31/03/2024
တန်ဟက် ပဲ မှားနေတာလား
ကစားသမားတွေပဲ အပျင်းကြီးနေတာလား
အသင်းကြီးဆိုတာ နိုင်ပွဲ ဆာလောင်မှု နဲ့
အသင်းကို ထိပ်တန်းအဆင့်တခုမှ ဆွဲတင်ထားမယ့်
ကစားသမားတွေလိုအပ်တယ်
ပြီးခဲ့တဲ့ ပွဲမှာ လီဗာပူး ကို နိုင်လိုက်တာဟာ
တန်ဟက် အတွက်
အသက်ကယ်ဆေးဆိုတာထက်
အသက်ဆက်ဆေးပါပဲ။
လီဗာပူး ကို နိုင်တာ ခဏတာပျော်စရာဖြစ်ခဲ့ပေမယ့်
ဘရန့်ဖို့ နဲ့ ပွဲမှာတော့ ဒီရာသီ မန်ယူ ရဲ့
ခြေစွမ်းအစစ်အမှန်ပြန်ပြခဲ့တယ်။
အဝေးကွင်းမှာ ဘရန့်ဖို့ ကပဲ တပွဲလုံး
ဦးဆောင်ပြီးကစားခဲ့တာကတော့ မန်ယူ ရဲ့
တပွဲနဲ့တပွဲ ခြေစွမ်းကွာဟလွန်းမှုကို
မီးမောင်းထိုးပြနေပါတယ်။
မန်ယူ အသင်းက ဘုတ်အဖွဲ့ဝင်တွေကတော့
တန်ဟက် နေရာမှာ ဆောက်ဂိတ် နဲ့ အစားထိုးမယ်ဆိုတဲ့ ပြင်ဆင်ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီး
အသံထွက်နေပါတယ်။
မန်ယူ ပရိသတ် တွေထဲမှာတော့
တန်ဟက် ကို မဖြုတ်စေချင်တဲ့သူတွေများသလို
နည်းပြ သစ် ပြောင်းစေချင်တဲ့သူတွေလည်းများလာပါပြီ။
ရာသီကုန်မှာ မန်ယူ ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့
ဝေးခဲ့ရင်တော့ တန်ဟက် ဆက်ရှိနေဖို့ဆိုတာ
ဖြစ်နိုင်မယ်မထင်တော့ပါဘူး။