Thanks 2024 for amazing experience
2025 မှာ ဒီထက်ပိုတဲ့ နေရာသစ်တွေဆီ ခြေဆန့်ချင်ပါတယ် 🥾
ချင်းမိုင်မြို့က ကမ္ဘာ့အကြီးဆုံး မီးပုံးပွဲတော် 🏮
The world is NOISY 🌿
The world is NOISY 🌿
ကချင်မုဆိုးတွေပြပေးတဲ့ “နွယ်ပင်ကနေ ရေရှာသောက်တဲ့နည်း”. 💦တောထဲတောင်ထဲသွားတဲ့အခါ အစားအသောက်ထက်ပိုအရေးကြီးတာက ရေပါ ၊ တောင်ခြေလိုနေရာတွေမှာ ရေစိမ့်ထွက်တဲ့နေရာတွေ ၊ စမ်းချောင်းတွေရှိပေမယ့် တောင်အမြင့်တွေရောက်ရင်တော့ ရေရှာရအရမ်းခက်ပါတယ်။ ဒီဗီဒီယိုမှာကတော့ ပူတာအိုက တောင်တစ်ခုထိပ်နားမှာ ကျွန်တော်ရေဆာလို့ မုဆိုးတွေက ရေထွက်တဲ့ နွယ်ပင်တစ်မျိုးကို စုပြီး ၊ ရေရှာပေးခဲ့ပါတယ်။
More adventure please 🍃
ခရီးသွားခြင်းဟာ စွဲလန်းတတ်တဲ့အရာတစ်မျိုးပါ
More adventure please 🍃
🚨ရေသန့်ဘူး (၈) ဘူးရှိယုံနဲ့ အသက်ကယ်အင်္ကျီလုပ်လို့ရတဲ့နည်းပါ။
🚨ရေသန့်ဘူး (၈) ဘူးရှိယုံနဲ့ အသက်ကယ်အင်္ကျီလုပ်လို့ရတဲ့နည်းပါ။ ညတွင်းချင်း သုံးလို့ရအောင် ဘာသာပြန်ပေးထားပါတယ်။
မနက်ကျရင် ကျန်တာတွေထပ်တင်ပေးပါမယ်။ဆူနာမီဒဏ်မကြာခဏခံရတဲ့ ဂျပန်တွေရဲ့ အသက်ကယ် နည်းစနစ်ဖြစ်ပြီး ကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
မိနစ်ပိုင်းလေးနဲ့ပြုလုပ်လို့ရပါတယ်။ဒီဗီယိုက လူတော်တော်များများအတွက်အထောက်အကူဖြစ်မှာပါ။ ပိုစ့်ကော ၊ ပုံကော ၊ ဗီဒီယိုကော ကူးတင်နိုင်ပါတယ်။ ခွင့်တောင်းစရာမလိုပါ။
Nature : My Home Town 🍃
Nature : My Home Town 🍃
အမှောင်ကြောက် ၊ ရေကြောက်ပြီး လင်းနို့ကြောက်သူတွေမသွားသင့်တဲ့ ဂူပေါက် (၇)ခုနဲ့ ရေလှိုဏ်ဂူ 🦇
အမှောင်ကြောက် ၊ ရေကြောက်သူတွေမသွားသင့်တဲ့ ဂူပေါက် (၇)ခုနဲ့ ရေလှိုဏ်ဂူ 🦇
ဒီဂူလေးက ဘားအံမှာရှိပြီး
ရသေ့ပျံဂူနဲ့ကပ်ရပ်မှာပဲ ရှိပေမယ့် အများစုက ကျော်သွားတတ်ကြတဲ့ နေရာလေးတစ်ခုပါ
ထူးခြားချက်ကတော့ ဒီဂူက လှေနဲ့ပဲဝင်လို့ရပြီး ၊ဂူပတ်ပတ်လည်မှာ ဝင်ပေါက် (၇) ခုရှိပါတယ်
အထဲမှာ လုံးဝမှောင်ပြီး အလင်းရောင်မရှိတဲ့အတွက် ဓာတ်မီးတွေနဲ့မှပဲဝင်လို့ရပြီး ၊ ကိုယ့်ဘာသာဝင်ဖို့ လုံးဝ (လုံးဝ) မဖြစ်နိုင်တဲ့နေရာပါ
ဂူထဲမှာ လင်းနို့တွေလည်းရှိတာမို့ မကြောက်တတ်ရင် တကယ်စိတ်လှုပ်ရှားဖို့ကောင်းတာမို့ ဘားအံရောက်ရင် သွားကြည့်ကြပါလို့ . . .
Yours in Adventure
Saw Ko Oo (Backpacker’s Notes)
IG : https://www.instagram.com/saw.ko.oo/#
မသေခင်ကမ္ဘာကြီးကိုကြည့်သွားမယ်_ကျောပိုးအိတ်လေးလွယ်ပြီးတော့
မိုးရာသီ ဇွဲကပင်တောင်ကြားအလှကို
အတူတူ ခံစားရအောင်
📍Hotel Karen Valley
တချို့အခိုက်အတန့်တွေက အိပ်မက်နဲ့တူတယ် . . . ဒါပေမယ့် အိပ်မက်မဟုတ်ဘူး 🍃
လှေစီးပြီးမှသွားလို့ရတဲ့ ဘားအံက စပါးဂူ
လှေစီးပြီးမှသွားလို့ရတဲ့ ဘားအံက စပါးဂူ။ ဒီဂူလေးကို ဘားအံရောက်သူတော်တော်များများ နေရာမသိလို့ကျော်သွားမိတတ်ကြလို့ Hidden Cave လေးလိုဖြစ်နေတာ။ တကယ်တော့ ရသေ့ပျံဂူနားလေးတင်ရှိတာ ၊ နွေရာသီဆို လမ်းလျှောက်ဝင်လို့ရပေမယ့် ခုလိုမိုးရာသီဆိုရင်တော့ လှေနဲ့ပဲသွားလို့အဆင်ပြေတာ။ လူတွေအများကြီးမရှိပဲ အမြဲတိတ်ဆိတ်နေတဲ့ဂူမို့လို့ ဘားအံရောက်ရင် သွားကြည့်ပါလို့
Yours in Adventure
Saw Ko Oo (Backpacker’s Notes)
IG : https://www.instagram.com/saw.ko.oo/
#မသေခင်ကမ္ဘာကြီးကိုကြည့်သွားမယ်_ကျောပိုးအိတ်လေးလွယ်ပြီးတော့
Podcast : လက်လျှော့လိုက်သော အိပ်မက်များအကြောင်း
ပထမဆုံးအကြိမ် ၊ တစ်ကြိမ်တည်းအစမ်းသွင်းထားတာဖြစ်လို့ အမှားပါရင် စိတ်မရှိကြပါနဲ့