
26/10/2024
နယ်မြေသစ်တွေ ကို ကြိုက်နှစ်သက်တဲ့ ကိုယ့်အတွက်
တစ်ယောက်တည်း လည်း လောကဓံကို
အံတု အနိုင်ယူနိုင်အောင် ကြိုးစားရမှာပါ။
လောကကြီးမှာ မင်းကို လိုအပ်သူထက်
မလိုချင်သူက များပြားတယ်ဆိုတာ သိတဲ့နေ့
မင်းအောင်မြင်ခြင်း လမ်းစပေါ် ရောက်တဲ့နေ့ပါ။
မင်း ဘယ်လောက်ပဲ ပေးဆပ်ခဲ့
မင်းအပေါ် နက်ရှိုင်းမှု မရှိတဲ့ လူအချို့က
မင်း ကျရှုံးနေချိန် လက်ကမ်းကူမှာထက်
လှောင်ပြောင်ပြီး ရယ်မောနေကြပါလိမ့်မယ်။
အချို့အရာတွေက ရင်ထဲမှာ သိမ်းထားပြီး
အမြဲတွေးနေရင် ကိုယ့်အတွက် ခွန်အားဖြစ်ပေမယ့်
အချို့အရာတွေက ရင်ထဲကနေ အပြီးပိုင်
မောင်းထုတ်ပစ်လိုက်တာက အေးချမ်းစေပါတယ်။
အချို့လူတွေရဲ့ မျက်နှာမှာ အပြုံးချိုချိုလေးနဲ့
မင်းရဲ့ ဘဝကြီးကို စုတ်ပြတ်သွားအောင်
လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မင်းသတိထားတက်ရမယ်။
အချို့လူတွေကျ မျက်နှာမှာ မင်းလိုချင်တဲ့
အပြုံးချိုချိုလေး မရှိပေမယ့် မင်းဒုက္ခရောက်တိုင်း
မင်းရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးတက်တယ်။
ဒါကြောင့်မို့ မင်းဘဝမှာ တွေ့ကြုံသမျှဟာ
အတုအယောင်တွေကသာ များပြီး
အစစ်အမှန်က အင်မတန် နည်းတယ်ဆိုတာ
မင်းသိလာတဲ့ တစ်နေ့ ......
မင်းရဲ့ ရပ်တည်မှုက အရင်ကထက်
ပိုပြီး သန်မာလာပါလိမ့်မယ် ။
တစ်ယောက်တည်းလည်း
မင်း လောကဓံ ကို ဖြတ်သန်းနိုင်ရမယ်လေ။
အားလုံးကို ကျော်ဖြတ် အနိုင်ယူလိုက်ပါ ။
Satt Khaung
25 Oct 2024