Smoke Some Weed DON'T PANIC IT'S ORGANIC

If they don't value you, move on 🏌🏽‍♂️.
09/01/2025

If they don't value you, move on 🏌🏽‍♂️.

08/09/2024
အဲ့ကောင်‌တွေကမှ ငစား...
22/08/2024

အဲ့ကောင်‌တွေကမှ ငစား...

Happy 420 guys...Today is a day....!
20/04/2024

Happy 420 guys...
Today is a day....!

07/01/2024

တစ်ခါက Pac Blunt Roll နည်းသင်ပြခဲ့ဘူးတယ်..
Pac said " အတွင်းဘက်ကိုသေချာခေါက်ပြီးထည့်မှ Sloppy Blunt ( ကျစ်လစ်တဲ့ blunt ) ဖြစ်တာကွ " ဆိုပြီး.....

Christmas ကိုအိမ်မှာ သို့မဟုတ် အပြင်မှာကဲအပြီး..NewYear မှာသောက်ဖို့ကို ဖန်ပြီးကြပြီလား...🍁🔥💨
29/12/2023

Christmas ကိုအိမ်မှာ သို့မဟုတ် အပြင်မှာကဲအပြီး..NewYear မှာသောက်ဖို့ကို ဖန်ပြီးကြပြီလား...🍁🔥💨

22/10/2023

အရာအားလုံးကကိုယ့် skill အပေါ်လဲမူတည်ပါတယ်...😆💯

တခါတလေဆို Skip တောင်မမြင်ဘူး 🥴
25/07/2023

တခါတလေဆို Skip တောင်မမြင်ဘူး 🥴

Sativa vs Indica
26/12/2022

Sativa vs Indica

အမြိုက်ဆေး (သို့မဟုတ်) Dimethyltryptamine ********************************************လွန်ခဲ့တဲ့ နှစ် ၂.၆ သန်း ကနေ နှစ် ...
17/10/2022

အမြိုက်ဆေး (သို့မဟုတ်) Dimethyltryptamine
********************************************
လွန်ခဲ့တဲ့ နှစ် ၂.၆ သန်း ကနေ နှစ် တသောင်းခွဲ လောက်အထိ လူ့သမိုင်းမှာ ထူးထူးခြားခြား အမှတ်အသား တွေ ကျန်တာ မရှိခဲ့ဘူး။ နောက်ပိုင်း နှစ် တသောင်း လောက်က ကျောက်ဂူတွေမှာ စိတ်ဝင်စားစရာ နံရံပန်းချီ cave art တွေ တွေ့လာ ရတယ်။ အဲဒီ ပန်းချီတွေမှာ သဘာဝ မှာ တွေ့နေကျ အကောင် အပင် တွေ အပြင် အပြင်မှာ မရှိတဲ့ လူတပိုင်း တိရစ္ဆာန် တပိုင်း therianthrope တွေ ၊ ထူးခြားတဲ့ design တွေ ပါ တွေ့ရတော့ ဘာအဓိပ္ပါယ် နဲ့ ရေးခဲ့ တာလည်း စဉ်းစားကြတယ်။ တချို့က အမဲကောင်ရဖို့ နတ်ဆရာ Shaman က တိရိစ္ဆာန် လို ဝတ်ပြီး ဓါတ်ရိုက် ဓါတ်ဆင် လုပ်နေတာ ဖြစ်မယ် တွေးကြတယ်။

ဥရောပ သားတွေ Siberia ဘက်ရောက်တော့ ဒေသခံတွေ ကိုးကွယ် တဲ့ နတ်ဆရာတွေ တွေ့တယ်။ သူတို့ကို (အိန္ဒိယ က တောထွက် ဘုန်းကြီး တွေကို ခေါ်တဲ့ ) သာမဏ Shaman လို့ ခေါ်တာ သိရတယ် ။ Shaman တွေက ထူးထူးဆန်းဆန်း တွေ ဝတ်၊ တီးဆိုပြီးက ၊ အဆိပ်ဖြစ်တတ်တဲ့ မှိုတွေ အပင်တွေ ကို သောက်ပြီး ရှုပြီး နတ်ဝင် လာအောင် အရင်လုပ်တယ်။ နတ်ဝင် လာမှ ရှေ့ဖြစ် ဗေဒင် ဟောတာ၊ ဆေးကု တာ တွေ ၊ နတ်တွေ နဲ့ လူတွေကို ညှိနှိုင်း ပေး တာ တွေလုပ်တယ်။ နတ်ကတော်၊ အောက်လမ်း အထက်လမ်း ဆရာ တွေလိုပေါ့။

စကားစပ်လို့ ပြောရရင် အဲဒီ Siberian Shaman တွေ အကြာင်းကနေ Santa Clause ပေါ်လာတာလို့ ယူဆကြတယ်။

နောက်တော့ shamanism ကို ကမ္ဘာအရပ်ရပ် က လူမျိုးအသီးသီးမှာ ကျင့်သုံးခဲ့ကြတာကို တွေ့လာရတယ်။ သူတို့ အကြောင်းကို လေ့လာရင်းက သူတို့ သုံးစွဲတဲ့ မူးယစ် ဆေးဝါး တွေ အကြောင်း လေ့လာမိကြတယ်။ အဲဒီ ဆေးတွေကို သုံးလိုက်ရင် ကျောက်ဂူနံရံ ပန်းချီ တွေ ထဲကလို အကောင်တွေ design တွေကို မြင်ရတယ် ဆိုတာ သိလာတယ်။ သေချာအောင် အခုခေတ် မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို သုံးပြီး လေ့လာတော့လည်း သူတို့ မူးနေတုန်း တွေ့မြင်ခဲ့ရတာတွေကို ပြန်ချရေး ခိုင်းရင် အဲဒီ နံရံပန်းချီတွေ အတိုင်း ပြန်ထွက်တယ်။ သူတို့တွေ မြင်ရ ကြားရ ခံစားရတာတွေကို ပြန်ပြောတဲ့အခါ ခေတ်အဆက်ဆက်က ဘာသာရေး သမားတွေ တွေက ပြန်ပြောထားတာ တွေနဲ့ သိပ်တူနေတော့ အဲဒီ ဆေး တွေနဲ့ ဘာသာရေး နဲ့ အဆက်အစပ် တွေကို လေ့လာ ကြတယ်။

ခေတ်အဆက်ဆက် နတ်ဆရာတွေ ဘာသာရေး သမားတွေ သုံးစွဲလာတဲ့ မူးယစ်ဆေးပင်တွေကတော့

Psilocybin မှို

Water lily,

Blue lotus ကြာ

cannabis ဆေးခြောက်

ephedra sinica --> amphetamines,Methamphetamine

amanita muscaria - အနီရောင် Toadstool မှို

Ayahuasca ဆေးပေါင်းရည်

Ergot မှို

Pe**te --> mescaline တို့ ဖြစ်ကြတယ်။

အဲဒီ မူးယစ်ဆေးတွေထဲမှာ စိတ်ကို ငြိမ်ကျသွားအောင် ၊ တက်ကြွလှုပ်ရှား လာအောင်၊ ပီတိသုခ Euphoria ရအောင် လုပ်နိုင်ကြပေမယ့် ဘာသာရေး သမားတွေ ပြောတဲ့ ဈာန်လို kundalini လို Beatitude ကို ရအောင် လုပ်ပေးနိုင်တာက DMT (dimethyltryptamine ) ဆိုတဲ့ neurotransmitter တမျိုးကသာ တတ်နိုင်တယ် ဆိုတာ တွေ့လာရတယ်။ ဘာသာရေးတွေက သူ့ကြောင့် ပေါ်လာတာ ဖြစ်မယ် ဆိုပြီး သူ့ကို The Spirit Molecule လို့ Rick.Strassman က နံမည်ပေးထားတယ်။

DMT ကို အပင်တွေ၊ ( လူတွေ အပါအဝင် ) အကောင်တွေ ရဲ့ ကိုယ်ထဲမှာ ရှိတာ တွေ့ရတယ်။ Amazon က Shaman တွေ ၊ Brazil က Santo Daime Catholic Church တွေမှာ အပင်က DMT ကို ထုတ်ထားတဲ့ Ayahuasca ခေါ်တဲ့ ဆေးပြုတ်ရည် ကို စုပေါင်း သောက်ကြတာ တွေ့ရတယ်။ DMT ပါတဲ့ အပင်ကို ဒီအတိုင်း စားလိုက်ရင် လူဗိုက်ထဲက Enzyme တွေက သူ့ကို ချက်ချင်း ချေဖျက်ပြစ်လိုက်တယ်။ မမူးဘူး။ အဲဒီတော့ အဲဒီ Enzyme ကို တားတဲ့ monoamine oxidase inhibitor (MAOI) ပါတဲ့ အပင် နဲ့ တွဲပြုတ်ပြီး သောက်မှ DMT ရဲ့ effect ကို ခံစား ရတယ်။

အိန္ဒိယ ယဉ်ကျေးမှုတွေကို လေ့လာတဲ့ ပညာရှင်တွေ ရှာနေတာ တခုရှိတယ်။ အမြိုက်ဆေး Amrita ( မသေဆေး ) လို့ တင်စား ခေါ်တဲ့ Soma ဆိုတဲ့ အရည် တခု အကြောင်းပဲ။ Rigveda မှာလည်း Soma ကို ဘယ်လို ဖေါ်စပ် သောက်သုံး ကြတာတွေ ပါတယ်။ နတ်တွေက soma ကို သောက်လို့ immortal ဖြစ်ပြီး မသေကြဘူး။ အဲဒါကို လူ ရသေ့ကြီး တွေ သောက်မိရင် နှစ်ထောင်နဲ့ ချီပြီး အသက်ရှည်တယ်၊ ဘာစွမ်းတယ် ညာစွမ်းတယ် ပေါ့။ နတ်တွေ Deva တွေနဲ့ အသူရာ Asura တွေက အဲဒီ အမြိုက်ဆေး အတွက် ပဋိပက္ခတွေ စစ်တွေ ဖြစ်ကြတယ်၊ တခါတလေ လည်း ပူးပေါင်းပြီး အမြိုက်ဆေးကို ရှာကြတယ်။ ဟိန္ဒူ နတ်ဘုရား ရုပ်ထုတွေ လက်ထဲမှာ အဲဒီ အမြိုက်ဆေးရည် အိုးကို ကိုင်ထားတာ တွေ တွေ့နိုင်ပါတယ်။ အိန္ဒိယ ယဉ်ကျေးမှုကို ဆက်ခံတဲ့ ဗမာ ဗုဒ္ဓဘာသာတွေရဲ့ စေတီ တွေမှာလည်း အဲဒီ အိုးကို ကလသာ အိုး အဖြစ်တွေ့ရပါတယ်။ အရင်က အဲဒီ Soma ဟာ ဘာအပင် က ဖြစ်မလဲလို့ ရှာနေရာကနေ ဒါဟာ DMT ပါတဲ့ အပင်တွေ စုပေါင်း ဖေါ်စပ်ထားတာ ဖြစ်မယ် လို့ ပြောင်းလဲယူဆ လာကြတယ်။

အခု တွေ့ရှိ လက်ခံလာတာက ဒီလိုပါ။ ၁၉၉၄ မှာ ရှေးဟောင်းသုတေသနေ ပညာရှင်တွေက တူရကီ နိုင်ငံ ဗိုက်ပူတောင် Göbekli Tepe မှာ ရှေးဟောင်း ဘုရားကျောင်း တွေကို တူးဖေါ်ခဲ့ကြတယ်။ အဲဒါတွေက အရင် 9000 B.C လောက်မှာ ကျောက်ခေတ်သစ် လူတွေ အိုး တောင် မလုပ်တတ်သေးခင် စိုက်ပျိုးရေး မလုပ်တတ်သေးခင် အမဲလိုက် မုဆိုးဘဝ က စုပေါင်းပြီး ဘာသာရေး အခမ်းအနား လုပ်ကြတဲ့ အဆောက်အဦ တွေ ဖြစ်တယ် လို့ ဆိုကြတယ်။ အင်ဒို အာရိယန် ယဉ်ကျေးမှု ရဲ့ မူလ အစ နေရာလို့ လည်း ဆိုတယ်။ နောက်ပိုင်းမှာ သူတို့က အမဲလိုက်မုဆိုးဘဝ ကနေ စိုက်ပျိုးရေး သမား ဘဝ ပြောင်းပြီး အဲဒီ အနီးအနားမှာ မြို့ပြတွေ ထူတောင် နေထိုင်လာကြတယ်။ 2500 B.C လောက်မှာ သူတို့ တွေ အထွန်းကား အတိုးတက်ဆုံး အချိန်ရောက်ခဲ့တယ်။ ဒါပေမယ့် 1500 B.C လောက်မှာ ဘာမှန်း မသိရ သေးတဲ့ အကြောင်းတခုနဲ့ အဲဒီ ဒေသ ကို စွန့်ခွာပြီး အုပ်စုကြီး ၂ ခု အဖြစ် ခွဲထွက်သွားကြတယ်။ ကိုယ့်ကိုကိုယ် ဒေဝ Deva အာရိယန် A***n လို့ ခေါ်တဲ့ အုပ်စုက India ဘက် ဆင်းသွားပြီး လက်ရှိ ဟိန္ဒူ ယဉ်ကျေးမှု ကို ထူထောင်ခဲ့ကြတယ်။ ကိုယ့်ကိုကိုယ် အသုရာ Asura ( Lords ) လို့ ခေါ်တဲ့ အုပ်စုက အီရန် ဘက်ကို ဆင်းသွားပြီး Avesta ကျမ်းစာ သုံးတဲ့ Zoroaster ဘာသာ ကို တည်ထောင်သူတွေ ဖြစ်လာတယ်။ Göbekli Tepe က ဆေးကြိတ်တဲ့ မြေအင်တုံတွေထဲမှာ cannabis ဆေးခြောက် နဲ့ ephedra အပင် ရုပ်ကြွင်းတွေကို တွေ့ရတယ်။ အဲဒီက မူလ လက်ဟောင်း Haoma ဖျော်ရည်အတွက်တော့ Phallaris Grass ( DMT ) နဲ့ Peganum Harmala ( MAOI ) ကို သုံးကြတာ တွေ့ရတယ်။ Zoroaster အုပ်စုက Haoma ဖျော်ရည် လို့ ခေါ်ပြီး A***n အုပ်စုက Soma ဖျော်ရည်လို့ ခေါ်ကြတယ်။ နေရာတွေ ဝေးကွာသွားတော့ ကိုယ်ရောက်တဲ့ နေရမှာ ရှိတဲ့ အခြား အပင် တွေကို ပြောင်းသုံး ကြမယ် လို့ ယူဆရတယ်။ A***n အုပ်စု က Blue Lotus ကြာပင် ကို ထည့်သွင်း အသုံးပြုတာ တွေ့ရတယ်။ အဲဒါကြောင့် အိန္ဒိယ နတ်ဘုရားတွေ ပုံတွေမှာ ကြာပင် ကို အမြဲ ကိုင်ထားတဲ့ပုံ ရေးတာလို့ ယူဆကြတယ်။ ( အစဉ်အလာ ကတော့ ညစ်ပတ်တဲ့ လောက ရွှံ့နွံတွေထဲက ပွင့်လာတဲ့ သန့်စင်တဲ့ သူတော်စင် (သို့) ကြာပန်း လို့ အဓိပ္ပါယ် ကောက်ရတယ် )။ အဲဒီ နေရာတွေကနေ တဆင့် Egypt, Sumer နဲ့ Minoa တို့ဆီ ဒီ မသေဆေး ၊ အမြိုက်ရည် ယဉ်ကျေးမှု ပြန့်နှံ့ သွားတယ် လို့ ယူဆကြတယ်။

A***n တွေက အစပိုင်းမှာ ဒေသခံ တွေနဲ့ အလိုက်သင့် ပေါင်းနေခဲ့ပြီး နောက်ပိုင်းကျ ဇာတ်ခွဲခြား တာတွေ လုပ်လာတယ်။ ဗြဟ္မဏ တွေ အဖြစ်နဲ့ ဘာသာရေး အပါအဝင် အရာရာကို ချုပ်ကိုင် လာတယ်။

အဲဒီဟာတွေက နေ အစပြု ပြီး 600 BC ကနေ 200 BC အတွင်း အိန္ဒိယ မှာ ဘာသာရေး အတွေးအခေါ် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။ သူတို့က ဗြဟ္မဏ တွေရဲ့ အခမ်းအနား Rituals တွေကို ပစ်ပယ်ပြီး တရားထိုင်ပြီး ရှုမှတ်ခြင်း Meditation ကို သာ ဦးစားပေး လာကြတယ်။ အဲဒီ တော်လှန်ရေး ရဲ့ ခေါင်းဆောင်တွေကတော့ Kapila muni ရသေ့ ၊ Buddha ဗုဒ္ဓ ၊ Mahavira မဟာဝီရ ဇိန ဂျိန်း ၊ Patanjali နဲ့ Upanishads ဥပနိသျှဒ် ဆရာတွေ ဖြစ်တယ်။ သူတို့က Bliss ချမ်းမြေ့ခြင်း သုခ ကို Soma သောက်သုံးစရာမလိုပဲ တရားကျင့်ယုံနဲ့ ရနိုင်တယ် လို့ ယုံကြည်ကြတယ်။ သူတို့က်ို သာမဏ (တောထွက် တရားကျင့်သူ ) တွေလို့ ခေါ်ကြတယ်။

အဲဒါကို အခုခေတ် အမြင်အရတော့ အပင် က ထုတ်တဲ့ DMT ကို အားမကိုးတော့ပဲ လူကိုယ်ထဲက DMT ကို တိုက်ရိုက်ထုတ်လာကြတယ် လို့ မြင်ကြတယ်။ ဦးနှောက်ရဲ့ အတွင်းအကျဆုံး အပိုင်းမှာ ထင်းရှုးသီး pine cone နဲ့ တူလို့ pineal gland လို့ ခေါ်တဲ့ အပိုင်း ရှိတယ်။ တွားသွားသတ္တဝါ တွေမှာလည်း အဲဒီအပိုင်းပါရှိလို့ သူ့ကို Reptilian brain လို့လည်း ခေါ်တယ်။ သူ့မှာ မျက်လုံးလိုပဲ အလင်းရောင်ကိုသိတဲ့ cone နဲ့ rod တွေရှိလို့ တတိယ မျက်လုံး The Third Eye လို့လည်း ခေါ်တယ်။ အောက်က ပုံ မှာ bearded dragon တွေမှာရှိတဲ့ third eye ကို မြင်ရမှာပါ။ လူတွေမှာတော့ ဒီအပိုင်းက နေ့ည သိတာ ၊ အိပ်တာ နိုးတာ ကို ထိန်းချုပ်ပေးတယ် လို့ ဆိုပါတယ်။

သူတို့ ယူဆတာက လိုအပ်တဲ့ လှုံ့ဆော်မှု ရရင် အဲဒီ pienal gland ကနေ DMT ကိုထုတ်ပေးတယ်။ အဲဒီတော့ အပင်က DMT ပါတဲ့ ဓါတုပစ္စည်းကို သောက်လိုက် သလို၊ DMT ကို IV ဆေးသွင်းလိုက်သလိုပဲ အတူတူ ခံစားရတယ် ဆိုပါတယ်။ DMT ကို ကိုယ်ထဲရောက်အောင်၊ ဒါမှ မဟုတ် Pineal Gland က ထွက်လာအောင်

၁. DMT ပါသော ပစ္စည်းကို သောက်ခြင်း ၊ ရှုသွင်းခြင်း ၊ အပ်ဖြင့် ထိုးထည့်ခြင်း (Ayahuasca )

၂. ကြာရှည် အစာငတ်ခံခြင်း fasting (Temptation of Christ, Muhammad in Hira Cave)

၃. ကြာရှည် ကခုန်ခြင်း ( နတ်ပူးခြင်း ၊ Sufi whirling )

၄. အဆက်မပြတ် တီးမှုတ်ခြင်း ၊ ရွတ်ဆိုခြင်း drumming, chanting, singing ( Ta**ra )

၅. အမှောင်ထဲမှာ ကြာရှည် နေခြင်း Darkness

၆. အသက်ကို ပြင်းစွာ ရှုခြင်း၊ အောင့်ထားခြင်း (Pranayama , Baptism နှစ်ခြင်းခံခြင်း )

၇. သမာဓိ တည်ခြင်း concentration ၊ တရားထိုင်ခြင်း meditation (kundalini, dhyana ဈာန် )

တွေကို လုပ်လေ့ ရှိတယ် ဆိုပါတယ်။

DMT တွေ ဦးနှောက်ထဲ မှာ များလာရင် ဒီလို effects တွေကို ခံစား ရတယ်လို့ ဆိုပါတယ်။

၁. စူးရှ ပြင်းထန်သော အလင်းတန်းကို မြင်ရခြင်း Light

၂. ငြိမ်းချမ်းခြင်း နှင့် ပီတိ သုခ Bliss Ecstasy

၃. အပြင်မှာ တကယ်မရှိသော အကောင်များ နှင့် တွေ့ဆုံခြင်း ( လူတပိုင်း တိရစ္ဖာန် တပိုင်း therianthrope, werewolf, သမန်းကျား၊ ဂြိုဟ်သား alien abduction, နတ် god, goddess, angels, ပြိတ္ထာ၊ တိရစ္ဖာန်တွေနဲ့ မာဂဓ စကားပြော )

၄. ကိုယ်ခန္ဓာအပြင်သို့ ထွက်သွားသည် ဟု ခံစားရခြင်း Out of body experience, Near Death Experience နတ်ပြည် ငရဲပြည်မှ လှည့်ပြန်လာခြင်း )

၅. မသေတော့ခြင်း immortality, ခွန်အားကြီးခြင်း invincibility

DMT ဆေးသွင်းပြီး စမ်းသပ်ခံသူတွေရဲ့ ပြန်ပြောပြတာတွေက ဘာသာရေး သမားတွေ ပြောတာနဲ့ အဲဒီလို တူနေလို့ သူ့ကို The Spirit Molecule လို့ Rick.Strassman က နံမည်ပေးထားတယ်။ သူ့ရဲ့ အဲဒီ စာအုပ်ထွက်လာပြီး လူပေါင်းများစွာက ကိုယ်သိတဲ့ ဘာသာရေးတွေမှာ DMT နဲ့ Pineal Gland ပါဝင်ပတ်သတ် နိုင်သမျှ ကို ရှာဖွေကြတော့တယ်။

ဒီ video ကတော့ Universal Quest အဖွဲ့တည်ထောင်သူ Raja Choudhury ရဲ့ DMT နဲ့ အိန္ဒိယ အစဉ်အလာ ဘယ်လို ပတ်သတ်နေလဲ ဟောပြောချက် ဖြစ်ပါတယ်။ သူက အိန္ဒိယ အစဉ်အလာ meditation ကို ခေတ်ပေါ် အမြင်တွေနဲ့ ဆက်စပ်လေ့လာ နေသူ ဖြစ်ပါတယ်။ အခု စာ က သူ့ဟောပြောချက်ကို အဓိက အခြေခံ ထားပါတယ်။

ဒီ video မှာတော့ DMT ကို ခရစ်ယန် ဘာသာ က burning bush, mana, baptism တွေနဲ့ ဆက်စပ်ထားတာ တွေ့ရပါမယ်။ Graphics တွေ အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် အထောက်အထား အားနည်းတယ် ထင်ပါတယ်။

ဒီကိစ္စတွေ တခြား ပညာရှင်တွေ ဘာပြောလဲ လိုက်ကြည့်တော့ တချို့ neuroscience ပညာရှင်တွေက "pineal gland နဲ့ ပတ်သတ်ပြီး တခုခုတော့ ထူးခြားတယ် ဆိုပြီး လျှောက်ပြောတာ Descartes တို့ လက်ထက်ကတည်း က ပဲ။ အလကား သိပ္ပံတု pseudoscience တွေပါ" လို့ ပြောတဲ့ လူလည်း ရှိတယ်။ ဒါပေမည့် DMT က အမေရိကန် မှာ မူးယစ်ဆေး ဆိုပြီး ပိတ်ထားတယ် ၊ Rick.Strassman တယောက်ပဲ ခွင့်ပြုချက် မရ ရအောင် နှစ်များစွာ ကြိုးပမ်းပြီးမှ သုတေသန လုပ်ထားတာ ၊ ထပ်လုပ်ခွင့် လည်း ဘယ်သူမှ မ ရ ထားတော့ သိပ်မပြောကြဘူး။ အထောက်အထား ထပ်ရှာဖို့ပဲ ပြောကြတယ်။

ဘာသာရေး လုပ်ငန်း တွေကို သိပ္ပံနည်းကျ လေ့လာနေတဲ့ ပညာရှင်တွေ အများကြီးထဲက တယောက်ဖြစ်တဲ့ Andrew Newberg ကတော့ molecule တစ်ခုထဲက အကုန်ဖြစ်တယ် ဆိုတာထက် molecule အများကြီး ပေါင်းစပ် လုပ်ဆောင်မှုကြောင့် ဆို ပိုဖြစ်နိုင်မယ် လို့ ပြောပါတယ်။

ဥပမာ L*D, co***ne သောက်တဲ့အခါ နဲ့ တရားထိုင် တဲ့ အခါတွေမှာ serotonin ထွက်တာ များလာတယ်၊ နောက် dopamine ပါ များလာတဲ့ အခါ နေလို့ထိုင်လို့ အရမ်းကောင်းပြီး ပီတိ သုခ Euphoria ဖြစ်လာတယ်။ GABA အထွက်များလာတဲ့ အခါ ခန္ဓာကိုယ် အနေအထားကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ ငြိမ်ကျ သွားတော့ space time တွေ ပျောက်ဆုံးကုန်ပြီး လွင့်နေ မြောက်နေ သလို ခံစားရတယ်၊ စိတ်တွေ တည်ငြိမ်ပြီး ကြည်လင်တဲ့ ပဿဒ္ဓိ ဖြစ်လာတယ်။ အခုခေတ်မှာ မေ့ဆေး အဖြစ်သုံးတဲ့ ketamine များလာရင် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို ထွက်သွားသလို အမြင်မှားတွေ မြင်လာမယ် ( မေ့ဆေး ပေးပြီး ခွဲစိပ် ခံရသူ တွေ က လည်း အဲဒီလို မြင်ရတယ် လို့ ပြန်ပြောကြတယ် ) စသည်ဖြင့် တခြား neurotransmitter တွေရဲ့ effects တွေကိုပါ ထည့်သွင်း စဉ်းစားဖို့ ပြောပါတယ်။

Ref: The spirit Molecule by Rick Strassman

*D ***ne

မရှိရင် လောင်နေသလိုလောင်နေရင် မရှိလို့ပါပဲ...
15/10/2022

မရှိရင် လောင်နေသလို
လောင်နေရင် မရှိလို့ပါပဲ...

10/10/2022

သီတင်းကျွတ်အပြီး Stoner တချို့ကတော့
မုန့်ဖိုးများအား Kush ဂျိတ်တွေဆီကို
ပြန်ကန်တော့ပါတော့မယ် 😆

Internet မှာပထမဆုံးရောင်းရတဲ့ပစ္စည်းက ဘာလဲလို့မေးရင် Ma*****na or W**d  ဖြစ်ပါတယ်။ဟုတ်ပါတယ် 1971 နဲ့ 1972 ကြားလောက်မှာ S...
07/10/2022

Internet မှာပထမဆုံးရောင်းရတဲ့ပစ္စည်းက ဘာလဲလို့မေးရင် Ma*****na or W**d ဖြစ်ပါတယ်။
ဟုတ်ပါတယ် 1971 နဲ့ 1972 ကြားလောက်မှာ Stanford University ကကျောင်းသားတယောက်က ARPANET ဆိုတဲ့ App ကနေ Account ဖွင့်ပြီးဝယ်ယူခဲ့ပါတယ်။ အဲ့တုန်းကခုလို Amazon တို့ဘာတို့ကနေ Online မှာငွေပေးချေတဲ့စနစ်တွေမရှိသေးဘူး။ ဒါပေမယ့် ဒါကလည်း illegal ဖြစ်တဲ့အပြင် Cyberlaw နဲ့ညိနေပေယ့် အင်တာနက်ပေါ်ကနေ credit card ကို Arpanet ဆာဗာများပေါ်တွင် လွှဲပြောင်း၍မရသောကြောင့် မှာယူတာကိုခွင့်ပြုပေးခဲ့ပါတယ်လို့ Shopify e-commerce ဆော့ဖ်ဝဲကုမ္ပဏီ ကပြောကြားခဲ့ဖူးပါတယ်။



Sativa 😁, Indica 🥴, Hybrid 😵‍💫
07/10/2022

Sativa 😁, Indica 🥴, Hybrid 😵‍💫

Some Story About Willie Hugh Nelson**************************************Willie Hugh Nelson ကို Doyle Nelson နဲ့ Myrle M...
05/10/2022

Some Story About Willie Hugh Nelson
**************************************
Willie Hugh Nelson ကို Doyle Nelson နဲ့ Myrle Marie က US, Texas ပြည်ထဲက Hill County (ခရိုင်) မှာရှိတဲ့ Abbott ဆိုတဲ့မြို့လေးမှာ 1933 April 29 တွင်မွေးခဲ့တယ်။ 1929 နဲ့ 1939 လောက်မှာကမ္ဘာတလွှမ်းလုံး Stock Price ကျဆင်းတာတွေဖြစ်ခဲ့လို့ ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲ့ဒုက္ခရောက်တဲ့ထဲမှာ Willie ရဲ့အဖေနဲ့အမေလည်းပါခဲ့တယ်။ အဖေက Mechanic ထဲမှာအလုပ်ကြမ်းတွေလုပ်ခဲ့ပြီး အမေကအိမ်ဖော်အဖြစ်အလုပ်လုပ်ခဲ့ရသည်အထိဖြစ်ခဲ့ပါတယ်။ Willie ကိုမွေးပြီး အကြာမှာအမေကအရင်မိသားစုကို စွန့်ပစ်သွားပါတယ်။ ပြီးတော့မကြာဘူးအဖေကပါပစ်ပြီး တခြားမိန်းမယူသွားတယ်။ Willie နဲ့ Bobbie ဆိုတဲ့သူ့ညီမလေးကို Arkansas မှာနေတဲ့အဖိုးတွေအဖွားတွေကဘဲ Music ကိုဘဝအသက်မွေးဝမ်းကြောင်းအဖြစ်သင်ပေးရင်းပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အသက် 6 နှစ်မှာ Guitar တလက်အဖိုးဆီကလက်ဆောင်ရပြီး ညီမလေးက Gospel သီချင်းဆို Willie က Guitar တီးရင်း Church ကျောင်းတွေမှာသီဆိုပြခဲ့တယ်။

Willie အသက် ၇ နှစ်အရွယ်မှာကိုယ်ပိုင်သီချင်းစရေးခဲ့ပြီး Bohemian Polka ဆိုတဲ့ Band ကိုဝင်ပြီးပိုက်ဆံတွေရှာပြီး ပညာတွေအများကြီးသင်ကြားလာခဲ့ပါတယ်။ "Abbott High School" အထက်တန်းကျောင်းကို 1950 မှာပြီးခဲ့ပြီး ကျောင်းမှာ‌လည်း ဘောလုံး၊ Basketball တို့မှာလည်းအရမ်းတော်လို့ ကျောင်းရဲ့မရှိမဖြစ်အားကစားသမားတဦးလည်းဖြစ်ခဲ့တဲ့အပြင် "The Texans" ဆိုတဲ့ Band ကိုကျောင်းမှာဝင်ခဲ့ပြီး Band မှာသီချင်းဆို၊ ဂီတာတီးခဲ့ပါတယ်။ အဲ့လိုနဲ့ American Country Musician ကြီးဖြစ်ဖို့ကိုအဆင့်ဆင့်ကျော်ဖြတ်ပြီး‌ကြိုးစားလာခဲ့ပါတယ်။ အဲ့အပြင်ရုပ်ရှင်အကား ၃၀ လောက်ရိုက်ထားပြီး၊ စာအုပ်အနည်းငယ်ထုတ်ထားခဲ့တဲ့အပြင်၊ Biofuels (သစ်ပင်၊ စိုက်ပျိုးရေးနဲ့သက်ဆိုင်သောအမှိုက်များ၊ မြက်ပင်များမှရရှိသော ဇီဝလောင်စာများ) နဲ့ Ma*****na (ဆေးခြောက်ပင်) ကိုတရားဝင်ဖြစ်‌မြောက်ရေးအတွက်လည်း လှုံ့ဆော်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ Willie Nelson ကမိန်းမလေးယောက်ရှိခဲ့ပါတယ်။ သားသမီးကတော့ခုနှစ်ယောက်ရှိပါတယ်။

Willie Nelson ပထမဆုံး Joint သောက်တုန်းကအသက် 21 နှစ် (1954 ခုနှစ်) Fort Worth မှာရှိတဲ့လမ်းဘေးဘားလေးမှာ သူ့သူငယ်ချင်းများနှင့် Musician Fred Lockwood တို့နဲ့ပထမဆုံးသောက်ခဲ့တာပါ။ အစကတော့ Nelson ကငြင်းပေမယ့် Lockwood ကနောက်တချောင်းထုတ်ပြခဲ့ပြီး "Get High And Be Somebody" ဆိုပြီးပြောခဲ့ပါတယ်။ "Get High And Be Somebody" ဆိုတဲ့စကားစုကအမှန်တော့ 1930 လောက်က Harlem မှာရှိတဲ့ Jazz ဂီတသမားများရဲ့ဆောင်ပုဒ်ပါ။ Nelson ကဘီယာပဲသောက်တတ်ပြီး ဆေးလိပ်တောင်မသောက်ဘဲ Joint ကိုစသောက်တာဆိုတော့ဖွာဘဲဖွာတတ်တယ်။ အဲ့လိုနဲ့ခြောက်လလောက်တိတိ Fred ကဆက်တိုက်တိုက်လာပြီး တညမှာ "One Night I Did It Right" ဆိုပြီးစာလေးသူ့မှတ်စုမှာရေးပြီး Fred Lockwood ရှေ့မှာအားရပါးရရှိုက်ခဲ့ပါတယ်။ 1988 ခုနှစ်မှာလည်း White House ရဲ့ Roof မှာ president Jimmy Carter ရဲ့သား Chip Carter နဲ့အတူ Joint သောက်ခဲ့တယ်လို့လဲ သတင်းတွေထွက်ရှိခဲ့ပါတယ်။ Chip Carter က Willie ကိုဘယ်လိုခေါ်ခဲ့လဲဆိုတော့

Chip Carter - Think it's time to burn one, Willie, if you don't object.

Willie - Think it's cool?

Chip Carter - If it wasn't, I wouldn't be offering.

Willie ကအဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေတော်တော်များများနဲ့ Ma*****na သုံးဖူးပါတယ်အဲ့ထဲမှာ Snoop လဲပါပါတယ်။ တခါ 2008 ခုနှစ်လောက်က Snoop နဲ့ Willie နဲ့တွဲဆိုထားတဲ့ "My Medicine" ဆိုတဲ့သီချင်းအတွက် Willie ကို Guest အဖြစ်ခေါ်ခဲ့တယ်။ Willie ကအ‌ခြေအနေတခုကိုတော့သဘောတူကမယ်လို့‌တော့ပြောတယ်။အဲ့တာက "တခုတော့ရှိတယ် Music လုပ်မယ့်နေ့ကို Amsterdam မှာ 4 လပိုင်း 20 ရက်နေ့ (4/20) မှာလုပ်မယ်ဆို guest အဖြစ်ငါလာမယ်" ဆိုပြီး Conditions တခုထားခဲ့ပါတယ်။ Snoop ပြန်ပြောမယ့်ဟာကိုအားလုံးတွေးမိမှာပါ "Hell, Yeah. Do whatever you want. You're Legend. I respect you.. Bla bla bla" ဆိုပြီးပေါ့။ အဲ့လိုနဲ့ Amsterdam လည်းရောက်ရောဆရာကြီးနှစ်ယောက် တယောက်ကပညာရှာ‌နေတဲ့လူငယ်၊ တယောက်ပညာတွေအပြည့်နဲ့ဘိုးတော်တို့ မြို့ထဲက ကော်ဖီဆိုင်မှန်သမျှမှာတူတူသောက်ခဲ့တယ်။ ဘယ်လောက်တောင် Snoop သောက်ခဲ့လဲဆိုတော့ Kentucky Fried Chicken (175 Degrees အပူချိန်လောက်ကို မိနစ် 20 တိတိအပူပေးထားသောကြက်သားဟင်းတမျိုးပါ) လိုမျိုးခေါင်းကိုပူထူနေအောင်သောက်ခဲ့တာပါလို့ Snoop ကပြောခဲ့ဘူးပါတယ်။ ဒါတောင် Willie ကထပ်ကမ်းပေးနေလို့ Snoop က "Crawled Away" ဆိုပြီးပြောရ‌အောင် ပညာတွေ Snoop ကိုပေးဖူးပါတယ်။ Jimmy Kimmel Show မှာလည်း Snoop က Wille Nelson ကို "Willie is the only person who ever outsmoked him." ဆိုပြီးအတည်ပြုပြောဆိုခဲ့ပါတယ်။

Willie က 2019 မှာတော့ Ma*****na ကိုမသောက်တော့ပါဘူးလို့ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူအရင်က ဆေးလိပ်တွေလည်းအများကြီးသောက်ခဲ့ဖူးတော့ ခုအသက်ရလာတော့ ဒါတွေကသူ့အဆုပ်ကိုဖြည်းဖြည်းချင်းညှစ်နေသလိုဖြစ်နေပြီး အသက်ရှုကြပ်လာလို့ဖြစ်ပါတယ်။ ဒါပေမယ် Willie က Ma*****na ကမသောက်တော့ဘဲ မုန့်များသာပြုလုပ်စားပါတော့တယ်။ Chocolate တို့ Brownie တို့ Cookie တို့အပြင်တခြားသောစားစရာများထဲတွင်သာထည့်၍စားသုံးတော့တယ်။

Willie Nelson ကမှတကယ့် Legendary Stoner တယောက်ပါ။ ဘာလို့လဲဆိုတော့ Woody Harrelson, Cheech and Chong, Snoop doog တို့မတိုင်ခင်ဘယ်သူ့ခေတ်လဲဆို American Country Musician ကြီး Willie Nelson ခေတ်ပါဘဲ။

" You remember why you started smoking, to stop them crazy fu***ng dreams. Those crazy dreams that you never really get used to." - Willie Nelson

Story About Tony Greenhand*****************************Tony Greenhand ရဲ့နာမည်အရင်းကတော့ Richard ဖြစ်ပါတယ်။ Richard ငယ်င...
25/09/2022

Story About Tony Greenhand
*****************************
Tony Greenhand ရဲ့နာမည်အရင်းကတော့ Richard ဖြစ်ပါတယ်။ Richard ငယ်ငယ်က Tony Danza ငယ်စဉ်တုန်းကပုံနဲ့တူလို့လူတွေက Tony လို့စခေါ်လာခဲ့ကြတယ်။‌ Tony နောက်ပိုင်း Ma*****na လောကထဲရောက်လာ‌တော့လည်း နာမည်အပြည့်အစုံကိုမသုံးရဲ‌ဘူး ဘာလို့လဲဆိုတော့ အဲ့တုန်းက Ma*****na ကလည်း Illegal ဖြစ်သလို သူ့အမေကပါရဲမေဖြစ်နေလို့ပါဘဲ။ အဲ့မှာ Tony စဉ်းစားနေရာကနေ "Greenthumbs" ဆိုတဲ့စကားလုံးကိုမကြိုက်ဘဲ "Greenhand" ကိုတော့စိတ်ဝင်စားပြီး Tony Greenhand ဖြစ်လာခဲ့တယ်။ Tony Greenhand က Albany, Oregon ဆိုတဲ့မြို့ငယ်လေးမှာနေပါတယ်။ Tony Greenhand ဘယ်လိုဖြစ်ပြီး Joint တွေ Roll တာတော်လည်းဆိုတာကကျွန်တော်တို့လိုပါပဲ။ ငယ်ငယ်ကကျွန်တော်တို့ လွယ်အိပ်အလျော့အတင်းကြိုးလေးကို လိပ်လိုက်ဖြေလိုက်လုပ်ရင်း Joint တွေ Roll တတ်လာသလိုဘဲ Tony Greenhand ငယ်ငယ်ကသူ့အိမ်မှာရွှံ့တွေ၊ သစ်သားတွေနဲ့တူတူ ဘဝကိုနပန်းလုံးခဲ့ရတာလို့ပြောထားပါတယ်။ ကျွန်‌‌တော်ထပ်ရှာကြည့်တော့ သူကအိုးဖုတ်တာနဲ့ ပုန်းပုလုပ်တာမှာတော်‌‌တော်ကျွမ်းကျင်ခဲ့တာပါ။

Tony Greenhand ကြီးလာတဲ့နောက်မှာ Cannabis Industry ထဲဝင်ပြီး Joint ‌တွေစ Roll လာခဲ့တယ်။ နောက်ပိုင်း ကိုယ်တိုင်အပင်တွေစိုက်ကြည့်ခဲ့ပေမယ့်လည်း ဝါသနာနဲ့ထပ်တူမကြခဲ့ဘူး။ Tony Greenhand ကငယ်ငယ်ထဲက Clay and Wood Stuff တွေနဲ့ဘဲအချိန်ကုန်ခဲ့တော့ Creative လုပ်နေရတာဘဲကြိုက်တယ်ဗျ။ အဲ့လိုနဲ့ သူသိထားတဲ့စာအုပ်တချို့ရှိတာမှတ်မိသွားတယ်။ အဲ့တာက "How to do cross joints and Windmills ( ရဟတ်ယာဉ် ) and other stuff" အဲ့လို Arts နဲ့ဆိုင်တဲ့ Joint Roll နည်းတွေကိုတွေ့တော့ စာအုပ်ထဲကပုံအတိုင်း ၂ခု ၃ခု လောက် Roll ပြီးသူငယ်ချင်းတွေစီယူသွားပြီးသောက်ကြတော့ Roll Joint ပုံတွေကလည်းပီပြင်ပြီး သောက်ရတာလည်းအဆင်ပြေတယ်။ Tip ကနေစုပ်ရင်ကြပ်နေတာတွေလည်းမရှိဘူးဆိုတော့သူငယ်ချင်းတွေက မိုက်တယ်သားကြီး၊လန်းတယ်ကနေ စလာတာဖြစ်ပါတယ်။ အဲ့နောက်ပိုင်း Tony Greenhand က Rocket ပုံတွေ Ship ပုံတွေကိုစပြီးလုပ်လာတယ်။ ပြီးတော့ Animals ပုံတွေပါစ Roll လာတယ်။ လူတွေကလည်းကြိုက်ကြပေမယ့် သူ့နားပတ်ဝန်းကျင်လောက်ပဲသိခဲ့တယ်။ Tony Greenhand ကိုလူသိများသွားတာ "Sherlock Holmes Pipe နဲ့ Pedal Joint" ပုံစံတွေကြောင့်ပါ Tony Greenhand ရဲ့သူငယ်ချင်းဖြစ်သူတယောက်ကအဲ့ပုံတွေကို Online ပေါ်မှာတင်ကြည့်ဖို့ပြောလာတယ် Reddit ပေါ်ကလူတွေဆိုကြိုက်မှာသေချာတယ်ဆိုတာနဲ့တင်လိုက်တာ လူတော်တော်များများသိသွားကြတယ်။

သူက Joint တွေပုံဖော်လို့ရှိရင်ဘာကိုအသုံးပြုလည်းဆိုတော့ Cigar Glue ဖြစ်ပါတယ်။ Cigar Glue က Cuba Ci**rs တွေပြုလုပ်တဲ့အခါမှာအသုံးပြုတဲ့ Glue ဖြစ်ပါတယ်။ အဲ့ Glue က Airtight (‌ လေတော်တော်လုံ ) တာမို့ Paper တခုနဲ့တခုကပ်တဲ့အခါမှာတော်တော်အသုံးဝင်ပါတယ်။ ပုံတွေဖြစ်အောင်ဖော်ဖို့ Paper ထဲကိုကြသောက်လို့ရတာအကုန်ထည့်ပါတယ် To***co leaf, Palm leaf, Corn leaf ပြီးတော့တခြားသောက်လို့ရတဲ့ Leaf တွေအပြင် Gold, Diamond တွေကိုပါသောက်လို့ရအောင်ပြုလုပ်ပြီး Joint တွေကိုပုံဖော်ပါတယ်။ အဓိကသူ့ရည်ရွယ်ချက်ကသောက်ရတဲ့သူကို Smooth ဖြစ်အောင်နဲ့လေဆို့မနေအောင်ဘဲဖြစ်ပါတယ်။ ကျန်တာကတော့ Natural Rolling Material တွေဘဲအသုံးပြုပါတယ်။

သူလုပ်ခဲ့တဲ့ဈေးအကြီးဆုံး Joint က အပြင်မှာတကယ့် "AK 47" နဲ့တ size ထဲပုံစံ Joint ကို Holy Grail OG Kush 45.5 Pound( 20638 Gram) နဲ့ပြုလုပ်ခဲ့ပြီးအဲ့ AK-47 Joint Roll ခကို $7000 လောက်ပေးလိုက်ရပါတယ်။ AK-47 Joint Roll ခိုင်းတာကတော့ Florida က Ma*****na စိတ်ဝင်စားတဲ့လူငယ်တယောက်ပါ။ နောက်ပိုင်းပိုအောင်မြင်လာတော့ Artist တွေပါသူ့ဆီလာကြတယ် 2 Chainz ဆို Necklace, JuiceWRLD ရဲ့ the sound of graduation ထဲက Pencil Joint, Cheech and Chong movie ထဲက Tommychong က Chong ရဲ့ပုံစံတူ Joint နဲ့ Rihana အပြင်တခြား Artist တွေထိပါသိလာခဲ့တယ်။
( Tommy Chong ဆို Tony Greenhand ဆီကမီးခြစ်နှစ်လုံးကို အမှတ်တရမသွားပါတယ်ဆိုပြီး TG ကသူ့ Instagram မှာတင်ထားပါတယ် )

Blunt တွေကတော့ Tony Greenhand အတွက် Roll ရတာလွယ်ပေယ့် ပုံဖော်တဲ့အခါကျ Blunt တွေကအရမ်းပါးပြီးပျော့ပျောင်းလို့ သိပ်မသုံးပါဘူးဆိုပြီးရှာတွေ့ထားပါတယ်....။




*****na

ที่อยู่

Bangkok

เบอร์โทรศัพท์

+959789723752

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Smoke Some Weedผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Smoke Some Weed:

วิดีโอทั้งหมด

แชร์