Myanmar Celebrity TV

Myanmar Celebrity TV Myanmar Celebrity is one of the best Digital Media Platforms in Myanmar.
ဆက်သွယ်ရန်: +959 770335599 ဆက်သွယ်ရန် ..

Advertisement & Business Contact
Mobile: +959 770 335599, +959 780 335599

23/02/2025

‘ဝေလာ နဲ့ မမစိုးပြည့် က အရမ်း ခင်ကြတဲ့ သူတွေပါ။ မမစိုးပြည့် နဲ့ Two Ladies Show ဆိုဖို့ ရှိပါတယ်။ တေး နဲ့ မန်း ရဲ့ Two Ladies Show ပါ’ လို့ ပြောလာတဲ့ ဝေလာရီ နှင့် ခဏတာ။

#ဝေလာရီ #စိုးပြည့်သဇင် #ကြင်ဖော် #စိုးပြည့် #ဝေလာ

23/02/2025

‘ကျနော် သီချင်း မဆိုတတ်ပါဘူး.. ပွဲတိုင်းမှာ ကိုယ် ဆိုနေကြ သီချင်းတွေကိုပဲ ထပ်ထပ် ဆိုနေတာပါ။ ဒီသီချင်းတွေ ဆိုပါများလာတော့ သီချင်း ဆိုတတ်သလို ဖြစ်လာတယ်’ လို့ ပြောလာတဲ့ ရှင်မွေလ နှင့် ခဏတာ။

#ရှင်မွေလ

23/02/2025

‘အခုချိန်မှာ မင်းသမီး လို့ မခေါ်ပါနဲ့ဦး.. ကိုယ့်ကိုယ်ကို ရှက်မိနေသေးတယ်.. နောက်ထပ် ၅ / ၆ ကားလောက် ထပ်ရိုက်ပြီး၊ အရည်အချင်း ရှိတယ်ဆိုမှ မင်းသမီး ခေါ်ပေးပါ’ လို့ ပြောလာတဲ့ မီးမီး / အိအိအောင်ထွန်း နှင့် ခဏတာ။

#မီးမီး #အိအိအောင်ထွန်း

23/02/2025

‘သားသမီး (၄) ယောက် အတွက် ရုန်းကန်မယ် ဆိုတဲ့ စိတ် နဲ့ ရပ်တည် ကြိုးစားနေပါတယ်။ ငွေတိုး ကျပ် တစ်သိန်း နဲ့ ငါးပိရည် စရောင်းခဲ့တာပါ.. အခုဆိုရင် တစ်နေ့ကို ကျပ် နှစ်သိန်းဖိုး လောက်အထိ ရောင်းရပါတယ်’ လို့ ပြောလာတဲ့ တစ်ကိုယ်ရေ မိခင် မမိုး ၏ ဘ၀အမော…

#ငါးပိရည် #မြန်မာငါးပိရည် #ငါးပိရည်သည် #တစ်ကိုယ်ရေမိခင်

23/02/2025

‘သားသား ရဲ့ ပထမဦးဆုံး ဇာတ်ကားလေးမှာ ပါဝင် သရုပ်ဆောင် ပေးဖြစ်ပါတယ်။ သားသား က အရမ်း လိမ္မာတဲ့ ကလေးမို့ မြေတောင်မြှောက်ပေးချင်တယ်’ လို့ ပြောလာတဲ့ မေထွဋ်ခေါင် ၊ ရထိုက် တို့နှင့် ခဏတာ။

#မေထွဋ်ခေါင် #ရထိုက်
#ပလုံကောက် #ပလုံကောက်သူ

23/02/2025

‘အစ်ကိုတစ်ယောက်အနေနဲ့ ညီမလေးကို ဘာမှ မချုပ်ချယ်ထားဘူး။ ညဘက် ကိုယ့်အိမ်မှာ ကိုယ် ပြန်အိပ်ဖို့ တစ်ခုပဲ မှာထားတယ်’ လို့ ပြောလာတဲ့ ကောင်းမြတ်စံ နှင့် ခဏတာ။

#ကောင်းမြတ်စံ

23/02/2025

‘မြန်မာစကား မပီတာကိုက မီးမီး ရဲ့ ဖက်ရှင်၊ မီးမီး ရဲ့ စတိုင် ဖြစ်နေပြီ။ မီးမီး က ဘယ်လိုမှန်းမသိဘူး.. မိုက်တော့ မိုက်နေတာပဲ’ လို့ ပြောလာတဲ့ ရှင်မွေလ ၊ မီးမီး / အိအိအောင်ထွန်း တို့နှင့် ခဏတာ။

#မီးမီး #အိအိအောင်ထွန်း #ရှင်မွေလ

23/02/2025

‘ကိုဟိန်းဝေယံ က ငယ်ငယ်လေး ကတည်းက အားပေးရတဲ့ မင်းသားပါ။ အသက် ကြီးလာပေမယ့် သူ့ ရဲ့ ငယ်ရွယ်မှုတွေက မပြောင်းလဲသွားဘူး’ လို့ ပြောလာတဲ့ ဝေလာရီ၊ ဟိန်းဝေယံ တို့နှင့် ခဏတာ။

#ဝေလာရီ #ဟိန်းဝေယံ #မွန်ဘာသာစကား

23/02/2025

‘ညီမလေးက အကြော် ကြော်တဲ့ အလုပ် လုပ်နေတယ်။ တစ်ခါတစ်လေ တစ်ရက် (၅) သောင်းလောက်ရတော့ ကိုယ့်ထက် ဝင်ငွေ ကောင်းနေပြီ။ သူ့ကို အလုပ် မလုပ်စေချင်သေးပေမယ့် ဘဝအကြောင်း နားလည် စေချင်တယ်’ လို့ ပြောလာတဲ့ ခန့်ကျော် နှင့် ခဏတာ။

#ခန့်ကျော်

23/02/2025

‘ဇာတ်ပို့ နေရာတွေမှာ မင်းသား/ မင်းသမီးတွေကို ထည့်သုံးရင် ဇာတ်ကားက ပိုပြီး အောင်မြင်မယ် ထင်လို့ သုံးကြတာပါ။ အနုပညာကြေးလည်း ဇာတ်ပို့တွေထက် ပိုပေးရမှာပါ။ အကယ်ဒမီ ကိုတော့ ဇာတ်ပို့/ ဇာတ်ရံ စစ်စစ်တွေကိုပဲ ရစေချင်တယ်’ လို့ ပြောလာတဲ့ မိုးဒီ နှင့် ခဏတာ။

#မိုးဒီ #ဦးမိုးဒီ #​MyanmarActor #လူရွှင်တော်ကြီး #အကယ်ဒမီ #ရုပ်ရှင်အကယ်ဒမီ

23/02/2025

‘တီးလုံးသံ ကောင်းကောင်း မကြားရတော့ အာရုံများပြီး သီချင်း စာသား မေ့သွားတာပါ။ ပြုတ်နိုင်တယ်လို့ သိခဲ့ပေမယ့် Voting နဲ့ ကယ်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ အပိုင်နိုင်ဆုံး သီချင်းတွေကို ဆိုပြခွင့် မရလိုက်လို့ ခံပြင်းမိတယ်’ လို့ ပြောလာတဲ့ ငွါးချယ်သား နှင့် ခဏတာ။

#ငွါးချယ်သား

23/02/2025

‘အနုပညာရှင်တွေ မန်နေဂျာ ထားရင် ကိုယ့်အောင်မြင်မှု လမ်းကြောင်းမှာ ကျေးဇူးရှိဖူးခဲ့တဲ့ သူတွေကို ပြောထားသင့်တယ်။ ဒါမှ မန်နေဂျာက မချေမငံ မဆက်ဆံမိမှာပါ’ လို့ ပြောလာတဲ့ မေဦးမောင် နှင့် ခဏတာ။

#မေဦးမောင် #ဂျွန်လွင်

23/02/2025

‘တချို့က ကျနော့်ကို သရုပ်ဆောင် မလုပ်စေချင်ကြဘူး။ ခင်စံပယ်ဦး မျိုးဆက်မှာ ကျနော်မှ အနုပညာ မလုပ်ရင် မျိုးဆက် ပြတ်သွားမှာစိုးလို့ ထိန်းသိမ်းတဲ့ အနေနဲ့ အနုပညာ ဆက်လုပ်နေတာပါ’ လို့ ပြောလာတဲ့ စစ်နိုင်သီဟဦး နှင့် ခဏတာ။

#စစ်နိုင်သီဟဦး #ခင်စံပယ်ဦး #သီဟတင်စိုး

23/02/2025

‘ကိုရီးယားမှာ အခြေခံ အလုပ်သမားဘဝ နဲ့ (၃) နှစ် ဖြတ်သန်းခဲ့ဖူးတယ်။ အခြေခံ အလုပ်သမား နဲ့ လူတန်းစားတွေ ရဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ ဘ၀တွေကို ပိုနားလည်ခဲ့တယ်။ အိမ်လွမ်းတဲ့ စိတ်တွေကို သိလာခဲ့တယ်’ လို့ ပြောလာတဲ့ နေမင်း နှင့် ခဏတာ။

#နေမင်း

23/02/2025

‘အောင်ပန်းစုံ' ကြော်ငြာ ရိုက်ဖို့ အတွက် (၁၀) ရက် အတွင်းမှာ (၁၅) ပေါင်လောက် ဝိတ်ချခဲ့ရတယ်။ အလုပ်တစ်ခု ပေါ်လာတိုင်း အသေးစိတ် ပြင်ဆင်ပြီးမှ ရိုက်ပေးရတာကို ပိုသဘောကျတယ်’ လို့ ပြောလာတဲ့ Zell နှင့် ခဏတာ။

အောင်ပန်းစုံ ကွန်ကရစ် အလှဆင်လုပ်ငန်း ကြော်ငြာ အတွက် သရုပ်ဆောင် Zell နဲ့အတူ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က စက်ရုံ တည်ရှိရာ အမှတ် ၃/၈၊ ကာယ (၈) လမ်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် တွင် ရိုက်ကူးခဲ့ပါတယ်။

အောင်ပန်းစုံ ကွန်ကရစ် အလှဆင်လုပ်ငန်းဟာ အဆောက်အဦးနဲ့ ခြံစည်းရိုးတွေကို အလှဆင်ပေးတဲ့ လုပ်ငန်းဖြစ်ပြီး၊ ပစ္စည်းကောင်း၊ အရည်အသွေးကောင်း သုံးချင်တဲ့ Customer တွေ အတွက် ရည်ရွယ်ကာ အာမခံချက် အပြည့်နဲ့ ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်း ဘားအံ၊ တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့မှာ ဆိုင်ခွဲများ ဖွင့်လှစ်ထားသည်။

#အောင်ပန်းစုံကွန်ကရစ်အလှဆင်လုပ်ငန်း #အောင်ပန်းစုံ #ကွန်ကရစ် #အလှဆင် #ကွန်ကရစ်အလှဆင်လုပ်ငန်း

23/02/2025

ရန်ကုန်၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ် စေတီတော် ရဲ့ မုခ်ဦးပန္နက်တော်တင် အခမ်းအနားကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ သိန်းတော် ကုမ္ပဏီလီမိတက်မှ ဦးအေးနိုင်ဦး၊ ဦးမြင့်သန်း၊ ဦးမြင့်သိန်း တို့မှ ကျိုက်မှော်ဝန်းရေလယ် စေတီတော် မုခ်ဦး နှင့် ခြံစည်းရိုး ပြုပြင်ရန် အတွက် ကျပ်သိန်း (၁,၃၈၀) ကို လှူဒါန်းခဲ့ပါတယ်။

#သိန်းတော်ကုမ္ပဏီလီမိတက် #ကျိုက်မှော်ဝန်းရေလယ်စေတီ #မုခ်ဦးအလှူ #ကေတုမဏီကားအရောင်းစင်တာ

23/02/2025

‘အသက် (၃၉) နှစ်ပြည့်မှာ ပြန်သုံးသပ်ကြည့်တော့ လွန်ခဲ့တဲ့ (၄) နှစ်က ပုံစံနဲ့ မတူတော့ဘူး။ လောဘ လည်း နည်းလာတယ်။ အိပ်မက်တွေ ရှိသေးပေမယ့် တစ်ရက်ချင်းစီတိုင်း အတွက်ပဲ ရှင်သန်တော့တယ်’ လို့ ပြောလာတဲ့ ရေဗက္ကာဝင်း နှင့် ခဏတာ။

အဆိုတော် ရေဗက္ကာဝင်း ၏ (၃၉) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အလှူအဖြစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် သန်လျင် ၊ MYC Children Home မှာ ထမင်းနဲ့ ဟင်း စတုဒိသာ ကျွေးခဲ့ပါတယ်။

#ရေဗက္ကာဝင်း #ရေဗက္ကာ

23/02/2025

‘ကမ္ဘာသစ် ရဲ့ ဖတ်လက်စမျက်ဝန်း’ မှာ ကိုပြေတီ နဲ့ စဆုံခဲ့တာပါ။ ကျနော်တို့ နှစ်ယောက် ရဲ့ ရုပ်ရှင် ထုတ်လုပ်ရေး က ခရေဖြူ ပဲမို့ ဇာတ်ကား အတူတူ ရိုက်ဖြစ်ရာကနေ သူ့ညီအရင်း တစ်ယောက်လို ခင်မင်ပြီး၊ အရမ်း ဖေးမကူညီခဲ့တယ်’ လို့ ပြောလာတဲ့ နေမင်း နှင့် ခဏတာ။

#နေမင်း #ပြေတီဦး #ကမ္ဘာသစ်ရဲ့ဖတ်လက်စမျက်ဝန်း

ที่อยู่

Bangkok
10110

เบอร์โทรศัพท์

+66808377855

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Celebrity TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Celebrity TV:

วิดีโอทั้งหมด

แชร์