BAWA LAN ဘဝခွန်အားတိုစာပေ နှင့် ဗဟုသုတများ Myanmar Motivation, Myanmar Reel, History Of Myanmar, Knowledge Myanmar များတင်ဆက်ပေးပါသည်။
(1)

တရားဒေသနာတော်များသည် အလွန်တန်ဖိုးကြီးမားလှပါသည်။
ထို့ကြောင့် ဓမ္မမိတ်ဆွေများအတွက် အနှိုင်းမဲ့ချမ်းသာကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ပြီး Dhamma Talk က ဓမ္မသာဝကကုသိုလ်ပြုသည့်အနေဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များကို နာယူနိုင်စေရန်၊ ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သည့် တရားဓမ္မနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သိရှိနားလည်စေရန် ဗဟုသုတရဖွယ်အကြောင်းအရာများကို တင်ဆက်ပေးနေသည့် Dhamma Talk ကို Follow လုပ်ထားခြင်းဖြင့် နေ့စဉ် ဓမ္မသာဝနကုသိုလ်များကို ပွားများနိုင်ကြပါစေခင်ဗျာ။

အသက်အရွယ်ရလာတော့ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်ဝမ်းမနည်းမိတော့ဘူးသူတို့လိုအပ်တဲ့လူတွေ သူတို့နားမှာ တည်မြဲနေပါစေပဲ ဆုတောင...
23/02/2025

အသက်အရွယ်ရလာတော့
ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်
ဝမ်းမနည်းမိတော့ဘူး
သူတို့လိုအပ်တဲ့လူတွေ သူတို့နားမှာ
တည်မြဲနေပါစေပဲ ဆုတောင်းတယ်..
ကိုယ့်ကိုမကြိုက်တဲ့လူတွေ တွေ့ရင်လည်း
သူတို့ကျေနပ်အောင်
လိုက်မနေပေးတော့ဘူး
သူတို့ကြိုက်တဲ့လူတွေနဲ့သူတို့
ဆက်နေပါစေလို့သာ ဆုတောင်းတယ်..
ကိုယ့်ကိုမကောင်းပြောတာ ပြန်ကြားရင်
အစကတော့ဒေါသဖြစ်မိတယ်
ဒါပေမယ့် ပုထုဇဉ်လူတွေဆိုတာ
ဘုရားကိုတောင်သတ်ဖို့
ကြိုးစားခဲ့ကြသေးတာပဲ ဆိုပြီး
ဖြေသိမ့်နေလိုက်မိတယ်..
လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကို
လျှော့လိုက်ပါ
နေရတာပေါ့ပါးသွားမယ်..
သူတို့ကကိုယ့်တစ်ယောက်ထဲကို
လိုက်ကြည့်နေတာမဟုတ်သလို
ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကို
ဆက်ကြည့်နေမှာဖြစ်တယ်
ကိုယ့်အကြောင်းပြောစရာမတွေ့လည်း
နောက်တစ်ယောက်အကြောင်းကို
ထပ်ပြောနေမှာဖြစ်တယ်..
သူတို့အကြိုက်လိုက်နေပေးစဉ်
သင်ကကောင်းနေမှာဖြစ်ပြီး
သူတို့စိတ်ထဲမတွေ့တော့ရင်
သူတို့စိတ်ကြိုက်နေမပေးရင်
သင်ဟာ သူတို့ရန်သူဖြစ်သွားမှာပါ..
သူတို့ပါးစပ်ထဲမှာပဲ သင်က
ကောင်းလိုက် မကောင်းလိုက်
သူတို့အမြင်မှာ သင်က
ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်
သူတို့အတွေးမှာ သင်က
သူရဲကောင်းဖြစ်လိုက် သစ္စာဖေါက်ဖြစ်လိုက်
အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ
တစ်နေ့တစ်မျိုးမရိုးရအောင်
သင်က ကပြနေရတာပါ..
တကယ်တော့
လူတွေကိုသိပ်ဖက်တွယ်လွန်းရင်
သိပ်အာရုံထဲထည့်ထားရင်
အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။
သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့
ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ်
ချီးမွမ်းမယ်ဆိုတာတွေကို
ဆက်လက်လုပ်နေမှာဖြစ်တယ်..
ဒါ့ကြောင့်
လူတချို့သင့်ကိုမလိုဘူးဆိုရင်
မနှစ်သက်ဘူးဆိုရင်
မကောင်းပြောနေတယ်ဆိုရင်
ဘာမှ ခံစားမနေဘဲ
ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ
နေတတ်သလိုဆက်သာနေပါ..
သင့်တစ်နေ့တာအတွက်
စိတ်ကြည်နေဖို့ အမှိုက်လိုလူတွေရဲ့
ပုပ်နေတဲ့စကားတွေ
လောက်တက်နေတဲ့ အပြုအမူတွေကို
ဘာလို့ ဆက်ပြီးခံစားနေမှာလဲ..
ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့
လက်ချောင်းခြေချောင်းတွေတောင်
အတိုအရှည်မတူညီကြတာပဲ..
သူ့ဘဝ ကိုယ့်ဘဝ
သူယုံကြည်ရာ ကိုယ်ယုံကြည်ရာ
သူ့လမ်း ကိုယ့်လမ်း
သူအခြေအနေ ကိုယ့်အခြေအနေ
တူညီနိုင်မှာမှမဟုတ်တာဘဲလို့
သိမှတ်နေလိုက်ပါ...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

🔸စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲအာရုံပြောင်းလိုက်ပါ..🔸အဆိုးလောကဓံကို ဘယ်သူမှမကြုံချင်ကြဘူး..🔸ဒီတော့ကြုံလာရင် စိတ်ညစ်မယ်ပုထုဇ...
22/02/2025

🔸စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲ
အာရုံပြောင်းလိုက်ပါ..
🔸အဆိုးလောကဓံကို
ဘယ်သူမှမကြုံချင်ကြဘူး..
🔸ဒီတော့ကြုံလာရင် စိတ်ညစ်မယ်
ပုထုဇဉ်ပဲ ညစ်ပေါ့..
🔸အေး ကိုယ့်စိတ်တိုင်းကျ
စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာရှိတာ
ဆက်လုပ်ကြဖို့ပဲ..
🔸စိတ်ညစ်စရာလည်းညစ်
တစ်နေ့တာ ကိုယ်လုပ်စရာ
ရှိတာလည်းလုပ်ပေါ့..
🔸အဓိကကတော့
စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာကိုယ်လုပ်ရမယ့်
ဒါန သီလ ဘာဝနာဆိုတဲ့
ကုသိုလ်တရားအလုပ်လေးတွေ
ပျက်မသွားဖို့ပဲ အရေးကြီးတယ်နော်..
🔸ဒီတော့
စိတ်ညစ်တဲ့အခါ
အကောင်းဆုံးကတော့
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်ပါ...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

-အိပ်မက်မရှိတဲ့ လူငယ်ရယ်လို့တော့ဘယ်ရှိမှာလဲ ကိုနေညိုရာ... ။-ဖြစ်ခွင့်မရှိတဲ့ အိပ်မက်တွေကို ဆက်မမက်ချင်တော့တဲ့ လူငယ်နဲ့အိ...
22/02/2025

-အိပ်မက်မရှိတဲ့ လူငယ်ရယ်လို့တော့
ဘယ်ရှိမှာလဲ ကိုနေညိုရာ... ။
-ဖြစ်ခွင့်မရှိတဲ့ အိပ်မက်တွေကို ဆက်မမက်ချင်တော့တဲ့ လူငယ်နဲ့
အိပ်မက်တွေကြောင့် အိပ်မရတော့တဲ့ လူငယ်ရယ်လို့ပဲ
ရှိပါတယ် ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

အဆိုးမှသည် အကောင်းဆီသို့~~~~~~~~~~~~~~~~အကျတကာ အကျတွေမှာ စိတ်ဓာတ်ကျတာ အဆိုးဆုံးစိတ်ဓာတ်မကျနဲ့၊ ရှေ့သို့ဆက်ဘဝအတွက် ဆက်ချီ...
21/02/2025

အဆိုးမှသည် အကောင်းဆီသို့
~~~~~~~~~~~~~~~~
အကျတကာ အကျတွေမှာ
စိတ်ဓာတ်ကျတာ အဆိုးဆုံး
စိတ်ဓာတ်မကျနဲ့၊ ရှေ့သို့ဆက်
ဘဝအတွက် ဆက်ချီတက်..
အမြင့်တကာ အမြင့်တွေမှာ
ဘဝင်မြင့်တာ အဆိုးဆုံး
ဘဝင်မမြင့်နဲ့၊ ဘဝမြှင့့်
ဘဝမြင့်မှ အလှတင့်..
အလွဲတကာ အလွဲတွေမှာ
အယူလွဲတာ အဆိုးဆုံး
အယူမလွဲနဲ့၊ အမှန်တွဲ
အလွဲမှန်သမျှ၊ ထားခဲ့ကြ..
အမွဲတကာ အမွဲတွေမှာ
အကျင့်မွဲတာ အဆိုးဆုံး
အနေမွဲတာ မဆန်းပါ၊
အကျင့်မမွဲဖို့၊ ကြိုးစားပါ..
အမာ့တကာ အမာတွေမှာ
ယုတ်မာတာ အဆိုးဆုံး
ရုပ်မာတာပဲ ဖြစ်ပါစေ၊
ယုတ်မာတာတော့ မဖြစ်စေနဲ့ပေါ့..
ကဲ ... ဘာမှ ဘာမနေနဲ့
ရချင်ရ၊ မရချင်နေ
တွေဝေနေဖို့ မရှိဘူး..
မရလို့လည်း မဆဲနဲ့
ရနေလို့လည်း မကဲနဲ့
မမြဲတဲ့ ဘဝမှာ အလွဲမကျဖို့ပဲ
ကြိုးစားပါ...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

ယုံကြည်ခြင်းကို ရပ်တံ့လိုက်တဲ့အခါ မျှော်လင့်ချက်ဆိုတာ သေဆုံးသွားတတ်တယ်.. 🌱 အပြုံး-ဒါမှမဟုတ်  နှစ်လိုဖွယ် စကားလုံးတွေ ဆိတ...
21/02/2025

ယုံကြည်ခြင်းကို ရပ်တံ့လိုက်တဲ့အခါ
မျှော်လင့်ချက်ဆိုတာ
သေဆုံးသွားတတ်တယ်..
🌱
အပြုံး-ဒါမှမဟုတ်
နှစ်လိုဖွယ် စကားလုံးတွေ
ဆိတ်သုဉ်းသွားတဲ့အခါ
ခင်မင်မှုတွေ ပျက်စီးသွားတတ်တယ်..
🌱
ချစ်ခင်မှုကို အဆုံးသတ်လိုက်တဲ့အခါ
သတိရခြင်းတွေ ၊ အမှတ်တရတွေ
ပျောက်ဆုံးသွားတတ်တယ်..
🌱
မာနတွေနဲ့ ဘဝကို အနားကွပ်လိုက်တဲ့အခါ
အထီးကျန်ခြင်းကို
အဖေါ်ပြုရတတ်တယ်..
🌱
လူတစ်ယောက်ရဲ့ အရိပ်မှာ
ခိုနားခွင့် ရှိဖို့ထက်
လူတစ်ယောက်ရဲ့ စိတ်မှာ
ခိုနားခွင့် ရှိတာက
လုံခြုံမှု ပိုရှိတယ်..
🌱
ဒါပေမယ့်....
လောကမှာ
ပိုက်ဆံ အစုတ် တစ်ရွက်ပေးပြီး
သစ်သီး အကောင်းတစ်လုံး
ပြန်လိုချင်လို့တော့ မရနိုင်ဘူး..
🌱
အရာရာတိုင်းမှာ
ထိုက်တန်တဲ့ တုန့်ပြန်မှုကို
လိုချင်ရင်
ထိုက်တန်တဲ့ ရင်းနှီးမှု တစ်ခုကို
ပေးဆပ်တတ်ဖို့တော့ လိုအပ်တယ်... ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

တစ်ဦးနဲ့တစ်ဦးတစ်ယောက်နဲ့တစ်ယောက်တွေ့ကြတယ် ဆုံကြတယ်ဆိုတာတော်ယုံကံတွေ တော်ယုံအကြောင်းတရားတွေနဲ့တွေ့ကြဆုံကြတာမဟုတ်တာတော့အမှ...
20/02/2025

တစ်ဦးနဲ့တစ်ဦး
တစ်ယောက်နဲ့တစ်ယောက်
တွေ့ကြတယ် ဆုံကြတယ်ဆိုတာ
တော်ယုံကံတွေ တော်ယုံအကြောင်းတရားတွေနဲ့
တွေ့ကြဆုံကြတာမဟုတ်တာတော့အမှန်ပါပဲ
တစ်ချို့တွေ့ဆုံမှု့တွေက
အနာတရတွေနဲ့
တစ်ချို့တွေ့ဆုံခြင်းတွေက
ချိုမြိန်ခြင်းတွေနဲ့
တစ်ချို့တွေ့ဆုံမှု့တွေက
ကုသိုလ်တရားတွေနဲ့
တစ်ချို့တွေ့ဆုံခြင်းတွေက
အကုသိုလ်တရားတွေနဲ့ပေါ့
ဘယ်လိုပဲဖြစ်စေ
အကြောင်းမဲ့ဖြစ်လာတာမဟုတ်သည်မို့
တွေ့ဆုံမှု့တိုင်းကို လေးစားပါ တန်ဘိုးထားပါ
ကံကုန်လို့ ရေစက်ကုန်လို့ ခွဲခွာကြရင်တောင်မှ
နောင်တအစား မေတ္တာအစားထိုးထားတော့
အဓိပ္ပါယ်ရှိသော ခွဲခွာခြင်းတွေဖြစ်နိုင်တာမို့
ဆုံတွေ့ခြင်းတွေကို တန်ဘိုးထားပါ.....
အားလုံးဟာ အချိန်တန်ရင် အိမ်ပြန်ရမည့်
သံသရာခရီးသွား ဧည့်သည်တွေချည်းပါပဲ...

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

20/02/2025

ဖမ်းချုပ်ထားတာကိုး #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ် #ခွန်အားပြည့်

သူဌေးတွေက ချူသံပါအောင်ညည်းကြတဲ့အခါဆင်းရဲသားတွေက ပြုံးသွားကြတယ်..စရိုက်ကြမ်းတဲ့လူတွေက သိမ်မွေ့သယောင်ဟန်ဆောင်ကြတဲ့အခါလိမ်မ...
20/02/2025

သူဌေးတွေက ချူသံပါအောင်ညည်းကြတဲ့အခါ
ဆင်းရဲသားတွေက ပြုံးသွားကြတယ်..
စရိုက်ကြမ်းတဲ့လူတွေက သိမ်မွေ့သယောင်
ဟန်ဆောင်ကြတဲ့အခါ
လိမ်မာယဉ်ကျေးသူတွေက ပြုံးသွားကြတယ်..
လူလိမ်လူကောက်တွေက
အမှန်တရားအကြောင်းပြောတဲ့ခါ
အရိုးခံသမားတွေက ပြုံးသွားကြတယ်..
စင်ပေါ်ကလူတွေက
နစ်နာတဲ့အကြောင်းပြောတဲ့အခါ
စင်အောက်ကလူတွေက ပြုံးသွားကြတယ်..
မေတ္တာမထားတတ်သူတွေက
သစ္စာအကြောင်းပြောလာတဲ့အခါ
အချစ်ကိုတန်ဖိုးထားသူတွေက ပြုံးသွားကြတယ်..
လောကကြီးမှာ တစ်ခါတလေတော့လည်း
မကောင်းတာလုပ်ထားကြတဲ့လူတွေကပဲ
အသံကောင်းပိုဟစ်ကြတာပါပဲ..
မလွဲသာမရှောင်သာတဲ့
အနေအထားတစ်ခုကြောင့်
တစ်ခါ တစ်ခါမှာ ကိုယ့်ကိုလိမ်နေမှန်း
ကိုယ့်ကိုညာနေမှန်း ကိုယ့်ကိုနှပ်ချနေမှန်း
သိသိကြီးနဲ့ကို အပြုံးမပျက်နေပေးလိုက်ရတာမျိုး..
ကိုယ်မကင်းနိုင်သေးသမျှတော့
ခံနေရဦးမှာပေါ့...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

"ရေစက်ပါလို့ ဆုံဖြစ်ခဲ့ရင်ဝဋ်ကြွေး  ကင်းပါစေ".."ဝဋ်ကြွေးကုန်လို့ လမ်းခွဲဖြစ်ခဲ့ရင်သံသရာဝဲဂယက်ထဲမှ လွတ်မြောက်ပါစေ"..."ချစ...
19/02/2025

"ရေစက်ပါလို့ ဆုံဖြစ်ခဲ့ရင်
ဝဋ်ကြွေး ကင်းပါစေ"..
"ဝဋ်ကြွေးကုန်လို့ လမ်းခွဲဖြစ်ခဲ့ရင်
သံသရာဝဲဂယက်ထဲမှ လွတ်မြောက်ပါစေ"...
"ချစ်ခြင်းမုန်းခြင်းနဲ့တွေ့ခဲ့ရင်
ဖြူစင်ခြင်းနဲ့ ပြည့်ပါစေ"...
"မေတ္တာ ၊စေတနာတွေနဲ့ ကြုံခဲ့ရင်
အစစ်အမှန် ဖြစ်ပါစေ"...
"ကိုယ်ပြုခဲ့တဲ့ ကံ ကိုယ်ကံပဲမို့
တွေ့ဆုံကြုံခဲ့သမျှ အရာအားလုံးက
ဝဋ်ကြွေးသာ ဖြစ်ခဲ့မယ်ဆိုရင်
ဒီဘဝ ဒီမျှနဲ့သာ ကျေပါစေ"...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

ကိုယ့်စိတ်က မယူရင်ဘယ်အရာမှ မပူလောင်ဘူးကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကိုအနှောင့်အယှက်မဖြစ်စေနဲ့။ဓားတစ်လတ်ထက်အတွေးတစ်စကြ...
19/02/2025

ကိုယ့်စိတ်က မယူရင်
ဘယ်အရာမှ မပူလောင်ဘူး
ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကို
အနှောင့်အယှက်မဖြစ်စေနဲ့။
ဓားတစ်လတ်ထက်
အတွေးတစ်စကြောင့်သာ
လူကိုပို သေစေနိူင်တယ်
အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
ကိုယ့်စိတ်ကို ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။
ဘယ်သူတွေ ဘာပြောနေတယ်
ဘယ်သူတွေ ဘာလုပ်နေတယ်
ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
ကိုယ်လိပ်ပြာသန့်ရတယ်။
တန်ပြန်သက်ရောက်ပြီး
မှန်လိုကျင့်နေသမျှတော့
သူကောက်ကျစ်တိုင်း ကိုယ်ကောက်ကျစ်နေရမယ်
သူရက်စက်တိုင်းကိုယ်ရက်စက်နေရမယ်
နောက်ဆုံး သူ့အကုသိုလ်အရိပ်က
ကိုယ့်နောက်ကိုပါ ကူးပြီးလိုက်လာတတ်တယ်။
ဒါကြောင့် လူတစ်ယောက်ကို
အနိူင်ယူဖို့ စကားလုံးတွေ နဲ့နစ်နစ်နာနာပြောပြီး
အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး
ကိုယ့်စိတ်ထဲ က ထုတ်ထားလိုက်ရင်
အလိုလိုနိူင်ပြီးသားပါပဲ ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

ဘာကြောင့် စိတ်ညစ်ခံမှာလဲ..************************စိတ်ညစ်နေလား သူငယ်ချင်းမင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ..တစ်ယောက်ယ...
19/02/2025

ဘာကြောင့် စိတ်ညစ်ခံမှာလဲ..
************************
စိတ်ညစ်နေလား သူငယ်ချင်း
မင်းလိုပဲ စိတ်ညစ်နေသူတွေ
အများကြီးပါ..
တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မြိုသိပ် လိုက်ပါ..
တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး..
မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..
ငါ့ကိုပြောပြနော်...
သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်..
ဒီလိုပါပဲ သူငယ်ချင်း..
ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့
ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်..
အဲ့ဒီ အခါမှာ မင်း..
တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..
တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....
တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....
တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...
တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....
တချို့ခံစား ချက်တွေက
တစ်ကယ်တွေးကြည့်ရင်
ဘာမှ မဟုတ်ပါဘူး.....
မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို
ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....
မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....
မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...
မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ..
ပြောပြရင်တော့
နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့
မင်းထင်သလား...
သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို
မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း
မင်းသာ အသိဆုံး .....
ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး
ဖြစ်ရမှာပေါ့...
ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား..
စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....
မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကားအဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ ....
တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေ
ရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....
နွားသိုးမှန်ရင်
ဂျိုချက်နဲ့ မကင်းပါဘူး ....
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...
ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလား
မြောက်လာမှာ မဟုတ်ဘူး...
စိတ်ညစ်ပြေသွားပြီလား
သူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ
ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......
အနာဂတ်ရည်ညွှန်းစာ

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

ပျော်ရွှင်ခြင်းဆိုတာ အဝေးမှာရှိလိမ့်မယ်အနာဂတ်မှာ ရှိလိမ့်မယ်လို့ငါတို့ ထင်ခဲ့ကြတယ်..နောက်မှ သိလိုက်ရတာက...ပွေ့ဖက်ခဲ့ဖူးတ...
18/02/2025

ပျော်ရွှင်ခြင်းဆိုတာ
အဝေးမှာရှိလိမ့်မယ်
အနာဂတ်မှာ ရှိလိမ့်မယ်လို့
ငါတို့ ထင်ခဲ့ကြတယ်..
နောက်မှ သိလိုက်ရတာက...
ပွေ့ဖက်ခဲ့ဖူးတဲ့ လူတွေ
ဆုပ်ကိုင်ခဲ့ဖူးတဲ့ လက်တွေ
ဆိုခဲ့ဖူးတဲ့ သီချင်းတွေ
ကျခဲ့ဖူးတဲ့ မျက်ရည်တွေ
ချစ်ခဲ့ဖူးတဲ့ လူတွေ
ပေါင်းသင်းခဲ့ဖူးတဲ့
သူငယ်ချင်းတွေ..
တကယ်တော့...
ပျော်ရွှင်ခြင်းဆိုတာ
တစ်ချိန်ကရှိခဲ့တာပဲလေ...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

မနာလိုစိတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာ မျက်နှာမှာတင် အရမ်းကွာတယ် လှတာ မလှတာထက် အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်ဘယ်လ...
18/02/2025

မနာလိုစိတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာ
မျက်နှာမှာတင် အရမ်းကွာတယ်
လှတာ မလှတာထက်
အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်
ဘယ်လိုပဲ ဟန်ဆောင်နေပေမဲ့
ခံစားချက်အစစ်အမှန်ကိုတော့ ဖုံးကွယ်လို့မရပါဘူး အထူးသဖြင့် မျက်နှာမှာပေါ့
မျက်နှာလေးက
ဘယ်လောက်ပဲလှနေပါစေ
မကောင်းတဲ့စိတ်တွေဝင်လာရင်
အကြည်ဓာတ်တွေ ပျောက်ဆုံးပြီး
ရုပ်ဆိုးသွားတတ်တယ်။
မနာလိုစိတ်ဆိုတာ
ကောင်းတဲ့အရာတစ်ခု မဟုတ်လို့
မမွေးမြူတာ အကောင်းဆုံးပါပဲ
ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့အခါ
ချီးကျူးသင့်ရင် တော်တယ်လို့
ရဲရဲ ချီးကျူးလိုက်ပါ
အားကျသင့်ရင်
ပွင့်ပွင့်လင်းလင်း အားကျလိုက်ပစ်လိုက်ပါ
စိတ်ထဲမှာ ကြိတ်ခံစားပြီး
ကိုယ့်ကိုကိုယ် ပူလောင်မခံပါနဲ့
သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း
ကိုယ့်ဘဝနဲ့ကိုယ်ပါ။
သူက ကိုယ့်ထက်သာနေလို့
သူ့လိုဖြစ်ချင်ရင် သူ့လို လိုက်ကြိုးစားပါ
သူ့လိုဖြစ်အောင်လုပ်ပါ ကိုယ်လည်း ဖြစ်လာ
နိုင်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ
မကောင်းတဲ့ စိတ်ဓာတ်တွေ
အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ
အများကြီးမဟုတ်ရင်တောင် ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့ ရှိအောင်ကြိုးစားပါ။
ကိုယ့်ထက်သာရင်
မနာလိုတယ်ဆိုတဲ့ အရာကြီးက
စိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့
မထားတာအကောင်းဆုံးပါပဲ။
ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်မခံပါနဲ့
ရုပ်ဆိုးမခံပါနဲ့ လှအောင်ပဲနေပါ
စိတ်ထားလှရင် လူကလည်း
သူ့အလိုလို လှလာပါလိမ့်မယ်။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #ခွန်အားပြည့်

မျက်နှာဖုံးမပါတဲ့သူတကယ်တော့ ကျွန်မ ဆိုးပါတယ်ကိုယ်ရဲ့စိတ်ရင်းအမှန်ကို ခုတုံးလုပ်တတ်တဲ့လူတွေကြောင့် နှလုံးသားကို အခါခါ ထိခ...
18/02/2025

မျက်နှာဖုံးမပါတဲ့သူ
တကယ်တော့ ကျွန်မ ဆိုးပါတယ်
ကိုယ်ရဲ့စိတ်ရင်းအမှန်ကို ခုတုံးလုပ်တတ်တဲ့
လူတွေကြောင့် နှလုံးသားကို
အခါခါ ထိခိုက်မခံနိုင်တဲ့အတွက်
ကျွန်မဆိုးပါတယ်။
ရိုးသားဖြောင့်မတ်စွာ ကြိုးစားရှင်သန်နေတဲ့ဘဝကို
အပေါ်စီးက ဆက်ဆံ အနိုင်ကျင့်တတ်တဲ့လူတွေအတွက်
ကျွန်မဆိုးပါတယ်။
စိတ်ထဲရှိရာ အမှန်ကိုအမှန်အတိုင်း
ပြောတတ်တဲ့အတွက်
လိမ်ညာဟန်ဆောင်တတ်သူတွေကြားထဲမှာ
ကျွန်မဆိုးပါတယ်။
အရှိကိုအရှိအတိုင်း မရှိကိုမရှိအတိုင်း
ချပြတတ်တဲ့အတွက်
မတူမတန် နှာခေါင်းရှုံ့ရင်း
ပေါ်ပင်မှာပျော်ရွှင်တဲ့လူတွေအတွက်
ကျွန်မဆိုးပါတယ်။
ကျွန်မအရည်အချင်းအလျောက်
ငွေမပေါပေမယ့် တန်ဖိုးရှိတာမို့
ကိုယ်သာလျှင်တန်ဖိုးရှိ ကိုယ်ကလွဲရင်
ဖွဲချည်းထင်တဲ့လူတွေအတွက်
ကျွန်မဆိုးပါတယ်။
ဟန်မဆောင်ပွင့်လင်းတဲ့သူမို့
အပေါ်ယံမျက်နှာဖုံးချိုသာသလောက်
အတွင်းကျ ရှုံ့မဲ့တဲ့လူတွေအတွက်
ကျွန်မဆိုးပါတယ်။
ကိုယ်လျှောက်နေတဲ့လမ်းက မှန်ကန်သောလမ်း
ဖြစ်နေရင်
ခပ်ဆိုးဆိုးကျွန်မ
ဘယ်သူမှအဖော်မပါလည်း
ပန်းပန်လျက် ဆက်လျှောက်နေအုံးမှာပါပဲ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

ပညာရှိအဖိုးအိုနဲ့ဂျစ်ပစီတစ်ဦး****************************ဂျစ်ပစီတစ်ယောက်ဟာ ကောင်းကင်က ကြယ်အကြွေကို ကြည့်ရင်းပြုံးတယ်...ပ...
17/02/2025

ပညာရှိအဖိုးအိုနဲ့ဂျစ်ပစီတစ်ဦး
****************************
ဂျစ်ပစီတစ်ယောက်ဟာ ကောင်းကင်က
ကြယ်အကြွေကို ကြည့်ရင်းပြုံးတယ်...
ပညာရှိအဖိုးအိုကမေးတယ်
''မင်းကဘာလို့ပြုံးတာလဲ''
''ကြယ်ကြွေလို့လေ''
''ကြယ်ကြွေတယ်ဆိုတာသိလား''
''သိတယ် ကြယ်ဆိုတာကြွေတတ်တယ်
နောက်ပြီး ကြယ်ဟာ ကြွေတဲ့အခါ ပိုလှတယ်
ဒီလောက်ပဲ''
''တကယ်တော့ ကြယ်ကြွေတယ်ဆိုတာကို မင်းမသိဘူးပဲ''
''အင်းပေါ့ သိသွားရင် ဘယ်ပြုံးနိုင်ပါ့မလဲ
ခင်ဗျားလိုခပ်တည်တည်ကြီးဖြစ်နေမှာပေါ့
အနည်းဆုံးတော့ ကျုပ်ကမှ ပြုံးလိုက်ရသေးတယ်''
အဖိုးအို မခံချိမခံသာဖြစ်သွားတယ်
''ဒဿနမပါတဲ့ပျော်ရွှင်မှုက ပေါ့ပြတ်လွန်းတယ်ကွ''
''ဟုတ်လား ဒါဆိုရင် ပျော်ရွှင်မှုမပါတဲ့
ဒဿနကလည်း လေးလံလွန်းမယ် ထင်ပါရဲ့''
''ငါ့ဒဿနတွေကိုနားလည်ဖို့ မင်းခေါင်းထဲမှာ
နေရာရှိပုံမရဘူး''
''ကျုပ်ပျော်ရွှင်မှုတွေကိုခံစားဖို့
ခင်ဗျားနှလုံးသားမှာ နေရာရှိပုံမရဘူး''
''လူဆိုတာတွေးတောရမယ်ကွ''
''လူဆိုတာပျော်ရွှင်ရမယ်ဗျ''
''ငါကတွေးတောရတာကို ပျော်ရွှင်တယ်''
''ကျုပ်က ဘယ်လိုပျော်ရွှင်ရမလဲ တွေးတောနေတာ''
''မင်းကြည့်ရတာ စာဖတ်ပုံမရဘူး'
''ခင်ဗျားကြည့်ရတာ စာကပြန်ဖတ်တာကိုခံနေရပုံပဲ''
အဖိုးအို ဒေါသထွက်လာတယ်
ဒီဂျစ်ပစီကိုနိုင်အောင်မပြောနိုင်တာကို
မခံချိမခံသာဖြစ်လာတယ်
''ငါက အရင်က ဂျစ်ပစီတစ်ယောက်ကွ
နောက်ပိုင်းမှ ပညာတွေတတ်ပြီး
ပညာရှိအဖိုးအိုရယ်လို့ဖြစ်လာတာ''
''ကျုပ်က အရင် ပညာရှိတစ်ယောက်ဗျ
ပညာသဘောကိုနားလည်သွားမှ
ဂျစ်ပစီဖြစ်သွားတာ''
''ဘယ်လို''
''မှတ်ထားပါ ကျုပ်နာမည်
ဒိုင်အော်ဂျီးနတ်စ်
နှောင်းလူတွေကပြောကြတယ်
ရောင့်ရဲခြင်းရဲ့ဘုရားသခင်
ဒါမှမဟုတ် ရဲရင့်ခြင်းရဲ့ အရှင်သခင်
ကျုပ်ဆွဲတဲ့ပုံပေါ်ကို အရိပ်ကွယ်လို့
အလက်ဇန်းဒါးကို မောင်းထုတ်ဖူးတယ်''
''မင်းမောင်းထုတ်တဲ့ အလက်ဇန်းဒါးက ငါတပည့်ပဲ
မှတ်ထား ငါ့နာမည် အရစ္စတိုလ်တယ်'
''သြော် ခင်ဗျားတို့ဆရာတပည့်တွေက
ကျုပ်ရဲ့ဒဏ်ကို တော်တော်ခံလိုက်ရတာပဲ''
လို့ပြောရင်း ရယ်မောရင်း
ဒိုင်အော်ဂျီးနတ်စ်ဟာ ခြေဗလာနဲ့
ထွက်ခွာသွားတယ်...
အရစ္စတိုတယ်လ် ကတော့
တောက်တခေါက်ခေါက်နဲ့
ကျန်နေရစ်ခဲ့တယ်...
သြော်
နောက်တစ်ခါကြယ်ကြွေရင်
ငါပြုံးလိုက်ရမလားလို့များ
နှုတ်ခမ်းကိုက်ခါ
စဉ်းစားနေရော့သလား

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #စာပေဥယျာဉ်

တိတ်တဆိတ်လေးနေရတဲ့ အရသာကိုသဘောကျလာလို့ ထင်ပါရဲ့ ။သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။တကယ...
17/02/2025

တိတ်တဆိတ်လေးနေရတဲ့ အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ။
သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။
တကယ်တမ်းကျတော့....
သွေးအေးအေး နေနိုင်သွားတယ်ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့သူတွေ ရှိနေ လို့ပါ ။
ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီအရာကို လွှတ်ချဖို့ပဲ တွေးတဲ့ သူလို့
ပြောရင်တောင် မမှားပါဘူး ။
တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြီးငွေ့လာတယ် ။
အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ် ။
ချစ်ခြင်း နဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ် ။
ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့လူတွေနဲ့ ကင်းအောင်နေချင်တယ် ။
ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေး ရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘယ်လိုနေရမလဲဆိုတာပဲ အဖြေရှာတယ် ။
အမှီအခိုမပါပဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ် ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ် ။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင်နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ် အေးချမ်းအောင် နေတယ် ။
တချို့ ခံစားချက်တွေက တခြားလူကို
ရင်ဖွင့်လိုက်မှ ပေါ့ပါးသွားတာ မဟုတ်ဘူး ။
ကိုယ့်တစ်ယောက်တည်းနေပြီး
ခေါင်းအေးအေးထား တွေးလိုက်တဲ့ အခါ
ထူးဆန်းစွာပဲ ပိုအဆင်ပြေသွားတတ်ပါတယ် ။
ဒါကြောင့်....
ဘယ်သူ့ကိုမှလည်း သွားမနှောင့်ယှက်ဘဲ
စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
ကျွန်မ တိတ်တဆိတ်လေးပဲ
ရှင်သန်နေထိုင်ရတဲ့ အရသာကို
အရင်ကထက် ပိုသဘောကျလာတယ်...

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #အောင်မြင်ဖို့အတွက်

စိတ်အဆင်မပြေတဲ့နေ့တွေဆိုရင်... " ငါဟာပိုပြီးတိတ်ဆိတ်တယ် "စိတ်အဆင်မပြေတဲ့နေ့တွေဆိုရင်..." တစ်ယောက်ထဲနေတယ် " ပိုပြီးအိပ်နေ...
17/02/2025

စိတ်အဆင်မပြေတဲ့နေ့တွေဆိုရင်...
" ငါဟာပိုပြီးတိတ်ဆိတ်တယ် "
စိတ်အဆင်မပြေတဲ့နေ့တွေဆိုရင်...
" တစ်ယောက်ထဲနေတယ် " ပိုပြီးအိပ်နေတတ်တယ်
စိတ်အဆင်မပြေတဲ့နေ့တွေဆိုရင်...
" ကော်ဖီခါးခါးတွေပိုသောက်တယ် "
ငါ့ရဲ့အဆင်မပြေမှုတွေ ငါရဲ့အပူတွေကို
ဘယ်သူ့ကိုမှ ရင်ဖွင့်ပြောလေ့ပြောထမရှိဘူး
ငါ့ရဲ့အဆင်မပြေမူ့တွေ ငါ့ရဲ့ဒဏ်ရာတွေကို ထုပ်ပြပြီး ဘယ်သူ့အရှေ့မှာမှ အသနားလည်းမခံဘူး
စိတ်အဆင်မပြေတဲ့နေ့ရက်တွေမှာ
ခဏပျောက်ပြီးနေနေလိုက်တယ်...။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #တန်ဖိုး

စိတ်ညစ်စရာကို လူတိုင်းမှီဝဲနေရတဲ့ နေ့တွေမှာရယ်စရာတွေဟာ ဆေးမြီးတိုတစ်မျိုးပဲပေါ့ ..ကုစားလို့မရနိုင်မှန်းသိလျက်ရင်နာနာနဲ့ ...
16/02/2025

စိတ်ညစ်စရာကို လူတိုင်းမှီဝဲနေရတဲ့ နေ့တွေမှာ
ရယ်စရာတွေဟာ ဆေးမြီးတိုတစ်မျိုးပဲပေါ့ ..
ကုစားလို့မရနိုင်မှန်းသိလျက်
ရင်နာနာနဲ့ ရယ်မောနေရတယ်..
ငါတို့ဟာ
မျှော်လင့်စရာတွေ ချွတ်ခြုံကျနေတဲ့ နွံအိုင်ထဲက
စိတ် နာမကျန်းသော လူဆင်းရဲတွေပဲ..
စိတ်ချမ်းမြေ့စရာ ပါရဂူကြီးက
ဆေးခန်း မဖွင့်နိုင်သေးဘူးတဲ့..
ဒီတော့လည်း
မသေနိုင်သေးရင်
တတ်သရွေ့ မှတ်သရွေ့
အားရပါးရသာ ရယ်ကြ ... ။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #တန်ဖိုး

ที่อยู่

Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BAWA LANผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง BAWA LAN:

วิดีโอทั้งหมด

แชร์