Perfect Rasa Entertainment

Perfect Rasa Entertainment သုတ ရသ ပြည့်စုံစွာ ပေးနိုင်ဖို့ ကြိုးစားတင်ဆက်ပေးသွားပါမည်။

13/12/2023

ကြွက်ကိုတောင် ခိုင်းစားလို့ ရနေပြီ

“ #ဈေးချိုအစစ်ကို_မသိကြတော့ဘူး” #ဆူးငှက် သည်ကနေ့ အသက်၂ဝကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလဈေးချို အစစ်အကြ...
11/12/2023

“ #ဈေးချိုအစစ်ကို_မသိကြတော့ဘူး”

#ဆူးငှက်

သည်ကနေ့ အသက်၂ဝကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလဈေးချို အစစ်အကြောင်း မသိကြတော့ပေ။ အထူးသဖြင့် သာမန်လူငယ်များထက် မီဒီယာများနှင့် ပတ်သက်သော လူငယ်များ မသိကြခြင်းက အရုပ်ဆိုးသည်။ မူလဈေးချိုအစစ်ဆိုသည်မှာ ဤသို့ဖြစ် သည်။

ဈေးသည် တိုင်းပြည်၏ ဝမ်းစာ

မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနစ်ဌာန အပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်း ပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏ ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွား ရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ် တကျနေရာချခဲ့သည်။

မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည် များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။
မတ္တရာနယ်တစ်ဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် အသီးအနှံများ ဝင်ရောက်လာရာ ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက် ဖြစ်သည်။

မလွန်ဈေး

မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင် မြောက်ရှည်၍ အရှေ့အနောက်အနေဖြင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပေအနေဖြင့်တွက်ပါမူ တောင်မြောက် ပေ၂၀၀ဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆၀ဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီး ဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်းအမျိုးအစားလိုက် တူရာစု ကာ တစ်ထပ်မျှရှိသော လုံခြုံသည့် အဆောက်အအုံများ ဖြင့်လည်း ရောင်းချရသည်။ မြောက်မှစ၍ အရှေ့အနောက် ၃၁လမ်းကို မလွန်ဈေးတွင် မြောက်ယွန်းတန်းဟု ခေါ် သည်။ ထို့နောက် တောင်ဘက်တစ်ပြ ၃၂ လမ်းကို တောင် ယွန်းတန်းဟု ခေါ်တွင်ပြီး ထိုနှစ်လမ်းအကြား တစ်ပြ အရှည်တွင် တောင်မြောက်တိုးလျှိုပေါက် အနောက်မှစ၍ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံး တန်းဟူ ၍ ရှိသည်။ ဈေးတန်းများအကြား လှည်းနှစ်စီး ရှောင်နိုင်သည့် လမ်းရှိသည်။ ဤပုံစံအတိုင်း ၃၂ လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြား တွင် ကြက်သွန်တန်း၊ ချင်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်းဟူ၍ လည်းကောင်း၊ ၃၃ လမ်း ကျောက်စိမ်း တန်းနှင့် ၃၄ လမ်း ညောင်ဇင်တန်းအကြားတွင် နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဟူ၍ သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြား၍ စနစ်တကျတည်ပေးခဲ့သည့် လက်ကားပွဲ ရုံဈေးကြီး ဖြစ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားဆဲ ဖြစ်၏။

မလွန်ဈေးကို ကြိုသောကြောင့်

လက်ကားဈေးကြီးဖြစ်သော မလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်း မြောက်ဘက်မလှမ်းမကမ်းတွင် အတူတည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့် “ဈေးကြို”ဟု ခေါ်တွင်သည်။ “ဈေးကြို”ကို နောက်တစ်ခါ “ဈေးချိုတော်”ဟု ခေါ်တွင်ခဲ့သည်။ ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့သော အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်၏ ပန္နက်များတွင်လည်း ပါရှိခဲ့သည်။

“ဈေးကြို”၏ မူလနေရာသည် ယခုငါးပိတန်း လက် ကြား (ဈေးချိုတော်တိုက်တန်းကြီး၏ အရှေ့ဘက်) ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇ လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်သည်။ မူလမန္တလေး “ဈေးကြို”က အမရပူရ “ဈေးကြို”ပုံစံအတိုင်း တည်ဆောက်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် မူလ “ဈေးကြိုတော်” ကို ပြင်ဆင်တည် ဆောက်လိုက်၏။ သစ်သားများဖြင့်သာ ပြန်လည် တည်ဆောက်ခဲ့သည့် အဆိုပါ ဈေးကြို (ဈေးချို) မှာ ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်)တွင် မီးကြီးလောင်ကျွမ်းသည်။

ထို့နောက် နှစ် ၉၀ ကျော်ကြာ သက်တမ်းရှည်၍ ကမ္ဘာကျော်ခဲ့သော ၁၂ ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး” ဟူသော နေ့နာမ်သင့်အတိုင်း ၁၂၆၅ ခု (၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့သည်။
ဗိသုကာမှာ မန္တလေးမြူနီစီပယ်၏ ပထမဆုံးအတွင်း ရေးမှူး အီတလီလူမျိုးဖြစ်သည်။

အေ၊ ဘီ၊ စီ ဟူ၍

၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း (သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅၀ဝ နီးပါး) ရှည်၍ အရှေ့ အနောက်အနေဖြင့် ၈၄ လမ်းအထိ တစ်ပြ (ပေ ၆၀ဝ နီး ပါး) ကျယ်သည်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက်ရှိသော ရုံကြီးသုံးရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။ ထို့နောက် နောက်ထပ် သုံးရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသော အလယ်ပေါက် ကြီးထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ခြောက်ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ် အထိရှိသည်။ ရုံအလိုက် အမျိုးအစားတူ ကုန်ပစ္စည်းများကိုပဲ တစုတစည်းတည်း ရောင်းချကြ သည်။

ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝ ရှိသည်။ ၁၂ ရုံတွင် ဆိုင်ခန်းပေါင်း ၂၀၀ဝ နီးပါး ရှိမည်။ ထိုအရေအတွက်သည် ရုံကြီးအတွင်း ဝင်လမ်း၊ ထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိ စေရန် နှစ် ၉ဝ စလုံး နေရာချထားခဲ့သည့်စနစ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရ သည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းသည်။ ထို့ပြင် မလွယ် ပေါက်လမ်းများနှင့် အလယ်ပေါက်လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာ ဝင်နိုင်ပြီး ထွက်လမ်းများလည်း ရှိသည်။ ထိုလမ်းများပေါ် ၌ မီးသတ်ရေကန်များလည်း ရှိသည်။ ရုံတစ်ရုံနှင့် တစ်ရုံ ကြားတန်းများတွင်လည်း မီးသတ်ကန်များထားရှိကာ ရေအပြည့်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း

မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ ရုံအပြင် အရှေ့ ဘက်၌ ၈၄ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာ ပြု၍ ၂၆ ဘီလမ်းနှင့် ၂၈ လမ်းကြား၌ တိုက်တန်းကြီး တည်ရှိပြီး ၂၆ ဘီလမ်း၊ ၈၄ လမ်းနှင့် ရွှေတချောင်းမြောင်း ကြားတွင် တိုက်တန်းလေးတည်ရှိသည်။ ၁၉၇ဝ ဝန်းကျင် တွင် အဆိုပါ တိုက်တန်းလေးကို ဖျက်သိမ်းပြီး မန္တလေး မြူနီစီပယ် (ယခုစည်ပင်သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူ၍ ခေတ်မီ နှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့သည်။ အပေါ် ထပ်တွင် ခန်းမများထားရှိပြီး အောက်ထပ်တွင် ကုန် ပဒေသာဆိုင်များ၊ ရုံးခန်းများနှင့် တစ်ချိန်က နာမည်ကျော် ကြားခဲ့သည့် မန္တလေးတိုင်းသမဝါယမအသင်းစု၏ သမ ဝါယမစာနယ်ဇင်း စာအုပ်အရောင်းဆိုင်ကြီးတို့ ဖွင့်လှစ်ခဲ့၏။

မြို့တော်ခန်းမ(၂)နှင့် ခန်းမ(၃)တို့တွင် မင်္ဂလာဧည့်ခံပွဲ များ ကျင်းပလေ့ရှိပြီး ယခုအခါ ခန်းမ(၃) နေရာတွင် ရတနာပုံဘဏ်အဆောက်အအုံနှင့် အရောင်းပြခန်းများ ပြုပြင်တည်ဆောက်ခဲ့သည်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ ရုံ၏ တောင်ဘက်ခြမ်းရုံ ခြောက်ရုံတွဲ၏ အနောက်ဘက် တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်း တို့ တည်ရှိပြီး မြောက်ဘက် ခြောက်ရုံတွဲ၏ အနောက် ဘက်တွင် ငှက်ပျောတန်း၊ မွေ့ရာတန်း၊ လင်းရောင်ခြည် ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိသည်။

သံဖြူတန်းကြီး

ဈေးချိုတော်ကြီး၏ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံ သေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော အထည်များ ရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်၏ ရွှေဥဒေါင်းသံသေတ္တာ ဆိုင်တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်၏ တိုက်လည်းရှိသည်။ ထို့ပြင် မြို့မဒိုးတီးအကျော် ဦးလှဒင် ကလည်း သံဖြူတန်းကြီးတွင် နေထိုင်သည်။ ထို ၂၈ လမ်း ကိုပင် ၈၅ လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟု ခေါ်ပြီး မြေအိုး၊ စဉ့်အိုးများ ရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၅ လမ်းနှင့် ရွှေတချောင်း ကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။
၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၆ လမ်းပေါ်တွင်လည်း မုန့်စုံတန်းနှင့် ပျံကျဈေးတန်းတို့ တည်ရှိပြီး အဆိုပါ ၈၆ လမ်းပေါ်တွင် ဆင်ကြီးနှစ်ကောင်ရှိသည်။

ဆင်ကြီးနှစ်ကောင်

ဆင်ကြီး နှစ်ကောင်ဟူသည်မှာ ၈၆ လမ်းမှ အနောက် ဘက်အိမ်တော်ရာဘုရားအရှေ့မုခ်အထိတည်ဆောက် ထားသော အုတ်တံတားကြီး၏ ထိပ်၌တည်ရှိကာ အုတ် ဆင်ရုပ်ကြီးနှစ်ကောင်ကို အစွဲပြုကာ ထိုနေရာကို “ဆင် ကြီးနှစ်ကောင်” ဟု ခေါ်ဝေါ်ကြသည်။ အိမ်တော်ရာ ဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂၀၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတား ဒါယကာမှာ “နိဗ္ဗာနပစ္စယနာဂဆဒ္ဒန်ဆင်မင်း” ကြီးဖြစ် သည်။ ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ပုဂံမင်းက အိမ်တော်ရာစေတီတော် တည်ထားပြီးနောက် ၁၂၁ဝ ခုနှစ်တွင် ဆင်မင်းပိုင်ငွေတော်များဖြင့် အုတ် တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင် ရုပ်ကြီးနှစ်ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့ ၏။

အိမ်တော်ရာထီး

ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်းချ ခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူ ဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာရောင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။ ယခုအိမ်တော်ရာထီး ပျောက် ကွယ်ခဲ့သည်မှာ ကြာပေပြီ။ ယခုတိုင်မန္တလေးတွင် အခိုင် အမာတည် ရှိနေဆဲဖြစ်သော ပွဲစားကုန်သည် စက်ပိုင်များ ၏ ကထိန်တော်အသင်းကြီးသည် ၁၉၃ဝ ဝန်းကျင်ကာလ များက အိမ်တော်ရာဆင်ကြီး နှစ်ကောင်အနီး ပွဲစားကြီး ဦးသန့်အိမ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ် သည်။

ညပိုင်းတွင်လည်း ဈေးချိုတော်ရုံကြီး ၁၂ရုံနှင့် တိုက် တန်းကြီးကြားတွင် ညဈေးတန်းတည်ရှိခဲ့သည်။ နေ့ခင်း ပိုင်း မအားလပ်သဖြင့် မဝယ်ခြမ်းရသူများ ဈေးချို ညဈေး တန်းတွင် စိတ်ချလက်ချ ဝယ်ယူနိုင်သည်။ အနယ်နယ် အရပ်ရပ်သာမက နိုင်ငံတကာအထိ စိတ်ဝင်စားခဲ့သော ညဈေးတန်းကြီးဖြစ်သည်။

ဈေးရပ်ကွက်ကြီး

ဈေးချိုတော်၏ မြောက်ဘက် ၂၅လမ်းနှင့် ၂၆ ဘီ လမ်းကြား၊ ၈၆လမ်း ရွှေတချောင်းမြောင်း အရှေ့ဘက် တွင်လည်း မန်းသီရိဈေးဟူ၍ တည်ရှိခဲ့၏။ ယခင်က ပင်လယ်ငါးနှင့် အသားငါးကုန်ခြောက်ဈေးကြီး ဖြစ် သည်။ ယခုအခါ အထပ်မြင့်ဈေးကြီး တည်ဆောက်ပြီး ဖြစ်သည်။ ဈေးချိုတော် တိုက်တန်းကြီး၏ အရှေ့ဘက် ၂၅လမ်းမှ ၂၈လမ်းကြား၊ ၈၃လမ်းမှ ၈၄လမ်းကြားတွင် ဆောက်လုပ်ရေး ကုန်မာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဒီဇယ်အင်ဂျင် နှင့် ရေစုပ်စက်ပစ္စည်းများ ရောင်းချကြသည့် ဆိုင်ခန်းကြီး များ တည်ရှိကြသည်။ ယခင်က ၂၇ လမ်းနှင့် ၂၈လမ်းကြား၊ ၈၃ လမ်းနှင့် တောင်ဘက် တိုက်တန်းကြီးကြားတွင် သေတ္တာဝင်းဟု တည်ရှိခဲ့ပြီး ထင်းရှူးသေတ္တာများ၊ ကုန် ပစ္စည်းထည့် အသားကြမ်းသေတ္တာများ ပြုလုပ်ရောင်းချ ကြသည်။ ဈေးချိုတော်ကြီးကို ဗဟိုပြု၍ မြောက်မှ တောင် ဘက် ၂၅လမ်းမှ လမ်း၃ဝ အတွင်း၊ အရှေ့မှ အနောက် သို့ ၈၃လမ်းမှ ၈၈လမ်းအတွင်း နေရာကြီးသည် ဈေး ရပ်ကွက်ကြီးဖြစ်ခဲ့၏။ ၂၉လမ်းရှိ ဝါးတန်းရပ်သည်လည်း ဈေးလမ်းမကြီးဖြစ်သည်။ သကျသီဟဘုရား အနီးတွင် လည်း ပွဲရုံတန်း၊ ဆန်တန်းများ တည်ရှိသည်။ အဆိုပါ ဈေးရပ်ကွက်ကြီးလည်း မလွန်ဈေးရပ်ကွက်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွား၏။

မန္တလေးမြို့၏ စီးပွားရေးအချက်အချာ

ထို့ကြောင့် မလွန်ဈေးနှင့် ဈေးချိုတော်ကြီးသည် မန္တလေးမြို့၏ စီးပွားရေးအချက်အချာ အသည်းနှလုံး ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးရေချိန်ကြီး ဖြစ်ခဲ့ သည်။ မြန်မာလူမျိုးတို့၏ စီးပွားရေးအတက်အကျ ပြဒါး တိုင်လည်း ဖြစ်ခဲ့သည်။ မြို့တည်ကတည်းက တည်ရှိခဲ့ သော အခင်းအကျင်းဖြစ်သဖြင့် ထိုရပ်ကွက်ကြီးများ၊ ဈေးကြီးများ၏ လူမှုဆက်ဆံရေးများသည် မြန်မာ့လူမှု ဆက်ဆံရေးစစ်စစ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဈေးချို တော်ရုံကြီး ၁၂ ရုံအတွင်းရှိ ဆိုင်ခန်းများမှာ အခန်းမရှိ၊ အကာမရှိ၊ အကန့်မရှိ။ ဟိုဘက်ဆိုင် ဒီဘက်ဆိုင် လှမ်းမြင် နေရသည်။ ဘိုးဘွားမှအစ သားသမီးမြေးမြစ်အထိ ပိုင်ဆိုင်မှုမပြောင်းလဲသဖြင့် အစဉ်အဆက် မိသားစု သဖွယ် ဖြစ်သည်။ ဤသို့ဖြင့် ဈေးရုံတစ်ရုံလုံး မိသားစုဖြစ်၏။ ဈေးရုံတစ်ရုံလုံးသာမက ဈေးချိုတော်ကြီးတစ်ခုလုံးကလည်း မိသားစုများပင် ဖြစ်ခဲ့သည်။

၁၉ရာစု ကနဦးအစက ဗိသုကာ

ထို့ကြောင့် ဈေးချိုတော်ရုံကြီး ၁၂ ရုံ၏ သက်တမ်း ၉ဝ အတွင်း (၁၉၀၉ ခုနှစ်မှ အဆိုပါရှေးဟောင်းဈေးရုံကြီးများ စတင်ဖျက်သိမ်းသည့် ၁၉၉၁ ခုနှစ်အတွင်း) ဈေးချိုမှ စတင်၍ ကြီးကြီးမားမားမီးဘေးမရှိခဲ့။ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့။ ယုတ်စွအဆုံး စစ်ကြီးအတွင်းမှာပင် ဈေးချို တော်က ဘေးမသင့်ခဲ့ပေ။ ၁၉ရာစု ကနဦးအစက ဗိသုကာ သည် ရေမြေဒေသနှင့်အညီ ခေတ်မီစနစ်ကျလှပါပေ၏။ ၁၉၀၂ ခုနှစ် ဧပြီလ ၁၂ရက် (သက္ကရာဇ် ၁၂၆၃ခု တန်ခူး လဆန်း ၅ရက်) မီးကြီးလောင်၍ ယခင်သစ်သား ဈေးချို အဆောက်အအုံကြီး မီးသင့်သောကြောင့် ထိုကဲ့သို့ စနစ် ကျသော အုတ်တိုက်ဈေးချိုတော်ကြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလကြီးမှာပင် ထိုဈေးချိုကြီး မီးဘေးမသင့်ခဲ့။ ၁၉၉ဝ ခုနှစ်က ဖျက်သိမ်းလိုက်မှသာ နိဋ္ဌိတံခဲ့ခြင်းဖြစ်သည်။

ဥပဒေနဲ့ထိန်းသိမ်းပေးဖို့မဖြစ်နိုင်တဲ့ ကိုယ်ကျင့်တရားတွေကိုဆင်ခြင်တုံတရားနဲ့ ထိန်းရပါတယ်။အဲ့ဒီဆင်ခြင်တုံတရားတွေကိုပြဌာန်း...
01/12/2023

ဥပဒေနဲ့ထိန်းသိမ်းပေးဖို့
မဖြစ်နိုင်တဲ့ ကိုယ်ကျင့်တရားတွေကို
ဆင်ခြင်တုံတရားနဲ့ ထိန်းရပါတယ်။
အဲ့ဒီဆင်ခြင်တုံတရားတွေကို
ပြဌာန်းပေးချင်လို့
ကျွန်တော်ရသစာရေးဆရာလုပ်ပါတယ်။

ငြိမ်းကျော်(၁၉၄၃-၁၉၉၅)

သစ်ပင်တွေ သစ်ကိုင်းတွေကျိုးပြီး လမ်းပိတ်နေလို့အလုပ်နောက်ကျမယ် ဘော့စ်😞😞😞
28/11/2023

သစ်ပင်တွေ သစ်ကိုင်းတွေ
ကျိုးပြီး လမ်းပိတ်နေလို့
အလုပ်နောက်ကျမယ် ဘော့စ်

😞😞😞

“ကိုပီတာရေ. . . ဒီခြံမှာ ဘယ်လောက်ပဲ ကျုပ်က ကြိုးစား ကြိုးစား ပြည့်စုံတယ်မရှိဘူးဗျို့၊ သူများပေးစာကမ်းစာလေးတွေလည်း မစားရပ...
25/10/2023

“ကိုပီတာရေ. . . ဒီခြံမှာ ဘယ်လောက်ပဲ ကျုပ်က ကြိုးစား ကြိုးစား ပြည့်စုံတယ်မရှိဘူးဗျို့၊ သူများပေးစာကမ်းစာလေးတွေလည်း မစားရပါဘူးဗျာ၊ ခြံထဲပဲ ထည့်နေရတာပဲ၊ မီးကိစ္စပြည့်စုံသွားရင် ရေကို ဒုက္ခရောက်ပြန်ရော. . . ၊ ရေကိစ္စ အဆင်ပြေသွားရင် မီးဖိုက ဒုက္ခပေးပြန်ရော၊ မီးဖိုကိစ္စအဆင်ပြေအောင်လုပ်လိုက်ရင် ဂမုန်းခြံက ပြဿနာဖြစ်ပြန်ရော. . . ၊ တစ်ခုမဟုတ်တစ်ခု ဒုက္ခ အမြဲတမ်းတွေ့နေတယ်”

ဟု ကျွန်ုပ်က လေးလေးနက်နက် ပြောလိုက်ရာ. . .

“ဝမ်းနည်းစရာ အတော်ကောင်းတာပဲ၊ ရယ်တောင် ရယ်ချင်တယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ဒုက္ခရောက်တယ်လို့ မယူဆပါနဲ့၊ ကိုရင့်ခြံကြီးက ကိုရင့်ကို ချဲလင့်လုပ်နေတာ၊ ချဲလင့်လုပ်နေတယ်ဆိုတာ စိန်ခေါ်နေ တာကိုရင့်ကို ယှဉ်ပြိုင်နေတာ၊ ဒါကြောင့် အသက်မရှိတဲ့ ကိုရင့် ခြံကြီးဟာ အသက်ဝင်နေတာ ဒုက္ခမဟုတ်ဘူး။ ချဲလင့်. . . ဟု ပြောလေ၏။

“မဟုတ်တာပဲ ကိုပီတာရယ်ခင်ဗျားပြောတာတွေ ဘာတွေလဲ၊ ကျုပ် ဖြင့် နားမလည်ပေါင်ဗျာ၊ ခင်ဗျားနဲ့ ကြာကြာဆက်ပြီးနေရရင်တော့ ကိုပီတာရေ. . . ကျုပ်ပါ ရူးလိမ့်မယ်ထင်တယ်”

ဟု ကျွန်ုပ်က ရယ်ရယ်မောမောနှင့် ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီး

“ကိုယ်ပြောတဲ့စကားကို ကိုယ့်လူနားလည်အောင် ပုံလေးတစ်ပုံပြောပြမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ် ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်၊ “ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ ရှိချင်ရှိမယ်၊ ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်၊ တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ဂျုံစိုက်တဲ့အလုပ်ကို ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ်'လို့ ပြောလိုက်တယ်၊ အဲဒီအခါမှာ တန်ခိုးရှင်က‘ကူညီ ပါ့မယ်ဘာတွေ ကူညီရမလဲ'လို့ ပြောတယ်၊

အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို သူ့ဘေး ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ် လုံးခေါ်ထားတယ်။ မိုးနည်းနည်းရွာတာနဲ့ “ကဲ. . . တန်ခိုးရှင်၊ မိုးရွာ ရင် ဂျုံခင်းတွေ ပျက်ကုန်မယ်မရွာအောင်လုပ်လိုက်”လို့ ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်၊

လေတွေတိုက်လာရင်လည်း ‘ဂျုံ ပင်တွေ တအားလှုပ်ယမ်းကုန်မယ်၊ လေမတိုက်အောင်လုပ်ပေးပါလို့ ပြောပြန်တယ်တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပစ်လိုက်တယ်၊

မိုးကြိုးတွေပစ်ရင်လည်း “အဲဒီအသံဟာ အသီး တွေ ဆုတ်ယုတ်စေတယ်'ဆိုပြီး တားခိုင်းတယ်။ နေသိပ်ပူလာရင် လည်း 'ဂျုံပင်တွေညှိုးကုန်မယ်'ဆိုပြီး မိုးအုံ့ခိုင်းတယ်၊ ရေလိုတဲ့အခါ မှာတော့ ရေရအောင် လုပ်ခိုင်းတယ်၊

ဂျုံခင်းထဲကို စာကလေးတွေ လာတဲ့အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်၊ အဲဒီတော့ ဂျုံပင်တွေဟာ အတော့်ကိုဖြစ်ထွန်းတယ်၊ အပင်ကြီးတွေလည်း အမြင့်ကြီးတက်တယ်။

အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို “ကဲ. . . မြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်း ကြီးကို ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတုအနှောင့်အယှက်တွေကင်း အောင် လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေကြည့်စမ်း၊ ဘယ်လောက် ဖွံ့ဖြိုးသလဲ'လို့ အားရဝမ်းသာ ပြောရှာတယ်၊

ဒါပေမဲ့ တကယ် ပင်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး။ ဟောင်းလောင်းကြီးဖြစ်နေတယ်၊ ဂျုံဆိုလို့လုံးဝကို မရတော့ဘူး၊ အဲဒီအခါ လယ်သမား က တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ကို “ဘယ်လိုဖြစ်တာလဲ’လို့ မေး တယ်။

အဲဒီတော့ တန်ခိုးရှင်က “ဒီလို ငါ့လူရဲ့၊ မိုးတွေတအားရွာတာ တို့၊ လေတွေတိုက်တာတို့နေတွေပူတာတို့၊ မိုးကြိုးတွေပစ်တာတို့ မိုးခြိမ်းတာတို့စာကလေးတွေ လာစာတာတို့ဟာ ဗြုန်းကနဲကြည့် လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ် ထင်ရမှာပါပဲ၊ ဒါပေမဲ့ တကယ်က နှောင့်ယှက်တာမဟုတ်ဘူးချဲလင့် (Challenge) လုပ် တာ။ စိန်ခေါ်တာ။

အဲဒီစိန်ခေါ်မှုခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက ဩဇာဓာတ်တွေကို ဂျုံစေ့ထဲရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင် တွေဟာ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံ တွေ ပြည့်ဝစေရတာ၊ အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ။

အဲဒီ အံတုမှုတွေမရှိဘဲ ငြိမ်ငြိမ်ကလေးနေလိုက်တဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ၊ အားကုန်သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ၊

လောကကြီးမှာ အဖြူနဲ့အမည်း ရယ်လို့ ရှိတယ်ဆိုပါစို့၊ အဖြူဟာ ကောင်းတယ်၊ အမည်းဟာ မကောင်းဘူးလို့ ဆိုကြပါစို့ရဲ့၊

မြေဖြူခဲနဲ့စာရေးရမယ်ကိစ္စမျိုးမှာ သင်ပုန်းအမည်း မှဖြစ်မယ်နော်၊ နံရံအဖြူမှာ မြေဖြူခဲနဲ့ရေးလို့မရဘူး၊ စာလည်းထင်မှာမဟုတ်ဘူးနော်၊ မြေဖြူခဲအဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့် လုပ်နေတာ၊ ဒါကြောင့် စာတွေထင်တယ်။သူ့လိုပဲ လိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့်မရှိဘူးလေ၊ ဒါကြောင့် ဘာမှမထင်ဘူး”လို့ ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး ထွက်သွားတယ်၊

မောင်အောင်ထွန်းရေ. . . အခုလည်း ကိုယ့်လူရဲ့ခြံကြီးမှာ မပြည့်စုံဘူးဆိုတာက ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက် သဘောနဲ့ အကျိုးပြုနေတာ၊ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ၊ ဆန့်ကျင်ဘက်တွေ့ တိုင်း “ငါ့ကို ကူညီဖို့ ရောက်လာပြီဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ၊ အဲဒီလို မလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့ တိုင်း စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ကိုယ့်လူ ရူးသွားလိမ့်မယ်” ဟု ပြောလိုက်လျှင် ကျွန်ုပ်က ၎င်းပြောနေကျအတိုင်း...

“ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို ဘုန်းကနဲ ထုလိုက်ပြီးလျှင် ကျွန်ုပ်ထံ၌ ပိုက်ဆံနှင့် ပုဆိုးတောင်းကာ. . .

“ကျုပ် ပြန်မယ်၊ ကျုပ် သွားမယ်၊ ပြီးတော့ လာမယ်” ဟု ဆိုကာ နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။

ဆရာကြီး #မင်းသိင်္ခ၏
#မနောမယ_ကိုပီတာ စာအုပ်ထဲက ပုံပြင်လေး
နှစ်သက်သဘောကျသဖြင့်

Perfect Rasa Entertainment က
မေတ္တာဖြင့်
စာပြန်စီ၍ မျှဝေပါသည်။

 #မြန်မာအငွေ့အသက်၂၅-၁၁-၂ဝဝ၄ တွင် ကျွန်တော် ငရုတ်ကောင်းဆိုသော မြို့ကလေးသို့ စာပေဟောပြောပွဲ သွားခဲ့ရသည်။ ပုသိမ်၊ ချောင်းသာ...
13/10/2023

#မြန်မာအငွေ့အသက်

၂၅-၁၁-၂ဝဝ၄ တွင် ကျွန်တော် ငရုတ်ကောင်းဆိုသော မြို့ကလေးသို့ စာပေဟောပြောပွဲ သွားခဲ့ရသည်။ ပုသိမ်၊ ချောင်းသာကတစ်ဆင့် စက်လှေစီးသွားရသော မြို့နယ်စာရင်း ပေါက်စ မြို့ကလေးဖြစ်သည်။ ကျွန်တော်နှင့်အတူပါလာသော စာရေးဆရာတွေက အဏ္ဏဝါစိုးမိုး၊ မကွေးလှမြင့်နှင့် စာဆို တေးသံရှင် ဂီတာဖေဝင်းတို့ဖြစ်သည်။ ၂၅ ရက်ညမှာနား၊ ၂၆ရက် သဟော၊ ဟောပြီးပြီးချင်း စက်လှေဆင်း၊ ၂၇ရက်နေ့ ညနေ ပြန်ရောက်၊ ခရီးပန်းသည်နှင့် ၂၈ရက်နေ့တွင် အနားယူနေ သက်သည်။

ထိုသို့ အနားယူနေခိုက်တွင်ပင် စိန်မျိုးမြင့်ကြီး ပေါက် သာသည်။ ‘ကြီး” တစ်လုံးတိုးထားလိုက်သည်က အသက်ကြောင့်မဟုတ်၊ အကောင်အထည်ကြီးလွန်းလို့ဖြစ်သည်။ တစ်ခါကတော့ ကျစ်လျစ်ဖျတ်လတ်သည့် လက်ရွေးစင် အားကစားသမား တစ်ယောက်ပါပဲ။ ခုတော့ဖြင့် ကျွန်တော့်အိမ်လှေကားကိုပင် သူ့ဗိုက်ကြီးကို သယ်ပြီး တက်နေရသည်။ နဂိုက အကောင် အထည်ကြီးရသည်တွင် ဗိုက်ကပါ နည်းနည်းရွှဲလာလေတော့ ပိုပြီး အကောင်ကြီးလာပြန်တော့သည်။

မတွေ့ရသည်မှာ ကြာသောကြောင့် ဝမ်းသာမိသည်။ ထို့ထက်ပို၍ ဝမ်းသာမိသည်က စာအုပ်တစ်အုပ် လက်ဆောင် လာပေးသောကြောင့် ဖြစ်သည်။ စာအုပ်အမည်က Myanmar Smiles (မြန်မာ့အပြုံး) ဆိုလိုက်ကြပါစို့။ တကယ်ဆိုတော့ စာအုပ်ဟုဆိုသည်ထက် ‘ဓာတ်ပုံအုပ်” ဟု ဆိုလျှင် ပိုပြီးမှန်ပေလိမ့်မည်။ တစ်အုပ်လုံး အမှာစာမှအပ ဓာတ်ပုံတွေချည်းဖြစ် သည်။ အမှာစာကိုပင် အင်္ဂလိပ်လိုရေးထားသည်။ စာအုပ် နာမည်နှင့် လိုက်လျောလိုက်ပုံက အပြုံးဓာတ်ပုံချည်းပဲ ဖြစ်နေ သောကြောင့် စာအုပ်ကိုကြည့်နေရင်း ကြည့်သူမှာ မုဒိတာအပြုံး မရပ်မနား ပေါ်လာနေမည်မှာ အမှန်ဖြစ်သည်။

စာအုပ်ဖုံးတွင် ရေးထားသည်က Myanmar Smiles တဲ့ နောက်ပြီး Photo by Sein Myo Myint, Bagan Maung Maung,Ma Ohnmar တဲ့။ ဓာတ်ပုံပညာရှင်များဖြစ်သော စိန်မျိုးမြင့်၊ ပုဂံမောင်မောင်နှင့် မဥမ္မာတို့ တင်ပြသည်ပေါ့။ နိုင်ငံခြားသားများအတွက် ရည်ရွယ်ထုတ်ဝေသော စာအုပ်ဟု ဆိုရပါလိမ့်မည်။ ကျွန်တော် ဖတ်ရှုမှတ်သားမိသ လောက်ကို ပြောရလျှင် မြန်မာ့အပြုံးမှာ ကမ္ဘာကျော်သည်ဟု ပြောလိုက်ချင်မိသည်။ မြန်မာပြည်သို့ ရောက်ဖူးသော နိုင်ငံခြားသားဟူသမျှ ပျူငှာသော မြန်မာ့အပြုံးကို အသိအမှတ်မပြုဘဲ မနေနိုင်အောင် ဖြစ်ခဲ့ကြသည်။

‘မြန်မာ့အပြုံး” ဟု စာအုပ်အမည်ကို တပ်ထားလိုက် သော်လည်း ရုတ်တရက် မျက်နှာဖုံးရုပ်ပုံကို ကြည့်လိုက်တော့ “ဘယ့်နှယ့် နီဂရိုးရုပ်ကြီးကို အဖုံးတင်ထားပါလား” ဟု အောက် မေ့လိုက်မိသည်။ သေချာကြည့်လိုက်တော့မှ ပါးရဲနက်ထိုးသော နာဂအမျိုးသား မျက်နှာဖုံးကြီးဖြစ်နေသည်။ ကြိုးကြားဖြူစပြုနေ သော နှုတ်ခမ်းမွေးကျင်စွယ်တွေနှင့် ပြုံးပြုံးကြီးကြည့်နေလိုက်ပုံ မှာ ကြည့်နေသူပင် ပြုံးချင်လာမိတော့သည်။ စိန်မျိုးမြင့်က . . . ...

“အမျိုးသား ပါးရဲထိုးတာ မရှိသလောက် ဖြစ်သွားပြီ။ ဒါကြောင့် ရှားရှားပါးပါး ရိုက်ခဲ့ရတဲ့ ဓာတ်ပုံပါဆရာ” အတွင်းစာမျက်နှာတွေကို တစ်ရွက်ချင်းလှန်ကြည့်သွားလိုက်တော့ မြန်မာအမျိုးသားအမျိုးသမီးဓာတ်ပုံ လေးငါးပုံ လောက်သာ ပါမည်ထင်သည်။ အားလုံး တိုင်းရင်းသား တိုင်းရင်းသူတွေ၏ ပုံတွေသာ ဖြစ်သည်။ အရွယ်တွေကလည်း စုံလိုက်ပါပေ့။ လူမျိုးကလည်း စုံလိုက်ပါပေ့။ ရှမ်း၊ချင်း၊ ကချင်၊ ကရင်၊ ဓနု၊ ပဒေါင် စသည်ဖြင့် တစ်ပြည်လုံးတွင်ရှိသည့် တိုင်းရင်းသားပေါင်းစုံဟုသာ ဆိုလိုက်ရပါတော့မည်။ သူတို့ရိုးရာ အဝတ်အစား အသုံးအဆောင်တွေကိုပါ တွေ့နေရသည်မို့ သူတို့ သုံးယောက် ဘယ်မျှလောက် ပင်ပန်းကြီးစွာ ခရီးလှမ်းခဲ့ကြ ကြောင်း သိသာလှပါသည်။ “တစ်ဆင်းတက်သော် တစ်တောင် ငယ်ကျော်၊ တစ်မှော်ငုံ့လျှိုး တစ်ချုံတိုး၊ တစ်မိုးသောက်လျှင် တစ်နေငယ်ဝင်၊ တစ်ပင်မြိုင်ကြီး ဂနိုင်ဆီး၊ တောကြီးတောင်ကာ’ ဆိုသော ‘အောင်မြေသာစံ’ ပတ်ပျိုးထဲကအတိုင်း သွားခဲ့ကြ ဟန်တူသည်။

သူတို့သယ်ဆောင်ရသည့် ကင်မရာစသော ဓာတ်ပုံ ပရိက္ခရာ အိတ်ကြီးတွေကို ကျွန်တော် သေချာကြည့်ဖူးသည်။ ကင်မရာကပဲ သုံးလေး လုံးလောက်၊ လဲလှယ်တပ်ဆင်နိုင်သော မှန်ဘီလူး အပိုတွေကလည်း တစ်ပုံကြီး။ သုံးချောင်းထောက် ခုံတွေကလည်း ပါတတ်သေးသည်။ ဒီလိုပစ္စည်းတွေကိုသယ်ပြီး “အောင်မြေသာစံ’ ခရီးကို ဘယ်လိုများသွားခဲ့ကြပါလိမ့်ဟု ကျွန်တော် မှန်းကြည့်နေမိသည်။ နှစ်ပေါင်းဘယ်လောက် ကြာကြာ စုဆောင်းခဲ့ကြပါလိမ့်ဟုလည်း တွေးတောမိသေးသည်။ စိန်မျိုးမြင့်ကြီးကို တွေးတွေးငေးငေးကြည့်လိုက်ရင်း

ကျွန်တော်က . . .

“ဪ . . . ကျွန်တော်တို့ မျက်စိအောက်တွင်ပဲနော်’ ဟု ခေါင်းတညိတ်ညိတ်လုပ်ပြီး ပြောလိုက်တော့ စိန်မျိုးမြင့်က ချက်ချင်းနားလည်သွားသည်။ သူက တစ်ချက်ပြုံးလိုက်ရင်း. . .

“ဟုတ်တယ်လေ၊ အောက်ထိပ် ဗာဒံပင်ရိပ်က ဗုဒ္ဓဟူးလက်ဖက်ရည်ဝိုင်းမှာ”

ကျွန်တော့်ငယ်သူငယ်ချင်း တက္ကသိုလ်ခင်မောင်အေး၏ `ဥသာဂျာနယ်”ကို အကြောင်းပြုပြီး ဗုဒ္ဓဟူးစာပေဝိုင်းကလေး ဖြစ်လာခဲ့သည်။ ထိုစဉ်က ကျွန်တော့်မှာ စာသင်ဝိုင်းတွေကို တာဝန်ယူထားသောကြောင့် ဗုဒ္ဓဟူးတစ်ရက်သာ ရက်အားရှိ သည်။ ထို့ကြောင့် ဗုဒ္ဓဟူးစာပေဝိုင်းကလေး ဖြစ်လာခဲ့ရသည်။ စိန်မျိုးမြင့်ကလည်း ထိုဝိုင်းကို မပျက်မကွက်လာတတ်သည်။ ဒီအခါတွင် သူကလည်း ဓာတ်ပုံကို ချောက်တီးချောက်ချက် ခိုက်နေခဲ့လေပြီ။

ချောက်တီးချောက်ချက်ဟု ဆိုလိုက်သည်က ယခု သူ၏ လက်ရှိဓာတ်ပုံပညာအနေနှင့် နှိုင်းပြီး ပြောလိုက်ရခြင်းသာဖြစ်သည်။
ကျွန်တော်လည်း ငယ်စဉ်ကပင် ဓာတ်ပုံရိုက်လေ့ရိုက်ထ ရှိခဲ့သည်။ ယခုပင် ကျွန်တော့်မှာ ကင်မရာသုံးလုံးရှိသေး သည်။ ချောက်တီးချောက်ချက် ရိုက်တတ်ပါသည်။ စိန်မျိုးမြင့်၏ ချောက်တီးချောက်ချက်က ကျွန်တော်တို့လိုမဟုတ်၊ တကယ်တော့ ထိုအခါကပင်လျှင် ဓာတ်ပုံပညာကို အတော်လေးရရှိနေခဲ့ပြီဖြစ်သည့်အပြင် စာနယ်ဇင်းအဆင့်မီ တန်းဝင်ဓာတ်ပုံ သမား ဖြစ်နေခဲ့ပါလေပြီ။

ယခုတော့ဖြင့် ထိုနေ့က ဆံပင်ညှပ်ထွက်လာရင်း ကျွန်တော့်ကို စာအုပ်ဝင်ပေးရင်း သုံးနာရီလောက် သူပြောပြ သွားသည့် ဓာတ်ပုံပစ္စည်းတွေအကြောင်း၊ ကွန်ပျူတာဆက်စပ် အသုံးပြုပုံအကြောင်း၊ နောက်ဆုံးပေါ်ကင်မရာအကြောင်းတွေ ကို ကျွန်တော် ပါးစပ်ဟောင်းလောင်းနှင့် နားထောင်နေရသည်။ ဘာမှ ကောင်းကောင်းနားမလည်ပါချေ။ မှန်းလိုက်မိသည်က သူ့မှာ ထိုထိုသော ဓာတ်ပုံဘက်ဆိုင်ရာပစ္စည်းတွေ သိန်းငါးဆယ် ဖိုးလောက်ထက်မနည်း ရှိနေသည်မှာ အမှန်ဖြစ်သည်။

ဓာတ်ပုံနှင့်ပတ်သက်ပြီး အာရှတစ်ခွင်ကိုလည်း ခရီးတွေ အခေါက်ခေါက်ထွက်ခဲ့ပြီးပြီ။ ကျွန်တော်နှင့် ဘာဆိုဘာမျှ မဆိုင်လောက်အောင် အသိအမြင် ကျယ်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် “ကျွန်တော်တို့ မျက်စိအောက်တွင်ပဲနော်” ဟု မုဒိတာစကား ဆိုခဲ့မိခြင်း ဖြစ်သည်။

သူကလည်း နားလည်ပါသည်။ ကျွန်တော့်စကား အတွက် ပီတိဖြစ်နေဟန်ရှိသည်။ ထိုကဲ့သို့ ဖြစ်နေရာမှ ...

“ကိုစန်းမြင့်ကြီးကို သတိရလိုက်တာ” တဲ့။ ကိုစန်းမြင့်ဆို သည်က ရှုမဝ၊ ပေဖူးလွှာတို့တွင် စာတည်းလုပ်ခဲ့သော ‘မောင်မြင့်မြတ်’ တွဲဖက်တွေ မဟုတ်လား။

ထို့နေ့က စိန်မျိုးမြင့်ကြီး ပြန်ခါနီးတွင် ပြောသွားသော စကားများကို ကျွန်တော် တင်ပြလိုသောကြောင့် ဤဆောင်းပါးကို ကျွန်တော် ရေးလိုက်ခြင်း ဖြစ်ပါသည်။ သူပြောတာက . . .

“ဆရာရေ...ကျွန်တော် ပြောချင်တာလေး တစ်ခု ရှိတယ်။ ကျွန်တော်လေ အရှေ့တောင်အာရှကစလို့ အာရှနိုင်ငံ တွေကို အတော်လေးကို နှံ့အောင်ရောက်ခဲ့တယ်။ ပန်းချီပြခန်း တွေ၊ ပြတိုက်တွေကိုလည်း ရောက်ခဲ့တယ်။ ကျွန်တော်တို့ ဓာတ်ပုံ ဆိုတာကလဲ ပန်းချီနဲ့ တစ်ကြောတည်းမဟုတ်လား။ ပန်းချီ အနုပညာမျက်စိမရှိရင် အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ ရောက်လေရာမှာ ပန်းချီ ပြခန်းတွေ၊ ပြတိုက်တွေကို ရောက်အောင်သွားရတယ် ဆရာ။

“အဲဒီမှာ ကျွန်တော် သတိထားမိခဲ့တာလေးတွေကို ပြော ချင်တယ်။ ဆရာလဲသိပါတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ် ဆိုတာတွေဟာ ယဉ်ကျေးမှုရော လူမျိုးချင်းပါ အတော်ကို နီးစပ်ကြတာပဲ။

ဒါပေမဲ့ဆရာရေ . . . ကျွန်တော် ပန်းချီကားတွေကို ကြည့်လိုက်ရင် ဒါဖြင့် ဂျပန်ပန်းချီပဲ၊ ဒါဖြင့် ဗီယက်နမ်ပန်းချီပဲ ဆိုတာကို ကောင်းကောင်းခွဲနိုင်တယ်။ ပြာနှမ်းနှမ်းအရောင်ကလေးနဲ့ ခမောက်ကိုတွေ့လိုက်ရင် ဒါဖြင့် ဗီယက်နမ်ပန်းချီပဲဆိုတာမျိုး ချက်ချင်းသိတယ်။ ဆိုလိုတာက ထိုင်း၊ မလေးရှား အားလုံးပေါ့ဆရာ။ သူတို့မှာ အမျိုးသားဟန်အမြဲပါလေ့ရှိတယ်။ ဆရာသဘောမတူရင်တော့ဖြင့် မသိဘူး။ ကျွန်တော်တို့ဆီမှာ တချို့ပန်းချီဆရာတွေက အရောင်တွေကို ကစားပြီး ရေးချင်တတ်ကြတယ်။

“ဆရာ အရောင်ချည်းသက်သက်က အမျိုးသားဟန်၊ အမျိုးသားအငွေ့အသက်ကို ပေါ်အောင်လုပ်နိုင်တာမဟုတ်ဘူး လို့ ထင်မိတယ်။ ဆရာတော့ဖြင့် ဘယ်လိုသဘောထားမယ် မသိဘူး”

“ဒီမယ် ကိုစိန်းမျိုးမြင့် . . . အဲဒီစကားကို ကျွန်တော် ကြိုက်တယ်။ သွားလေသူ ပေါ်ဦးသက်လေ ...
ကိုရင်ကလေး တွေ၊ ဘုန်းကြီးကျောင်းသားကလေးတွေ . . .

“ဟုတ်ပါ့၊ ပါးစပ်ပြဲကလေးတွေနဲ့လေ”

“နောက်ပြီး မင်းဝေအောင်”

“ဟုတ်ပါ့ဆရာ ... သူကလဲ ဘုရားကျောင်းကန် သမား။ အဲဒါတွေကို နိုင်ငံခြားသားတွေက ကြိုက်နေကြတာ။ မြန်မာ့အငွေ့အသက်တွေက တစ်ပုံကြီးပါနေတာ ဆရာရဲ့”

သူပြောနေစဉ်မှာပင် မင်းဝေအောင်၏ ပန်းချီကားတစ်ခု ကို သတိရလိုက်မိသည်။ ပန်းချီကားပုံက သီလရှင်သုံးလေးပါး လမ်းလျှောက်လာကြပုံ ဖြစ်သည်။ နေရောင်က နောက်ကထိုးနေ သည်။ ဘီလရှင်တွေရဲ့ ဝတ်ရုံကို နောက်ကနေ နေရောင်ထိုး နေတော့ နေရောင်ထဲတွင် လွင့်နေသည့် ဝတ်ရုံအရောင်က တစ်မျိုး၊ ကြိုက်လိုက်သမျှ ကျွန်တော် ခုထက်တိုင် မျက်စိထဲကမထွက်။ သို့သော် အောင်သင်းတို့လိုကောင်မျိုးက ဒီပန်းချီ ကားမျိုး အနားမကပ်နိုင်။

*

ကျွန်တော့်ဆောင်းပါးကို ငရုတ်ကောင်းစာပေဟောပြောပွဲနှင့် ဖွင့်ခဲ့သည်ကို စာဖတ်သူ သတိရပါလိမ့်မည်။ ဟောပြောပွဲတွင် အဏ္ဏဝါစိုးမိုးလည်း ပါလာခဲ့ကြောင်းကို ကျွန်တော် ဖော်ပြခဲ့ပါသည်။ သူက ရေတပ်သား။ လုပ်သားကောလိပ်တွင် ပညာ ဆက်သင်လေတော့ ကျွန်တော့်တပည့် ဖြစ်ခဲ့သေးသည်။ ကျွန်တော်ကတော့ ဘယ်မှာ မှတ်မိပါ့မလဲ။ သူပြောလို့သာ သိရ ခြင်းဖြစ်သည်။ ရေတပ်ကထွက်တော့ သင်္ဘောလိုက်။ နိုင်ငံပေါင်း ၆၈ နိုင်ငံ ရောက်ခဲ့သည်ဆိုကိုး။ သူ့ဘာသာ နိုင်ငံပေါင်း တစ်ထောင် ရောက်ခဲ့ပါသည်ဆိုလျှင်လည်း ကျွန်တော် စိတ်မဝင် စားလှပါ။ ငရုတ်ကောင်းရောက်သည့်ညက သူပြောသော စကားကိုတော့ဖြင့် ကျွန်တော် သတိရနေမိသည်။ သူကတော့ အမှတ် မထင် ရယ်ရယ်မောမော ပြောသွားတာပါပဲ။ ပြောသွား သည်က ...

"ဆရာရေ . . . ကျွန်တော်တို့ သင်္ဘောသားဆိုတာက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ တစ်သင်္ဘောတည်းစီး တစ်ခရီး တည်းသွား လုပ်နေကြရတာ။ ဒါနဲ့ တစ်နေ့မှာတော့ အကောင်တစ်ကောင်က မင်းတို့မြန်မာသီချင်း နားထောင်ချင်တယ်ကွာ လို့ဆိုတာနဲ့ ကျွန်တော်က ပါလာတဲ့ ခေတ်ပေါ်ကက်ဆက်သီချင်း ခွေလေးတွေကို ဖွင့်ပြတယ်။ ဟာ ဆရာ့နှယ် ... သူတို့က အဲဒါ ဘရာဇီးက ဘယ်ကောင်မ ဆိုထားတဲ့ ဘာသီချင်း ဟ၊ နောက်တစ်ခုဖွင့်ပြလိုက်တော့ ဟ . . . အဲဒါ ပြင်သစ်က ဘယ်အကောင်ဆိုထားတဲ့ သီချင်းဟလို့ ပြောကြတာနဲ့ ဘာလုပ် ရမှန်းမသိတော့ဘူး။ နောက်ဆုံးတော့ စိတ်ညစ်ညစ်နဲ့ ကိုထွန်းရွှေရဲ့ အိုးစည်သီချင်းကို ဖွင့်ပြလိုက်တယ်။ အဲဒီကျတော့ ငနဲတွေ ရွစိရွစိဖြစ်လာပြီး အော်ကြဟစ်ကြနဲ့ က,တော့မလို ခုန်တော့မလို ဖြစ်ကုန်ကြတာပဲ။ အမယ်လေး...ကိုထွန်းရွှေ ကယ်ပေလို့ ဆရာရေ့။ သူသာမကယ်ရင် သေဖွယ်ရာရှိတော့တယ်ဆိုတာ တကယ်ကြုံခဲ့ရတာ ဆရာရေ့” တဲ့။

သူကတော့ ပေါ့ပေါ့ပါးပါး ရယ်ကာမောကာ ပြောသွား ခြင်း ဖြစ်ပါသည်။ သို့သော် . . . ...

ကျွန်တော်က ဘာမှထပ်ပြောစရာမလိုအောင် ပြည့်စုံ သွားပြီဟု ထင်နေမိပါသည်။

#ဆရာအောင်သင်း

Beauty Max မဂ္ဂဇင်း
ဒီဇင်ဘာ၊ ၂၀၀၅

( Perfect Rasa Entertainment က
ဆရာအောင်သင်း ၏ သိချင်စိတ် စာအုပ် ရဲ့
မြန်မာအငွေ့အသက် ဆောင်းပါးအား
စာပြန်စီ၍ ပြန်လည်မျှဝေပါသည်။ )

 #လေ့ရင်_လာပါတယ်“လေ့ရင် လာပါတယ်” ဆိုတဲ့စကားကို မင်းတို့ ကြားဖူး ကြလိမ့်မယ် မထင်ဘူး။ ငါလည်း တစ်ခါပဲ ကြားလိုက်ဖူးတာပါ။ ရှေ...
11/10/2023

#လေ့ရင်_လာပါတယ်

“လေ့ရင် လာပါတယ်” ဆိုတဲ့စကားကို မင်းတို့ ကြားဖူး ကြလိမ့်မယ် မထင်ဘူး။ ငါလည်း တစ်ခါပဲ ကြားလိုက်ဖူးတာပါ။ ရှေးခေတ် ဆေးဆရာကြီးတစ်ယောက် ပြောဖူးတဲ့စကားဖြစ် ပါတယ်။ ဆိုလိုတာက လေ့လာရင် ပညာကိုရပါတယ်ဆိုတဲ့ သဘောနဲ့ သုံးသွားတာပါပဲ။ နောက်မှ တဖြည်းဖြည်း ငါစဉ်းစား ကြည့်မိတာက ငါတို့ အညာဒေသတွေမှာ တိရစ္ဆာန်ကလေးတွေ ကို ခေါ်တဲ့အခါမှာ (ခွေးကို အို့ အို့ ခေါ်သလို) ‘လေ့ လေ့' လို့ ခေါ်တတ်ကြလေ့ရှိပါတယ်။ အဲဒီစကားကိုယူပြီး “လေ့လာ” ကို စကားလုံးခွဲထားလိုက်ခြင်းဖြစ်တယ်လို့ ထင်မိပါတယ်။

အရင်တစ်ပတ်က ပြေ (ဆေး ၂)ဟာ ဆေးတက္ကသိုလ် က ဆေးပညာရပ်ကိုသာမကစနစ်ကျသော စူးစမ်းလေ့လာ နည်းကိုပါ ရခဲ့တယ်။ အဲဒီနည်းကို အသုံးပြုပြီး ရုပ်ရှင်ပညာရပ်ကို လေ့လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ တက္ကသိုလ်က ဘာဘွဲ့ ကြီး တွေကိုပဲရရ စနစ်ကျတဲ့ လေ့လာနည်းကိုမရခဲ့ရင် တက္ကသိုလ် ရောက်ရာမမည်ဘူး။ စနစ်ကျသော လေ့လာနည်းကိုရခဲ့ရင်ဘယ်တက္ကသိုလ်မှ မရောက်သော်လည်း တက္ကသိုလ်ရောက်ခဲ့ ဘိသကဲ့သို့ ဖြစ်တယ်လို့လည်းရေးခဲ့ပါသေးတယ်။

ငါတို့မြန်မာပြည်ရဲ့ ရှေးခေတ်ပညာရေးသမိုင်းကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ဘုန်းတော်ကြီးကျောင်းပညာရေးပဲ ရှိခဲ့ တယ်မဟုတ်လား။ ပိဋကတ်ကို နှံ့စပ်ရုံသာမက စာချကောင်း တယ်လို့ ဂုဏ်သတင်းကျော်တဲ့ ဆရာတော်ကြီးတွေဟာ စာကို သာမဟုတ်ဘဲ စူးစမ်းဆင်ခြင်မှုကိုပါ သင်ကြားပေးနိုင်တဲ့ ဆရာ တော်ကြီးတွေ ဖြစ်ခဲ့ဟန်ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ “သူတို့ စာရေးကြပုံ” ဆိုတဲ့ ဆောင်းပါထဲမှာ “ဒုတိယ ကျော်အောင်စံထား ဆရာတော်’နဲ့ ‘သေက္ချတောင် ဦးတိလောက” အကြောင်းကို တခမ်းတနား ချီးကျူးထားတာကို တွေ့ ရတယ်။ ချီးကျူးထားတဲ့ အကြောင်းအရာတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း လေ့လာပုံ စနစ်ကျတာ၊ တင်ပြပုံစနစ်ကျတာတွေကိုသာ ချီးကျူးထား ကြောင်း တွေ့ရနိုင်ပါတယ်။

ရေးနေရင်း သတိရလာလို့ ကြားဖူးတာလေးတစ်ခု အကြောင်းကို ကောက်ပြီး ထည့်လိုက်ရပါဦးမယ်။ ငါတို့ တောင်တွင်းကြီးဘက်က လူကြီးသူမများ ပြောခဲ့ကြတဲ့ ဖြစ်ရပ် ကလေးတစ်ခုပါပဲ။

မကာရလောပ “မ တစ်လုံးကြေ တောင်တွင်းဆရာတော် ခင်ကြီးဖျော်’ ဆိုတာကို မင်းတို့ ကြားဖူးကြပါလိမ့်မယ်။ အလွန့်ကို ဉာဏ်ခံကြီးတယ်လို့ ဆိုပါတယ်။ တစ်ထွာပြလိုက်ရင် တစ်လံလောက်မြင်တဲ့ ဉာဏ်မျိုးပေါ့။ ဘယ်စာကိုမဆို သင်လိုက် ရင် ‘ရိပ်ခနဲ ရိပ်ခနဲ’တတ်သိသွားတာမို့ အသက်ငယ်ငယ် ကလေးနဲ့ ပိဋကတ်ပေါက်ပြီး ဗေဒင်ရော၊ ဆေးပညာပါ သူမတတ်တာ မရှိအောင်ဖြစ်သွားလို့ “မတစ်လုံးကြေ” လို့ ခေါ်ရ တာကိုသာ စဉ်းစားကြည့်ပေတော့။

ပညာဟူသမျကို လိုချင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတော့ ပညာနဲ့ ပတ်သက်လို့ နာမည်ကြီးရင် ဒီပုဂ္ဂိုလ်ဆီကို သူရောက်အောင် သွားပြီး ပညာယူတော့တာပဲ။ တစ်နေ့မှာတော့ ပိဋကတ်ကို ချောက်ချားနိုင်တယ်ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ သတင်းကို ကြား တယ်။ ဒါပေမယ့် ခက်တာက အဲဒီဘုန်းကြီးက ဘယ်တပည့် ကိုမှ လက်မခံဘူး။ ဘယ်သူနဲ့မှလည်း မတည့်ဘူး။ သူ ကျောင်း မှာ ကျောင်းသား၊ ကိုရင်တောင် မမြဲဘူး။ နောက်တော့ တစ်ပါး တည်းပဲ နေနေရတော့တယ်။ ဒကာ ဒကာမတွေနဲ့လည်း မတည့်ဘူး။ သို့သော်လဲပညာကြီးမှန်သိတော့ ဆွမ်းငတ်လောက်အောင် တော့လည်း မဖြစ်ဘူးပေါ့။

သူ့မှာ နွားမလေးတစ်ကောင်ကို မွေးထားတယ်။အဲဒီ နွားမလေးကို ကိုယ်တိုင် တောထဲသွားကျောင်းပြီး နွားကျောင်းသားတွေနဲ့ပဲ နေလေ့ရှိတယ်။ နွားကျောင်းသားတွေနဲ့ ကျားထိုး တယ်။ ကျားက မြန်မာ့ရိုးရာ ဆယ့်နှစ်ကွက်ကျား။ တစ်ဖက်က ကျားကြီး၊ တစ်ဖက်က ကျားလေး၊ ကိုင်ကြရတယ်။ ကျားလေး က ဆယ့်နှစ်ကောင်၊ ကျားကြီးက သုံးကောင်။ အဲဒီမှာ သူက ကျားကြီးကိုအားသန်တော့ ကျားကြီးကိုသာ ကိုင်လေ့ရှိတယ်။ ဒါကြောင့် ဒီဘုန်းကြီးကို “ကျားကြီးဆရာတော်”လို့လည်း ခေါ်ကြတယ်၊ “နွားမကျောင်း ဆရာတော်'လို့လည်း ခေါ်ကြတယ်။

ခင်ကြီးဖျော်က အဲဒီဆရာတော်ဆီကိုသွားတော့ ကျောင်း မှာမရှိတောကြောင်း နွားကျောင်းနေရာကို လိုက်သွားရတယ်။ ရောက်တော့ ဆရာတော်ကို ရှိခိုးဝတ်ဖြည့်တယ်။ ဒါပေမယ့် ဟိုက သူ့ကို ဂရုတောင်မစိုက်ဘူး။ လူတွေကို စိတ်အချဉ်ပေါက် နေတဲ့ ဘုန်းကြီးမျိုးဖြစ်နေမှာပေါ့ကွာ။ နွားကျောင်းသိမ်းခါနီးတော့မှ ဘာကိစ္စရှိလိုလဲလို့ မေးတာ။ စာသင်ချင်လို့ပါဆိုတာကို ပြောတော့ အင်းမလှုပ် အဲမလှုပ်ဘဲ။ ဒါနဲ့ ကျောင်းလိုက်သွား။ ဘာမှတော့မပြောပါဘူး။ နောက်မှ တဖြည်းဖြည်း ခင်းကြီးဖျော် ကို တီးခေါက်ကြည့်လိုက်တော့ ဉာဏ်ကို သဘောကျသွားတယ်။ ဘုန်းကြီးက ဉာဏ်ကောင်းပြီး စိတ်မရှည်တတ်သူဖြစ်လေတော့ ဘယ်သူ့ကိုမှ စာမသင်ချင်တော့ပဲ ဖြစ်နေတာကိုး။

ခင်းကြီးဖျော်ကိုတော့ စာသင်မယ်လို့ ကတိပေးလိုက် တယ်။ ဘာစာကိုသင်မလဲလိုဆိုတော့ “သဒ္ဒါကို သင်ကြမယ်’ ပြောလိုက်တော့ ခင်ကြီးဖျော်လည်း စိတ်ပျက်သွားတယ်။ ဒါပေ မယ့် “သူ ့ကျောင်းနေ သူ ့စာအ’ဆိုသလို ဘာမှမပြောပါဘူး။ သင်ယူတာပါပဲ။ အဲဒီပိဋကတ်တော်ရဲ့ နောက်ဆုံးအခြေခံ သဒ္ဒါကျမ်းကို ခင်းကြီးဖျော်လို ဉာဏ်ကြီးတဲ့သူကိုသင်လိုက်တာ ဝါတွင်းသုံးလကို ကုန်သွားသတဲ့ဝါကျွတ်တော့မှ ခင်ကြီးဖျော် က ရိုရိုသေသေ ကန်တော့ပြီး “ကျေးဇူးကြီးလှပါတယ် ဘုရား” လို လျှောက်သတဲ့။ ကျားကြီးဆရာတော်ကလဲ “အင်း ...မင်းက လည်း ဉာဏ်ခံကြီးပါပေကွယ်’လို့ မိန့်သတဲ့။

ငါ ဉာဏ်မီသလောက် မှန်းကြည့်ရတာကတော့ သဒ္ဒါ ကြီးထဲမှာပြတဲ့ ပုဒ်တွေဥဒါဟရုဏ်တွေအားလုံးဟာ ပါဠိတော် က ထုတ်ပြီးထားတာတွေချည်း ဖြစ်လေတော့ သဒ္ဒါကို အကြောင်းခံပြီး ပိဋကတ်သုံးပုံလုံးကို ခရီးဆန့်ပစ်လိုက်တယ် တင်တာပဲ။

ဒီတော့ သူသင်ပေးလိုက်တာက သဒ္ဒါသက်သက်၊ စာသက်သက် မဟုတ်တော့ဘဲ စူးစမ်းလေ့လာနည်းဆန်းစစ်သုံးသပ်နည်း၊ ဘုရားရှင်တို့ရဲ့အာဘော်ကို ကောက်ယူနည်း၊ အခြားသော ပညာရှင်တို့ရဲ့ အဆိုအမိန့်များနဲ့ ချိန်ထိုးသုံးသပ်နည်း ဆိုတာမျိုး တွေကို သင်ပေးလိုက်တာဖြစ်မှာပေါ့။ ဒါကြောင့်လဲ ခင်းကြီးဖျော်လို ပုဂ္ဂိုလ်မျိုးက ဝါတွင်းသုံးလပတ်လုံး ကြိုးစားသင်ယူတာ ဖြစ်မှာပေါ့။

ဒါကြောင့် ဘာကိုပဲသင်သင် စနစ်ကျသော လေ့လာ နည်းကို ရဖို့လိုတယ်လို့ ပြောခဲ့ခြင်းပါ။

မင်းတို့လဲ ‘လေ့ရင် လာပါတယ်”။

ပညာရပ်ကို လေ့ရင် ပညာ လာပါတယ်။

#ဆရာအောင်သင်း #မျိုးဆက်သစ်_တိုးတက်ရစ်ဖို့

 #ဆုမတောင်းနဲ့_ဆုပန်ပါယောက်ျားကောင်းတို့မည်သည် ဆုမတောင်းရဘူးဆုပန်ရတယ်။ မင်းတို့ယုံကြည် ကိုးကွယ်ရာ ဘုရားရှေ့ မှာ တရိုတသေ၊...
10/10/2023

#ဆုမတောင်းနဲ့_ဆုပန်ပါ

ယောက်ျားကောင်းတို့မည်သည်
ဆုမတောင်းရဘူး
ဆုပန်ရတယ်။

မင်းတို့ယုံကြည် ကိုးကွယ်ရာ ဘုရားရှေ့ မှာ တရိုတသေ၊ အလေးအနက် ပူဇော်ကန်တော့ပြီး

“တပည့်တော်ဟာ
မိဘထက် တဆင့်မြင့်တဲ့မျိုးဆက်သစ်ကို ထူထောင်နိုင်တဲ့ ယောက်ျားကောင်း
(မိန်းမမြတ်) ဖြစ်အောင်
ဒီကနေ့ကစပြီး မဖြစ်မနေ
အသက်ပဲသေသေ
ကြိုးပမ်းပါတော့မည်လို့
အရှင်ဘုရားရှေ့မှာ
ကတိပြုဆုပန်ပါတယ်ဘုရား” လို့
သစ္စာပြုဝံ့သလား။

သစ္စာပြုဝံ့တယ်ဆိုတဲ့
အတိုင်းအတာကြီးထိ မဟုတ်ရင်တောင်မှ အလေးအနက် နှုတ်ကမြွက်ပြီးဆုပန်ဝံ့သလား။

အဲဒီပြဒါးတိုင်နဲ့
မင်းရဲ့ဆန္ဒပြင်းအားကို
တိုင်းတာကြည့်ပေတော့ကွာ။

#ဆရာအောင်သင်း #မျိုးဆက်သစ်_တိုးတက်ရစ်ဖို့

" #အပြုံး_၇_မျိုး"  ၁ ။ မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။ ၂ ။ နစ်နာဆုံ...
04/10/2023

" #အပြုံး_၇_မျိုး"


၁ ။ မတရားသဖြင့် ခံရတဲ့အခါ
တည်တည်ငြိမ်ငြိမ် ပြုံးပါ။
ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။

၂ ။ နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ
ဆန္ဒရှိရှိ ပြုံးပါ။
ဒါဟာ လူတွေကို
ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါတဲ့ ။

၃ ။ ရှေ့မတိုး နောက်မဆုတ်သာတဲ့
အခက်အခဲနဲ့ကြုံတဲ့အခါ
ခပ်ယဲ့ယဲ့လေး ပြုံးပါ။
ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါတဲ့။

၄ ။ အကူညီမဲ့တဲ့အခါ
ခပ်ပွင့်ပွင့်လေး ပြုံးပါ။
ဒါဟာ စိတ်ကို
လှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။

၅ ။ ဘေးဒုက္ခကြုံတဲ့အခါ
ငြိမ်ငြိမ်သက်သက် ပြုံးပါ။
ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။

၆ ။ အပြစ်တင်ခြင်းကိုခံရတဲ့အခါ
အေးအေးဆေးဆေး ပြုံးပါ။
ဒါဟာ ကိုယ့်ကိုယ်ကို
ယုံကြည်ခြင်းတစ်မျိုးပါတဲ့။

၇ ။ အသဲကွဲတဲ့အခါ
ခပ်ပေါ့ပေါ့လေး ပြုံးပါ။
ဒါဟာ တင်းမာမှုကင်းတဲ့
လွတ်လပ်ခြင်းတစ်မျိုးပါတဲ့။

#လယ်တွင်းသားစောချစ်

ที่อยู่

Charoen Krung Road
Bangkok
10200

เบอร์โทรศัพท์

+66981157986

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Perfect Rasa Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด