View Media Human Lifestyle

ငါးသံပုရာပေါင်းလုပ်နည်းအဆင့်ဆင့်အလွယ်နည်းပုံမှာလုပ်နည်းပါတယ်နော်🤤🤤🤤🤤Credit
16/11/2024

ငါးသံပုရာပေါင်းလုပ်နည်းအဆင့်ဆင့်အလွယ်နည်းပုံမှာလုပ်နည်းပါတယ်နော်🤤🤤🤤🤤
Credit

ထမင်းပေါင်း ကို ဝယ်မစားဘဲ အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင် Save ထားလိုက်ပါ 😋*** ထမင်းပေါင်း လုပ်နည်း ***ကြက်သွန်ဖြူကို...
16/11/2024

ထမင်းပေါင်း ကို ဝယ်မစားဘဲ အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင် Save ထားလိုက်ပါ 😋

*** ထမင်းပေါင်း လုပ်နည်း ***

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ ။ ( နွမ်းလျှင် )

ကြက်သား ထည့်ကြော်ပါ ။ ( အသားကျက်သွားရင် )

ဥနီ - ရေပြောင်း - ရွှေပဲ - ပန်းဂေါ်ဖီ - မှို - ငုံးဥ တို့ကို
ထည့်ကြော်ပေးပါ ။

ကြက်ပြုတ်ရည် ထည့်ပါ ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့် - ဆား - ငရုတ်ကောင်း လက်တစ်ညှပ်စာ
ထည့်လိုက်ပါ ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များ
ကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့ ဟင်းရည်
ဆူပွက်နေချိန်မှာ ပန်းကန်ထဲ အသင့်ခူးထားတဲ့
ထမင်းဖြူပေါ် လောင်းချလိုက်ပါ ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။
*******************************************
*** ဘိတ်ချဉ်လုပ်နည်းကတော့ ***

ရှာလကာရည် - အချိုမှုန့် - ငံပြာရည်
ကြက်သွန်ဖြူ - ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ ။

ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ ။
ကြက်ပြုတ်ရည် ထည့်ထားပါ ။
အသီးအရွက်များကို လှီးဖြတ်ထားပါ ။
ကြက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး
လိုမှထပ်ထည့်ပါ ။

အချို့ကတော့ ပဲပြား - ခရမ်းချဉ်သီး - ငရုတ်ပွထည့်ပါတယ် ။

credit

ဗဟန်း-ရွှေတောင်ကြားထဲမှာ အေးဆေးထိုင် Chill လို့ရမယ့် ကဖေးဆိုင်အသစ်လေး ရှာ-တွေ့ထားတယ်…☕️ကဖေးဆိုပေမယ့် ဒီဆိုင်က အာလာဒင်လို...
14/11/2024

ဗဟန်း-ရွှေတောင်ကြားထဲမှာ အေးဆေးထိုင် Chill လို့ရမယ့် ကဖေးဆိုင်အသစ်လေး ရှာ-တွေ့ထားတယ်…☕️

ကဖေးဆိုပေမယ့် ဒီဆိုင်က အာလာဒင်လိုမျိုး တစ်နေရာတည်း အကုန်အစုံရတာ…🤫

ပြောရရင် သူက ဆိတ်ငြိမ်ရပ်ကွက်လေးထဲက Service Apartment ရဲ့ အောက်ထပ်မှာ ဖွင့်ထားတဲ့ ချစ်စရာကဖေးလေးပေါ့…

Cafe & Restaurant ဆိုတဲ့အတိုင်း မနက်စာက စလို့ နေ့လည်ဆို ကဖေးဒိတ်လေးကနေ ညစာထိ အေးဆေးထိုင်စားလို့ရတယ်… ♨️

မနက်စာထဲကဆို မုန့်ဟင်းခါး တော်တော်ကောင်း
တစ်ခါပြင်စာ ပွဲလေးနဲ့ မုန့်ဖတ်သပ်သပ် အရည်သပ်သပ် လာချပေးတာ… ပဲကြော်၊ ငါးဖယ် နဲ့ ဘဲဥခြမ်းလေးပါတဲ့ မုန့်ဟင်းရည်ပျစ်ပျစ်လေးက လက်ဖက်ရည် ကျဆိမ့်တစ်ခွက်နဲ့မှ အဓိပ္ပါယ်ရှိသွားသလို…🫢☕️

ခိုတောင်မုန့်တီ ကို ရန်ကုန်စတိုင် အနှစ်များများနဲ့ စေးနေအောင်သုပ်ပေးထားတာလေး သဘောကျ
အရည်သောက်ကလေးပါ ပါသေး…

မိုးအုံ့တုန်း အာပူလျှာပူတစ်ခွက် မှာသောက်တာ အားပါးပါး ပူစပ်ပြီးပွင့်ထွက်…🥵

မနက်စာကို ဒီလို portion ၁ပွဲဆို ၆၀၀၀-၇၀၀၀ ကြား ရှိတယ်။ နေ့လည်စာကို One portion ပွဲလေးတွေကအစ မာလာရှမ်းကောပါ ရသေး..

ဒီ weather က ကော်ဖီတစ်ခွက်နဲ့ Chill မယ်ဆိုလည်း Chill ချင်စရာ..☕️☃️ သူ့ရဲ့ signature clover coffee ကလည်း စွဲလောက်စရာ.. ကော်ဖီပူပူလေးထဲ caramel flavor သကြားခဲ တစ်ခဲစိမ်ပြီး သောက်ရတာ မွှေးပြီးချိုနေရော..

Drinks တွေက စျေးသိပ်မများဖူး.. ၃၅၀၀ က စတယ် ၇၀၀၀ ဝန်းကျင်လောက်ပဲ…

Club Sandwich တို့ Double Burger တို့ဆို အထူအကိတ်ကြီးတွေ🥪 အလှစားရတာမဟုတ်လို့ first date ဘာညာဆို မမှာမိစေနဲ့🫢

နောက်ဆုံး အချိုပွဲကြိုက်တဲ့သူတွေ ချန်ထားလို့ မဖြစ်တာ Brownie with Ice Cream 🧁 ကိတ်သားက soft ဖြစ်လွန်းလို့ ပျော်ဆင်း.. တော်တော်လေး ချိုပြီးကို မွှေးတာ..

ဆိုင်က မနက် ၇နာရီခွဲလောက်ဆို ဖွင့်ပြီ… Activites အစုံရှိတော့ အများစုက သူငယ်ချင်း/မိသားစုလိုက် ပေါ့ပေါ့ပါးပါး လာ Chill ကြတာများတယ်…

📚 Book lover တွေအတွက် ကြိုက်တဲ့စာအုပ်နဲ့ ကော်ဖီတစ်ခွက်မှာပြီးထိုင်
🏊‍♀️ အပေါ်ဆုံးထပ်မှာ ရေကူးကန်နဲ့ ကလေး ကစားကွင်းပါ ရှိတော့ entrance fee ပေးပြီးဝင်ဆော့ ရုံပဲ..
ဘော်ဒါတွေနဲ့ ရေလာကူးမယ်ဆိုလည်းဖြစ်တယ်.. 🎪ကစားကွင်းကလည်း တော်တော်ကျယ်တော့ ကိုယ်ပါ ဝင်ဆော့ချင်တာ တအား…🥹

🎉 Private party လုပ်မယ်ဆို အယောက် ၈၀-၁၅၀ ဆန့်တဲ့ hall တစ်ခုလုံး ငှါးလို့ရတယ်
🏛️သူက Service Apartment နဲ့ တွဲဖွင့်ထားတာဆိုတော့ Staycation နေမယ်ဆိုလည်း ကွက်တိ…

ဝန်ထမ်းလေးတွေပါ well-trained လုပ်ပေးထားတော့ ခြုံပြောရရင် တကယ် Chill လို့ကောင်းပြီး စိတ်ကျေနပ်ရတဲ့နေရာလေး...🥰 သွားနေကြ နေရာလေးတွေ ရိုးလာရင် ဒီနေရာအသစ်လေး သွားထိုင်ကြည့်…🍃

📌 The Clover Cafe & Restaurant

☎️ Phone - 09 945551911

⏰ဆိုင်ဖွင့်ချိန် - 7:30 AM - 10:00 PM

🏠 No. 15/17, Bawdi Yeiktha Road, Golden Valley (2), Bahan Township, Yangon

~~~ ကြေးအိုး ချက်နည်း ~~~အခုလိုကုန်စျေးနှုန်းတက်နေချိန်မှာ ကြေးအိုးကို ဆိုင်အရသာအတိုင်း အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ် ...
14/11/2024

~~~ ကြေးအိုး ချက်နည်း ~~~

အခုလိုကုန်စျေးနှုန်းတက်နေချိန်မှာ ကြေးအိုးကို ဆိုင်အရသာအတိုင်း အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ်

ကြေးအိုးလုပ်ရင် ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ပါ၀င်သော ပစည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၄၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ
( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

Credit to ချက်ကြီးတို့မီးဖိုချောင်

ထိုင်းကွတ်တီယို ( နန်းတို့စ့် )  ပြုလုပ်နည်း😋ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပ...
14/11/2024

ထိုင်းကွတ်တီယို ( နန်းတို့စ့် ) ပြုလုပ်နည်း😋

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်
ပါဝင်သည့် ပစ္စည်းများ
၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်
၂။ ကြက်သွန်ဖြူ (၄) မွှာ
၃။ နံနံပင်အမြစ် အနည်းငယ်
၄။ ငရုတ်ကောင်းစေ့ အနည်းငယ်
၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
၆။ ဆားအနည်းငယ်
၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)
- မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)
- ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )
- ကန်စွန်းရွက် အနည်းငယ်
- ပဲပင်ပေါက် အနည်းငယ်
- CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်
- ပဲငံပြာရည် အပစ်/ အကြည်

အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်။
၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။
ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။
၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။
၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။
၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။
၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။
ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။
၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။
အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။
ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကိုလည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်နော် 😋

Crd

ငပိရည်ကြိုက်တဲ့သူတွေအတွက်ကတော့ဆွဲလိုက်ရရင်တော့ ရှယ်ပဲ 😊 #ငါးပိရည် #ငပိရည် #ငပိ #ငါးပိ #ငါး
13/11/2024

ငပိရည်ကြိုက်တဲ့သူတွေအတွက်ကတော့
ဆွဲလိုက်ရရင်တော့ ရှယ်ပဲ 😊

#ငါးပိရည်
#ငပိရည်
#ငပိ
#ငါးပိ
#ငါး

ဗမာတိုင်းရင်းသားတို့ရဲ့ ထမင်းဝိုင်းလေးမှာမပါမဖြစ်တဲ့  နာမည်ကျော်ငပိရည်နဲ့တို့စရာစားကြပါအုံးလား #ငပိရည်  #ငပိ  #ငါးပိ  #တ...
13/11/2024

ဗမာတိုင်းရင်းသားတို့ရဲ့ ထမင်းဝိုင်းလေးမှာ
မပါမဖြစ်တဲ့ နာမည်ကျော်ငပိရည်နဲ့တို့စရာ
စားကြပါအုံးလား

#ငပိရည်
#ငပိ
#ငါးပိ
#တို့စရာ

သူငယ်တန်း ၁၅နှစ်ကျတဲ့ ကျောင်းသားလေး  😄
13/11/2024

သူငယ်တန်း ၁၅နှစ်ကျတဲ့ ကျောင်းသားလေး 😄

စိုက်တုန်းကတော့ မင်းအတွက်လက်ဆောင်ပေးမလို့ဆိုပြီး ကိုယ်တိုင်စိုက်ခဲ့တာပဲ  ခုတော့လည်း  စီးပွားဖြစ်ပန်းခင်းကြီးတောင်ဖြစ်နေပ...
11/11/2024

စိုက်တုန်းကတော့ မင်းအတွက်လက်ဆောင်ပေးမလို့ဆိုပြီး ကိုယ်တိုင်စိုက်ခဲ့တာပဲ
ခုတော့လည်း စီးပွားဖြစ်ပန်းခင်းကြီးတောင်
ဖြစ်နေပါပြီ





"မရမ်းသီးစိမ်း"ငယ်ငယ်တုန်းကဆိုရင်  မရမ်းသီးကို ဝါးကျဥ်တောက်ထဲ ထည့်ထောင်းပြီးစားရတာ ဖီလင်တမျိုးပဲဆယ်ကျော်သက်အရွယ်မှာတော့ ...
11/11/2024

"မရမ်းသီးစိမ်း"

ငယ်ငယ်တုန်းကဆိုရင် မရမ်းသီးကို ဝါးကျဥ်တောက်ထဲ ထည့်ထောင်းပြီးစားရတာ ဖီလင်တမျိုးပဲ
ဆယ်ကျော်သက်အရွယ်မှာတော့ ငါးပိဆားရည်ဖျော်ပြီးတာတောင်တွေထဲ သငယ်ချင်းတွေနဲ့အုပ်စုလိုက်သွားစားဖူးတယ်

အမျိုးတို့ကော ဘယ်လိုမျိုးစားဖူးလဲ

😋😋😋😋😋😋😋😋😋😋😋😋😋😋😋😋

11/11/2024

လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ
ပိုင်းတံခွန်ဘာပြောလိုက်တာလဲ

#ပိုင်တံခွန်

ဒီပန်းကို ဘာပန်းလို့ခေါ်လဲဘယ်ဒေသမှာ ပွင့်လေ့ရှိလဲ သိကြလားသူက ဒီရာသီမှာပဲ ပွင့်လေ့ရှိတယ်
11/11/2024

ဒီပန်းကို ဘာပန်းလို့ခေါ်လဲ
ဘယ်ဒေသမှာ ပွင့်လေ့ရှိလဲ သိကြလား
သူက ဒီရာသီမှာပဲ ပွင့်လေ့ရှိတယ်

ကြက်ခြေထောက်သုပ်  ကြက်ခြေထောက်များကို သေချာဆေးကြောပီး မိနစ် 30-40 ခန့် သို့မဟုတ် နူးသည်အထိပြုတ်ပါ သကြား ငါးငံပြာရည်၊ မြေ...
11/11/2024

ကြက်ခြေထောက်သုပ်

ကြက်ခြေထောက်များကို သေချာဆေးကြောပီး မိနစ် 30-40 ခန့် သို့မဟုတ် နူးသည်အထိပြုတ်ပါ
သကြား ငါးငံပြာရည်၊ မြေပဲဆံ ငပိမုန်လာဥနီ အနည်းငယ် သံပရာရည်တို့ကို ရောမွှေပါ အရသာကို ချိန်ညှိပါ ဗျာ
ငရုတ်သီးစိမ်းနှင့် ငရုတ်သီးအနီခြောက် ကြက်ခြေထောက်၊ ရောထောင်းလိုက်ပါဗျာ
သံပုရာသီးအချပ်နှင့် နံနံပင် သို့မဟုတ် ငရုတ်သီးအရွက်ကို ကြိုက်ရင်ထည့်ပေးပါဗျာ
ငရုတ်ဆုံနှင့် ကျည်ပွေ့တစ်ခုတွင် ထောင်းပါ။
အားလုံးပဲ အဆင်ပြေကြမှာပါဗျ



#ကြက်ခြေထောက်သုပ်
#ကြက်

မင်းရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ်ပန်းမျိုးစုံပါတဲ့ ကားအစီးလိုက် ပို့ပေးလိုက်တယ်နော်မင်းလေး ပျော်ပါစေ
11/11/2024

မင်းရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ်
ပန်းမျိုးစုံပါတဲ့ ကားအစီးလိုက် ပို့ပေးလိုက်တယ်နော်
မင်းလေး ပျော်ပါစေ


အင်ကြင်ပန်းဆိုတာအညာက အမျိုးသမီးတွေ..အင်မတန်ကြိုက်ကြတဲ့ ပန်းတမျိုးကတော့.. အင်ကြင်းပန်းပဲ ဖြစ်ပါတယ်..အနံ့မွှေးမွှေးသင်းပျံ...
10/11/2024

အင်ကြင်ပန်းဆိုတာ

အညာက အမျိုးသမီးတွေ..

အင်မတန်ကြိုက်ကြတဲ့ ပန်းတမျိုးကတော့.. အင်ကြင်းပန်းပဲ ဖြစ်ပါတယ်..

အနံ့မွှေးမွှေးသင်းပျံ့တဲ့ အင်ကြင်းပန်းကို... ဘုရားပန်းအဖြစ်လှူလေ့ရှိကြသလို

ခေါင်းမှာလည်း တန်ဖိုးထားပြီးပန်ဆင်ကြပါတယ်..။

အမျိုးသမီးတွေအတွက် အသုံးဝင်တဲ့ ပန်းကိုရတဲ့ အင်ကြင်းပင်က...

အင်ကြင်းသားကိုတော့... ပရိဘောဂ အသုံးအဆောင်တွေအတွက်..

သုံးကြပါတယ်..။

အင်မတန်ကောင်းတဲ့ အသုံးဝင်တဲ့ အင်ကြင်း သားပါ.....။

ငယ်ဘဝက အိမ်ထဲမှာ စိုက်ထားတဲ့ အင်ကြင်းပင် အလွမ်းပြေပါ....

🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

#အင်ကြင်းပန်း
#အညာသူ
#အညာ

10/11/2024

ငံပြာရည်မရောင်းလိုက်ရလို့ ငိုတဲ့သူ

#သဲသဲ

ူး
#ငံပြာရည်

11/09/2024

Tips*** Domestic violence or Abuser partner

Narccist personality disorder တွေရဲ့
brain system က borderline မှားနေတာ။
Nerve system က Sense of humanity dull ဖြစ်နေ
တဲ့အတွက် လူတွေလို ကြင်နာတာ စာနာသနားတာ
ကိုယ်ချင်းစာတာ မေတ္တာထားတာ သူများအတွက် တွေးပေးတတ်တာ တစ်ခုမှ မရှိဘူး။

Real empath တွေဆို တအားမုန်းပြီး အနီးကပ် ဖျက်ဆီးလိုစိတ်ရှိတယ်။

ဘယ်လိုမှ သာမန်လူ ဦးနှောက်လို ပြင်မရဘူး။
ဟန်ဆောင်ကောင်းတယ်။
စိတ်ထားကောင်း ဟန်ဆောင်ထားတယ်။

လူတွေရဲ့ attention seeking နဲ့ သူများ အထင်ကြီးလေးစားတာ တအားခံချင်လို့ ပေးကမ်းကြတယ်။ လက်မတွန့်ဘူး။

လူရှိန်အောင် စကားကြီးစကားကျယ်‌ေကာ
သနား‌ဖွယ် နှိမ့်ချတာ‌ေကာ ယုံအောင် ပြောတတ် သွေးဆောင်တတ်တယ်။

တကယ် လူတွေလို ရင်ထဲကလာတဲ့ငါမကြိုက်တာ သူကြိုက်မှာမဟုတ်ဖူးဆိုတဲ့ စာနာစိတ် မရှိဘူး။အနီးကပ်လေ့လာကြည့်ရင် စကားနဲ့ လုပ်ရပ်က ဆန့်ကျင်ဘက်။

လူစင်စစ်လို စိတ်မျိုး မဟုတ်တဲ့အတွက်
တစ်ဖက်က မေးခွန်းတွေ ခံစားချက်တွေ ဝမ်းနည်းတာတွေ သူတို့ မြင်လည်း ကြောင်တောင်တောင်နဲ့။
လူ့သဘော နားမလည်ဘူး။ မဖြေရှင်းနိုင်ဘူး။

လူတစ်ယောက် နေမကောင်းတာကအစ သူတို့အတွက် အထူးအဆန်းလို စိတ်ရှုပ်စရာလိုပဲ။

ဦးနှောက်အသိက self- selfishness ဖြစ်နေတဲ့အတွက် ချစ်သူ မိသားစုကို လူသားပီပီ ဘယ်လို
နွေးထွေး ဖေးမ ပြုစု ပျိုးထောင်ရမလဲ လုံးဝ
နားမလည်ဘူး။ တကယ် မလုပ်တတ်ဖူး။

မျက်နှာရိပ်ကဲမသိ
လူအချင်းချင်း ဖေးမတဲ့အခါ ပြောဆို ပြုမူပုံတွေ နွေးထွေးတာတွေ မလုပ်တတ်ကြဘူး။

တစ်ခြားနေရာမှာ ပညာရေး စီးပွားရေးမှာ မိုးပျံအောင် တော်ကြတယ် ။
မနာလိုစိတ်အားကြီးပြီး မျက်နှာဖုံးတပ်ထားတယ်။

လူယုံလို လုပ်ပြီးမှ သူများ စီးပွားရေး ပိုင်ဆိုင်မှု ဂုဏ်သိက္ခာ ပုံရိပ်ကို အဘက်ဘက်က ကောက်ကျစ်စဉ်းလဲတဲ့ နည်းမျိုးစုံနဲ့ နောက်ကွယ်ကနေ ထိုးချတယ်။

ရှေ့မှာတော့ သူ့ရန်သူကို ပေးကမ်း ဂရုစိုက် ခင်မင်ပြပြီး စကားအဝင်ကအစ တကယ် စိတ်ပူသလို စောင့်ရှောက်သလို ကူညီသလို အထာနဲ့ အရောဝင်တယ်။

မသိမသာ သိသိသာသာ စကားတွေနဲ့ မထိတထိ ပုတ်ခတ်သရော်တတ်သေး။

သူတို့နားကလူက အကြည်ဓါတ်မရှိ စိတ်ရှုပ်ထွေးပြီး
shame anxiety anger negative လူသား
ဖြစ်လာအောင် အမျိုးမျိုး twist တွေနဲ့ ပုံသွင်းကြမယ်။

နောက်ကွယ်ကနေ သူတို့ကပဲ telltale stories တွေ rumors တွေနဲ့ ပါးစပ်ထဲရှိသမျှ အယုတ်ဆုံး စကားတွေနဲ့ အနိမ့်ဆုံး အဆင့်ဖြစ်အောင် ဇာတ်လမ်းဆင်မယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး စကားနှစ်မျိုး နဲ့ သိက္ခာကျအောင် အများ လေးစားယုံကြည်မှု မဲ့လာအောင် ပုတ်ခတ်မယ်။

လိုအပ်ရင် ပတ်ဝန်းကျင်က သူ့ဘက် ပါလာအောင် သူတို့ကပဲ victim အဖြစ် crocodile tears ပြပြီး လုပ်ဇာတ်ထပ်ဆင်သေး။

သူတို့ ယုတ်မာပြီးချိန် victim က အသိ နောက်ကျသွားပြီ။

Overt Narccist က စရိုက်ဆန်ပြီး စိတ်ကြမ်းလူကြမ်း ပါးစပ်ကြမ်းနဲ့ တစ်ငါငါနဲ့ ဟောက်စား ခန့်မှန်းရလွယ်တယ်။

Covert narcissist က အယုတ်မာ အရက်စက်ဆုံး
အစဉ်းလဲဆုံး အရင်းဆုံးလူကလွဲရင်
အပြင်ပန်း ဘယ်သူမှ မရိပ်မိနိုင်သော
အနေအထိုင် ယဉ်ကျေး နှိမ့်ချပြီး ရိုးသားသူလို
အမြဲ သရုပ်ဖော်တယ်။ လူတွေလို လက်ဖွာပြီး
ပေးကမ်းတယ်။

အားနည်းချက်က သူတို့ လူစိတ်မရှိတာကို သိမှာစိုးလို့ စိတ်ကောင်းထား စိတ်ပျော့သူလို ထင်ဖို့ လူရှေ့
ဘယ်လို စိတ်ထားတာ ဘယ်လို သနားတတ်တာ ဘယ်လို ကြင်နာတာ စကားနဲ့ အမြဲ ပြောလေ့ရှိတယ်။

ဥပမာ
စာနာသနားတတ်တဲ့လူအဖြစ် ထင်အောင်လို့ ရုပ်ရှင်ကြည့်ရင်တောင် မျက်ရည်ကျပြီး ငိုနေမိတာ။
စိတ်တအားနုတော့ ဘယ်ဟာလေးဖြစ်ဖြစ် ရင်ထဲ မခံစားနိုင်ဘူး စသဖြင့်။

တကယ့် လက်တွေ့
သင် နေမကောင်းဖြစ်ချိန် ကိုယ်လက်မသယ်ချင်အောင် ပင်ပန်းနေချိန် လူလိုနားမလည်ပဲ သင်
အနားယူတာ စိတ်သက်သာရာရတာ ပြုစုတာမျိုး
သိတတ်မှု လုံးဝ မရှိပါ။

သင် weak ဖြစ်နေတာကို ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်မယ့် အပြုအမူတွေ
တောင်းဆိုမှုတွေ သံသယစကားတွေ
တစ်ခြားသူနဲ့ဖောက်ပြန်နေသလို စာရိတ္တမကောင်းတဲ့သူလိုမျိုး ဇာတ်ဆင်ပြီး gaslighting လုပ် Brainwash လုပ်ပြီး သင့်ရဲ့anger explosion
ကို ထပ်ဆွမယ်။

ဦးနှောက် ဟော်မုန်း ကမောက်ကမနဲ့ chronic pain ဖြစ်ပြီး ကိုယ် စိတ် ကျန်းမာရေး ယိုင်လာဖို့ နေ့တိုင်း အနုနည်းနဲ့ သတ်မယ်။

အချိုသတ်လိုက် love bombing လုပ်လိုက်
စကားနဲ့ စော်ကားလိုက် သင့်တန်ဖိုးကို ချလိုက်
သင်နဲ့ရန်ဖြစ်ပြီးတိုင် breadcrumbs လို လက်ဆောင်ပေးတတ်တာမျိုး။

ရှေ့မှာတော့ သင့်ကို ဘယ်လိုချစ်ကြောင်း
သဝန်တိုလို့ ပြောမိတာ စိတ်မဆိုးနဲ့ ဘာညာ
over acting လုပ်ပြ ချော့ပြပြီး အက်လိုပဲ သင့်စိတ်ကို အရူးလုပ်မယ်။

ကွယ်ရာကျ အဲ့ချစ်သူကပဲ သင်က ဘယ်လို
ဆိုးကြောင်း အနေအထိုင်မတတ်ကြောင်း
တစ်ခုခုဆို သူ့စေတနာကို နားမလည်ပဲ စော်ကား အနိုင်ကျင့်ကြောင်း
သူ့အချစ် စိတ်စေတနာက ဘယ်လို စင်ကြယ်ပြီး ပြန်ရတာက ဘယ်လို နစ်နာတဲ့သူဖြစ်ကြာင်း သူပဲ
Victim လုပ်မယ်။

လူတောထဲ နေရာဝင်ယူပြီး သူတော်ကောင်း လုပ်မယ်။

သင့်မိသားစုသူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲအောင် လုပ်ပြီး တစ်ယောက်ထဲ အပယ်ခံဘဝ
သူ့ကိုပဲ သင့်ဘဝမှာ အားအထားရဆုံး ပုံစံ ဖြစ်လာအောင် စစ်ဆင်မယ်။

သင့်ကွယ်ရာမှာ အယုတ်မာဆုံး နာမည်ဖျက် smear campaign လုပ်ပြီးရင် လက်ဆောင်အကြီးကြီး သင့်ကို ယူလာပြီး ချစ်ပြလိမ့်မယ်။

အရာရာကို ငွေလမ်းခင်းပြီး ပေးကမ်းပြီး
လူတွေ သဘောကျလာအောင် Fake Perfect Public Figure နဲ့ authority ယူမယ်။

ကိုယ်ချင်းစာစိတ်မရှိဘူး။
အတည်ပေါက်နဲ့ စကားအရမ်းချိုပြီး တစ်ခုမှ အမှန်မပါဘူး ။ ကိုယ်က သူ့ကို ပြောမယ့်စကားတိုင်း
သူက ကိုယ့်ကို ကြည့်ပြီး ပြောင်းပြန် ပြန်လုပ်ပြော
တတ်တယ်။

ကိုယ့်စိတ်ကိုယ်သိတို့။ ကိုယ်သိတယ်တို့။
အစစ်ပေးရင် အစစ်ရမယ်။
ကိုယ့်စိတ်ရင်းမှန်အောင်နေဖို့ပဲ လိုတယ်။
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးဆိုတာ ကောင်းတဲ့လူတွေ လုပ်တဲ့အလုပ်မဟုတ်ဖူး။

သူများကို လိမ်လို့ရပေမယ့် သင့်စိတ်ကို သင်
လိမ်လို့မရဘူး။တို့

Authentic ကို fake နေတဲ့သူက ဒေါသထွက်အောင် ခနဲ့တတ်တယ်။

သူတို့ဘဝမှာ သူတို့သာ ပထမ။
သူတို့ကို လေးစားတာ လိုချင်တယ်။
သူများကို အာဏာပြ လွှမ်းမိုးတာ manipulate လုပ်တာ သူတို့ အကျွမ်းဆုံး ဝမ်းတွင်းပညာ။

လူကောင်းတွေ တော်ရုံမ‌ေပြာ မလုပ်ရဲတဲ့
အလိမ်အညာ‌ေတွ twist တွေ crocodile tears တွေ အကွက်ဆင်နည်းတွေနဲ့

လူတစ်ယောက် ဘဝကို အဘက်ဘက်ကနေ
လိမ်ညာဇာတ်လမ်းဆင်ပြီး ပုတ်ခတ်ဖို့
အားနည်းချက်တွေ privacy တွေ
အကုန် ချိုးဖောက်ဖို့
တစ်ဆုံးထိ ဖျက်ဆီးပစ်ဖို့ ဝန်မလေးဘူး။

first impression မှာ ကိုရီးယားကားထဲကလို အရမ်း over acting ဖြစ်ပြီး သည်းသည်းလှုပ် အမှတ်ပေးရတဲ့လူဆိုရင် အထူးသတိထားပါ။
အပြင်လောကမှာ အက်လို လူ မရှိပါဘူး။

တကယ့် မျက်နှာဖုံးနဲ့ behind the door မှာ
အကြမ်းတမ်း အရိုင်းဆုံး လူစိတ်မရှိ ကိုယ်ချင်းမစာတတ်တဲ့ လူ့ energy စုတ်တဲ့ ဘီလူးတွေပါ။

P..

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ View Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด