေပါ။ သုံးဆောင်မည့် ပန်းကန်ထဲခပ်ထည့် ပူပူနွေးနွေး သုံးဆောင်ပါ။
၈။ အချဉ်အတွက် ဂေါ်ဖီကိုပါးပါးလှီး ငရုတ်သီးစိမ်းညှပ်ထည့်၊ ဆားဖြူး၊ သံပရာရည်ညှစ်ဆမ်းပြီး တွဲဖက်သုံးဆောင်နိုင်ပါတယ်။

လုပ်ရအရမ်းလွယ်တဲ့ နာမည်တွေအများကြီး နဲ့ မုန့် 🤗ရန်ကုန်အခေါ် လမ်းသရဲမုန့် လုပ်နည်း ။🤗ကြက်ဥ ဆန်အစိမ်းမှုန့်၄ဇွန်း ပဲစိမ်းမ...
12/03/2024

လုပ်ရအရမ်းလွယ်တဲ့ နာမည်တွေအများကြီး နဲ့ မုန့် 🤗

ရန်ကုန်အခေါ် လမ်းသရဲမုန့် လုပ်နည်း ။🤗

ကြက်ဥ ဆန်အစိမ်းမှုန့်၄ဇွန်း ပဲစိမ်းမှုန့်၂ဇွန်း
ကော်မှုန့်၁ဇွန်း ရေအနည်းငယ်
ဆား ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
အမှုန့်တွေမကျေရင် လက်နဲ့ဘဲ မုန့်သားအရည်ရအောင် နယ်လိုက်ပါ ။

ဆန့်အစိမ်းမှုန့် ၄ဆ
ပဲစိမ်းမှုန့်၂ဆ
ကော်မှုန့်၁ဆ
မုန့်သား မပျစ်မကျဲအနေထားရအောင် ရေသင့်ရုံထည့်ပါ ။
အစာပလာကတော့ ကိုယ်ကြိုက်တာကိုယ်ထည့် ။
ဥနီ ပဲပင်ပေါက် ခရမ်းချဉ် ဂေါ်ဖီ ငရုတ်သီးစိမ်း ဆား
ကုလားလေးမဆလာသင့်ရုံထည့်ပြီး ဇလုံတစ်လုံးထဲမှာ
အကုန်ရောနယ်ထားပါ ။
ကြော်မယ့် အိုးကို ဆီသုတ် ။
မုန့်သားအရည်ကို ဟင်းခတ်ဇွန်းကြီးနဲ့ခပ်ထည့်
ညီညာပြီးပြန့်သွားအောင် အိုးကို လှုပ်ပေးပါ ။
ရရင် အစာပလာအပေါ်ကအုပ်
ဘေးအနားသားတွေကို ဆီထိရုံလေးစွတ်ပေး
တစ်မိနစ်ခန့် အဖုံးအုပ်ပြီးတည်ပေးရင်ရပြီ ။
ကြော်ပြီးရင် တစ်ဘက်ကိုချိုးပြီးခေါက်လိုက်ပါ
မခေါက်ဘဲ အပြည့်လိုက်စားလဲရပါတယ် ။
မဆလာအနံ့သင်းသင်းလေး နဲ့ လမ်းသရဲမုန့်လေးရပါပြီ ။

ဝက်နံရိုးပဲငပိပေါင်း.............................ဝက်နံရိုးများကို ရေဆေး၍စစ်ထား၊ပဲငံပြာရည်အနှောက်1tblspပဲငပိအချိူ အနှစ် 1...
12/03/2024

ဝက်နံရိုးပဲငပိပေါင်း.............................
ဝက်နံရိုးများကို ရေဆေး၍စစ်ထား၊
ပဲငံပြာရည်အနှောက်1tblsp
ပဲငပိအချိူ အနှစ် 1tblsp
ဟင်းခတ်မှုန့် 1teasp
ဟင်းချက်အရက် 1teasp
ကြက်သွန်ဖြူထောင်းအရည်ညှစ်ထည့်၊
ဆီတဇွန်းထည့်နှယ်၍နှပ်ထားပါ။
ပေါင်းမည့်ချိန်မှ ဝါးကတ်သို့မဟုတ်
စတီးဗန်းထဲ ခဲပတ်ခင်း၊
နှပ်ထားသောဝက်နံရိုးများထည့်၊
ဂျင်းရိတ်ရိတ်လှီးထည့်၍
နာရီဝက်ခန့်ပေါင်းပါ။
ကျက်သွားပါက ကြက်သွန်မြိတ်၊
ငရုတ်သီးစိမ်းလှီးထည့်၍ သုံးဆောင်နိုင်ပါပြီ။

ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်😋😋👉🏻ကြက်ခြေထောက် တွေကိုအရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား..ပြီးရင်အအေးခံ..👉🏻ပြီးတော့အန...
12/03/2024

ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်😋😋

👉🏻ကြက်ခြေထောက် တွေကိုအရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား..
ပြီးရင်အအေးခံ..
👉🏻ပြီးတော့အနေတော်လေးတွေခုတ်ထား.....
👉🏻ရခိုင်ငါးပိစိမ်းစားအကောင်းစားလေးနည်းနည်းထည့်
👉🏻ကြက်သွန်ဖြူ သုံးမွှာလောက် ..
🌶ငရုတ်သီး စိမ်းကတော့.မိမိတို့အစပ်စားနိုင်သလောက့်...
🔥အားလုံးကိုမီးကင်ပြီး.အရသာမူန့်လေးအနည်းငယ်ထည့်ပြီးရောထောင်းထား...
🔥ကြက်သွန်နီနှစ်လုံးအခွံနွှာပါးပါးလှီးရေဆေးပြီးစစ်ထား..

သုပ်မယ်ဆိုလျှင်..

ပန်းကန်ထဲမှာ ကြက်ခြေထောက် ပြုတ်ပြီးသားတွေရယ်.
ငါးပိထောင်းထားတာရယ်.ကြက်သွန်နီ
ပါးပါးလှီးထားတာရယ်..သံပုရာသီး တစ်ခြမ်းလောက်ညစ်ထည့်မယ် အရသာမူန့်နဲ့ငံပြာရည်အနည်းငယ်..နံနံပင်.ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးရောသုပ်လိုက်ရင်
😋ရှူးရှူးရှဲရှဲ ကြက်ခြေထောက်ရခိုင်သုပ်ကိုရပါပီ...😋😋
ဆီမကုန်.ထမင်းမြိန်တဲ့.ဟင်းတစ်ခွက်ပေါ့နော်.

 #ထမင်းအစုံသုပ်ချဥ်ငံစပ်လေး သုပ်စားကြမယ်နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလ...
11/03/2024

#ထမင်းအစုံသုပ်ချဥ်ငံစပ်လေး သုပ်စားကြမယ်

နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲလေးဖြစ်အောင် ထမင်းသုပ်လေးသုပ်စားကြည့်နော်။

မိုးအေးအေးမှာ ထမင်းသုပ်ချဥ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ 😋

ထမင်းသုပ်တာက မခက်ပါဘူးနော်။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။

ပါဝင်ပစ္စည်းများ

အာလူး
ပဲသီး
ပဲပင်ပေါက်
ဆီနီ၊ ဆီဝါ
ကြက်သွန်နီဆီချက်
ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
ပဲမှုန့်
ပုစွန်ခြောက်မှုန့်
နံနံပင်
မန်ကျည်းမှည့်ချဥ်
ကြက်သားမှုန့်
ပုစွန်ငံပြာရည်
ငရုတ်သီးအကျက်မှုန့်

အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်း
မှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။

ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။

မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။

ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။

အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့...

ကော်ရည်ခေါက်ဆွဲ လုပ်နည်း.မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မုန့်လုပ်စားမယ်ဆိုရင် လွယ်ကူပြီး အရသာရှိတဲ့ ကော်...
11/03/2024

ကော်ရည်ခေါက်ဆွဲ လုပ်နည်း.
မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မုန့်လုပ်စားမယ်ဆိုရင် လွယ်ကူပြီး အရသာရှိတဲ့ ကော်ရည်ခေါက်ဆွဲပြုလုပ်နည်းလေးကို ရွေးချယ်ပေးလိုက်ပါတယ်။

ပြီးလျှင် သူနဲ့ အလိုက်ဖက်ဆုံး တွဲစားတဲ့ ငါးပိထောင်းပဲ ပြုလုပ်နည်းလေးကိုလည်း အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သား၊ ကော်မှုန့်၊ ကြက်ဥ၊ မှိုခြောက်၊ ကြွက်နားရွက်မှို၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငါးပိစိမ်းစား၊ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီးတို့ လိုအပ်ပါမယ်။

ကော်ရည်ခေါက်ဆွဲပြုလုပ်ဖို့အတွက် မချက်ခင်တွင် မှိုခြောက်များကို ရေစိမ်ထားပါ။ပြီးလျှင် ကြက်သားကို ရေဆေးသန့်စင်ကာ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆားအနည်းငယ်ထည့်ပြုတ်ထားပါ။

ကြက်သားကို ရေကျန်အောင် ပြုတ်ပေးပါ။ပြီးနောက် ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥများ ခလာက်ထားပါ။ ကော်မှုန့်ကို ရေ
ဖျော်ထားပါ။ နူးနေသောကြက်သားများကို အအေးခံပြီး အမျှင်လေးများဖြစ်အောင် ထွင်ထားပါ။

ပြီးလျှင် ကြက်ပြုတ်ရေ ခပ်နွေးနွေးသာရှိနေချိန်မှာ ကော်ရေကိုရောပါ။ အဲဒါမှ ကော်ရည်ဟာ ပြုတ်ရည်နဲ့ တသားတည်းဖြစ်သွားပါမယ်။ ကော်ရည် အခဲလုံးဝမဖြစ်တော့ပါ။

ပြီးနောက် အပူပေးကာဖြေးဖြေးချင်း မွှေနေပါ။ ကြက်သားဖတ်များ၊ မှိုများထည့်လိုက်ပါ။ ကြက်ပြုတ်ရည် ပွက်ပွက်ဆူလာရင် ခလောက်ထားသော ကြက်ဥကို ဖြေးဖြေးချင်းလောင်းထည့်လိုက်ပြီး မွှေထားပေးပါ။

ပြီးလျှင် ကြက်ဥများကလည်း အမျှင်လေးများဖြစ်လာပါမယ်။ ပြီးမှ ပဲငံပြာရည်များနဲ့ ခရုဆီဆီထည့်လိုက်ပါ။ ပြီးနောက် ဟင်းရည်ပျစ်လာရင် ငရုတ်ကောင်းဖြူးလိုက်ပါ။

ကော်ရည်နှင့်တွဲစားတဲ့ အရွက်များဖြစ်တဲ့ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ကို ရေဆူဆူတွင် ခဏစိမ်ပြီး ရေအေးအေးမှာ ပြန်စိမ်လိုက်ပါ။ အရွက်မညှိုးအောင် မမဲစေရန်အတွက်ဖြစ်ပါတယ်။ အရွက်ပြုတ်တဲ့အခါ ဆားထည့်ပြုတ်ရင်လည်း ရပါတယ်။

ငါးပိထောင်းထောင်းဖို့အတွက် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကို မီးကင်ပါ။ ပြီးလျှင် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကိုလည်း မီးကင်ပြီး ထောင်းပေးပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပေးပါ။

ကော်ရည်ခေါက်ဆွဲစားဖို့အတွက် ပန်းကန်လုံးထဲသို့ ခေါက်ဆွဲထည့် အရွက်များထည့်ပြီးနောက် ဟင်းရည်ပူပူပျစ်ပျစ်ကိုလောင်းထည့်ပြီး ငါးပိထောင်း စပ်စပ်ဖြင့်အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။ အချဉ်ကြိုက်လျှင်လည်း သံပရာရည်ညှစ်ပြီး တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

ဆိုးဆေးတွေမပါဝင်တဲ့ ကြက်သားတုတ်ထိုးလေး လုပ်စားကြရအောင်ကြက်သားကို ထောင်းထားတဲ့ဂျင်း သကြား ဆား အချိုမှုန့် ပဲငံပြာရည် နဲ့ ...
11/03/2024

ဆိုးဆေးတွေမပါဝင်တဲ့ ကြက်သားတုတ်ထိုးလေး လုပ်စားကြရအောင်

ကြက်သားကို ထောင်းထားတဲ့ဂျင်း သကြား ဆား အချိုမှုန့် ပဲငံပြာရည် နဲ့ နယ်ပြီး ဒီတိုင်းတည်ထားပေးပါ။ အရောင် ဝါဝါလေး လိုချင်ရင် ဆနွင်းလေးပါထည့်လို့ရပါတယ်။ ( ကိုယ်ကတော့ ဆနွင်းမကြိုက်လို့ မထည့်ဖူး ) အသားတွေမာလာပြီဆိုမှ ရေထည့် ရှောက်ရွက်ထည့်ပြီး မိနစ် ၂၀ခန့်တည်ထားလိုက်ပါ။ အရမ်းနူးပြဲနေအောင်တည်စရာမလိုပါဖူး။ ရပြီဆို ဆယ်ပြီးအအေးခံရုံပါဘဲ။

ဟင်းရည်လုပ်နည်းကတော့ လွယ်ပါတယ်နော်👍

ခုနတုန်းက ကြက်သားဆယ်ယူထားလို့ကျန်တဲ့ပြုတ်ရည်ထဲ ရေထက်ရောပြီး ဆူအောင်တည်။ ဆူမှ ကြက်သားမှုန့် နဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ကြော်လေးထည့်။ တရုတ်နံနံသို့ ကြက်သွန်မြိတ်လေး ခပ်ပြီး သောက်ရုံပါဘဲနော်။
( တရုတ်မဆလာအနံ့လေးကြိုက်ရင်လည်းထည့်လို့ရပါတယ် )

အချဉ်ရည်ဖျော်နည်းကတော့ အိမ်ဖျော်နည်းလေးပါ။👍

မန်ကျီးသီးရယ် ထန်းလျက်ရယ် ဆားရယ် ရေအနည်းငယ်ထည့်ပြီး ဆူသည်အထိတည်ပေးပါ။ ပြီးရင်အအေးခံပြီး မန်ကျီးသီးအဖတ်များကို ဖယ်ထုပ်ပစ်ပါ။ ကြက်သွန်ဖြူနဲ့ဂျင်းရယ် ညက်အောင်ထောင်းထားပါ။ နံနံပင်နှင့်ငရုတ်သီးစိမ်းအားပါးပါးလှီးထားပါ။ ခုနက ဆူအောင်တည်ထားတဲ့ အရည်ထဲသို့ ထောင်းတာတာရယ် လှီးထားတာရယ် အကုန်ရောလိုက်ပါ။ ပြီးမှ ငရုတ်သီးမှုန့်လေးဖြူးလိုက်ပါ။ ဒါဆို အိမ်ဖျော် အချဉ်ရည်လေးရပါပြီနော်။

အဆင်ပြေကြပါစေ fri တို့။

ဘယ်တော့မှ မရိုးတဲ့ဘဲဥ ဆီပြန်ဟင်း💛💛💛ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာပါ...ကြက်သွန်ဖြူနီ ငရုတ်သီး အရောင်တင်မှုန့် နဲ့ ငရုတ...
10/03/2024

ဘယ်တော့မှ မရိုးတဲ့
ဘဲဥ ဆီပြန်ဟင်း💛💛💛

ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာပါ...
ကြက်သွန်ဖြူနီ ငရုတ်သီး အရောင်တင်မှုန့် နဲ့ ငရုတ်တစ်ဆုံထောင်းထားပါရှင်...
မကျီးသီး ကိုရေနွေးနဲ့စိမ်ပြီး ဖျော်ထားပါ...😇

ဆီအိုးတည် ဘဲဥကို အပေါ်ယံတင်းအောင် ကြော်ပြီးဆယ်ထားပါ...
ငရုတ်သီးထောင်းထားတာ ဆီသတ်ပါ ...
မွှေးလာလျှင် မဆလာ ပျဉ်းတော်သိမ်း ကြိုက်နှစ်သက်တာ ထည့်ဆီသတ်ပါရှင်(ဟင်းအနံ့မွှေးတာ ဆီသတ်တဲ့အချိန် အမွှေးအကြိုင်ထည့်လို့ပါနော်)💛💛💛💛💛

အနံ့လေး မွှေးတက်လာပြီး ဆီသတ်တာ အိအိလေး ဖြစ်လာပြီဆို ဘဲဥပြုတ်ကြော်ထည့်ပါ...💛💛💛💛💛

မကျီးရည်လောင်း ဆား အချိူမှုန့် ငံပြာရည် ထည့် အရသာအတော်ပဲဆို အကုန်ကျ သက်သာပြီး မရိုးနိုင်သော ရွေဂေါင်းပြောင် ဘဲဥ ဟင်းမွှေးမွှေးလေး
ရပါပြီရှင့်...💛💛💛💛💛

သူ့ရဲ့ တွဲဖက် ဟင်းအစပ်က ကန်စွန်းရွက်ကြော်နဲ့ငရုတ်သီးအညာထောင်း ပဲ ဖြစ်ပါတယ်...

ကြေးအိုးပြုလုပ်နည်းအရိုးပြုတ်ရည်က အဓိကပါ။ဝက်ရိုး (သို့) ကြက်ရိုး နှစ်သက်ရာအသုံးပြုပါ။ဝက်ရိုးတွေကို သကြား ဆား ထည့်ပြီး အခ...
10/03/2024

ကြေးအိုးပြုလုပ်နည်း

အရိုးပြုတ်ရည်က အဓိကပါ။
ဝက်ရိုး (သို့) ကြက်ရိုး နှစ်သက်ရာအသုံးပြုပါ။
ဝက်ရိုးတွေကို သကြား ဆား ထည့်ပြီး အချိန် တစ်နာရီခွဲခန့် ခပ်ကြာကြာလေးတည်ထားပေးပါ။
ရေခမ်းခါနီးဆို ရေထပ်ထည့်ပြီး တည်ပါ။
အပေါ်ယံဝေ့တက်လာတဲ့ အမဲဖတ်များခပ်ထုပ်ပစ်ပါ။
ကြာဇံကို နာရီဝက်ခန့်ရေစိမ်ထားပါ။
ကုဆိုင် နဲ့ မုန်ညှင်းရွက်များကို ရေစင်အောင်ဆေးပြီး လှီးဖြတ်ထားပါ။ ငုံးဥအသင့်ပြုတ်ပြီး အခွံခွာထားပေးပါ။
အသားလုံးများပြုလုပ်ဖို့အတွက် ဝက်သား (သို့) ကြက်သား (သို့) ငါးဖယ်များကို ကော်မှုန့်( အနည်းငယ်မျှသာ ) ဆား သကြား ငရုတ်ကောင်းမှုန့် ထည့်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ။ ပြီးမှ အလုံးပုံစံလေးများလုံးထားပြီး အအေးခန်းတွင် တစ်နာရီခွဲခန့် နှပ်ထားပေးပါ။

အရိုးပြုတ်ရည်ထဲသို့ အသားလုံးများ ( အခြား ကလီစာ ကျောက်ကပ် အသည်း ) နဲ့ ငုံးဥ ဆား သကြား တို့ကိုထည့်ပြီး မိနစ်၂၀ခန့် ဆက်တည်ပါ။ အရည်နည်းနေတယ်ထင်ရင် ရေထပ်ထည့်ပြီးတည်ပါ။ ရေစိမ်ထားသော ကြာဇံကို ဆယ်ယူပြီး အရိုးပြုတ်ရည်ထဲသို့ ကြာဇံပြုတ်တဲ့ဇကာလေးထည့်ပြီး ကြာဇံအား မပျော့မမာအနေထားရအောင်ပြုတ်ပြီး ကြာဇံကိုပြန်ဆယ်ယူထားပါ။

ပဲပြား ကုဆိုင် နဲ့ မုန်ညှင်းကိုလည်း ကြာဇံပြုတ်သလိုဘဲ အရိုးပြုတ်ရည်ထဲကို ဇကာထည့်ပြီး ပဲပြား ကုဆိုင် နဲ့မုန်ညှင်းထည့်ပြုတ်ပါ။ အနေတော်အနေထားရမှ ပြန်ဆယ်ထားပါ။
ကြာဇံ မုန်ညှင်း ကုဆိုင် အသားလုံး ငုံးဥ ပဲပြားထည့်ပါ။ အရိုးပြုတ်ရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်ဖြူးကား ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
အချဉ်ရည်အတွက် ငရုတ်သီးကိုခပ်ကြာကြာပြုတ်ပြီး ထောင်းထားပေးပါ။ အဲ့ထဲသို့ ရှာလကာရည်ခပ်များများထည့်ပါ။ ပြီးမှ အချဉ်ရည်အနီ (သို့) ငရုတ်ဆီထဲသို့ ရှာလကာရည်စိမ်ထားတဲ့ ငရုတ်သီးဖတ်များခပ်ယူပြီးရောသွားအောင်မွှေပါ။ ဒီအချဉ်ရည်ဖျော်နည်းကအရမ်းအဆင်ပြေပါတယ်နော်။

ငချိပ် ကောက်ညှင်း ပန်ကိတ် (တရုတ်)တရုတ်မုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းမှုန့်ဖြင့် လုပ်ကြတာဖြစ်ပါတယ်။ ကျွန်မကတော့ ပိုမိုစ...
10/03/2024

ငချိပ် ကောက်ညှင်း ပန်ကိတ် (တရုတ်)
တရုတ်မုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းမှုန့်ဖြင့် လုပ်ကြ
တာဖြစ်ပါတယ်။ ကျွန်မကတော့ ပိုမိုစားကောင်းစေရုံသာ
မကာ လှပစေရန် ငချိပ်မှုန့်ကိုပါ တွဲဖက်သုံးထားပါ
တယ်။
အချင်း ၈ လက်မ ရှိသော ဒယ်အိုးပြားအတွက် မုန့်
ရည်- 1/3 cup ထည့်ရကာ အောက်ပါအချိုးအစား
အတိုင်း လုပ်ပါက မုန့် ၄ ခုရပါတယ်။ ဒယ်အိုး
အရွယ်အစားပေါ်မူတည်ပြီး ထည့်ရမည့် မုန့်အရည်
ပမဏ မတူနိုင်ပါ။

ဌာပနာ အတွက် လိုအပ်တာလေးတွေ ...

မြေပဲလှော်ထောင်း - 1/3 cup (80 ml)
နှမ်းလှော်ထောင်း - 1/4 cup (60 ml)
သကြား –1/4 cup (60 ml)
အနည်းငယ်
ကား
အားလုံးရောမွှေလိုက်လျှင် လိုအပ်သော ဌာပနာရပါပြီ။
dsc00928
ကောက်ညှင်းမှုန့်အရည် (ပန်ကိတ်) လုပ်ရန် လိုအပ်တာ
လေးတွေ...
ကောက်ညှင်းမှုန့် - 1 cup (250 ml)
ဆန်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
ဂျုံမှုန့် (plain flour) - ထမင်းစားဇွန်း ၂ ဇွန်း
qilae
သကြား - ထမင်းစားဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
ရေ
1 cup (250 ml)
ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ဆီ မှလွဲ၍ အားလုံးရောကာ အဖတ်မကျန်အောင် ဖျော်
ထားပါ။ ပြီးလျှင် ဆီထည့်ဖျော်၍ မိနစ် ၃၀ ခန့် ထားပါ။
(ထိုကဲ့သို့ထားခြင်းဖြင့် အမှုန့်များ ရေကြောင့်ပွရုံမက ပို
ပျော့လာသည့်အတွက် မုန့်သားကို ပိုမိုနူးညံ့စေပါတယ်။)
ငချိပ်မှုန့်ကိုလည်း အထက်ပါ အချိုးအစားအတိုင်း ပျော်
ပြီး မိနစ် ၃၀ ခန့် ထားပါ။

မကပ်နိုင်သည့် ဒယ်အိုးပြား (အချင်း ၈ လက်မ) ထဲ ဆီ
အနည်းငယ် ထည့်ကာ တစ်အိုးလုံး နှံ့သွားစေရန်နှင့် ပို
များ မကျန်အောင် paper towel ဖြင့် သုတ်၍ over
medium heat ဖြင့် အပူပေးထားပါ။
(ဆီစိုနေသော paper towel ကို ထပ်ပြီး အသုံးပြုနိုင်ရန်
မပစ်ပဲ ထားပါ။)
အိုးအတော်လေးပူလျှင် လက်ကိုင်မှ မကာ မီးဖိုမှ ခဏ
ဖယ်ပြီး အနည်ထိုင်စေရန် ပြန်မွှေခပ်ထားသော မုန့်နှစ်
ရည် - 1/3 cup (60 ml) ခန့် လောင်းထည့်ပါ။
ပြီးသည်နှင့် ချက်ချင်း အဝိုင်းပုံပြန့် သွားအောင် အိုးကို
အနည်းငယ်စောင်း၍ ဝှေ့ဝှိုက်ပေးပါ။
(အိုးအရမ်းပူသွားပါက အရည်များ ထည့်ချလိုက်သည်နှ
င့် အဝိုင်းပုံမပြန့်နိုင်ခင် ချက်ချင်းကျက်သွားတတ်ပြီး၊
အိုးလုံလောက်အောင်မပူပါကလည်း အရည်များအိုးတွင်
အဝိုင်းပုံမကပ်နိုင်ပဲ ဟိုဖက်စီးဆင်းလိုက်၊ ဒီဖက်စီးဆင်း
လိုက် ဖြစ်နေတတ်ပါတယ်။)

အဝိုင်းပုံပြန့်သွားသည်နှင့် မီးဖိုပေါ်တင်ကာ အဖုံး ဖုံးထား
ပါ။
စက္ကန့် ၃၀ ခန့် ထားပြီးလျှင် အဖုံး ဖယ်ကာ အောက်ခြေ
အတော်လေးကြွပ်ခြောက်လာသည်အထိ ဆက်ထားပြီးမှ
နောက်တစ်ဖက် လှန်ပေးပါ။
နောက်တစ်ဖက်ကိုလည်း အောက်ပုံပါအတိုင်း အတော်
လေး ကြွပ်အောင် ထားပါ။

ပြီးနောက် ဆီသုတ်ထားသော ဗန်းထဲ မတွန့်မခေါက်သွား
အောင် သတိထား၍ အပြားလိုက်ရအောင် ထည့်ပါ။ တွန့်
ခေါက်သွားပါက ကပ်သွားပြီး ခွဲမရဖြစ်တတ်ပါတယ်။
ဌာပနာ အရောအနှောကို ဖြန့်ဖြူးထည့်ပေးပါ။

ထိုကောက်ညှင်းပန်ကိတ်ပေါ်အထက်ပါနည်းအတိုင်း
လုပ်ထားသော ငချိပ်ပန်ကိုက်ကို တင်ပါ။
ဌာပနာ အရောအနှောကို ဖြန့်ဖြူးထည့်ပြီးနောက် အလိပ်
ဖြစ်သွားအောင် လိပ်ပေးပါ။

ကျန်သည်မုန့်များကိုလည်း အထက်ပါနည်းအတိုင်း
လုပ်၍ နှစ်သက်သလိုလှီးဖြတ်ကာ အရသာရှိစွာ သုံး
ဆောင်နိုင်ပါပြီ။

ที่อยู่

355, Phetchaburi Road, Thung Phaya Thai, Ratchathewi
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Angle Discoverry TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด