Net Ent Entertainment

30/11/2024

အသက်ရှင် ရတာပျင်းနေတဲ့သူတွ

မီးတောင်တွေကြားက ရေခဲနေတဲ့ နိုင်ငံအိုက်စလန်ဆန့်ကျင်ဘက်တွေကိုပဲ တွဲမြင်ရမယ့် တစ်ခုတည်းသော နိုင်ငံ ❄️🔥တချို့က ငရဲပြည်လို့ ...
30/11/2024

မီးတောင်တွေကြားက ရေခဲနေတဲ့ နိုင်ငံ
အိုက်စလန်

ဆန့်ကျင်ဘက်တွေကိုပဲ တွဲမြင်ရမယ့် တစ်ခုတည်းသော နိုင်ငံ ❄️🔥

တချို့က ငရဲပြည်လို့ တင်စားပြီး တချို့က
အလှပဆုံး ပန်းချီကားကြီးလို့ ဆိုကြတဲ့ အိုက်စလန်နိုင်ငံ

🇮🇸မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက်ကြားမှာ
တည်ရှိတဲ့ ဒီနိုင်ငံဟာ ကျွန်းနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ၁၁ ရာခိုင်နူန်းဟာ ရေခဲမြစ်တွေနဲ့ဖုံးလွှမ်းထားပြီး ဥရောပရဲ့ အကြီးဆုံး ရေခဲမြစ်ဟာ အိုက်စလန်မှာရှိပါတယ်။

🇮🇸ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲမြစ်တွေဆီကို သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံထဲမှာ အိုင်စလန်ဟာ ထိပ်ဆုံးကနေပါ၀င်ပါတယ်။ရေခဲမြစ်ကြီးဟာ အပြာရောင်တလက်လက်တောက်ပနေတဲ့အပြင် 𝐇𝐢𝐤𝐢𝐧𝐠 လုပ်ချင်တဲ့သူတွေအတွက်လည်း အရမ်းမိုက်တဲ့ နေရာတစ်ခုပါ။

🧊🧊နာမည်က 𝐈𝐜𝐞𝐥𝐚𝐧𝐝 ဆိုပေမယ့် ရေခဲတွေချည်း ရှိနေတာ မဟုတ်ပါဘူး။မီးတောင်ပေါင်းက ၁၀၀ ကျော် ရေခဲတွေက ၁၁ ရာခိုင်နူန်းလောက် ယှဉ်တွဲတည်ရှိနေတာပဲ ဖြစ်ပါတယ်။

🧊🧊ကြီးမားပြီး စိတ်ဝင်စားဖွယ်ကောင်းလှတဲ့
မီးတောင်ပေါင်း ၃၀ ကျော်ရှိပြီး ရေခဲမြစ်ကြီးတွေ
ကလည်း အေးခဲလျက်ရှိတဲ့အပြင်

🔥🔥အံ့ဩစရာကောင်းတာ တစ်ခုက တချို့မီးတောင်ကြီးတွေဟာ ရေခဲမြစ်ကြီးတွေရဲ့အောက်မှာရှိနေတာပါပဲ။နောက်ထပ် ထူးဆန်း
တာတစ်ခုက မီးတောင် တွေပေါက်ကွဲတဲ့အခါ ရေခဲတွေကြားထဲက မီးတောက်တွေ ထွက်လာတာပါပဲ။

🔥🔥မြေကြီးထဲကနေ ထွက်လာတဲ့ ရေပူတွေဟာ
လေထဲကနေ ပြန်ကျလာရင် ရေခဲတွေ ဖြစ်သွားတာပါပဲ။ရေခဲတုံးလေးတွေဟာ လင်းလဲ့တောက်ပနေပြီး စိန်ပွင့်တွေနဲ့ကို တူနေရော။

💦ရေတံခွန်ပေါင်း ၁ သောင်းကျော်ရှိတဲ့အပြင် ရာသီဥတုကလည်း အချိန်မရွေး ပြောင်းလဲနေပါတယ်။အိုင်စလန်မှာ နေထိုင်တဲ့သူတွေဟာ မုန်တိုင်း
သတင်း နဲ့ လေတိုက်နူန်းကို အမြဲ နားစွင့်နေရပါတယ်။ရေခဲမြစ်တွေ .. ရေပူအိုင်တွေ.. ကမ်းခြေတွေ .. မြင်းတွေ.. ရေခဲဂူတွေ .. ရေခဲတုံးကြီးတွေနဲ့ လှရက်နိုင်လွန်းပါတယ်။

❄️🔥ဒီလို ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ မီးနဲ့ရေခဲ ဆန့်ကျင်ဘက် တွဲလျက်ရှိတဲ့ အိုင်စလန်နိုင်ငံက ဥရောပ နိုင်ငံ တစ်ခု ဖြစ်ပြီး ပဲရစ်တို့ လန်ဒန်တို့ကို သွားရင် ၁၃ နာရီ ကျော် ကြာပေမယ့် အိုင်စလန်ကို ရောက်ဖို့ဆိုရင် ထိုနိုင်ငံတွေကနေ နောက်ထပ် ၃ နာရီလောက် လေယာဉ်ထပ်စီးရမှာပဲ ဖြစ်ပါတယ်။ဥရောပနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာပြည်ကနေဆိုရင် အနည်းဆုံးလေယာဉ် ၃ ဆင့်လောက် စီးရပါမယ်။

ဒါ့အပြင် အိုက်စလန်ဟာ ကမ္ဘာပေါ်မှာ 𝐍𝐨𝐫𝐭𝐡𝐞𝐫𝐧 𝐋𝐢𝐠𝐡𝐭𝐬 ကြည့်ဖို့ အကောင်းဆုံးနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။မြောက်အတ္တလန်တိတ်သမုဒ္ဒရာ ထဲမှာ ရှိတဲ့နိုင်ငံ ဖြစ်ပြီး အိုက်စလန်ရဲ့ မြို့တော် ရေးခီးဗစ် ကိုတော့ကမ္ဘာ့အသန့်အရှင်းဆုံးမြို့တွေထဲက တစ်မြို့လို့လည်း တင်စားကြတာမလို့ သွားရောက်လည်ပတ်
သင့်တဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်ရှင်။

အကြီးမားဆုံး ကျားဖြန့်ဂိုဏ်းကို ချင်းမိုင်မှာ ဖမ်းမိခဲ့ပြီး ၊ မြန်မာ ရှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်မဲခေါင်၊ နိုဝင်ဘာ ၂၈...
29/11/2024

အကြီးမားဆုံး ကျားဖြန့်ဂိုဏ်းကို ချင်းမိုင်မှာ ဖမ်းမိခဲ့ပြီး ၊ မြန်မာ ရှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်

မဲခေါင်၊ နိုဝင်ဘာ ၂၈ ရက်နေ့

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျားဖြန့် အသုံးအဆောင်ပစ္စည်များစွာကို ဖမ်းဆီးရမိခဲ့ရာမှာ မြန်မာနိုင်ငံသား ရှစ်ယောက်လည်း သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗဟို ကော်မရှင်နာက နိုဝင်ဘာ ၂၇ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန်သွားပါတယ်။

ချင်းမိုင်က ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းခရိုင်တွေမှာ နိုဝင်ဘာ ၂၆ ရက်နေ့က နေရာ ၁၁ နေရာကို ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာမှာ ဖုန်းဆင်းမ်ကတ် ၅၉၀၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁၄၅၅ လုံး၊ ဆင်းမ်ကတ် Reader ၄၇ ခု သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံ ကျားဖြန့် ဒုစရိုက်လောက ဖမ်းဆီးရမိမှုထဲမှာ အကြီးမားဆုံးနဲ့ အများဆုံး ဖမ်းဆီးရမိမှုလို့ ကော်မရှင်နာက ထုတ်ပြန်သွားပါတယ်။

ဒီ ဒုစရိုက်ကွန်ရက်ဟာ ထိုင်း-တရုတ် ဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့ ကွန်ရက်ဖြစ်ပြီး ထိုင်းနိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်စုစုပေါင်း ၁၅ ယောက်ကို သံသယ တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဖမ်းဆီးရမိသူတွေထဲက အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး ဂျီရာပန်ပရာကော့ကစ်ရဲ့ ခင်ပွန်းဟာ တရုတ်လူမျိုးဖြစ်ပြီး လက်ရှိမှာ လွတ်မြောက်နေသလို ဒီဒုစရိုက်ကွန်ရက်ရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။

ဂျီရာပန်ဟာ လိမ်လည်မှုလုပ်ငန်းတွေ ဖော်ဆောင်ဖို့ ငှားထားတဲ့ အိမ်တွေနဲ့ ခိုင်းစေထားတဲ့ ဝန်ထမ်းတွေအတွက် အခကြေးငွေတွေကို ပေးနေသူဖြစ်ပြီး များပြားလှစွာသော ဆင်းမ်ကတ်တွေဟာ လူမှုကွန်ရက် အကောင့်တုတွေ လုပ်ဖို့ ထားရှိတာလို့ သိရပါတယ်။

လူမှုကွန်ရက် အကောင့်တုတွေထည့်သွင်းအသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေ လုံခြုံရေးကို ကာကွယ်ပေးတဲ့ စက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး ဂျီရာပန်က ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ပေးခဲ့တာလို့ ထွက်ဆိုသွားပါတယ်။

Ref:Bangkokpost
MKF-001

#ကျားဖြန့်
#ချင်းမိုင်
#ဖမ်းမိ
#ထိုင်းရဲ
#မြန်မာ
#ဆန်ဆိုင်း
#ဆန်ကဖမ်း

29/11/2024

မင်းကိူ တကယ်ချစ်တဲ့ ယောကျားတွေက social media ပေါ် ဘယ်တော့မှ တင်မှာ မဟုတ်ဘူး တန်ဖိုးထားလို့ … မချစ်တဲ့ ကောင်တွေဘဲ online ပေါ်မှာ Ro နေကြတာ 😌😌 သိဖို့

 #မင်းသားကြီးအမီတာဘဂျမ်းရေးတဲ့ဆောင်းပါးအိမ်မှာချွေးမ တစ်ယောက်ရှိတယ်။အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။သူများကို ပေ...
27/11/2024

#မင်းသားကြီးအမီတာဘဂျမ်းရေးတဲ့ဆောင်းပါး

အိမ်မှာချွေးမ တစ်ယောက်ရှိတယ်။
အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။

သူများကို ပေးစားလိုက်တဲ့
သမီးတစ်ယောက်ရှိတယ်။
အဲဒီအိမ်မှာသူ့ကို
ဖူးဖူးမှုတ်ထား စေချင်တယ်။

ကိုယ်လမ်းလျှောက်တုန်းက
ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။
ကိုယ်ကားမောင်းပြန်တော့
လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။

သူများဆီမှာ အလုပ်သမား လုပ်တုန်းက
အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့
ပြောဆိုဖူးတယ်။
ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့
အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး
ငြူစူပြန်တယ်။

ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို
အမြတ်ကြီးစားတယ်၊
လောဘကြီးတယ်ပြောတယ်။

ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့
စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့
ထင်မိပြန်တယ်

အမှန်တော့ ကျွန်တော်တို့ အားလုံး
မမှားကြပါဘူး။
နေရာချင်းမတူတော့ စဉ်းစားပုံချင်း
မတူလိုက္တာပါ။

နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင်
အဲလူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။
မင်းရင်ထဲမှာတစ်ခုခုမြင်လာလိမ့်မယ်။
သူ့ရဲ့လုပ်ဆောင်ချက်နဲ့
ငါရဲ့လုပ်ဆောင်ချက်၊
သူပေးဆပ်မှုနဲ့
ငါပေးဆပ်မှုတူလား။
အဲ့လိုတွေ တွေးတတ်လာတဲ့တစ်နေ့
ကိုယ်ရင်ထဲ ကိုယ်ချင်းစာတရားရှိပြီး
ဘယ်နေရာနေနေ နေတတ်လာမှာပါ။

19/11/2024

အသည်း ခွဲခိုင်းနေတရ် အောက်က လူတွေက

19/11/2024

နင်တို့အဆောင်မှာ ပျင်းရင်
ငါ့တို့အဆောင်လာ

18/11/2024

နတ်ကတော် ရုပ်ကိုလည်းကြည့်ဦး
ထရိုက်တော့ မရ်

18/11/2024

ဒီကောင်ကြီးကို ထိန်းကြပါဦး ဟ

18/11/2024

အဆိုကောင်းတာ ဘယ်သူများလဲလို့

16/11/2024

ဒီလို သားလေး တစ်ယောက်လောက် မလိုချင်ဘူးလား အမျိုးတို့ရေ

18/08/2024

မူးတာမပြော ပြဘူး
နောက်တစ်ခါ မခေါ်မှာ ဆိုးလို့...အဲဒါဘယ်သူဒေတုံးဟ

17/08/2024

လိုက်ဖက်မဲ့ Captions လေး တစ်ကြောင်းလောက် ရေးပေးကြဘါ

16/08/2024

ဖီးကြမ်း ဂရု
နှပ်ချေးပါထွက်တရ် ထော်ကြီးတို့ဂတေါ့

13/08/2024

အလုပ်အကိုင် အဆင်မပြေ တဲ့သူတွေ လာပြော‌ပါနော်

ဘာဖြစ်ဖြစ် နှစ်ယောက် ဖြစ်သွားတော့

အနဲဆုံး အဖော် ရတာပေါ့

11/08/2024

တရုတ်က အခြေခံလူတန်းစား ဆိုတာ က

24/07/2024

ဟောရောက်ပြီ ပြောရင်းဆိုရင်းနဲ့

ที่อยู่

Bangkok

เบอร์โทรศัพท์

+959400306915

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Net Entผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์