
23/02/2025
Mythic SEAL အသင်းရဲ့ Official Roster ကတော့ ထွက်ပေါ်လာပါပြီ။ သိပ်မကြာသေးမီအချိန်က ၂၄ ရက်နေ့မှ ထုတ်ပြန်ကြေညာမယ်လို့ တင်ထားခဲ့ပေမဲ့
အကြောင်းအမျိူးမျိူးကြောင့် ပရိသတ်တွေကို အစောတလျင် ချပြလာပြီ ဖြစ်ပါတယ်။
Mythic SEAL ဟာ Coach Lynn Daddy နဲ့ လက်တွဲပြီးတိုက်ပွဲဝင်ခဲ့ဖူးတဲ့ ကစားသမားတွေဖြစ်တဲ့ Niko,Kalay,Bo Ye' တို့ကို အသင်းထံခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် Ai Esports နဲ့ Team Mahar တို့မှာ ဆော့ကစားခဲ့ဖူးပြီး ပရိသတ်တွေနဲ့ သိပ်မစိမ်းကြတဲ့ player ဖြစ်တဲ့ Blaze ကို ခေါ်ယူအားဖြည့်ထားတာလည်း တွေ့ရပါတယ်။
အသင်းစထောင်ချိန်တည်းက လက်တွဲလာတဲ့ old player တွေဖြစ်တဲ့ Rubydd နဲ့ Justin တို့ကိုတော့ Brand Ambassador အဖြစ်သာ မြင်တွေ့ရတော့မှာပါ။
Kenn နဲ့ Zippy ဦးဆောင်လာပြီး တောင့်တင်းတဲ့ Line-up တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Mythic SEAL အသင်းအနေနဲ့ ဘယ်လောက်ထိ ခရီးဆန့်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။