Ko Leo Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Leo Vlog, ครีเอเตอร์ดิจิทัล, No. 71, Sukhumvit Road, Bangkok.

ဘန်ကောက်မြို့ Sukhumvit (4) လမ်းထဲက ibis Styles Hotel မှာ ဘာကြောင့် တည်းသင့်တာလဲ?🔹ကုန်ကျစရိတ်လည်းသက်သာအောင် လေဆိပ်ကနေ  i...
23/02/2025

ဘန်ကောက်မြို့ Sukhumvit (4) လမ်းထဲက ibis Styles Hotel မှာ ဘာကြောင့် တည်းသင့်တာလဲ?
🔹ကုန်ကျစရိတ်လည်းသက်သာအောင် လေဆိပ်ကနေ ibis ဟော်တယ်ကို ဘယ်လိုသွားရမလဲ?
🔹Novotel အဆောက်အဦး မှာပဲ တွဲလျက်ဖွင့်ထားတဲ့ ဒီ ibis style hotel က (3) Star အဆင့်ဆိုပေမယ့် (4) Star နီးပါး အဆင့်ရှိပါတယ်။
🔹ကျတော် ဘန်ကောက်ကို အလည်အပတ်သွားတဲ့ တစ်လျှောက် ဟော်တယ်တစ်ခုပြီး တစ်ခုပြောင်းတည်းလေ့ရှိပါတယ်။ ပေးရတဲ့ဈေးနဲ့ တန်တဲ့ ဟော်တယ်တွေဆို ဘန်ကောက်ကို အခုမှလာမည့် ခရီးသွားမိတ်ဆွေတွေရယ် ၊ ဟော်တယ်ရှာနေတာ အခုအထိ အဆင်မပြေသေးတဲ့ မိတ်ဆွေတွေ အတွက် ပြန်လည်မျှဝေပေးတာ ဖြစ်ပါတယ်။
🔹ibis styles ဟော်တယ်မှ Na Na (BTS မိုးပျံရထား) ဘူတာအထိ အကြို/အပို့ Shuttle Bus Service လည်းရှိပါတယ်။မနက် 8:00 နာရီမှ စတင်ကာ ည 9:00 နာရီအထိ နာရီဝက် ခြား တစ်ခါ အကြို/အပို့ လည်းရှိတဲ့အတွက် Airport Rail Link စီး၊BTS စီးပြီးလာတဲ့သူတွေအတွက် Luggage အိတ်တွေ သယ်ပြီး ဟော်တယ်အထိ လမ်းလျှောက်စရာလည်းမလိုသလို၊Taxi တို့ Tuk Tuk တို့လည်း ထပ်ငှားစရာမလိုတဲ့အတွက် အဆင်ပြေပါတယ်။
🔹ဟော်တယ်ရောက်တဲ့အခါ Passport စာအုပ်နဲ့ Booking စာရွက် ကို ပြလိုက်ရုံပါပဲ။Deposit အနေနဲ့ ဘတ် ၁၀၀၀ ပေးထားရပါတယ်။ ဟော်တယ် Check Out လုပ်ရင် ဘတ် ၁၀၀၀ ပြန်ပေးပါတယ်။
🔹နောက်တစ်ခု ဒီဟော်တယ်ကိုကြိုက်တဲ့ အချက်တစ်ချက်ရှိပါသေးတယ်၊ရှေ့ (၄)ကြိမ်တုန်းက Citadine,Ruamchitt,LYF,Ten Star Inn တို့မှာတည်းခဲ့တုန်းက ဟော်တယ်ကို စောစောရောက်လည်း အခန်းအားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ 2:00 Pm ထိုးမှ အခန်းထဲပေးဝင်တာပါ။ဒီ ibis style ဟော်တယ်ကတော့ ကျတော် မနက် 7:30 လေယာဉ်နဲ့ ဘန်ကောက်ကို လာပြီး ဟော်တယ်ကို 10 နာရီခွဲဝန်းကျင်လောက် ရောက်တာတောင် ချက်ချင်း အခန်းရပါတယ်။ တကယ်တော့ အခန်းက အပြည့်ပါ။
🔹ရေကူးကန်မှာ ရေကူးချင်တာတို့၊ဓါတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လည်း နောက်ခံရှုခင်းကလည်း တော်တော်အဆင်ပြေတဲ့အထဲမှာပါ ပါတယ်။
🔹နှစ်ယောက်ခန်း ကတော့ တစ်ရက်ကို ဘတ် 1950 ပါ။တစ်ယောက်ကို ဘတ် 974.5 လောက်ပဲကျပါတယ်။
🔹သွားရေး၊လာရေးအတွက်လည်း Na Na BTS Station နဲ့ နီးသလို၊ စားရေးသောက်ရေးအတွက်လည်း Asok Terminal 21 က Food Court မှာ ဈေးသက်သက်သာသာ နဲ့ စားလို့ရပါသေးတယ်။
🔹သုဝဏ္ဏဘူမိ လေဆိပ်ကနေ Sukhumvit (4) လမ်းက ibis style ဟော်တယ်ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဘယ်လိုသွားရမလဲ?
🔹သုဝဏ္ဏဘူမိလေဆိပ် Airport Rail Link ကနေ Phaya Thai အထိစီးပါ။ ရထားစီးခကတော့ (၄၅)ဘတ်ပါ။ကြာချိန်ကတော့ (၂၇) မိနစ်ပါ။
🔹ပြီးရင် Phaya Thai ကနေ Na Na အထိ BTS ပြောင်းစီးပါ။ BTS စီးခကတော့ (၃၅)ဘတ်ပါ။ကြာချိန်ကတော့ (၉)မိနစ်ပါ။လေဆိပ်ကနေ ဟော်တယ်အထိ ဘတ် ၇၀ ထဲဖြင့် ကုန်ကျစရိတ် သက်သက်သာသာ နဲ့ သွားလို့ရမှာလည်း ဖြစ်ပါတယ်။
🔹Na Na BTS မှတ်တိုင်ရောက်ရင် ibis style ဟော်တယ်က နာရီဝက် တစ်ခါ အကြို/အပို့ လုပ်ပေးသော Shuttle Bus ကို စောင့်ပြီး ဟော်တယ်ကို သွားရုံပါပဲ။
🔹Shuttle Bus ကို မစောင့်ချင်လို့ လမ်းလျှောက်သွားမယ်ဆိုပါက (၈) မိနစ်သာ လမ်းလျှောက်ရမှာပါ။
🔹အဲ့ဒီတော့ လေဆိပ်ကနေ ဟော်တယ်အထိ အရောက် ကြာချိန်ကတော့ (၄၄) မိနစ်သာကြာမှာပါ။ဟိုစောင့် ဒီစောင့် ဘူတာမှာ လမ်းနည်းနည်းလျှောက်ဆို မိနစ် (၅၀) လောက်ဆို လုံလောက်ပါတယ်။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက်မြို့ထဲကို သုဝဏ္ဏဘူမိ လေဆိပ်ကနေ Airport Rail Link 🚊စီးပြီး ဘယ်လိုသွားရမလဲ?🔹ဘန်ကောက်ကို လာတိုင်း လေဆိပ်ကနေ မိမိတည...
22/02/2025

ဘန်ကောက်မြို့ထဲကို သုဝဏ္ဏဘူမိ လေဆိပ်ကနေ Airport Rail Link 🚊စီးပြီး ဘယ်လိုသွားရမလဲ?
🔹ဘန်ကောက်ကို လာတိုင်း လေဆိပ်ကနေ မိမိတည်းမယ့် Hotel ဆီကို Airport Rail Link စီးပြီးလာဖြစ်တာများပါတယ်။ ဘာလို့လဲဆိုတော့ 👇
🔹ခရီးစရိတ်သက်သာတာရယ်
🔹ကားစီးသလိုမျိုး ကားလမ်းမပိတ်ပဲ ဟော်တယ်ကို ရောက်မည့်အချိန်မှန်းရတာ လွယ်ကူတာကြောင့်ရယ်
🔹ကားနဲ့သွားတာထက် Airport Rail Link က ပိုမြန်တာရယ် ကြောင့်ပါ။
🔹အကယ်၍ မိမိက လေဆိပ်ကနေ ဘန်ကောက်မြို့ထဲကို Grab Taxi ငှားသွားမယ်ဆို ဘတ် ၅၀၀ ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

🚊Airport Rail Link ဘယ်လို စီးရတာလဲ ဆိုတာပြောပြပေးပါမယ်။
🔹ပထမဆုံး လေဆိပ်ရဲ့ အောက်ထပ် (Ground Floor) ကိုဆင်းရပါမယ်။စက်လှေကားရော၊ ဓာတ်လှေကားပါရှိပါတယ်။အညွှန်းတွေလည်းပြထားပါတယ်။ ရထားပုံ အနီ နဲ့ အပြာ သင်္ကေတ ပုံလေးနဲ့ပါ။
🔹မြေအောက်ထပ်ကို ရောက်ရင် ရထားလက်မှတ် အရင်ဝယ်ရပါမယ်။Ticket Counter ကနေဝယ်လို့ရသလို ၊ Ticket Machine ကနေလည်းဝယ်လို့ရပါတယ်။
🔹ဘူတာအမည်တွေပြောရတာခက်တယ်ဆိုရင်လည်း၊မိမိသွားချင်တဲ့ ဘူတာ နံပါတ်ကိုသိထားရင်လည်းအဆင်ပြေပါတယ်။ စုစုပေါင်း ရထားဘူတာ က A1 ကနေ A8 အထိရှိပါတယ်။
🔹A1 က သုဝဏ္ဏဘူမိ Airport Station ပါ။ ဂိတ်ဆုံး A8 ကတော့ Phaya Thai Station ပါ၊ဂိတ်ဆုံးအထိ စီးမယ်ဆို 45 ဘတ်ပါ။
🔹မြန်မာတွေ အသွားများတဲ့ Pratunam Area ကိုသွားချင်ရင်တော့ A7 Ratchaprarop Station မှတ်တိုင်မှာ ဆင်းရပါမယ်။
🔹အဲလိုမဟုတ်ဘဲ Asok,Na Na ဧရိယာကို လမ်းမလျှောက်ပဲ သွားမယ်ဆို A8 Phaya Thai Station အထိစီးပါ၊ပြီးမှာ BTS ပြောင်းစီးပြီး Na Na မှာ ဆင်းပါ။
ရထားခကတော့ THB 15 ကနေ THB 45 အထိ မိမိဆင်းမည့် ရထားဘူတာ ပေါ်မူတည်းပြီး ကျသင့်ပါမည်။
📌မိမိတည်းမယ့် ဟော်တယ် က Airport Rail Link ဖြတ်တဲ့မှတ်တိုင်တွေနဲ့ဝေးတာပဲဖြစ်ဖြစ်၊အထုတ်အပိုးအရမ်းများရင်တော့ Taxi နဲ့သာ ပိုသင့်တော်ပါတယ်။
"အားလုံးအဆင်ပြေကြပါစေ🙏"

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် (4)လွှာ ပြည်ပထွက်ခွာ (Departure) မှာရှိတဲ့ Repack Area ဆိုတာ ဘာလဲ?🔸မိမိ ရဲ့ Luggage အိတ်ထဲမှာ ...
21/02/2025

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် (4)လွှာ ပြည်ပထွက်ခွာ (Departure) မှာရှိတဲ့ Repack Area ဆိုတာ ဘာလဲ?
🔸မိမိ ရဲ့ Luggage အိတ်ထဲမှာ လေယာဉ်ပေါ်ကို တင်ဆောင်ခွင့်မပြုတဲ့ ပစ္စည်းတွေပါလာတာပဲဖြစ်ဖြစ်၊အပ်မည့် Luggage အိတ်ထဲမှာ ဓါးတို့၊ကတ်ကြေးတို့၊ဓါတုပစ္စည်းတို့၊1000ml ထက်ပိုသော အရည်တို့၊32000mAh ထက်ပိုသော Power Bank တို့ ထည့်ထားမိခဲ့ရင်တော့ Luggage ကို Check In Counter မှာ မအပ်ခင် ပစ္စည်း ပြန်ထုတ်တဲ့အခါ Repack Area မှာ ပြန်လည်ထုတ်ပိုးရမှာ ဖြစ်ပါတယ်။
🔸တချို့ဒါကိုမသိတဲ့အခါ Luggage ကြီး ကြမ်းပြင် အောက်ကိုချ ဖွင့်ပြီး ပြန်ထုတ်တာတို့၊ဒါမှမဟုတ် ကြုံတဲ့နေရာမှာ Luggage ကြီးဖွင့်ပြီးပြန်ထုတ်၊ပြန်ထည့်တာတို့ လုပ်တဲ့အချိန် မိမိရဲ့ နောက်မှာတန်းစီနေတဲ့ ခရီးသည်တွေလည်းရှိမှာပါ၊ခရီးသည်နည်းတဲ့အချိန်တော့ ပြဿနာမရှိပေမယ့် ၊ခရီးသွားတဲ့သူတွေ တန်းစီတာ အရမ်းများတဲ့အခါမှာတော့ မိမိကြောင့် နောက်မှာတန်းစီစောင့်နေတဲ့ ခရီးသည်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
🔸ဒါကြောင့် မိမိပစ္စည်းပြန်ထုတ်ချင်တာပဲဖြစ်ဖြစ်၊ပြန်ထည့်ချင်တာပဲဖြစ်ဖြစ် Repack Area မှာ ပြုလုပ်ဖို့ကို မသိသေးသော ခရီးသွားမိတ်ဆွေတွေအတွက် Ko Leo Vlog မှ မျှဝေပေးခြင်းဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ"

K Pay ထဲက Oway Travel နဲ့ MAI လေယာဉ်လက်မှတ်ကို အလွယ်တကူ ဘယ်လိုဝယ်ရမလဲ?🔹အရင်ဆုံး K Pay ထဲမှာ လေယာဉ်လက်မှတ်ဖြတ်ဖို့အတွက် လ...
21/02/2025

K Pay ထဲက Oway Travel နဲ့ MAI လေယာဉ်လက်မှတ်ကို အလွယ်တကူ ဘယ်လိုဝယ်ရမလဲ?
🔹အရင်ဆုံး K Pay ထဲမှာ လေယာဉ်လက်မှတ်ဖြတ်ဖို့အတွက် လုံလောက်တဲ့ ငွေပမဏရှိရပါမယ်။
🔹K Pay ထဲကိုဝင်ပါ။
🔹Home ရဲ့ ဘေးနားက Life ကိုနှိပ်ပါ။
🔹Oway Travel ကို နှိပ်ပါ။

(1)Round Trip ကိုနှိပ်ပါ။
🔹Leaving From မှာ Yangon International Airport ကိုရွေးလိုက်ပါ။
🔹Going To မှာ Suvarnabhumi Airport (BKK) ကိုရွေးလိုက်ပါ။
🔹Depart Date - မိမိသွားမည့် နေ့ရွေးပါ။
🔹Return Date - မိမိပြန်မည့် နေ့ရွေးပါ။
🔹Search ကိုနှိပ်လိုက်ပါ။

(2)ရန်ကုန်-ဘန်ကောက် အသွားအတွက် ဈေးသက်သာတဲ့ လေယာဉ်လက်မှတ်ဈေး ကို အပေါ်ဆုံးမှာ တွေ့မြင်ရပါမယ်။
📌ဥပမာ- 25 Jan 2025 17:50 သွားမယ်ဆို မြန်မာကျပ် ၂၈၅,၂၅၉ ကျပ်သာကျသင့်ပါမယ်။
မိမိခရီးသွားမည့် အချိန်ရယ် ၊ ဈေးနှုန်းရယ် အဆင်ပြေတဲ့ဟာကို နှိပ်လိုက်ပါ။

(3)အသွားခရီးစဉ်အသေးစိတ်ပေါ်လာပါလိမ့်မယ်။
🔹ရန်ကုန်-ဘန်ကောက်
🔹သွားမယ့်ရက် - 25.Jan.2025
🔹လေယာဉ်ခရီးစဉ်နံပါတ် - 8M350
🔹ဘယ်အချိန်သွားမယ် ဘယ်အချိန်ရောက်မယ် - 17:50 ~ 19:40
🔹Checked Baggage - 30Kg
🔹Cabin Baggage (Hand Carry) - 7Kg
🔹Meal - Not Included
📌maiair .com မှာ တိုက်ရိုက်ဝယ်တယ်ဆိုရင်တော့ အစားအသောက် ရွေးလို့ရပါတယ်။
🔹ပြီးရင် Select Ticket ကိုနှိပ်ပါ။

(4) Return Flight-အပြန်လေယာဉ်လက်မှတ်အတွက် အချိန် နဲ့ လက်မှတ်ဈေးတွေ ပေါ်လာပါလိမ့်မယ်။အဲ့ဒီအထဲက မိမိ နဲ့ အဆင်ပြေမယ့် အချိန် နဲ့ လက်မှတ်ဈေးကို နှိပ်လိုက်ပါ။

(5) အပြန်အတွက် ခရီးစဉ်အသေးစိတ်ပေါ်လာပါလိမ့်မယ်။
🔹ဘန်ကောက်-ရန်ကုန်
🔹ပြန်မည့်ရက် - 28.Jan.2025
🔹လေယာဉ်ခရီးစဉ်နံပါတ် - 8M351
🔹ဘယ်အချိန်သွားမယ် ဘယ်အချိန်ရောက်မယ် - 20:45 ~ 21:35
🔹Checked Baggage - 30Kg
🔹Cabin Baggage (Hand Carry) - 7Kg
🔹Meal - Not Included
📌maiair .com မှာ တိုက်ရိုက်ဝယ်တယ်ဆိုရင်တော့ အစားအသောက် ရွေးလို့ရပါတယ်။
🔹ပြီးရင် Select Ticket ကိုနှိပ်ပါ။

(6)ရန်ကုန်-ဘန်ကောက် နဲ့ ဘန်ကောက်-ရန်ကုန် အချိန်တွေပြန်စစ်ပါ။
🔹Email မှာ မိမိရဲ့ E Mail လိပ်စာထည့်ပါ။
🔹Ph Number မှာ မိမိရဲ့ ဖုန်းနံပါတ်ထည့်ပါ။
🔹Traveler Info အောက်က Enter Traveler's Info ကိုနှိပ် လိုက်ပါ။

(7)First Name - Zaw နဲ့ Middle Name - Min ဖြည့်ပါ။
Last Name - Thwin ဖြည့်ပါ။
📌မိမိ၏ အမည်ကိုဖြည့်ပါ။
🔹Date Of Birth မှာ မိမိ၏ မွေးနေ့ကိုဖြည့်ပါ။
🔹Gender - ကျား ဆို Male ကိုရွေးပါ ၊ မ ဆို Female ကိုရွေးပါ။
🔹Nationality မှာ Myanmar ကိုရွေးပါ။
🔹Passport Number မှာ မိမိ၏ ပါတ်စပို့စ် နံပါတ် ဖြည့်ပါ။
🔹Passport Expiration Date မှာတော့ မိမိ၏ ပါတ်စပို့စ် စာအုပ်မှာပါတဲ့ သက်တမ်း ကုန်ဆုံးမည့်နေ့ကိုဖြည့်ပါ။
🔹ပြီးရင် Save Traveler ကိုနှိပ်ပါ။

(8)Add Travel protection to protect your trip by AYA Sompo ပေါ်လာပါလိမ့်မယ်။
🔹No Thanks,I will risk it.ကိုနှိပ်လိုက်ပါ။
🔹ပြီးရင် Continue ကိုနှိပ်ပါ။

(9)Overview and Payment ရဲ့ Traveler Details မှာ မွေးနေ့ ၊ ပါတ်စပို့စ် နံပါတ် နဲ့ ပါတ်စပို့စ် သက်တမ်းကုန်မည့်နေ့တို့ပြန်စစ်ပါ။
အကယ်၍ မှားနေခဲ့ရင် ခဲတံပုံစံလေးကိုနှိပ်ပြီး ပြန်ပြင်လို့ရပါတယ်။ပြီးရင် Continue ကိုနှိပ်ပါ။ငွေပေးချေတဲ့ ဟာပေါ်လာပါလိမ့်မယ်။

📌ဒီ Oway Travel မှာတော့ Online မှာ ဝယ်သလိုမျိုး ခုံနံပါတ် ရွေးတာတွေတော့မပါပါဘူး။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက်မြို့မှာ MRT နဲ့ BTS ရထားလက်မှတ် ဝယ်တာ၊လမ်းညွှန်မေးမြန်းတာ အသုံးပြုများတဲ့ အင်္ဂလိပ်စကားပြော😊1.လက်မှတ်ဝယ်ရန်🔸I w...
20/02/2025

ဘန်ကောက်မြို့မှာ MRT နဲ့ BTS ရထားလက်မှတ် ဝယ်တာ၊လမ်းညွှန်မေးမြန်းတာ အသုံးပြုများတဲ့ အင်္ဂလိပ်စကားပြော😊
1.လက်မှတ်ဝယ်ရန်
🔸I would like to buy a ticket to ......(to ရဲ့နောက်မှာ မိမိသွားလိုသောနေရာ)
ဥပမာ - I would like to buy a ticket to Siam.
🔸How much is a ticket to .....(to ရဲ့နောက်မှာ မိမိသွားလိုသောနေရာ)
ဥပမာ - How much is a ticket to Asok?
🔸One ticket to .....(to ရဲ့နောက်မှာ မိမိသွားလိုသောနေရာ), please.
ဥပမာ - One ticket to Mo Chit, please.

2.လက်မှတ်အမျိုးအစား
🔸I need a single journey ticket.
(တစ်ကြိမ်သွားလက်မှတ်)
🔸I need a round-trip ticket.
(အသွား/အပြန်လက်မှတ်)
🔸I need a day pass.
(တစ်နေ့စာလက်မှတ်)

3.ငွေပေးချေရန်
🔸Can I pay by cash/card?
ကဒ်/ငွေသားနဲ့ ပေးလို့ရလား?

4.လမ်းညွှန်မေးမြန်းရန်
🔸Which platform should I go to for (သွားလိုသောနေရာ)?
ဘယ်ပလက်ဖောင်းကို သွားရမလဲ?
🔸Where is the BTS/MRT station?
BTS/MRT ဘူတာက ဘယ်မှာလဲ?
🔸How do I get to Na Na?
Na Na ကို ဘယ်လိုသွားရမလဲ?

5.အခြားအရေးပေါ်စကားပြော
🔸Where is the restroom?
အိမ်သာက ဘယ်မှာလဲ?
🔸Is there a map I can see?
မြေပုံရှိလား?
🔸Can you help me, please?
ကျေးဇူးပြုပြီး ငါ့ကိုကူညီနိုင်မလား?
📌ဒီစကားပြောတွေကို အသုံးပြုပြီး ဘန်ကောက်မှာ MRT နဲ့ BTS လက်မှတ်ဝယ်တာ၊ လမ်းညွှန်မေးမြန်းတာကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။
"အားလုံးအဆင်ပြေကြပါစေ"

“အရေးပါသော အခြေခံအင်္ဂလိပ်စကားပြောများ”🔸ငါ စိတ်မကောင်းပါဘူး။  🔹I'm sorry.🔸ကျေးဇူးတင်ပါတယ်။  🔹Thank you.🔸ကျေးဇူးပါ။  🔹Tha...
20/02/2025

“အရေးပါသော အခြေခံအင်္ဂလိပ်စကားပြောများ”
🔸ငါ စိတ်မကောင်းပါဘူး။
🔹I'm sorry.

🔸ကျေးဇူးတင်ပါတယ်။
🔹Thank you.

🔸ကျေးဇူးပါ။
🔹Thanks.

🔸ကျေးဇူးအများကြီးတင်ပါတယ်။
🔹Thank you so much.

🔸ရပါတယ်။
🔹You're welcome.

🔸ဟုတ်ကဲ့။
🔹Yes.

🔸မဟုတ်ဘူး။
🔹No.

🔸ကျေးဇူးပြု၍။
🔹Please.

🔸တဆိတ်လောက်စောင့်ပါ။
🔹Wait a moment, please.

🔸ကျေးဇူးပြု၍ ကူညီပေးပါ။
🔹Please help me.

🔸ငါ ပျော်တယ်။
🔹I'm happy.

🔸ငါ ဝမ်းနည်းတယ်။
🔹I'm sad.

🔸ငါ ပင်ပန်းနေတယ်။
🔹I'm tired.

🔸ငါ ဗိုက်ဆာတယ်။
🔹I'm hungry.

🔸ငါ ရေဆာတယ်။
🔹I'm thirsty.

🔸ငါ နေမကောင်းဘူး။
🔹I'm not feeling well.

🔸ဆေးရုံကို သွားဖို့လိုတယ်။
🔹I need to go to the hospital.

🔸ငါ လမ်းများများ လျှောက်ခဲ့တယ်။
🔹I walked a lot.

🔸ငါ လမ်းမှားသွားတယ်။
🔹I got lost.

🔸ငါ နားလည်ပါတယ်။
🔹I understand.

🔸ငါ မနားလည်ဘူး။
🔹I don't understand.

🔸ငါ သိချင်တယ်။
🔹I want to know.

🔸ငါ လုပ်ချင်တယ်။
🔹I want to do it.

🔸ငါ မလုပ်ချင်ဘူး။
🔹I don't want to do it.

🔸ငါ စားချင်တယ်။
🔹I want to eat.

🔸ငါ သောက်ချင်တယ်။
🔹I want to drink.

🔸ငါ အိပ်ချင်တယ်။
🔹I want to sleep.

🔸ငါ ပြန်လာမယ်။
🔹I'll be back.

🔸ငါ ခဏနေမယ်။
🔹I'll stay for a while.

🔸ငါ မကြာခင် ပြန်လာမယ်။
🔹I'll come back soon.

🔸ငါ သွားပြီ။
🔹I'm leaving.

🔸ငါ ပြန်လာပြီ။
🔹I'm back.

🔸ငါ စောင့်နေတယ်။
🔹I'm waiting.
"အားလုံးအဆင်ပြေကြပါစေ🙏🙏🙏"

နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ကိုယ့်ရဲ့ဘဝကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပေမယ့် စိန်ခေါ်မှုတွေလည်း အများကြီးရ...
20/02/2025

နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ကိုယ့်ရဲ့ဘဝကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပေမယ့် စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ထားနဲ့ ခံယူချက်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။
(၁)ယဉ်ကျေးမှုကွာခြားချက်ကို နားလည်ပါ
နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေရှိပါတယ်။ ကိုယ့်နိုင်ငံမှာလို လုပ်နေကျအတိုင်း လုပ်လို့မရပါဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုကို လေးစားဖို့နဲ့ နားလည်ဖို့ လိုပါတယ်။ ဒါမှသာ လူမှုရေးအရ လိုက်လျောညီထွေ ဖြစ်နိုင်မှာပါ။
(၂)ဘာသာစကားကို လေ့လာပါ
ဘာသာစကားဟာ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ အလုပ်ခွင်မှာ ဘာသာစကားကို ကောင်းကောင်းမတတ်ရင် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဘာသာစကားကို လေ့လာဖို့ အမြဲကြိုးစားပါ။
(၃)စည်းကမ်းကို လိုက်နာပါ
နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကိုယ့်နိုင်ငံမှာလို လွတ်လွတ်လပ်လပ် လုပ်လို့မရပါဘူး။ သူတို့နိုင်ငံရဲ့ စည်းကမ်းတွေ၊ ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။
(၄)အတွေ့အကြုံသစ်တွေကို လက်ခံပါ
နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ အတွေ့အကြုံသစ်တွေကို ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ဒါကြောင့် ကိုယ့်အတွက် စိန်ခေါ်မှုတွေကို လက်ခံဖို့နဲ့ လေ့လာဖို့ အမြဲကြိုးစားပါ။
(၅)ခက်ခဲမှုတွေကို ရင်ဆိုင်ဖို့ စိတ်ရှည်ပါ
နိုင်ငံခြားမှာ အလုပ်လုပ်ရတာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ခက်ခဲမှုတွေ၊ အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ဖို့နဲ့ ဇွဲလုံလရှိဖို့ လိုပါတယ်။
📌နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ကိုယ့်ရဲ့ဘဝကို ပိုမိုကောင်းမွန်စေနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ထားနဲ့ ခံယူချက်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ယဉ်ကျေးမှုကွာခြားချက်၊ ဘာသာစကား၊ စည်းကမ်းနဲ့ အတွေ့အကြုံသစ်တွေကို လက်ခံပြီး ခက်ခဲမှုတွေကို ရင်ဆိုင်ဖို့ စိတ်ရှည်ပါ။ ဒါမှသာ နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ပိုက်ဆံရှာရုံတင်မက ကိုယ့်အတွက် အကျိုးရှိတဲ့ အတွေ့အကြုံတစ်ခု လည်း ဖြစ်လာနိုင်မှာပါ။
"အားလုံးအဆင်ပြေကြပါစေ🙏🙏🙏”

#နိုင်ငံခြားအလုပ် #ယဉ်ကျေးမှုကွာခြားချက် #ဘာသာစကား #စည်းကမ်း #အတွေ့အကြုံသစ်

မတ်လ (၈) ရက်နေ့တွင် စတင်ပြီး သုဝဏ္ဏဘူမိလေဆိပ် မှ ပတ္တရား နဲ့ ဒွန်မောင်း လေဆိပ်မှ ဟွာဟင် နှင့် ပတ္တရား သို့ ပထမတန်းစားဘတ်...
20/02/2025

မတ်လ (၈) ရက်နေ့တွင် စတင်ပြီး သုဝဏ္ဏဘူမိလေဆိပ် မှ ပတ္တရား နဲ့ ဒွန်မောင်း လေဆိပ်မှ ဟွာဟင် နှင့် ပတ္တရား သို့ ပထမတန်းစားဘတ်စ်ကားလိုင်းအသစ် ဖြင့် တိုက်ရိုက်ပြေးဆွဲမည်ဖြစ်သည်။
🔸လက်မှတ်များကို ဘန်ကောက် လေဆိပ်နှစ်ခုစလုံး၏ ခရီးသည်တင်ဂိတ်များတွင် ရောင်းချပေးမှာလည်းဖြစ်ပါတယ်။
🔸ဒွန်မောင်းလေဆိပ်နှင့် Pattaya ကြား နေ့စဉ် အသွားအပြန် လေးကြိမ် ပြေးဆွဲမှာလည်းဖြစ်ပါတယ်။
🔸လက်မှတ်ခမှာ ၁၅၅ ဘတ် ဖြစ်ပြီး နှစ်နာရီခွဲကြာ ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

🔸ဒွန်မောင်းလေဆိပ်နှင့် Hua Hin အကြား နေ့စဉ် အသွားအပြန် ခရီးစဉ် နှစ်ကြိမ် ပြေးဆွဲမှာလည်းဖြစ်ပါတယ်။
🔸လက်မှတ်ခမှာ ဘတ် ၂၀၀ ဖြစ်ပြီး သုံးနာရီခွဲကြာ ကြာမြင့်မှာလည်းဖြစ်ပါတယ်။

🔹သုဝဏ္ဏဘူမိလေဆိပ်နှင့် ပတ္တရား ကြား အသွားအပြန် လေးခေါက် ပြေးဆွဲမှာလည်းဖြစ်ပါတယ်။
🔹လက်မှတ်ခမှာ 122 ဘတ်ဖြစ်ပြီး နှစ်နာရီကြာ ကြာမြင့်မှာလည်းဖြစ်ပါတယ်။
📌ဘတ်စ်ကား ပြေးဆွဲချိန် အတိအကျသိရလျှင်လည်း ထပ်မံ Post တင်ပေးပါမည်။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ စုစုပေါင်း Belt နံပါတ် 23 အထိ ရှိပါတယ်။မိမိ လေယာဉ်ပေါ်ကဆင်းတဲ့အခါ Immigration ဖြတ်ပြီးတာနဲ...
19/02/2025

ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ စုစုပေါင်း Belt နံပါတ် 23 အထိ ရှိပါတယ်။
မိမိ လေယာဉ်ပေါ်ကဆင်းတဲ့အခါ Immigration ဖြတ်ပြီးတာနဲ့ မိမိထုတ်ရမည့် Belt နံပါတ်မှာ Baggage Claim ရုံပါပဲ။
📌မိမိရဲ့ ခရီးဆောင်အိတ်/Luggage ပြန်ထုတ်တာကို Baggage Claim တယ်လို့ ပြောတာဖြစ်ပါတယ်။
"မသိသေးသော ခရီးသွားမိတ်ဆွေတွေအတွက်ဖြစ်ပါတယ်"

MAI လေယာဉ်လက်မှတ်တော့ရပြီ လက်မှတ်ပေါ်မှာပါတဲ့ (7) ချက် က ဘာတွေလဲ?(1) From ဆိုတဲ့နေရာက Bangkok က ဘန်ကောက်မှ လေယာဉ်စပျံသန်...
19/02/2025

MAI လေယာဉ်လက်မှတ်တော့ရပြီ လက်မှတ်ပေါ်မှာပါတဲ့ (7) ချက် က ဘာတွေလဲ?
(1) From ဆိုတဲ့နေရာက Bangkok က ဘန်ကောက်မှ လေယာဉ်စပျံသန်းမှာဖြစ်ပြီး ၊ To ဆိုတဲ့နေရာက Yangon ကတော ရန်ကုန်ကို ဆိုက်ရောက်မှာဖြစ်ပါတယ်။

(2) Name ဆိုတဲ့ နေရာက Zaw Min Thwin ဆိုတာကတော့ မိမိရဲ့ အမည်ပဲဖြစ်ပါတယ်။အကယ်၍ မိမိရဲ့ Passport ထဲက အမည်နဲ့ လေယာဉ်လက်မှတ်ပေါ်က အမည်မတူပါက လေယာဉ်ပေါ် တက်ခွင့်ရမှာ မဟုတ်ပါဘူး။

(3) Flight ဆိုတဲ့နေရာမှာ 8M351 ဆိုတာကတော့ မိမိ စီးရမည့် လေယာဉ်နံပါတ်ဖြစ်ပါတယ်။

(4) Date ဆိုတဲ့နေရာမှာ 02OCT ဆိုတာကတော့ (၂)ရက်နေ့ (၁၀)လပိုင်း မိမိလေယာဉ် စီးရမည့် ရက် ဖြစ်ပါတယ်။

(5) Time ဆိုတဲ့နေရာမှာ 19:50 ဟာ မိမိ စီးမည့်လေယာဉ်ရဲ့ ဂိတ်စဖွင့်ပြီး လေယာဉ်ပေါ် စတက်ခွင့် ပြုတဲ့အချိန်ပါ။

(6) Gate ဆိုတဲ့ နေရာမှာ (ဥပမာ - ပုံမှန်ဆို ဂိတ် ၇/၈/၉) ဖြစ်ရမှာပါ။အခု ဒီ ဂိတ်နံပါတ် က လေယာဉ်လက်မှတ်ပေါ်မှာ ပါမလာတဲ့အကြောင်းကတော့ Check In Counter ဖွင့်တာနဲ့ စောစော အိတ်အပ်ပြီး လက်မှတ်ထုတ်ခဲ့လို့ဖြစ်ပါတယ်။မိမိ ဘယ် Gate နံပါတ်မှာ သွားစီးရမလဲ ဆိုတာ လေဆိပ် Terminal မှာရှိတဲ့ Departure LED Screen ပေါ်မှာ ကြည့်ပြီး သိနိုင်ပါတယ်။ဂိတ် နံပါတ် ကတော့ မိမိ စီးမည့်လေယာဉ်ကို သွားစောင့်ရမည့် ဂိတ်ပေါက် နံပါတ်ဖြစ်ပါတယ်။

(7) Seat (ထိုင်ခုံ) နေရာမှာ 8D ကတော့ မိမိ လေယာဉ်ပေါ်မှာ ထိုင်ရမည့် ထိုင်ခုံနံပါတ်ပါ။
📌မိမိက ဘယ်နားမှာထိုင်ရမလဲဆိုတာ ဘယ်လိုအလွယ်တကူသိနိုင်မလဲ ဆိုတာကတော့👇
A ဆိုရင်တော့ ပြတင်းပေါက်နား။
B ဆိုရင်တော့ အလယ်ခုံ။
C ဆိုရင်တော့ အလယ်လျှောက်လမ်း ကပ်လျက်။
D ဆိုရင်တော့ အလယ်လျှောက်လမ်း ကပ်လျက်။
E ဆိုရင်တော့ အလယ်ခုံ။
F ဆိုရင်တော့ ပြတင်းပေါက်နား။
ရန်ကုန် ကနေ ဘန်ကောက်သွားတဲ့ MAI လေယာဉ်ကတော့ ဘယ်ဘက် (3)ခုံ ညာဘက် (3)ခုံပါ။

🔸မိမိရဲ့ လေယာဉ်လက်မှတ်ကိုကြည့်တာနဲ့ လေယာဉ်နံပါတ် ဘယ်လောက်၊ လေယာဉ်စီးရမည့် ရက်၊ ဘယ်အချိန် ဂိတ်စဖွင့်မလဲ? ၊ ဘယ်ဂိတ် ကနေစီးရမလဲ? ထိုင်ခုံ နံပါတ်ဘယ်လောက်မှာ စီးရမလဲ ? ဆိုတာကို ယခု Post ကို ကြည့်ပြီး အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ😊"

သိထားသင့်တဲ့ ဘန်ကောက် လေဆိပ် Immigration တွင် အမေးများသော  အင်္ဂလိပ်လို မေးခွန်းများ🔸Q: What is the purpose of your trip...
18/02/2025

သိထားသင့်တဲ့ ဘန်ကောက် လေဆိပ် Immigration တွင် အမေးများသော အင်္ဂလိပ်လို မေးခွန်းများ
🔸Q: What is the purpose of your trip to Bangkok?
ဘန်ကောက်ကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ?
🔹A: I am here for tourism/visit.
ခရီးသွားလာရေး /အလည်အပတ်အတွက် လာတာပါ။

🔸Q: How long will you stay in Bangkok?
ဘန်ကောက်မှာ ဘယ်နှစ်ရက်နေမှာလဲ?
🔹A: I will stay for 5 days.
၅ ရက်နေမှာပါ။

🔸Q: Where will you stay in Bangkok?
ဘန်ကောက်မှာ ဘယ်နေရာမှာ နေထိုင်မှာလဲ?
🔹A: I am staying at a hotel in Bangkok.
ဘန်ကောက် က ဟိုတယ်မှာ နေမှာပါ။

🔸Q: Please show me the hotel booking confirmation.
ဟော်တယ် Booking လုပ်ထားတဲ့ စာရွက်ပြပါအုံး။
🔹A: The hotel booking confirmation is here.
ဟော်တယ် Booking လုပ်ထားတာဒီမှာပါ။

🔸Q: Are you carrying any restricted items?
တားမြစ်ထားသော ပစ္စည်းများ သယ်ဆောင်ထားပါသလား?
🔹A: No, I am not carrying any restricted items.
မသယ်ပါဘူး၊ တားမြစ်ထားတဲ့ ပစ္စည်းတွေ မပါပါဘူး။

🔸Q: Can I see your passport and visa?
မင်းရဲ့ ပတ်စ်ပို့နဲ့ ဗီဇာကို ပြကြည့်ပါဦး။
🔹A: Yes, here is my passport and visa.
ဟုတ်ကဲ့၊ ဒီမှာ ကျွန်တော်/ကျွန်မရဲ့ ပတ်စ်ပို့နဲ့ ဗီဇာပါ။

🔸Q: Do you have a return ticket?
အပြန်လေယာဉ် လက်မှတ် ရှိပါသလား?
🔹A: Yes, I have a return ticket.
ဟုတ်ကဲ့၊ အပြန်လေယာဉ်လက်မှတ် ရှိပါတယ်။
🔹A: No, I don’t have a return ticket yet.
မရှိသေးပါဘူး၊ အပြန်လက်မှတ် မရှိသေးပါဘူး။

🔸Q: Is this your first time traveling to Bangkok?
ဘန်ကောက်ကို ပထမဆုံးအကြိမ် လာတာလား?
🔹A: Yes, this is my first visit.
ဟုတ်ကဲ့၊ ပထမဆုံးအကြိမ် လာတာပါ။

🔸Q: Who are you traveling with?
ဘယ်သူနဲ့အတူ လာတာလဲ?
🔹A: I am traveling alone.
ကျွန်တော်/ကျွန်မ တစ်ယောက်တည်း လာတာပါ။
🔹A: I am traveling with my family.
မိသားစုနဲ့အတူ လာတာပါ။
🔹A: I am traveling with my friends.
သူငယ်ချင်းတွေနဲ့ လာတာပါ။
🔹A: I am traveling with my partner.
ကျွန်တော်/ကျွန်မရဲ့ လက်တွဲဖော်နဲ့ လာတာပါ။
"ခရီးသွားမိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ"

MAI လေယာဉ်နဲ့ ခရီးသွားမယ့် မိတ်ဆွေတွေ သိထားသင့်တဲ့အချက် (၁၂) ချက်(1) လေယာဉ်လက်မှတ်ကို ခရီးမသွားခင် အနည်းဆုံး တစ်လခွဲလောက...
18/02/2025

MAI လေယာဉ်နဲ့ ခရီးသွားမယ့် မိတ်ဆွေတွေ သိထားသင့်တဲ့အချက် (၁၂) ချက်
(1) လေယာဉ်လက်မှတ်ကို ခရီးမသွားခင် အနည်းဆုံး တစ်လခွဲလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်။ အရင်ကတော့ ၁ လ လောက်လက်မှတ်ကြိုဖြတ်ရင် ဈေးသက်သာတယ်ဆိုပေမယ့် ခရီးသွားရာသီဆိုရင်တော့ ၁ လ ခွဲလောက် လက်မှတ်ကြိုဖြတ်ထားသင့်ပါတယ်။ လေယာဉ်လက်မှတ်ကို သွားခါနီး တစ်ပတ်/နှစ်ပတ် အလိုမှ ကပ်ဖြတ်ရင် ရက် နီးလေ ဈေးကြီးလေပါ။တစ်ခါတစ်လေ မိမိခရီးသွားမယ့်ရက် လက်မှတ်ကုန်သွားတာမျိုးပါ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ခရီးသွားဖို့ Plan ရှိတယ်ဆိုရင် လေယာဉ်လက်မှတ်ကြိုဖြတ်ထားပါ။

(2) MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆို Kg 30 အထိသယ်လို့ရပါတယ်။Kg 30 သယ်လို့ရတဲ့ MAI ကို စီးဖြစ်တာများပါတယ်။Kg 30 ထက် ပိုသယ်ချင်တဲ့ Kg တွေကို Online က လက်မှတ်ဝယ် ကတည်းက ကြိုတင် ဝယ်ယူထားလို့ရသလို၊ လေဆိပ် မှာလည်း Kg အပိုဝယ်လို့ရပါသေးတယ်။Hand Carry ကတော့ 7 Kg သယ်ယူခွင့်ပြုထားပါတယ်။

(3) မိမိခရီးထွက်မည့်နေ့မှာ လေဆိပ်ကို လေယာဉ် ထွက်ခွာမည့်အချိန်ထက် 3 နာရီလောက် ကြိုပြီး ရောက်အောင် သွားသင့်ပါတယ်။ Check in လုပ်ရင် တန်းစီရမှာရယ်၊ Immigration ဖြတ်ရင် တန်းစီရမှာရယ်ကြောင့် လေဆိပ်ကို စောစောကြိုရောက်ရှိနေတာက ခရီးသွားတဲ့အခါ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

(4) လေဆိပ် ရောက်တာနဲ့ မိမိ လေယာဉ်လက်မှတ်ဖြတ်ထားသော စာရွက် (သို့မဟုတ်) ဖုန်းထဲမှာ Save ထားသော Soft Copy နဲ့ Passport စာအုပ်ကို အဆင်သင့် လုပ်ထားပါ။

(5) လေယာဉ်လက်မှတ်ကို Check In Counter မှာ မထုတ်ခင် မိမိက မိမိထိုင်ချင်သောနေရာကို မပြောဘူးဆိုရင် Counter မှ ဝန်ထမ်းတွေက အဆင်ပြေတဲ့နေရာတွေကို ထိုင်ခိုင်းလေ့ရှိပါတယ်။မိမိက လေယာဉ်ရဲ့ ပြတင်းပေါက်နားထိုင်ချင်တာတို့၊လျှောက်လမ်းနဲ့နီးတဲ့နေရာတို့ ထိုင်ချင်ပါက လက်မှတ်ထုတ်ခါနီးမှာ တစ်ခါတည်းပြောရင် မိမိထိုင်ချင်တဲ့နေရာကို ထိုင်ရပါတယ်။ မိမိထိုင်ချင်တဲ့ခုံကို Online မှာ လက်မှတ်ဝယ်ကတည်းက ကြိုဝယ်ထားလို့လည်းရပါသေးတယ်။
📌လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် (Exit) နားမှာ မျက်မှန်သမားတွေတော့ မထိုင်သင့်ပါဘူး။

(6) Laptop,Tablet,Power Bank တို့ကို Hand Carry အနေနဲ့သာ သယ်ယူသင့်ပါသည်။အကယ်၍မိမိက အပ်မည့် Luggage ထဲ ၎င်းပစ္စည်းတွေကို ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ်။Luggage အပ်၊ လေယာဉ်လက်မှတ် အသွားအတွက် ထုတ်ပြီးတာနဲ့ အပေါ်ထပ်မှာ Immigration ဖြတ်ဖို့ တန်းသွားစီပါ။ Departure Card (ပြည်ပထွက်ခွာ) ကို တစ်ခါတည်းဖြည့်ထားပါ။ဖြည့်နည်းလည်း Page မှာ တင်ပေးထားပါတယ်။
📌ခြွင်းချက်အနေနဲ့ - ဥပမာ မိမိ လေယာဉ် နှစ်ဆင့်စီးမည့် AirLine တူတယ်ဆိုရင်တော့ ဘန်ကောက်တို့၊စင်္ကာပူတို့ကနေ Transit နဲ့ ဂျပန်သွားမယ်ဆိုပါက လေယာဉ်လက်မှတ် နှစ်ဆင့်စာ တစ်ခါတည်းထုတ်ပေးပါတယ်။Luggage ကိုတော့ ဂျပန်ရောက်မှာ ထုတ်ရမှာဖြစ်ပါတယ်။

(7) ပုံမှန်ကတော့ တာဝန်ကျ Immigration Officer ကို Passport ၊ လေယာဉ်လက်မှတ် နဲ့ Departure ကတ် ပေးပြီး Face Scan လုပ်၊ လက်ဗွေနှိပ် ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ။
📌အပြန် လေယာဉ်လက်မှတ်ဖြတ်ထားတာ ၊ဟော်တယ် Booking လုပ်ထားတာ၊Show Money လည်း တစ်ခါတလေ စစ်ပါတယ်။

(8) Immigration Pass ဖြစ်သွားပြီဆို အပေါ်က စစ်တဲ့နေရာမှာ Body Check ပါတယ်၊ရေသန့်ဗူးပါရင် ထားခဲ့ရပါတယ် ၊သယ်လို့မရပါဘူး၊မိမိကသယ်ချင်တယ်ဆို ရေတစ်ခါတည်းသွန်ပါ၊ ဗူးခွံတော့ ယူလာပြီး Gate ရောက်တဲ့အခါ ရေဖြည့်သောက်လို့လည်း ရပါတယ်။

(9) Gate ဖွင့်တဲ့ အခါမှာ Business Class နဲ့ Smile Member ကို အရင်ဝင်ခိုင်းပါတယ်၊ပြီးမှ Economy Class ရဲ့ နောက်ဆုံးခုံနံပါတ်မှ စခေါ်ပါတယ်။

(10) လေယာဉ်ပေါ်ရောက်ပြီဆို လက်မှတ်မှာပါတဲ့ မိမိရဲ့ ထိုင်ခုံနံပါတ်မှာထိုင်ပါ၊ထိုင်ခုံခါးပတ် ပတ်ပါ၊ဖုန်း ကို Airplane Mode ဖွင့်ထားပါ၊လေယာဉ် မောင်/မယ် တွေရှင်းပြတဲ့ စည်းကမ်းတွေ နားထောင်ပါ။

(11) ဘန်ကောက်ရောက်တဲ့အခါ Immigration အရင်ဖြတ်ပါ။

(12) Immigration ဖြတ်ပြီးပါက မိမိခရီးဆောင်အိတ်/Luggage ပြန်ယူဖို့အတွက် Baggage Claim ရမည့် Belt နံပါတ်ကို သွားထုတ်ရပါမည်။
"ခရီးသွားမိတ်ဆွေအားလုံးအဆင်ပြေကြပါစေ"

MAI လေယာဉ်စီးပြီး ပြည်ပထွက်ခွာမယ်ဆို Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Departure Card အပေါ်မှာဖြည့်ရတဲ့ (18) ချက်(1) F...
17/02/2025

MAI လေယာဉ်စီးပြီး ပြည်ပထွက်ခွာမယ်ဆို Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Departure Card အပေါ်မှာဖြည့်ရတဲ့ (18) ချက်
(1) Flight Number
မိမိ စီးရမည့် လေယာဉ်နံပါတ်ကို ရေးရပါမည်။
(ဥပမာ-လေယာဉ်လက်မှတ်ပေါ်မှာပါတဲ့ 8M- ဘယ်လောက် ဘယ်လောက်)
(2) Last Date of Arrival
မြန်မာနိုင်ငံကို ပြန်လာမည့်နေ့ (ဘယ်နေ့ပြန်ရောက်မှာလဲ ဥပမာ-အပြန်လေယာဉ် လက်မှတ် ဖြတ်ထားတဲ့နေ့)
(3) Family Name ကတော့ ရှိရင်ထည့်ပါ။
(4) First Name
မိမိ အမည် ၏ ရှေ့ကအမည် ကို ထည့်ပါ။
(ဥပမာ - Zaw)
(5) Middle Name
မိမိ အမည် ၏ အလယ်က အမည် ကို ထည့်ပါ။
(ဥပမာ - Min)
(6) Male
ယောက်ျားလေးဆို အမှန်ခြစ်ပါ။
(7) Female
မိန်းကလေးဆို အမှန်ခြစ်ပါ။
(8) Passport Number
မိမိ ၏ နိုင်ငံကူးလက်မှတ် Passport စာအုပ်မှာ ပါတဲ့ မိမိ၏ Passport နံပါတ် ကိုဖြည့်ပါ။
(9) Place of Issue
Passport စာအုပ်ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
(10) Date of Issue
Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ ထုတ်ပေးတဲ့ ရက် ကိုဖြည့်ပါ။
(11) Nationality
ဒီမှာတော့ မြန်မာ သာဖြည့်ပါ။
(12) Occupation
မိမိ ၏ အလုပ်အကိုင်ကိုဖြည့်ပါ။
(13) Visa Number ကတော့ Visa နဲ့ သွားတဲ့သူသာ ဖြည့်ရပါတယ်။
(ပုံမှန် ၁၄ ရက် အလည်အပတ် သမားတွေတော့ ဖြည့်စရာမလိုပါဘူး)
(14) Date of Issue
ဒီ Date of Issue ကတော့ ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ရပါမည်။
(15) I.D Card Number
မိမိ၏ မှတ်ပုံတင် နံပါတ်ကို ဖြည့်ရန်။
(16) Father Name
မိမိ၏ အဖေ အမည်ကို ဖြည့်ပါ။
(17) Address in Myanmar
မိမိ၏ နေရပ်လိပ်စာ ကိုဖြည့်ရန်။
(18) Signature
မိမိ ၏ လက်မှတ်ကို ထိုးပါ။
📌 Check In Counter မှာ Luggage အပ်ပြီးတာနဲ့ လေယာဉ်လက်မှတ် နဲ့အတူ Departure Card ပါ ပေးပါတယ်။ Departure Card ကို တစ်ခါတည်း ဖြည့်ထားပြီး Immigration မှာ ပေးခဲ့ရမှာဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာရှိတဲ့ Oversize Baggage Check-in ဆိုတာဘာလဲ?ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာ Oversize Baggage C...
17/02/2025

ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာရှိတဲ့ Oversize Baggage Check-in ဆိုတာဘာလဲ?
ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာ Oversize Baggage Check-in ဆိုတာက သာမန်လက်ဆွဲအိတ်ထက် ပိုကြီးတဲ့ ပစ္စည်းတွေကို လေယာဉ်ပေါ်တင်ဖို့ သီးသန့်စနစ်တစ်ခုပါ။ ဒီစနစ်က ခရီးသွားတွေအတွက် ပိုမိုလွယ်ကူစေပြီး လေယာဉ်ပေါ်မှာ နေရာယူမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။
🔹ဘာကြောင့် ဒီလိုစနစ်လိုအပ်တာလဲ?
🔸လေယာဉ်တွေမှာ ပစ္စည်းတွေကို သယ်ဆောင်တဲ့နေရာက ကန့်သတ်ချက်ရှိပါတယ်။ သာမန်လက်ဆွဲအိတ်တွေကို လေယာဉ်ပေါ်မှာ ထားလို့ရပေမယ့် ပိုကြီးတဲ့ပစ္စည်းတွေကို သီးသန့်စနစ်နဲ့ သယ်ဆောင်ဖို့လိုပါတယ်။ ဒါမှလည်း လေယာဉ်ရဲ့ လေးလံမှုကို ထိန်းညှိပြီး လုံခြုံစိတ်ချရမှုကို ပေးစွမ်းနိုင်မှာပါ။

🔹Oversize Baggage Check-in လုပ်ဖို့ ဘာတွေလိုအပ်လဲ?
🔸သာမန်လက်ဆွဲအိတ်ထက် ပိုကြီးတဲ့ပစ္စည်းတွေကို Oversize Baggage အနေနဲ့ သတ်မှတ်ပါတယ်။
🔸ပစ္စည်းရဲ့ အလေးချိန်ကို လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့လိုပါတယ်။
🔸ပစ္စည်းကို လေယာဉ်ပေါ်မှာ ဘယ်လိုထားရမယ်ဆိုတာ သီးသန့်စီစဉ်ပေးပါတယ်။

🔹ဘယ်လိုလုပ်ဆောင်ရမလဲ?
🔸ခရီးစဉ်မစတင်ခင် လေကြောင်းလိုင်းကို ကြိုတင်အသိပေးထားပါ။
🔸လေဆိပ်ရောက်ရင် Oversize Baggage Check-in ကောင်တာမှာ ပစ္စည်းကို စစ်ဆေးပြီး Check-in လုပ်ပါ။
🔸ပစ္စည်းကို လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။
🔸ပစ္စည်းကို လေယာဉ်ပေါ်မှာ သီးသန့်နေရာမှာ ထားရှိပါလိမ့်မယ်။

🔹ဘာတွေသတိထားသင့်လဲ?
🔸ပစ္စည်းကို သေချာထုပ်ပိုးထားဖို့လိုပါတယ်။
🔸လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်တွေကို ကြိုတင်စစ်ဆေးပါ။
🔸ပစ္စည်းရဲ့ အရွယ်အစားနဲ့ အလေးချိန်ကို သေချာတိုင်းတာပါ။
"အားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက်မြို့မှာရှိတဲ့ Bang Sue ဘူတာကြီးဟာ အရှေ့တောင်အာရှမှာအကြီးဆုံး မီးရထားဘူတာကြီး ဖြစ်ပါတယ်။🔸ချင်းမိုင် ကို သွားချင်...
17/02/2025

ဘန်ကောက်မြို့မှာရှိတဲ့ Bang Sue ဘူတာကြီးဟာ အရှေ့တောင်အာရှမှာအကြီးဆုံး မီးရထားဘူတာကြီး ဖြစ်ပါတယ်။
🔸ချင်းမိုင် ကို သွားချင်တဲ့ ခရီးသွားမိတ်ဆွေတွေလည်း Bang Sue ဘူတာကြီးကနေ စီးပြီးသွားလို့လည်း ရပါသေးတယ်။
🔸Bang Sue ရထားဘူတာကြီးကနေ SRT Red Line စီးပြီး Chatuchak ၊ ဒွန်မောင်း လေဆိပ် တို့လို နေရာတွေလည်းသွားလို့ရပါသေးတယ်။
🔸Long Distance Train တွေစီးမယ်ဆို Taling Chan၊ Bang Bamru ၊Don Mouang၊ Rangsit လိုနေရာတွေကနေ စီးလို့ရပါတယ်။
🔸MRT Blue Line ကတော့ Bang Sue ရထားဘူတာကနေ စီးလို့ရပါတယ်။
🔸Pink Line Monorail စီးမယ်ဆို Lak Si ကနေ ပြောင်းစီးလို့ရပါသေးတယ်။
🔸MRT Purple Line စီးမယ်ဆို Bang Son ကနေပြောင်းစီးလို့ရပါသေးတယ်။
🔸ဒွန်မောင်း လေဆိပ်ကိုသွားမယ်ဆို Bang Sue ကနေ SRT Red Line စီးပြီးသွားလို့ရပါသေးတယ်။
🔸Ticket Counter (5) ခုကနေ လက်မှတ်ဝယ်လို့ရသလို၊ Ticket Vending Machine ကနေလည်း လက်မှတ်ဝယ်လို့ရပါတယ်။
📌Ticket Counter မှာ ဝယ်မယ်ဆို ငွေသား နဲ့ အကြွေစေ့ မျှအမ်းပါတယ် ၊ Ticket Vending Machine မှာတော့ အကြွေစေ့သာ အမ်းမှာဖြစ်တာကြောင့် ဘတ် ၁၀၀၀ ၊ ၅၀၀ တို့ဖြင့် လက်မှတ်ဝယ်မယ်ဆို Ticket Counter မှာသာ ဝယ်ယူသင့်ပါတယ်။
🔸Bang Sue ကနေ Chatuchak (Weekend Market) အထိ တစ်ယောက်ကို 16 ဘတ် ပါ။
🔸Bang Sue ကနေ ဒွန်မောင်း လေဆိပ်အထိကို 20 ဘတ်ပါ။
Bang Sue ဘူတာသို့ ရောက်နိုင်သော ဘတ်စ်ကားနံပါတ်များကတော့👇
🔹50 (Rama VII – Lumphini Park)
🔹52 (Pak Kret-Bang Sue)
🔹65 (Wat Pak Naom (Nonthaburi) – Sanam Luang)
🔹70 (Prachaniwet 3 – Sanam Luang)
🔹97 (Ministry of Public Health – Buddhist Monk’s Hospital)
"သွားလာ စရိတ်ချွေတာချင်တဲ့ ခရီးသွားမိတ်ဆွေတွေအတွက် မှတ်သားထားသင့်လို့ Ko Leo Vlog ကနေ ရေးသား မျှဝေလိုက်ပါတယ်၊ အားလုံးအဆင်ပြေကြပါစေ😊"

လေဆိပ်ရောက်ရင် မိမိရဲ့ခရီးဆောင်အိတ်ကို ဘယ် Check In Counter မှာအပ်ရမလဲကို အလွယ်တကူဘယ်လိုသိနိုင်မလဲ?Check in Counter က ဖွ...
17/02/2025

လေဆိပ်ရောက်ရင် မိမိရဲ့ခရီးဆောင်အိတ်ကို ဘယ် Check In Counter မှာအပ်ရမလဲကို အလွယ်တကူဘယ်လိုသိနိုင်မလဲ?
Check in Counter က ဖွင့်ပြီလား ကြည့်လို့ရတဲ့ LED Screen ပေါ်က (7) ချက်
(1) Time
လေယာဉ်ပျံသန်းမည့်အချိန်။
(2) Airlines
ဘယ်လေကြောင်းလိုင်းလည်း (ဥပမာ - MAI)
(3) To
ဘယ်ကိုပျံသန်းမှာလဲ? (ဥပမာ - Yangon)
(4) Flight
လေယာဉ်ခရီးစဉ်နံပါတ် ဘယ်လောက် (ဥပမာ - 8M351)
(5) Departs Row
ဘယ်အတန်းမှာ Check In လုပ်ရမလဲ? (ဥပမာ - N)
(6) Remarks
Check In Counter ဖွင့်ပြီလား? ဒါမှမဟုတ် ခရီးစဉ် Cancelled ဖြစ်သွားလား ကြည့်လို့ရပါတယ်။
(7) Self Check In
မိမိကိုယ်တိုင် Self Check In လုပ်လို့ရတဲ့ နေရာ (ဥပမာ - B-E)
🔸ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်ကနေ ရန်ကုန်ပြန်လာမည့်ခရီးသွားမိတ်ဆွေတွေ Check In Counter ဘယ်အချိန်ဖွင့်လဲကို လေဆိပ် Terminal ထဲမှာရှိတဲ့ LED Screen တွေကနေသိနိုင်ပါတယ်။
"အားလုံးအဆင်ပြေကြပါစေ"

တောင်ကြီးမြို့က ရတနာနန်းတော် ဟိုတယ် Honest Reviewတောင်ကြီးကို ညဘက် ၉ နာရီ ဝန်းကျင်လောက်ရောက်တော့ တောင်ကြီးမြို့ပေါ်က ဟို...
16/02/2025

တောင်ကြီးမြို့က ရတနာနန်းတော် ဟိုတယ် Honest Review
တောင်ကြီးကို ညဘက် ၉ နာရီ ဝန်းကျင်လောက်ရောက်တော့ တောင်ကြီးမြို့ပေါ်က ဟိုတယ် အကုန်လုံးနီးပါး အခန်းပြည့်နေတယ် ဆိုတာကြီးပဲ၊ သွားပြီ ကားပေါ်မှာ အိပ်ရတော့မယ်ပေါ့😢
နောက်ဆုံးတော့ "ရတနာနန်းတော် ဟိုတယ်" မှာ အခန်းရလိုက်တော့ နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်😊
📌တောင်ကြီးမှာ ဟိုတယ် တည်းမယ်ဆိုရင် မှတ်ပုံတင် အရေးကြီးပါတယ်၊ နောက်တစ်ခုက ဧည့်စာရင်း တိုင်ဖို့ ဓါတ်ပုံရိုက်ပါတယ်။
🔸ကျတော်တို့တည်းခဲ့တဲ့ အခန်းကတော့ နှစ်ယောက်ခန်း ကုတင်နှစ်လုံး နဲ့ ၈ သောင်း တန်အခန်းလေးတည်းဖြစ်ပါတယ်။
🔸ရေပူ/ရေအေး ရတဲ့ အခန်းလေးရလိုက်ပါတယ်။
🔸Breakfast လေးလည်း စားကောင်းပါတယ်😋
📌တစ်ခုပဲ မီးပျက်တဲ့အချိန်လေးရှိပါတယ် မနက် ၁ နာရီ ကနေ ၄ နာရီအထိပါ။ကျတော်တို့ တည်းတဲ့နေ့ကတော့ ၂ နာရီ ၃၀ လောက်အထိ မီးစက်မောင်းပေးပါတယ် ၁နာရီခွဲလောက်တော့ မီးပျက်သွားတာပေါ့။မီးချိန်းတဲ့အချိန် (၁၃)မိနစ်ကြာပါတယ်။ဒါပေမယ့် အရမ်းအိပ်ချင်နေတော့ မီးပျက်တာတောင် သိပ်မသိသာလိုက်ဖူးပေါ့😁
“သွားတည်းခဲ့တဲ့ရက်ကတော့ 22 ရက် January 2025 ပါ"

အယုဒ္ဓယမြို့ ရထားဘူတာ ကနေ ဘန်ကောက်မြို့ ဒွန်မောင်း ရထားဘူတာ ကို ရထားစီးသွားမယ်ဆိုရင် ဘတ် 20 ပဲ ပေးရတဲ့ 🚂ရထား🤩🔸ရထား စီးချ...
16/02/2025

အယုဒ္ဓယမြို့ ရထားဘူတာ ကနေ ဘန်ကောက်မြို့ ဒွန်မောင်း ရထားဘူတာ ကို ရထားစီးသွားမယ်ဆိုရင် ဘတ် 20 ပဲ ပေးရတဲ့ 🚂ရထား🤩
🔸ရထား စီးချိန်ကတော့ (၁)နာရီဝန်းကျင်ပဲ ကြာပါတယ်😊
🔸ဒွန်မောင်း ရထားဘူတာကနေ ပတူနမ် ကို သွားချင်တယ်ဆို Bus နံပါတ် အပြာ 504 အဲကွန်းကား စီးပြီးသွားလို့ရပါတယ်။

ที่อยู่

No. 71, Sukhumvit Road
Bangkok
10110

เบอร์โทรศัพท์

+66827399251

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Leo Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Leo Vlog:

วิดีโอทั้งหมด

แชร์