Khun Mai Own tune songs,music creation and general knowledge sharing with.

သူမရဲ့၉၉ယောက်မြောက်ချစ်သူပါ။🙂 Photo-Credit
30/10/2024

သူမရဲ့၉၉ယောက်မြောက်ချစ်သူပါ။🙂
Photo-Credit

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေက...
05/08/2024

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူးဗျာ.. 😎

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ။ #အိမ်ခြံမြေဂျာနယ်

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

Credit. သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ

စျေးပေါသွားခြင်း▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎"တန်ရင်ဆေးလွန်ရင်ဘေးတဲ့"●စေတနာတွေ မေတ္တာတွေ ကရုဏာတွေ မျှော်လင့်ချက...
26/06/2024

စျေးပေါသွားခြင်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"တန်ရင်ဆေးလွန်ရင်ဘေးတဲ့"
●စေတနာတွေ မေတ္တာတွေ ကရုဏာတွေ မျှော်လင့်ချက်မဲ့တဲ့ ကူညီဖေးမခြင်းတွေကို လိုအပ်တာထက်ပိုပေးမိတဲ့အခါ..။
●သိတတ်မှုတွေ ကိုယ်ချင်းစာတတ်မှုတွေ ကရုစိုက်မှုတွေ လိုတာထက်ပိုပေးမိတဲ့အခါ..။
●လူတော်တော်များများက အဲလိုလူကို တန်ဖိုးထားမယ်မထင်ပါနဲ့၊ အပေါစားလူတန်းစားလို့ သတ်မှတ်လိုက်ကြပြီး၊ လိုသုံးတယောက်လို အသုံးချသွားကြတာပဲ များပါတယ်။
●အတွေးအခေါ်အမြော်အမြင်ကြီးတဲ့ လူတွေကတော့ တန်ဖိုးထားကြမှာပေါ့။
■တန်ရာတန်ရာပဲ ရသွားကြတဲ့သဘောတရားပါပဲ။
■ဘယ်သူ့ကိုမှ မှားတယ်လို့မဆိုပါဘူး။
■အပေါစားသတ်မှတ်သွားတဲ့လူတွေကို တုံ့ပြန်ချက်ကတော့..ဥပေက္ခာ..ပါပဲ..။
■တန်ဖိုးထားတဲ့လူတွေနဲ့ပဲဘဝကို ရှေ့ဆက်မယ်။
■ဘယ်သူ့ကြောင့်မှ..ကိုယ့်ရဲ့စိတ်ကို အယိမ်းအယိုင်မခံပါဘူး၊ ကိုယ်ယုံကြည်ရာ ကိုယ့်လမ်းကိုကိုယ် ဆက်လျှောက်နေဦးမှာပါ။

#ခွန်မိုင်

26.06.2024

Viber appကို Google playstore မှာမရှိတော့ပေမဲ့ Viber apk ကို Google မှာဒေါင်းပြီး Installလုပ်လို့ရပါသေးတယ်၊ အရမ်းကြီးမစိ...
17/06/2024

Viber appကို Google playstore မှာမရှိတော့ပေမဲ့ Viber apk ကို Google မှာဒေါင်းပြီး Installလုပ်လို့ရပါသေးတယ်၊ အရမ်းကြီးမစိုးရိမ်ပါနဲ့။

25/05/2024

စစ်တွေဘယ်လောက်ပဲ ဖြစ်ဖြစ်.....ကမ္ဘာကြီး ဘယ်လိုပဲ ပျက်သုန်းပါစေ.......ဖန်ဆင်းရှင်က ငါ့ကို ဘာယူမလဲလို့မေးရင် ငါ့အတွက်တော့
မင်းသာအရာရာ မို့ မင်းကိုပဲ တဆုတည်းသော ဆုအဖြစ်တောင်းဆိုမှာပါ.......

"မင်းသာအရာရာ "
ရေး/ဆို - ခွန်မိုင်
သရုပ်ဆောင် - ခွန်မိုင် ၊ အေးအေးအောင်၊တေဇာ။
ဒါရိုက်တာ ဂျိုး
Min Thar Ah Yar Yar
Composer & Vocal - Khun Mai
Guitar. -Tay Zar
Studio. -Tay Zar
Keyboard- Phyo Gyi
Mixing & Mastering - Phoe Chan
Harmony- Htay Lynn, M Seing Ra

#မင်းသာအရာရာ #ခွန်မိုင် #ဒါရိုက်တာဂျိုး #အက်ရှင်ဒါရိုက်တာ

27/03/2024
အဖော်မွန်သာရှိရင် ဘဝတွေဘယ်လောက်ပင်ကြမ်းတမ်းပါစေ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ သာယာစရာများနဲ့အတူ ဖြတ်သန်းနေကြရမှာပါ။"အဖော်မွ...
27/03/2024

အဖော်မွန်သာရှိရင် ဘဝတွေဘယ်လောက်ပင်ကြမ်းတမ်းပါစေ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ သာယာစရာများနဲ့အတူ ဖြတ်သန်းနေကြရမှာပါ။
"အဖော်မွန်"- ရေး/ဆို- ခွန်မိုင်...........................................
Ah Phaw Mon- Composer & Vocal - Khun Mai
Music arrangement - Tay Zar
KB- Phyo Gyi
Harmony- Kaung Myat Thu- Tay Zar
Mixing & mastering - Phyo Chan( Studio Imager)
Cast - Khun Mai - Htet Htet Phyo - Chit Thway Ni - Kayin Lay - Em Htoo
Director - Joe
Produced by Khun Mai
YouTubeမှာလည်း ဝင်ရောက်ဝန်းရံပေးကြပါဦးခင်ဗျား၊ အားလုံးကိုကျေးဇူးတင်ပါတယ်။
YouTube link 👉https://youtu.be/UtFLP4KtQEI?si=SmMwQ2h1hlbmEiwN

#အဖော်မွန် #ခွန်မိုင်
#မြန်မာသီချင်း #မြန်မာအချစ်သီချင်းသစ်
https://youtu.be/UtFLP4KtQEI?si=-khEHwDnuwy3J7V-

အဖော်မွန်-ရေး/ဆို-ခွန်မိုင် Ah Phaw Mon- Composer & Vocal - Khun MaiMusic arrangement - Tay ZarKB- Phyo GyiHarmony- Kaung Myat Thu- Tay ZarMixing & mastering...

လက်ရှိထိုင်းနိူင်ငံအခြေအနေ။Cartoon- Credit
18/02/2024

လက်ရှိထိုင်းနိူင်ငံအခြေအနေ။

Cartoon- Credit

"မတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားရင် အဲဒီမတရားမှုက တချိန်မှာ ကိုယ့်အိမ်ရဲ့ တံခါးကိုလာခေါက်ပါလိမ့်မယ်" #မင်းကိုန...
10/02/2024

"မတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားရင် အဲဒီမတရားမှုက တချိန်မှာ ကိုယ့်အိမ်ရဲ့ တံခါးကိုလာခေါက်ပါလိမ့်မယ်"

#မင်းကိုနိုင်
၁၈.၁၁.၂၀၂၁

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့   စီးပွားရေးလမ်းညွှန် (၁၇) ချက် " ၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက် ...
24/12/2023

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

မူရင်းရေးသားသူမသိရ၍ Credit ပေးရခြင်းမျှသာ။

အခန်းသန့်ရှင်းရေးလုပ်မယ်လုပ်မယ်နဲ့ မအားတာနဲ့မဆိုစလောက်လေးရှုပ်သွားတယ်။Photo credit- Jaka
18/10/2023

အခန်းသန့်ရှင်းရေးလုပ်မယ်လုပ်မယ်နဲ့ မအားတာနဲ့မဆိုစလောက်လေးရှုပ်သွားတယ်။

Photo credit- Jaka

တနေ့ကကမ်းခြေမှာ သံပခြုပ်ကိစ္စ အဖြေရှာမရခင် နေမင်းနဲ့မာမားကိစ္စကပိုနက်နဲသွားစေပြီး မယ်လိုဒီထွက်ရှင်းမှ မော်ဒယ်တဦး တုံးလု...
12/10/2023

တနေ့ကကမ်းခြေမှာ သံပခြုပ်ကိစ္စ အဖြေရှာမရခင် နေမင်းနဲ့မာမားကိစ္စကပိုနက်နဲသွားစေပြီး မယ်လိုဒီထွက်ရှင်းမှ မော်ဒယ်တဦး တုံးလုံးကြီးကမ်းခြေမှာပဲပတ်ပြေးသွားတယ်။
ဪ...မြန်မာပြည်..မြန်မာပြည်..။

ဒါသက်သက်ဖဲ့တာပဲ။😂Photo- Credit
05/10/2023

ဒါသက်သက်ဖဲ့တာပဲ။😂

Photo- Credit

ဘယ်သူကငတုံးလဲ••••••••••••••••••••••●လိမ်နေမှန်းသိပေမဲ့ အပေါ်ယံတွေမှန်းသိပေမဲ့ မသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ။●မာယာတွေဆို...
16/09/2023

ဘယ်သူကငတုံးလဲ
••••••••••••••••••••••
●လိမ်နေမှန်းသိပေမဲ့ အပေါ်ယံတွေမှန်းသိပေမဲ့ မသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ။
●မာယာတွေဆိုတာနားလည်တယ် ခဏတာလိုသုံးလုပ်နေတာလည်းသိတယ် မသိချင်ယောင်ဆောင်နေခဲ့တာပါ။
●ငါ့ကိုလှည့်စားနေတာသိတယ်၊ ငါ့ကိုတုံးအ လွန်းတဲ့တာဇံကြီးတယောက်လို မင်းတို့ကွယ်ရာမှာ ဟားတိုက်နေတာလည်းငါသိတယ် မသိချင်ယောင်ဆောင်ပြီး နေခဲ့တာက၊
ငါ့အတွက် မင်းတို့တွေကို ငွေထက်၊ ရွှေထက် ရတနာတွေထက် ပကာသနတွေထက် တန်ဖိုးထားခဲ့လို့ ဆိုတာ မင်းတို့မှမသိတာ။
●သိသိကြီးနဲ့ ငြိမ်ခံနေခဲ့တာ ငါအခွင့်အရေးတွေပေးနေတာပါ၊ အဲလိုလူတွေက တုံးအနေတဲ့ငတုံးတွေမဟုတ်ဘူး၊ အဲလူတွေကို ငတုံးလို့ထင်နေတဲ့မင်းတို့ကမှ တကယ့်ငတုံး ငအတွေပါ။

#ခွန်မိုင်

#ဒဿန

တောင်သူဘဝ အဆင်ပြေသလား မမေးနဲ့ အဝတ်တောင်မကပ်နိူင်တော့ပါဘူး။Photo- ဘယ်သူ့ဟာလဲမသိဘူး(credit)
11/09/2023

တောင်သူဘဝ အဆင်ပြေသလား မမေးနဲ့ အဝတ်တောင်မကပ်နိူင်တော့ပါဘူး။

Photo- ဘယ်သူ့ဟာလဲမသိဘူး(credit)

ဖွတ်...ကိုယ်နဲ့မဆိုင်တဲ့နေရာ တက်မိတော့ ပြုတ်မကျအောင်မနည်း ဆွဲထားရတယ်။Photo- Thachapol
30/08/2023

ဖွတ်...ကိုယ်နဲ့မဆိုင်တဲ့နေရာ တက်မိတော့ ပြုတ်မကျအောင်မနည်း ဆွဲထားရတယ်။

Photo- Thachapol

ที่อยู่

Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khun Maiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์